ကောင်းကျွင်းဝိန်သည် တိုက်ခိုက်ရေးစွမ်းရည်
မြင့်မားသော နိုးထသူတစ်ဦးဖြစ်ပြီး ကိုယ်ခံပညာနှင့် ဓားသိုင်းပညာတွင် ကျွမ်းကျင်သူဖြစ်၏။
သူသည် မိမိ၏ခန္ဓာကိုယ်နှင့် ဓားကို တောက်
လောင်သောမီးလျှံ ဖြင့် ဖုံးအုပ်ကာ မီးဓာတ်
ကြယ်တာရာ အတတ်ပညာများကို မကျွမ်းကျင်သေးသော နိုးထသူများကို အဆက်မပြတ် ဒဏ်ရာရအောင် ပြုလုပ်နိုင်သည်။
တိုက်ခိုက်နေစဉ်အတွင်း ထိုးဖောက်ခြင်း အတတ်ပညာကို အသုံးပြုနိုင်သော်လည်း လျှပ်စီးဓာတ်နှင့် တွဲဖက်အသုံးပြုပါက သူ့အတွက် အားနည်းချက် ဖြစ်သွားစေနိုင်သည်။
သာမန် အခြေအနေတွင်ပင် သူသည် ပြင်းထန်သော မီးလုံးကြီးများကို ထုတ်လွှတ်
နိုင်သည်။
ထို့အပြင် ကျယ်လောင်သော ဟိန်းဟောက်သံဖြင့်လည်း ရန်သူကို တိုက်ခိုက်နိုင်၏။
သူ့၏ စွမ်းရည်များသည် မျှတမှုရှိသည်ဟု ဆိုရမည်။
အနည်းဆုံးတော့ အထက်တန်းကျောင်းတက်နေစဉ် ကာလအတွင်း သူ၌ ထင်ရှားသော အားနည်းချက်မရှိပေ။
အရပ်ရှည်ပြီး ဗလကောင်းကာ ရုပ်ရည်
ချောမောသောကြောင့် ကောင်းကျွင်းဝိန်သည် ကျောင်းတွင် မိန်းကလေးများ၏ အားကိုးတကြီး ဝိုင်းဝန်းနှစ်သက်ခြင်းကို ခံရသည့် လူကြိုက်အများဆုံး ကျောင်းသားတစ်ဦး ဖြစ်လာခဲ့သည်။
သူ၏ ထူးချွန်သော စွမ်းရည်များအပြင် မိသားစုနောက်ခံ ကောင်းမွန်မှုကလည်း သူ့ကို ပို၍ ထင်ပေါ်စေခဲ့ခြင်း။
သို့သော် သူ၏ အပြင်ပန်းလက္ခဏာများအောက်တွင် ဖုံးကွယ်ထားသော အရာများစွာ ရှိနေသေးသည်။
ရှယန် နှင့် ဟန်ကျန်းရွှယ်တို့ နှစ်ဦးလုံးသည် တစ်ကိုယ်ကောင်းဆန်ပြီး ရက်စက်တတ်သော အသင်းဖော် ကောင်းကျွင်းဝိန်ကို အသင်းထဲမှ မောင်းထုတ်ချင်နေကြသည်။
နောက်ဆုံးအဖွဲ့လိုက် မစ်ရှင်တွင် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များသည် မေ့ပစ်ရန် မဖြစ်နိုင်
လောက်အောင်ပင် ဆိုးရွားခဲ့သည်။
အထူးသဖြင့် ကောင်းကျွင်းဝိန်နှင့် အခြားအသင်းသားတစ်ဦးကြား ဖြစ်ပွားခဲ့သော ပဋိပက္ခမှာ ပြန်လည်စေ့စပ်ရန် မဖြစ်နိုင်တော့ပေ။
