Chapter 5
Viewers 38

Chapter ( 5 )

“ဘာ? မှတ်စု?”


ယိရွှယ် အိတ်ကြီးတစ်အိတ်ကို ရုတ်တရက်ဆွဲယူလိုက်ပြီး နှိုက်ရှာနေသည်ကို ရှုကျိုးက ကြည့်နေခဲ့သည်။


သူသည် စောစောက ထိုအိတ်ကိုရွေ့ရန် မည်မျှကြိုးစားခဲ့ရသည်ကို သတိရပြီးနောက် နှုတ်ခမ်းထောင့်များ တွန့်သွားရုံကလွဲ မတတ်နိုင်ပေ။


ဒီလူက တစ်ခုခုပဲ။


အိတ်ထဲတွင် ဒင်္ဂါးပြားများ၊ မက်မွန်သစ်သားဓားများ၊ သံလိုက်အိမ်မြှောင်များ၊ အဝါရောင် မှင်နက်များ၊ မှင်လိုင်းများနှင့် အမည်မဖော်နိုင်သော အခြားအရာဝတ္ထုများ ပါ၀င်ပေသည်။


အနီရောင်မှတ်စုစာအုပ်ကို လှန်ကြည့်ပြီးနောက် ယိရွှယ်သည် သူမ ရှာဖွေနေသည့်အရာကို နောက်ဆုံးတွင်တွေ့ရှိခဲ့သည်။


“တွေ့ပြီ”


သူမသည် မှတ်တမ်းကိုကြည့်ကာ “ဒါကို အစားထိုးကံကြမ္မာလို့ ခေါ်တယ်” လို့ ရှင်းပြသည်။


သူမ၏ဆရာမှပေးသော မှတ်စုစာအုပ်တွင် သူ့အနေနဲ့ကြုံတွေ့ခဲ့ဖူးသော သရဲများ၏ ဥပမာများသာမက သူ့သူငယ်ချင်းများ၏ သရဲဖမ်းမှု အကြောင်းအရာများ ပါဝင်ပေသည်။ ထိုထဲမှ ဇာတ်လမ်းတစ်ခုမှာ လွန်ခဲ့သောနှစ်များက ဟောင်ကောင်ရှိ စီးပွားရေးသမားတစ်ဦးသည် သူ့ကုမ္ပဏီတွင် 'အစားထိုးကံကြမ္မာ' ခင်းကျင်းရန် ဆရာတစ်ဦးကို ငှားရမ်းခဲ့ပြီး ဝိညာဉ်များ၏ နာကြည်းမှုကို အသုံးပြု၍ ကံကြမ္မာကို သော့ခတ်ရန်အကြောင်းဖြစ်သည်။


နှစ်စဉ် သတ္တမလ ၁၄ ရက်နေ့တွင် ဝန်ထမ်း ၇ ဦးသည် အမျိုးမျိုးသောနည်းလမ်းဖြင့် သေဆုံးခဲ့သည်။ ကုမ္ပဏီသည် သရဲခြောက်ခြင်းဖြင့် နာမည်ဆိုးကျော်ကြားသော်လည်း လစာအလွန်များသောကြောင့် လူများက ကံကောင်းမည်ဟု မျှော်လင့်ကာ ထိုနေရာတွင် အလုပ်လျှောက်ခဲ့ကြသည်။


ယိယန်ယွမ်၏ သူငယ်ချင်းသည် အခြေအနေကို ကြားသိပြီး အခင်းအကျင်းကို ဖျက်စီး၍၊ စီးပွားရေးသမားကို တရားမျှတမှု ပေးခဲ့လေသည်။


ပိုင်လု သည် 'အစားထိုးကံကြမ္မာ' ထဲမှ တစ္ဆေတစ်ကောင်ဖြစ်သော တွဲလောင်းတစ္ဆေနှင့် တွေ့ဆုံခဲ့ခြင်းပင်။


ကျိန်စာတွေကို ချိုးဖျက်နိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းက အခင်းအကျင်းကို ဖျက်ဆီးပစ်ဖို့ပဲဖြစ်သည်။


