ပြိုင်ပွဲ၏ တန်ဖိုးအရှိဆုံးကျောင်းသားဆုကို အသင်းခေါင်းဆောင်ဖြစ်သူ ကျူဝမ်က ရရှိသွားသည်။
သူ၏ အစောပိုင်းဗျူဟာမှာ အလွန်ထူးချွန်လှပြီး အသင်းသားများက မည်သို့ပင် ပူးပေါင်းဆောင်ရွက်ခဲ့သည်ဖြစ်စေ ကျောင်းကတော့ အသင်းခေါင်းဆောင်ကိုသာ အသိအမှတ်ပြုချီးမြှင့်မည်မှာ ဓမ္မတာပင်ဖြစ်၏။
စကားစမြည်ပြောဆိုပြီးနောက် ကျောင်းက ကျူညီအစ်ကိုနှင့် ရီလျန်နာတို့ကို ဆုချီးမြှင့်
လိုက်သော ကြယ်တာရာ ပုတီးစေ့များမှာ တမန်းမြက်ခင်းပြင်နယ်မြေမှဖြစ်ကြောင်း ကျန်းရှောင်သိရှိလိုက်ရသည်။
ကျန်းရှောင်သည် ကျူညီအစ်ကိုတို့၏ ကြယ်တာရာအတတ်ပညာအကြောင်းကို တစ်ခါမှမကြားဖူးချေ။
၎င်းတို့မှာ ငွေအဆင့်များဖြစ်ကြပြီး တိုက်ခိုက်
ခြင်း နှင့် ညဉ့်နက်မြင်ကွင်း ဟူသော အတတ်ပညာနှစ်မျိုးပါဝင်သည့် သိုးခေါင်း မိစ္ဆာများထံမှ ရရှိခြင်းဖြစ်သည်ဟု ဆိုကြသည်။
ကျူဝမ်သည် တန်ဖိုးအရှိဆုံးကျောင်းသား အဖြစ် ရွေးချယ်ခံရသဖြင့် ကျောင်းမှ အပိုဆောင်း ကြယ်တာရာ ပုတီးစေ့တစ်စေ့ကိုလည်း လက်ခံရရှိခဲ့သည်။
ရီလျန်နာ၏ ကြယ်တာရာပုတီးစေ့မှာလည်း ငွေအဆင့်ဖြစ်ပြီး တမန်းမြက်ခင်းပြင်နယ်မြေရှိ သီးခြားကမ္ဘာတစ်ခုမှ ထူးဆန်းသော သတ္တဝါတစ်မျိုးထံမှ ရရှိခြင်းဖြစ်သည်။
အင်တာနက်တွင် ရှာဖွေကြည့်သောအခါ ထိုပုတီးစေ့တွင် နှင်တံ နှင့် ကြိမ်နှင်တံ ဟူသော အတတ်ပညာများ ပါဝင်ကြောင်း တွေ့ရှိရသည်။
သူတို့သည် ထိုအတတ်ပညာများကို စုပ်ယူနိုင်
လိမ့်မည်ဟု ကျန်းရှောင်က မျှော်လင့်နေသည်။
အကြောင်းမှာ ကျန်းရှောင်မှလွဲ၍ အခြားနိုးထသူ များအတွက် ကြယ်တာရာ ပုတီးစေ့တစ်ခုမှ အတတ်ပညာတစ်ခု ရရှိရန် အခွင့်အလမ်းမှာ အလွန်နည်းပါးသောကြောင့် ဖြစ်၏။
သူတို့စကားပြောနေစဉ်အတွင်း ယခင်နှစ်က ပထမနှစ်ချန်ပီယံများဖြစ်ပြီး ယခု ဒုတိယနှစ်ချန်ပီယံဖြစ်နေသူများမှာ စင်မြင့်ပေါ်သို့ တက်လာကြသည်။
ထိုအဖွဲ့တွင် အရပ်အမောင်းချင်း တူညီနေကြသော ယောက်ျားလေးနှစ်ဦးနှင့် မိန်းကလေးနှစ်ဦး ပါဝင်သည်။
