Part 553
သူမက လင်းလန်၏ပုခုံးပေါ်ကို လက်ဖြင့် ပုတ်လိုက်သည်။ လင်းလန်အတွက်မူ မြေကြီးပေါ် ထိုင်ချလုနီးပါးဖြစ်သွားပြီး နှုတ်ခမ်းထောင့်စွန်းများမဲ့သွား၏။
ဘေးက လုချန်ဝေ့က ပြုံးပြီး လင်းလန်ကို ကူညီလိုက်သည်။
"ဌာနခွဲအတွင်းရေးမှူးရန်လို ခေါင်းဆောင်တစ်ယောက် ရှိတာပဲ.. ငရုတ်သီးက ငရုတ်သီးပဲ... ခရမ်းသီးအဖြစ် ပြောင်းလို့မရဘူးဆိုပေမဲ့... ငရုတ်ဆီချက်ရင် သေချာပေါက် ပိုအရသာရှိမှာ"
ရန်ဟုန်ရှားက ရယ်ပြီး
" လင်းလန်က ရဲဘော်ကောင်းတစ်ယောက်ပါ အာ... မင်း ပိုပြီး ဆက်သွယ်ပြောဆိုဖို့ လိုတယ်... သူ့ကို ပိုအဆက်အဆံလုပ်အောင် ဖိတ်ခေါ်လိုက်ပါ "
လုချန်ဝေ့ ခေါင်းညိတ်ပြပြီး လင်းလန်ကို စတင်ငရုတ်သီးကူရွေးပေးလေ၏။ လက်ရှိအချိန်မှာ ငရုတ်သီးတွေက ဧရိယာ ကျယ်ဝန်းသည့် နေရာတွေမှာ မရင့်ကြသေးပါချေ။ ရိတ်သိမ်းပြီးသော ဟာအများစုသည် အင်းဆက်ပိုးမွှားများ အကိုက်ခံထားရသောကြောင့် ရွေးရန် လိုအပ်ပေသည်။
ရန်ဟုန်ရှားက ဆောင့်ကြောင့်ထိုင်ချပြီး လင်းလန်ကို ဝါဒဖြန့်ရေး၊ ဓနရှင်လူတန်းစား၊ ပြန်လည်ပြင်ဆင်ရေးစသည့် ကိစ္စရပ်များအကြောင်းပြောဆိုလေ၏။ သူမက ကျယ်လောင်စွာပြောနေပြီး သူမ၏ အသံက အတက်အကျတို့ဖြင့် မချင့်မရဲဖြစ်နေသည်။ သူမက တကယ်ကို စံပြ ကွန်ဖရင့်ကေဒါတစ်ဦးပါပင်။
လင်းလန် : "..."
အတွင်းရေးမှူးရန် ကျွန်မမှားပါတယ်...ကျွန်မ ရှင်နဲ့ လက်ဆွဲမနှုတ်ဆက်ချင်သလို ပြောစရာစကားလည်းမရှိချင်တော့ပါဘူး... ကျွန်မရှင့်ကို *လောင်ကန်းမားကို အတုယူဖို့ မလှည့်စားရဲတော့ပါဘူး... ကျွန်မကို လွှတ်ပေးပါတော့...
(T/N–တရုတ်နိုင်ငံက နာမည်ကြီး ငရုတ်ဆော့ဘရန်းနာမည်)
လုချန်ဝေ့ သူမက ချစ်စရာကောင်းပုံမပေါ်သည့်ပုံစံကိုကြည့်ပြီး ရယ်မောကာ ရန်ဟုန်ရှားက စစာပိုဒ်တစ်ခုပြောသည့်အခါ ထပ်ခါတလဲလဲ ေထာက်ခံလျက် အကြောင်းအရာပြောင်းရန် အခွင့်အရေးယူလိုက်၏။
“အတွင်းရေးမှူး... အလုပ်သမား၊ တောင်သူလယ်သမားနဲ့ စစ်သား တက္ကသိုလ်ကိစ္စက မှန်သလား...ကျွန်တော်တို့တပ်မဟာက ပညာတတ်လူငယ်တွေ စာရင်းသွင်းလို့ရမလား"
ရန်ဟုန်ရှား : "အမ်း... ငါစာရွက်စာတမ်းတွေကို သေချာဖတ်ကြည့်ရဦးမယ်.... အသက်ကန့်သတ်ချက်ရှိမယ်ထင်တယ်...ဆယ်ကျော်သက်အရွယ် ဖြစ်နိုင်တယ်...
