အခန်း (၆၀) နယ်နိမိတ်စောင့်ကြည့်ခြင်း ဖြစ်ရပ်
Viewers 2k

ဒိုင်လူကြီးက အတန်း (၂) ကို ကွင်းထဲသို့ ဝင်

ရောက်လာရန် အချက်ပေးလိုက်သည်။ 


သူတို့သည် တစ်နှစ်တည်းသား အတန်း (၇) နှင့် ယှဉ်ပြိုင်ရမည်။


၎င်းမှာ ကျန်းရှောင်အတွက် ပထမဆုံးသော ပြိုင်ပွဲဖြစ်ပြီး၊ အားကစားကွင်းထဲသို့ ဝင်လာစဉ် အတန်း (၁) မှ ကောင်းကျွင်းချန်က သူ့ကို ရန်လိုသော အကြည့်များဖြင့် စိုက်ကြည့်နေသည်ကို မြင်လိုက်ရသဖြင့် စိတ်ဓာတ် အနည်းငယ် ကျဆင်းသွားခဲ့သည်။


အကယ်၍ အကြည့်ဖြင့် လူသတ်နိုင်ပါက ကျန်းရှောင်မှာ အကြိမ်ပေါင်း ၁၀,၀၀၀ မက သေဆုံးပြီးလောက်ပြီ ဖြစ်၏ရ


“ဟိုကောင်လေးက မင်းရဲ့မောင်လေးလို့ ကြားတယ်" ဟု တတိယနှစ် အတန်း (၁) နှင့်အတူ ရပ်နေသော ထွားကျိုင်းသည့် ကောင်လေးတစ်ယောက်က မေးလိုက်သည်။


ဟန်ကျန်းရွှယ်က သူ့ကို ပြန်မဖြေခဲ့ပေ။


“ဟားဟား.. ကလေးတွေဆိုတာ ဆော့တတ်တာပဲ"


"အချိန်တန်ရင် ကျွင်းချန်ကို ငါတားပေးပါ့မယ်” 

ဟု ဘေးနားရှိ ဟန်ကျန်းရွှယ်ကို နှစ်သိမ့်ရန် ကြိုးစားသည့်ဟန်ဖြင့် ကောင်းကျွင်းဝိန်က ပြုံးလျက် ပြောလိုက်သည်။


ရှယန်က မဲ့ပြုံးပြုံးလိုက်ကာ “ရှင်က အဲ့လောက်တောင် ယုံကြည်မှု ရှိနေတာလား"


“ငါ့ညီ ဘယ်လောက် တော်လဲဆိုတာ ငါသိတယ်"


"ကျန်းရှောင်ဖီက ဆေးကုသရေး နိုးထသူလို့ ကြားပေမယ့်၊ သူ့မှာ ကြယ်တာရာ နေရာအရေအတွက် နည်းသလို အလားအလာလည်း နိမ့်တယ်” ဟု ကောင်းကျွင်းဝိန်က ရယ်မောရင်း ဆက်ပြောသည်။


"ဒီအဆင့်မှာတော့ ဆေးကုသရေးသမားတွေက အားအနည်းဆုံးပဲ"


"ပိုဆိုးတာက သူ့မှာ ကြယ်တာရာ နေရာ ၉ ခုပဲ ရှိတာ"


"လိုအပ်ရင် ကျွင်းချန်ကို ငါတားခိုင်းလိုက်မယ်"


“တားဖို့ မလိုပါဘူး၊ သူက တိုက်ပွဲဝင်ဖို့ ရွေးချယ်ပြီးပြီဆိုမှတော့ ညှာတာနေဖို့ မလိုတော့ဘူး"


“အဲ့လို မပြောပါနဲ့ ဟန်ကျန်းရွှယ်ရယ်၊စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့” ဟု ကောင်းကျွင်းဝိန်က ဖျောင်းဖျလိုက်သည်။


"ဘာပဲဖြစ်ဖြစ် ကျန်းရှောင်ဖီ အရှက်မကွဲအောင် ကျွင်းချန်ကို အနည်းဆုံးတော့ လက်လျှော့ပေးဖို့ ငါပြောရမှာပဲ"


