Chapter 22
ဘယ်လိုတောင်အမှိုက်သရိုက်ဆန်တဲ့ဖိုရမ်လဲ...
၎င်းက ဆက်စပ်မတွေးမိရန်ခက်ခဲလှသည်။
ပို့စ်တွင်ပါသောအကြောင်းအရာမှာ မပြည့်စုံလှချေ။ ဤကမ္ဘာကြီးတွင်လည်း အဆိုပါအဖြစ်အပျက်များမှာ မထူးဆန်းလှသော်လည်း ရုန်ယီက အောက်ဆုံးအပိုဒ်ထိဖတ်ရမည်ကို ကြောက်ရွံ့၍နေခဲ့သေးသည်။
အထူးသဖြင့် ပို့စ်အလယ်ပိုင်းတွင် အိုမီဂါ၏ပုံပန်းသဏ္ဍာန်အား အကျယ်တဝင့်ဖော်ပြထားလေသည်။ လိင်အမျိုးအစားကိုဘေးဖယ်လိုက်ပါက ရုန်ယီ သူ့ကိုယ်သူကြည့်ကောင်းမှန်းသိသော်လည်း ထိုမျှအထိလွန်ကဲစွာကြည့်ကောင်းခြင်းမျိုးတော့မဟုတ်ချေ။
ပို့စ်တင်ထားသည့်နေ့စွဲကိုတွေ့ချိန်၌ သူပို၍ပင်တွေဝေသွားခဲ့သည်။
ပုံမှန်အားဖြင့် ဤကဲ့သို့အဖြစ်အပျက်မျိုးကြုံတွေ့ပြီး ရက်အနည်းငယ်ကြာမှ ပို့စ်တင်လေ့ရှိကြလေသည်။ သို့သော် ယခုပို့စ်က သူချန်းခယ့်ယောင်၏အိမ်သို့ရောက်ပြီး နှစ်ရက်အကြာ၌တင်ထားခြင်းသာဖြစ်သည်။
သူက ပို့စ်ရေးသူ၏ပရိုဖိုင်ကိုဝင်ကြည့်သည့်အခါ လိင်အမျိုးအစား၌ 'မိန်းကလေး' ဟူ၍ရေးသားထားသည်ကို တွေ့လိုက်ရလေသည်။
စကားမစပ်...အန်တာကရော စိတ်ဖိစီးမှုကြောင့်ဖြစ်တယ်လို့ပြောလို့ရလား...
အားလုံးကိုထည့်သွင်းစဥ်းစားကြည့်ရာတွင် ထိုပို့စ်မှာ သူ့အကြောင်းတင်ထားခြင်းဖြစ်ပုံမရကြောင်း သေချာသွားခဲ့၏။ အဆုံးသတ်တွင် ကမ္ဘာကြီးကကျယ်ဝန်းလှကာ မည်သည့်အရာမှဆန်းကြယ်ခြင်းမရှိချေ။ ဤကဲ့သို့ဖြစ်ရပ်မျိုးမှာလည်း အချိန်မရွေးဖြစ်နိုင်လေသည်။ သို့သော် သူ့အကြောင်းဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ ရုန်ယီက ကွန်မန့်ရေးလိုက်မိလေသည်။
“မင်းနေမကောင်းဖြစ်နေတာက မသိသာလွန်းဘူးလား...မင်းဘာလို့ကုသမှုမခံယူရတာလဲ...”