ထိုစကားကိုကြားပြီးနောက် ပိုင်လုသည် စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းကုတ်လိုက်သည်။ “ဒါပေမယ့် ဒီတစ္ဆေက ငါ့ကို လည်ပင်းညှစ်ဖို့ မကြိုးစားဘူး။ သူမက ငါ့ကို ကျောက်တုံးနဲ့ ပစ်ပေမဲ့ လွတ်သွားတယ်”


ယိရွှယ်က “ သူမက သတ်တဲ့နေရာမှာ တော်တော်ညံ့ပုံပဲ။ မင်းက နည်းနည်း စိတ်ပျက်နေသလိုပဲနော်?”


သူမစကားတွေက အေးစက်နေခဲ့သည်။


ပိုင်လုက ချက်ချင်း ငြင်းဆန်လိုက်ပြီး ခေါင်းကို ပြင်းပြင်းထန်ထန် ခါလိုက်သည်။ "မဟုတ်ဘူး မဟုတ်ဘူး! အဲဒါ လုံးဝမဟုတ်ဘူး!"


ရှုကျိုးက “အခုအချိန်မှာတော့ ဘယ်သူက ကျိန်စာတိုက်ထားတာလဲဆိုတာ သိဖို့လိုတယ် "


“ငါတို့ ဒါကိုဘယ်လိုရှာမှာလဲ?” ပိုင်လု မေးလိုက်သည်။


ရှုကျိုးက “မင်း မကြာသေးခင်ကမှ ရန်သူတွေ ဖန်တီးခဲ့သေးလား?”


ပိုင်လုက မျက်ခုံးပင့်လိုက်ပြီး သူတို့ကို ရယ်စရာကောင်းတဲ့တစ်ခုခုကို မေးနေဟန်ဖြင့် “မဖြစ်နိုင်ဘူး။ ငါက အရမ်း သဘောကောင်းလို့ ရန်သူမရှိနိုင်ဘူး!”


အခုတောင် သူ နောက်ပြောင်နေနိုင်သေးတာပဲ။


ရှုကျိုးသည် အသက်ပြင်းပြင်းရှူလိုက်ပြီး ပြုံးကာ “ညီလေး၊ မင်းသစ်ပင်များများ ထပ်စိုက်သင့်တယ်"


“သစ်ပင်စိုက်တာလား? ဖေဖေ အမြဲပြောလေ့ရှိတာက ဘုရားကျောင်းရဲ့ ဖုန်းရွှေနဲ့ ကြုံရာသစ်ပင်ရောနှောပြီး စိုက်ထားရင် ကောင်းချီးပေးတဲ့နေရာက ကျိန်စာအဖြစ် ပြောင်းသွားနိုင်တယ်တဲ့ "


ယိရွှယ်သည် ရယ်တာကို အတောမသတ်နိုင်ပေ။ “သူဆိုလိုချင်တာက မင်းကိုယ့်ကိုယ်ကို ပိုသိလာဖို့ပဲ”


ပိုင်လုသည် တိတ်ဆိတ်သွားပြီး စိတ်ဆိုးသွားသည်။ “မင်းတို့ နှစ်ယောက်က တကယ်ကူညီဖို့ အစီစဉ်ရှိရဲ့လား? ငါက ဒဏ်ရာရနေတဲ့သူနော်!!”


ယိရွှယ်က သူ့ကို နှစ်သိမ့်ပေးရင်း “ကောင်းပြီ ကောင်းပြီ။ ငါတို့ မင်းကို ကူညီမယ်။ ခဏစောင့်...”