“အိုး.. ဟုတ်လား၊ ငါ့အသင်းဖော်က တကယ်ကို အရှိန်အဝါ ကြီးမားတာပဲနော်"


"ကျန်းရှောင်ဖီကတော့ အားကိုးရမယ့် တောင်ကြီးတစ်လုံးကို တွေ့သွားပြီပဲ"


"သူကိုယ်တိုင် ဘာမှတောင် မလုပ်ရသေးဘူး” ဟု ကောင်းကျွင်းဝိန်က မျက်ခုံးပင့်ကာ လှောင်ပြောင်လိုက်ပြီး ရှေ့ရှိ ကတုံးအသင်းသား ညီအစ်ကိုနှစ်ယောက်ကို စိုက်ကြည့်လိုက်သည်။ 


သူတို့သည် ပထမနှစ်သို့ အခုမှ တက်ရောက်လာသူများ ဖြစ်သော်လည်း ကိုယ်ခံပညာတွင် ကျွမ်းကျင်ပုံရသည်။


အမှန်တကယ်လည်း ထိုသို့ပင် ဖြစ်၏။


ကျန်းရှောင်၏ အသင်းသည် ၂-၁-၁ ပုံစံဖြင့် ‘T’ ပုံသဏ္ဌာန် နေရာယူလိုက်သည်။


ကတုံးညီအစ်ကိုနှစ်ယောက်က ဘေးချင်းယှဉ်

ရပ်ကာ အလယ်တွင် ရီလျန်နာ နှင့် အနောက်ဆုံးတွင် ကျန်းရှောင် ရှိနေသည်။


အတန်း (၇) အသင်းတွင် အနီးကပ်တိုက်ခိုက်သူသုံးဦးနှင့် အဝေးတိုက်ခိုက်သူတစ်ဦး ပါဝင်သည်။ 


သူတို့သည် မည်သည့် လှည့်ကွက်မျှ မသုံးဘဲ ညီအစ်ကိုနှစ်ယောက်ကို တန်း၍ တိုက်ခိုက်တော့သည်။


ရီလျန်နာသည် သူမ၏ စုစည်းထားသော ကြယ်တာရာ အတတ်ပညာဖြစ်သည့် ပေါက်ကွဲစေသော မီးလျှံကို တရစပ် ထုတ်လွှတ်လိုက်သည်။


ကိုယ်ခံပညာတွင် အတော်အတန် တော်သော ကျန်းရှောင်ဖီကို အရန်အသင်းသားအဖြစ် သတ်မှတ်ထားသော်လည်း၊ ကံမကောင်းစွာဖြင့် ဤပြိုင်ပွဲတွင် အရန်အင်အား လိုအပ်ပုံမရပေ။


ဤအဆင့်ရှိ ကလေးများသည် ကြယ်တာရာ စွမ်းအား အားနည်းကြပြီး ကြယ်တာရာ အတတ်ပညာ အနည်းငယ်သာ ရှိကြသည်။ 


ထို့ကြောင့် သူတို့၏ ပူးပေါင်းဆောင်ရွက်မှုမှာလည်း အကန့်အသတ် ရှိသည်။


ကိုယ်ခံပညာ ကျွမ်းကျင်သော ကတုံးညီအစ်ကိုနှစ်ယောက်သည် အတန်း (၇) မှ အနီးကပ်တိုက်ခိုက်သူ သုံးဦးအနက် တစ်ဦးကို အချိန်တိုအတွင်း ထိုးနှက်နိုင်ခဲ့သည်။


သုံးယောက်နှင့် နှစ်ယောက် ယှဉ်ပြိုင်စဉ်မှာပင် မခံနိုင်လျှင် နှစ်ယောက်ချင်း တိုက်ပွဲတွင်မူ ဧကန်မုချ အနိုင်ရမည် မဟုတ်ပေ။


အားနည်းပြီး ဟာကွက်များရှိနေသော အတန်း (၇) အသင်းသည် ညီအစ်ကိုနှစ်ယောက်ကို တစ်ယောက်ချင်းစီ ရင်ဆိုင်လိုက်ရသည်။