ယောက်ျားလေးနှစ်ဦးမှာ ၁.၈ မီတာခန့်စီရှိပြီး မိန်းကလေးများမှာ ၁.၇ မီတာစီ ရှိကြသည်။
သူတို့သည် လေးထောင့်ပုံစံ ရပ်နေကြသည်မှာ စိတ်ဝင်စားစရာကောင်းလှသော်လည်း တစ်ဦးနှင့်တစ်ဦး အလှမ်းဝေးဝေးတွင် ရပ်နေကြ၏။
ထူးဆန်းသည်မှာ ယောက်ျားလေးနှစ်ဦးမှာ နောက်တန်းတွင် ရပ်နေခြင်းပင်။
ဒုတိယနှစ်ချန်ပီယံများ စင်ပေါ်တက်လာသောအခါ ကျောင်းသားများထံမှ အားပါးတရ လက်ခုပ်သံများ ထွက်ပေါ်လာသည်။
သို့သော် တတိယနှစ်မှ အစွမ်းထက် ခေါင်းဆောင်များ တက်လာချိန်တွင် ရရှိသည့် လက်ခုပ်သံနှင့်ယှဉ်လျှင် ဘာမှမဟုတ်သေးပေ။
စုရို့သည် သူမ၏ဖုန်းကို ကိုင်ထားရင်း ဘယ်
ဘက်လက်ဖြင့် ရင်ဘတ်ကိုဖိကာ ညာဘက်
လက်များ တုန်ယင်နေသည်။
သူမ တုန်လှုပ်ချောက်ချားစွာဖြင့် ညည်းညူလိုက်သည်။
"အိုး.. ငါ့နှလုံးသားလေး၊ လီဝေယီကို အတန်းထဲမှာ နေ့တိုင်းတွေ့နေရပေမဲ့ သူကတော့ ငါ့နှလုံးခုန်သံကို မြန်အောင် အမြဲလုပ်နိုင်တုန်းပဲ"
ဖုန်းမျက်နှာပြင်ပေါ်တွင် မှတ်ချက်များတစ်ခုပြီးတစ်ခု တက်လာသည်။
ကြည့်ရှုသူများသည် အတွေ့အကြုံမရှိသေးသည့် အသစ်အစွဲများ တိုက်ခိုက်သည်ထက် အဆင့်မြင့်တိုက်ပွဲများကို ပိုမိုစိတ်ဝင်စားကြသည်မှာ သိသာလှသည်။
"ရဲကိုအမြန်ခေါ်ကြပါ၊ ဒီမှာ အချစ်ရူးမလေးတစ်ယောက် မခံစားနိုင်တော့လို့"
"ဟေး၊ ငါလည်း အကိုကြီး ဝေယီကို ကြိုက်တယ်၊ ဒါပေမဲ့ ငါ့ရဲ့ အိုင်ဒေါအသစ်ကတော့ ရှောင်ဖီ ပဲ"
"ဟုတ်တယ်၊ သူက နောက်ပြောင်တတ်တယ်၊ ချစ်ဖို့ကောင်းတယ်၊ ပြီးတော့ တခြားသူတွေကိုလည်း ကုသပေးနိုင်တယ်...သူနဲ့အတူရှိရင် တကယ်ကို သက်သောင့်သက်သာရှိမှာ သေချာတယ်"
"အခုက ဘယ်ခေတ်လဲ၊ နင်တို့က ရုပ်ရည်ကိုပဲ ဘာလို့ အာရုံစိုက်နေကြတာလဲ၊ တကယ့်
အရည်အချင်းကမှ အရေးကြီးဆုံးပဲ...ငါကတော့ ရှောင်ဖီကိုပဲ ရွေးတယ်"
"Live လွှင့်နေတဲ့လူ ဘယ်မှာလဲ...ဒီအဖွားကြီးအုပ်စုကို ပိတ်ပေးလို့ရမလား၊ သူတို့က ငါ့ခံစားချက်ကို လာနှောင့်ယှက်နေတယ်"
"ဟန်ကျန်းရွှယ်...ငါ့ရဲ့ နတ်ဘုရားမလေး၊ မင်းကိုချစ်တယ်..."
