“ရှုး…”
“ဒီကတုံးလေးက တော်တော်ဆရာကြီးလုပ်တာပဲဟေ့"
“တို့တွေရင်းနှီးနေတဲ့ မြောက်ပိုင်းစကားပုံတစ်ခုရှိတယ်ကွ၊ လေမရှည်နဲ့... လုပ်စရာရှိတာသာလုပ်လိုက်"
“ဖယ်စမ်းပါ... ဒါက တို့အရှေ့ပိုင်းသားတွေလည်း ပြောနေကျစကားပဲ"
“တစ်ယောက်ယောက်တော့ ကြားထဲညပ်ပြီး ကြောက်လွန်းလို့ တုန်နေရှာပြီ ထင်တယ်၊ စကားတောင် မဟရဲတော့ဘူး"
“ဒါနဲ့... မင်းတို့ဆီမှာက ပြည်နယ်တစ်ခုတည်း မဟုတ်ဘူးလား"
"ဒေသတွေ ခွဲထားသေးတာလား"
“မြောက်ပိုင်းသုံးပြည်နယ်က ပြည်နယ်တစ်ခုတည်းလို့ ဘယ်သူပြောလဲ"
"မင်းရဲ့ ပထဝီဆရာတော့ ရင်ကျိုးနေလောက်ပြီ"
"ကျောင်းပြန်တက်ပြီး သေချာသွားကြည့်ဦ"
စင်မြင့်ပေါ်တွင် ဆရာမက “ပထမနှစ် ချန်ပီယံအသင်းက တတိယနှစ် ချန်ပီယံအသင်းကို စိန်ခေါ်ဖို့ ဆုံးဖြတ်လိုက်ပါပြီ"
"စည်းမျဉ်းအရ ဒီတိုက်ပွဲမှာ လက်နက်အသုံးပြုခွင့် မရှိပါဘူး” ဟု ကြေညာလိုက်သည်။
ကောင်းကျွင်းဝိန်က သူ၏သစ်သားဓားကို ဘေးသို့ပစ်ချလိုက်ပြီး ဒိုင်လူကြီးကိုကြည့်ကာ “စလို့ရပြီလား" ဟု မေးလိုက်၏။
ဒိုင်လူကြီးက “အထက်က အမိန့်ကို စောင့်နေတုန်းပဲ” ဟု ပြန်ပြောသည်။
“ဟေး... ဟိုက ဓားနဲ့ ကစားနေတဲ့လူ” ဟု ကျန်းရှောင်က လှမ်းခေါ်လိုက်သည်။
ကောင်းကျွင်းဝိန် အနည်းငယ် ကြောင်သွားပြီး ကျန်းရှောင်ကို လှည့်ကြည့်လိုက်သည်။
ကျန်းရှောင်က သူ့ကို စကားလာပြောလိမ့်မည်ဟု သူ လုံးဝမထင်ထားခဲ့ပေ။
အမှန်စင်စစ် ကောင်းကျွင်းဝိန် မမျှော်လင့်ထားသည့်အရာများစွာ ရှိနေသေးသည်။
ဥပမာအားဖြင့် ကျန်းရှောင်က သူ့ဆီလာပြီး အရိုက်ခံရဲမည့် သတ္တိရှိလိမ့်မည်ဟု သူ မထင်ထားခဲ့ပါ။
“မြန်မြန်ပြောစရာရှိတာပြောထား...ခဏနေရင် မင်း စကားပြောနိုင်တော့မှာ မဟုတ်ဘူး” ဟု ကောင်းကျွင်းဝိန်က ဆိုသည်။
ကျန်းရှောင်က ပြန်၍ချေပလိုက်၏။
"မနှစ်က မင်းတို့အသင်းဟာ မင်းရဲ့မနားမပန်း ကြိုးစားအားထုတ်မှုတွေကြောင့် ဂုဏ်သိက္ခာတွေ အကုန်ပျက်စီးသွားခဲ့တယ်လို့ ငါကြားမိသားပဲ"
ကောင်းကျွင်းဝိန်မျက်နှာ ပျက်သွားပြီး “မင်း ဘာပြောလိုက်တာလဲ" ဟု ပြန်မေးသည်။
ကျန်းရှောင်က ပုခုံးတွန့်ပြကာ "ဪ... မှန်တာပေါ့၊ နောက်ဆုံးစာမေးပွဲမှာ မင်းတို့ နိုင်ခဲ့တာပဲ"