ရီလျန်နာသည် စည်းမျဉ်းနိုးထသူ၏ တိုက်ခိုက်မှုကို ကိုင်တွယ်ရန် ကျန်ရစ်ခဲ့ပြီး ကျန်းရှောင်မှာမူ ဘာမှလုပ်စရာ မရှိပေ။


ညီအစ်ကိုနှစ်ယောက်က ပြိုင်ဘက်ကို အမြန်ပင် အနိုင်ယူလိုက်၏။


ရီလျန်နာသည် မီးလုံးများ၏ တရစပ် ပစ်ခတ်မှုကို ရင်ဆိုင်နေရဆဲ ဖြစ်သော်လည်း၊ အတန်း (၇) အသင်း၏ နောက်ဆုံးအဖွဲ့ဝင်မှာ အရှုံးပေးရန်

မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။


အတန်း (၂) အသင်းသည် ပထမပွဲကို အားစိုက်

စရာမလိုဘဲ အနိုင်ရခဲ့သည်။ 


သူတို့ အတန်းထဲသို့ ပြန်ရောက်သောအခါ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုခြင်း ခံရသည်။


အောင်ပွဲရရှိသည်...အရည်အသွေးပွိုင့် +၁ ရရှိသည်။


ကျန်းရှောင် အံ့အားသင့်သွားကာ 'ဒီလို ပြိုင်ပွဲမျိုးတွေကလည်း အရည်အသွေးပွိုင့် ရတာလား' ဟု တွေးတောနေမိသည်။


ကလေးကစားစရာကဲ့သို့ ထင်ရသော ဤပြိုင်ပွဲတွင် ကျန်းရှောင်မှာ ဘေးမှ ရပ်ကြည့်နေရုံသာ ရှိ၏။


သူသည် ပွဲကြည့်ပရိသတ်တစ်ဦးနှင့် တူလှသည်။ 


ပရိသတ်နှင့် သူ၏ ကွာခြားချက်မှာ ပရိသတ်က ကွင်းပြင်ပမှ ကြည့်နေချိန်တွင် သူက ကွင်းထဲမှနေ၍ ကြည့်နေခြင်းသာ။


သို့သော်လည်း သူသည် အရည်အသွေးပွိုင့် တစ်မှတ် ရရှိခဲ့သည်။


“အင်း.. စိတ်ဝင်စားဖို့ ကောင်းသားပဲ..”


“ရှောင်ဖီ.. ဘာတွေ တွေးနေတာလဲ၊ ခုန တိုက်ပွဲတုန်းက မင်း အိပ်မက်လမ်းလျှောက်နေတာလား" ဟု လျှိုခယ်က သူ့ဆီ ပြေးလာရင်း ပုခုံးကို ပုတ်ကာ မေးလိုက်သည်။


“အိပ်မက်လမ်းလျှောက်နေတာ မဟုတ်ပါဘူး၊ အသင်းဖော် သုံးယောက်ကို စောင့်ရှောက်ပေးနေတာပါ"


"သူတို့က အရမ်းတော်လွန်းတော့ ငါ့မှာ ဆေးကုပေးဖို့ အခွင့်အရေးတောင် မရလိုက်ဘူး” ဟု ကျန်းရှောင်က ရှင်းပြလိုက်သည်။


“မင်း ရီလျန်နာကို ကူပြီး ဟို စည်းမျဉ်းနိုးထသူကို တိုက်ပေးလို့ ရတာပဲ” ဟု လျှိုခယ်က မကျေမနပ် ပြောသည်။


“သူတို့နှစ်ယောက်က ပျော်နေပုံရလို့ပါ"


"မီးလုံးတွေနဲ့ ဟိုပစ်ဒီပစ်ဆိုတော့ ဗျောက်အိုးဖောက်နေသလိုပဲ” ဟု ကျန်းရှောင်က ခေါင်းကုတ်ရင်း ပြောလိုက်၏။