"ဘုရင်မ ရှ၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို နှင်တံနဲ့ ရိုက်ပါ"
"မင်းရဲ့ ဓားကြီးနဲ့ ငါ့နှလုံးသားကို ညင်ညင်သာသာ ထိုးစိုက်လိုက်စမ်းပါ၊ ကျေးဇူးပြုပြီး ငါ့ကို နှိပ်စက်ပါ ဘုရင်မကြီး"
"ညီအစ်ကိုတို့၊ သတိလေးဘာလေး ကပ်ကြပါဦး! အဲဒါက ဓားမြှောင်လို့ ထင်နေတာလား...နှလုံးကို ထိုးစိုက်ရင် မင်းခန္ဓာကိုယ် တစ်ခြမ်းလုံး ပြတ်
ထွက်သွားလိမ့်မယ်"
"အာ.. ရပါတယ်၊ အဲဒါက သစ်သားဓားပဲဟာ၊ ငါမသေပါဘူး"
"ရှယန်ရဲ့ တကယ့်အစွမ်းကို မင်းတို့ မသိကြသေးဘူးထင်တယ်"
"မင်းသားလေး ဝေ က အမိုက်ဆုံးပဲ၊ သူ နောက်ဆုံးစာမေးပွဲဖြေတုန်းက ဗီဒီယိုကို ငါ အခါတစ်သောင်းလောက် ကြည့်ပြီးပြီ"
"အိုင်ဒေါ ဝေ က အခြေအနေကို ပြောင်းလဲပစ်ပြီး အသစ်လေးတွေကို ကယ်တင်ခဲ့တာ"
"ကောင်းကျွင်းဝိန်ကတော့ အထင်ကြီးစရာပဲ"
"သူက အသစ်လေးတွေကိုတောင် မကူညီနိုင်ဘူး၊ နတ်ဘုရားမ..ဘုရင်မ...အသုံးမကျတာ"
"အမှိုက်တွေ"
ကျန်းရှောင်သည် တစ်ခါမှ Nightclub မသွားဖူးသလို rap တိုက်ပွဲများ သို့မဟုတ် hip-hop အကပြိုင်ပွဲများတွင်လည်း မပါဝင်ဖူးချေ။
ထိုသို့သော တိုက်ပွဲများကို ရုပ်မြင်သံကြားအစီအစဉ်များတွင်သာ ကြည့်ဖူးသည်။
သို့သော် ယခုအခါတွင်မူ ဇာတ်လမ်းကို အရှိန်
မြှင့်တင်ခြင်း ဆိုသည်မှာ ဘာလဲဆိုသည်ကို ကျန်းရှောင် နားလည်သွားပြီဖြစ်သည်။
ကောင်းကျွင်းဝိန်သည် စင်မြင့်ပေါ်သို့ တိုက်ရိုက်ပြေးတက်လာ၏။
သူသည် လေထဲသို့ ခုန်တက်ပြီး အရှိန်ဖြင့် ပြန်ဆင်းသက်လာသောအခါ သူ၏လက်ထဲမှ တရုတ်သစ်သားဓားမှာ မြက်ခင်းပြင်ကို ပြင်းထန်စွာ ရိုက်ခတ်သွားပြီး ကျင်းကြီးတစ်ခု ဖြစ်သွားစေသည်။
ရွှေရောင်အမှုန်အမွှားများမှာ ဆက်တိုက်
ထွက်ပေါ်လာပြီး အလွန်လှပကာ တောက်ပနေလျက်။
၎င်းမှာ လူအများ၏ အာရုံကို ဖမ်းစားနိုင်
လောက်အောင်ပင်။
"အားးးးး"
"ဝါး...ဝါး"
"ကျောင်းတော်ရဲ့ ခေါင်းဆောင်များ...ကျောင်းတော်ရဲ့ ခေါင်းဆောင်များ"
အဖွဲ့သားသုံးဦး ဝင်လာသောအခါ လီဝေယီက...
