အခန်း (၆၂) လူမှားပြီး ကုသပေးမိတာလား
Viewers 2k

ရီလျန်နာ၏ မျက်နှာတစ်ခုလုံး နီမြန်းသွားကာ ကျန်းရှောင်၏ ပခုံးကို အသာအယာ ထုရိုက်

လိုက်သည်။ 


ထုံးစံအတိုင်း စုရို့သည် သူတို့နှစ်ဦး ရိုနေသည်ကို အမိအရဖမ်းမိသွားပြီး Live လွှင့်နေသည့် ဗီဒီယိုထဲတွင် ပြသလိုက်ပြန်သည်။


“ဒီ ဖောက်ပြန်နေတဲ့အတွဲ"


“ငါ ဘာတွေလုပ်မိလို့ ဒီလိုမြင်ကွင်းမျိုးကို ကြည့်နေရတာလဲ"


"ဘာလို့ ငါ့ကို ဒါတွေ ပြနေရတာလဲ"


“အဲဒီ Eurasian ကပြားမက တကယ့်ကို မြေခွေးမပဲ"


"ငါတို့ရဲ့ ကျန်းရှောင်ဖီကို မြူဆွယ်ရဲတယ်ပေါ့"


“ကျန်းရှောင်ဖီ၊ အဲဒါ ကတုံးနဲ့ ကောင်လေးရဲ့ နာမည်လား"


“ဒါက ချစ်စနိုးခေါ်တဲ့ နာမည်လား...ချစ်စရာလေးပဲ"


“ငါ သူ့ရဲ့ Weibo အကောင့်ကို ရှာတွေ့ထားတာ ကြာပြီ"


"နာမည်က ကျန်းရှောင်ဖီ-ဆိုးသလား- မဆိုးဘူးလား တဲ့"


“အော်... ဟုတ်လား၊ ငါလည်း သွားကြည့်ဦးမယ်"


“ကြည့်မနေနဲ့တော့၊ ငါ အခုပဲ ကြည့်ပြီးခဲ့ပြီ"


"ဒီ ကဲနေတဲ့အတွဲ လွန်ခဲ့တဲ့ ရက်ပိုင်းက တော်တော်လေး ပျော်နေခဲ့ကြပုံပဲ"


“ငယ်ရွယ်ရတာ ဘယ်လောက်တောင် ကောင်းလိုက်သလဲ"


“ပြဿနာက ရှယန် ဆိုတာ ဘယ်သူလဲ၊ သူက ဘာလို့ အဲဒီမိန်းကလေးကို အထင်သေးတာလဲ"


“မင်းက ရှယန်က ဘယ်သူလဲဆိုတာ မသိဘူးလား"


"ဒါတောင် ကျန်းပင် အထက်တန်းကျောင်းရဲ့ ပြိုင်ပွဲကို ကြည့်နေသေးတယ်ပေါ့"


"သူမက ကျောင်းရဲ့ အနိုင်ကျင့်ဘုရင်မ ပဲလေ"


“အမှန်ပဲ၊ လူသစ်တွေ ရောက်လာရင် လူဟောင်းတွေကို မေ့သွားတတ်ကြတာပဲ"


“ဟူး... ယောက်ျားတွေနော်"


“ဟူး... ယောက်ျားတွေ"


“ဟူး... ယောက်ျားတွေ"


ပထမနှစ် အတန်း(၂) ရဲ့ အခြေစိုက်စခန်းနောက်ကွယ်တွင်...


ကျူဝမ်၏ မျက်လုံးများ တောက်ပနေပြီး “ငါတို့ ကောင်းချီးပေးခြင်းကို အကြိမ်ပေါင်း ဒါဇင်နဲ့ချီပြီး ခံယူခဲ့ဖူးပေမယ့် အဲဒီ သက်သောင့်သက်သာရှိတဲ့ ခံစားချက်ကို ခုထိ မခုခံနိုင်သေးဘူး"


"ပြိုင်ဘက်တွေသာ ပထမဆုံးအကြိမ် ခံစားလိုက်ရရင် ကြောင်တောင်တောင် ဖြစ်သွားမှာ အသေအချာပဲ" ဟု ပြောလိုက်သည်။


