အခန်း (၄၂) တစ်ယောက်အကြောင်းတစ်ယောက် ကောင်းကောင်းသိရှိခြင်း
Viewers 2k

ကျန်းရှောင် တစ်ယောက် လူသား ကြယ်တာရာ ပုတီးစေ့ကို စုပ်ယူပြီးနောက်တွင် ကြီးမားသောအကျိုးအမြတ်ကို ရရှိခဲ့ပြီး ကံထူးသွားသည်ဟု ဆိုရမည်။


ခေါင်းလောင်း နှင့် အမှတ်အသား အတတ်ပညာနှစ်ခုစလုံးမှာ ငွေအဆင့် ကြယ်တာရာ အတတ်ပညာများဖြစ်ပြီး ၎င်းတို့ကို အဆင့်မြှင့်

ရန် အမျိုးအစားတူ ကြယ်တာရာပုတီးစေ့ ၁၀ လုံး သို့မဟုတ် အရည်အသွေးပွိုင့် ၁၀၀ လိုအပ်သည်။


ကျန်းရှောင် ခေတ္တမျှ စဉ်းစားကြည့်ပြီးနောက် ၎င်း၏ အလုပ်လုပ်ပုံယုတ္တိကို နားလည်သွားသည်။ 


သူစုပ်ယူခဲ့ဖူးသော ဘီလူးဖြူစုန်းမ နှင့် ဘီလူးဖြူ ကြယ်တာရာ ပုတီးစေ့များသည် ကြေးဝါအဆင့် ဖြစ်သောကြောင့် အဆင့်မြှင့်ရန် ကြေးဝါအဆင့် ကြယ်တာရာ ပုတီးစေ့ ၁၀ လုံးသာ လိုအပ်ခဲ့ခြင်းဖြစ်သည်။ 


သို့သော် အစိမ်းရောင် အလင်းတန်း နှင့် ခံနိုင်ရည် တို့မှာ ငွေအဆင့်သို့ ရောက်ရှိသွားပြီဖြစ်ရာ ၎င်းတို့ကို ထပ်မံမြှင့်တင်ရန်အတွက်မူ ကြေးဝါအဆင့် ကြယ်တာရာပုတီးစေ့ ၁၀၀ သို့မဟုတ် အရည်အသွေးပွိုင့် ၁၀၀ လိုအပ်မည်။


တစ်ဖက်တွင်မူ ခေါင်းလောင်း နှင့် အမှတ်အသားတို့မှာ မူလကတည်းက ငွေအဆင့်နည်းစနစ်များ ဖြစ်သောကြောင့် ငွေအဆင့် ကြယ်တာရာပုတီးစေ့ ၁၀ လုံး လိုအပ်ခြင်းဖြစ်သည်။


သို့သော် အရည်အသွေးပွိုင့် ဖြင့် အဆင့်မြှင့်မည်ဆိုပါက ၁၀၀ အမှတ် လိုအပ်ဆဲပင်။ 


တစ်နည်းအားဖြင့်ဆိုသော် ၁၀ အရည်အသွေးပွိုင့် = ၁၀ ကြေးဝါအဆင့် ကြယ်တာရာပုတီးစေ့ = ၁ ငွေအဆင့် ကြယ်တာရာ ပုတီးစေ့ ဟု မှတ်ယူနိုင်သည်။ 


အဆက်မပြတ် စမ်းသပ်ကြည့်ပြီးနောက် 

ကောင်းချီးပေးခြင်း နှင့် ခေါင်းလောင်း ကြားတွင် 

ကြီးမားသောကွာခြားချက်ရှိကြောင်း ကျန်းရှောင် သတိပြုမိသွားသည်။ 


ဘီလူးဖြူ၏ ကောင်းချီးပေးခြင်းမှာ ပစ်မှတ်၏ သက်စောင့်အားကို ဖြည်းဖြည်းချင်း ပြန်လည်ဖြည့်တင်းပေးရာတွင် ထိရောက်သည်။