"ဘယ်သူမှ မင်းဆီက တန်ဖိုးအရှိဆုံးကျောင်းသားဆုကို လုယူမှာမဟုတ်ဘူး၊ စိတ်မပူနဲ့" ဟု ပြောလိုက်သည်။
"ပါးစပ်ပိတ်ထားစမ်း"
ကောင်းကျွင်းဝိန်၏ မျက်လုံးများမှာ မှောင်မှောင်မည်းမည်း ဖြစ်သွားပြီး သူသည် အလွန်လောနေပုံရသည်။
အမှန်စင်စစ် သူသည် ပထမနှစ်ချန်ပီယံများကို မကိုင်တွယ်မီ ဒုတိယနှစ်ချန်ပီယံများကို အမြန်ဆုံး အပြတ်ရှင်းပစ်ရန် လောနေခြင်းဖြစ်၏။
"စလို့ရပြီလား"
ကောင်းကျွင်းဝိန်က လက်ထဲမှ သစ်သားဓားကို ကိုင်ရင်း ဒိုင်လူကြီးကို စိုက်ကြည့်ကာ မေးလိုက်သည်။
ဤဒိုင်လူကြီးမှာပင် စောစောက ကောင်းကျွင်းချန် သူ၏ညီဖြစ်သူ တိုက်ခိုက်နိုင်စွမ်း မရှိတော့သည့်တိုင် ခရာမမှုတ်ခဲ့သော ဒိုင်လူကြီးဖြစ်သည်။
ကောင်းကျွင်းဝိန်၏ ကြောက်မက်ဖွယ်ကောင်းသော မျက်လုံးများကို ကြည့်ရင်း ဒိုင်လူကြီးသည် ဒုတိယနှစ်ကလေးများအတွက် ရုတ်တရက် စိုးရိမ်သွားမိ၏။
သူသည် အလံငယ်ကို မြှောက်လိုက်ပြီး ပြိုင်ပွဲကို စတင်စေလိုက်သည်။
အားလုံးက အားပေးနေကြစဉ်မှာပင် ကောင်းကျွင်းဝိန်သည် အသင်းသားများကို မစောင့်တော့ဘဲ ဒုတိယနှစ်အဖွဲ့ရှိရာသို့ တိုက်ရိုက်ပြေးဝင်သွားတော့သည်။
"တောင့်ခံထားကြ...တောင့်ခံထားကြ"
ဒုတိယနှစ်အသင်း၏ ရှေ့ဆုံးမှ မိန်းကလေးက အော်ဟစ်လိုက်ပြီး သူမ၏ခန္ဓာကိုယ်တွင် ကြယ်တာရာမြေပုံ လင်းလက်လာသည်။
၁... ၂... ၃...ကြယ်တာရာ နေရာ၂၅ ခု။
တစ်ချိန်တည်းမှာပင် ဓားကိုကိုင်ကာ ရှေ့ဆုံး၌ရပ်နေသော အခြားမိန်းကလေးတစ်
ဦး၏ ဓားပုံသဏ္ဌာန် ကြယ်တာရာ မြေပုံလည်း လင်းလက်လာပြီး ၎င်းတွင်လည်း ၂၅ ခု ပါဝင်နေသည်။
နောက်တန်းမှ ယောက်ျားလေးနှစ်ဦး၏ ကြယ်တာရာမြေပုံများလည်း တစ်ခုပြီးတစ်ခု လင်းလာကာ သူတို့၏ လက်ထဲတွင် မီးလုံးများ စုစည်းလာကြ၏။
ကြည့်ရှုသူများကြားတွင် ဆူညံပွက်လောရိုက်သွားပြီး မှတ်ချက်များ ပြည့်နှက်လာသည်။
"ဘုရားရေ၊ ဒီကောင်တွေကတော့ဗျာ၊ ဘယ်သူမှ ၂၅ ခုအောက် မရှိကြဘူး"