“ဟုတ်တယ်၊ အခွင့်အရေးရရင် သူတို့ရဲ့ ရှေ့တန်းလူကို မင်းအစ်ကိုနဲ့အတူ ကောင်းကင်ပေါ် ပစ်

တင်လိုက်"


"သူတို့ သတိပြန်ဝင်လာတဲ့အချိန်မှာ ပြေးလို့လွတ်မှာ မဟုတ်တော့ဘူး"


"သူက လျန်နာ့အတွက် အရှင်လတ်လတ် ပစ်မှတ်ဖြစ်သွားလိမ့်မယ်"


ကျန်းရှောင်က ဆက်ပြောသည်မှာ “ကောင်းချီးပေးခြင်း အတတ်ပညာရဲ့ ဒဏ်ရာကုသနိုင်စွမ်းက ခေါင်းလောင်းလောက် မပြင်းထန်ဘူး"


"သူတို့ အပေါ်တက်သွားပြီး ပြန်အကျမှာ လျန်နာ့ရဲ့ ပေါက်ကွဲမီးလျှံနှစ်ချက်သာ တိတိကျကျ ထိမှန်မယ်ဆိုရင် ပြိုင်ဘက်က တိုက်ခိုက်နိုင်စွမ်း မရှိတော့ဘူးလို့ ဒိုင်လူကြီးက ဆုံးဖြတ်ဖို့ လုံလောက်ပြီ"


"အဲဒီအခါ ကျရှုံးသူအဖြစ် ဆင်းသွားပြီး ကုသမှု ခံယူခိုင်းလိမ့်မယ်"


ရီလျန်နာက စိုးရိမ်စိတ်ဖြင့် “နှစ်ချက်တောင်

လား... များမသွားဘူးလား"


"တစ်ချက်ဆိုရင် ပိုကောင်းမယ် ထင်တယ်"


"သူတို့ကို ထိခိုက်ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားမှာ ကြောက်လို့"


ကျူဝမ်က ငြင်းဆိုသည်။


"နှစ်ချက်ပဲ...ဒါက ပြိုင်ပွဲလေ"


"ငါတို့ နိုင်ကိုနိုင်ရမယ်၊ ကျောင်းရဲ့ ဆေးအဖွဲ့ကိုလည်း ယုံကြည်လိုက်ပါ"


"ဘာပြဿနာမှ ကြီးကြီးမားမား မရှိစေရဘူး"


ကျူဝူက ရီလျန်နာကို ပြောသည်မှာ “ပြိုင်ဘက်တွေက မင်းလို ကြင်နာမှာ မဟုတ်ဘူး"


"မင်းနားကို ကပ်လာတဲ့ ဘယ်သူမဆို မင်းကို ထောင့်ကပ်ပြီး ဒိုင်လူကြီးတွေ မတားမချင်း အားကုန်သုံးပြီး ရိုက်နှက်ကြမှာ ငါ ကျိန်ဆိုရဲတယ်"


ရီလျန်နာက သက်ပြင်းတစ်ချက်ချပြီး “နားလည်ပါပြီ” ဟု ဆိုသည်။


ကျူဝမ်က ဆက်လက်၍ “လူစာရင်း ပြောင်းမယ်"


"ကျန်းရှောင်ဖီ၊ မင်းက ‘T’ ပုံစံရဲ့ အလယ်မှာ ရပ်၊ လျန်နာက နောက်ဆုံးကနေ"


"ငါတို့တွေက စည်းကမ်းတွေကို အရမ်း အတိအကျ လိုက်နာနေမိသလိုပဲ"


"အခန်းကဏ္ဍအလိုက် ပုံသေနေရာတွေမှာပဲ ရပ်နေကြတာ"


"ဒါပေမဲ့ ငါတို့ပြိုင်ဘက်တွေက သီးခြားကမ္ဘာက သတ္တဝါတွေ မဟုတ်သလို၊ ကြယ်တာရာ အတတ်ပညာတွေ အများကြီးရှိတဲ့ အစွမ်းထက်

ပုဂ္ဂိုလ်တွေလည်း မဟုတ်ဘူး"