ထိုတက်ကြွမှုမှာ ပျို့အန်ခြင်း၊ နေထိုင်မကောင်းခြင်း စသည့် လူသားတို့၏ ရုပ်ပိုင်းဆိုင်ရာဝေဒနာများကို ကုသရာတွင်လည်း အသုံးပြုနိုင်သလို၊ ပစ်မှတ်၏ အားအင်ကို ပြန်လည်ပြည့်ဝစေကာ ဒဏ်ရာများကို ကုသရာတွင်လည်း အတိုင်းအတာတစ်ခုအထိ အထောက်အကူပြုလေ၏။


၎င်းကို အပျော်တမ်း နတ်ဘုရားနည်းစနစ် ဟုပင် ခေါ်ဆိုနိုင်သည်။ 


သို့သော် လာဗာ ဘီလူးဖြူ၏ ခေါင်းလောင်း အတတ်ပညာမှာမူ ပစ်မှတ်၏ ဒဏ်ရာများကို ကုသရန်ဟူသော ရည်ရွယ်ချက်တစ်ခုတည်းအတွက်သာ ဖြစ်သည်။


သို့သော် ၎င်း၏အာနိသင်မှာ အလွန်ပင် ထူးခြားလှ၏။


မြို့သို့အပြန်လမ်းတွင် ကျန်းရှောင်သည် ခေါင်းဖြတ်သတ်ခံထားရသော ဘီလူးဖြူတစ်ကောင်ဖြင့် စမ်းသပ်ခဲ့သည်။ 


ထို ဘီလူးဖြူမှာ ရှယန်၏ လက်ချက်ဖြင့် ခေါင်းနှင့် ကိုယ်ပြတ်ကာ သွေးများအလွန်အမင်း ထွက်နေခဲ့သည်။ 


ကျန်းရှောင်က ပြတ်ထွက်နေသော ခေါင်းပေါ်သို့ ခေါင်းလောင်း အတတ်ပညာကို အသုံးပြုလိုက်ရာ ပြတ်တောက်သွားသော လည်ပင်းနေရာမှ အသားစများ ဖြည်းဖြည်းချင်း ပြန်လည်ပေါက်ဖွားလာခဲ့သည်။


ကြီးထွားမှုနှုန်းမှာ နှေးကွေးသော်လည်း သိသိသာသာပင် မြင်တွေ့နိုင်၏။


နောက်ဆုံးတွင် ကျန်းရှောင်၏ ကြယ်တာရာ စွမ်းအား ကုန်ဆုံးသွားပြီး ငွေအဆင့် ခေါင်းလောင်း အတတ်ပညာကို ၁၀ ကြိမ်ခန့် အသုံးပြုပြီးချိန်တွင် ပြတ်ထွက်နေသောခေါင်းမှ သွေးထွက်ခြင်း ရပ်တန့်သွားခဲ့သည်။ 


အကြောင်းမှာ လည်ပင်းနေရာတွင် အသားနုလွှာတစ်ခု ဖုံးအုပ်သွားသောကြောင့်ဖြစ်၏။


အဆင်ပြေပါသည်။ 


သို့သော် အလွန်ပင် ရွံရှာဖွယ်ကောင်းလှသည်။


အချိန်မရှိတော့သဖြင့် သူတို့သုံးယောက် အိမ်

ပြန်ရန် ဆုံးဖြတ်လိုက်ကြသည်။ 


ထပ်မံကြာမြင့်နေပါက စစ်သင်တန်း၏ ဒုတိယပိုင်းကို လွတ်သွားပေလိမ့်မည်။


ကျန်းရှောင်၏ တာဝန်မှာလည်း ခက်ခဲလှ၏။


သူသည် လေးငါးရက်အတွင်း အထက်တန်းကျောင်း ပထမနှစ်အတန်းနှင့် လိုက်လျောညီထွေဖြစ်အောင် နေထိုင်ရမည်

