Chapter 4
Viewers 39

Chapter ( 4 )

ညစာစားပွဲတွင် တင်းကျပ်သော ထမင်းစားကျင့်ဝတ်မရှိဘဲ စကားစမြည်ပြောခြင်းသည် သာမန်အလေ့အထတစ်ခုသာဖြစ်ကာ သူတို့၏စကားဝိုင်းသည် ခဏအကြာတွင် ယိရွှယ်၏တာအို အတတ်ပညာအပေါ်  နားလည်သဘောပေါက်ခြင်းသို့ ရောက်ရှိသွားလေသည်။ ဘုရားကျောင်းဆရာသည် သူ့အငယ်တန်း၏ စွမ်းရည်နှင့် ပြုစုပျိုးထောင်မှုအဆင့်ကို အကဲဖြတ်ရန် စိတ်ဝင်စားနေပုံရသည်။


သူ့အရည်အချင်းသည် ယိယန်ယွမ်နှင့်မတူညီသော်လည်း ဘုရားကျောင်းဆရာတွင် အတွေ့အကြုံနှင့် ဗဟုသုတများစွာရှိသေး၏။


သို့သော် သူအံ့အားသင့်သည်မှာ ယိရွှယ်၏ တာအိုအတတ်ပညာအပေါ် နားလည်မှုမှာ အလွန်အခြေခံကျနေသေးလေသည်။လက်တွေ့အားဖြင့် မရင်းနှီးသေးပေ။


သူမ၏ အသိပညာအကန့်အသတ်ရှိသည်မှတစ်ပါး သူမသည် ပြောစကားကိုတော့ စေ့စေ့နားထောင်တတ်သူဖြစ်သည်။


“ဒါဆို မျက်နှာဖတ်ခြင်းအနုပညာမှာ စောင့်ကြည့်ခြင်း၊ မေးခွန်းထုတ်ခြင်းနဲ့ နားထောင်ခြင်းတို့လည်း ပါ၀င်တာလား?” သူမက အတွေးနက်နက်ဖြင့်မေးလိုက်သည်။


ထိုနောက် ယိရွှယ် ခေါင်းငြိမ့်လိုက်သည်။ “သိပါပြီ…”


ငယ်စဉ်ကတည်းကပင် ယိရွှယ်သည် သူမက အခြားကလေးများနှင့် မတူသည်ကို သိခဲ့ရသည်။ သူမသည် ငယ်စဉ်ကတည်းက အခြားသူများ မမြင်နိုင်သောအရာများကို မြင်ရသောကြောင့် အမျိုးမျိုးသော သရဲတစ္ဆေများကို မကြာခဏ ကြောက်ရွံ့နေခဲ့ရပြီး သူမကို တစ်ညလုံး နိုးနေစေခဲ့သည်။


ယိယန်ယွမ်သည် သူမနှင့် မကြာခဏ အတူနေပေးလေ့ရှိပြီး သူမကိုနှစ်သိမ့်ကာ အိပ်ရာဘေးတွင် သတိထားနေပေးခဲ့သည်။သူ၏ တည်ရှိနေမှုကြောင့်သာ သာမန်စိတ်ဓာတ်တွေကို ထိန်းထားနိုင်ခဲ့ဝာာပင်။


ဒါတောင် သူ့ဆရာက စိတ်မချသေးဘဲ သူမအတွက် အကာအကွယ်အဆောင်လက်ဖွဲ့တစ်ခုကို ပြုလုပ်ပြီး ခုနစ်ရက်နှင့် ခုနစ်ညဉ့်ပတ်လုံး ဆရာကြီးကျန်း၏ နတ်ကွန်းတွင် ဆုတောင်းခဲ့ကာ လည်ပင်းတွင် ချိတ်ဆွဲရသည့် မင်္ဂလာရှိသော အဆောင်လက်ဖွဲ့ကို သူမဘေးကင်းစွာ ကြီးပြင်းလာစေရန် သေချာအောင်လုပ်ပေးခဲ့သည်။