သူက ထိုဖိုရမ်ထဲတွင်စာရင်းပေးပြီးပြီဖြစ်ရာ မှတ်ချက်ရေးနိုင်လေသည်။ သို့သော် သူက မှတ်ချက်ရေးသည်ဟု နှိပ်လိုက်သည်နှင့် လေးထောင့်ကွက်တစ်ခုပေါ်လာပြီး ဖုန်းနံပါတ်အတည်ပြုရန်တောင်းဆိုလာ၏။ သူက စိတ်ရှည်လက်ရှည်ဖြင့် ဖုန်းနံပါတ်ဖြည့်၊ အတည်ပြုကုဒ်ထည့်သွင်းပြီးသည့်အခါ နောက်ထပ်လေးထောင့်ကွက်တစ်ခုပေါ်လာပြီး ဖိုရမ်၏လုပ်ဆောင်ချက်များအား ပြီးစီးအောင်အရင်လုပ်ရန် ပြောကြားပြန်သည်။ ဤသို့ဖြင့် ရုန်ယီတစ်ယောက် ပရိုဖိုင်ပုံတင်ခြင်း၊ သူ၏အချက်အလက်များဖြည့်ခြင်းတို့ကို ပြုလုပ်ရပြန်သည်။ ထို့နောက် ဇွဲနပဲကြီးစွာဖြင့် မှတ်ချက်ရေးသည်ကို နှိပ်လိုက်သည့်အခါ ဖိုရမ်အသုံးပြုသူအသစ်တစ်ဦးအနေဖြင့် ၂၄ နာရီပြည့်အောင်စောင့်ပြီးမှ မှတ်ချက်ရေးခွင့်ရှိကြောင်း စနစ်ကပြောလာလေသည်။
ရုန်ယီ အရမ်းစိတ်ဆိုးသွားကာ သူ့ဖုန်းရှိဝက်ဘ်ဆိုဒ်ကိုပိတ်လိုက်ပြီး တန်းအိပ်လိုက်တော့သည်။
နောက်တစ်နေ့မှာ တနင်္ဂနွေနေ့ဖြစ်သည့်အလျှောက် ရုန်ယီ နေ့လည်စောင်းအထိအိပ်နေလေသည်။
ရုန်ယီသူ့အခန်းထဲမှထွက်လာသည့်အခါ ဧည့်ခန်းထဲတွင် တစ်ယောက်ယောက်နှင့်ဖုန်းပြောနေပုံရသည့် ချန်းခယ့်ယောင်အား တွေ့လိုက်ရသည်။ အမျိုးသားနှစ်ဦးအကြည့်ချင်းဆုံသွားစဥ် ချန်းခယ့်ယောင်က ခေါင်းညှိတ်ပြရင်းနှုတ်ဆက်လိုက်၏။ ရုန်ယီ အကြောင်းမဲ့ပျာယာခတ်သွားကာ ဘာမှမတုံ့ပြန်ပဲ ရေချိုးခန်းထံသို့ဦးတည်လိုက်လေသည်။
တိုက်ဆိုင်မှုသာဖြစ်သော်လည်း ရုန်ယီက ထိုပို့စ်အားတင်ခဲ့သူမှာ ချန်းခယ့်ယောင်ဟုတ်မဟုတ် ဖော်ထုတ်လိုဆဲဖြစ်သည်။
သူက ပို့စ်တွင်ပါဝင်သည့်အချက်တစ်ချက်ကို သတိပြုခဲ့မိသည်။ ထိုသူက အိုမီဂါများကိုလက်မခံနိုင်ခြင်းမဟုတ်ပဲ အိုမီဂါများအတွက် ခံစားချက်များဖြစ်ပေါ်လာသည်ကိုသာ လက်မခံနိုင်ခြင်းဖြစ်ကြောင်း ပြောခဲ့လေသည်။
ရုန်ယီ၏အရက်မူးနေသောမှတ်ဉာဏ်ထဲတွင် ဓာတ်လှေကားထဲရှိမြင်ကွင်းက ထင်ရှားခြင်းမရှိသော်လည်း သဲလွန်စများကျန်ရှိနေဆဲဖြစ်၏။ ရုန်ယီက ထိုအကြောင်းကိုအစမဖော်ခဲ့သော်ငြား သူဂရုမစိုက်ဟုမဆိုလိုချေ။
