အခန်း (၆၁) - မျက်လုံးဖြူ ဝံပုလွေ
ဒီလိုဆောင်းရာသီမျိုးမှာ အခြေခံအားဖြင့် ဘာမှလုပ်စရာအလုပ် မရှိဘူး။
လင်းချင်းဟယ်သည် ကလေးတွေအတွက်နှင့် သူမကိုယ်တိုင်အတွက်ပါ ဆွယ်တာဘောင်းဘီရှည်များ ချည်ထိုးပြီးပြီဖြစ်သည်။ ကျိုးချင်းပိုင်အတွက်ကတော့ မလိုအပ်ပါဘူး။ သူက ဆွယ်တာဘောင်းဘီရှည်များကို ဝတ်လေ့မရှိဘူးလို့ ပြောသည့်အတွက် လင်းချင်းဟယ်က သူ့အတွက် ကြိုးလေးတစ်ချောင်းကိုမျှ မထိုးပေးဘူး။
ရာသီဥတု ကောင်းမွန်တာကို အခွင့်ကောင်းယူ၍ လင်းချင်းဟယ်သည် လင်းအိမ်တော်ဟောင်းကို အပြစ်ရှာဖို့ ပြန်ရန် ဆုံးဖြတ်လိုက်ပြီး လောင်စန်းကို ကျိုးချင်းပိုင်အား ထိန်းထားခိုင်းသည်။
သူမသည် ဒီရက်ကို စောင့်မျှော်နေခဲ့သည်မှာ ကြာမြင့်လှပြီ။
သူမသည် လင်းအိမ်တော်ဟောင်းကို ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် လင်းချင်းဟယ်သည် သူမ၏ ဒုတိယယောင်းမဖြစ်သူနှင့် ဝင်တိုက်မိသည်။
“ယို... အငယ်ဆုံးကူကျစ်လေး နောက်ဆုံးတော့ အိမ်ပြန်လာဖို့ ဆန္ဒရှိပြီပဲ။ ဒီနှစ်မှာတော့ အငယ်ဆုံးကူကျစ်က မိခင်ဖက်မှ မိသားစုဆီ ပြန်မလာတော့ဘူးလို့ ထင်နေတာ။” ဟု ဒုတိယယောင်းမဖြစ်သူက ပဟေဠိဆန်သော စကားများဖြင့် မှတ်ချက်ချသည်။
“ဘာလို့ ငါ့မိခင်ဖက်က မိသားစုဆီ ပြန်မလာရမှာလဲ။ ဒီမိခင်ဖက်က မိသားစုက ငါ့သွေးရင်းပဲလေ။ ငါ ဘယ်သွားသွား ဒါကို မေ့မှာ မဟုတ်ဘူး။” လင်းချင်းဟယ်က ရွှင်ပျစွာ တုံ့ပြန်လိုက်သည်။
“အငယ်ဆုံးကူကျစ် မင်း ဒီအချိန် မိခင်ဖက်က မိသားစုအိမ်ကို ဘာလို့ လက်ဗလာနဲ့ ပြန်လာရတာလဲ။” ဒုတိယယောင်းမဖြစ်သူက လင်းချင်းဟယ်ထံသို့ အမြန်စစ်ကြည့်ကာ နှာခေါင်းရှုံ့လိုက်သည်။
“ဘာလဲ။ ဒါဆို ရှင်ရော ရှင့်မိခင်ဖက်က မိသားစုဆီ ပြန်သွားတဲ့အခါ အထုပ်ကြီး အထုပ်ငယ် သယ်သွားလို့လား။ ငါပြောတာကို ယုံလိုက်၊ နင် အဲ့လိုသယ်သွားတာကို သူမ ရှာတွေ့ခဲ့ရင် ငါ့အမေက နင့်ခြေထောက်ကို ရိုက်ချိုးလိုက်လိမ့်မယ်။” လင်းချင်းဟယ်က မပြုံးချင်မရယ်ချင်မျက်နှာဖြင့် ပြုံးလိုက်သည်။
ဒုတိယယောင်းမဖြစ်သူ၏ မျက်နှာသည် လုံးဝပျက်ယွင်းသွားသည်။ သူမသည် ဒေါသမထွက်နိုင်ခင် တုန်လှုပ်သွားခဲ့သည်။
