Ch 10
Viewers 30

🍐 Chapter 10





ချူရှုယွင်မှာ တံခါးဝတွင် ရပ်နေသော ယွီချန်အား မျက်လုံးထောင့်မှနေ၍ တိတ်တဆိတ် ကြည့်လိုက်သည်။ သူက အရမ်းကြီး ဒေါသထွက်နေပုံ မပေါ်ဘဲနဲ့ ဘာလို့ သူ့ကို လာမဖက်ရတာလဲ။


အချိန်အတော်ကြာပြီးနောက် ချူရှုယွင် ငြိမ်ငြိမ်ထိုင်မနေနိုင်တော့သည့်အချိန်တွင် ယွီချန် နောက်ဆုံးတော့ စကားစပြောလာလေသည်။


"ဒီနေ့ ကျွန်တော် ကျီလျန်ကျိုးနဲ့ တွေ့ခဲ့တယ်"


ချူရှုယွင် ရှေ့တွင် ထိုနာမည်ကို ထပ်ပြီး မပြောချင်ဘူးဆိုလျှင်တောင် သူ မပြောဘဲမနေနိုင်ခဲ့ချေ။


ထင်သည့်အတိုင်းပင် ကျီလျန်ကျိုးဟူသော နာမည်ကို ကြားလိုက်သည်နှင့်တပြိုင်နက် ချူရှုယွင်ထံမှ တုံ့ပြန်မှုတစ်ခု ထွက်ပေါ်လာလေသည်။


ချူရှုယွင် ယွီချန်ကို မော့ကြည့်လိုက်ပြီး သူhနောက်ဆက်တွဲ စကားကို စောင့်ဆိုင်းနေလိုက်သည်။


သို့သော် ယွီချန်က စကားဆက်မပြောတော့ဘဲ အဝေးမှနေ၍ ချူရှုယွင်အား တိတ်တဆိတ်သာ ကြည့်နေခဲ့သည်။ အချိန်အတော်ကြာပြီးမှ သူခက်ခက်ခဲခဲ နှုတ်ခမ်းဟကာ ပြောလိုက်သည်။


"မင်း သူ့ကို အဲ့လောက်တောင် ဂရုစိုက်တာလား"


ထိုစကားကို ကြားသောအခါ ချူရှုယွင် ခေါင်းခါပြလိုက်သည်။ ယခုအချိန်တွင် သူ  ပိုဂရုစိုက်သည့် အရာမှာ ဒီည စားစရာ ရှိ၊ မရှိ ဆိုတာကိုသာ ဖြစ်သည်။


သူ ငြင်းဆန်လိုက်သည်ကို မြင်သောအခါ ယွီချန်မယုံကြည်သော်လည်း သူ၏ ရင်ထဲရှိနာကြည်းမှုများ အတော်အတန် လျော့ပါးသွားခဲ့လေသည်။


ချူရှုယွင်၏လှုပ်ရှားမှုတိုင်းက သူ့ နာကြည်းချက်တိုင်းကို အလွယ်တကူ ပြေပျောက်သွားစေနိုင်သည်။


"မသေမျိုးအရှင်သခင် စိတ်မပူပါနဲ့ ကျုပ်သူ့ကို မသတ်ခဲ့ပါဘူး"


ယွီချန်က နူးညံ့သော ကုတင်ထက်သို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်ပြီး စစ်တုရင်ရုပ်များကို ကိုင်ထားသော ချူရှုယွင် လက်ကို ဆုပ်ကိုင်လိုက်လေသည်။


တကယ်ကို သေးသွယ်နုနယ်လွန်းလှသည်။ ဒီလို လက်ကောက်ဝတ်မျိုးက နတ်ဆိုးတွေကို သတ်ဖြတ်ပြီး မကောင်းဆိုးဝါးတွေကို ဘယ်လိုများနှိမ်နင်းခဲ့တာလဲ။


သူ့ ခွန်အားက မနူးညံ့လှသော်လည်း ချူရှုယွင်က ရုန်းကန်ခြင်းမရှိဘဲ သူ့အား နူးညံ့သော ကုတင်အတွင်းပိုင်းသို့ ယွီချန်ဖိချလိုက်ခြင်းကို ခွင့်ပြုထားလိုက်လေသည်။