"ငါတို့ အင်တာနက်မှာ အစွမ်းထက်တဲ့သူတွေကို ခဏခဏ တွေ့ဖူးပေမဲ့၊ ငါတို့ပတ်ဝန်းကျင်က လူတွေကျတော့ ဘာလို့ ၁၅ ခု ဒါမှမဟုတ် ၁၆ ခုပဲရှိတဲ့ အရည်အချင်းနိမ့်တဲ့ ကလေးတွေပဲ ဖြစ်နေရတာလဲ"
"ဘယ်သူ့ကို အရည်အချင်းနိမ့်တယ်လို့ ပြောတာလဲ...ငါနဲ့ တစ်ယောက်ချင်းတိုက်ရင် မင်းကို သတ်ပစ်မယ်ဆိုတာ ယုံလား"
"တော်ကြပါတော့...နိုးထသူတစ်ယောက် ဖြစ်လာတာကိုပဲ ကျေးဇူးတင်စမ်းပါ၊ ကြယ်တာရာ နေရာ ဘယ်နှစ်ခုရှိလဲဆိုတာကို ဘာလို့ ဂရုစိုက်နေကြတာလဲ၊ လူမိုက်အုပ်စုတွေ"
မှတ်ချက်များမှာ ပိုမိုပြင်းထန်လာသော်လည်း ယခုအကြိမ်တွင် စုရို့တစ်ယောက် အခြေအနေကို ထိန်းကျောင်းရန် မေ့လျော့နေသည်။
အကြောင်းမှာ သူမရှေ့တွင် ဖြစ်ပျက်နေသည်များမှာ အလွန်ပင် အံ့အားသင့်စရာကောင်းနေသောကြောင့်။
"သည်းခံထား....သည်းခံထား"
ဒုတိယနှစ်အဖွဲ့ခေါင်းဆောင်က အော်ဟစ်နေသော်လည်း သူမ ဘာကိုစိုးရိမ်နေသနည်းဟု သူတွေးနေမိသည်။
"အား"
နောက်တစ်စက္ကန့်တွင် ကောင်းကျွင်းဝိန်သည် ကောင်းကင်သို့ မော့ကြည့်ကာ အော်ဟစ်လိုက်
သည်။
သူ၏ ဓားပုံသဏ္ဌာန် ကြယ်တာရာမြေပုံမှာ ပေါ်ထွက်လာပြီး တောက်ပသော ရွှေရောင်
ကြယ်တာရာ နေရာတစ်ခုမှ အလင်းရောင်များ ထွက်ပေါ်လာသည်။
၎င်းမှာ တစ်ကမ္ဘာလုံးကို မှေးမှိန်သွားစေသကဲ့သို့ပင်။
ရွှေအဆင့် ကြယ်တာရာ အတတ်ပညာ : ကြောက်ရွံ့ခြင်း ဟိန်းဟောက်သံ
ထိုဟိန်းဟောက်သံကြောင့် ကွင်းအတွင်းရှိ အရာအားလုံး တိတ်ဆိတ်သွားသည်။
တိုက်ပွဲနှင့် အလွန်ဝေးကွာသော ကျောင်းသားများပင်လျှင် ရုတ်တရက် စိတ်မသက်မသာဖြစ်လာပြီး လက်ခြေများ တုန်ယင်လာကြ၏။
စင်မြင့်နှင့် အနီးဆုံးရှိနေသော ဒုတိယနှစ်ချန်ပီယံများသည် တိုက်ခိုက်လိုစိတ်များ ချက်ချင်းပျောက်ဆုံးသွားတော့သည်။
ဤအချိန်တွင် သူတို့ နောက်လှည့်မပြေးဘဲ ရပ်နေနိုင်သည်မှာပင် အတော်လေး အထင်ကြီးစရာ ကောင်းလှပြီ။