ဘာပဲဖြစ်ဖြစ် အိမ်ထောင်ကျပြီးသားဆိုရင် တက်ခွင့်မပြုဘူး... စာသင်ပြီးရင် မူလဌာနသို့ ပြန်လာရမှာ"
အထက်အာဏာပိုင်များ၏ မူလရည်ရွယ်ချက်နှင့် စည်းမျဉ်းများ မည်သို့ပင်ရှိစေကာမူ ဗဟိုအစိုးရမှ ဒေသန္တရအစိုးရအထိ စာရွက်စာတမ်းများကို အဆင့်ဆင့် ပေးပို့သွားမည်ဖြစ်ပြီး နောက်ဆုံးတွင် အခြေခံအကျဆုံး တပ်မဟာဌာနသို့ ရောက်ရှိသွားမည်ဖြစ်သဖြင့် အမျိုးမျိုးသော လိုအပ်ချက်များနှင့် ရှင်းပြချက်များကို အသိအမှတ်ပြုသည်ထက်ကျော်လွန်၍ နားလည်သဘောပေါက်သွားမည်ဖြစ်လေသည်။
ရန်ဟုန်ရှားအနေဖြင့် လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း တက္ကသိုလ်၏ စာရင်းသွင်းခြင်းမရှိသောဆုံးရှုံးမှုအတွက် ဖြည့်ဆည်းရန်ဖြစ်နိုင်သည်ဟုယူဆခဲ့သည်။၎င်းကို 1966 ခုနှစ်ကတည်းက လွန်ခဲ့သောနှစ်အနည်းငယ်တွင်အကြံပြုခဲ့သည် ဟုခန့်မှန်းရသည်။ အများဆုံး 16၊17ခုနှစ်များက မှအစောပိုင်းနှစ်ဆယ်ခုနှစ်အတွင်းဖြစ်ပြီး နှစ်ဆယ့်ငါးထက် မပိုနိုင်ပေ။
လင်းလန်က လုချန်ဝေ့ ကိုကြည့်ပြီး ပြောလိုက်၏။
"ဆရာလုမှာ စာရင်းသွင်းဖို့ အခွင့်အရေးရှိတာပဲ"
သူမသည် ခေါင်းစဉ်ပြောင်းနိုင်ပြီး အတွေးအခေါ်နှင့် နိုင်ငံရေးကိစ္စများအကြောင်း မပြောရလျှင် အဆင်ပြေသည်။သူမက ဝါဒဖြန်ရေးအဖွဲထဲဝင်ပြီး အဖွဲ့ဝင်များကို ဦးနှောက်ဆေးရသည်အား ကြိုက်သော်လည်း သူမ ထိုဟာကို နားထောင်မည်မဟုတ်ပေ။
ရန်ဟုန်ရှားက သူတို့နှစ်ယောက်ကိုကြည့်ကာ ခေါင်းခါပြီးဆို၏။
"မနှစ်တုန်းကလည်း စာရွက်စာတမ်းတွေရခဲ့တယ်...အဲဒါတွေက လုံးဝ အသုံးမဝင်ဘူး... လျှောက်လွှာပုံစံကို ကွန်မြူနတီကို မပို့ဘူးလေ... ခရိုင်နဲ့တင် လုံလောက်သွားတယ်"
လင်းလန်တို့တပ်မဟာက မနှစ်က ဘာမှပြန်မပြောသည့်အတွက် ဟန်ရုံဖန်က ထိုဟာက အသုံးမဝင်ဘူးဆိုသည်ကို သိနေ၍ ပညာတတ်လူငယ်များ စိတ်ယိုင်သွားမှာစိုးသဖြင့် ထုတ်မပြောခြင်း ဖြစ်မည်။
"ဒီနှစ်မှာ ကွန်မြူနတီတစ်ခုစီမှာ ခွဲတမ်းရှိတယ်... ဌာနခွဲအတွင်းရေးမှူးက ငါတို့ကို ကူရှာပေးသင့်တယ်"