“ဟဲ့.. ဒီကောင်လေးကတော့” 


လျှိုခယ်က စိတ်ဆိုးမာန်ဆိုးဖြင့် ဆူပူလိုက်သည်။


“လျှိုခယ်...ခုနက ငါကွပ်ကဲနေတာပါ"


"ကျန်းရှောင်ကို မလှုပ်ဖို့ ငါပြောထားတာ” ဟု ကျူဝမ်က ဝင်ရှင်းပြသည်။


“ဘာလို့ အဲ့လို လုပ်ရတာလဲ" ဟု လျှိုခယ်က နားမလည်နိုင်စွာ မေးသည်။


“ကျန်းရှောင်ရဲ့ အစွမ်းကို ဖုံးကွယ်ထားဖို့ ကြိုးစားနေတာ"


"မမေ့နဲ့ဦး၊ ငါတို့ရဲ့ ပန်းတိုင်က ဒီပွဲမှာ ပထမရဖို့ မဟုတ်ဘူး၊ တတိယနှစ်က ကျောင်းခေါင်းဆောင်တွေနဲ့ ပွဲအတွက် ဖြစ်တယ်” ဟု ကျူဝမ်က အရှေ့သို့ တိုးကာ တိုးတိုးလေး ပြောလိုက်သည်။


“လုပ်စမ်းပါဦး.. ကျန်းရှောင်ဖီ ဂိုဒေါင်ထဲမှာ လုပ်ခဲ့တာတွေက ပျံ့နှံ့နေလောက်ပါပြီ” 


လျှိုခယ်က အထင်မကြီးသလို ပြောသည်။


“ပျံ့နှံ့နေလည်း ကိစ္စမရှိဘူး"


"ကျောင်းခေါင်းဆောင်တွေအတွက်တော့ ကျန်းရှောင်ဖီက ပထမနှစ်က အတွေ့အကြုံမရှိတဲ့ လူသစ်တစ်ယောက်ပဲ"


"သူတို့ ကျန်းရှောင်ဖီရဲ့ တကယ့်အရည်အချင်းကို မမြင်သရွေ့ ငါတို့အတွက် မျှော်လင့်မထားတဲ့ အခွင့်အရေးတွေ ရှိနေဦးမှာပဲ” ဟု ကျူဝမ်က တိုးတိုးလေး ပြောလိုက်သည်။


“မျှော်လင့်မထားတဲ့ အခွင့်အရေး.. မင်း ကျန်းရှောင်ဖီရဲ့ အရည်အချင်းအပေါ် ယုံကြည်မှု လွန်ကဲနေတယ် ထင်တယ်"


"ကျောင်းခေါင်းဆောင်တွေက မင်းတို့ရဲ့ အံ့အားသင့်စရာတွေကို ဂရုစိုက်မှာ မဟုတ်ဘူး"


"အင်အားချင်းက သိသိသာသာ ကွာခြားနေတာ..”


ရီလျန်နာက လျှိုခယ်ကို ဆွဲဖက်လိုက်သဖြင့် အရပ်ချင်း ကွာခြားမှုကြောင့် လျှိုခယ်၏ မျက်နှာမှာ ရီလျန်နာ၏ ရင်ခွင်ထဲသို့ ရောက်သွားသည်။ 


“ငါတို့ နိုင်ထားတာကို ဂုဏ်ပြုမယ့်အစား လာပြီး စိတ်ဓာတ်ကျအောင် မလုပ်ပါနဲ့"


“အင်..” 