သူမစကားမဆုံးခင်မှာ ပိုင်လုက သိတဲ့အကြည့်ဖြင့် 'ကျေးဇူးပြုပြီး' အမူအရာလုပ်သည်။ “မင်းရဲ့မှတ်စုတွေကို စစ်ဆေးဖို့လိုတယ် မဟုတ်လား။ ကျေးဇူးပြုပြီး ဆက်လုပ်ပါ”


ရှုကျိုးက ရယ်မောလိုက်ပြီး အနည်းငယ် အကူအညီမဲ့သွားသည်။ “မင်းရဲ့ကြိုးစားမှုအတွက် ကျေးဇူးတင်ပါတယ် ညီလေး”


အဲဒီအထဲမှာ ဘယ်သူကမှ အပြည့်အ၀ ပညာမတတ်ပေ။ ယိရွှယ်သည် နှစ်လသာ လေ့ကျင့်ခဲ့ပြီး ရှုကျိုးသည် ဤနည်းပညာကို မလေ့လာရသေးပေ။ ပိုင်လု... သူက ဘာမှ မသိပါ။ ဘာလုပ်ရမှန်းသိတဲ့ တစ်ဦးတည်းသောလူက လောလောဆယ် အရက်မူးပြီး မေ့သွားလေပြီ။


ခဏကြာသောအခါ......


ယိရွှယ်သည် သူမ၏ မှတ်စုစာအုပ်ကို ချလိုက်ပြီး မော့ကြည့်လိုက်ရာ သူမ၏အမူအရာ တည်ငြိမ်သွားရသည်။


“အားလုံးပြီးပြီ”


ပိုင်လု: “ဟမ်? အဲ့လောက်တောင် မြန်တာလား?”


ရှုကျိုးလည်း အံ့ဩသွားသည်။


ယိရွှယ်က အကြောဆန့်လိုက်ပြီး ဖန်ပုလင်းထဲက ကြိုးဆွဲချတစ္ဆေကို ဖော်ရွေတဲ့အပြုံးနဲ့ ကြည့်လိုက်သည်။ “ဒါက တော်တော်ရိုးရှင်းပါတယ်။ တစ်ချိူ့အရာနည်းနည်းပဲလိုတာ "


ကြိုးဆွဲချတစ္ဆေသည် သူမ၏ ကြောက်စရာကောင်းသော အပြုံးကို မြင်လိုက်ရသောအခါ ကျောရိုးအောက်ထိ အေးစိမ့်သွားသလို ခံစားလိုက်ရပြီး ညည်းတွားလိုက်မိသည်။


ယိရွှယ်၏ အပြုံးသည် နက်နဲလာသည်။ “စိတ်မပူပါနဲ့ မနာပါဘူး။ မြန်မှာပါ”


သူမသည် မက်မွန်သစ်သားဓားငယ်တစ်ချောင်းကို ကောက်ကိုင်လိုက်ပြီး သရဲ၏လျှာကို ဆွဲထုတ်ကာ အပိုင်းအစလေးများ လှီးဖြတ်လိုက်သည်။


အပိုင်းအစများကို သိမ်းဆည်းပြီးနောက် ယိရွှယ်သည် ရှုံ့မဲ့ကာ ရွံရှာဖွယ်လက်များကို ခါယမ်းပြီး ပိုးသတ်ဆေးသုံးကာ လက်ဆေးရန် ဇလုံဆီသို့ ပြေးသွားခဲ့သည်။


ပိုင်လု:  “သရဲတစ္ဆေအပေါ်  ပိုးသတ်ဆေးသုံးတာ အဓိပ္ပာယ်မရှိဘူး မဟုတ်ဘူးလား?”


ရှုကျိုးက " ဒေါ်လေး ကူညီနိုင်တာ တခြားရှိသေးလား?”


ယိရွှယ် ခေါင်းယမ်းလိုက်သည်။ “မလိုပါဘူး၊ ငါကြည့်လုပ်လိုက်မယ်“


ရှုကျိုးက တွေးမိလိုက်တာက သူမပြောတဲ့ ‘တစ်ချက်ကြည့်ရုံနဲ့ လုံလောက်ပြီ’ ဆိုတာ ဒါကိုဆိုလိုတာ ဖြစ်နိုင်ပေသည်။


သူတို့သည် သူမ၏ မှတ်စုစာအုပ်ကို အေးအေးဆေးဆေး လှန်ကြည့်ကြပြီး အဝါရောင်စက္ကူကို ကောက်ကိုင်ကာ သစ်ကြံပိုးခေါက်တွင် စုတ်တံနှစ်ပြီး တူညီသော သင်္ကေတကို ဆွဲကြသည်။


“အဲ့တာဆို… ဒါပဲလား?” ပိုင်လု မသေမချာမေးလိုက်သည်။


ကမ္ဗည်းဆွဲနည်းကို သူမ မသင်ယူခဲ့ဘူးလို့ မပြောခဲ့ဘူးလား? တစ်ချက်ကြည့်ရုံနဲ့ လုံလောက်တာလား?