အေးစက်သော လက်ချောင်းများက အဝတ်အစားအောက်ခြေမှတစ်ဆင့် ခြေတံများတစ်လျှောက် အထက်သို့ တွားသွားလာပြီး အဝတ်အစားများမှာလည်း အလျင်အမြန်ပင်ချွတ်ချခံလိုက်ရသည်။ နေဝင်ဆည်းဆာ အလင်းရောင်တစ်ချက်က ချူရှုယွင်မျက်နှာပေါ်သို့ ကျရောက်လာရာ ကြက်သွေးရောင် အလင်းတန်းတစ်ခု ဖြာကျသကဲ့သို့ဖြစ်နေလေသည်။


ယွီချန်က ကိုင်းညွတ်လိုက်စဉ် ချူရှုယွင်၏နီရဲနေသော နားရွက်ဖျားလေးများကို ရုတ်တရက် မြင်တွေ့လိုက်ရရာ သူ တစ်ခဏမျှ အံ့ဩမှင်တက်သွားခဲ့လေသည်။ ချူရှုယွင်လည်း သူ့ကို သဘောကျနေတာလားဆိုသည့် ရယ်စရာကောင်းသော အတွေးတစ်ခုကို မသိလိုက်မသိဘာသာ တွေးမိသွားလေသည်။


"မသေမျိုးအရှင်သခင် ကျွန်တော့်ကို ကြည့်"


ချူရှုယွင်မှာ မျက်နှာကို အကိုင်ခံလိုက်ရသဖြင့် တစ်ဖက်လူကို ကြည့်လိုက်ရလေသည်။


ယွီချန်ကို ဒီလောက်နီးကပ်တဲ့ အကွာအဝေးကနေ ဘယ်နှစ်ခါပဲ ကြည့်ကြည့် ချူရှုယွင်ရဲ့ ရင်တွေကတော့ အမြဲတမ်းအခုန်မြန်နေဆဲပင်။


သူ အကြည့်လွှဲချင်သော်လည်း ယွီချန်က သူ့ကို မလှုပ်ရှားနိုင်အောင် ဖမ်းချုပ်ထားလေသည်။


ယွီချန်က သူ့အ တိုးညင်းသောအသံဖြင့် မေးလိုက်သံကို ချူရှုယွင် ကြားလိုက်ရလေသည်။


"အဲ့ဒီတုန်းက ခင်ဗျားပြောခဲ့တဲ့စကားကို  မေ့သွားပြီလား”


ကျီလျန်ကျိုး၏ လှုပ်ရှားမှုများကို စောင့်ကြည့်ရန် ယွီချန်က တံခါးအပြင်ဘက်တွင် သူလျှိုတစ်ယောက်ကို ချန်ထားခဲ့သဖြင့် ကျီလျန်ကျိုး၏နောက်ဆုံးစကားများ အားလုံးကို သူ ကြားသိခဲ့ရလေသည်။


ကြည့်ရတာ ချူရှုယွင်က သူ့လို လူမျိုးကို ရင်ထဲမှာ လုံးဝထည့်ထားမှာမဟုတ်ဘဲ သူ့ကို မေ့နေတာ ကြာလှပြီပင်။ 


ထိုသို့ဆိုလျှင် ချူရှုယွင် အစတုန်းမှာ ဘာလို့ ကတိမမှတ်မိတာလဲဆိုတာကို ရှင်းပြလို့ ရသွားပြီဖြစ်၏။


ကမ္ဘာပေါ်မှာ ဤကဲ့သို့သော နှလုံးသားမဲ့သည့် လူမျိုး ရှိနေနိုင်တယ်ဆိုပေမယ့် ချူရှုယွင်ကတော့ တကယ့်ကို သဘာဝကျပြီး ယုတ္တိရှိလွန်းလေသည်။


ချူရှုယွင် သူ့ကို ကြည့်ကာ နားမလည်နိုင်စွာဖြင့် ခေါင်းစောင်းလိုက်လေ၏။


ဘာစကားလဲ ? ဘယ်နှစ်တုန်းကလဲ။


သူက အမြဲတမ်း မှတ်ဉာဏ်မကောင်းတဲ့သူဆိုတော့ သူ့ဘာသာ သူ ပြန်စဉ်းစားလို့ မရဘူးလေ၊ အဲ့တာကို ယွီချန်က ဘာလို့ အရိပ်အမြွက်လေးတောင် မပေးရတာလဲ......