အပြင်ပန်းတွင် အသင်းဖော်များဟု ဆိုသော်လည်း လက်တွေ့တွင်မူ သူတို့သည် အပြန်အလှန် ရန်သူတော်ကြီးများ ဖြစ်နေကြပြီဟု ဆိုလျှင်ပင် မမှားပေ။
ကျန်းရှောင်ကို အံ့အားသင့်စေသည်မှာ ထိုသို့သော ဆိုးရွားသည့် ဆက်ဆံရေးရှိနေပါလျက် သူတို့နှစ်ဦးလုံး အသင်းမှ ထွက်မသွားဘဲ အသင်းဖော်များအဖြစ် ဆက်ရှိနေခြင်းဖြစ်သည်။
ထိုသို့သော အရွယ်မှာ ဒေါသကြီးပြီး မာနပြင်းထန်သည့် အရွယ်ဖြစ်သော်လည်း သူတို့သည် အရှက်ရမှုကို သည်းခံနေကြသည်ဟု ကျန်းရှောင် မထင်ပေ။
ထိုသို့ဖြစ်နေခြင်းမှာ သူတို့မိသားစုများကြားရှိ ပတ်သက်မှုများကြောင့်သာ ဖြစ်လိမ့်မည်ဟု သူ ယူဆလိုက်၏။
ရှယန်၏ အဆိုအရ ကျန်းရှောင်၏ ပန်းတိုင်မှာ ကောင်းကျွင်းဝိန်ဟု ခေါ်သော ထိုဗလကောင်းကောင်းနှင့် ချောမောသည့် လူကောင်ကြီးကို အနိုင်ယူရန်ပင်။
သူသည် ကောင်းကျွင်းဝိန်ကို မည်သူမျှ မမျှော်လင့်ထားသော နည်းလမ်းဖြင့် အနိုင်ယူရမည်ဖြစ်ပြီး၊ တန်ဖိုးရှိသော ဆေးကုသရေး နိုးထသူတစ်ဦးအဖြစ် ရှယန်၏ အသင်းထဲသို့ ဝင်ရမည်။
သို့မှသာ မည်သူမျှ သူ့ကို အပြစ်ပြောရဲမည် မဟုတ်ပေ။
ကျန်းရှောင်သည် ရှယန်၏ တောင်းဆိုချက်ကို သဘောတူခဲ့သည်။
သူသည် လူမိုက်တစ်ယောက် မဟုတ်သောကြောင့် ဤသို့ပြုလုပ်ခြင်း၏ နောက်ဆက်တွဲ အကျိုးဆက်များကို ကောင်းစွာ သိရှိသည်။
လူအများရှေ့တွင် ကောင်းကျွင်းဝိန်၏ နေရာကို အစားထိုးနိုင်ခဲ့ပါက သူသည် ရန်သူများ ပွားလာမည်ဖြစ်ပြီး ကောင်းကျွင်းဝိန်၏ မိသားစုနှင့်ပါ ပြဿနာဖြစ်နိုင်ပေသည်။
သို့သော် ဟန်ကျန်းရွှယ်သည် သူ့အတွက် များစွာ လုပ်ဆောင်ပေးခဲ့သူ ဖြစ်သောကြောင့် သူမ၏ အနာဂတ်အတွက် ကျန်းရှောင်က ဤသို့ လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ကောင်းကျွင်းဝိန်၏ မိသားစုမှာလည်း အလွန်အမင်း အာဏာကြီးမားသူများ မဟုတ်ပေ။
ရှယန်၏ မိသားစုထက် အနည်းငယ်မျှသာ အင်အားသာသည်။
သူ၏ မိခင်မှာ အထူးအဖွဲ့တစ်ခုတွင် အလုပ်လုပ်နေပြီး ဖခင်မှာ စီးပွားရေးသမားတစ်ဦး ဖြစ်သည်။
စီးပွားရေးမှာ အခြေခိုင်သည်ဟု ဆိုနိုင်သော်လည်း သူသည် သာမန်လူတစ်ဦးသာ။