အချိန်ကြာလာသည်နှင့်အမျှ ယိရွှယ်သည် မတူကွဲပြားခြင်းကို ခံနိုင်ရည်ရှိလာ၏။ အချိန်အများစုတွင် သူမသည် သရဲတစ္ဆေများကို လျစ်လျူရှုနိုင်သွားလေသည်။ သို့သော် နတ်ဆိုးများက သူမကို ခြောက်လှန့်စေသည့် အချိန်အခါများလည်း ရှိပေသေးသည်။


ကြောက်စရာကောင်းလောက်အောင် သေဆုံးသွားသောဝိညာဉ်များကို သူမ ကြောက်မှန်းသိသောကြောင့် ၎င်းတို့သည် သူမကို ကြောက်ရွံ့စေရန် ၎င်းတို့၏ ယခင်အခြေအနေများကို တမင်ပြလေ့ရှိကြသည်။ ဒီလိုဖြစ်တဲ့အခါတိုင်း ယိရွှယ်က သူမရဲ့လက်သီးတွေကို ဆုပ်ထားပြီး အေးစက်စွာ ပြန်စိုက်ကြည့်ပေးလိုက်သည်။


ထိုနောက် ယိယန်ယွမ် သူ၏ထုံးတမ်းစဉ်လာ အလုပ်များမှ ပြန်လာချိန်တွင် ဝိညာဉ်များသည် ထိတ်လန့်စွာ ထွက်ပြေးသွားခဲ့သည်။


တစ်ခါတွင် ယိရွှယ်က သူ့ဆရာကို သရဲတစ္ဆေတွေကို ဘယ်လိုမောင်းထုတ်ရမလဲဆိုတာ သင်ပေးနိုင်မလားလို့ မေးခဲ့ဖူးလေသည်။သို့သော် ယိယန်ယွမ်က သဘောတူမည့်အစား သူမခေါင်းကိုသာပုတ်ပြီး သက်ပြင်းကို တိုးတိုးလေး ချလိုက်သည်။


တစ်နေ့တွင် အနီးနားရွာသားတစ်ဦးအတွက် ဒုက္ခသရဲတစ္ဆေကို ရှင်းလင်းပြီးနောက် ယိယန်ယွမ်သည် ယိရွှယ်ကိုသွားကြိုရန် အိမ်သို့ နောက်ကျမှ ပြန်လာခဲ့သည်။ သူအံ့အားသင့်သွားသည်မှာ သူ၏အလုပ်သင်လေးသည် မက်မွန်သစ်သားဓား (မကောင်းဆိုးဝါးနှိမ်နင်းစေနိုင်သောဓား)ကို အေးဆေးကိုင်ဆောင်ကာ သူမကို ခြောက်လန့်ရန် ကြိုးပမ်းနေသည့် သရဲတစ္ဆေကို ဓားဖြင့်ထိုးနေသည်ကို တွေ့ရှိခဲ့သည်။


သူသည် တာအိုမှော်ပညာအကြောင်းကို သူမကို မည်သည့်အခါမှ မသင်ပေးခဲ့ဘဲ သူမက်မွန်သစ်သားဓားကို တစ်ကြိမ်အသုံးပြုခဲ့ဖူးသည်ကို သတိပြုမိရုံဖြင့် ယိရွှယ်သည် ထိုအရာကို ကျွမ်းကျင်နေပြီဖြစ်သည်။


တစ်ချက်ခေါက်ရုံမျှဖြင့် ယိရွှယ်သည် သူမအား ညှဉ်းပန်းနှိပ်စက်ခဲ့ဖူးသော မကောင်းဆိုးဝါးဝိညာဉ်များကို ခြောက်လွှတ်လိုက်သည်။ ထိုအချိန်မှစ၍ သူတို့သည် သူမကို နောက်တစ်ကြိမ် ထပ်မနှောင့်ယှက်ဝံ့ကြပေ။