သူက အမှန်တကယ်စိတ်ဆိုးနေပြီး ဒီအတိုင်းလွှတ်မပေးလိုက်နိုင်ဖြစ်နေ၏။ ချန်းခယ့်ယောင်က 'ငါတို့အခုသူငယ်ချင်းဖြစ်သွားပြီ' ဟုပြောခဲ့သော်လည်း သူ ဖက်လိုက်ရုံနှင့်နေမကောင်းပါဖြစ်သွားခဲ့သည်။ ၎င်းမှာဓာတ်လှေကားကြောင့်ဟုရှင်းပြခဲ့သော်ငြား ရုန်ယီလုံးဝမယုံနိုင်ပေ။
သို့သော် သူအရှိုက်ထိစရာကိစ္စဖြစ်သည့်အတွက် ထိုအလိမ်အညာအားဖော်ထုတ်ချင်စိတ်မရှိခဲ့။ ထို့အပြင် ချန်းခယ့်ယောင်အား သူ၏ပြင်းထန်သောတုံ့ပြန်မှုနှင့်ပင် အခြားတစ်ဦး၏သိက္ခာအားကာကွယ်ပေးတတ်သည့် ကြင်နာတတ်သောနှလုံးသားနှင့်အမျိုးသားတစ်ဦးဟု ရုန်ယီ သတ်မှတ်ခဲ့မိ၏။
သို့သော် ချန်းခယ့်ယောင်သာ ပို့စ်တင်သူဖြစ်ပါက အထက်ပါအရာအားလုံးအကျုံးမဝင်တော့ချေ။
ထိုစဥ်က ချန်းခယ့်ယောင်ငြင်းဆန်ခဲ့ခြင်းမှာ ဒီအတိုင်းဖုန်းကွယ်လို၍သာဖြစ်ရမည်။ ၎င်းကအချစ်ဟုမဆိုနိုင်သော်လည်း ချန်းခယ့်ယောင် သူ့အပေါ် ခဏတဖြုတ်ရင်ခုန်သွားခဲ့ခြင်းပင်။
သေချာပေါက်ကို အဲ့ဒါက ချန်းခယ့်ယောင်ကပို့စ်တင်တဲ့လူ ဆိုတဲ့အချက်အပေါ် မူတည်နေပေမယ့်ပေါ့...
ရုန်ယီ သွားတိုက်ဆေးဘူးကိုတစ်ဝက်ကျိုးသည်အထိ ဖျစ်လိုက်သည်။
သူက မှန်ရှေ့တွင်မျက်မှောင်ကြုတ်ကာရပ်နေလျှက် အတွေးထဲနစ်မြုပ်နေ၏။ ထိုစဥ် သူ့လက်များက ကပ်စေးစေးဖြစ်လာခဲ့သည်။
သူက လက်ပေါ်ရှိ အဆိုပါပူရှိန်းရှိန်းသွားတိုက်ဆေးအကုန်လုံးကို ရေနှင့်ဆေးချလိုက်သော်လည်း သူ့လက်ချောင်းများနှင့်လက်ခုံမှာ အေးစက်စက်ဖြစ်နေလေသည်။ ရေချိုးခန်းအတွင်းမှထွက်လာချိန်၌ လက်ခုံကို သူ့ခါးနားကအဝတ်စနှင့် အမှတ်တမဲ့ပွတ်တိုက်နေမိသည်။ ထို့နောက် ဧည့်ခန်းအတွင်းရှိဆိုဖာပေါ်တွင်ထိုင်လျှက် သူ့ပါးသူလက်နှင့်ပွတ်နေသော ချန်းခယ့်ယောင်အားတွေ့လိုက်ရလေသည်။
သူ့မျက်နှာပေါ်ရှိအနာက အနာဖေးတက်ရုံသာရှိပြီး အပြည့်အဝမပျောက်သေးချေ။ ရုန်ယီ အနည်းငယ််စိုးရိမ်သွားခဲ့သည်။
ချန်းခယ့်ယောင် သူ့ကိုမော့ကြည့်ကာ လုံးဝမျှော်လင့်ချက်မဲ့နေသောမျက်နှာဖြင့် ဆိုဖာပေါ်ခြေပစ်လက်ပစ်လှဲချလိုက်သည်။
“ငါ ကလေးမိဘတွေဆီကတိုင်ကြားခံခဲ့ရတယ်...” သူကဆိုသည်။
“ငါက လူဆိုးဂိုဏ်းသားနဲ့တူလို့ သူ့ကလေးကိုငါ့ဆီအပ်မထားနိုင်ပါဘူးဆိုပြီး မိဘတစ်ယောက်ကပြောလာတယ်လေ...”