ဤကမ္ဘာတွင် လူအများစုမှာ သာမန်လူများသာ ဖြစ်ကြသည်။
ကျန်းရှောင်နှင့် သူငယ်ချင်းများ၏ လက်ရှိစွမ်းရည်အရ အလွန်အမင်း အင်အားကြီးမားသော မိသားစုနှင့် ထိပ်တိုက်တွေ့ရန် အခွင့်အလမ်းမှာ ထီပေါက်သကဲ့သို့ပင် အလွန်ခဲယဉ်းလှ၏။
တစ်နည်းအားဖြင့် ပြောရလျှင် အမှန်တကယ် ချမ်းသာကြွယ်ဝပြီး အာဏာရှိသော မိသားစုမှ အမွေဆက်ခံသူများသည် ကျန်းပင်အထက်တန်းကျောင်းတွင် တက်ရောက်ပညာသင်ကြားလိမ့်မည် မဟုတ်ပေ။
အပြန်ခရီးမှာ အေးဆေးငြိမ်သက်ခဲ့ပြီး သေးငယ်သော အဖြစ်အပျက်တစ်ခုသာ ရှိခဲ့သည်။
တစ်ကိုယ်တော် သွားလာနေသော ဘီလူးဖြူမုဆိုးတစ်ဦးနှင့် တွေ့ဆုံပြီးနောက် ရှယန်သည် ကိုယ်တိုင်မလုပ်ဆောင်ဘဲ ဟန်ကျန်းရွှယ်ကိုသာ အလောင်းကို ခေါင်းတလားထဲမှ ထုတ်ခိုင်းလိုက်သည်။
ကျန်းရှောင်သည် ဆွဲဆောင်မှုရှိပြီး လှပသော ရှယန်က ဆေးကုသရေး နိုးထသူ၏ ခန္ဓာကိုယ်
အစိတ်အပိုင်းကို ဘီလူးဖြူဆီသို့ အိမ်မွေးတိရစ္ဆာန်ကို အစာကျွေးသကဲ့သို့ ပစ်ပေးလိုက်သည်ကို ကြည့်နေမိသည်။
ဘီလူးဖြူသည်လည်း အားမနာတမ်းပင် ထိုအသားများကို အငမ်းမရ စားသောက်လေသည်။
ရှယန်၏ ထိုကဲ့သို့ ဖျက်ဆီးလိုစိတ်ရှိပြီး ရက်စက်သော အပြုအမူကို မြင်လိုက်ရသည့်အခါ ကျန်းရှောင်အတွက် နောက်ထပ် အတွေ့အကြုံသစ်တစ်ခု ဖြစ်သွားခဲ့သည်။
စက်တင်ဘာလ အစောပိုင်း။
ပေကျန်းသည် တရုတ်နိုင်ငံ၏ အမြောက်ဘက်ဆုံးတွင် တည်ရှိသော်လည်း မကြာသေးမီနှစ်များအတွင်း ရာသီဥတု ဖောက်ပြန်မှုများကြောင့် အပူချိန်မှာ ပြောင်းလဲလာခဲ့သည်။
ကမ္ဘာမြေသို့ ပြန်ရောက်လာသော ကျန်းရှောင်သည် အခြားကမ္ဘာတစ်ခုသို့ ရောက်သွားသကဲ့သို့ ခံစားလိုက်ရ၏။
အမှန်စင်စစ် သူသည် စူးရှသော နေရောင်ခြည်နှင့် ကြည်လင်သော ကောင်းကင်ယံကို မခံနိုင်သေးပေ။
ထိုအချိန်တွင် အဝတ်အစားများ စုတ်ပြတ်နေသော ကျန်းရှောင်သည် ကျန့်နန်မြို့နယ် အစိုးရရုံးရှေ့တွင် ရပ်နေသည်။
သူသည် ခေါင်းကိုမော့၊ မျက်စိကိုမှိတ်ကာ လက်နှစ်ဖက်ကို ဘေးသို့ဆန့်ထုတ်ပြီး အရူးတစ်ယောက်ကဲ့သို့ နေရောင်ခြည်ကို ပွေ့ဖက်နေသည်။
