အခန်း (၄၁) ခေါင်းလောင်းနှင့် အမှတ်အသား
Viewers 2k

“ဟေး၊ နင်တို့နှစ်ယောက် ဘာတွေ တိုးတိုးတိုးတိုး လုပ်နေကြတာလဲ"


ရှယန်က မောင်နှမနှစ်ယောက်ကို စိုက်ကြည့်ရင်း မကျေမနပ် ဟစ်အော်လိုက်သည်။


ဟန်ကျန်းရွှယ်က ကျန်းရှောင်၏ ပုခုံးကို ကိုင်ကာ ဂူထဲသို့ ခေါ်ဆောင်လာခဲ့၏။


"ရှယန်ကို ငါ့လိုပဲ အပြည့်အဝ ယုံကြည်လို့ရတယ်"


"တကယ်တော့ နိုးထသူတစ်ယောက်ရဲ့ အသက်မွေးဝမ်းကျောင်းက ဘေးမကင်းဘူး"


"တစ်နေ့နေ့မှာ ငါတစ်ခုခုဖြစ်သွားခဲ့ရင်၊ ဒီလောကမှာ မင်းအားကိုးနိုင်မယ့် တစ်ဦးတည်းသောသူက သူပဲ ဖြစ်လိမ့်မယ်"


ကျန်းရှောင် ဆွံ့အသွားသည်။


'ဘာလို့ သူက ဒီစကားတွေကို ရုတ်တရက်ကြီး ပြောတာလဲ'


ရှယန်သည်လည်း ထပ်တူပင် မှင်တက်သွားသည်။ 


သူမက ဟန်ကျန်းရွှယ်ကို စိုက်ကြည့်ရင်း “ဘာလို့ မင်းမောင်ကို ဒါတွေ ပြောနေတာလဲ" ဟု မေးလိုက်သည်။


ဟန်ကျန်းရွှယ်က ကျန်းရှောင်၏ ပုခုံးကို ပုတ်ကာ ရှယန်ဘက်သို့ ခေါင်းညိတ်ပြလိုက်သည်။


"ဒါက သူမရဲ့ ကြယ်တာရာ ပုတီးစေ့ပဲ"


ကျန်းရှောင် ခဏတာ ဝေခွဲမရဖြစ်ပြီးမှ ပြောလိုက်၏။


"ဒီကြယ်တာရာ ပုတီးစေ့ထဲမှာ ဆေးကုသမှုဆိုင်ရာ ကြယ်တာရာ အတတ်ပညာတစ်ခု ပါဝင်နေတာကို ကျွန်တော် ခံစားမိတယ်"


ရှယန်၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူမက “မင်း ဘာကို ဆိုလိုတာလဲ" ဟု မေးခွန်းထုတ်သည်။


“ကျွန်တော် ပြောတဲ့အတိုင်းပဲလေ” 


ကျန်းရှောင်က ပုခုံးတွန့်ပြလိုက်သည်။


ရှယန်က မေးသည်။


"မင်းက လူသားတွေရဲ့ ကြယ်တာရာ ပုတီးစေ့ထဲကနေ ကြယ်တာရာ အတတ်ပညာတွေကို ထုတ်ယူနိုင်တာလား"


ကျန်းရှောင်က ပြန်ဖြေသည်။


"ကျွန်တော် မသိဘူး၊ စမ်းကြည့်ချင်လို့ပါ"


“ငါတော့ တကယ့် လူထူးလူဆန်းတစ်ယောက်နဲ့မှ လာဆုံတာပဲ” 


ရှယန်က နောက်သို့ မှီလိုက်ပြီး ကျန်းရှောင်၏ မျက်လုံးများကို စူးစူးရဲရဲ စိုက်ကြည့်သည်။


“ကျွန်တော်က ဆေးကုသမှုဆိုင်ရာ ကြယ်တာရာ အတတ်ပညာတွေအပေါ်မှာပဲ အထူး အာရုံခံစားနိုင်တာပါ"