“ထိန်းမထားပါနဲ့...” ချန်းခယ့်ယောင် သူ့ကိုတစ်ချက်ကြည့်လိုက်သည်။
ချန်းခယ့်ယောင်က ခန္ဓာကိုယ်တစ်ခုလုံးယိမ်းထိုးသည်အထိရယ်နေသော ရုန်ယီ့ကိုမျက်မှောင်ကြုတ်၍ကြည့်ရင်း သက်ပြင်းချလိုက်သည်။
“ငါအရမ်းမှားနေတယ်လို့ခံစားရတယ်...အဲ့ဒီ့အနာရွတ်က သူရဲကောင်းဆန်ဆန်ထွက်လာခဲ့တဲ့ ရဲရင့်မှုရဲ့သက်သေလေ...”
“မင်းရဲ့အဖွဲ့က အဲ့ဒါကိုရှင်းပြမပေးကြဘူးလား...” ရုန်ယီသူ့ဘေးတွင်ထိုင်ကာ မေးလိုက်၏။
“ငါကလမ်းမှာ ကလေးတစ်ယောက်ကိုကယ်ဖို့ လူဆိုးတွေနဲ့တိုက်ခိုက်ရင်း ဒဏ်ရာရခဲ့တာပါလို့ရှင်းပြခဲ့တယ်လေ...” ချန်းခယ့်ယောင်ကဆိုသည်။
“ဒါပေမယ့် ကြည့်ရတာအလုပ်မဖြစ်ဘူးထင်တယ်...”
ကယ်တင်ခံလိုက်ရသည့်ကလေးလေးရုန်ယီက ခဏကြာစဥ်းစားလိုက်၏။
"…ငါမင်းရဲ့ဂုဏ်ပြုခံစလွယ်ကို မင်းအလုပ်ဆီပို့ပေးမယ်ဆိုရင်ရော”
“မရတော့ဘူး...” ချန်းခယ့်ယောင် ခါးသက်စွာလက်ဝေ့ယမ်းပြလိုက်သည်။ “ငါ့ကိုအခုအားလပ်ရက်ပေးလိုက်ပြီ...”
ရုန်ယီ ကြောင်အသွားသည်။ “အိုး...”
“တိုင်ကြားခဲ့တဲ့မိဘက တစ်ယောက်ထဲတောင်မဟုတ်ဘူး...” ချန်းခယ့်ယောင်သက်ပြင်းချလိုက်၏။
“အဲ့ဒီ့နေ့က မိဘတော်တော်များများရောက်လာခဲ့ပုံပဲ...သူတို့ကစာရင်းပေးဖို့လာကြတာဆိုပေမယ့် ငါ့လည်းမြင်ရော လှည့်ပြန်သွားကြတယ်လေ...”
“မင်းရယ်ချင်ရယ်လိုက်စမ်းပါ...မင်းမျက်နှာကြီးကရှုံ့တွနေတာပဲ...”
“ငါ့ပုံစံကကြောက်စရာကောင်းနေလား...” ချန်းခယ့်ယောင် မကျေမနပ်ဖြင့်မေးလိုက်၏။ “ငါ့ကိုယ်ငါမှန်ထဲကြည့်ရတာတော့ အဆင်ပြေပါတယ်...”
“အာ...ကောင်းပြီလေ...မင်းမျက်နှာကကြည့်ရမဆိုးပါဘူး...” ရုန်ယီကပြန်ဖြေလိုက်၏။
“ကလေးတစ်ယောက်ဆိုငါ့ကိုမြင်မြင်ချင်း ငိုပြီးထွက်ပြေးသွားတာ...သူကအတန်းထဲပြန်မလာတော့ပဲ သူ့အမေကိုပဲလိုက်ရှာနေရော...”