လင်းချင်းဟယ်သည် သူမရဲ့ အကျင့်ဆိုးများကို လက်ခံပေးမည် မဟုတ်ပါ။ အပြင်ဖက်မှ အသံတွေကြောင့် အမေလင်းက အိမ်ထဲမှ ထွက်လာခဲ့သည်။ အကြီးဆုံးယောင်းမနဲ့ တတိယယောင်းမကလည်း သူမနောက်မှ လိုက်လာခဲ့သည်။
သူမမောင်လေးရဲ့ ဇနီးဖြစ်သည့်အတွက် သူမကို တတိယယောင်းမလို့ မခေါ်သင့်ဘူး။ (T/N: မြန်မာမှာတော့ အစ်ကိုတွေ မောင်တွေရဲ့ ဇနီးကို ယောင်းမလို့ပဲ ခေါ်ဆိုကြသည့်အတွက် ယောင်းမလို့ပဲ ရေးမယ်နော်။)
“နင် ပြန်လာတာနဲ့ မငြိမ်းချမ်းတော့ဘူး။ နင် ဘာအတွက် ပြန်လာရတာလဲ။” အမေလင်းက မှုန်တေတေရုပ်ဖြင့် ရေရွတ်သည်။
“အိုး... ကျွန်မ ပြောရရင် အမေက ကျွန်မ အထုပ်ကြီး အထုပ်ငယ်တွေ မပါပဲ လက်ဗလာနဲ့ အိမ်ပြန်လာလို့ ညိုညင်နေတာလား။ နောက်ဆုံးတစ်ခေါက် ကျွန်မ အိမ်ပြန်လာတုန်းကတော့ ဒီလို အသံမျိုး မဟုတ်ပါဘူး။” လင်းချင်းဟယ်က ပွင့်ပွင့်လင်းလင်း ထောက်ပြပြောဆိုလိုက်သည်။
သံသယရှိစရာ မလိုဘူး။ ဒီနေ့ သူမ ဒီကို အပြစ်ဆိုဖို့ ရောက်လာတာ ဖြစ်သည့်အတွက် သူမစကားများကို သင့်တော်အောင် ရွေးချယ်ပြောဆိုမည် မဟုတ်ပါ။
အမေလင်းသည် သူမ မျက်နှာပျက်သွားသလို ခံစားရပြီး ဆူပူကြိမ်းမောင်းလိုက်သည်။ “နင် ဘာပြောလိုက်တာလဲ။ ငါက နင့်ကို အိမ်ကို ပစ္စည်းတွေ ပြန်ယူလာဖို့ ပြောခဲ့လို့လား။ နင့်ဆန္ဒနဲ့ နင် ယူလာခဲ့တာလေ။ ဒါကို နင်က ငါ့ကို ဘာလို့ စိတ်ဆိုးနေရတာလဲ။”
“တော်ပြီ။ တခြားကိစ္စတွေအတွက် ကျွန်မ အမေနဲ့ ကတောက်ကဆ မဖြစ်ချင်ဘူး။ ကျိုးချင်းပိုင် စစ်တပ်ကနေ အနားယူသွားပြီဆိုတော့ အနာဂတ်မှာ ကျွန်မတို့ ပုံမှန်ဝင်ငွေ မရှိတော့ဘူး။ ငါတို့မိသားစုက ကလေးသုံးယောက်ကိုလည်း ပြုစုပျိုးထောင်ဖို့ ကျန်သေးတယ်။ လူကြီးတွေ အစာငတ်တာကို ခံနိုင်ရည် ရှိပေမယ့် ကလေးတွေကတော့ အစာမခံနိုင်ဘူးလေ။ ဒါ့ကြောင့် ကျွန်မ အမေတို့အိမ်ပြန်လာပြီး ပိုက်ဆံများများနဲ့ ပစ္စည်းတွေ ပြန်လာသယ်တာပဲ။ အခု ကျွန်မတို့ မိသားစု အခြေအနေက တော်တော်ဆိုးရွားနေလို့ အမေတို့မိသားစုက ကျွန်မကို နည်းနည်းလောက် ထောက်ပံ့ပေးသင့်တယ်လို့ မထင်ဘူးလား။” လင်းချင်းဟယ်က ရိုးရိုးရှင်းရှင်း ပြောလိုက်သည်။