လျှိုခယ်၏ ပါးပြင်များ နီမြန်းသွားကာ ခေါင်းငုံ့လျက် ရီလျန်နာကို အမြန်တွန်းထုတ်လိုက်သည်။


သူမ၏ ချစ်စရာကောင်းသော ဟန်ပန်ကြောင့် ကျူဝူမှာ စိတ်တွေ အရည်ပျော်သွားကာ ဟန်ချက်ပင် ပျက်မတတ် ဖြစ်သွားသည်။


“ငါတို့ရဲ့ ကတုံးချောလေးက ဘာလို့ စွမ်းဆောင်

ရည် ပြခွင့်မရတာလဲ" ဟု စုရို့က သူမ၏ ဖုန်းကို ကိုင်ထားရင်း စိတ်ပျက်လက်ပျက် မှတ်ချက်ပေးလိုက်သည်။


ဖုန်းမျက်နှာပြင်ပေါ်တွင် မက်ဆေ့ခ်ျအချို့ တက်လာသည်။


“ဒီလို လူသစ်တွေက ပူးပေါင်းဆောင်ရွက်မှု မရှိကြပါဘူး"


"အစမှာတော့ နေရာယူတာ ကောင်းပေမယ့်၊ နောက်ပိုင်းမှာတော့ အကုန်လုံး ပြိုကွဲသွားတာပဲ"


“နေရာယူတဲ့ ပုံစံအရ ကတုံးချောလေးက အနောက်မှာ ရှိနေတာ"


"သူ ဘာမှမလုပ်တာက သူဟာ အဝေးတိုက်ခိုက်သူ မဟုတ်ဘူးဆိုတာ ပြနေတာပဲ"


"သူက Eurasian မလေးကို ကာကွယ်ပေးဖို့ အနီးကပ်တိုက်ခိုက်သူ တစ်ယောက်လို့ ငါထင်

တယ်"


"သူ့ရဲ့ ကြယ်တာရာမြေပုံက ဘာများလဲ မသိဘူး"


“ဒါက ပေကျန်းပြည်နယ်ရဲ့ အထက်တန်းကျောင်း ပြိုင်ပွဲပဲလေ"


"အနီးကပ်တိုက်ခိုက်သူတွေရဲ့ အခြေခံအတတ်တွေက ကြယ်တာရာမြေပုံ မလိုတဲ့ အစိမ်းရောင်အလင်းတန်း တွေပဲ များပါတယ်"


“စည်းမျဉ်းနိုးထသူတွေအတွက်တော့ မတူဘူး"


"အကယ်၍ သူတို့ရဲ့ ကြယ်တာရာ မြေပုံကို အသုံးမပြုရင်၊ အတတ်တွေ ထုတ်လွှတ်နိုင်စွမ်းနဲ့ စွမ်းအားက အများကြီး ကျဆင်းသွားလိမ့်မယ်"


“ဘာလို့ အဲ့လောက် အတည်ပေါက်ကြီးတွေ ဖြစ်နေကြတာလဲ"


"ဟို အနောက်တိုင်းသူလေးကို တကယ်ပဲ မမြင်ကြဘူးလား"


“သူက အရပ်ရှည်လွန်းတယ်၊ ငါ အနောက်တိုင်းသူတွေကို စိတ်မဝင်စားဘူး"


“အနောက်တိုင်းသားတွေက ကိုယ်နံ့ နံတယ်လို့ ကြားဖူးတယ်"


“မှန်တယ်၊ အသားအရည်လည်း မကောင်းဘူး"


“ငါ့ရဲ့ ညာလက်ကိုပဲ ငါချစ်တယ်"


“...”


စုရို့က ရုတ်တရက် “ဟေး.. ကြည့်လိုက်ဦး၊ ကတုံးလေး ကွင်းထဲကို ပြန်တက်လာပြီ"


"ဟိုဘက်က.. အနီးကပ်တိုက်ခိုက်သူ လေးယောက်လား"


"သူတို့ နေရာယူပုံ ပြောင်းရတော့မယ် ထင်တယ်"


သုံးမိနစ်အကြာတွင် မက်ဆေ့ခ်ျများ ပို၍ တက်လာသည်။


“ဝါး.. ဒီကတုံးညီအစ်ကိုနှစ်ယောက်က တကယ့်ကို ကြောက်စရာကောင်းတာပဲ၊ သူတို့က ကိုယ်ခံပညာ မိသားစုကလား"


“ညီအစ်ကိုအရင်းတွေဆိုတော့ မတူဘူး"


"သူတို့ရဲ့ အတွဲအဖက်က အတုမဲ့ပဲ"