"ကျွန်တော့်ကို စမ်းသပ်ခွင့်ပြုမယ်လို့ မျှော်လင့်ပါတယ်” ဟု ကျန်းရှောင်က စိုးရိမ်တကြီး ပြောလိုက်သည်။


“ကျွန်တော် သိပါတယ်၊ ဒီအဆင့်အထိ ရောက်လာဖို့ အစ်မတို့ နှစ်ယောက်လုံးကို ကျွန်တော် အားကိုးခဲ့ရတာပါ"


"အစ်မတို့ ပေးထားတဲ့ တာဝန်ကို အကောင်းဆုံး ပြီးမြောက်အောင် လုပ်ပြီး အသင်းဝင်တစ်

ယောက် ဖြစ်လာပါ့မယ်"


"ပြီးတော့ ကျွန်တော်တို့အားလုံး ရည်မှန်းချက်ချင်း တူညီပြီး စည်းလုံးတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်အောင် လုပ်ဆောင်သွားပါ့မယ်” 


ကျန်းရှောင်က တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေမည့် စကားကို ဆိုလိုက်သည်။


ရှယန်က သူမ၏ ခါးကို ထောက်ကာ ကျန်းရှောင်ကို စိုက်ကြည့်ရင်း ညည်းညူလိုက်၏။


“အို... ရှောင်ဖီ၊ ရှောင်ဖီ... မင်း ဆေးကုသမှု ကြယ်တာရာ အတတ်ပညာကလွဲလို့ တခြား ဘာကြယ်တာရာ အတတ်ပညာမှ ထပ်မရနိုင်ပါစေနဲ့လို့ပဲ ငါဆုတောင်းပါတယ်...”


"ပေကျန်းမှာ သီးခြားကမ္ဘာတွေက လာတဲ့ ဆေးကုသမှုဆိုင်ရာ သတ္တဝါတွေ ရှိသေးလား"


ကျန်းရှောင်က မေးလိုက်သည်။


“ရှိတာပေါ့...”


ဟန်ကျန်းရွှယ်က မျက်မှောင်ကြုတ်ကာ စဉ်းစားခန်း ဝင်လိုက်သည်။


သူမက စဉ်းစားမနေဘဲ ချက်ချင်း ပြန်ဖြေလိုက်သည်။ 


သူမသည် ကျန်းရှောင်၏ အနာဂတ်နှင့် သူရရှိမည့် ကြယ်ပညာများအတွက် ခိုင်မာသော အစီအစဉ်တစ်ခုကို ကြိုတင် ပြင်ဆင်ထားပုံပင်။


“လာဗာ ဘီလူးဖြူ" ဟု သူမ ဖြေလိုက်သည်။


ရှယန်က ခေါင်းညိတ်ကာ သဘောတူသည်။ 


“ဟုတ်တယ်၊ သူတို့တွေက သီးခြားကမ္ဘာက လာတဲ့ တစ်ခုတည်းသော သမားရိုးကျ ဆေးကုသမှုဆိုင်ရာ သတ္တဝါတွေပဲ"


"ဝူချီရဲ့ တစ်ဖက်ခြမ်းက မီးတောင်စုတွေနားမှာ တခြားဘုံတွေဆီကို ဦးတည်တဲ့ ဘက်စုံ သီးခြားကမ္ဘာတွေ ရှိတယ်"


"အဲဒီထဲမှာ လာဗာ ဘီလူးဖြူတွေ ရှိတယ်၊ ငါ့ရဲ့ တောက်လောင်မီးလျှံ နဲ့ ပေါက်ကွဲမီးလျှံ ကြယ်တာရာ အတတ်ပညာတွေကိုလည်း အဲဒီကနေ ရခဲ့တာ"


ကျန်းရှောင်က မေးလာ၏။


"လာဗာ ဘီလူးဖြူ"