ယိယန်ယွမ်သည် ယိရွှယ်ကို လေးလေးနက်နက် စိုက်ကြည့်ပြီးနောက် တာအိုမှော်ပညာကို အမှန်တကယ် သင်ယူလိုသလားဟု အလေးအနက် မေးမြန်းခဲ့သည်။


ယိရွှယ်သည် စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်သည်။


ထို့ကြောင့် ယိရွှယ်သည် ဟိုင်ချန်းတက္ကသိုလ်မှ သူမ၏လက်ခံစာတစ်စောင်ကို လက်ခံရရှိသောအခါ သူမ၏ဆရာသည် သူမအား ခေါ်ယူထားခြင်းမရှိတော့ပါ။ သူ့တစ်သက်တာတွင် စုဆောင်းထားခဲ့သော မှတ်စုများအားလုံးကို သူမအားပေးခဲ့ပြီး သူမ၏လေ့ကျင့်မှုကို ဆက်လက်လုပ်ဆောင်ရန် ရွမ်ကျန်းဘုရားကျောင်းသို့သွားရန် ညွှန်ကြားခဲ့သည်။


ဘုရားကျောင်းဆရာပိုင်သည် သူ၏ယူဆချက်တွင် လုံးဝမှားယွင်းခြင်းမရှိပါ။ အတိအကျပြောရလျှင် ယိရွှယ်သည် တာအိုမှော်ပညာကို တရားဝင်သင်ယူနေသည်မှာ နှစ်လမပြည့်သေးဘဲ အခြေခံများကိုပင် မပြီးမြောက်သေးသောကြောင့် အရာများစွာနှင့် ရင်းနှီးကျွမ်းဝင်မှုမရှိသည်မှာ အမှန်ပင်။


ဒါပေမယ့် ဆရာပိုင်ဟာ တစ်စုံတစ်ခုကို နားလည်မှုလွဲသွားခဲ့သည်။ ယိရွှယ်သည် သူမ၏ဆရာဆီတွင် ကြီးပြင်းလာခဲ့သောကြောင့် သဘာဝအတိုင်း သူမ၏လေ့ကျင့်မှုကို သံသယဖြစ်မည် မဟုတ်ပေ။ ယိရွှယ်သည် အစပိုင်းသာရှိသေးသည်ဟူသောအတွေးသည် သူ့စိတ်ထဲတွင် ဘယ်တော့မှ မရှိခဲ့ပါ။


တာအိုအတတ်ပညာလောကတွင် အရည်အချင်းသည် အရေးကြီးလေ၏။ အဲဒါမရှိရင် တစ်စုံတစ်ယောက်ဟာ တစ်သက်လုံး သင်ယူနေသော်လည်း မသက်ဆိုင်သူတစ်ယောက်သာ ဖြစ်နေနိုင်လေသည်။


ပိုင်လုက သူတို့စကားဝိုင်းကို နားထောင်နေရင်း ထူးဆန်းတယ်လို့ ထင်မိ၏။ ထိုနေ့ခင်းအစောပိုင်းက ယိရွှယ်ကို သူမြင်ခဲ့ရသည့်အရာအပေါ် အခြေခံ၍ သူမသည် သင်ယူရန် ရုန်းကန်နေရသော သူတစ်ယောက်နှင့် မတူပါ။ သူ့အဖေ နားလည်မှုလွဲသွားတာလား? အတွေ့အကြုံမရှိသေးသူနဲ့ လျှို့ဝှက်သခင်ကို မှားနေတာလား?