ဒုတိယနှစ်ချန်ပီယံများသည် ကောင်းကျွင်းဝိန်၏ ရွှေအဆင့် အတတ်ပညာမှာ မည်မျှ အစွမ်းထက်ကြောင်း ကောင်းစွာသိထားသဖြင့် အပြည့်အဝ ပြင်ဆင်ထားကြသည်။
သို့သော် ကြိုတင်သိထားသည့်တိုင် သူတို့ ခုခံနိုင်စွမ်း မရှိကြချေ။
ဘဝဆိုသည်မှာ ဤကဲ့သို့ပင် မတရားလှပေ။
ကောင်းကျွင်းဝိန်ကဲ့သို့ ထူးခြားသောအစွမ်းရှိသူနှင့် ရင်ဆိုင်ရလျှင် သာမန်ကစားသမားတစ်ဦးသည် မည်မျှပင် ကြိုးစားပါစေ သူ၏အဆင့်သို့ မည်သည့်အခါမျှ ရောက်ရှိနိုင်မည် မဟုတ်ပေ။
လူများက ပြောလေ့ရှိသည်၊ 'လမ်းအားလုံးသည် ရောမသို့ ဦးတည်သည်' ဟု။
အချို့လူများသည် ရောမသို့ ရောက်ရှိရန် တစ်
ဘဝလုံး ကြိုးစားအားထုတ်ကြရသည်။
သို့သော် အချို့သူများမှာမူ ရောမမြို့ထဲ၌ပင် မွေးဖွားလာကြသူများဖြစ်သည်။
ဥပမာအားဖြင့် မင်းက တစ်လကို ယွမ် ၃၀၀၀ ရဖို့ ရုန်းကန်နေရချိန်မှာ တခြားသူတွေကတော့ တစ်ရက်ကို ယွမ် ၃၀၀၀၀ ကျော် မုန့်ဖိုးရနေတာမျိုးပေါ့။
တစ်စုံတစ်ယောက်က ငွေအဆင့် အတတ်ပညာနှင့် ကြယ်တာရာ ပုတီးစေ့များကို ရရှိရန် ဂရုတစိုက် တွက်ချက်နေရချိန်တွင် အခြားသူတစ်ယောက်မှာမူ သူ၏ ရွှေအဆင့် ကြယ်တာရာ ပုတီးစေ့များကို ထုတ်ကြွားကာ ဖြုန်းတီးပစ်နေခြင်းပင်။
နောက်တန်းမှ ယောက်ျားလေးတစ်ဦးသည် နောက်ဆုံးတွင် ပေါက်ကွဲစေသောမီးလျှံကို ထုတ်လွှတ်လိုက်သော်လည်း အခြားတစ်ဦးမှာမူ ပြင်းထန်သော ဒဏ်ရာရရှိသွားသကဲ့သို့ နောက်သို့ ယိုင်သွားသည်။
သူ၏ မျက်နှာမှာ ကြောက်လန့်တုန်လှုပ်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော သရဲတစ္ဆေကို မြင်လိုက်ရသည့်အလား ဖြစ်သွားသည်။
"ခုခံထား... ခုခံထားစမ်း"
ရှေ့တန်းမှ အမျိုးသမီး အသင်းခေါင်းဆောင်က အသင်းသားများ၏ အကူအညီကို စောင့်ရင်း မြေပြင်ပေါ်တွင် ခိုင်ခိုင်မာမာ ရပ်တည်နိုင်ရန် အစွမ်းကုန် ကြိုးစားအော်ဟစ်နေသည်။
သို့သော်... သူတို့စိတ်ကူးထားသည့် ဗျူဟာမှာ ဖြစ်မလာခဲ့ပေ။
ရွှေအဆင့် အတတ်ပညာ၏ အစွမ်းကို သူတို့ လျှော့တွက်ခဲ့မိသည်။