ရှယန်က ခေါင်းညိတ်ကာ ရှင်းပြသည်။


"အင်း၊ လာဗာ ဘီလူးဖြူတွေလေ"


"သူတို့တွေက အသင်းဖော်တွေကို ကုသတဲ့နေရာမှာ ကြယ်တာရာ အတတ်ပညာရဲ့ အာနိသင်ကို အမြင့်ဆုံးအထိ ရောက်အောင် လုပ်ပေးနိုင်တဲ့ ရွံစရာကောင်းတဲ့ သတ္တဝါတွေပဲ"


"ကုသမှုတစ်ခု လုပ်လိုက်တိုင်း လာဗာ ဘီလူးဖြူ အမြောက်အမြား ပေါ်လာတတ်

တယ်"


“အစုအဖွဲ့လိုက် ကုသတဲ့ ကြယ်တာရာ အတတ်ပညာ လား"


ကျန်းရှောင်က မေးလိုက်၏။


“ဟုတ်တယ်၊ အဲဒီ ကုသမှု အလင်းတန်းက လာဗာ ဘီလူးဖြူ တစ်ကောင်နဲ့ တစ်ကောင် ချိတ်ဆက်သွားပြီး ပင့်ကူအိမ်လို ကုသမှုကွန်ရက်တစ်ခု ဖြစ်သွားတာ"


"အဲဒါက ကုသနိုင်စွမ်း အရမ်းမြင့်တယ်”


တစ်ခုခုကို သတိပြုမိသွားသလိုမျိုး ရှယန်က စိတ်လှုပ်ရှားစွာ မေးလိုက်သည်။


"မင်း ဆိုလိုတာက"


“ဒီထဲမှာ ဆေးကုသမှု ကြယ်တာရာ အတတ်ပညာ ပါနေတယ်လို့ ခံစားရပေမယ့်၊ ဒါက ဘီလူးဖြူစုန်းမ ရဲ့ ကြယ်တာရာ အတတ်ပညာနဲ့ မတူဘူး"


"အဲဒါကြောင့် ကျွန်တော်တို့ နေတဲ့ မြို့မှာ ဆေးကုသမှုဆိုင်ရာ သတ္တဝါတွေ ရှိလားလို့ မေးကြည့်တာပါ” ကျန်းရှောင်က ပုခုံးတွန့်ပြသည်။


“အင်း... မင်း မစဉ်းစားတတ်ဘူးလား"


"ဒီနိုးထသူက အသက် ၄၀ ကျော်နေပြီ၊ သူက နေရာအနှံ့ သွားလာကျူးကျော်နေတဲ့ အမျိုးအစား ဖြစ်မှာပဲ"


"ဟွားရှမှာ ဆေးကုသမှုဆိုင်ရာ သတ္တဝါတွေ အများကြီး ရှိတယ်လေ” ဟန်ကျန်းရွှယ်က စိုးရိမ်နေဆဲ ပုံစံဖြင့် ဆက်ပြောသည်။


“တကယ်လို့ ဒါက အဆင့်နိမ့်တဲ့ ဆေးကုသမှု ကြယ်တာရာ အတတ်ပညာ ဖြစ်နေပြီး မင်းမှာကလည်း ကြယ်တာရာ နေရာ ၉ ခုပဲ ရှိတာဆိုရင်...”


“သူက ကြယ်တာရာ အတတ်ပညာရဲ့ အရည်အသွေးကို မြှင့်တင်နိုင်တာပဲ၊ နင် ဘာကို ကြောက်နေတာလဲ"


ရှယန်က သူမ၏ စိုးရိမ်မှုကို ကြားဖြတ် ပြောလိုက်သည်။ 


သူမက ဆက်ပြောသည်။


"သူ့ရဲ့ အဆင့်မြှင့်ထားတဲ့ အစိမ်းရောင် အလင်းတန်းကို ကြည့်ဦး၊ အရင်က ကြေးဝါအဆင့်နဲ့ ယှဉ်ရင် ကွာခြားချက်က အကြီးကြီးပဲ"