ဘေးတစ်ဖက်တစ်ချက်ရှိ စစ်သားများသည် ကျန်းရှောင်ကို တိတ်ဆိတ်စွာ ကြည့်နေကြ၏။
သူတို့၏ မျက်လုံးများထဲတွင် လှောင်ပြောင်ခြင်းမရှိဘဲ ရိုင်းစိုင်းကြမ်းတမ်းသော သူတစ်ဦးကဲ့သို့ ဖြစ်နေသည့် ကျန်းရှောင်ကို ကြည့်ကာ တစ်မျိုးတစ်ဖုံ ခံစားနေကြရသည်။
ထိုလူငယ်လေး၏ မျက်နှာပေါ်တွင် ပြင်းထန်သော ရာသီဥတုကို ကြုံတွေ့ခဲ့ရသည့် အမှတ်အသားများကို စစ်သားများက တွေ့မြင်နေရသည်။
"ဒီကလေး နှင်းတောထဲမှာ လေ့ကျင့်နေတာ ဘယ်လောက်တောင် ကြာပြီလဲ"
ခက်ခဲကြမ်းတမ်းသော ပတ်ဝန်းကျင်တွင် ကြောက်မက်ဖွယ်ကောင်းသော ဘီလူးဖြူများနှင့် ရင်ဆိုင်ပြီး နေ့စဉ်နှင့်အမျှ သေခြင်းတရားနှင့် နီးကပ်နေရခြင်းမှာ လူငယ်လေးတစ်ဦးအတွက် အမှန်တကယ်ပင် ရက်စက်လွန်းလှ၏။
ကျန်းရှောင်သည် ထိုမှောင်မိုက်သော ကမ္ဘာမှ ထွက်လာပြီးနောက် ဘဝသည် လှပသည်ဟု ခံစားလိုက်ရသည်။
လတ်ဆတ်သော လေ၊ နွေးထွေးသော နေရောင်ခြည်နှင့် ပူပြင်းသော အပူချိန်တို့မှာ အေးခဲနေသော နှင်းတောထက် အဆပေါင်းများစွာ သာလွန်ပေသည်။
"အပူလွန်ကဲပြီး သေရတာက အအေးမိပြီး သေရတာထက် ပိုကောင်းတယ်"
"အစားအစာတွေ အများကြီးစားပြီး ဗိုက်ပေါက်သေရတာက ငတ်မွတ်ပြီး သေရတာထက် ပိုကောင်းတယ်"
"အဝတ်အစားလည်း မလဲဘူး၊ ရေလည်း မချိုးဘူး"
"ဆောင်းတွင်းဝတ်စုံကြီးနဲ့ နေပူထဲမှာ ရပ်နေတာပဲ"
"ငါ မင်းကို ပျက်စီးအောင် လုပ်လိုက်မိပြီလား"
ရှယန်က နောက်ကနေ ရယ်မောရင်း မေးလိုက်
သည်။
သူမ ကြည့်ရသည်မှာ စိတ်ကြည်လင်နေပုံရ၏။
ကျန်းရှောင် လှည့်ကြည့်လိုက်သောအခါ ရှယန်၏ အပြုံးနှင့် လှပသော မြို့ပြဝတ်စုံကို တွေ့လိုက်ရသည်။
သူမသည် အဖြူရောင် V-neck တီရှပ်၊ အပြာရောင် ဂျင်းဘောင်းဘီတိုနှင့် ဖိနပ်အပါးကို ဝတ်ဆင်ထားသည်။
သူမ၏ မျက်နှာမှာ ရေချိုးပြီးခါစဖြစ်၍ အနည်းငယ် နီမြန်းနေပြီး ရွှေအိုရောင် ဆံပင်တိုလေးများမှာ စိုစွတ်ကာ ဖရိုဖရဲ ဖြစ်နေသော်လည်း ပို၍ ဆွဲဆောင်မှုရှိနေ၏။
ကျန်းရှောင် လှည့်ကြည့်လိုက်သည့် ခဏတွင် သူ၏ မျက်လုံးများမှာ သူမ၏ တီရှပ်ဆီသို့ ရောက်သွားသည်။