ကျန်းရှောင်က ခေါင်းညိတ်ပြီး “ဟုတ်တယ်၊ သူတို့မှာ သက်ဆိုင်ရာ ကြယ်တာရာ အတတ်ပညာအထောက်အပံ့တွေ မရှိတဲ့အတွက် နောက်တန်းကို ထိုးဖောက်ဖို့ ခက်ခဲလိမ့်မယ်"


ကျူဝမ်က လက်ဝှေ့ယမ်းပြပြီး “ဒါဆို အတည်ပဲ"


"သူတို့အဖွဲ့က တစ်ယောက်လောက် ပြုတ်သွားတာနဲ့ ငါတို့ တိုက်ရတာ လွယ်သွားပြီ"


တစ်ချိန်တည်းမှာပင် ဘောလုံးကွင်းရှိ မျက်နှာပြင်ပေါ်တွင် ရမှတ်များ ပေါ်လာသည်။ 


အတန်း(၄) က တတိယရရှိသွားပြီး အခြေအနေကောင်းလျှင် အရည်အသွေးမြင့် ကြယ်တာရာ ပုတီးစေ့အချို့ ရရှိမည်ဖြစ်သည်။


“ဝါး...ဗိုလ်လုပွဲ ရောက်ပြီ"


"ခန့်မှန်းထားတဲ့အတိုင်းပဲ၊ အတော်ဆုံးအတန်းတွေဖြစ်တဲ့ အတန်း(၁) နဲ့ အတန်း(၂) ထိပ်တိုက်တွေ့ပြီ"


"နှစ်ဖက်စလုံးမှာ ထူးချွန်တဲ့သူတွေ ပါနေတော့ တကယ့်ကို ရင်ခုန်ဖို့ ကောင်းတယ်” ဟု စုရို့က ပြောလိုက်သည်။


“သူတို့ ကွင်းထဲတက်ရမယ့် အချိန်ရောက်ပြီ"


"အတန်း(၂) က ဒီတစ်ခါ လူနေရာ ပြောင်းထားပုံရတယ်"


"ငါ့ရဲ့ ရှောင်ဖီလေးက အလယ်မှာ ရပ်နေတယ်"


ကွင်းထဲသို့ အဝင်တွင် ကျန်းရှောင်သည် မိမိအား စိုက်ကြည့်နေသည့် ပြင်းထန်သော အကြည့်တစ်ခုကို ခံစားလိုက်ရသည်။ 


လှည့်ကြည့်လိုက်သောအခါ ကောင်းကျွင်းချန်က သူ့ကို ရန်လိုသော အကြည့်ဖြင့် စိုက်ကြည့်

နေသည်ကို တွေ့လိုက်ရ၏။


တကယ့်ကို သူ့အစ်ကိုအတိုင်းပါပဲလား။


‘မင်းက ငယ်ငယ်လေးနဲ့ မင်းအစ်ကိုလိုပဲ တည်ကြည်ပြီး အရှိန်အဝါရှိလှချည်လား’ ဟု ကျန်းရှောင်က မျက်နှာသေဖြင့် စိုက်ကြည့်ရင်း တွေးလိုက်သည်။


‘ဒီနေ့တော့ အကြွေးဟောင်းတွေ အားလုံး အပြတ်ရှင်းရမယ်'


'ကျောင်းစတက်တုန်းက မင်းရဲ့ လက်ပါးစေတွေကို ခိုင်းပြီး ငါ့ကို ပစ္စည်းသိုလှောင်ခန်းထဲ တွန်းထည့်ခိုင်းခဲ့တာ ဘယ်သူလဲ'


‘ငါသာ တုံ့ပြန်မှု မသွက်ဘဲ တိုက်ခိုက်ရေးစွမ်းရည် မရှိရင် မင်းကြောင့် အရှက်ကွဲပြီး အရိုက်

ခံထားရမှာ အသေအချာပဲ'


ကိုရီးယားစတိုင် ဆံပင်ညှပ်ထားသည့် ကောင်းကျွင်းချန်က “စောင့်ကြည့်နေလိုက်" ဟု အသံမထွက်ဘဲ ပါးစပ်လှုပ်ရုံဖြင့် ပြောလိုက်သည်။ 