ထိုစကားလုံးတွေကြောင့် အမေလင်း၊ အကြီးဆုံးယောင်းမနဲ့ တတိယမရီးတို့ကို စိတ်ပျက်အံ့အားသင့်သွားစေခဲ့သည်။
သူတို့သည် ကျိုးချင်းပိုင် စစ်တပ်မှ အနားယူလိုက်ခြင်းကြောင့် မတုန်လှုပ်ခဲ့ကြသော်လည်း သူတို့သမီး/ကူကျစ် လင်းချင်းဟယ်က ဒီလိုတောင်းဆိုမှုကို ရဲရဲဝံ့ဝံ့ တောင်းဆိုခြင်းကြောင့် အံ့သြတုန်လှုပ်သွားခဲ့ကြသည်။
လင်းအိမ်တော်ဟောင်းမှာ မိသားစုသည် ကျိုးချင်းပိုင်ရဲ့ စစ်တပ်မှ အနားယူလိုက်တဲ့ သတင်းကို အချိန်အတော်ကြာကတည်းက သိရှိခဲ့ပြီးဖြစ်သည်။ လင်းချင်းဟယ်သည် ပြဿနာတစ်ခုကို ဖန်တီးနေပြီဟု သူတို့ ထင်ခဲ့ကြသော်လည်း သူမနှင့် ပတ်သက်သည့် သတင်းစကား တစ်ခွန်းကိုမှ မကြားခဲ့ရသည်မှာ ကြာပြီဖြစ်သည်။
ဒါကို ဘေးဖယ်ထားလိုက်ရင် ဒီတစ်ကြိမ် သူမရောက်ရှိလာတာက သူမသည် သူမ မိခင်ဖက်မှ မိသားစုကို ပေးအပ်ထားခဲ့သော ပစ္စည်းများကို ပြန်ယူဖို့ ရောက်လာခဲ့တာပဲ။
သူမက ကြွားဝါရတာကို သဘောအကျဆုံး မဟုတ်ဘူးလား။
ဒီလိုကိစ္စမျိုးနဲ့ ပတ်သက်ပြီး သူမပါးစပ်ကနေ ထုတ်ပြောဝံ့တယ်လား။
“ငါပြောမယ်၊ ကူကျစ်၊ ငါတို့မိသားစုထဲမှာရော ဘယ်လိုအခြေအနေရှိနေလဲဆိုတာကို မင်း သိရဲ့လား။ ငါတို့မိသားစုက ငါတို့ ဗိုက်ကိုတောင် ပြည့်အောင် မစားနိုင်ကြဘူး။ ဒါကြောင့် မင်းကို ငါတို့ ဘာလိုလုပ်ပြီး ပေးနိုင်မှာလဲ။” ဒုတိယယောင်းမသည် သူမစကားကို ကြားလိုက်ရ၍ အခန်းထဲမှ ပြန်ထွက်လာကာ ချက်ချင်းပြန်ပြောသည်။
“ဒုတိယယောင်းမက တကယ့်ကို ဟာသတွေ ပြောတတ်တာပဲ။ ငါ ကျိုးချင်းပိုင်း အနားယူလိုက်ရတယ်လို့ ရှင်းရှင်းလင်းလင်း ပြောခဲ့တာကို ကြားရက်သားနဲ့ ငါ့ကို ဘာမှ မပါလာပဲ အိမ်ပြန်လာတာလို့ မေးရက်တယ်နော်။ ပြီးတော့ မင်း ဗိုက်ပြည့်အောင် မစားရဘူးလား။ လင်းအိမ်တော်ဟောင်းက အခြေအနေကောင်းပါသေးနယ်။ ငါတို့မိသားစုကတော့ ပြိုကွဲလုနီးပါး ဖြစ်နေခဲ့ပြီ။ အမေ ကျွန်မက မင်းနဲ့ အဖေ့ရဲ့ သမီးရင်းပါ။ အခု ကျွန်မဘဝက ပိုဆိုးလာပြီ၊ အမေ သမီးကို ပိုက်ဆံနည်းနည်းလောက် ပေးလို့ မရဘူးလား။” ဟု လင်းချင်းဟယ်က တောင်းဆိုလိုက်သည်။