သူမကို စိတ်မပျက်ချင်တော့ဘဲ ဆရာပိုင်က ညှင်သာစွာ နားချလာသည်။ “ညီမ၊ တာအိုကို နားလည်မှုဆိုတာ နေ့ချင်းညချင်း ဖြစ်မလာပါဘူး။အရမ်းစိတ်ပျက်နေစရာ မလိုပါဘူး…”


ဒါကိုကြားတော့ ပိုင်လုက သူ့အဖေကို ထူးဆန်းတဲ့အမူအရာနဲ့ ကြည့်လိုက်သည်။


ဘုရားကျောင်းဆရာသည် သူ့သား၏အကြည့်ကို သတိပြုမိပြီး ပို၍ပင် စိတ်ပျက်လာ၏။ ယိရွှယ်သည် လုံ့လဝီရိယရှိသော်လည်း သူ့သား၏ တိုးတက်မှု၊ ကြိုးစားအားထုတ်မှု၊ အားနည်းခြင်းနှင့် နှိုင်းယှဉ်ကြည့်ရင်းဖြင့် သူကြိမ်းမောင်းလိုက်သည်။


“မင်း! မင်းက ဘာကောင်းလဲ? မင်းက အစာကို ဖြုန်းတီးနေတာ စားရုံကလွဲလို့ ဘာမှမလုပ်ဘဲ ငါ့ကို စိတ်ရှုပ်အောင်လုပ်နေတာ! ရိုးရှင်းတဲ့ ကမ္ပည်းလေးတောင် မဆွဲနိုင်ဘူး။ ကမ္ပည်းတောင် မဆွဲနိုင်တဲ့ တာအိုပညာရှင်ကို မြင်ယောင်ကြည့်လိုက်ပါ—တကယ့်ကိုဟာသပဲ! ကြက်တစ်ကောင်တောင် မင်းထက် ပိုမြန်မြန်ဆွဲနိုင်တယ်ဆိုတာ ငါယုံတယ်!”


ယိရွှယ်က ဒါကို ခွင့်မလွှတ်နိုင်ဘဲ ဝင်နှောင့်ယှက်လိုက်ကာ “အကိုကြီး... ကျွန်မလည်း ကမ္ပည်းဆွဲနည်းကို မသင်ခဲ့ရဘူး”


“အဟွတ် အဟွတ်!” သူ့သားကို ဆူပူကြိမ်းမောင်းဖို့ ကြံရွယ်လိုက်ပေမယ့် ဘုရားကျောင်းဆရာကြီးက သူ့ညီမလေးကိုပါ မတော်တဆ ဆူမိသွားလေသည်။ သူ့ကိုယ်သူ ကိုးရိုးကားရား ရပ်လိုက်ပြီး “အဟမ်း… အမှန်က ကမ္ဘာပေါ်က လူအများစုက သာမန်ပါပဲ။ မင်းရဲ့ဆရာလို ဉာဏ်ကြီးရှင်တွေဟာ တစ်သက်မှာ တစ်ခါပဲ တွေ့နိုင်တာပါ”


ယိရွှယ်က မျက်ခုံးပင့်လိုက်ပြီး “အကိုကြီးပိုင် ကျွန်မဆရာကသာ ဉာဏ်ကြီးရှင်ဖြစ်တယ်ဆိုရင် သူ့ထက်တောင် ထူးချွန်တဲ့သူက ဘယ်လိုမျိုးလဲ?”


“ဒါဟာ ထောင်စုနှစ်တစ်ခုအတွင်း ဉာဏ်ကြီးရှင်တွေကြားထဲမှာ ပါရမီရှင်တစ်ဦး—စစ်မှန်တဲ့ ပါရမီရှင်တစ်ယောက် ဖြစ်လိမ့်မယ်!”


“အိုး… သိပြီ” ယိရွှယ် စဉ်းစားလိုက်သည်။ သူမက တကယ် အဲ့လောက်အထင်ကြီးစရာ ကောင်းတာလား?


ပိုင်လု တိတ်တိတ်ဆိတ်ဆိတ် စားသောက်နေချိန်မှာတော့ သူ့အဖေရဲ့ဒေါသပြန်ပြီး လိမ့်တက်လာတာကို သတိပြုမိသွားခဲ့သည်။ သူက ပိုင်လုကို စားပွဲအောက်မှာ ကန်လိုက်ပြီး မီးကို လောင်စာထပ်မထည့်ဘဲ ငြိမ်နေဖို့ အချက်ပြလိုက်သည်။