ကျန်းရှောင်က သူ့ကို ဂရုမစိုက်ဘဲ ကျန်သုံးယောက်ကို ကြည့်လိုက်သည်။


တစ်ယောက်ကတော့ သူ့ကို ပစ္စည်းသိုလှောင်ခန်းထဲ တွန်းထည့်ခဲ့သည့် ပိန်ပိန်ပါးပါး ကောင်လေးဖြစ်၏။


ထိုနှစ်ယောက်အပြင်၊ အသားညိုညို၊ အရပ် ၆ ပေကျော် (၁.၉ မီတာ) လောက်ရှိမည့် ထွားထွားကြိုင်းကြိုင်း ကောင်လေးတစ်ယောက်လည်း ပါသည်။ 


သူ့အကြည့်တွေက ပြင်းထန်ပြီး ကြမ်းတမ်းမည့်ပုံပေါ်သည်။ 


ကျူညီအစ်ကိုနှစ်ယောက်ကလည်း သူ့ကို အထူးသတိထားပုံရ၏။


အတန်း(၁) ၏ နောက်ဆုံးအဖွဲ့ဝင်မှာ ဆံပင်ကို မြင်းမြီးပုံစံ စည်းထားသည့် အရပ်ရှည်ရှည် ပိန်

ပိန်ပါးပါး မိန်းကလေးတစ်ဦးဖြစ်သည်။ 


သူမက ကျူညီအစ်ကိုနှစ်ယောက်ကို ရန်သူတော်ကြီးတွေလို ခက်ထန်စွာ စိုက်ကြည့်နေသည်။


ကျန်းရှောင်သည် သူမ၏ အခန်းကဏ္ဍကိုလည်း ရှင်းရှင်းလင်းလင်း သိထားသည်။ 


သူမသည် လျင်မြန်သည့် တိုက်ခိုက်ရေး နိုးထသူဖြစ်ဟန်တူသည်။ 


ရှယန်နှင့် ဆင်တူသော်လည်း ရှယန်လောက်တော့ အနိုင်ကျင့်ဗိုလ်ကျမည့်ပုံ မပေါ်ချေ။


ကျန်းရှောင်က ထိုမိန်းကလေးကို လုပ်ကြံသတ်ဖြတ်သူ တစ်ယောက်နှင့် တူသည်ဟု ခံစားရသည်။ 


ယခင်တိုက်ပွဲများကို ကြည့်ခြင်းအားဖြင့် သူမသည် များသောအားဖြင့် စစ်မြေပြင်၏ အစွန်အဖျားတွင် လှည့်ပတ်နေတတ်ပြီး အခွင့်အရေးရသည်နှင့် ဝင်ရောက်တိုက်ခိုက်

တတ်ကြောင်း သူ သိလိုက်သည်။ 


သူမ၏ တိုက်ကွက်များက သေစေနိုင်

လောက်အောင် ပြင်းထန်သည်။


စစ်ပညာသင်တန်းအပြီး ပထမနှစ်ကျောင်းသားများ၏ နောက်ဆုံးပြိုင်ပွဲတွင် လက်နက်ကိရိယာများ အသုံးပြုခွင့် မပြုချေ။


သူတို့သည် ကိုယ်ပိုင်တိုက်ခိုက်ရေးစွမ်းရည်ကိုသာ အားကိုးရမည်ဖြစ်သည်။ 


သို့သော် အလယ်အလတ်နှင့် နှစ်ဆုံးစာမေးပွဲများတွင်မူ ကျောင်းသားများကို ကိရိယာများ သုံးခွင့်ပေးမည်ဖြစ်သည်။ 


တခြားကမ္ဘာမှ သတ္တဝါများနှင့် ရင်ဆိုင်ရလျှင် ကိုယ်ပိုင်လက်နက်များ ယူဆောင်ခွင့်ပြုသော်လည်း၊ ကျောင်းနေဖက်အချင်းချင်း တိုက်ခိုက်ရာတွင် ကျောင်းကပေးသည့် သစ်သားလက်နက်များကိုသာ သုံးရသည်။


ဒိုင်လူကြီးသည် လက်နက်ထိမှန်သည့် ခန္ဓာကိုယ်အစိတ်အပိုင်းပေါ် မူတည်၍ ဆုံးဖြတ်ချက်ချမည်ဖြစ်သည်။ 