"ဒါပေမဲ့ ဆရာတွေ အကုန်ကြည့်နေကြလို့ မင်း အသင်းသားတွေအပေါ် ပရိယာယ်တွေ မသုံးရဲခဲ့တာ မဟုတ်လား"
ကောင်းကျွင်းဝိန်သည် လက်သီးကို တင်းတင်းဆုပ်ထားပြီး တစ်ကိုယ်လုံး မထိန်းနိုင်အောင် တုန်ယင်လာသည်။
စင်ပေါ်ရှိ ဆရာမမှာ ကြောင်အမ်းသွားပြီး ကျောင်းအုပ်ကြီးယန်ကို လှည့်ကြည့်လိုက်သည်။
ကျန်းရှောင်၏စကားမှာ အတော်လေး ပြင်းထန်ပြီး၊ ထိုနေရာတွင် ကျောင်းနှင့်မပတ်သက်သည့် ပြင်ပပုဂ္ဂိုလ်များစွာ ရှိနေသောကြောင့် ဖြစ်သည်။
အကယ်၍ သတင်းပျံ့သွားပါက ကျောင်း၏ဂုဏ်သိက္ခာကိုပါ ထိခိုက်နိုင်၏။
ကျောင်းအုပ်ကြီးယန်က ခေါင်းခါပြကာ ပြုံးလျက် "နိုင်ဖို့ဆိုရင် ထူးချွန်ရုံနဲ့မရဘူး၊ ဒါက ဉာဏ်စမ်းတိုက်ပွဲတစ်ခုပဲ ဖြစ်ပုံရတယ်” ဟု ပြောသည်။
စစ်ဝတ်စုံနှင့် လူကမူ "ဒီတစ်ခါ သူတို့ ဘယ်လိုပူးပေါင်းဆောင်ရွက်မလဲဆိုတာ ငါသိချင်မိတယ်” ဟု ဆိုသည်။
“ကောင်းပါပြီ... နားလည်ပေးလို့ရပါတယ်"
"သီးခြားကမ္ဘာရဲ့ နယ်မြေတစ်ခုခုထဲမှာဆိုရင် စိုးရိမ်စရာမရှိတော့ဘူးလေ"
"မင်း စိတ်ကြိုက် မင်းရဲ့အသင်းသားတွေကို ပြန်တိုက်ခိုက်လို့ ရတာပေါ့"
"ငါပြောတာ မှန်တယ်မလား"
ကျန်းရှောင်က ကောင်းကျွင်းဝိန်ကို ပြုံးစစဖြင့် စိုက်ကြည့်ကာ လှောင်ပြောင်လိုက်သည်။
“မင်း သေချင်နေပြီပဲ” ဟု ကောင်းကျွင်းဝိန်က ဒေါသကြောင့် တုန်ယင်နေသည့် အသံနိမ့်နိမ့်ဖြင့် ခြိမ်းခြောက်လိုက်သည်။
သူသည် သူ၏ဒေါသကို လုံးဝမထိန်းနိုင်တော့ပေ။
“ငါ့အမြင်တော့ မင်း ဒီမှာ မင်းရဲ့အနာဂတ်ကို ဖျက်ဆီးမပစ်တာ အကောင်းဆုံးပဲ"
"မင်း ကျောင်းရဲ့ထိပ်သီးအသင်းကို တော်တော်လေး သိက္ခာကျအောင် လုပ်ခဲ့တာပဲ"
"သူတို့ကို ဂုဏ်သိက္ခာတွေ အများကြီး ဆုံးရှုံးစေခဲ့တယ်"
"မင်း ဘယ်လိုလုပ် အဲဒီအသင်းထဲ ရောက်သွားတာလဲ"
ကောင်းကျွင်းဝိန်က ဒေါသတကြီး အော်ဟစ်
လိုက်သည်။
"မင်းက မင်းကိုယ်မင်း ဘယ်သူမှတ်နေလို့လဲ"
“ဪ"
ကျန်းရှောင်က ခေါင်းကုတ်ကာ မေးလိုက်သည်။
"“မင်းက ဗေဒင်ဆရာလည်း ဖြစ်သွားပြီလား"
ကောင်းကျွင်းဝိန်မှာ ဒေါသအထွတ်အထိပ်သို့ ရောက်သွားလေပြီ။