“…”
ရုန်ယီခေါင်းယမ်းလိုက်၏။
ဒီတစ်ခါ သူ့မျက်နှာတွန့်လိမ်သွားခဲ့ခြင်းမှာ ရယ်ချင်စိတ်ကိုထိန်းထားရ၍မဟုတ်ချေ။ ကလေးများအလွန်နှစ်သက်သောချန်းခယ့်ယောင်အတွက် ဤသို့သောကိစ္စက ထိုးနှက်ချက်ကြီးတစ်ခုပင်ဖြစ်ပြီး ရယ်ရန်မသင့်တော်လှပေ။
ချန်းခယ့်ယောင်မျက်နှာပေါ်ရှိဒဏ်ရာက သူ့တာဝန်မကင်းသဖြင့် ရုန်ယီသူ့အတွက်စိတ်မကောင်းဖြစ်သွားခဲ့သည်။
ချန်းခယ့်ယောင်က ကူရှင်တစ်ခုကိုဆွဲယူကာ ဖက်ထားလေသည်။
“ငါက ဒုတိယပေါ်ပြူလာအဖြစ်ဆုံးဆရာဆိုပြီးတောင် မဲပေးခံခဲ့ရတာ...”
ခုနကအထိ အလေးအနက်ဖြစ်နေခဲ့သောရုန်ယီတစ်ယောက် တဟားဟားအော်ရယ်ပြန်လေသည်။
ချန်းခယ့်ယောင်သူ့ကိုစိုက်ကြည့်လိုက်သည့်အခါ သူကမရယ်မိအောင်ထိန်းချုပ်လိုက်ရင်း လက်ခုပ်တီးပေးလိုက်၏။
အကြောင်းရင်းအချို့ကြောင့် ချန်းခယ့်ယောင်က ၎င်းကိုအလေးအနက်ဆွေးနွေးလာခဲ့၏။
ထိုအမျိုးသားက ကြည့်ကောင်းပြီးကြင်နာတတ်ကာ သူ၏အလုပ်တွင်လည်းကျွမ်းကျင်လိမ္မာ၏။ ကလေးများက ရင့်ကျက်သောအရွယ်ရောက်သူများထံတွင် ဆွဲဆောင်ခံရလေ့ရှိသည်။ သူအရင်တခါသွားရောက်စဥ်က သူတို့ကြားတွင် အကာအရံတစ်ခုခြားနေသော်လည်း ဆရာချန်းအပေါ် ကလေးများအလွန်လေးစားကြကြောင်း တွေ့မြင်နိုင်လေသည်။
ရုန်ယီ ထိုနေ့အကြောင်းပြန်စဥ်းစားနေစဥ် ကားပါကင်ရှိအဖြစ်အပျက်ကိုပါ အမှတ်ရသွားခဲ့သည်။
သူက ရုတ်တရက်မျက်မှောင်ကြုတ်လိုက်သဖြင့် ချန်းခယ့်ယောင်ဘက်မှကြည့်လျှင် အထင်လွဲစရာတုံ့ပြန်မှုတစ်ခုသဖွယ် ဖြစ်သွားခဲ့၏။
ချန်းခယ့်ယောင်က ဆိုဖာပေါ်မှထကာ ကူရှင်ကိုပါသယ်လျှက် သူ့အခန်းထဲသို့တဟုန်ထိုးပြေးဝင်သွားခဲ့၏။
“အာ...” ရုန်ယီ အနည်းငယ်အံ့သြသွားခဲ့၏။
“ဒုတိယပေါ်ပြူလာအဖြစ်ဆုံးဆရာအဖြစ် ဆုချီးမြှင့်စာလား...”
ချန်းခယ့်ယောင်ပြန်လာချိန်၌ ကူရှင်အပြင် ဓာတ်ပုံဘောင်တစ်ခုကိုပါ ကိုင်လာခဲ့သည်။
သူက ဒီလိုဟာမျိုးကို ဘောင်တောင်ခတ်ထားတယ်ပေါ့...
“ဒီမှာကြည့်...” ချန်းခယ့်ယောင်က ဓာတ်ပုံဘောင်ကိုကမ်းပေးလိုက်၏။ “ချစ်စရာမကောင်းဘူးလား...”