“ဒါလည်း ဟုတ်တာပဲ” 


ဟန်ကျန်းရွှယ်က ခေါင်းညိတ်ကာ တွေးတောနေပုံရ၏။


"တကယ်လို့ ဒါက လာဗာ ဘီလူးဖြူရဲ့ ခေါင်းလောင်း အတတ်ပညာ ဖြစ်မယ်ဆိုရင်တော့ ဒါဟာ အကောင်းဆုံးပဲ"


"ဘာပဲဖြစ်ဖြစ် ဒါက အစုအဖွဲ့လိုက် ကုသတဲ့ ကြယ်တာရာ အတတ်ပညာပဲလေ"


'ဒါဆို ဒါကို တကယ်ပဲ ‘ခေါင်းလောင်း’ လို့ ခေါ်တာလား'


'ဒီ ကြယ်တာရာမြေပုံမှာ ဘာတွေ ဖြစ်နေတာလဲ'


'ဘာလို့ ပေးထားတဲ့ အချက်အလက်တွေက လူအများ သိထားတဲ့ အချက်အလက်တွေနဲ့ အတူတူ ဖြစ်နေရတာလဲ'


“ခေါင်းလောင်း"


ကျန်းရှောင်က နားမလည်သလို မေးလိုက်သည်။


“ဆေးကုသမှု အလင်းတန်းက ပစ်မှတ်ရဲ့ ခန္ဓာကိုယ်နဲ့ ချိတ်ဆက်သွားတဲ့အခါ ကြည်လင်သာယာတဲ့ ခေါင်းလောင်းသံလေး ထွက်လာတတ်တယ်"


"ပစ်မှတ်တစ်ခုကို ချိတ်ဆက်တိုင်း တစ်ခါ မြည်တယ်၊ အသံက နားထောင်လို့ အရမ်းကောင်းတယ်” ဟု ဟန်ကျန်းရွှယ်က ရှင်းပြသည်။


ရှယန်က သူမ၏ နှုတ်ခမ်းကို မဲ့လိုက်ပြီး မကောင်းသော မှတ်ဉာဏ်အချို့ကို သတိရသွားပုံရ၏။


သူမက မကျေမနပ် ပြောလာသည်။


"တော်စမ်းပါ၊ သာယာတယ် ဟုတ်လား"


"အဲဒီအသံက ငါ့ကို ခေါင်းကိုက်စေတာ၊ ဒီကြယ်တာရာ အတတ်ပညာက ရွံစရာကြီး"


ဟန်ကျန်းရွှယ်က ရှယန်ကို သနားကရုဏာဖြင့် ကြည့်လိုက်သည်။ 


ထိုအကြည့်၏ အဓိပ္ပာယ်ကို သူတို့နှစ်ဦးသာ သိကြသည်။


သူတို့နှစ်ယောက်သည် ထိုဘက်စုံနယ်ပယ်တွင် ကြောက်မက်ဖွယ်ကောင်းသော အတွေ့အကြုံအချို့ ရှိခဲ့ပုံရသည်။


ရှယန်က ကျန်းရှောင်ကို ကြည့်ကာ ပြောလိုက်

သည်။


"စုပ်ယူလိုက်တော့ ရှောင်ဖီ၊ မင်း အမကို မျက်စိပွင့်သွားအောင် လုပ်ပြလိုက်"


"တကယ်လို့ အောင်မြင်သွားရင် ငါ့မှာ တော်တဲ့ အသင်းဖော်တစ်ယောက် ရတာပေါ့"


"နှစ်တွေ အများကြီး အတွင်းမှာ လူတွေက ငါ့ကိုပဲ အမြဲ ဖားနေကြတာ၊ အဲဒါက တကယ် စိတ်ရှုပ်ဖို့ ကောင်းတယ်"


