CHAPTER 5
Viewers 33

အခန်း ၅ ရွှီမိသားစု

 

သူမ လက်ထပ်မီက ဝမ်ယွီဝန်က သူမ၏သွေးတစ်ဝက်ညီမငယ်လေးများနှင့် နွေးထွေးသော ဆက်ဆံရေးရှိခဲ့သည်။ သို့သော်လည်း သူမက ညီမငယ်များထက် လေးငါးနှစ်ပိုကြီးသောကြောင့်  အတူတူဆော့ကစားခြင်းမျိုး မဟုတ်ဘဲ အစ်မကြီးအနေဖြင့် ကြင်နာ‌ပေးခဲ့ခြင်းသာ ဖြစ်သည် 

 

သူမတို့အားလုံးထဲတွင် ဝမ်ယဲ့အပေါ်ထားသည့် သူမ၏ထင်မြင်ချက်များက ဝိုးတဝါးသာဖြစ်နေခဲ့သည်။

 

‘သူမရဲ့မှတ်ဉာဏ်ထဲမှာတော့ ဒီညီမငယ်လေးကို အရမ်း ရိုးရှင်းပြီး သာမာန်မိန်းကလေးတစ်ဦးအဖြစ်ပဲ မှတ်မိနေခဲ့တယ်။ သူမက  အမြဲတမ်းပြိုင်ဆိုင်ရတာကို နှစ်သက်ပြီး ဒုက္ခရှာနေတတ်တဲ့ ဒုတိယညီမ ဒါမှမဟုတ် ရှက်ရွံ့တတ်ပြီး အမြဲတမ်း ကြောက်ရွံ့နေတတ်တဲ့ တတိယညီမလိုမျိုး မဟုတ်ဘူး။ ဝမ်ယဲ့နဲ့ ပတ်သတ်တဲ့ ထူးခြားတဲ့ လက္ခဏာရယ်လို့ ထွေထွေထူးထူး ရှိပုံမရဘူး

 

‘အလွယ်ဆုံးပြောရရင်တော့ သူမက အရမ်းရိုးရှင်းပြီး သာမာန်လူအုပ်ကြားထဲမှာ ရောနှောပျောက်ကွယ်နေတတ်တယ်

 

‘ဒါပေမယ့် မကြာသေးခင်က သူမ မောင်လေးရဲ့မင်္ဂလာပွဲအတွက် သူမ အိမ်ပြန်တဲ့အခါ သူမရဲ့အမေက စတုတ္ထညီမနဲ့ ပတ်သက်တဲ့ တစ်စုံတစ်ခုကို ပြောပြခဲ့တယ်။ အဲ့တာကြောင့် သူမ အခု ဝမ်ယဲ့ကို အာရုံစိုက်နေမိခဲ့တာပါ မဟုတ်ရင် အရင်လိုပဲ မြင်ကွင်းကနေ ကျော်သွားမိမှာ သေချာတယ်။

နေက်ဆုံးတွင် ဝမ်ယွီဝမ်က သူမ၏ အတွေးများထဲမှ ရုန်းထွက်လိုက်ပြီး ဝမ်ယဲ့ကို အတိုချုံး ချီးမွမ်းကာ လက်ဆောင်များကို ယူသွားရန် သူမ၏အစေခံများကို ညွှန်ကြားလိုက်သည်။ 

 

သို့သော် သိမ်းသွားသည့် လက်ဆောင်သေတ္တာများကို အကြာကြီး လိုက်ကြည့်နေသော သမီးဖြစ်သူ လင်းရှုအာကို သတိပြုမိလိုက်သော်လည်း ဝမ်ယွီဝန်က ခပ်‌ဖျော့ဖျော့လေး ပြုံးလိုက်ပြီး သူမဖြစ်သူကို ချော့မော့လိုက်သည်။

 

"ဟုတ်ပါပြီ၊ မနက်ဖြန်ဆိုရင် သမီး ဒါတွေနဲ့ ကစားလို့ ရပြီ" 

 

ထိုစကားကို ကြားလိုက်ရချိန်တွင် လင်းရှုအာ၏မျက်လုံးများက တောက်ပသွားသော်လည်း အနည်းငယ် ရှက်ရွံ့သွားဟန့်ဖြင့် ဝမ်ယွီဝန်၏ရင်ခွင်ထဲသို့ တိုးဝင်ကာ ပုန်းနေတော့သည်။

 

"အမေ...." 

 

ထိုနေရာတွင်ရှိနေသည့် အမျိုးသမီးများအားလုံးက သူမကို ကြည့်ကာ ပြုံးနေကြပြန်သည် 

 

"စကားမစပ်၊ အဒေါ်လည်း ဒီနေ့ ရောက်လာလိမ့်မယ်"

 

လင်းရှုအာကို သူမ၏အခန်းသို့ ပြန်ပို့စေပြီးနောက် ဝမ်ယွီဝန်က စကားဝိုင်းကို လေးနက်သည့်ကိစ္စဆီသို့ ချက်ချင်း ပြောင်းလိုက်တော့သည်

 

"မေ၊ ကျွန်မတို့ရဲ့ဝမ်းကွဲမောင်လေး ရှန်းချန်ကလည်း အကြီးဆုံးအစ်ကိုနဲ့အတူတူ တော်ဝင်စာမေးပွဲ အောင်ခဲ့တာနော်သူအဆင့်က နည်းနည်းနိမ့်ပေမယ့် သူက စာမေးပွဲတော့ အောင်ခဲ့သေးတယ်"

 

သူတို့၏မိခင်က စတုတ္ထညီမအိမ်ထောင်ရေးအတွက် စိုးရိမ်နေသည်ကို သိနေသည့် ဝမ်ယွီဝန်က မိခင်ဖြစ်သူ၏စိုးရိမ်သောကများကို ဝေမျှနိုင်ရန် ထိုအကြောင်းအရာကို ပြောနေခြင်းဖြစ်သည် 

 

"ယွိအာက ရှန်းချန်ကို ပြောနေတာလား?"