“ငါ ဗေဒင်ဟောတာ ရပ်လိုက်ပြီ၊ အဲဒီအစား သော့ပြင်ပေးဖို့ ဆုံးဖြတ်လိုက်တယ်"
"ကျန်းရှောင်က ရယ်မောရင်း လှောင်လိုက်သည်။
"မင်းရော ကိုက်ညီမှု ရှိရဲ့လား"
(TN note - သော့ပြင်ပေးဖို့ ဆုံးဖြတ်လိုက်တယ်လို့ ပြောချင်တာက Are you fit? ဆိုတဲ့ သဘောပေါ့နော်၊ မင်းနဲ့ ဒီအသင်းနဲ့ ကိုက်ညီနေရဲ့လား ဆိုပြီး ကျန်းရှောင်က ခနဲ့တဲ့တဲ့ ပြောလိုက်တာပါ)
ကောင်းကျွင်းဝိန်သည် သူ၏ဒေါသကို မထိန်းနိုင်ဘဲ အော်ဟစ်လိုက်သည်။
"ကိုက်ညီရဲ့လား...ဟုတ်လား...ပါးစပ်ပိတ်ထားစမ်း"
ကျန်းရှောင်က သဘောတူသည့်အလား ခေါင်းငြိမ့်ပြကာ “ဟုတ်တယ်... မင်းက မကိုက်ညီဘူးပဲ" ဟု ဆိုလိုက်သည်။
ကောင်းကျွင်းဝိန် အံ့အားသင့်ရာမှ သတိဝင်လာပြီး ‘ငါ အခုလေးတင် ငါကိုယ်တိုင် ကျောင်းရဲ့ထိပ်သီးအသင်းမှာ ပါဝင်ဖို့ မကိုက်ညီဘူးလို့ ပြောလိုက်တာလား' ဟု တွေးတောမိသွားသည်။
‘သူက ငါ့ရဲ့ အသင်းသားဖြစ်နိုင်စွမ်းကို သံသယဝင်နေတာလား'
ကောင်းကျွင်းဝိန် အော်ဟစ်လိုက်သည်။
"ငါက ဘယ်လိုလုပ် အသင်းနဲ့ မကိုက်ညီရမှာလဲ"
“ကိုက်ညီလို့လား"
ကျန်းရှောင်က မျက်ခုံးပင့်ကာ မေးလိုက်၏။
“ရှုး…”
“ဟားဟားဟားဟား…”
“ဟေ့လူတို့ရေ... ဒီကတုံးလေးရဲ့ ပါးစပ်ကတော့ တကယ်ကို စပ်တာပဲ"
"တော်တော်ဒေါသထွက်စရာကောင်းပေမဲ့ ရယ်
လည်းရယ်ရတယ် ဟားဟား"
“သူက စကားပြော တော်သားပဲ"
“ငါတော့ တော်တော်ရယ်နေရပြီ ဟားဟား"
“ငါ... တောက်"
ကောင်းကျွင်းဝိန်သည် သည်းမခံနိုင်တော့ဘဲ ကျန်းရှောင်ဆီသို့ ပြေးဝင်သွားတော့သည်။
ဒိုင်လူကြီးက ခရုသင်းကို ဆက်တိုက်မှုတ်လိုက်ပြီး သူကိုယ်တိုင်လည်း ရယ်ချင်စိတ်ကို ထိန်းထားရပုံရ၏။
"ပြိုင်ပွဲက... မစသေးပါဘူး၊ ကိုယ့်နေရာကို ပြန်သွားကြပါ"
"မဟုတ်ရင်... ပြိုင်ပွဲကနေ ထုတ်ပယ်ခံရပါလိမ့်
မယ်"
ကျန်းရှောင်က ရှေ့သို့လှမ်းကာ လက်ဝါးဖြန့်
လိုက်ပြီးကျူညီအစ်ကိုနှစ်ယောက်ကို လက်ဝါးရိုက်ရန် အချက်ပြလိုက်သည်။
ကျူဝမ်က သက်ပြင်းချနေသော်လည်း ကျူဝူ မှာမူ ငိုတော့မည့်ရုပ်ဖြင့် ကျန်းရှောင်၏လက်ကို အားပြင်းပြင်းဖြင့် ရိုက်လိုက်သည်။
ကျန်းရှောင်က သူတို့နှစ်ဦးလုံးအပေါ် အမှတ်အသားထည့်သွင်းနိုင်ခဲ့သည်။