ပိုင်လုက ယိရွှယ်ကို တစ်ခုခုမေးဖို့ သေလုမျောပါး ဖြစ်နေပြီး သူ့အဖေ အခန်းထဲပြန်သွားတာနဲ့ သည်းမခံနိုင်တော့ဘဲ နောက်ဆုံးမှာ “မာစတာ အဒေါ် … မင်းရောလား…?” လို့ မေးလိုက်သည်။


ယိရွှယ်က သူ့အဓိပ္ပါယ်ကို နားလည်လိုက်ကာ “အကြည့်တစ်ချက်လောက်နဲ့ လုံလောက်ပါတယ်” ဟု တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။


“အိုး!” ပိုင်လု ချက်ချင်း နားလည်သွား၏။


ထိုအချိန်တွင် ရှုကျိုးသည် စိတ်ရှုပ်သွားရသည်။ နေပါဦး သူတို့ဘာတွေပြောနေကြတာလဲ?


ပိုင်လုသည် တစ်နေ့လုံး ပစ်မှတ်ထားခံရပြီး မောပန်းနွမ်းနယ်လာသဖြင့် ပျင်းရိစွာ အကြောဆန့်လိုက်ကာ “မင်းတို့နဲ့ စကားမပြောတော့ဘူး။ ငါ ပင်ပန်းနေပြီ… ငါ အိပ်ယာဝင်တော့မယ်”


ပိုင်လု၏အမူအရာနှင့်ပတ်သက်ပြီး တစ်စုံတစ်ခုကို သတိပြုမိသောအခါ ယိရွှယ်သည် သဘောတူညီပြီး ခေါင်းညိတ်တော့မည့်အခါ၌ “ခဏနေပါဦး”ဟု သူမ တားလိုက်သည်။


“နင့်နဖူးက ဘာလို့မည်းနေပြန်တာလဲ? ဒီနေ့ နင့်ရဲ့ကံဆိုးမှုကနေ လွတ်မြောက်လာပြီ မဟုတ်ဘူးလား?”


အစောပိုင်းက ညစာစားနေစဉ်တွင် ပိုင်လု၏ အသားအရေသည် ပုံမှန်အတိုင်း ပြန်လည်ရောက်ရှိလာခဲ့သော်လည်း ယခုအခါ ယခင်အခြေအနေသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်သည်။


ဒါကိုကြားတော့ ရှုကျိုးက ပိုင်လုကို ကြည့်လိုက်ပြီး သူ့မျက်ခုံးကြားမှာ မည်းမှောင်နေတဲ့ အရိပ်အယောင်ကို တွေ့လိုက်ရသည်။ သူ အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။


ပိုင်လုလည်း လန့်သွားခဲ့သည်။ “မဖြစ်နိုင်တာ! အဲ့တာထပ်ဖြစ်နေတာလား? ဒီနေ့ စောစောကတင် ငါ ရုပ်ပျက်ဆင်းပျက် ဖြစ်လုနီးပါး ဖြစ်နေပြီ!”


ရုတ်တရက် ယိရွှယ်က သူ့လက်ကို ဆုပ်ကိုင်လိုက်သည်။ သူမ၏လက်ချောင်းများက အေးမြသော်လည်း ပိုင်လု၏တစ်ကိုယ်လုံး ပူလောင်သွားသလို ခံစားလိုက်ရလေသည်။


ထိုနောက် ရုတ်တရက် ပိုင်လု၏လက်မောင်းတွင် မှိန်တိန်တိန်အနက်ရောင်မျဉ်းတစ်ကြောင်းသည် တစ်စုံတစ်ခုဆီက လွတ်မြောက်ရန် ကြိုးပမ်းနေသကဲ့သို့ ပေါ်လာခဲ့သည်။


“သေရော! သေရော!"


ပိုင်လု၏လက်မောင်းသည် ထိန်းမနိုင်သိမ်းမရ ရွေ့လျားလာပြီး ရှေ့သို့တိုးလာ၏။ သူပြန်ထိန်းဖို့ ကြိုးစားလိုက်ကာ "ဘာကြီးလဲ! ငါ့ကိုကူညီပါဦး!”