ဖြစ်ပြီး နောက်ဆုံးတွင် အတန်းကိုယ်စားလှယ်

အဖြစ် အရွေးချယ်ခံရမည်ဖြစ်သည်။ 


အသင်းလိုက်ပြိုင်ပွဲများတွင် အနိုင်ရရှိရန်မှာ အဓိကမဟုတ်ဘဲ ကျန်းရှောင်အနေဖြင့် သူ၏ ကြီးမားသော တန်ဖိုးကို ပြသနိုင်ရန်သာ အရေးကြီးခြင်း။


အကယ်၍ သူ၏အသင်းက ပထမရရှိခဲ့ပါက ပို၍ပင် ပြည့်စုံသွားမည်ဖြစ်သည်။ 


ပထမနှစ်ဖြစ်စေ၊ ဒုတိယနှစ်ဖြစ်စေ အသင်းလိုက်ပြိုင်ပွဲတွင် ချန်ပီယံဖြစ်ပါက ကျောင်း၏ ခေါင်းဆောင် ကို စိန်ခေါ်ခွင့် ရရှိမည်။


ထို ကျောင်း၏ ခေါင်းဆောင်ဆိုသည်မှာ လူတစ်ဦးတစ်ယောက်တည်းကို ဆိုလိုခြင်းမဟုတ်ဘဲ အဖွဲ့လိုက်ကို ဆိုလိုခြင်းပင်။


ကျန်းပင် အမှတ်(၁) အလယ်တန်းကျောင်းတွင် ဟန်ကျန်းရွှယ် နှင့် ရှယန်တို့အဖွဲ့မှာ ကျောင်း၏ ခေါင်းဆောင်များပင် ဖြစ်ကြသည်။


အကယ်၍ ပထမနှစ်နှင့် ဒုတိယနှစ် ကျောင်းသားများကသာ ထိုခေါင်းဆောင်အဖွဲ့ကို အနိုင်ရရှိခဲ့ပါက ကြီးမားသော ဆုလာဘ်များကို ရရှိမည်ဖြစ်ပြီး ကျောင်းကလည်း အားပေးချီးမြှောက်သည့်အနေဖြင့် အရည်အသွေးမြင့် ကြယ်တာရာ ပုတီးစေ့များကို ထောက်ပံ့ပေးမည်ဖြစ်သည်။ 


သို့သော် ထိုအရာမှာ လက်တွေ့မကျသော စိတ်ကူးယဉ်မှုသာ။


ကျန်းရှောင်သာ အတွေ့အကြုံမရှိသော အသစ်အစဆိုလျှင် အရာအားလုံးကို ဂရုမစိုက်ဘဲ စမ်းသပ်ချင်စိတ် ပြင်းပြနေပေလိမ့်မည်။


သို့သော် ဟန်ကျန်းရွှယ်၊ ရှယန် တို့နှင့် အတူတူ အချိန်အတော်ကြာ အလုပ်လုပ်ခဲ့ပြီးနောက် သူတို့ကို အနိုင်ယူရန်မှာ နတ်ပြည်တက်ရသည်ထက် ခက်ခဲမည်ကို သူသိသည်။


ထို့အပြင် ဟန်ကျန်းရွှယ် က ကျန်းရှောင်ကို ပထမအချီမှာတင် တိုက်ရိုက်ဖယ်ရှားပစ်

နိုင်သည်။ 


ကောင်းကင်ဖြိုခွဲခြင်း နှင့် လဟာပြင် လေပြင်းပေါင်းစပ်မှုကို သုံးလိုက်ပါက ကျန်းရှောင် အနေဖြင့် လှုပ်ရှားခွင့်ပင် ရမည်မဟုတ်ပေ။ 