 

 သခင်မရှန်းက  သူမ၏အစ်ကိုမှ မွေးဖွားသော တူများစွာကို ပြန်မှတ်မိစေရန် အချိန်အတော်ကြာယူလိုက်ရပြီး နောက်ဆုံးမှ ရှန်းချန်ကို ပြန်မှတ်မိသွားခဲ့သည်။ 

 

‘ဒါက သူမရဲ့အပြစ် မဟုတ်ဘူးလေ။ သူမရဲ့အစ်ကိုမှာ သားသမီးတွေ အများကြီးရှိပြီး သား တစ်ဒါဇင်ကျော်နဲ့ သမီး ရှစ်ယောက်လား ကိုးယောက်လား မသိဘူး ရှိတယ်။  သူတို့ကို နာမည်နဲ့ လူနဲ့ တွဲမှတ်မိဖို့ဆိုတာက တကယ်ကို အားစိုက်ထုတ်မှုကြီးပဲ

 

“ဟုတ်တယ်... သူ”

 

ဝမ်ယွီဝန်က စားပွဲအဆုံးတွင် ငြိမ်ငြိမ်လေးထိုင်နေသော ဝမ်ယဲ့ကို တစ်ချက်ကြည့်လိုက်ပြီးမှ ဆက်ပြောလိုက်သည်။

 

 "ဒီနှစ်ဆိုရင် ဝမ်းကွဲမောင်လေးချန်က အသက်နှစ်ဆယ့်လေးနှစ် ရှိနေပြီ၊ ပြီးတော့ အရာရှိလည်း ဖြစ်နေပြီ၊ သင့်တော်တယ်လို့ မထင်ဘူးလား" 

 

သခင်မရှန်းက ခဏလောက်စဉ်းစားနေပြီးမှ ပြန်ဖြေလိုက်သည်။

 

"အင်း အမေ စဉ်းစားကြည့်ဦးမယ်"  

 

ရှန်းမိသားစုမှ အိမ်တော်ခွဲများ၏ ကြီးမားလှသော ရှုပ်ထွေးမှုကို တွေးတောမိချိန်တွင် သခင်မရှန်းက ဝမ်ယဲ့ကို ထိုနေရာသို့ ပို့ပေးရန် ချီတုံချတုံ ဖြစ်နေခဲ့သည်။

 

အကယ်ဤ ဝမ်ယဲ့ကိုယ်တိုင်က ဆန္ဒရှိနေလျှင်တော့ သူမက  ကြားဝင်တားဆီးမည် မဟုတ်ပေ 

 

ဝမ်ယွီဝန်ကလည်း သူမ၏အမေဆီမှ အဖြေချက်ချင်း ပြန်ရလိမ့်မည်ဟု မတွေးထားခဲ့ပေ။ သူမ၏အမေက သူမ၏အဖေတူညီအစ်မများအပေါ် လေးနက်သည့် ချစ်ခင်တွယ်တာမှု မရှိသော်လည်း သူတို့ ဒုက္ခ‌ရောက်အောင် လှည့်စားခြင်းများ၊ အကြံအစည်းများ ပြုလုပ်မည် ဟုတ်ကြောင်း သူမ အသေအချာ သိထားပြီး ဖြစ်သည်။

 

သူမရဲ့မိခင်ဘက်က ဝမ်းကွဲတွေအားလုံးထဲမှာ သူမရဲ့အဒေါ်ကနေ မွေးဖွားခဲ့တဲ့ တရားဝင်သားနှစ်ယောက်က လွဲရင် ရှန်းချန်က ဝမ်ယဲ့အတွက် အသင့်တော်ဆုံးဖြစ်လိမ့်မယ်။ သူက တရားဝင်သား မဟုတ်တာကြောင့် နိမ့်ကျတယ်လို့ ထင်ရပေမယ့် တော်ဝင်စာမေးပွဲ‌အောင်မြင်ပြီးတဲ့ ပညာရှင်တစ်ယောက် ဖြစ်နေတုန်းပဲ။ အသက်အရွယ်ကလည်း လိုက်ဖက်ညီတယ်။’

 

သခင်မရှန်း၏တုံ့ဆိုင်းမှုကို သတိပြုမိသောကြောင့် ဝမ်ယွီဝန်က သူမ၏အကြည့်ကို ဝမ်ယဲ့ဆီသို့ ပြန်ပြောင်းလိုက်သည်။ 

 

ဝမ်ယဲ့က သူမ၏မျက်နှာပေါ်တွင် ရှက်ရွံ့နေသည့် အရိပ်အယောင်လေးများ ပြထားပြီး သူမခေါင်းကို မသိမသာ ငုံ့ထားခဲ့သည်။ 

 

သူမ၏စိတ်ထဲတွင်တော့ အကြီးအကျယ် အံ့အားသင့်နေခဲ့သည်။

 

‘ရှန်းချန်..... သခင်မရှန်းရဲ့ မိခင်မိသားစုက တူတော်မောင်လား’

  

ဝမ်ယဲ့က သခင်မရှန်း၏မိသားစုအကြောင်းကို များများစားစား မသိဘဲ သခင်မရှန်း၏အစ်ကိုက ယခင်လက သခင်မရှန်းအတွက် တူမအသစ်လေးတစ်ယောက် ထပ်မွေးပေးခဲ့သည်ကိုသာ မှတ်မိတော့သည် 

 

ဝမ်ယွီဝန်က သူမ ပြောမည့် စကားများကို ပြန်မျိုချလိုက်သည်။ 

 

မဆုံးဖြတ်ရသေးတဲ့ ကိစ္စတွေကို ပွင့်ပွင်းလင်းလင်း မမေးတာ အကောင်းဆုံးပါပဲ

 

‘နောက်ပြီး ဝမ်ယဲ့က  ဘယ်လောက်ပဲ က်မြက်နေပါစေ သူမက လက်မထပ်ရသေးတဲ့ သမီးပျိုလေးတစ်ယောက် ဖြစ်နေတုန်းပဲ’

 

ထိုအချက်ကို စဥ်းစားမိသွားသောကြောင့် ဝမ်ယွီဝန်က အချိန်ယူရန် တွေးလိုက်ပြီး စကားလမ်းကြောင်း ထပ်ပြောင်းလိုက်သည်။

 

"ဒါက သေသေချာချာ စဥ်းစားရမယ့် ကိစ္စပါ၊ ပြီးတော့ ဒီနေ့  မင်းမျိုးမင်းနွယ်က သခင်မတွေ အများကြီးး ရောက်လာကြလိမ့်မယ်" 

 

သခင်မရှန်းကလည်း ထို့ကဲ့သို့သာ တွေးနေခဲ့သည် 

 

ယနေ့ပွဲ့က ယုံချန်းမှူးမတ်အိမ်တော်တွင် ယုံချန်းမှူးမတ်ကတော် ကြီးမှူးကျင်းပသော ကြီးကျယ်ခမ်းနားသော ပွဲတော်တစ်ခုပြီး ယုံချန်းမှူးမတ်ကတော်နှင့် သူမ၏သမီးက အဓိကလူများ ဖြစ်ကြသည်။ သူမတို့၏ ပတ်ဝန်းကျင်ရှိတွင် ဝန်းရံနေသော သခင်မအများစုကလည်း သူမတို့၏သားများအတွက် ဖြစ်နိုင်ချေရှိသော လက်တွဲဖော်ကို ရှာရန် နေရာသို့ ရောက်ရှိနေကြခြင်း ဖြစ်သည်။ 

 