သစ်သားဓားဖြင့် လည်ပင်းကို အလှီးခံရခြင်းမှာ အသက်အန္တရာယ် မရှိသော်လည်း ဒိုင်လူကြီးက သေဆုံးခြင်း ဟု သတ်မှတ်လိမ့်မည်။


အကယ်၍ လက်နက်သာ သုံးခွင့်ပြုလျှင် ထိုမိန်းကလေးသည် ဓားမြှောင်ကို သေချာပေါက် သုံးလိမ့်မည်ဟု ကျန်းရှောင် ယုံကြည်နေသည်။


ပြိုင်ဘက်များက ၂-၂ ပုံစံဖြင့် နေရာယူထားသည်။ 


ကောင်းကျွင်းချန်နှင့် လူကောင်ကြီးကြီး ကောင်လေးက ရှေ့တွင်ဖြစ်ပြီး၊ ပိန်ပိန်ပါးပါး ကောင်လေးနှင့် မိန်းကလေးက နောက်တွင် ဖြစ်သည်။


အတန်း(၂) ကမူ T ပုံစံဖြင့် ကျူညီအစ်ကိုနှစ်ယောက်က ရှေ့တွင်၊ ကျန်းရှောင်က အလယ်တွင်နှင့် ရီလျန်နာက နောက်ဆုံးတွင် ရှိနေသည်။


ကောင်းကျွင်းချန်၏ ရန်လိုသော အကြည့်ကို မြင်သောအခါ ကျန်းရှောင်က ရုတ်တရက် နောက်တစ်လှမ်းဆုတ်ကာ ဘေးမှ ကြောင်ကြည့်နေသော ရီလျန်နာဘက် လှည့်လိုက်သည်။


ကျန်းရှောင်က ရှေ့သို့ အသာကိုင်းကာ ရီလျန်

နာ၏ နားနားသို့ တိုးတိုးလေး ကပ်ပြောလိုက်၏။


"ကောင်းကျွင်းချန်က ခဏနေရင် ပထမဆုံး ပြေးထွက်လာမယ့်သူပဲ"


"သူ သေချာပေါက် သည်းခံနိုင်မှာ မဟုတ်ဘူး"


“နင်က ဘယ်လိုလုပ် အဲဒီလောက် သေချာနေရတာလဲ"


ရီလျန်နာက တိုးတိုးလေး ပြန်မေးသည်။


"သူ့ရဲ့ထိုးဖောက်ခြင်း ကြယ်တာရာ အတတ်ပညာက ကျူဝမ်နဲ့ ကျူဝူရဲ့ ခံစစ်ကို မြန်မြန်ဆန်ဆန် ဖျက်ဆီးနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းပဲလေ"


"ဒါကြောင့် သူက ရှေ့ဆုံးမှာ ရှိနေမှာပဲ"


ရီလျန်နာက စဉ်းစားကြည့်ပြီး “ဟုတ်သားပဲ၊ အဲဒီ လူကောင်ကြီးကြီး ဝက်ဝံလည်း လုပ်နိုင်ပုံရတယ်...”


ကျန်းရှောင်က ပိုတိုးကပ်ကာ “အဲဒါကြောင့်ပဲ ငါ အခု မင်းဘေးမှာ လာရပ်နေတာပေါ့"


"သူက ငယ်ငယ်ကတည်းက အလိုလိုက်ခံထားရတဲ့ ကောင်ပဲ"


"မင်းနဲ့ငါ ဓာတ်ပုံအတူတွဲရိုက်တာကိုတောင် သူ သည်းမခံနိုင်တာ"


"သူတို့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က ဘယ်လိုပဲရှိရှိ၊ သူ့ရဲ့ သည်းခံနိုင်စွမ်းကတော့ အခု ကုန်ဆုံးနေပြီလို့ ငါ ယုံကြည်တယ်"


ရီလျန်နာသည် ကျန်းရှောင်ကို နားမလည်နိုင်တော့ဘဲ ထိတ်လန့်သွားသည်။


သူမသည် ကျန်းရှောင်ကို အမြဲတမ်း ဆိုးပေပေ၊ ပေါ့ပေါ့ပါးပါးနှင့် ပျော်ပျော်နေတတ်သော ကောင်လေးဟုသာ ထင်ခဲ့ခြင်းဖြစ်ပြီး၊ ယခုကဲ့သို့ အကွက်ချစီစဉ်တတ်သူဟု မထင်ထားခဲ့ပေ။


