ကျန်းပင်မြို့၊ ဟွားယွမ်အိမ်ရာရှိ ၎င်းတို့၏နေအိမ်တွင် ဖြစ်သည်။
ဟန်ကျန်းရွှယ်နှင့် ကျန်းရှောင်တို့ အိမ်ပြန်ရောက်လျှင်ရောက်ချင်း ပထမဆုံးလုပ်သည့်အလုပ်မှာ ရလာသည့်ပစ္စည်းများကို ခွဲဝေခြင်းဖြစ်သည်။
ဟန်ကျန်းရွှယ်သည် ခေါင်းတလားထဲမှ ကြယ်တာရာ ပုတီးစေ့အမြောက်အမြားကို ထုတ်ယူကာ ရှယန်အတွက် တစ်စိတ်တစ်ပိုင်းကို သေချာဖယ်ထားပေးသည်။
ထို့နောက် သူမအလိုရှိသော ပုတီးစေ့များကို ဂရုတစိုက်ရွေးချယ်ပြီးနောက် ကျန်းရှောင်ကို ကြယ်တာရာ ပုတီးစေ့နှစ်လုံး ကမ်းပေးလိုက်သည်။
ကျန်းရှောင်သည် သူ၏လက်ဖဝါးပေါ်ရှိ ယွမ် ၄ သိန်း ကို ကြည့်ရင်း စိတ်လှုပ်ရှားမှုများ ပြည့်
နှက်နေသည်။
'တောက်... ငါ အမြန်ဆုံး တိုးတက်လာအောင် လုပ်ရမယ်၊ ပြီးရင် သီးခြားကမ္ဘာတွေထဲသွားပြီး သတ္တဝါတွေကို သတ်မယ်'
'အရည်အသွေးမြင့်ပြီး ရှားပါးတဲ့ ကြယ်ပုတီးတွေ ရှာရမယ်၊ အဲ့ဒါမှ တစ်သက်လုံး အေးဆေးထိုင်စားလို့ရမှာ' ဟု သူတွေးလိုက်သည်။
လူတိုင်းဘာလို့ နိုးထသူဖြစ်ချင်ကြလဲဆိုတာ မဆန်းတော့ပေ။
ဤငွေမှာ ရှာရလွယ်လွန်းလှ၏။
ကျန်းရှောင်နှင့် ဟန်ကျန်းရွှယ်တို့တွင် သဘာဝပေး အားသာချက်များရှိသည်။
ထို့ကြောင့် ၎င်းတို့သည် ပေကျန်းနယ်မြေရှိ သီးခြားကမ္ဘာ အချို့သို့ အခမဲ့ ဝင်ရောက်ခွင့်ရှိသည်။
နှင်းတောပြင်သို့ တစ်ကြိမ်ဝင်ခကြေးမှာ ယွမ် ၅၀,၀၀၀ ဖြစ်သည်။
၎င်းနှင့်ပတ်သက်၍ မည်သည့်အရာကိုမျှ ဖုံးကွယ်ထားခြင်းမရှိပေ။
အာဏာပိုင်များကသာ နှင်းတောပြင်ကို ဖော်ဆောင်ပြီး ထိန်းချုပ်ထားခြင်းဖြစ်ကာ၊ ၎င်းမှာ ချမ်းသာသူများအတွက် ကစားကွင်းတစ်ခုသဖွယ်ဖြစ်ပြီး သာမန်အရပ်သားများ သို့မဟုတ် သာမန်မိသားစုများနှင့် မသက်ဆိုင်ပေ။
ဟန်ကျန်းရွှယ်သည် ကျန်းရှောင်က ဘီလူးဖြူ စုန်းမ ကြယ်တာရာ ပုတီးစေ့များကို စုပ်ယူနေသည်ကို စိတ်အားထက်သန်စွာ ကြည့်နေသည်။
သို့သော် သူ၏အတွင်းပိုင်း ကြယ်တာရာ မြေပုံရှိ
ကောင်းချီးပေးခြင်း နှင့် လှည့်စားခြင်း ကြယ်တာရာ အတတ်ပညာရပ်များမှာ ကြေးဝါအဆင့် ၇ သို့ ရောက်ရှိနေပြီဖြစ်ကာ နောက်ထပ်အဆင့်တိုးရန် ကြယ်တာရာ ပုတီးစေ့ သုံးလုံးစီ ထပ်လိုသေးသည်။