သို့သော်လည်း နန်းတွင်း၌ သြဇာလွှမ်းမိုးမှု အနည်းငယ် ရှိသည့် သူမ၏ခင်ပွန်းနှင့် သားဖြစ်သူကြောင့် ယုံချန်းမှူးမတ်ကတော်ကို ချော့မော့မြှောက်ပင့်ရန် ရောက်လာသည့်လူတချို့လည်း ရှိနေသေးသည်။ 

 

သခင်မရှန်းက သူမထံတွင် ရွေးချယ်စရာ မိသားစုအနည်းငယ် ရှိနေပြီဖြစ်သောကြောင့် ဤအရှုပ်အထွေးတွင် ပါဝင်ရန် ဆန္ဒမရှိတော့ပေ။

 

လူစုရာနေရာသို့ မရောက်ခင် သခင်မရှန်းက သူ့ဘေးနားကလူကို တစ်ချက်ကြည့်လိုက်ပြီး သတိပေးလိုက်သည်။

 

"ခဏနေရင် အမေ မင်းကို သခင်မတချို့နဲ့ မိတ်ဆက်ပေးမယ်၊ နားလည်တယ် မဟုတ်လား" 

 

ဝမ်ယဲ့အနေဖြင့် ဘဝနှစ်ခုစာအတွင်း တစ်ခုခုကို ကျွမ်းကျင်ပိုင်နိုင်ခဲ့သည်ဆိုလျှင် ၎င်းက အခြေအနေအရပ်ရပ်ကို အကဲခတ်တတ်ခြင်းပင် ဖြစ်သည်။ ဤကိစ္စတွင်တော့ မည်သူမျှ ဘယ်သူကို ယှဉ်နိုင်မည် မဟုတ်ပေ။

 

သခင်မရှန်းက ဝမ်ယဲ့၏အရေးကိစ္စများကို ဤမျှအထိ အားစိုက်ခွန်စိုက် ပါဝင်ပေးနေပြီး ချွေးမဖြစ်သူအား သမီးလက်ထဲသို့ အပ်ထားခဲ့သည်။ ဝမ်ယဲ့သာ ဤအခြေအနေကို နားမလည်ပါက သူမ အသက်ရှင်နေထိုင်ရန်ပင် မတန်တော့ပေ။

 

ထို့ကြောင့် ဝမ်ယဲ့က မျက်လွှာလေးချပြီး ရိုတသေ ပြန်ဖြေလိုက်သည်။

 

သမီး နားလည်ပါပြီအမေ”

 

သခင်မရှန်းက သူမကို အချိန်အတော်ကြာ စေ့စေ့စပ်စပ် အကဲခတ်နေသေးသည်ဝမ်ယဲ့တစ်ယောက် ဘာပြဿနာမှ ရှာမည်မဟုတ်ကြောင်း သေချာသွားမှသာ မသိမသာ ကျေနပ်သွားသည့်ဟန်ဖြင့် အမျိုးသမီးများရှိရာသို့ ခေါ်ဆောင်သွားတော့သည်။

 

ဤပန်းရှုစားပွဲသို့ ရောက်ရှိနေကြသူ အများစုက တစ်ဦးနှင့်တစ်ဦး ရင်းနှီးပြီးသားသူများ ဖြစ်ကြသည်။ ရင်းနှီးမှု မရှိလျှင်ပင် အနည်းဆုံးတော့ မျက်နှာကို မြင်ရုံဖြင့် မည်သူမည်ဝါဖြစ်ကြောင်း သိကြသူများသာ ဖြစ်သည်။

 

သခင်မရှန်းက ဝူမိသားစုမှ သခင်မဝူနှင့် အလျင်အမြန် စကားလက်ဆုံကျသွားခဲ့သည်။ ဝမ်ယဲ့ကတော့ သခင်မရှန်း၏ဘေးတွင် အမြဲရှိနေခဲ့သည်။ အခြားအမျိုးသမီးများ၏ စူးစမ်းသော အကြည့်များ သူမအပေါ်သို့ ကျရောက်လာချိန်တွင် သူမက သင့်တင့်တော် အမူအကျင့်ကို ထုတ်ဖော်ပြသထားပြီး နာခံမှုရှိသော အမူအရာတစ်ခုကိုပါ ဆင်မြန်းထားခဲ့သည်။ 

 

တဖြည်းဖြည်းနှင့် လူအများက ဝမ်ယဲ့၏ အထောက်အထားကို သိချင်လာပြီး သခင်မရှန်းကို မေးစလိုက်ကြသည်။

 

"ဒါက ဘယ်သူလေးလဲ"

 

ထိုသို့မေးလိုက်သူက သခင်မရှန်းနှင့် သိပ်မရင်းနှီးသည့် အမျိုးသမီးတစ်ဦး ဖြစ်သည်။

 

သခင်မရှန်းက သာမာန်ဆန်သောလေသံဖြင့် ပြန်ဖြေလိုက်သည်။  

 

"ကျွန်မရဲ့ စတုတ္ထသမီးပါ" 

 

ထိုစကားကို ကြားလိုက်ရသည်နှင့် သူမက ဝမ်မိသားစု၏ အိမ်ထောင်မကျသေးသော တရားမဝင်သမီးဖြစ်သည့် စတုတ္ထသခင်မလေးဝမ်ယဲ့ဖြစ်ကြောင်း အားလုံး နားလည်သွားကြသည်။

 

သခင်မရှန်းက သူမကို ပွဲသို့ ခေါ်ဆောင်လာရသည့် ရည်ရွယ်ချက်ကလည်း ရှင်းလင်းသွားခဲ့သည် 

 

မူလက ဝမ်ယဲ့အပေါ် မျက်စိကျနေသည့် အမျိုးသမီးအနည်းငယ်က သူတို့နှလုံးသားထဲမှ အတွေးတွေကို ပယ်ချလိုက်ကြသည်

 

သူတို့သားတွေရဲ့ အိမ်ထောင်ရေးကို စိတ်ပူနေပေမယ့် စတုတ္ထသခင်မလေးဝမ်ရဲ့ အသက်ကတော့ တော်တော်ကြီးနေပြီ မဟုတ်လား’

 

သူတို့ရဲ့ အကြီးဆုံးသားတွေက ဆယ့်ရှစ်နှစ်လောက်ပဲ ရှိသေးတာလေ’

 

သို့သော် သခင်မရှန်းနှင့် မရင်းနှီးသော အမျိုးသမီးတစ်ယောက်ကတော့ စိတ်ဝင်စားနေပုံရပြီး သခင်မရှန်းကို စူးစမ်းမေးမြန်းလာခဲ့သည်။

 