ယိရွှယ်က ကျိုးနွံတဲ့ လေသံနဲ့ “ဒါက အလုပ်ဖြစ်သင့်တယ်” ဟု ပြန်ဖြေလာသည်။


ထို့နောက် သူမသည် အခြားစာရွက်တစ်ရွက်ကို ထုတ်ကာ ဒီနယ်လမ်းညွှန်လေးခုကို အမှတ်အသားပြုပြီး အတိုင်းအတာအချို့ကို ထည့်လိုက်သည်။


သူမသည် တစ္ဆေလျှာ၏ သေးငယ်သော အစိတ်အပိုင်းတစ်ခုနှင့် တူကို သပ်သပ်ရပ်ရပ်လေး ချည်နှောင်လိုက်ပြီး “အသက်သွင်း!”


ကျယ်လောင်သော အော်သံနှင့်အတူ မှင်စာသည် တောက်လောင်သော မီးတောက်တစ်ခုနှင့် ထွက်လာခဲ့သည်။


အိုးသည် ပြင်းထန်စွာ တုန်ခါသွားပြီး စာရွက်ပေါ်မှ တူသည် ဖြည်းညှင်းစွာ ရွေ့လျားသွားပြီး တစ်နေရာသို့ ညွှန်ပြလာခဲ့သည်။


“အနောက်တောင်!” ယိရွှယ်သည် “သုံးမိုင်ခန့်” ဟု အသံထွက်ဖတ်လိုက်သည်။


“အနောက်တောင်လား?”


ရှုကျိုးက မျက်မှောင်ကြုတ်ပြီး “ဒါက တိုင်းယိဘုရားကျောင်း”


ပိုင်လုက ဒေါသထွက်သွားသည်။ “ငါသိတယ်! မနေ့တနေ့ကပဲ အဘွားအိုက ငါတို့ ဘုရားကျောင်းကို အမွှေးတိုင်တွေ လာကပ်ခိုင်းပြီး အဲဒါနဲ့ ပတ်သက်ပြီး သူတို့က ဒေါသတကြီး ဖြစ်နေကြတယ်။ ဒီလိုမျိုး တစ်ချိန်လုံး လုပ်နေကြတာလား”


တိုင်းယိ ဘုရားကျောင်း? ယိရွှယ်က ခေါင်းလောင်းမြည်သံကို တွေးလိုက်မိသည်။


သူမသည် ၎င်းကို မော့ကြည့်ကာ လိမ္မာပါးနပ်စွာ ပြုံးလိုက်သည်။ “ဒါဆို သူတို့က ပြိုင်ဘက်တွေလား?”


ပိုင်လုက ခေါင်းကုတ်ရင်း “အာ…အဲ့လိုဖြစ်မယ် ထင်တာပဲ”


ယိရွှယ်ကတွေးပြီး “…အဲဒါက အဓိကလား?”


........


အနောက်တောင်ဘက် သုံးမိုင်အကွာ တာအို ဘုရားကျောင်းရှိ အခန်းတစ်ခုတွင် လူလေးငါးယောက် အတူတူထိုင်နေကြသည်။


ညသည် အချိန်အတော်ကြာအောင် ကုန်ဆုံးခဲ့ပြီး အခန်းသည် မည်းမှောင်နေ၍ ဆီမီးခွက်တစ်ခုသာ ကျန်ရှိတော့ကာ မီးတောက်များ တောက်လောင်နေလေသည်။