ရုန်ယီက ဓာတ်ပုံဘောင်ကိုယူကာ အထဲရှိပုံအားကြည့်ပြီးသည့်နောက် သူရှုပ်ထွေးသွားခဲ့ရလေသည်။
အဆိုပါပန်းချီကားက ချန်းခယ့်ယောင်သေချာအားစိုက်၍ လှလှပပဘောင်သွင်းထားပုံနှင့် အမှန်တကယ်မလိုက်ဖက်ချေ။ လျှောက်ခြစ်ထားသောလူပုံကလေးများက ညီညီညာညာယှဥ်ရပ်လျှက်ရှိကာ ရင်ဘတ်ပေါ်၌နာမည်များရေးထားပြီး အုပ်စုလိုက်ရိုက်ထားသောဓာတ်ပုံနှင့် တူညီနေလေသည်။
“မင်းရဲ့ကျောင်းသားတစ်ယောက် ဆွဲထားတာလား...”
“ဟုတ်တယ်...” သူ့ဘေးတွင်ထိုင်ရင်း ချန်းခယ့်ယောင်က လူပုံခပ်ကြီးကြီးတစ်ခုကိုညွှန်ပြလိုက်၏။ “ဒါကငါလေ...”
သိသာစွာပင် ထိုပုံ၌ 'ဆရာချန်း' ဟူသည့်စာလုံးသုံးလုံး ရေးသားထားလေသည်။
“ဒါက အရင်အတန်းကပေးတဲ့မွေးနေ့လက်ဆောင်လေ...” ချန်းခယ့်ယောင်ကဆိုသည်။
"အတန်းထဲကကလေးအချို့က တကယ့်ကိုထက်မြက်ကြတော့ ဒါကိုတိတ်တိတ်လေးပြင်ထားကြတာ...သူတို့ထဲကတစ်ယောက်ချင်းစီက သူတို့ပုံသူတို့ဆွဲပြီး ငါ့အတွက်နေရာချန်ထားပေးကြတာလေ...ငါ့ကိုယ်ငါဆွဲဖို့ဆိုပြီး...ချစ်စရာမကောင်းဘူးလား...”
ရုန်ယီက ဆရာချန်း ဟုနာမည်ထိုးထားသော မီးခြစ်ဆံလေးနှင့်တူသောလူပုံအား ငုံ့ကြည့်လိုက်သည်။
ချန်းခယ့်ယောင် ခေါင်းညှိတ်လိုက်သည်။
တရုတ်စာလုံးများက လှပသပ်ရပ်စွာရေးသားထားကာ ကလေးများ၏လက်ရေးနှင့် အတော်လေးကွာဟနေ၏။ သို့သော် ပန်းချီကဘာမှမကွာချေ။ ၎င်းသည်လည်းစွမ်းရည်တစ်မျိုးဖြစ်ရမည်။
ချန်းခယ့်ယောင်က ထိုလက်ဆောင်အားကြိုက်နှစ်သက်လှသဖြင့် ဘောင်ပင်ခတ်ထားလေသည်။ ရုန်ယီက သူ့အခန်းထဲသို့တစ်ခါမှမရောက်ဖူးရာ ယခုကဲ့သို့ထင်သာမြင်သာရှိသည့်အခြေအနေမျိုးတွင် သေချာပေါက်ထုတ်ကြွားနိုင်ရန်အတွက် ပန်းချီကားအားအမြန်ပြေးယူခဲ့ခြင်းဖြစ်၏။
ကလေးတွေနဲ့အချိန်ကုန်ပါများရင် ဒီလိုပဲအပြစ်ကင်းပြီးချစ်စရာကောင်းလာတတ်တာလား...
ဘဝင်ခိုက်နေသောချန်းခယ့်ယောင်ကိုကြည့်၍ ရုန်ယီရင်ထဲထိသွားသည်။ သူက ခေါင်းငုံ့၍ချောင်းအသာဟန့်လိုက်ရင်း
“ကောင်းပြီ...ကောင်းပြီ...ဒီအနာရွတ်ကသေချာပေါက်ပြန်ပျောက်သွားမှာပါ...အဲ့ဒီ့အခါကျရင် မင်းက ကလေးတွေရဲ့ဘုရင်ကြီးပြန်ဖြစ်နိုင်ပြီ...”
“ဟုတ်တယ်...” ချန်းခယ့်ယောင် သက်ပြင်းချလိုက်သည်။ “ငါတော့မြန်မြန်ပျောက်ချင်ပြီ...”