ထို့နောက် ကျန်းရှောင်သည် T-ပုံစံ စစ်ကြောင်း၏ အလယ်ဗဟိုတွင် ရပ်လိုက်ပြီး နောက်သို့မကြည့်ဘဲ ခြေတစ်လှမ်း နောက်ဆုတ်လိုက်ကာ လက်နှစ်ဖက်ကို နောက်သို့ ဆန့်ထုတ်လိုက်သည်။
ရီလျန်နာက ကျန်းရှောင်ကို ကြည့်ကာ ပြုံးလျက် သူ၏လက်ကို ပုတ်လိုက်သည်။
အမှတ်အသား ထည့်သွင်းပြီးနောက် အရာအားလုံး အဆင်သင့်ဖြစ်သွားပြီ။
“မင်း သူ့ကို အဲဒီလို ရန်စလိုက်တာ တကယ်ပဲ သင့်တော်ရဲ့လား"
"သူ မင်းကို ညှာမှာမဟုတ်ဘူးနော်” ဟု ရီလျန်နာက ပြောသည်။
“သူက အစကတည်းက ညှာမယ့်လူလို့ မင်းထင်လို့လား"
ကျန်းရှောင်က နှာခေါင်းရှုံ့ကာ လှောင်လိုက်၏။
"သူက ငါတို့ရဲ့ တစ်ဦးတည်းသော ရန်သူပဲ၊ သူ့နောက်က ဘေးတိုက်လူသုံးယောက်ကို ဂရုစိုက်မနေနဲ့"
“ဟမ်"
“ဘာ"
“မင်း သေချာလို့လား"
အသင်းဖော် သုံးယောက်လုံးက စိုးရိမ်တကြီး မေးလိုက်ကြသည်။
ကျန်းရှောင်က ခေါင်းငြိမ့်ပြကာ “လူတွေက ကိုယ့်သင်္ချိုင်းကိုယ် တူးလေ့ရှိကြတယ်"
"စဉ်းစားကြည့်... ဘယ်လိုလူမျိုးကများ အားလုံးကို သစ္စာဖောက်တဲ့အထိ လုပ်ရက်မှာလဲ"
"ဒါနဲ့... လျန်နာ"
ရီလျန်နာက “ဟင်"
"သူ့ကို အသေသတ်လိုက်...ငါ သူ့ရဲ့ စိတ်ခံစားချက်တွေကို ထိန်းချုပ်ထားပြီးပြီ၊ သူ ကြယ်တာရာ ပုတီးစေ့တွေကိုလည်း လုံးဝမစုပ်ယူရသေးဘူး"
"ငါတို့တွေ အချိန်ဆွဲပြီး သူ့ရဲ့ စွမ်းအားတွေကို ကုန်ခမ်းအောင် လုပ်မှ နိုင်လိမ့်မယ်"
"သူ ကြယ်တာရာ ပုတီးစေ့တွေ မရှိလေ ပိုကောင်းလေပဲ"
"သူ့ရဲ့ ဘောင်းဘီကို ပေါက်ကွဲအောင်လုပ်ပြီး စွမ်းအင်ဖြည့်ဖို့ အခွင့်အရေး လုံးဝမပေးနဲ့"
"ပေါက်ကွဲမီးလျှံ အတတ်ပညာက အဲဒါကို လုပ်
နိုင်တယ်"
"မင်းလည်း အဲဒါကို လုပ်နိုင်စွမ်းရှိပါတယ်” ဟု မှာကြားလိုက်သည်။
“နှစ်ဖက်စလုံး... အဆင်သင့်ပြင်ထား" ဟု ဒိုင်လူကြီးက အော်ပြောလိုက်သည်။
"ဝှစ်"
ဒိုင်လူကြီးက အလံကို ဝှေ့ယမ်းပြီး ပြိုင်ပွဲစတင်ကြောင်း ကြေညာလိုက်သည်။
တတိယနှစ် ချန်ပီယံအသင်း၏ တိုက်ခိုက်ပုံမှာ ဒုတိယနှစ်နှင့် တိုက်ခိုက်စဉ်ကအတိုင်းပင်။
နောက်ကလူများက လုံးဝမလှုပ်ရှားကြပေ။
ကောင်းကျွင်းဝိန်မှာမူ သူ၏ဒေါသကို မထိန်းနိုင်သည်မှာ ကြာပြီဖြစ်သဖြင့် တိုက်ရိုက် ပြေးထွက်လာတော့သည်။