အလင်းရောင်မှိန်တိန်တိန်တွင် ဘုရားကျောင်းဆရာ၏သား ကျီအန်းသည် ကောက်ရိုးပုံသဏ္ဍာန်လေးတစ်ခုကို ယက်လုပ်ရန် အာရုံစိုက်နေခဲ့သည်။ သူသည် ကောက်ရိုးလူသားပေါ်တွင် တစ်စုံတစ်ယောက်၏ မွေးသက္ကရာဇ်၊ ရာသီခွင်နှင့်အတူ စာရွက်တစ်ရွက်ကို ဂရုတစိုက်ဖြင့် မြန်မြန်ဆန်ဆန် ကပ်လိုက်သည်။ ထို့နောက် ကမ္ဗည်းထိုးပြီး ကြက်သွေးဖြန်းလိုက်၏။ သူ့ဘေးတွင် ယိရွှယ် ဖမ်းယူထားသော ဆွဲကြိုးချသရဲနှင့်ပုံစံတူ အဝတ်အစားအစုတ်အပြတ်ဖြင့် အရုပ်လေးတစ်ရုပ်ရှိနေလေသည်။


အခြားသူများလည်း သူ့ဘေးတွင်ဝိုင်းပြီး ထိုင်နေကြသည်။ သူတို့ထဲမှတစ်ယောက်က “အစ်ကို ကျီအန်း၊ ငါတို့က ဆွဲကြိုးချသရဲကို ပိုင်လုနဲ့ ရင်ဆိုင်ဖို့ လွှတ်ပြီး အိပ်ယာပေါ်မှာ ရက်တစ်ရာ ထားရမှာ မဟုတ်ဘူးလား? ဘာဖြစ်လို့ ပြန်မလာသေးတာလဲ? ပိုင်လုရဲ့လူတွေ ဖမ်းမိသွားတာလား? ဆရာသိရင်…”


ဘုရားကျောင်းဆရာသည် သာမန်လူများကို ညှဉ်းပန်းနှိပ်စက်ဖို့အတွက် နတ်များပို့ခြင်းမပြုရန် တင်းတင်းကျပ်ကျပ် တားမြစ်ထားတာဖြစ်သည်။


ဒါကိုကြားသောအခါ အခြားသူများသည် “အင်း ဟုတ်တယ်” ဟု မြန်မြန်ပြောကြ၏။


ကျီအန်းသည် မကျေမနပ်ဖြစ်ကာ  “မင်းဘာတွေတွေးနေတာလဲ? အသုံးမကျတဲ့ ဘုရားကျောင်းဆရာနဲ့ သူ့ရဲ့သုံးစားမရတဲ့သားက ငါမနည်းဖမ်းထားရတဲ့ ဝိညာဉ်ကို ဖမ်းနိုင်မှာတဲ့လား? သူတို့သာ အဲ့လောက် စွမ်းဆောင်နိုင်ရင် သူတို့ဘုရားကျောင်းက ဒီလိုဖရိုဖရဲ ဖြစ်နေဦးမှာလား?”


“ငါ့အဖေ သိတော့ရောဘာဖြစ်လဲ?” သူက စိတ်ကြီးဝင်စွာဖြင့် သူ၏မေးစေ့ကိုမြှောက်လိုက်သည်။


"ပထမဆုံးအနေနဲ့၊ ငါ ခွင့်မလွှတ်နိုင်စရာ ဘာမှ မလုပ်ခဲ့ဘူး။ ဒုတိယအနေနဲ့၊ ပိုင်လုက သာမာန်လူမဟုတ်ဘူး။ သူ့ကို ငါ့‌ရှေ့မှာ ဒီလို အပြုအမူမျိုးတွေလုပ်ဖို့ ဘယ်သူမြှောက်ပေးလိုက်တာလဲ? သူ့ကို သင်ခန်းစာပေးမှရတော့မယ်!”


သူ၏အမူအရာသည် ခါးသီးသွားကာ ဒေါသနှင့်တကွ အံကြိတ်လိုက်သည်။


“ဒါပေမယ့်…” တခြားသူတွေကတော့ သံသယရှိနေတုန်းပင်။


ကျီအန်းသည် သူတို့၏ ကြောက်လန့်နေသော အမူအရာကြောင့် စိတ်တိုလာသည်။ “မင်းတို့ ဘာကိုကြောက်နေတာလဲ? သူတို့တကယ် အဲ့လောက်ထိ အင်အားကြီးနေမယ်ဆိုရင် သူတို့ဘာမှ—”