"သခင်မဝမ်ရဲ့ သမီးလေးက ဒီလောက်တောင် လှလှပပ ကြီးပြင်းလာတာဆိုတော့ လက်ထပ်ဖို့ ကမ်းလှမ်းတဲ့သူတွေ အများကြီး ရှိမှာပဲနော်"

 

တစ်ခါတစ်ရံတွင် ဘာမှမသိဘဲ မေးလိုက်သည့် စကားများက အထိနာစေတတ်သည်။

 

ဝမ်ယဲ့တစ်ယောက် စိတ်ထဲမှ သက်ပြင်းချမိသွားပြန်သည်။ သခင်မရှန်း၏ ရင်ထဲတွင်လည်း ထိတ်ခနဲ ဖြစ်သွားခဲ့သည်။ သို့သော်လည်း သူမ၏ မျက်နှာကတော့ တည်ငြိမ်နေဆဲပင်။

 

"သူ့အဖေက သူမကို အမြဲတမ်း မျက်နှာသာပေးထားပြီး စောစောစီးစီး လက်ထပ်ပေးဖို့ တွန့်ဆုတ်နေတာလေ၊ အဲ့လိုနဲ့ သူ့ကို အခုထိ ဆွဲထားသလို ဖြစ်နေခဲ့တာ"

 

သူမ၏စကားများက ကာလရှည်ကြာ ထွက်ပေါ်နေခဲ့သည့်  ဝမ်ယဲ့၏ 'ခင်ပွန်းသတ်သူကျိန်စာ' ကို ချေပလိုက်သလို ဖြစ်နေခဲ့သည်။

 

အမတ်မင်းဝမ်ကို အလိုလိုက်လွန်းသည့် ဖခင်တစ်ဦးအဖြစ် ပုံဖော်လိုက်ခြင်းအတွက်လည်း သခင်မရှန်းက စိုးရိမ်မနေခဲ့ပေ။ အမတ်မင်းဝမ်အနေဖြင့် စိတ်ဆိုးမည်မဟုတ်ကြောင်း သူမ သေချာပေါက် သိနေခဲ့သည်။ အကြောင်းမှာ အိမ်ထောင်ပြုရမည့်သူက ဝမ်ယဲ့ ဖြစ်ပြီး သူကိုယ်တိုင် မဟုတ်သောကြောင့်ပင်။

 

ထို့အပြင် ဖခင်ဖြစ်သူ၏ မျက်နှာသာပေးခံရသော သမီးတစ်ယောက်ဟူသော သတင်းက အကျိုးရှိစေမည့် သတင်းစကားသာ ဖြစ်သည်။ ဤသတင်းသာ ပြန့်သွားပါက မည်သူ့အတွက် အကျိုးရှိမည်ကို လူတိုင်း သိနိုင်ကြသည်။

 

ထိုအချိန်တွင် ဝမ်ယဲ့က အလိုက်သင့် ရှက်ပြုံးလေး ပြန်ပြုံးပြလိုက်သည်။

 

အချို့ကိစ္စများကို မပြောဘဲ ထားလိုက်ခြင်းက ပိုကောင်းပြီး ဤပွဲကို တက်ရောက်လာသူတိုင်းကလည်း လိမ္မာပါးနပ်သူများဖြစ်ကြသည်။ ထို့ကြောင့် သူတို့က အမှန်တရားကို ဖုံးကွယ်ထားသည့် ကန့်လန့်ကာပါးလေးကို ဆွဲဖွင့်ရန် မကြိုးစားချင်ကြပေ။

 

သို့သော်လည်း "မမြင်ရလျှင် မယုံကြည်" ဆိုသည့်အတိုင်း အမျိုးသမီးအချို့က သခင်မရှန်း၏ ဘေးနားတွင် ရပ်နေသည့် ချိုသာသိမ်မွေ့သော ပုံရိပ်လေးကို အကဲခတ်နေကြသည်။ သူမတွင် ချစ်စရာကောင်းပြီး နုနယ်သော မျက်နှာလေး၊ လှပသည့် ကိုယ်လုံးကိုယ်ပေါက်နှင့် ကြည်လင်သော မျက်ဝန်းများ ရှိသည်။ အလိုလိုက်ခံရသည့် သမီးတစ်ယောက်၏ မောက်မာမှုမျိုး သို့မဟုတ် ကိုယ်လုပ်တော်ဖွားသမီးတစ်ယောက်တွင် ရှိတတ်သည့် လှည့်စားလိုသော အကြံအစည်မျိုး အစအနမျှ မတွေ့ရပေ။

 

သူမက ထင်ပေါ်လွန်းခြင်း မရှိသလို ကြောက်ရွံ့တုန်လှုပ်နေခြင်းလည်း မရှိပေ။ သူမက အသက်နှစ်ဆယ်ရှိနေပြီဖြစ်သော်လည်း အနီးကပ်ကြည့်ခြင်းလျှင် အသက်ဆယ့်ခြောက်နှစ် သို့မဟုတ် ဆယ့်ခုနစ်နှစ်သာရှိသေးသည်ဟု ထင်မှတ်မှားစရာ ဖြစ်နေခဲ့သည်။

 

သူတို့၏ အကြည့်များကို သတိပြုမိသွားချိန်တွင် ဝမ်ယဲ့က နောက်ထပ် ရှက်ပြုံးလေး တစ်ချက် ထပ်မံပြုံးပြလိုက်ပြန်သည်။

 

သူမ အနှစ်နှစ်ဆယ်ကြာ ဘာမှမလုပ်ဘဲ ပေါ့ပေါ့ပါးပါး နေလာခဲ့သော်လည်း သူမ မည်သည့်နေရာသို့ ရောက်နေသည်ကိုတော့ သူမ မေ့မထားခဲ့ပေ။ ဤအိမ်ထောင်ရေးက ရှောင်လွှဲ၍ မဖြစ်နိုင်မှန်း သူမ သိထားပြီး သူမအနာဂတ်တွင် သက်တောင့်သက်သာအရှိဆုံးသော ဘ၀ကို ပေးစွမ်းနိုင်မည့် မိသားစုကို ရွေးချယ်ရပေလိမ့်မည်။

 

ယခုအချိန်တွင် သူမ အားစိုက်ခွန်စိုက် ကြိုးစားနေခြင်းက ဘဝ၏ နောက်ထပ်တစ်ဝက်ကို 'ငါးဆားနယ်' ကဲ့သို့ ဘဝမျိုးဖြင့် ဖြတ်သန်းနိုင်ရန်အတွက်ပင်။

 

သို့တိုင်အောင် ထိုအရာက အဓိက အကြောင်းပြချက်တော့ မဟုတ်ပေ။

 

အကယ်၍ သူမ ယခုအချိန်၌ သူမကိုယ်သူမ သေချာမကြိုးစားလျှင် သူမ၏ မိခင်ဖြစ်သည့် သခင်မရှန်းက သူမကို ဘယ်တော့မှ ခွင့်လွှတ်မည် မဟုတ်မှန်း ဝမ်ယဲ့ ကောင်းကောင်း သိနေခဲ့သည်။