ကျန်းရှောင်က ရှယန်၏ ရှည်လျားလှပသော ခြေတံများကို ကြည့်ပြီး ရုတ်တရက် ပြောလိုက်၏။


"တကယ်တော့ ကျွန်တော်လည်း အစ်မကို ဖားချင်တာပါ"


"ဒါပေမဲ့ အစ်မက ကျွန်တော့်ကို အခွင့်အရေး မပေးမှာ ကြောက်လို့"


“ဟမ်"


အကြီးအကျယ် မှင်တက်သွားသော ရှယန်က ဟန်ကျန်းရွှယ်ဘက်သို့ လှည့်ကြည့်ကာ မေးလိုက်သည်။


"ငါ သူ့ကို ကန်လို့ ရမလား"


ဟန်ကျန်းရွှယ်က အေးဆေးစွာပင်...


"နင်က အခု သူ့ရဲ့ ဆရာ ပဲလေ၊ နင့်အပေါ်မှာပဲ မူတည်တယ်"


“ကောင်းပြီ” 


ရှယန်က ခေါင်းညိတ်ကာ ကျန်းရှောင်ကို ခြိမ်းခြောက်သည့် အကြည့်ဖြင့် ကြည့်လိုက်

သည်။


"မြန်မြန် စုပ်ယူစမ်း...အချိန်မဖြုန်းနဲ့"


"မင်း အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ မင်းရဲ့ လေ့ကျင့်ခန်းတွေကို ပိုပြီး ပြင်းထန်အောင် လုပ်ရလိမ့်မယ်"


"အဲဒီ စကားပုံ ဘယ်လိုရှိလဲ၊ အော်... ဟုတ်ပြီ၊ ‘သားသမီး မကောင်း မိဘခေါင်း’ ဆိုတာလေ"


ကျန်းရှောင်က ခေါင်းကို ကုတ်ရင်း တွေးလိုက်

သည်။


'သူ ကျွန်တော့်ကို အခွင့်ကောင်း ယူနေတာလား'


'ငါ့ရဲ့ သိက္ခာကို ပြန်ဆယ်ရမယ်'


ကျန်းရှောင်က ဟန်ကျန်းရွှယ်ကို ကြည့်ကာ မေးသည်။


"မမ"


“ဆရာဆိုတာ တစ်ခါက ဖခင်ပဲ" ဟု ဟန်ကျန်းရွှယ်က အေးဆေးစွာ ဖြေလိုက်သည်။


“ဟုတ်တယ်၊ ငါက မင်းရဲ့ ‘အဖေ’ (Daddy) ပဲ” 


ရှယန်က ခိုင်မာစွာ ခေါင်းညိတ်ရင်း ပြောလိုက်သည်။


'တောက်... မင်းကတော့...'


ကျန်းရှောင်က လက်ကို မြှောက်ကာ သူမအပေါ် ကောင်းချီးပေးခြင်းကို သုံးလိုက်သည်။


ရှယန်က ညည်းတွားလိုက်သည်။


"အင်း...”


သန့်စင်သော အလင်းတန်းအောက်တွင် သက်တောင့်သက်သာ ရှိနေသော ရှယန်သည် အံ့မခန်းသော သာယာမှုကို ခံစားနေရပြီး သူမ၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ယင်သွားသည်။


သူမ ထိုသာယာမှုကို ခံစားနေစဉ်မှာပင်၊ ကောင်းကင်ဘုံဆီမှ ကြည်လင်သော ခေါင်းလောင်းသံလေးကို ကြားလိုက်ရသလိုပင်။


"ဂျွမ်း... ဂျွမ်း... ဂျွမ်း..."