လုချန်ဝေ့က ကွန်မြူနတီ၏ ဂျူနီယာအထက်တန်းကျောင်းမှ ဆရာတစ်ဦးဖြစ်ပြီး ဗဟုသုတနှံ့စပ်သူဖြစ်၏။
ရန်ဟုန်ရှားက ထုတ်ပြောခဲ့ပြီး အလုပ်သမား၊ တောင်သူလယ်သမားနှင့် စစ်သားတက္ကသိုလ်တွင် တပ်မဟာ၏စာရင်းသွင်းခြင်းအကြောင်းကိုလည်း ပြောခဲ့သည်။
ထုံးစံအတိုင်း၊ လူတိုင်းစာရင်းသွင်း၍မရပါချေ။ အနည်းဆုံး အလယ်တန်းကျောင်းနှင့် အထက်တန်းကျောင်းအဆင့်လောက် ဖတ်ဖူးကြရပေမည်။ ထို့ကြောင့် ကွန်မြူနတီ များနှင့် တပ်မဟာများအတွက် စာရင်းသွင်းခြင်းသည် အခြေခံအားဖြင့် ပညာတတ်လူငယ်များနှင့် ကျောင်းသားကျောင်းသူများ အတွက် သီးသန့်ထားရှိပြီး စာမသင်ထားသော သူများအနေဖြင့် စဉ်းစားရန် မလိုသလို စိတ်ဝင်စားမှုလည်း မရှိကြပေ။
ယခင်နှစ်က ပထမဆုံးနှစ်ဖြစ်ပြီး အရေအတွက်ကန့်သတ်ထားခဲ့သည်။ ထူးချွန်သောအဆင့်မြင့်လုပ်သားများကို စစ်တပ်နှင့် စက်ရုံများမှ ရွေးချယ်ခဲ့ပြီး ကျေးလက်ကွန်မြူနတီများ မပါဝင်ခဲ့ပါချေ။
ယခုနှစ်တွင် ခွဲတမ်းရှိသောကြောင့် သူမ ကျိန်းသေစာရင်းသွင်းနိုင်ရမည်၊ သို့သော် ဝင်ခွင့်က အလွန်တင်းကျပ်မည်ဟု ခန့်မှန်း၍ရပေသည်။
စာရင်းသွင်းလိုသူများသည် ဖောင်ကိုရယူရန် တပ်မဟာသို့သွားရ၏။တပ်မဟာက ပထမအဆင့်ကို ပြန်လည်သုံးသပ်သည်။အရေးကြီးဆုံးမှာ မိသားစုဖွဲ့စည်းပုံ၊၎င်းနောက်တွင် အသက်၊ ကျန်းမာရေးနှင့် ပညာရေးတို့ဖြစ်သည်။ ထို့နောက် လျှောက်လွှာပုံစံကို ဖြည့်သွင်းကာ ကွန်မြူနတီသို့ပိုပြီး ကွန်မြူနတီက ဒုတိယအဆင့် ပြန်လည်သုံးသပ်ခြင်း ခရိုင်တော်လှန်ရေးကော်မတီမှ တတိယအကြိမ် ပြန်လည်သုံးသပ်ခြင်းနှင့် နောက်ဆုံးတွင် တက္ကသိုလ်မှ ပြန်လည်သုံးသပ်ခြင်းတို့ကို လုပ်ဆောင်ကြ၏။
ရန်ဟုန်ရှားက စိတ်လှုပ်ရှားစွာ ပြောနေရင်း တစ်စုံတစ်ယောက်က သူမဆီရောက်လာသဖြင့် သူမ ချက်ချင်းထကာ "ရဲဘော်လင်းလန် နောက်မှ စကားပြောရအောင်" ဟု ပြောပြီး အမြန်ထွက်သွားသည်။