 

‘တကယ်လို့ အခု ဒီမှာ အဆင်မပြေဖြစ်ခဲ့ရင် အိမ်ပြန်ရောက်တဲ့အခါ ငါ့ဘဝက တကယ့်ကို သည်းခံရခက်တဲ့ အခြေအနေအထိ ဆိုက်ရောက်သွားလိမ့်မယ်’

 

သခင်မရှန်း၏ စကားများကို ကြားပြီးနောက် သခင်မရှန်း မှတ်မိသည့် သခင်မချိုင်ဆိုသူ၏နှုတ်ခမ်းတွင် ပြုံးလေးတစ်ခု ပေါ်လာခဲ့သည်။ သခင်မရှန်းက အမှန်အတိုင်းပြောသည်ဖြစ်စေ လိမ်ပြောသည်ဖြစ်စေ သူမက ဂရုမစိုက်ဘဲ သူမ ပြောချင်သည့် အဓိက အကြောင်းအရာကိုသာ ပြောလာခဲ့သည်။

 

"တိုက်ဆိုင်လိုက်တာ၊ ကျွန်မ မိသားစုမှာလည်း အဲ့လိုသမီးတစ်ယောက် ရှိတယ်၊ သူ့အဖေက သူ့ကို အလိုလိုက်ထားလို့ သူက နွဲ့ဆိုး ဆိုးနေတာလေ၊ ကျွန်မတို့ရဲ့ သမီးတွေကို တစ်နေ့လောက် ဆုံခွင့်ပေးနိုင်မလား၊ သူတို့အချင်းချင်း သူငယ်ချင်းတွေ ဖြစ်သွားနိုင်တယ်"

 

၎င်းက အနက်အဓိပ္ပာယ် ဝှက်ထားသည့် စကားသာ ဖြစ်နေခဲ့သည်။ အပေါ်ယံတွင် သမီးများအကြောင်း ပြောနေသော်လည်း အမှန်တကယ်တွင် သားဖြစ်သူအတွက် ရည်ရွယ်နေခြင်းဖြစ်သည်။ သို့ရာတွင် မဖြစ်လာသေးသည့် ကိစ္စဖြစ်နေသောကြောင့် သွယ်ဝိုက်၍ ပြောဆိုနေခြင်းပင်။

 

သခင်မရှန်းက ခပ်ဖျော့ဖျော့ အပြုံးဖြင့် ပြန်ပြောလိုက်သည်။

 

"ကောင်းတာပေါ့ရှင်၊ နောက်နှစ်ရက်နေရင် ဝမ်ယဲ့ကို ခေါ်ပြီး မြို့ပြင်က ဖူချင်းဘုရားကျောင်းကို  သွားဖို့ စီစဥ်ထားတယ်။ အဲဒီက ချယ်ရီပန်းတွေကလည်း အရမ်းလှတာဆိုတော့ သခင်မချိုင်လည်း အချိန်ရရင် ပန်းတွေ ကြည့်ဖို့ လာခဲ့ပေါ့"

 

သခင်မရှန်းက အရာအားလုံးကို ပွင့်ပွင့်လင်းလင်း ပြောဆိုခြင်း မရှိသေးပေ။ သူမက ဤသခင်မချိုင်ကို ရင်းနှီးနေသော်လည်း မည်သည့်နေရာ၌ တွေ့ဆုံခဲ့သည်ကို စဥ်းစားမရ ဖြစ်နေခဲ့သည်

 

သခင်မချိုင်ကတော့ သခင်မရှန်း၏အတွေးကို မသိဘဲ သူမ၏မျက်နှာတွင် နူးညံ့သော အပြုံးတစ်ခုကို ဆင်မြန်းထားရင်း ဝမ်ယဲ့ကို ခဏခဏ ခိုးကြည့်နေလေသည်။

 

အခြားတစ်ဖက်တွင်  ယုံချန်းမှူးမတ်ကတော်က သမီးဖြစ်သူ လင်းရှီယွင်နှင့်အတူ အမျိုးသမီးငယ်တစ်ဦး အလေးအနက် စကားပြောဆိုနေသည်။ သူမက ထိုအမျိုးသမီးငယ်ထက် အသက်နှစ်ဆယ်နီးပါး ကြီးသော်လည်း လူကြီးဂုဏ်ပုဒ်ကို ထုတ်မပြရဲပေ။

 

ထိုအမျိုးသမီးငယ်က ခရမ်းရောင်ဖျော့ဖျော့ဝတ်စုံကို ၀တ်ဆင်ထားပြီး ဣန္ဒြေကျက်သရေအပြည့်ဖြင့် ရင်သပ်ရှုမောဖွယ် အလှကို ပိုင်ဆိုင်ထားသည်။ သူမက နွေးထွေးသော အပြုံးတစ်ခု ဆင်မြန်းထားပြီး လေအဝေ့တွင် သူမ၏အဝတ်အစားများက တင့်တင့်တယ်တယ် လွင့်မျောနေခဲ့သည်။

 

"ဟိုဘက်က မိန်းမပျိုလေးက ဘယ်သူလဲ"

 

အမျိုးသမီးများအကြားတွင် မြင်ဖူးနေကျ မဟုတ်သည့် မျက်နှာအသစ်လေးကို သတိပြုမိသွားသည့် ထိုအမျိုးသမီးငယ်က မေးမြန်းလိုက်သည်။

 

ယုံချန်းမှူးမတ်ကတော်က ထိုအမျိုးသမီးငယ်၏ အကြည့်နောက်ကို လိုက်ကြည့်လိုက်ပြီး ရိုးရိုးရှင်းရှင်း ပြန်ဖြေလိုက်သည်။

 

"သူက ကျွန်မရဲ့ ခမည်းခမက်အိမ်က ကိုယ်လုပ်တော်ဖွားသမီးလေးပါ"

 

"ကိုယ်လုပ်တော်ဖွားသမီးလား"

 

အမျိုးသမီးငယ်က ပုံမှန်လေသံဖြင့် ပြန်ပြောလိုက်သည်။

 

သို့သော်လည်း သူမ၏အတွင်းစိတ်ထဲတွင်တော့ တခုခုကို တွေးလိုက်မိသေးသည်။

 

‘သူတို့က မသင့်တော်ဘူး ထင်တယ်

 

ယုံချန်းမှူးမတ်ကတော်က ခေါင်းညိတ်ပြလိုက်သည်။ ဤအမျိုးသမီးငယ်က သခင်မရှန်းတရားမဝင်သမီးကို စိတ်ဝင်စားနေကြောင်းလည်း သူမ သတိပြုမိသွားသည်။ သူမက ခဏမျှ စဉ်းစားပြီးမှ ထပ်ပြောလိုက်သည်။