ပထမနှစ်နှင့် ဒုတိယနှစ် ကျောင်းသားများအတွက်မူ ထိုစိန်ခေါ်မှုမှာ ဆုလာဘ်နှင့် ဂုဏ်သိက္ခာအတွက် တိုက်ပွဲတစ်ခု မဟုတ်ပေ။ 


ပွင့်ပွင့်လင်းလင်း ပြောရလျှင် မိမိထက်သာသူ အမြဲရှိနေသည်ကို နားလည်စေရန် ပြုလုပ်သော တိုက်ပွဲသာ။


ကျောင်းအနေဖြင့် ထိုနည်းလမ်းကို အသုံးပြု၍ ကျောင်းသားသစ်များကို ကြိုးစားအားထုတ်ရန်

နှင့် ကျင့်ကြံရန် တိုက်တွန်းခြင်းဖြစ်သည်။ 


ဒုတိယနှစ် ခေါင်းဆောင်များ၏ ရိုက်နှက်မှုကို မခံနိုင်ပါက ပို၍ပင် ကောင်းသေးသည်။ 


မိမိ၏ အကန့်အသတ်နှင့် စွမ်းရည်ကို စောစောစီးစီး သိရှိခြင်းမှာ ကောင်းမွန်သောအချက်ဖြစ်သည်။ 


စိတ်ပိုင်းဆိုင်ရာ အားနည်းသော နိုးထသူများသည် စောစောစီးစီး နုတ်ထွက်သင့်သည်။ 


အဘယ်ကြောင့်ဆိုသော် လက်တွေ့ကမ္ဘာတွင် ရင်ဆိုင်ရမည့် အခက်အခဲများမှာ ကျောင်းတွင် ကြုံတွေ့ရသည်ထက် အဆပေါင်းများစွာ ပိုမိုများပြားသောကြောင့်။


ရှယန်သည် အခြားအသင်းဖော်နှစ်ဦး၏ ကြယ်တာရာ စွမ်းအားနှင့် ကြယ်တာရာ အတတ်ပညာအဆင့်အတန်းများကိုလည်း ကျန်းရှောင်အား ရှင်းပြခဲ့သည်။ 


ထိုနှစ်ယောက်မှာ မျှော်လင့်ထားသည့်အတိုင်း နက်ဗျူလာအဆင့်၏ အလယ်ပိုင်းတွင် ရှိနေကြသည်။ 


ရှယန် က ကောင်းကျွင်းဝိန်ဟု အမည်ရသော အသင်းဖော်တစ်ဦး၏ အားသာချက်များကို အထူးအလေးပေး ပြောကြားခဲ့သည်။ 


သူ၏ ကြယ်တာရာ မြေပုံစံမှာ ဓားပုံသဏ္ဌာန်

ဖြစ်ပြီး ကြယ်တာရာ နေရာ၂၅ ခု ပါရှိသည်။


သူ့တွင် ကြေးဝါအဆင့် အတတ်ပညာ၂ ခု၊ ငွေအဆင့် အတတ်ပညာ ၃ ခုနှင့် ရွှေအဆင့် အတတ်ပညာ ၁ ခုတို့ ပါဝင်သည်။ 


ကြေးဝါအဆင့်များမှာ အစိမ်းရောင် အလင်းတန်း နှင့် ခံနိုင်ရည်တို့ဖြစ်သည်။ 


ငွေအဆင့် အတတ်ပညာနှစ်ခုမှာ ရှယန် နှင့် ဆင်တူသော တောက်လောင်မီးလျှံ နှင့် ပေါက်ကွဲသောမီးလျှံ တို့ဖြစ်ပြီး မီးတောင်နားရှိ နယ်ပယ်များမှ ရရှိခဲ့ခြင်းဖြစ်သည်။ 


ကျန်ရှိသော ငွေအဆင့်နည်းစနစ်တစ်ခုမှာ အလွန်စိတ်ဝင်စားစရာကောင်းပြီး ကျန်းရှောင်၏ ခန့်မှန်းချက်အရ ၎င်းမှာ မိသားစုက ပေးထားခြင်းဖြစ်သည်။