ရှေ့တန်းမှ အခြားမိန်းကလေးမှာ ဓားကိုပင် မထုတ်နိုင်တော့ပေ။
သူမသည် ဓားကို အသုံးမပြုနိုင်ရုံတင်မက ကောင်းကျွင်းဝိန် ထပ်မံဟိန်းဟောက်လိုက်သောအခါ အသင်းခေါင်းဆောင်မှလွဲ၍ ကျန်အသင်းသားများအားလုံးနှင့်အတူ နောက်သို့ ဆုတ်ခွာသွားတော့သည်။
သူတို့သည် အဝေးသို့ ပြေးထွက်သွားကြပြီး အစွမ်းကုန် ထွက်ပြေးလွတ်မြောက်ရန် ကြိုးစားနေသူများနှင့် တူနေတော့သည်။
၎င်းမှာ သူတို့၏ စိတ်ဓာတ်မခိုင်မာခြင်းကြောင့် မဟုတ်ဘဲ ထိုအတတ်ပညာက အလွန်ပင် ပြင်းထန်လွန်းသောကြောင့် ဖြစ်၏။
သူတို့သည် ဒုတိယနှစ်၏ ချန်ပီယံများ ဖြစ်ကြသော်လည်း ယခုကဲ့သို့ အရှုံးပေးလိုက်ရခြင်းမှာ လူတိုင်းကို အံ့အားသင့်စေခဲ့သည်။
ဒါဟာ... တရားမျှတတဲ့ ယှဉ်ပြိုင်မှုတစ်ခု မဟုတ်တော့ပေ။
ဒုတိယနှစ်မှ တတိယနှစ်သို့ တစ်နှစ်သာ ခြားနားသော်လည်း ဤမျှကြီးမားသော ကွာခြားမှုများ ရှိနိုင်ပါသလား။
သို့မဟုတ် သူကပဲ ထူးခြားနေခြင်းလား။
"ငါ သိသားပဲ...မင်းတစ်ယောက်ပဲ ထွက်မပြေးတာကိုး"
ကောင်းကျွင်းဝိန်က သူစောစောကတည်းက ပစ်မှတ်ထားထားသော အမျိုးသမီး အသင်းခေါင်းဆောင်ကို အော်ဟစ်လိုက်သည်။
အခြေအနေမှာ သူမျှော်လင့်ထားသည့်အတိုင်းပင်။
အခြားအသင်းသားများ ထွက်ပြေးသွားကြသော်လည်း အသင်းခေါင်းဆောင်မှာမူ သွားကိုကြိတ်ကာ ဆက်လက်တောင့်ခံနေသည်။
ဒါပေမဲ့ ဒီလိုတောင့်ခံနေလို့ရော ဘာထူးမှာလဲ။
ကောင်းကျွင်းဝိန်သည် ရွှေရောင်လျှပ်စီးများ ရစ်ပတ်နေသော တရုတ်သစ်သားဓားကို ကိုင်ကာ အမျိုးသမီး အသင်းခေါင်းဆောင်ထံသို့ ဝှေ့ယမ်းလိုက်သည်။
ထိုအခါ သူမမှာ နောက်သို့ ခြေလှ
မ်းအနည်းငယ် ဆုတ်သွားရသည်။
သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး ထုံကျင်ကိုက်ခဲသွားပြီး မျက်နှာကို ကာကွယ်ထားသော လက်များကိုပင် ဖယ်ရှားလိုက်မိသည်။
ကောင်းကျွင်းဝိန်သည် ဓားကို ဟန်ပါပါ ကစားလိုက်ပြီးနောက် သူမ၏ ရင်ဘတ်ကို အားပါးတရ ထိုးစိုက်လိုက်လေတော့သည်။