'ဒီမိန်းမ... တော်တော်လေး ထွားတာပဲ'
"ဘယ်ကို ကြည့်နေတာလဲ"
"ငါ့မျက်လုံးတွေက ဒီမှာလေ"
ရှယန်က ကျန်းရှောင်၏ တင်ပါးကို ကန်လိုက်ပြီး သူမ၏ မျက်လုံးများကို လက်ညှိုးဖြင့် ထိုးပြလိုက်သည်။
ကျန်းရှောင်က တင်ပါးကို ပွတ်ရင်း သက်ပြင်းချလိုက်သည်။
"ကျွန်တော်တို့ နှင်းတောထဲမှာ နေခဲ့တာ ကြာပြီဆိုတော့ ဘီလူးဖြူတွေတောင် ကျွန်တော့်မျက်စိထဲမှာ လှနေတာ၊ မင်းဆိုရင်တော့ ပြောမနေနဲ့တော့"
"ဒီကောင်လေး... ငါ့ကို အဲဒီ အရုပ်ဆိုးတဲ့ အကောင်တွေနဲ့ နှိုင်းရဲတယ်ပေါ့"
ရှယန်က ဒေါသတကြီးဖြင့် ထပ်ကန်လိုက်သည်။
ကျန်းရှောင်သည် လွယ်လွယ်ကူကူပင် ရှောင်
လိုက်သော်လည်း ရှယန်၏ ဖိနပ်မှာ အဝေးသို့ လွင့်စင်သွားပြီး အနီးအနားတွင် ရပ်နေသော စစ်သားတစ်ဦး၏ မျက်နှာကို တည့်တည့်သွားမှန်လေသည်။
စစ်သားမှာ ရုပ်တုတစ်ခုကဲ့သို့ ငြိမ်သက်စွာ ရပ်နေပြီး ဘာမှမဖြစ်သကဲ့သို့ပင်။
"အား... ဆောရီးနော်"
ရှယန်က ခြေတစ်ဖက်တည်းဖြင့် ခုန်ကာ ပါးစပ်ကို လက်ဖြင့် အုပ်လိုက်သည်။
ထို့နောက် ကျန်းရှောင်ကို ကြည့်ကာ "မြန်မြန် သွားကောက်ပေးစမ်း" ဟု အမိန့်ပေးလိုက်သည်။
ကျန်းရှောင်က ရယ်မောရင်း "အိပ်မက်မက်နေတာလား" ဟု စနောက်လိုက်သည်။
ထိုစဉ် နောက်ဘက်မှ ရေချိုးပြီး အဝတ်အစားသစ် လဲလှယ်ထားသော ဟန်ကျန်းရွှယ် ရောက်လာပြီး "တော်ကြတော့၊ သွားကြစို့" ဟု တားမြစ်လိုက်သည်။
"မင်း ဘာလို့ အဝတ်မလဲသေးတာလဲ"
ဟန်ကျန်းရွှယ်က ကျန်းရှောင်ကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
ကျန်းရှောင်၏ အဝတ်အစားများမှာ စုတ်ပြတ်နေပြီး သွေးစွန်းနေ၏။
"အော်... သွားလဲလိုက်မယ်"
ကျန်းရှောင်က နေရောင်ခြည်ကို ဆက်လက် ခံစားနေမိသည်။
"မလဲနဲ့တော့၊ သွားမယ်"
"အိမ်ရောက်မှပဲ လဲတော့...ရေချိုး၊ ဆံပင်ညှပ်ပြီးရင်
မင်းကို နေ့လယ်ကျရင် ကျောင်းလိုက်ပို့ပေးမယ်"
"ကျောင်းလိုက်ပို့မယ်..."
ကျန်းရှောင် ခေါင်းကို ကုတ်ရင်း တွေးလိုက်
မိသည်။
'ဘာလို့ ဒီစကားက ကြားရတာ တစ်မျိုးကြီး ဖြစ်နေတာလဲ'