“ကတုံးညီအစ်ကိုတွေက အသင်းကို ထမ်းတင်နေတာပဲ"


"၂ ယောက်နဲ့ ၄ ယောက် တိုက်ပွဲက ရင်သပ်ရှုမောစရာပဲ"


“အံ့သြစရာပဲ! အတွဲတစ်တွဲက ကျောင်းတွင်း အကြမ်းဖက်မှုတွေကို လျစ်လျူရှုပြီး ဘေးမှာ လူပျိုလှည့်နေကြတယ်"


“အံ့သြစရာပဲ...ကတုံးလေးက အနောက်တိုင်းသူလေးကို မြူဆွယ်နေတဲ့ ဘုန်းကြီးလူထွက် ဖြစ်သွားပြီ"


“အံ့သြစရာပဲ...ညီအစ်ကိုနှစ်ယောက်က ကျောင်းခေါင်းဆောင်တွေကို ရင်ဆိုင်နေပေမယ့် အရိုက်ခံနေရပြီ"


“အံ့သြစရာပဲ...အတွဲကတော့ သူများ အရိုက်ခံနေရတာကို မကူဘဲ ထိုင်ကြည့်နေတုန်းပဲ"


"ကိုယ်ချင်းစာတရား မရှိလိုက်တာ"


“အံ့သြစရာပဲ...ဟင်.. ဘာကြီးလဲ၊ ဆေးကုသရေး နိုးထသူတဲ့လား"


ချက်ချင်းဆိုသလို စုရို့ တိုက်ရိုက်ထုတ်လွှင့်မှု ကြည့်ရှုသူများကြားတွင် ဆူညံသွားသည်။


“ကျိန်စာသင့်စမ်း...ပေကျန်း ကြယ်တာရာအတတ်ပညာ ကောင်းချီးပေးခြင်း ပဲ"


“ဆေးကုသရေး နတ်ဘုရား အဆင့်ပဲ"


“ဆေးကုသရေး အဆင့်ဆိုတာထက်.. ဒါက ဆေးကုသရေး နိုးထသူကွ"


“ဒီကတုံးလေးက ဆေးကုသရေး နိုးထသူလား"


“ငါ.. ငါ အချစ်ကို တွေ့ပြီ ထင်တယ်"


အပြောင်းအလဲများမှာ ရှောင်လွှဲ၍မရဘဲ အစီအစဉ်များကို ဖျက်ဆီးတတ်သည်။ 


ကျူညီအစ်ကိုများထံမှ ဆေးကုသပေးရန် အမိန့်ရရှိထားသဖြင့် ကျန်းရှောင်သည် တာဝန်ကျေပွန်စွာ လုပ်ဆောင်ရတော့မည်။


ကွင်းပြင်ပေါ်တွင် အိပ်မက်ဆန်ပြီး သန့်ရှင်းမြင့်မြတ်သော အလင်းတန်းနှစ်ခု ရုတ်တရက် ကျရောက်လာသည်။


အမောတကော ဖြစ်နေပြီး ချွေးများ ရွှဲနစ်နေသော ကျောင်းသားဖြစ်သည့် ကျူညီအစ်ကိုများမှာ ချက်ချင်း ပြောင်းလဲသွားကာ ပိုမိုအားအင်ပြည့်ဝပြီး တက်ကြွလာသည်ကို မြင်လိုက်ရသည်။


၎င်းမှာ ကြောက်စရာ မဟုတ်သေးပေ။ 


ကြောက်စရာအကော

င်းဆုံး အရာမှာ ညီအစ်ကိုနှစ်ယောက်၏ ဆွဲဆောင်မှုရှိသော အသံများပင်။


သူတို့၏ အသံများသည် ဆွဲဆောင်မှုရှိပြီး နက်ရှိုင်းလှရာ၊ ပြိုင်ဘက်များ၏ အားနည်းသော ဝိညာဉ်များကို ပြင်းထန်စွာ ရိုက်ခတ်သွားပြီး နားထဲတွင် အချိန်အတော်ကြာ စွဲထင်ကျန်ရစ်နေလေတော့သည်။