သူ ပြန်မဖြေသည်ကို မြင်သောအခါ ယွီချန် မျက်လုံးများကို မှိတ်လိုက်ပြီး ခဏအကြာတွင် ပြန်ဖွင့်လိုက်လေသည်။ ထို့နောက် ရုတ်တရက် ကိုင်းညွတ်ကာ ချူရှုယွင် နှုတ်ခမ်းများကို အနမ်းပေးလိုက်၏။ အနည်းငယ်မျှော်လင့်ချက်မဲ့နေသော စွဲလမ်းရူးသွပ်မှုများ ပါဝင်နေပြီး သူ့ ခံတွင်းထဲသို့ ပြင်းထန်စွာ ကျူးကျော်ဝင်ရောက်လာတော့သည်။


နောက်ဆုံး၌ ချူရှုယွင် အသက်ရှူမဝတော့သည့် အချိန်ကျမှသာ ယွီချန် သူ့ကို လွှတ်ပေးလိုက်သော် လည်း သူ့ မျက်လုံးများကတော့ မင်ရည်လိုမည်းမှောင်နေဆဲပင်။


"မေ့သွားရင်လည်း ထားလိုက်တော့၊ ဒီနေ့ကစပြီး ကျုပ်ကို ထာဝရမှတ်မိနေအောင် လုပ်ပေးမယ်” 


ထိုက်ချင်ဂိုဏ်း၊ ကျူကျီတောင်


ရှေးဟောင်းခန်းမဆောင်ထဲတွင် ကြွေထည်အပိုင်းအစများ ကွဲကြေသွားသော အသံတစ်ခု ထွက်ပေါ်လာလေသည်။


"မင်း ဘာပြောလိုက်တယ် ဆရာက နတ်ဆိုးခေါင်းဆောင် ဖမ်းခေါ်သွားတာကို ခံလိုက်ရတယ် ဟုတ်လား"


လီဖေးဟယ် ဂိုဏ်းသို့ပြန်ရောက်လာသည့် ပထမဆုံးနေ့မှာပင် သူ့ဘဝ၌ မယုံနိုင်စရာအကောင်းဆုံး သတင်းဆိုးကြီးကို ကြားလိုက်ရ၏။


အရာရာကိုစွမ်းဆောင်နိုင်ပြီး နတ်ဘုရားများကိုပင် သတ်ဖြတ်နိုင်သော ဆရာဖြစ်သူမှာ နတ်ဆိုးခေါင်းဆောင်၏နတ်ဆိုးနန်းတော်သို့ ဖမ်းခေါ်သွားခြင်းကို ခံလိုက်ရသည်တဲ့လေ။


သူ အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး မျက်နှာချင်းဆိုင်ရှိ ဂျူနီယာညီလေးကို ကြည့်လိုက်လေ သည်။


"ပထမအချက် သူက ဘယ်လိုလုပ် နတ်ဆိုးရဲ့ ဖမ်းခေါ်သွားတာကို ခံရမှာလဲ၊ ဆရာက ချူရှုယွင်လေ” 


လူတစ်ယောက်နဲ့ ဓားတစ်လက်တည်းကို သုံးပြီး နတ်ဆိုးသုံးထောင်ကို သတ်ဖြတ်နိုင်တဲ့သူ၊ သူ့ရဲ့ ကျင့်ကြံခြင်းစွမ်းအား‌တွေကို ဒီကမ္ဘာပေါ်မှာ ဘယ်သူကမှ မယှဉ်နိုင်ဘူးလေ။


တစ်ယောက်ယောက်က သူ့ကို လျှို့ဝှက်ကြံစည်တာ မဟုတ်ဘူးဆိုရင် ချူရှုယွင် ဘယ်လိုလုပ် ဖမ်းခေါ်သွားခံရသလဲဆိုတာကို သူ စဉ်းစားလို့ပင် မရချေ။


ဂျူနီယာညီလေးက ပါးစပ်ဟလိုက်ပြီး သူ စကားမပြောနိုင်ခင်မှာပင် လီဖေးဟယ်က သွားကြိတ်ကာ ဖြတ်ပြောလိုက်လေသည်။