ဖြူစင်သော အလင်းတန်းတစ်ခုသည် ကျန်းရှောင်၏ လက်ထဲတွင် စုစည်းလာပြီး ပေါ်ထွက်လာသည်။


၎င်းသည် တစ်မီတာကျော်ခန့် ဖြတ်သန်းသွားကာ ရှယန်၏ ခန္ဓာကိုယ်သို့ ချိတ်ဆက်သွားသည်။


ထိုအလင်းတန်းသည် ရပ်တန့်သွားလိုပုံမရဘဲ သက်ရှိအရိပ်အယောင်များကို ဆက်လက် ရှာဖွေနေသည်။ 


ထို့နောက် ရှယန်၏ ဘေးတွင် ရှိနေသော ဟန်ကျန်းရွှယ်ဆီသို့ ထပ်မံ ချိတ်ဆက်သွားပြီးမှ၊ ကျန်းရှောင်၏ ခန္ဓာကိုယ်ထဲသို့ ပြန်လည် ဝင်

ရောက်သွားခဲ့သည်။


“ငါ...” 


ရှယန်က မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်ပြီး သူတို့ သုံးယောက်လုံးကို ပတ်ပတ်လည် ဝန်းရံကာ ကူးလူးနေသော ဆေးကုသမှု အလင်းတန်းကို ကြည့်ကာ အံ့အားသင့်သွားရ၏။


ကျန်းရှောင်၏ အတွင်းပိုင်း ကြယ်တာရာမြေပုံတွင် တတိယမြောက် ကြယ်တာရာနေရာသည် ရုတ်တရက် လင်းထိန်လာပြီး တောက်ပသော ငွေရောင်အလင်းများကို ထုတ်လွှတ်နေသည်။


ကြယ်တာရာ အတတ်ပညာစာရင်းတွင် ကြယ်တာရာ အတတ်ပညာ နှစ်ခု ထပ်တိုးလာရုံသာမက၊ သူ၏ ကြယ်တာရာ အတတ်ပညာ အားလုံးမှာလည်း အဆင့်မြင့်သွားခဲ့သည်။


...


ကောင်းချီးပေးခြင်း : ကြေးဝါအဆင့် ၅


လှည့်စားခြင်း : ကြေးဝါအဆင့် ၅


အစိမ်းရောင်အလင်းတန်း : ငွေအဆင့် ၃ (၄/၁၀)


ခံနိုင်ရည် : ငွေအဆင့် ၃ (၄/၁၀)


ခေါင်းလောင်း : ငွေအဆင့် ၁


အမှတ်အသား : ငွေအဆင့် ၁


အင်အားအကောင်းဆုံး နိုးထသူတစ်ယောက်

ပင်လျှင် ကြယ်မှုန်အဆင့်တွင် သူ၏ ကြယ်တာရာ မြေပုံ၌ ကြယ်တာရာပုတီးစေ့ လေးခုနှင့် ကြယ်တာရာ အတတ်ပညာ လေးခုသာ ရှိတတ်သည်။ 


သို့သော် ကျန်းရှောင်တွင် ကြယ်တာရာ အတတ်ပညာ ခြောက်ခု ရှိနေပြီ။


သူ၏ ကြယ်တာရာ နေရာတစ်ခုစီတိုင်းတွင် ကြယ်တာရာ အတတ်ပညာ နှစ်ခုစီ ပါဝင်နေသည်။


သို့သော် ကျန်းရှောင်သည် တောက်လောင်မီးလျှံ နှင့် ပေါက်ကွဲသောမီးလျှံ ကို စုပ်ယူရန် မရွေးချယ်ခဲ့ပေ။ 


ယုတ္တိဗေဒအရ ပြောရလျှင် ထိုမီးဓာတ်ပါသော ကြယ်တာရာ အတတ်ပညာ နှစ်ခုမှာလည်း အလွန် လက်တွေ့ကျသည်။


တောရိုင်းထဲတွင် ရှင်သန်နေစဉ် မီးမွှေးခြင်းနှင့် ခန္ဓာကိုယ်ကို နွေးထွေးအောင် လုပ်ခြင်းတို့သည် အလွန်အသုံးဝင်သော ကျွမ်းကျင်မှုများဖြစ်ပြီး၊ လက်နက်များပေါ်တွင် မီးတောက်များ ထည့်သွင်းရန်အတွက်ပင် အသုံးပြုနိုင်၏။