“နင့်မှာ ပိုက်ဆံမရှိတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ ကူကျန်းက အငြိမ်းစားယူပြီး ပြန်လာတော့ အငြိမ်းစားရန်ပုံငွေ ရခဲ့တယ်လေ။” ဒုတိယယောင်းမက အံကြိတ်ရင်း ဆိုသည်။
“အဲ့တာ အမှန်ပဲ ကူကျစ်၊ ကူကျစ်က ဒဏ်ရာကြောင့် အနားယူလိုက်ပေမယ့် အနားယူလိုက်ရင်တောင် သူ အိမ်ကို ပိုက်ဆံယူပြီး ပြန်လာနိုင်သေးတယ်လေ။” အကြီးဆုံးယောင်းမမှ ဝင်ပြောသည်။
အရင်တုန်းက ပစ္စည်းတွေ ပြန်ယူလာတဲ့အချိန်မှာ သူမ ဝေစုတစ်ခုကိုမျှ မရရှိခဲ့ဘူး။ အခု သူမသည် မိသားစုထံမှ ပိုက်ဆံနှင့် ပစ္စည်းဥစ္စာများကို လိုချင်တာက သူမနှင့် သက်ဆိုင်နေသောကြောင့် သဘောမတူချင်ပါ။
တတိယယောင်းမကတော့ တိတ်တဆိတ်သာ ရှိနေသည်။
“ပိုက်ဆံလား။ ဘာပိုက်ဆံလဲ။ နင် ကျိုးချင်းပိုင်အကြောင်းကို သိလို့လား။ သူက သူ့ပိုက်ဆံတွေကို သူ့သူငယ်ချင်း မိသားစု အခြေအနေ ဆိုးရွားလာလို့ ပေးပစ်လိုက်တယ်လေ။ ငါတို့ စကားများ ရန်ဖြစ်ခဲ့ပြီး ငါတို့ ဆက်ဆံရေး ဘယ်လောက် တင်းမာနေလဲဆိုတာကို နင် သိလို့လား။ သူက အဲ့တာကို ပြန်ယူဖို့ ဆန္ဒမရှိဘူး။ ငါ့မှာ ဘယ်လို စိတ်နေစိတ်ထားမျိုး ရှိလဲဆိုတာကို နင် သိပါတယ်။ ငါတို့ မိသားစု အခြေအနေသာ တကယ် မဆိုးရွားဘူးဆိုရင် ငါ ပိုက်ဆံတောင်းဖို့ အိမ်ကို ပြန်လာမှာ မဟုတ်ဘူး။” ဟု လင်းချင်းဟယ်က ပြောလိုက်သည်။
“ဘာကို မိသားစု အခြေအနေ ဆိုးရွားတယ်လို့ ပြောတာလဲ။ နင် စက်ဘီးတစ်စီးတောင် ဝယ်ထားသေးတယ်လေ။ ပြီးတော့ အဲ့တာကလည်း လုံးဝ အသစ်ပဲ။” ဒုတိယအစ်ကိုလင်းက အိမ်ထဲမှ ထွက်လာသည်။ သူက ကျိုးချင်းပိုင်၏ စစ်တပ် ကုတ်အင်္ကျီအသစ်ကို ဝတ်ဆင်ထားသည်။
ဒါကို မြင်လိုက်တာနဲ့ လင်းချင်းဟယ်သည် မူလခန္ဓာပိုင်ရှင်အား ဆူပူကြိမ်းမောင်းလိုသည့် ဆန္ဒရှိသည်။ ဒီလို အရည်အသွေးကောင်းတဲ့ စစ်ဝတ်အင်္ကျီကို မျက်လုံးဖြူ ဝံပုလွေကို ပေးလိုက်တာက သူမ ဘယ်လောက်တောင် မျက်စိကန်းနေလို့လဲ။
“ကျိုးချင်းပိုင်ရဲ့ နောက်ဆုံးလက်ကျန် ပိုက်ဆံလေးနဲ့ ငါ့အတွက် စက်ဘီး ဝယ်ခဲ့တာလေ။ ဒါ့ကြောင့် မဟုတ်ရင် ငါ သူနဲ့ စကားရန်ဖြစ်နေတာကို ရပ်တန့်ပေးမှာ မဟုတ်ဘူး။” လင်းချင်းဟယ်က လှောင်ရယ်ရယ်ကာ ဆိုသည်။