ထိုအချက်ကြောင့် ဟန်ကျန်းရွှယ် အနည်းငယ် စိတ်ပျက်သွားသည်။
တစ်ဖက်တွင် ငွေအဆင့်ရှိသော ကောင်းချီးပေးခြင်းမှာ အတော်လေး ရှားပါးပြီး ယုံကြည်စိတ်ချရသည်။
၎င်းမှာ ကျန်းရှောင်၏ တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်ပေးနိုင်ရုံသာမက ကျောင်းကလည်း ကျန်းရှောင်၏ အလားအလာကို အသိအမှတ်ပြုလာအောင် ကူညီပေးနိုင်သည်။
အခြားတစ်ဖက်တွင်လည်း ဟန်ကျန်းရွှယ်သည် ကျန်းရှောင်၏ ကြယ်တာရာ အတတ်ပညာရပ်များ ရုတ်တရက် အဆင့်တက်သွားမည်ကို အမှန်တကယ် စိုးရိမ်နေသည်။
နိုးထသူများအနေဖြင့် သာမန်ကလေးများနှင့်မတူသော အတန်းများကို တက်ရောက်ရသည်။
၎င်းတို့တွင် လက်တွေ့လေ့ကျင့်ခန်း သင်ခန်းစာများစွာ ရှိလေ၏။
အကယ်၍ ကျန်းရှောင်၏ အားလုံးသိထားသော ကြေးဝါအဆင့် ကြယ်တာရာ အတတ်ပညာရပ်များသည် လက်တွေ့သင်တန်းတစ်ခုအတွင်း ရုတ်တရက် ငွေအဆင့် ဖြစ်သွားပါက သူ မည်သို့ရှင်းပြမည်နည်း။
ဤအချိန်တွင် ကျန်းရှောင်လည်း အနည်းငယ် ဝေခွဲမရဖြစ်နေသည်။
သူ့တွင် အရည်အသွေးပွိုင့် ၄ မှတ် ကျန်ရှိနေသေးရာ ကောင်းချီးပေးခြင်း နှင့် လှည့်စားခြင်းတို့ကို ငွေအဆင့်သို့ မြှင့်တင်ရန် လုံလောက်သည်။
သို့သော် သူသည် ကြယ်တာရာ စွမ်းအား မြှင့်
တင်ရန်အတွက်လည်း အရည်အသွေးပွိုင့် အချို့ကို ချန်ထားလိုသေးသည်။
အဆင့်တစ်ခုစီတွင် ဖြတ်ကျော်ရမည့် အဆင့်
ငယ်များစွာ ရှိသည်ကို သူသိသည်။
ကျန်းရှောင်မှာ ကြယ်မှုန်အဆင့်၏ အဆင့် ၄ တွင် ရှိနေပြီဖြစ်သည်။
နောင်တွင် သူ အဆင့် ၅၊ ၈ နှင့် ၉ သို့ ရောက်သောအခါ ကျွမ်းကျင်မှုအမှတ်များဖြင့် အဆင့်မြှင့်ခြင်းမှာ ပို၍ထိရောက်မည်။
ကျန်းရှောင်မှာ အမှန်တကယ် တွန့်ဆုတ်နေပြီး နက်နက်နဲနဲ စဉ်းစားခန်းဝင်နေသည်။
သူတို့နှစ်ဦး အိမ်တွင် ပစ္စည်းများခွဲဝေနေစဉ်၊ သူတို့နှင့် ခွဲခွာလာသည်မှာ မကြာသေးသော ရှယန်သည် အပြေးအလွှား ရောက်လာပြီး တံခါးကို ခေါက်တော့သည်။