လင်းလန်က သက်ပြင်းတစ်ချက်ချလိုက်၏။
လုချန်ဝေ့က သူမကို ကြည့်ပြီး ပြုံးကာဆိုသည်။ "ကပ္ပတိန်လင်းက ကျောင်းမတက်ဖူးပေမဲ့ သူ လက်ရှိ အဆင့်မှာ သင်ယူနိုင်တယ်...ကျွန်တော်တို့ ကျောင်းတက်တဲ့ ကျောင်းသားတွေထက်တောင် ပိုတော်တယ်...အဲဒါကြောင့် မင်း တက္ကသိုလ်တက်သင့်တယ်"
လင်းလန်က ခေါင်းခါလိုက်သည်။
"တော်ပါပြီ... ကျွန်မအသက်ကြီးတဲ့အပြင် သားသမီးတွေအများကြီးရှိတယ်လေ...အဲ့ဒါကြောင့် အရည်အချင်းအပြည့်မီဘူး"
ထို့အပြင် သူမက ဘွဲ့ရပြီးပြီဖြစ်သဖြင့် နောက်တစ်ခါ ထပ်လေ့လာစရာ မလိုတော့ပါချေ။
“တကယ်တော့ မဖြစ်နိုင်တာတော့ မဟုတ်ဘူး... မနှစ်တုန်းက သတ်မှတ်ချက်တွေက အရမ်းတင်းကျပ်ပေမဲ့... ဒီနှစ်မှာ အများကြီး ပိုပြီးတော့ ဖြေလျှော့ပေးသွားမှာ... မြို့ထဲမှာရဲဘော် တော်တော်များများလည်း လက်ထပ်ပြီး ကလေးရှိပေမဲ့ စာရင်းပေးထားကြတယ်လို့ ကြားတယ်... အစမ်းခန့်ကာလအတွင်း သူတို့ကို ထည့်မလားကြည့်ရမယ်...မြိုမှာ နေရင် ကွန်မြူနတီကပိုလွယ်တယ်"
လင်းလန်က ငရုတ်သီးတစ်တောင့်ကို ဆိတ်ကာပြောလိုက်သည်။
"ဆရာလု...ဆရာ့မှာပြောစရာတစ်ခုခုများရှိလား"
တစ်ခုခုကို အရိပ်အမြွက် ပေးနေတာများဖြစ်မလား...
လုချန်ဝေ့က သူ့လက်ကို အမြန်ဝှေ့ယမ်းပြီး
"အမှားမလုပ်ရဲပါဘူးဗျာ... ကပ္ပတိန်လင်း နားလည်မှုလွဲနေတာ...ကျွန်တော်က ကိုယ့်အထင် နဲ့ကိုယ်ပြောနေတာပါ... ဒီလိုတက္ကသိုလ်မျိုးက အရင်တက္ကသိုလ်ကြီးလို မတင်းကျပ်ဘူး... ရိုးရိုးသားသားပြောရရင် ကျွန်တော် အများကြီးမလေ့လာနိုင်ဘူး ...မနှစ်စ်ကတည်းက သိလာရတယ်...ကျွန်တော်က တစ်နှစ်ပဲနေခဲ့တာ... လှုပ်ရှားမှုအမျိုးမျိုး၊ အလုပ်ကြမ်း၊ လေ့ကျင့်မှုတွေ လုပ်ရတာ စာကျက်ချိန်က တိုတောင်းတယ်...ပွင့်ပွင့်လင်းလင်းပြောရရင် မရောင်ရာဆီသွားလူးသလိုပဲ... တူညီတဲ့ စံနှုန်းတွေ မရှိဘူး... ဘယ်လို အဆင့်တိုင်းအတွက် ဌာနမှာ ဆုံးဖြတ့်ခွင့်ရှိတာမဟုတ်ဘူးလို့ ဘယ်လို အကြံပြုရမှာလဲ ဟားဟား...တကယ်တမ်းကျ …..”