၎င်းကို ထိုးဖောက်ခြင်း ဟု ခေါ်သည်။


၎င်းမှာ အကူအညီပေးသည့် နည်းစနစ်ဟု ထင်ရသော်လည်း အမှန်တကယ်တွင်မူ စစ်မှန်သော တိုက်စစ် နည်းစနစ်ဖြစ်သည်။ 


ကောင်းကျွင်းဝိန်သည် လျင်မြန်သော တုံ့ပြန်မှုနှင့် ကောင်းမွန်သော ဓားသိုင်းပညာရှိသည်။ 


တိုက်ပွဲအတွင်း ထိုးဖောက်ခြင်း နည်းစနစ်မှာ ကြီးမားသော အကျိုးသက်ရောက်မှုကို ဖြစ်

စေသည်။ 


တိုက်ခိုက်မှုဖြစ်စေ၊ ဓားသိုင်းဖြစ်စေ ကောင်းကျွင်းဝိန်သည် လျှပ်စီးစွမ်းအင်ကို စုစည်းကာ သူ၏ကျွမ်းကျင်မှုများတွင် အသုံးချနိုင်၏။


သူ၏ လက်သီးချက်နှင့် ဓားချက်တိုင်းသည် ကြီးမားသော ပျက်စီးမှုကို ဖြစ်စေပြီး ပစ်မှတ်၏ ကာကွယ်ရေးကို ဖောက်ထွက်နိုင်စွမ်းရှိသလို၊ ခေတ္တမျှ ထုံကျဉ်သွားစေကာ လှုပ်ရှား၍မရအောင်လည်း ပြုလုပ်နိုင်သည်။


သူ၏ ရွှေအဆင့် အတတ်ပညာကိုမူ ကြောက်ရွံ့ခြင်း ဟိန်းဟောက်သံ ဟု ခေါ်သည်။


၎င်းမှာ ရှားပါးပြီး စစ်မှန်သော နတ်ဘုရားအဆင့် ကျွမ်းကျင်မှုဖြစ်လေ၏။


ရွှေအဆင့် အတတ်ပညာများသည် ကြယ်တာရာ စွမ်းအားအမြောက်အမြား လိုအပ်သဖြင့် အကြိမ်ရေများစွာ အသုံးမပြုနိုင်သော်လည်း တစ်ကြိမ်တည်းနှင့်ပင် ပြင်းထန်သော ပျက်စီးမှုကို ဖြစ်စေနိုင်သည်။ 


အထူးသဖြင့် သီးခြားကမ္ဘာမှ သတ္တဝါများနှင့် ရင်ဆိုင်ရချိန်တွင် ထိုဟိန်းဟောက်သံက ၎င်းတို့ကို ကြောက်ရွံ့တုန်လှုပ်စေကာ တိုက်ခိုက်လိုစိတ် ပျောက်ဆုံးသွားစေပြီး ထွက်ပြေးစေနိုင်သည်။


၎င်းမှာ တိုက်ပွဲ၏ အခြေအနေကို ပြောင်းလဲပစ်နိုင်သော ပြီးပြည့်စုံသည့် နည်းစနစ်တစ်ခုပင်။


ကောင်းကျွင်းဝိန်၏ မိသားစုသည် ထိုကြယ်တာရာ ပုတီးစေ့များကို ဝယ်ယူရန် ငွေအမြောက်အမြား အကုန်အကျခံခဲ့ရသည်။ 


ကြယ်တာရာ ပုတီးစေ့များတွင် အတတ်ပညာများ ပါဝင်သော်လည်း ၎င်းတို့ကို စိတ်ကြိုက် စုပ်

ယူ၍မရနိုင်ပေ။ 


ထိုအကြောင်းကို ကြားလိုက်ရသော ကျန်းရှောင်က အံ့အားသင့်စွာဖြင့်...