ရုတ်တရက် သူ့မျက်နှာ ကြက်သေသေသွားကာ ပြောနေသောစကား ချက်ချင်း ရပ်သွားခဲ့ည်။


အခြားသူများက သူ့ကိုကြည့်ကာ သူတို့၏အမူအရာမှာလည်း ထိတ်လန့်သွားကြ၏။


“အစ်ကို ကျီအန်း၊ မင်း—”


ကျီအန်းသည် သူတို့ကို ထိတ်လန့်မနေဖို့ ပြောနေစဉ်ပင် သူ့ပါးစပ်ထဲတွင် ထူးဆန်းသော အရာတစ်ခုခုကို ခံစားလိုက်ရပြီး စကားပြောရခက်၊ အသက်ရှုရခက်လာခဲ့သည်။


အောက်သို့ ငုံ့ကြည့်လိုက်သောအခါ သူ့လျှာသည် မြေပြင်ကို ထိလုနီးပါး ပိုရှည်လာတာကို တွေ့လိုက်ရ၏။


အထိတ်တလန့်ဖြင့် ကျီအန်းသည် သူ့လျှာကို အမြန်ပြန်ဆွဲယူရန်ကြိုးစားကာ “မြန်မြန် ဆီးသီးပန်းကန် ယူလာပေးစမ်း!” ဟု ကယောင်ကတမ်း ရေရွတ်နေခဲ့သည်။


.........


မနက်ပိုင်းတွင် ဆရာကြီးပိုင်ကို သူ့သားနှင့် တပည့်က နှိုးလိုက်ကြသည်။


ပိုင်လုသည် သူ့အဖေ၏ မုတ်ဆိတ်မွေးကို ဆွဲဆောင့်ကာ မလိုက်ပြီး “အဖေ ထတော့! တိုင်းယိဘုရားကျောင်းက လူတွေ ဒီကို  ဒုက္ခပေးဖို့ရောက်လာကြပြီ!” ဟု အော်လိုက်သည်။


“ဘာလဲကွ!?”


အရက်နာကျပြီး ရီဝေဝေဖြစ်နေသေးသော ဆရာကြီးပိုင်က ထငေါက်၍ “ဒေါသထွက်စရာတွေ! ငါတို့ကိစ္စတွေ လိုက်ဝင်စွက်ဖက်တာတောင် ဆိုးနေပြီကို၊ အခု ငါတို့ အိမ်တံခါးပေါက်ဝရှေ့တောင် လာရဲတယ်ပေါ့လေ!”


ဆရာကြီးပိုင်သည် စကားပြောပြီးနောက် သေချာနိုးကြားသွားပြီး သူ့ညီမငယ်ရှေ့တွင် တစ်ခုခုပြောလိုက်မိသည်ကို သတိထားမိသွားခဲ့သည်။


ထိုအချိန်တွင် ပိုင်လုက တိုးတိုးလေး ရေရွတ်သည် “ပြောရရင်၊ ဒါက ဝင်စွက်ဖက်တာလည်းမဟုတ်ပါဘူး၊ သူတို့က ငါတို့ထက် ပိုသာနေရုံပဲ…”


“မင်းဘာပြောလိုက်တာ?!” ဆရာကြီးပိုင် သူ့ကိုစိုက်ကြည့်လိုက်၏။


ထိုအချိန်တွင် ရှုကျိုးသည် အပြင်မှ အထဲသို့ဝင်လာပြီး “ဆရာကြီး၊ တိုင်းယိဘုရားကျောင်းကလူတွေ ကျွန်တော်တို့ကိုစောင့်နေတယ်”


ဆရာကြီးပိုင်က  သူ့ကိုယ်သူ ငုံ့ကြည့်ပြီးနောက် သူ့သင်္ကန်းကို သပ်ရပ်အောင်ပြင်ကာ နောက်ခန်းဆီသို့ ဦးတည်လိုက်၍ ပြောလိုက်သည်။ " ခဏစောင့်”


သူပြန်လာသောအခါတွင် တာအိုသင်္ကန်းအသစ်ကို ၀တ်ဆင်ထားခဲ့၏။