ရုန်ယီ ခေါင်းညိတ်လိုက်၏။ ရုတ်တရက် သူသိချင်တာကြာပြီဖြစ်သော်လည်း မေးရန်အခွင့်မကြုံသေးသည့် အရာတစ်ခုကိုသတိရသွားသည်။
“ဒီတိုင်းဆို...မင်းဝင်ငွေဘယ်ရှိတော့မလဲ...”
“စိတ်မပူပါနဲ့...အပါတ်တိုင်းရှိတဲ့ အတန်းနှစ်ခုကတော့ ငါ့ကိုပိုက်ဆံပေးမှာမဟုတ်ဘူး...” ချန်းခယ့်ယောင်ကဆိုသည်။
“ငါ့ရဲ့အဓိကအလုပ်က အဲ့ဒါမဟုတ်ဘူးလေ...ငါအစားအစာတွေဝယ်ဖို့တော့ တတ်နိုင်ပါသေးတယ်...”
“ဒါဆိုမင်းရဲ့အဓိကအလုပ်က...”
ထိုလူက နေ့တိုင်းနေ့လည်မှအိပ်ရာထကာ အလုပ်လုပ်နေခြင်းမျိုးမတွေ့ရချေ။ ရုန်ယီ သူ့အလုပ်ကိုတကယ့်ကိုသိချင်လှပါ၏။
“အာ…” ချန်းခယ့်ယောင်က ထုတ်ပြောဖို့ကသိကအောက်နိုင်နေဆဲဖြစ်သည်။
“အဲ့ဒါက ငါ့ရဲ့ဉာဏ်ပညာကြီးမားလှတဲ့ဦးနှောက်ကို အသုံးချနေသရွေ့ ဆာလောင်ပြီးမသေအောင်ထားနိုင်တဲ့ အလုပ်ပေါ့...”
ရုန်ယီ၏သရော်တော်တော်အမူအရာကြောင့် ချန်းခယ့်ယောင် ထပ်ထည့်ပြောလိုက်သည်။
ချန်းခယ့်ယောင်က ဆက်ပြောသည်။ “ပြီးတော့ အဲ့ဒါကတရားဝင်ပါတယ်...”
“မပြောချင်လည်းမေ့လိုက်တော့...” ရုန်ယီက မီးဖိုခန်းထံဦးတည်လိုက်၏။
သို့သော် သူသိချင်နေဆဲဖြစ်သည်။ ချန်းခယ့်ယောင်ပုံစံက အလွန်ချမ်းသာနေပုံပေါ်ပြီး အချိန်အများစု၌အပြင်သွားအလုပ်လုပ်ရန် မလိုအပ်သည်မှာသိသာလှသည်။ သူ့ပုံစံက ရင်းနှီးမြှုပ်နှံသူနှင့်လည်းမတူသလို အွန်လိုင်းစျေးဆိုင်ဖွင့်နေသူနှင့်လည်း ပို၍ပင်မတူချေ။
ဒါဆိုဘာများပါလိမ့်...သူက အိမ်ခန်းပိုင်ရှင်မို့လို့လား...ဒါကလည်းဦးနှောက်သုံးစရာသိပ်မလိုလှပါဘူး...
ရုန်ယီ ပဟေဠိဖြစ်စွာဖြင့် ရေခဲသေတ္တာကိုဖွင့်ကာ မနေ့ညကဝယ်ခဲ့သောဒိန်ချဥ်ကိုရှာလိုက်သည်။ သို့သော် ဒိန်ချဥ်ဘူး ထပ်မံ၍ပျောက်နေသည်ကို တွေ့လိုက်ရ၏။
ဒိန်ချဥ်သူခိုးဟုသံသယဖြစ်ဖွယ်ရှိသောသူ၏ အသံက မီးဖိုခန်းအပြင်ဘက်မှထွက်ပေါ်လာသည်။
စာရေးသူ notes:
ရုန်ယီ : နေပါဦး...ဒီကောင့်မှာဉာဏ်ပညာကြီးမားတဲ့ဦးနှောက်တကယ်ရှိတာလား...
Xxxxxx