"ကောင်းကျွင်းဝိန်က နက်ဗျူလာအဆင့် မှာပဲ ရှိသေးတာ မဟုတ်ဘူးလား"


"ရွှေအဆင့် အတတ်ပညာကို ဘယ်လိုရတာလဲ၊ ရွှေအဆင့် အတတ်ပညာရဖို့ အနည်းဆုံး ဂလက်ဆီအဆင့်ရောက်ဖို့ လိုတယ်လို့ မမ ပြောခဲ့တယ် မဟုတ်လား" ဟု မေးလိုက်သည်။


"သူ့မိသားစုက အဲဒီရွှေအဆင့် အတတ်ပညာရဖို့ ပိုက်ဆံတွေ အပုံလိုက်သုံးခဲ့ရတာ၊ ဒေဝါလီခံရမတတ်ပဲ" ဟု ရှယန်က လှောင်ပြုံးဖြင့် ပြောကာ "သူ ရွှေအဆင့် ကြယ်တာရာ ပုတီးစေ့ ဘယ်နှလုံးလောက် စုပ်ယူခဲ့ရလဲ ဘယ်သူသိမှာလဲ" ဟု ဆက်ပြောသည်။


ကောင်းကျွင်းဝိန်သည် ကြယ်တာရာ နေရာ ၂၅ ခုရှိသော ပါရမီရှင်ဖြစ်သော်လည်း ကြယ်တာရာ စွမ်းအား ကန့်သတ်ချက်များကြောင့် အတတ်ပညာများကို စုပ်ယူရန် ခဲယဉ်းခဲ့သည်။ 


သို့သော် သူ အောင်မြင်သွားခဲ့သည်။ 


သူ၏ မိသားစု ဒေဝါလီခံရသည်ဖြစ်စေ၊ မခံရသည်ဖြစ်စေ ယခုအချိန်တွင် ကောင်းကျွင်းဝိန်မှာ အမှန်တကယ်ပင် အစွမ်းထက်နေပြီ။


ကောင်းကျွင်းဝိန် နှင့် ဟန်ကျန်းရွှယ် တို့မှာ မတူညီကြပေ။ 


ဟန်ကျန်းရွှယ်သည် ကောင်းကင်ဖြိုခွင်းခြင်း ရွှေအဆင့် အတတ်ပညာကို တစ်ကြိမ်တည်းဖြင့် စုပ်ယူနိုင်ခဲ့သည်။


၎င်းမှာ ပါရမီကြောင့်သာမက ကံတရားကြောင့်

လည်း ပါဝင်သည်။ 


အမှန်အတိုင်း ပြောရလျှင် ဟန်ကျန်းရွှယ်၏ အရည်အချင်းမှာ ကောင်းကျွင်းဝိန် ထက် သာလွန်၏။


ဟန်ကျန်းရွှယ်တွင် ကောင်းကျွင်းဝိန်ထက် ကြယ်တာရာ နေရာ ၅ ခုသာ ပိုသော်လည်း နိုးထသူများအတွက် နေရာတစ်ခုပိုတိုင်း အရည်အချင်းမှာ သိသိသာသာ ပြောင်းလဲသွားလေ့ရှိသည်။ 


ကြယ်တာရာ နေရာ ၁၆ ခုရှိသူသည် ၁၅ ခုရှိသူထက် ပို

မသာသော်လည်း ကြယ်တာရာ နေရာ ၃၀ ရှိသူမှာ ၂၉ ခုရှိသူထက် အဆပေါင်းများစွာ ပို၍ အစွမ်းထက်နိုင်ပေသည်။ 


အကန့်အသတ်နှင့် နီးကပ်လာလေလေ၊ ကျော်ဖြတ်ရန် ပို၍ ခက်ခဲလေလေပင် ဖြစ်သည်။