ဟန်ကျန်းရွှယ်က မကျေမနပ်ဖြင့် တံခါးဖွင့်
ပေးလိုက်ရာ ရှယန်က သူမ၏ပါးကို တစ်ချက်နမ်းလိုက်ပြီးနောက် ကျန်းရှောင်ပေါ်သို့ ဒေါသတကြီး ခုန်အုပ်လိုက်လေသည်။
ကျန်းရှောင်မှာ လန့်သွားပြီး နောက်သို့ အပြေးဆုတ်လိုက်သည်။
သို့သော် ရှယန်က ဆက်လက်တိုက်ခိုက်လာလိမ့်မည်ဟု သူ မထင်ထားမိပေ။
ရှယန်က ကျန်းရှောင်ကို လျင်မြန်စွာ ဖမ်းချုပ်လိုက်သည်ကို ဟန်ကျန်းရွှယ် ကြည့်နေမိသည်။
ခဏတာ ရုန်းရင်းဆန်ခတ်ဖြစ်ပြီးနောက် ရှယန်က ကျန်းရှောင်၏လက်ကို နောက်ပြန်ချုပ်ကာ သူ့အခန်းထဲသို့ ကန်ထုတ်လိုက်သည်။
သည်းမခံနိုင်တော့သဖြင့် ဟန်ကျန်းရွှယ်က “ရှယန်" ဟု ကြားဖြတ်မေးလိုက်သည်။
“ခဏစောင့်ဦး”
ရှယန်က အခန်းထဲသို့ ဝင်သွားပြီး တံခါးကို ဒေါသတကြီး ဝုန်းခနဲ ပိတ်လိုက်သည်။
ကျန်းရှောင်က သူ၏တင်ပါးကို ပွတ်ရင်း ရှယန်ကို ကြောင်တောင်တောင် ကြည့်နေသည်။
ရှယန့်၏အသံမှာ တိုးသော်လည်း အလွန်ဒေါသထွက်နေပုံရ၏။
"ကျွန်တော့်ရဲ့အချစ်က သမုဒ္ဒရာထက် ကျယ်ပြောပြီး တောင်တန်းတွေတောင် မယှဉ်နိုင်ပါဘူး’ ဆိုတာ ဘယ်သူ့ကို ရည်ရွယ်တာလဲဆိုတာ ဒီနေ့မှ ငါသိတော့တယ်”
ကျန်းရှောင်မှာ ဆွံ့အသွားပြီး နှင်းတောပြင်ထဲမဝင်ခင် သူဘာလုပ်ခဲ့သည်ကို နောက်ဆုံးတွင် သတိရသွားသည်။
ဒီအမှုက ဒီလိုပဲ ပေါ်သွားတာလား။
ဒါပေမဲ့ ဒါက မဟုတ်သေးဘူးလေ။
'နင်က ရှက်နေရမှာ မဟုတ်ဘူးလား'
'ဘယ်လိုမျက်နှာမျိုးနဲ့ ဒေါသထွက်နေတာလဲ'
ကျန်းရှောင်က “အစ်မ ကျွန်တော့်ကို ထပ်ထိရင် ဟန်ကျန်းရွှယ်ကို အစ်မရဲ့လှည့်ကွက်တွေအကြောင်း အကုန်ပြောပြလိုက်မယ်"
"အစ်မ ဟန်ဆောင်နေတာတွေကို သူမ သိအောင်လုပ်မှာ” ဟု ပြောလိုက်သည်။
“ဒီကောင်လေးကတော့”
ရှယန်သည် ကျန်းရှောင်၏ အခန်းကျဉ်းလေးထဲတွင် ရှေ့တိုးနောက်ဆုတ် လမ်းလျှောက်ရင်း အလွန်တိုးသော အသံဖြင့် ပြောသည်။
"ငါ့အဖေက ငါ့မှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာရှိနေတယ်လို့ တကယ်ထင်သွားပြီ”
“ဗျာ"
ကျန်းရှောင် မျက်တောင်ခတ်လိုက်သည်။