"ဒုတိယအချက် ဘယ်သူက သူ့ကို ဖမ်းခေါ်သွားရဲတာလဲ ရူးနေတာလား ဘယ်သူလုပ်တာလဲ” 


ဂျူနီယာညီလေးက ဆက်ပြောရန် ပြင်လိုက်စဉ် လီဖေးဟယ်က ရုတ်တရက် ဒေါသတကြီးဖြင့် စားပွဲပေါ်ရှိ နောက်ထပ် လက်ဖက်ရည်ခွက်ကို မြေပြင်ပေါ်သို့ ပစ်‌ပေါက်လိုက်လေသည်။


"တတိယအချက် ဒီလောက်ကြီးမားတဲ့ ဂိုဏ်းကြီးက ဆရာ့ကို ဘာလို့ အမြန်သွားမကယ်ရတာလဲ” 


ထိုစကားကို ကြားသောအခါ အတန်ကြာတိတ်ဆိတ်‌နေသော ဂျူနီယာညီလေးက တိုးညင်းပြီး ဝမ်းနည်းနေသောအသံဖြင့် ပြောလိုက်လေသည်။


"ယွီချန်လေ” 


လီဖေးဟယ် ခဏလောက်အံ့ဩမှင်တက်သွားပြီး တုံ့ပြန်နိုင်စွမ်း မရှိတော့ချေ။


"ဘာ"


"ဆရာ့ကို ဖမ်းခေါ်သွားတာ ယွီချန်ပါ” 


ဂျူနီယာညီလေးက ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ပြီး သူ့ မျက်လုံးများက နီရဲလာလေသည်။ သူက ဆို့နင့်နေမှုကို အောင့်အည်းထိန်းချုပ်ထားရင်း ဖြည်းညှင်းစွာ ပြောလိုက်သည်။


"ဒီလူ့အကြောင်းကို စီနီယာအစ်ကို မသိတာမှမဟုတ်တာ၊ အရင်တုန်းက ထိုက်ချင်ဂိုဏ်းမှာ ဆရာကလွဲရင် သူ့ကို ဘယ်သူကမှ မနှိမ်နင်းနိုင်ခဲ့ဘူး၊ ဒါပေမဲ့ အခု သူ နတ်ဆိုးလမ်းစဉ်ထဲ ရောက်သွားပြီးတဲ့နောက် သူ့ရဲ့ ကျင့်ကြံခြင်းစွမ်းအားတွေက အဆမတန် တိုးတက်လာတယ် ဆရာတောင် သူ့ကို ရှုံးနိမ့်သွားခဲ့ရတယ်၊ ဒါကြောင့် ဂိုဏ်းချုပ်က တောင်ဂိတ်တံခါးက ဓားနတ်ဘုရားကို လူသွားကယ်ဖို့ နတ်ဆိုးနယ်မြေဆီ လွှတ်လိုက်ရတာလေ” 


ယွီချန် ဟူသော စကားလုံးကို ကြားလိုက်ရသည့် အခိုက်အတန့်တွင် လီဖေးဟယ်မှာ နေရာတွင်ပင် ရပ်တန့်သွားတော့သည်။ သူ့ ဂျူနီယာညီလေးက သူ့ပခုံးကို စိုးရိမ်တကြီး လှုပ်ရမ်းလိုက်မှသာ သူ နောက်ဆုံးတွင် သတိပြန်ဝင်လာပြီး သူ့ ဂျူနီယာညီလေးကို အမူအရာမဲ့စွာ စိုက်ကြည့်ကာ ပြောလိုက်လေသည်။


"ယွီချန် သူ့ကိုလွှတ်ပေးမှာ မဟုတ်ဘူး” 


ပြီးပြီ၊ အရာအားလုံး ပြီးဆုံးသွားပြီ။


ယွီချန် ချူရှုယွင်အားသေချာပေါက် လွှတ်ပေးလိမ့်မည် မဟုတ်ချေ။


ထိုစဉ်က ယွီချန်ဂိုဏ်းမှ နှင်ထုတ်ခံရခြင်းမှာ သူက နတ်ဆိုးလှောင်ပုလင်းကို ခွဲပစ်ခဲ့သောကြောင့် မဟုတ်ပေ။