သူ၏ညာလက်သီးမှာ ရွှေရောင်လျှပ်စီးကြောင်းများဖြင့် ဖုံးလွှမ်းနေပြီး အလွန်ပင် မျက်စိကျစရာ ကောင်းလှ၏။
ပြင်းထန်သော တိုက်ခိုက်မှုကို ရင်ဆိုင်ရန် ကျူညီအစ်ကိုက ကျန်းရှောင်၏ရှေ့မှ ကာကွယ်
ပေးလိုက်သည်။
ကောင်းကျွင်းဝိန်က ခုန်တက်ကာ အော်ဟစ်
လိုက်သည်၏
"ဖယ်စမ်း"
ရွှေအဆင့် ကြယ်တာရာအတတ်ပညာ : ကြောက်ရွံ့ခြင်း ဟိန်းဟောက်သံ
ကျူညီအစ်ကိုမှာ ထိတ်လန့်သွားပြီး အစက တိုက်ခိုက်လိုစိတ်များ ပြင်းထန်နေသော်လည်း ရုတ်တရက် နောက်ဆုတ်လိုစိတ်များ ဖြစ်ပေါ်လာသည်။
၎င်းမှာ အမှန်တကယ် မယုံကြည်နိုင်စရာပင်။
သူတို့ မည်မျှပင် စိတ်ဓာတ်ခိုင်မာပါစေ၊ အမှန်တရားတစ်ခုမှာ သူတို့ နောက်ဆုတ်သွားခဲ့ပြီး သူတို့ဆီသို့ ပြေးဝင်လာသော ရွှေရောင်လျှပ်စီးကြောင်းကို ကြည့်နေမိခြင်းပင်။
ကျန်းရှောင်ကမူ ရီလျန်နာနှင့်အတူ အစောကတည်းက နောက်ဆုတ်ထားပြီးဖြစ်၏။
သူကိုယ်တိုင်လည်း ကြောက်ရွံ့မှုကို အံတုကာ လက်သီးကို လွှဲယမ်းပြီး ကျူညီအစ်ကိုအပေါ်သို့ ကောင်းချီးပေးခြင်း အလင်းတန်းနှစ်ခု ချပေးလိုက်သည်။
ကျူညီအစ်ကို၏ ကိုယ်ခန္ဓာများ တင်းမာသွားပြီး တုန်ယင်လာသည်။
ထို့နောက် သူတို့သည် နောက်သို့ဆုတ်ကာ နေရာမှာတင် ရပ်တန့်သွားပြီး ရှေ့သို့ ကိုင်းညွတ်လိုက်ကြသည်။
ကောင်းချီးပေးခြင်းက ကြောက်ရွံ့ခြင်းဟိန်းဟောက်သံကို လွှမ်းမိုးသွားတာလား။
ကောင်းချီးပေးခြင်း မှာ အဲဒီလို အာနိသင်မျိုးလည်း ရှိတာလား။
ဟန်ကျန်းရွှယ်က ကျန်းရှောင်ကို ထိုကဲ့သို့ အာနိသင်ရှိကြောင်း တစ်ခါက ပြောဖူးသည်။
သူတို့အသင်းသည် ဘီလူးဖြူစုန်းမဦးဆောင်
သည့် ဘီလူးဖြူအုပ်စုနှင့် ကြုံတွေ့ခဲ့ဖူးသည်။
ကောင်းချီးပေးခြင်း အလင်းတန်းက ဘီလူးဖြူများအပေါ် ကျရောက်သွားပါက သူတို့သည် သန့်စင်ခံလိုက်ရသကဲ့သို့ နေရာမှာတင် ရပ်တန့်သွားကြသည်။
ကောင်းချီးပေးခြင်း အလင်းတန်းသည် ကျန်းရှောင်နှင့် ရီလျန်နာ၏ ခေါင်းပေါ်သို့လည်း ကျရောက်လာသည်။
တစ်ချိန်တည်းမှာပင် ကျန်းရှောင်သည် သူ၏နောက်ဘက်မှ ဆွဲဆောင်မှုရှိပြီး နူးညံ့သောအသံကို ကြားလိုက်ရ၏။