 

"အဲ့အကြောင်း ပြောရရင်တော့ သခင်မရှန်းက အဲဒီသမီးလေးအပေါ် တော်တော်လေး ကောင်းရှာပါတယ်၊ စိတ်မကောင်းစရာကတော့ ကလေးမလေးရဲ့ ကံဇာတာက သိပ်မကောင်းရှာဘူး၊ အရင်က စေ့စပ်ထားတာတွေ ရှိခဲ့ပေမယ့် မလွှဲမရှောင်သာတဲ့ အခြေအနေတွေကြောင့် ပျက်ပြားသွားခဲ့ရတယ်၊ အဲလိုနဲ့ ကြန့်ကြာနေရင်း ဒီအရွယ်အထိ ရောက်လာတာပေါ့၊ သူ့အမေကလည်း အဲဒီကိစ္စကြောင့် သူ့သမီး စိတ်ထိခိုက်မှာ စိုးရိမ်နေတာနဲ့ ကျွန်မရဲ့ ပန်းကြည့်ပွဲကို အခွင့်ကောင်းယူပြီး စိတ်အပန်းဖြေဖို့ ခေါ်လာတာပါ"

 

ယုံချန်းမှူးမတ်ကတော်က အမှန်အတိုင်း အကုန်မပြောဘဲ စဉ်းစားစရာအချက်လေးများ ချန်ထားခဲ့သည်။

 

"ဒီအရွယ်အထိ ကြန့်ကြာသွားတယ် ဟုတ်လား"

 

ထိုအမျိုးသမီးငယ်က အဝေးမှ မိန်းကလေးကို သေသေချာချာ ကြည့်ပြီး မေးလိုက်ပြန်သည်။

 

"ဒီနှစ်ဆို သူ အသက်ဘယ်လောက်ရှိပြီလဲ" 

 

“မကြာခင်ကမှ နှစ်ဆယ်ပြည့်သွားတာပါ

 

ယုံချန်းမှူးမတ်ကတော်က အမှန်အတိုင်း ပြန်ဖြေလိုက်သည်။

 

ထိုစကားကို ကြားလိုက်ရချိန်တွင် အမျိုးသမီးငယ်က အနည်းငယ် မျက်မှောင်ကြုတ်သွားပြန်သည်။

 

ယုံချန်းမှူးမတ်ကတော်ကလည်း ထိုအမျိုးသမီးငယ်၏ သဘောထားကို ခန့်မှန်းမရနိုင် ဖြစ်နေခဲ့သည်။ သူမက ရွှီနယ်စားမင်းအိမ်တော်သို့ လုပ်ရိုးလုပ်စဥ်အတိုင်း ရိုသေမှုဖြင့် ဖိတ်စာပေးပို့ခဲ့သည်။ သို့သော် ရွှီနယ်စားမင်း၏ ဇနီးဖြစ်သည့် အိမ်တော်သခင်မက ထိတ်ကြားမှုကို လက်ခံပြီး တက်ရောက်လာလိမ့်မည်ဟုတော့ သူမလည်း မမျှော်လင့်ထားခဲ့ပေ။

 

သို့သော် သိပ်မကြာခင် သူမ တရိပ်ရိပ် နားလည်လာခဲ့သည်ရွှီနယ်စားမင်းအိမ်တော်  ဒုတိယအိမ်တော်ခွဲမှ အိမ်တော်သခင်လေးထံတွင် ဇနီးမရှိသည်မှာ နှစ်နှစ်နီးပါးရှိနေပြီ ဖြစ်သည်။ ယခု သူက နောက်အိမ်ထောင်ပြုရန် ပြင်ဆင်နေမှန်း သူမ သဘောပေါက်သွားခဲ့သည်

 

ယုံချန်းမှူးမတ်ကတော်က တာ့ကျင်းမင်းဆက်သမိုင်းတွင် အသက်အငယ်ဆုံးနယ်စားကတော်က သူမ၏သမီးဖြစ်သူအား အထူးသတိပြုမိစေရန် ဆန္ဒရှိနေခဲ့သည်။

 

‘တကယ်တော့ အခြားမိသားစုရဲ့ ဒုတိယဇနီး နေရာဆိုရင်တော့ သူမရဲ့ သမီးကို ဘယ်တော့မှ ထည့်စဉ်းစားခိုင်းမှာ မဟုတ်ဘူးလေ။ ဒါပေမဲ့ ရွှီနယ်စားကြီးအိမ်တော်ဆိုတာကတော့ မတူတဲ့ တစ်ခု ဖြစ်သွားပြီ၊ လူတွေ မသိကြတာက တာ့ကျင်းအင်ပါယာကို စတင်တည်ထောင်ချိန်ကတည်းက...’

 

‘နယ်စားကြီးဘွဲ့ ပေးအပ်ခံရတာ နှစ်ယောက်ပဲ ရှိခဲ့ဖူးတယ်၊ တစ်ယောက်က ဧကရာဇ်မင်းမြတ်ရဲ့ အဖိုး၊ နောက်တစ်ယောက်က ရွှီမိသားစုရဲ့ သခင်ကြီး’

 

‘ရွှီမိသားစုရဲ့ ဘွဲ့ထူးဂုဏ်ထူးတွေက သူတို့ရဲ့ စစ်ရေးစွမ်းဆောင်မှုတွေကြောင့် အဆင့်ဆင့် ရရှိခဲ့တာလေ၊ ရွှီမိသားစုရဲ့ အကြီးဆုံးသားဆိုရင်လည်း ဒီနယ်စားကြီးဘွဲ့ကို မဆက်ခံခင် သူကိုယ်တိုင် တတိယအဆင့် အရာရှိဖြစ်နေပြီး တင်းယွမ်စစ်သူကြီးလို့ နာမည်ကျော်ကြားခဲ့ဖူးတယ်၊ လောလောဆယ်မှာ စစ်ပွဲတွေ မရှိလို့ တာ့ကျင်းမင်းဆက်ရဲ့ နယ်နိမိတ်တွေကို သူကိုယ်တိုင် စောင့်ကြပ်စရာ မလိုဘဲ အိမ်မှာ အေးအေးဆေးဆေး အနားယူနေခဲ့တာ’

 

‘ရွှီမိသားစုရဲ့ ဒုတိယသားကတော့ နယ်စားကြီးဘွဲ့ကို ဆက်ခံခွင့်မရခဲ့ဘူး။ ဒါပေမယ့် ချင်းတဲနန်းစံနှစ် သုံးဆယ့်တစ်နှစ်မြောက်မှာ သူက ထိပ်တန်းပညာရှင် ဖြစ်လာခဲ့တယ်၊ အဲဒီတုန်းက သူ အသက်ဆယ့်ငါးနှစ်ပဲ ရှိသေးတယ်