“သူက ငါ နင့်ကို တကယ်ကြိုက်နေတယ်လို့ ထင်နေတာ၊ အဲ့ဒါကြောင့် ငါက နင့်ပုံစံဖမ်းပြီး နင့်ရဲ့ Weibo အကောင့်ကို သုံးပြီး အဲ့ဒီပိုစ့်တွေကို တင်ပြီး ငါ့ရဲ့ စိတ်ကူးယဉ်မှုတွေကို ဖြည့်ဆည်းနေတယ်လို့ သူထင်နေတာ"
"သူက ငါ့ကို ပြောသေးတယ်... တကယ်လို့ ငါက နင်ဟာ ငါ့အတွက် မှန်ကန်တဲ့သူလို့ ထင်ရင် နင့်ကို ငါတို့အိမ်မှာ သားမက်အဖြစ် ခေါ်ထားလို့ရတယ်တဲ့"
"နင်က ဆိုးချင်ဆိုးမယ်၊ ဒါပေမဲ့ နင့်ကို ဆုံးမဖို့ သူကူညီပေးမယ်တဲ့”
ကျန်းရှောင်က ရယ်ချင်သွားပြီး စိတ်ထဲမှ ကျိတ်တွေးလိုက်သည်။
'တကယ့် ဖခင်ကောင်းကြီးပဲ'
'ကျေးဇူးတင်ပါတယ် ယောက္ခမကြီး'
ကျန်းရှောင်က ကြမ်းပြင်ပေါ်တွင် ထိုင်ကာ ခေါင်းကို ကုတင်တွင် မှီထားလိုက်သည်။
ရှယန်ကို ကြည့်ကာ “အစ်မ၊ ကျွန်တော်တို့ တကယ်ပဲ ချစ်သူတွေ ဖြစ်လိုက်ကြမလား" ဟု စနောက်လိုက်သည်။
ရှယန်မှာ အလွန်အံ့အားသင့်သွားပြီး မျက်လုံးများပြူးကာ ကျန်းရှောင်ကို မယုံနိုင်သလို စိုက်
ကြည့်နေသည်။
ထို့နောက် သူမက သူ့ကို စတင်ကန်တော့သည်...
“ဟေး ဟေး၊ မကန်နဲ့လေ"
"ကျွန်တော်က အခု နတ်ဘုရားတစ်ပါးလို ဖြစ်နေတာ"
"တကယ်လို့ ကန်လို့ ဒဏ်ရာရသွားရင် နောင်ကျရင် ဘယ်သူ့ကို ဖားရမလဲ"
ကျန်းရှောင်က စနောက်ရင်း အညံ့ခံလိုက်သည်။
သူက ပေတေပြီး လဲလျောင်းမနေတော့ဘဲ ဒူးနှစ်
ဖက်ကို ပိုက်ကာ ထိုင်လိုက်သည်။
“ဒီကောင်လေး ဆိုးလိုက်တာ"
“ကဲ... ဆက်ပြီး ဆိုးနေလိုက်ဦး"
ဟန်ကျန်းရွှယ်သည် တံခါးအပြင်ဘက်တွင် ၁၀ မိနစ်ကျော်ကြာ ရပ်နေပြီး တိုးတိုးတိတ်တိတ် စကားသံများနှင့် ပစ္စည်းများ ဝုန်းဒိုင်းကြဲသံများကို ကြားနေရသည်။
ရှယန်၏ စည်းချက်ကျကျ ဆူပူသံများကိုပင် ကြားရသေးသည်။
အသံများ တဖြည်းဖြည်း တိတ်သွားမှ ဟန်ကျန်းရွှယ် စိတ်အေးသွားသည်။
"ဂျောက်"
ကျန်းရှောင်၏ အခန်းတံခါး ပွင့်လာပြီး ရှယန်က အပြင်သို့ အရှိန်ဖြင့် ထွက်လာသည်။
သူမက အသက်ရှူနှုန်းကို ထိန်းညှိပြီး ဟန်ကျန်းရွှယ်ကို အတင်းပြုံးပြလိုက်၏၏။
ဟန်ကျန်းရွှယ်က “ဘာဖြစ်လို့လဲ" ဟု မေးသည်။