ရီလျန်နာသည် သာယာမှုကြောင့် ညည်းတွားလိုက်မိသည်။
ကျန်းရှောင်က သူ၏အိတ်ကပ်ထဲမှ ဘီဘူးဖြူကြယ်တာရာ ပုတီးစေ့တစ်ခုကို ချေဖျက်လိုက်ပြီး အော်ပြောလိုက်သည်။
"ရီလျန်နာ"
ရီလျန်နာ၏မျက်နှာ နီမြန်းသွားပြီး သတိပြန်ဝင်လာကာ သူမ၏လက်ထဲတွင် မီးလုံးများကို စတင် စုစည်းလိုက်သည်။
ကောင်းကျွင်းဝိန်သည် သူ ညီအစ်ကိုနှစ်ယောက်
နှင့် တိုက်မိတော့မည်ကို သိလိုက်ပြီး အော်ဟစ်
လိုက်သည်။
"ငါ မင်းတို့ကို ဖယ်ခိုင်းထားတယ်လေ"
ရွှေအဆင့် ကြယ်တာရာအတတ်ပညာ : ကြောက်ရွံ့ခြင်း ဟိန်းဟောက်သံ
"ဝှစ်"
အလင်းတန်းနှစ်ခုက ကျူညီအစ်ကိုကို ထပ်မံဖုံးလွှမ်းသွားပြန်သည်။
သို့သော် သူတို့သည် ယခင်က နှစ်ကြိမ်တိုင်တိုင် ကြုံဖူးထားသဖြင့် သတိပြန်ဝင်လာရန် မြန်ဆန်လှ၏။
ကောင်းကျွင်းဝိန်က သူတို့ဆီသို့ ပြေးဝင်လာနေပြီ။
"ဘုန်း"
ကျူဝမ်က သူ၏အသက်အန္တရာယ်ရှိသော နေရာများကို ကာကွယ်ရန် လက်နှစ်ဖက်ကို အလိုအလျောက် ရှေ့သို့ ထားလိုက်သည်။
ကျူဝူကမူ အလွန်တက်ကြွလှသည်။
သူ၏ညာလက်တွင် အစိမ်းရောင်အလင်းတန်း ဖြစ်ပေါ်လာပြီး အားကုန်လွှဲယမ်းလိုက်သည်။
"ဘုန်း"
တိုက်မိမှုကြောင့် သူတို့နှစ်ဦးစလုံး ဆယ်လှမ်းခန့် နောက်သို့ ဆုတ်သွားရပြီး လက်မောင်းများမှ သွေးထွက်လာသည်။
သူတို့၏ကိုယ်ခန္ဓာထဲသို့ စီးဝင်လာသော လျှပ်စီးကြောင်းများကြောင့် ထုံကျင်ကိုက်ခဲကာ အခြေအနေ အတော်ဆိုးနေသည်။
သို့သော် ကောင်းချီးပေးခြင်း၏ အာနိသင်က မပျောက်သေးဘဲ သူတို့သည် ဆက်တိုက် ပြန်လည်နာလန်ထူနေကြသည်။
မီးလုံးတစ်လုံးသည် သူတို့နှစ်ဦးကြားမှ ဝှစ်ခနဲ ဖြတ်သန်းသွားပြီး ကောင်းကျွင်းဝိန်ကို ထိမှန်သွားရာ သူ နောက်သို့ လဲကျလုနီးပါး ဖြစ်သွားသည်။
၎င်းမှာ အစိမ်းရောင် အလင်းတန်း၏ နောက်သို့တွန်းထုတ်သည့် အာနိသင်ပင် ဖြစ်သည်။
"ဘုန်း"
တောက်လောင်နေသော မီးလုံးသည် ကောင်းကျွင်းဝိန်၏ ခါးတွင် ပေါက်ကွဲသွားတော့သည်။
ဒုတိယနှစ် ကျောင်းသားများမှာ အများဆုံး တုံ့ပြန်ကြသူများ ဖြစ်လာသည်။
“ဒါ... ဒါက ဘာကြီးလဲ"
“ဘာတွေဖြစ်ကုန်တာလဲ"
“သူတို့က ပထမနှစ် ကလေးတွေ ဟုတ်ရဲ့လား"
“ငါ အိပ်မက်မက်နေတာ မဟုတ်ပါဘူးနော်"