ယိရွှယ်နှင့် ရှုကျိုးနှစ်ယောက်လုံး သူ့လက်မောင်းကို ဖိလိုက်ကြသည်။ထိုနောက် ယိရွှယ်က သူ့လက်မောင်းသည် သူမတည်းခိုရာ ဧည့်ခန်းဆီသို့ ရွှေ့သွားရန် ကြိုးစားနေပုံရသည်ကို သတိပြုမိလိုက်၏။


ယိရွှယ်သည် ထိုနေ့ခင်းအစောပိုင်းက သူမ ဖမ်းမိခဲ့သော သရဲတစ္ဆေကို ပြန်သတိရလိုက်ပြီး “ဒီရုပ်ဆိုးတဲ့အရာက နင့်ရဲ့ ကံဆိုးခြင်းအရင်းမြစ် ဖြစ်နိုင်မလား” လို့ ရေရွတ်လိုက်သည်။


ပိုင်လုက စိတ်ရှုပ်သွားပြီး မေးလိုက်သည်။ “ ဘာပြောလိုက်တာလဲ?”


ရှုကျိုးက ဖြစ်ပျက်နေတာကို ရိပ်မိသွားပုံရ၏။ "အဒေါ်ယိရွှယ် ကျွန်တော်တို့ ခင်ဗျားအခန်းထဲ သွားကြည့်ရအောင်"


ပိုင်လုသည် ယိရွှယ်၏ ဖန်အိုးအတွင်း ဆွဲထားသော သရဲတစ္ဆေကို မြင်သောအခါ တုန်လှုပ်သွားပြီး နောက်ပြန်ခုန်မိသွားသည်။ “ဘာကြီးတုန်း! ငါနဲ့လာရှုပ်နေတာ အဲ့ကောင်ကြီးလား?”


“ဒါဘုရားကျောင်းလေ! အဲ့ကောင် ဒီထဲဘယ်လိုတောင် ဝင်လာခဲ့တာလဲ?”


“တကယ်လို့ အဲ့ကောင်က ဒုက္ခဖြစ်စေတဲ့ သာမန်နတ်ဆိုးတစ်ကောင်သာဖြစ်မယ်ဆိုရင် သူ့ကို ဖမ်းမိလိုက်တာနဲ့ ပြဿနာကို ဖြေရှင်းနိုင်ပြီးသား ဖြစ်နေလိမ့်မယ်" ဟု ရှုကျိုးက တွေးတောလိုက်သည်။


“ဒါပေမယ့် ‌ဒေါ်လေးက အဲ့ကောင်ကို ဖမ်းမိသွားပြီဆိုပေမဲ့လည်း မင်းရဲ့ကံဆိုးမှုက ဆက်လက်တည်ရှိနေသေးတယ်”


ဆိုလိုသည်မှာ အနောက်မှာ တစ်စုံတစ်ယောက်က ကြိုးကိုင်နေခြင်း ဖြစ်သည်။


ပုလင်းထဲက သရဲတစ္ဆေရဲ့ အဆက်မပြတ် လှုပ်ရှားနေတဲ့ လျှာကိုကြည့်လိုက်ရင်းဖြင့် ပိုင်လုက မအီမသာ ဖြစ်သွားရသည်။ သူက ယိရွှယ်ကို အလိုလို စိုက်ကြည့်လိုက်ပြီး “ ဒေါ်လေး ကျွန်တော်တို့ ဘာလုပ်သင့်လဲ? ကျွန်တော်က ဒီအရာရဲ့လျှာနဲ့ လည်ပင်းညှစ်သတ်ခံရတော့မှာလား? ကျိုးသွားနိုင်လား? ကျွန်တော့်မှာ အခွင့်အရေးရှိသေးလား?”


ယိရွှယ်က “နေပါဦး… ငါ့မှတ်စုတွေကို စစ်ဆေးခွင့်ပြုပါဦး”


ပိုင်လု: “???”