သို့သော် ကျန်းရှောင်တွင် ကြယ်တာရာ နေရာ အရမ်းနည်းလွန်းနေသဖြင့်၊ ကြယ်တာရာ နေရာတစ်ခုတည်းတွင် ပါဝင်သော ငွေအဆင့် ကြယ်တာရာ အတတ်ပညာ နှစ်ခုလုံးကို စုပ်ယူရန် စွန့်လွှတ်လိုက်ရခြင်းဖြစ်သည်။


ကျန်းရှောင်ကို စိတ်ပျက်စေသည်မှာ သူ၏ ကြယ်တာရာ မြေပုံတွင် ဘာပြောင်းလဲမှုမှ မရှိခြင်းပင်။


သူသည် လူသား ကြယ်တာရာ ပုတီးစေ့များဆီမှ ကြယ်တာရာ မြေပုံများကို စုပ်ယူ၍ မရသလို၊ ကြယ်တာရာ နေရာ အရေအတွက်ကို တိုးမြှင့်ရန်အတွက်လည်း အသုံးပြု၍ မရပုံရသည်။


ဟန်ကျန်းရွှယ်က ညင်သာစွာ ပြောသည်။


"ဒါဟာ ငါထင်ထားတဲ့ အရာပဲလို့ ပြောပြစမ်းပါ"


ကျန်းရှောင်က ပြုံးလျက် ခေါင်းညိတ်လိုက်ပြီး သူ၏ နက္ခတ်ခုနှစ်လုံးပုံ ကြယ်တာရာ မြေပုံကို ပြသလိုက်သည်။


တတိယမြောက် ကြယ်တာရာ နေရာ၏ ငွေရောင်အလင်းတန်းသည် အလွန်ပင် မျက်စိကျစရာ ကောင်းနေသည်။


“ဟုတ်ကဲ့၊ တစ်ခု... ကြယ်တာရာ နေရာတစ်ခုတည်းမှာ ကြယ်တာရာ အတတ်ပညာ နှစ်ခုပါ"


"ခေါင်းလောင်းနဲ့...”


“အမှတ်အသား လား"


ရှယန်က အံ့အားသင့်စွာ မှတ်ချက်ချသည်။


"ငါ ဆေးကုသမှုဆိုင်ရာ နိုးထသူတွေအတွက် ဝမ်းသာပေးရမလား၊ ဒါမှမဟုတ် နင့်အတွက် ဝမ်းနည်းပေးရမလား မသိတော့ဘူး"


"နင့်မှာ ကြယ်တာရာ နေရာ ၉ ခုပဲ ရှိတာလေ"


“အော်... ဒါကို အမှတ်အသားလို့ ခေါ်တာကိုး"


"အခုကစပြီး တိုက်ပွဲမစခင်မှာ အစ်မတို့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ အမှတ်အသား ချန်ထားခဲ့လို့ ရပြီ"


"အဲဒါဆိုရင် ကျွန်တော် ရန်သူတွေကို မှားပြီး မကုမိ

တော့ဘူးပေါ့” ကျန်းရှောင်က ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။


ဟန်ကျန်းရွှယ်က မေးလေ၏။


 "ဒီ ဆေးကုသမှု အလင်းတန်းက ငါတို့ သုံးယောက်ကြားထဲမှာ ကူးလူးနေပြီး ငါတို့ကို နှစ်ပတ်လည်သွားတာပဲ"


"အဲဒီ အလင်းတန်းရဲ့ လမ်းကြောင်းကို ထိန်းချုပ်လို့ ရမလား"


ကျန်းရှောင်က စဉ်းစားလိုက်ပြီး ပြန်ဖြေသည်။


“ကျွန်တော် စမ်းကြည့်ပါ့မယ်"