ရှယန်၏ ရင်ဘတ်မှာ နိမ့်ချည်မြင့်ချည် ဖြစ်နေပြီး သူမ၏ ရှုပ်ပွနေသော ဆံပင်တိုလေးများကို ပြုပြင်ရင်း ရှက်သွေးဖြာကာ “ငါ့မိသားစုကို မေးကြည့်ပြီးပြီ"
"ငါတို့ဆီမှာ ဘီလူးဖြူ စုန်းမ ကြယ်တာရာ ပုတီးစေ့တွေ မရှိဘူးတဲ့၊ စိတ်မကောင်းပါဘူးဟာ”
“ကောင်းပါတယ်၊ အဲ့လို တန်ဖိုးကြီးတဲ့ ကြယ်တာရာ ပုတီးစေ့တွေကို ယူရမလား မယူရဘူးလားဆိုတဲ့ ဝေခွဲမရတဲ့ အခြေအနေမျိုး မဖြစ်တော့ဘူးပေါ့” ဟု ဟန်ကျန်းရွှယ်က ပြောသည်။
“နင့်ရဲ့ စိတ်နေစိတ်ထားက တစ်မျိုးပဲ"
"ငါက ငါ့အတွက်လည်း လုပ်ပေးတာပါ”
ရှယန့်က ခေါင်းခါပြီး ဆက်ပြောသည်။
"ငါတို့ တခြားနည်းလမ်း စဉ်းစားကြည့်ကြတာပေါ့”
“ကောင်းပါပြီ”
ဟန်ကျန်းရွှယ် ခေါင်းငြိမ့်လိုက်သည်။
“ငါ... ငါ သွားတော့မယ်၊ လုပ်စရာလေး ရှိသေးလို့”
ရှယန်သည် မောင်နှမနှစ်ယောက်၏ အိမ်မှ အလျင်အမြန် ထွက်ခွာသွားသည်။
ဟန်ကျန်းရွှယ်မှာ စူးစမ်းချင်စိတ်ကို မအောင့်နိုင်တော့ဘဲ ကျန်းရှောင်၏ အခန်းတံခါးကို ဖွင့်လိုက်သည်။
ကျန်းရှောင်မှာ ကြမ်းပြင်ပေါ်တွင် လဲလျောင်းရင်း မျက်နှာကျက်ကို မျှော်လင့်ချက်မဲ့သော အမူအရာဖြင့် စိုက်ကြည့်နေသည်ကို သူမ တွေ့လိုက်ရ၏။
ဟန်ကျန်းရွှယ်က အသံတိုးတိုးဖြင့် မေးသည်။
“ရှောင်ဖီ၊ ဘာဖြစ်တာလဲ"
“အင်း...”
ကျန်းရှောင်က သူမ စိုးရိမ်နေသည်ကို သိသဖြင့် ကောင်းကောင်းမွန်မွန် ပြန်ဖြေရန် ဆုံးဖြတ်
လိုက်သည်။
ဘာပြောရမလဲဟု ခဏစဉ်းစားပြီးနောက် ရှယန့်၏ ဆိုးသွမ်းသော ပြောင်ချော်ချော် အလုပ်များအကြောင်းကို ဟန်ကျန်းရွှယ်အား မပြောပြရန် ဆုံးဖြတ်လိုက်သည်၊ မဟုတ်ပါက မလိုအပ်သော ပဋိပက္ခများ ဖြစ်လာနိုင်သောကြောင့် ဖြစ်သည်။
ကျန်းရှောင်က “ဘာမှမဖြစ်ပါဘူး၊ ကျွန်တော် သူမကို စနောက်လိုက်တာပါ"
"အင်း... မိန်းကလေးတွေက ပိုပြီး စိတ်ထိခိုက်လွယ်တော့ သူမက ကျွန်တော့်ကို လက်တုံ့ပြန်တာပေါ့"
"ကြည့်ပါ၊ ကျွန်တော် ဘာဒဏ်ရာမှ မရပါဘူး၊ ကျွန်တော်တို့ ဆော့ရင်း ရန်ဖြစ်နေကြတာပါ”
“အင်း”
ဟန်ကျန်းရွှယ်က ခေါင်းငြိမ့်လိုက်ပြီး သိပ်အများကြီး မတွေးတော့ပေ။