ချူရှုယွင်၏ပထမဆုံး တပည့်ဖြစ်သော လီဖေးဟယ် တစ်ယောက်တည်းသာ ဤကိစ္စကို သိထားပြီး သူ ကိုယ်တိုင်မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရသောကြောင့် လုံးဝအမှားအယွင်းမရှိနိုင်ပေ။


နတ်ဆိုးလှောင်ပုလင်းဆိုသည်မှာ ယွီချန်ကို နှင်ထုတ်ရန်အတွက် ဆင်ခြေတစ်ခုသာဖြစ်ပြီး ထိုအထဲ တွင် မည်သည့်မကောင်းဆိုးဝါးမှမရှိဘဲ နတ်ဆိုးငယ်လေး နှစ်ကောင်သာ ရှိလေသည်။


ခေါင်းပြာနတ်ဆိုးလေး တစ်ကောင်နှင့် ခေါင်းနီနတ်ဆိုးလေး တစ်ကောင်သာ


ထိုပုလင်းကို ချူရှုယွင်၏အခန်းထဲတွင် ထားရှိခဲ့ပြီး ယွီချန် သန့်ရှင်းရေးလုပ်နေစဉ် မတော်တဆ ခွဲမိသွားခဲ့ခြင်းဖြစ်သည်။


သူ နှင်ထုတ်ခံရခြင်း၏အဓိက အကြောင်းရင်းမှာ-


ယွီချန်မှ ချူရှုယွင်အားသဘောကျနေပြီး ထိုအကြောင်းကို ဂိုဏ်းချုပ် သိသွားသောကြောင့်ပင် ဖြစ်သည်။


ထိုလူက ချူရှုယွင်၏ပုံတူပန်းချီကားကို တိတ်တဆိတ်ရေးဆွဲခဲ့ပြီး ထိုပန်းချီကားနှင့် နေ့ရောညပါ အတူတူ အိပ်စက်ခဲ့လေသည်။ သူက တကယ့်ကို အရူးတစ်ယောက်ပင်။


ဂိုဏ်းချုပ်မှ ဒီကိစ္စအားအပြင်လူတွေ သိလို့မဖြစ်ဘူးဟုပြောခဲ့ခြင်းကြောင့် အမှန်တရားကို ဖုံးကွယ်ဖို့ နတ်ဆိုးလှောင်ပုလင်းအား ဆင်ခြေတစ်ခုအနေနှင့် အသုံးပြုခဲ့ခြင်းသာ။


လီဖေးဟယ်ကို နားမလည်နိုင်အောင် ဖြစ်စေခဲ့တာက ဘယ်လို လူကောင်းမျိုးက ဆရာ့လို ကြောက်စရာကောင်းတဲ့ ရေခဲတုံးကြီးကို သဘောကျမှာလဲဆိုတာပင်။


ဆရာက သူတို့အပေါ် အရမ်းကောင်းပေမဲ့ ဘာပဲဖြစ်ဖြစ် ဆရာက အကြီးအကဲလေ၊ ဆရာသမားလေ၊ သူတို့တွေ ကြောက်ဖို့တောင်အချိန်မရတာကို။


အတိုချုပ်ပြောရလျှင် ဂိုဏ်းချုပ်က ယွီချန်ကိုအစကတည်းက သဘောမကျခဲ့ပေ။ ထိုကိစ္စကို သိပြီးနောက်တွင်တော့ ပိုဒေါသထွက်သွားခဲ့ပြီး ချူရှုယွင်နှင့် ယွီချန်တို့ကြား တစ်ခုခုဖြစ်လာမည်ကို စိုးရိမ်သဖြင့် ယွီချန်အား ထိုက်ချင်ဂိုဏ်းမှ နှင်ထုတ်ရန် ချူရှုယွင်အားတင်းတင်းကျပ်ကျပ် အမိန့်ပေးခဲ့လေသည်။


အစပိုင်းတွင် ချူရှုယွင်က ယွီချန်ကို မနှင်ထုတ်ခဲ့ဘဲ ချန်ခွန်းခန်းမဆောင်ရှေ့တွင် မိုးရေထဲ၌ ဒူးထောက်ခိုင်းကာ အပြစ်ပေးရုံသာအပြစ်ပေးခဲ့သည်။