 

‘အခုလည်း သူက တရားရေးဝန်ကြီးဌာနမှာ အသက်အငယ်ဆုံး အရာရှိပဲ၊  ပြီးတော့ ဧကရာဇ်မင်းမြတ် ယုံကြည့်အားကိုးရပြီး အပါးတော်မှာ အမြဲခစားခွင့်ရတဲ့ အရာရှိတစ်ယောက်လေ’

 

နှောင်းဧကရာဇ် ကွယ်လွန်သွားတာကြောင့်သာ မဟုတ်ခဲ့ရင်... ဒီရွှီမိသားစုရဲ့ ဒုတိယသားက အခုထက်တောင် ပိုပြီး  တိုးတက်နေမှာ သေချာတယ်’

 

ထိုအတွေးများက ယုံချန်းမှူးမတ်ကတော်၏ နှလုံးသားထဲတွင် ရစ်ဝဲနေသော အတွေးစများနှင့် နှမြောတသမှုများ ဖြစ်သည်နှမြောစရာကောင်းသည်မှာ နယ်စားကြီးကတော်က သူမ၏သမီးကို စိတ်ဝင်စားပုံမပေါ်ခြင်းပင်။ သူမက ဤအိမ်ထောင်ရေးမဟာမိတ်ကို လိုချင်နေသော်လည်း အတင်းအကျပ် တောင်းဆိုရလောက်အောင်တော့ အရှက်မမဲ့နိုင်သေးပေ။

 

နယ်စားကြီးကတော်က သူမ၏ ခမည်းခမက်အိမ်မှ ကိုယ်လုပ်တော်ဖွားသမီးကို သဘောကျပုံရသည်။ ထို့ကြောင့် သူမက ရွှီမိသားစုအနေဖြင့်  မျိုးနွယ်အဆင့်အတန်းကို အဓိကမထားဘူးဟူသော အတွေးမျိုး ဖြစ်ပေါ်လာပြီး မပြောသင့်သည့်စကားများကိုပါ ပိုပြောမိသွားခဲ့သည်။

 

ဒုတိယအကြိမ် ပြန်တွေးကြည့်လိုက်ချိန်တွင် ရွှီမိသားစုက မိသားစုနောက်ခံကို ထည့်မတွက်သော်လည်း မြို့တော်၏နာမည်ကြီးမိသားစုများမှ တရားဝင်သမီးများအားလုံးကိုလည်း လျစ်လျူရှုထားမည် မဟုတ်ဟု သူမ တွေးမိပြန်သည်။  ရှုထောင့်တိုင်းတွင် ထူးထူးခြားခြား မရှိသော ဤကိုယ်လုပ်တော်ဖွားမိန်းကလေးက ရွေးချယ်ခံရမည် မဟုတ်ပေ။

 

........။.......။.......

 

ပန်းရှုစားပွဲ ပြီးတွင် သခင်မရှန်းက သူမ၏လူသုံးယောက်ကို အိမ်သို့ ပြန်ခေါ်သွားခဲ့သည်။

 

ထို၏ ညဉ့်ဦးယံ..... ပင်မအိမ်ဝန်းအတွင်း၌.....

 

သခင်မရှန်းက ယုံချန်းမှူးမတ်အိမ်တော်တွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စရပ်များကို အမတ်မင်းဝမ်အား ပြန်ပြောပြနေသည်။

 

"ကျွန်မ အရင်က အဲဒီ သခင်မချိုင်ကို ဘယ်မှာ တွေ့ဖူးလဲ မမှတ်မိတော့ပေမယ့် တော်တော်ရင်းနှီးနေသလို ခံစားရတယ်"

 

အမတ်မင်းဝမ်က ပညာရှိပီပီ တည်ငြိမ်သူဖြစ်သော်လည်း ထိုစကားကို ကြားသည့်နှင့် ချက်ချင်း မျက်မှောင်ကြုတ်သွားသည်။

 

"သူ့မိသားစုနာမည်က ချိုင်.... ဟုတ်လား၊ လွန်ခဲ့တဲ့ လအနည်းငယ်က နယ်ကနေ နန်းတွင်းကို ရာထူးတိုးလာတဲ့ မြို့ဝန်မင်းချိုင်များလား"

 

အမတ်မင်းဝမ်၏ ထူးဆန်းသောအမူအရာကို မြင်နိုင်ခဲ့သည့် သခင်မရှန်းက  မနေနိုင်ဘဲ ထပ်မေးလိုက်သည်။

 

"သခင်ကြီး သူ့ကို သိလို့လား"

 

အမတ်မင်းဝမ်က ခေါင်းညိတ်ပြရုံသာမကဘဲ ထပ်ပြောလာခဲ့သည်။

 

“မင်းလည်း သူ့ကို သိပါတယ်

 

ထို့နောက် သူက သခင်မရှန်းကို ကြည့်ကာ လေးလေးနက်နက် အကြံပြုလိုက်သည်။

 

"ငါတို့ ဝမ်မိသားစုအနေနဲ့ ချိုင်မိသားစုနဲ့ ဝေးဝေးနေတာ ပိုကောင်းလိမ့်မယ်"

 

သခင်မရှန်းက နားမလည်ဟန်ဖြင့် ပြန်မေးလိုက်သည်။

 

 "ဘာလို့လဲ"

 

ဝမ်ယဲ့၏ အိမ်ထောင်ရေးက နောက်ထပ် ကြန့်ကြာနေ၍ မဖြစ်သောကြောင့် သူမက သခင်မချိုင်၏ သားဖြစ်သူကို အကဲခတ်ရန် စဉ်းစားနေခဲ့ခြင်း ဖြစ်သည်။

 

အမတ်မင်းဝမ်က သက်ပြင်းချရင်း ရှင်းပြလိုက်သည်။

 

"အရင် နှောင်းဧကရာဇ်လက်ထက်မှာ အရမ်းသြဇာကြီးခဲ့တဲ့ ချိုင်မိသားစုကို မှတ်မိလား"

 

သခင်မရှန်းက အသက်ရှုူမှားသွားတတ် အလောတကြီး ပြန်မေးလိုက်သည်။

 

"ဒါဆို အခုပြောနေတဲ့ လူတွေက...."