“ပေါက်ကွဲမီးလျှံ နှစ်ချက်၊ တိတိကျကျ ပစ်မှတ်ထားနော်” ဟု ကျန်းရှောင်က ခပ်တိုးတိုး ပြောလိုက်သည်။


ထို့နောက် ကျန်းရှောင်က ပြုံးပြကာ ရီလျန်နာကို ခေါင်းညိတ်ပြပြီး နောက်သို့ ပြန်ဆုတ်သွား၏။


“ကျန်းရှောင်ဖီ"


တစ်ဖက်မှ ကောင်းကျွင်းချန်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ 


သူသည် ဒေါသကြောင့် မျက်နှာတစ်ခုလုံး နီမြန်းနေပြီး တစ်ကိုယ်လုံးလည်း တုန်ယင်နေသည်။


“ဒိုင်လူကြီး၊ ပြိုင်ပွဲ စတင်ဖို့ ကြေညာပေးပါတော့” ဟု ဝက်ဝံနက်ကြီး ကောင်းကျွင်းချန်က ကျန်းရှောင်၏ လှောင်ပြောင်သော အမူအရာကို သည်းမခံနိုင်တော့ဘဲ ပြောလိုက်သည်။


ဟူး...


ကောင်းကျွင်းချန်၏ ခန္ဓာကိုယ်ပေါ်တွင် ကြယ်ပွင့်များဖြင့် ခြယ်သထားသော ကြယ်တာရာမြေပုံတစ်ခု ရုတ်တရက် ပေါ်လာသည်။


၎င်းသည် အိပ်မက်ဆန်သော ဓားတစ်လက်နှင့် တူလေ၏။


တရုတ်ဓားပုံစံပေါ်ရှိ ကြယ်တာရာ နေရာလေးခု လင်းထိန်လာသည်။


၎င်းတို့မှာ ကြေးဝါအဆင့် နှင့် ငွေအဆင့်များ ဖြစ်ကြသည်။


သူ့တွင် ကြယ်တာရာ နေရာ ၂၄ ခုရှိနေသည်။


ပရိသတ်များကြားတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။


"၂၄ ခုတောင်"


"ဘာ"


အထူးချွန်ဆုံးအတန်း ဆိုသည်မှာ အမှန်ပင်။


တစ်ချိန်တည်းမှာပင် ဝက်ဝံနက်ကြီးကလည်း လက်တစ်ဖက်ကိုင် ဒိုင်းဝိုင်းပုံစံရှိသော သူ၏ ကြယ်တာရာမြေပုံကို ထုတ်ပြလိုက်သည်။


၎င်းတွင် ကြယ်တာရာ နေရာ၂၅ ခု ပါရှိသည်။ 


သူသည်လည်း ဒေါသကို ပြသသည့်အနေဖြင့် ထုတ်ပြလိုက်ပုံရသည်။ 


ကြေးဝါအဆင့် တောက်ပနေသော ကြယ်တာရာ ပုတီးစေ့နှစ်လုံးကလည်း ၎င်းထဲတွင် မြုပ်နှံထားသည်။


သူ၏ ကြယ်တာရာ အတတ်ပညာများက နိမ့်ကျသော်လည်း၊ သူ့တွင် ကြယ်တာရာ နေရာ ၂၅ ခု ရှိနေသည်။


၎င်းက မည်သူ့ကိုမဆို အံ့သြသွားစေရန် လုံလောက်သည်။


တကယ်ပင် အတန်း(၁) သည် အစွမ်းထက်လှခြင်း။


ကြယ်တာရာ နေရာ၂၀ သာရှိသည့် ကျူညီအစ်ကိုများကဲ့သို့ လူများနှင့်ဆိုလျှင် ကောင်းကင်နှင့် မြေကြီးလို ကွာခြားလှသည်။


ပိန်ပိန်ပါးပါး ကောင်လေးနှင့် မြင်းမြီးဆံပင်နှင့် မိန်းကလေးမှာမူ ဘာမှမဖြစ်သလိုပင်။ 