သူမသည် စက်ဘီး ဝယ်ယူခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ ဖုံးကွယ်ထားနိုင်မယ်လို့ မထင်ခဲ့ဘူး။ အဆုံး၌ ဒီခေတ်တွင် အိမ်တစ်အိမ်မှာ စက်ဘီးတစ်စီး ပိုင်ဆိုင်ထားတာက မော်ဒန်ခေတ်တွင် နောက်ဆုံးပေါ် ပြိုင်ကားတစ်စီး ပိုင်ဆိုင်ထားတာနှင့် ညီမျှသည်။
ဒီနေ့ သူမ ဒီနေရာကို လာတော့ စက်ဘီးမစီးပဲ ခြေလျင်သာ လျှောက်လာခဲ့သည်။
လူတိုင်း သဘောပေါက် နားလည်သွားကြသည်။ ပြဿနာ မရှာခဲ့တာ အံ့သြစရာ မဟုတ်ဘူး၊ သူ့အိမ်မှာ နောက်ဆုံးကျန်တဲ့ ပိုက်ဆံနဲ့ ဒီလို စက်ဘီးတစ်စီးကို ဝယ်လိုက်လို့ပဲ။
“နင့်မှာ စက်ဘီး ဝယ်စီးဖို့ ပိုက်ဆံရှိပေမယ့် ကလေးတွေကို ကျွေးမွေးဖို့ကျ ပိုက်ဆံ မရှိဘူးလား။” အမေလင်းသည် မည်းမှောင်နေသော မျက်နှာဖြင့် ပြောသည်။
သူမမျက်နှာက အရမ်းမည်းမှောင်နေသည်။ ဒီကောင်မလေးက အမြဲ မသိတတ်ဘူး။ သူမက ဒီကိစ္စနှင့် ပတ်သက်ပြီး ဇီဇာကြောင်သည်။ ဒါပေမယ့် အမေလင်းသည် ဒီလိုမျိုး ပိုက်ဆံတွေကို ဖြုန်းတီးပစ်လိမ့်မယ်လို့ လုံးဝ မမျှော်လင့်ထားခဲ့ဘူး။
ဒါက နောက်ဆုံး လက်ကျန်ငွေ ဖြစ်တယ်။ ထိန်းသိမ်းထားရမယ့်အစား စက်ဘီး တစ်စီး ဝယ်စီးခဲ့တယ်။ အစားအသောက်တွေကျ ပြန်မဝယ်နိုင်ခဲ့ဘူးလား။
“အဲ့လိုလုပ်တာ နင် မှားတယ်။ ဒီအချိန်မှာ နင့် မျက်နှာပျက်လို့ မသေနိုင်ဘူး။ ဒီကိစ္စမှာ နင် ပိုက်ဆံရှာဖို့ ဘာလို့ အမေ့အိမ်ကို ပြန်လာရတာလဲ။ ဒီမိသားစုမှာ လူတွေ အများကြီး ရှိနေသေးတယ်၊ ငါတို့ အသက်ရှင်ဖို့ မလိုအပ်တော့ဘူးလား။”
အရင်တုန်းကတော့ သူမသည် ဒီကူကျစ်ကို ဖားယားခဲ့သည်။ ဒါပေမယ့် အခုတော့ ဖုန်းရွှေ နေရာပြောင်းပြီး သူမအမျိုးသားက ရာထူးမှ နုတ်ထွက်ရကာ မိသားစု၏ ပိုက်ဆံတွေကို သုံးစွဲခဲ့သည်။ ယခုအချိန်မှစလို့ သူမသည် ကောင်းကင် ကျောခိုင်းပြီး မြေကြီးကို မျက်နှာမူရပေတော့မည်။ တခြားသူတွေထက် ဘယ်သူက အထက်တန်းစားလို့ ဆိုနိုင်တော့မှာလဲ။
“ငါ လင်းမိသားစုကို ကောင်းကောင်း ဆက်ဆံခဲ့ဖူးတယ်။ အခု ငါ့ဘဝက အဆင်မပြေတဲ့ အခါကျတော့ နင်က ငါ့ကို ဒီလို ဆက်ဆံနေတာလား။” လင်းချင်းဟယ်သည် ထိုဆွေမျိုးများအား မယုံကြည်နိုင်စွာ စိုက်ကြည့်ရင်း စကားဆိုလိုက်သည်။