"သွား... အဝတ်အစားလဲပြီး အပြင်ထွက် ဆံပင်သွားညှပ်ရအောင်”
ကျန်းရှောင်မှာ ညည်းညူမှုများဖြင့် ပြည့်နှက်သွားသည်။
'ငါ့ကို ကျောင်းပို့ရုံတင်မကဘူး၊ ဆံပင်ညှပ်တာတောင် လိုက်ခဲ့ဦးမှာလား'
'ငါက ဘာမို့လို့လဲ'
'သူမက ငါ့ကို အဲ့လောက်တောင် စိုးရိမ်နေတာလား'
'ဆံပင်ညှပ်တာ ၁၀ မိနစ်ပဲ ကြာတာကို၊ ဒီလောက်အချိန်တိုလေးအတွင်းမှာ ငါက ဘာပြဿနာတွေများ ရှာနိုင်မှာမို့လို့လဲ'
ဆံပင်ညှပ်ဆိုင်မှ အဖိုးအိုမှာ အတော်လေး တက်ကြွပြီး စကားပြောကောင်းသဖြင့် ကျန်းရှောင် စိတ်သက်သာရာ ရသွားသည်။
ကျန်းရှောင်နှင့် အဖိုးအိုတို့သည် ကားပြင်သည့် အတွေ့အကြုံများအကြောင်း ပြောဖြစ်ကြပြီး ကျန်းရှောင်မှာ ကြည့်ကောင်းပြီး လန်းဆန်းသော ကတုံးဆံပင်ပုံစံရရှိခဲ့သည်။
ဆံပင်ပုံစံကို အထူးတလည် ပြုပြင်နေစရာ မလိုသဖြင့် ဆံပင်ညှပ်ဆရာအတွက် ပြဿနာမရှိပေ။
အမှန်တကယ်တော့ ဆံပင်ညှပ်စက်တစ်ခုရှိလျှင် လုံလောက်နေပြီပင်။
“ဟားဟား၊ မင်းမှာ ဆံပင်စပ်လေးတောင် ပါတာပဲ”
ဆံပင်ညှပ်ဆရာက စက်ကို ချထားလိုက်ပြီး ကျန်းရှောင်၏ နဖူးကို ထိကြည့်ရင်း ဆက်ပြောသည်။
“ဒါက မချောမွေ့ဘူး...ငါ ရိတ်ပေးလိုက်မယ်”
ကျန်းရှောင်မှာ ဆွံ့အသွားသည်။
“အာ...”
ကျန်းရှောင်က မှန်ကို ကြည့်ရင်း သူ၏ဆံပင်စပ်ကို ထိကြည့်လိုက်သည်။
'ဒီဦးလေးရဲ့ လက်ရာက မဆိုးဘူးပဲ၊ ဒီဆံပင်ပုံစံက တော်တော်ကြည့်ကောင်းတယ်' ဟု သူတွေးလိုက်သည်။
“မင်း ကြည့်ရတာ ပိုပြီး တက်ကြွလန်းဆန်းသွားတယ်”
ဟန်ကျန်းရွှယ်က ကုလားထိုင်ပေါ်တွင် ထိုင်နေရာမှ မဂ္ဂဇင်းကို ချထားလိုက်ပြီး မှန်ထဲမှ ကျန်းရှောင်၏ ပုံရိပ်ကို ကြည့်ကာ ပြောသည်။
"သွားကြစို့”
ထို့နောက် ဟန်
ကျန်းရွှယ်က ၁၀ ယွမ် ချန်ထားခဲ့သည်။
'သွားကြတာပေါ့... ကျောင်းကိုလား'
ကျောင်းသွားရမည်ဟူသော အတွေးကြောင့် ကျန်းရှောင် အတော်လေး စိတ်ညစ်သွားသည်။
'ဒါက ငါ မနက် ၆ နာရီကနေ ည ၉ နာရီအထိ နေရမယ့် ဘဝထဲကို ပြန်သွားရမယ်လို့ ဆိုလိုတာလား'
'ငါ တကယ်ပဲ တော်လောက်ပြီ...'