သူတို့၏ ကြယ်တာရာ မြေပုံများကိုလည်း ထုတ်မပြသလို၊ အစွမ်းပြဖို့လည်း မကြိုးစားကြပေ။ 


ယင်းအစား ခန္ဓာကိုယ်ကို တင်းထားကာ တိတ်တဆိတ် အသင့်ပြင်ထားကြသည်။


အတန်း(၂) မှ တစ်ဦးတည်းသော စည်းမျဉ်းနိုးထသူ ဖြစ်သူ ရီလျန်နာသည် သူမ၏ ကြယ်တာရာမြေပုံကို ဖြည်းညှင်းစွာ အလင်းပေးလိုက်သည်။


လူတိုင်း၏ ရှေ့မှောက်တွင် လက်နှစ်ဖက်ကိုင် တုတ်ရှည်ကြီးတစ်ခု ပေါ်လာသည်။


၎င်းတွင် ကြေးဝါအဆင့် နှစ်လုံးနှင့် ငွေအဆင့် နှစ်လုံး ကြယ်တာရာ ပုတီးစေ့များ ပါဝင်ပြီး အားလုံးကို မှင်တက်သွားစေသည်။


ကြယ်တာရာနေရာ၂၁ ခု ဆိုသည်မှာ လူ့အဖွဲ့အစည်းရှိ လူတိုင်း အားကျရမည့် အရာဖြစ်သည်။ 


သို့သော် ယခု ကျန်းမာရေး လေ့ကျင့်နေသည့် ကျောင်းသားများအတွက်မူ အတန်း(၁) နှင့် အတန်း(၂) ကြား သိသာထင်ရှားသော ကွာခြားချက်ကို ခံစားနေရ၏။


ကျူညီအစ်ကိုများက မျက်နှာပျက်နေကြပြီး အထူးသတိထားနေသည့် ပုံစံရှိသည်။


နှစ်ဖက်စလုံး နေရာယူပြီးသောအခါ ဒိုင်လူကြီးက လက်ထဲမှ အလံကို မြှောက်လိုက်သည်။


ကျန်းရှောင်က ကောင်းကျွင်းချန်ကို စိုက်ကြည့်ပြီး မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။


"ဝှစ်"


ဒိုင်လူကြီးက အလံကို ချလိုက်သည်နှင့် ပြင်းထန်သော ပေါက်ကွဲသံကြီးက လေထုထဲ ပျံ့လွင့်သွားသည်။ 


ကောင်းကျွင်းချန်၏ ခြေထောက်အောက်ရှိ မြေပြင်တွင် တစ်ခုခု ပေါက်ကွဲသွားပြီး ကျင်းတစ်ခု ဖြစ်သွားသည်။


ပြင်းထန်သော ကြယ်တာရာ စွမ်းအားများက သူ့ခြေထောက်တွင် ရစ်ပတ်သွားပြီး သူသည် ချက်ချင်းပင် အရှိန်ဖြင့် ပြေးထွက်လာသည်။ 


ထို့နောက် ကျူညီအစ်ကိုများကို လုံးဝမေ့သွားသည့်အလား ကျန်းရှောင်ထံသို့ ပျံသန်းဝင်ရောက်လာသည်။


သူ နီးကပ်လာနေပြီ... 


မီတာ ၃၀၊ ၂၅ မီတာ၊ ၂၀ မီတာ...


ကျန်းရှောင်က လက်ကို မြှောက်လိုက်ရာ မြင့်မြတ်သော အလင်

းတန်းတစ်ခု ရုတ်တရက် ကျဆင်းလာပြီး ကောင်းကျွင်းချန်၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားစေသည်။


လူတိုင်း အံ့အားသင့်ကာ မှင်တက်သွားကြသည်။


စောစောက အားပေးနေကြသည့် ကျောင်းသားများမှာ ချက်ချင်းပင် ငြိမ်ကျသွားကြသည်။


သူ ကုသပေးလိုက်တာ... လူမှားပြီး ကုသပေးမိတာလား။


ကျန်းရှောင်ဖီတစ်ယောက် ကြောက်လန့်ပြီး စိတ်လေသွားတာလား။