“မြန်မြန်ပြန်ပြီး နင့်ဘဝနဲ့ နင်နေလိုက်” ဒုတိယအစ်ကိုလင်းက သူ့လက်ကို ပြတ်ပြတ်သားသား ဝှေ့ယမ်းကာဆိုသည်။
“လင်းချင်းရှီ နင် ငါ့ကို စစ်တပ်ကုတ်အင်္ကျီ ပြန်ပေးရမယ့်အချိန်ပဲ။” လင်းချင်းဟယ်က သူ့ကို စိုက်ကြည့်လိုက်သည်။
“ဒါက နင့် ဒုတိယအစ်ကိုအတွက် နင် ပေးခဲ့တာပဲ။ နင် ပေးခဲ့တဲ့အရာကို ပြန်ယူတာမျိုးက ယုတ္တိမရှိဘူး။” လို့ ဒုတိယယောင်းမက ချက်ချင်းဝင်ပြောသည်။
“ငါ အဲ့တုန်းက နင့်ရဲ့ စိတ်ရင်းမှန်ကို မမြင်ခဲ့ဘူးလေ၊ ဒါ့ကြောင့် သူ့ကို ပေးခဲ့မိတာ၊ လင်းချင်းရှီး။ ငါ ဒီအင်္ကျီကို ငါ့မောင်လေးအတွက် မေးဖို့ ရည်ရွယ်ခဲ့တာ။” လင်းချင်းဟယ်က နှာခေါင်းရှုံ့ရင်း အေးစက်စွာ ပြောလိုက်သည်။ “ငါ အရင်က ဒီလိုမျိုး တစ်ခါမှ မမြင်ဖူးဘူး။ ငါ့မိခင်ဖက်က မိသားစုက ဒီလိုအကျင့်စရိုက်မျိုး ရှိလိမ့်မယ်လို့ မထင်ထားဘူး။ ကောင်းပြီ၊ ငါလည်း နိမ့်ကျသွားပြီ။ နင်က ငွေ မချေးပေးရုံတင် မကဘူး။ အေးစက်တဲ့ အကြည့်တွေနဲ့ပါ ကြည့်ကြတယ်။ အခုအချိန်ကစပြီး ငါ ဒီမိခင်ဖက်က မိသားစုကို မလိုအပ်တော့ဘူး။ နောင် နင်တို့သေတဲ့အခါမှာတောင် ငါ့ကို အသုဘ လာမဖိတ်ကြနဲ့။”
ထိုသို့ဆိုရင်း သူမသည် ဒေါသတကြီး မုန်တိုင်းတစ်ခုလို ပြေးထွက်လာခဲ့သည်။
အမေလင်းက ဒေါသတကြီးဖြင့် စကားဆိုသည်။ “အဲ့ဒီပါးစပ်ပေါက်က ဆိုးရွားလိုက်တာ။ သူမက ငါနဲ့ သူ့အဖေကို ကျိန်ဆဲချင်နေတာပဲ။”
အကြီးဆုံးယောင်းမနှင့် တတိယယောင်းမတို့ဟာ ဆွံ့အနားမကြားသလို ပြုမူနေသည်။ တတိယယောင်းမသည် အိမ်ထဲသို့ ပြန်မဝင်မီ ဒုတိယအစ်ကို၏ စစ်တပ်သုံးကုတ်အင်္ကျီကို ကြည့်လိုက်သည်။
အဖေလင်းသည် အိမ်ထဲမှ မထွက်လာသော်လည်း သူက ထိုစကားအားလုံးကို ကြားနေခဲ့သည်။
အကြီးဆုံးအစ်ကိုလင်းနဲ့ တတိယမောင်လေးလင်းတို့က တောရိုင်းတိရိစ္ဆာန်များကို အမဲလိုက်ရန် ရည်ရွယ်ချက်ဖြင့် တောင်ပေါ်သို့ တက်သွားခဲ့ကြသည်။
အကြီးဆုံးအစ်ကိုလင်း အိမ်ပြန်ရောက်ချိန် ဒီအကြောင်းကို ကြားသိလိုက်ရတော့ သူ့တွင် ပြောစရာစကား ကင်းမဲ့သွားသည်။ တတိယမောင်လေးလင်းက ဒါကို ကြားတော့ သက်ပြင်းချလိုက်မိသည်။