 

အမတ်မင်းဝမ်က ခေါင်းညိတ်ရင်း ထပ်ပြောလိုက်သည်။

 

"ဒီနေ့ ရှင်မ တွေ့ခဲ့တဲ့ သခင်မက အဲဒီချိုင်မိသားစုရဲ့ ဆွေမျိုးထဲကပဲ၊ အခု လက်ရှိမှာ အမြှော်အမြင်ကြီးပြီး ကြင်နာတတ်တဲ့ ဧကရာဇ်မင်းမြတ်က အရာရှိအချို့ရဲ့ အတိတ်က ကျူးလွန်မှုတွေကို မေ့ပျောက်ပေးပြီး ခွင့်လွှတ်ပေးခဲ့တယ်၊ ဧကရာဇ်မင်းမြတ်ရဲ့ ဂရုဏာတော်က ကြီးကျယ်ခမ်းနားပေမယ့် အနာဂတ်မှာ  ဘာဖြစ်လာမယ်ဆိုတာ ဘယ်သူက အာမခံနိုင်လို့လဲ၊ ငါတို့ဝမ်မိသားစုက သန့်ရှင်းတဲ့ အရာရှိတွေအဖြစ်ပဲ ဆက်ရပ်တည်နေသင့်တယ်၊ ဒီလို အရှုပ်အထွေးတွေနဲ့ မပတ်သက်မိတာ အကောင်းဆုံးပဲ’

 

သခင်မရှန်းက ချက်ချင်း သဘောတူလိုက်သည်။

 

 "ကျွန်မ နားလည်ပါပြီ" 

 

ယခင် ဧကရာဇ် ထီးနန်းစိုးစံနေချိန်တွင် ချိုင်မိသားစုက နဝမမင်းသားကို အခိုင်အမာထောက်ခံသူများ ဖြစ်ခဲ့ကြသည်။ လက်ရှိဧကရာဇ်က ဧကရီမှ ဖွားမြင်သည့် တရားဝင်သားတော် ဖြစ်သော်လည်း နှစ်ပေါင်းများစွာ မျက်နှာသာပေးခြင်း မခံရဘဲ လျစ်လျူရှုခံခဲ့ရသည်

 

နဝမမင်းသား၏ အာဏာကြီးစိုးနေချိန်တွင် ချိုင်မိသားစုက လက်ရှိ ဧကရာဇ်အား ကွယ်ရာမှ ဒုက္ခမျိုးစုံ ပေးခဲ့ကြသူများ ဖြစ်သည်။

 

ယခု ဧကရာဇ်မင်းမြတ်က အာဃာတဟောင်းများကို ဘေးဖယ်ထားပြီး ချိုင်မိသားစု၏ ဆွေမျိုးစုဝင်များအား ရာထူးပြန်ခန့်ထားခြင်းမှာ မင်းကောင်းမင်းမြတ်တစ်ပါး၏ ကြည်ဖြူမှုကို ပြသလိုက်ခြင်းပင်။

 

ဧကရာဇ်မင်းမြတ်၏ ကျေးဇူးတော်ကို ချီးမွမ်းပြီးနောက် သခင်မရှန်းက  ဝမ်ယဲ့၏ အိမ်ထောင်ရေးကိစ္စကို ချက်ချင်း သတိရသွားပြီး စိတ်ပျက်လက်ပျက် ဖြစ်သွားရပြန်သည်။

 

"ဒီသခင်မချိုင်က သူတို့ရဲ့မိသားစုနောက်ခံကြောင့် သူ့သားအတွက် ဇနီးကောင်းရဖို့ ခက်ခဲမယ်ဆိုတာကို သိနေပုံရတယ်၊ ဒါကြောင့်လည်း ဂုဏ်သရေရှိ အိမ်တော်တွေက ကိုယ်လုပ်တော်သမီးတွေကို လိုက်ကြည့်နေတာ ဖြစ်နိုင်တယ်"

 

ထိုစကားကို ကြားလိုက်ချိန်တွင် အမတ်မင်းဝမ်က မေးလာပြန်သည်။

 

"သူတို့က ငါတို့ရဲ့ ဝမ်ယဲ့ကို သဘောကျနေတာလား"

 

သခင်မရှန်းက ခေါင်းညိတ်လိုက်သည်။

 

"အဲ့လို ဖြစ်နိုင်ချေများတယ်"

 

အမတ်မင်းဝမ်က ချက်ချင်း ခေါင်းခါလိုက်သည်။

 

"နောက်ထပ် မိသားစုတွေကို ထပ်ရှာကြည့်လိုက်ပါ၊ ချိုင်မိသားစုကတော့ မဖြစ်ဘူး"

 

သခင်မရှန်းက သက်ပြင်းချရင်း ညည်းညူလိုက်သည်။

 

 "ကျွန်မ နားလည်ပါတယ်ဒါပေမယ့် ဒီပုံစံအတိုင်းဆိုရင်တော့ အစကနေ ပြန်ရှာရတော့မှာပဲ၊ ဝမ်အာကတော့ သူ့ဦးလေးရဲ့ မိသားစုထဲက ဝမ်းကွဲကို စဥ်းစားဖို့ အကြံပေးတယ်"

 

အမတ်မင်းဝမ်ကိုယ်တိုင်လည်း သူ့ကိုယ်လုပ်တော်ဖွားသမီး၏ အိမ်ထောင်ရေးအတွက် သင့်တော်သည့် ဖြေရှင်းချက် မရှာနိုင် ဖြစ်နေသည်။ ခဏမျှ စဉ်းစားပြီးနောက် သူက အကြံပြုလိုက်ပြန်သည်။

 

"အဆင်မပြေဘူးဆိုရင်လည်း အခုမှ ရာထူးရခါစ အရာရှိအသစ်လေးတွေထဲကပဲ ရွေးချယ်ရတော့မှာပေါ့"

 

သူမကို  အိမ်ထောင်မချပေးဘဲ အိမ်မှာပဲ ထာဝရနေခိုင်းလို့ မရဘူး၊ အချိန်တွေ ကြာလာတာနဲ့အမျှ အပြင်လူတွေက ဝမ်မိသားစုကို ဘယ်လိုထင်ကြမလဲ

 

ပညာရှင်ရွေးချယ်မှုပြီးသွားတာ သိပ်မကြာသေးတော့ ထူးချွန်တဲ့ ပညာရှင်အသစ်တွေထဲမှာ လူကောင်းတစ်ယောက် ရှာဖို့ ခက်လောက်မယ် မထင်ဘူး’

သခင်မရှန်းက ထိုအကြံကို ပြန်တွေးနေပြီး ဤအကြံပြုချက်က အလုပ်ဖြစ်နိုင်သည်ဟု ခံစားလာရသည်။

 

“ဒါဆိုရင်လည်း နောက်တစ်ခါကျရင် သခင်ကြီး သူတို့ကို သေသေချာချာလေး အကဲခတ်ပေးပါဦး၊ လူကောင်းတစ်ယောက် တွေ့ရင် အဲ့လူငယ်လေးရဲ့နာမည်ကို ပြောပြရုံပါပဲ၊ ကျန်တာတွေကို ကျွန်မ စီမံပေးပါ့မယ်

🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