Xxxxx
Part 554
သူစကားက မဆုံးသေးပေမဲ့ လင်းလန် သူ့ပြောလိုသည်ကို နားလည်သည်။ မဖြစ်စလောက်သာဖြစ်သည်တဲ့...
လင်းလန် သူ့ကို လေးလေးနက်နက်မကြည့်ဘဲ မနေနိုင်ဖြစ်သွားသည်။သူမှာထိုကဲ့သို့သော ထိုးထွင်းသိမြင်မှုမျိုးရှိနေမည်ဟု သူမမျှော်လင့်ခဲ့ပေ။သူက အခြေခံလူတန်းစားများအကြောင်းကိုလည်း နက်နက်နဲနဲနားလည်ပုံရသည်။
သေသေချာချာ လေ့လာကြည့်လျှင် ကေဒါ သို့မဟုတ် ကောလိပ်ကျောင်းသားများကို မှတ်ချက်ပေး၍ ရွေးချယ်ခြင်းက အခြေခံအားဖြင့် နှစ်ရက်တာမျှ ရိုးရိုးသားသားဖြစ်သော်လည်း ရက်အနည်းငယ်အတွင်း ဝင်ငွေရရှိစေသည့် နည်းလမ်းဖြစ်လာခဲ့သည်။ဤတပ်မဟာက ရိုးသားလျှင်ပင် တခြားတပ်မဟာက ရိုးသားလိမ့်မည်မဟုတ်ပေ။ ကွန်မြူနတီများတွင်လည်း အတူတူပါပင်။
ဝင်ခွင့်က တင်းကျပ်နေလျှင်ပင် အခြေအနေနှင့်ကိုက်ညီသူတွေ အများကြီးရှိပါသေးသည်။ သို့သော် နေရာက အနည်းငယ်ပဲရှိ၏။ ဘယ်သူက စာရင်းသွင်းမည်နည်း။ အဆင့်မြင့်အကဲဖြတ်ခြင်းအပြင်၊ သဘာဝအတိုင်း အခြားသောနည်းလမ်းများ ရှိပေလိမ့်မည်။
လုချန်ဝေ့က သူမအကြည့်တွေကနေ ဖုံးကွယ်မနေဘဲ ပြုံးပင်ပြုံလိုက်သေးရင်းဆို၏။
"ကျွန်တော့်မှာ အတွေးတွေများလွန်းတယ်လို ကပ္ပတိန်လင်းပြောမှာကို မကြောက်ပါဘူး...ညွှန်မှူးဟန် အဲဒီအနေအထားမှာ ရှိနေတယ်လို့ ထင်ရင် ကွန်မြူနတီမှာ ရာထူးတစ်နေရာရဖို့ မခက်ပါဘူး....အပြင်လူတွေဆီက ခယနေမဲ့အစား ကိုယ့်လူတွေဆီကသုံးတာ ပိုကောင်းမယ်မဟုတ်လား"
လင်းလန်က လေးလေးနက်နက်ပြောလိုက်သည်။ "ကျွန်မတို့ ညွှန်မှူးဟန် ဒီလိုမျိုး ဘယ်တော့မှ မလုပ်ဘူး"
လုချန်ဝေ့က သူ့လက်ကို အလျင်အမြန် မြှောက်လိုက်ပြီး သူ၏တောင်းပန်မှုကို ပြသလာ၏။
"ကပ္ပတိန်လင်း စိတ်မဆိုးပါနဲ့...ကျွန်တော်က မင်းအတွက်ပဲ ပြောတာပါ... မင်းမှာ ဒီလောက် ထက်မြက်တဲ့ သင်ယူနိုင်စွမ်းရှိတယ်... နောက်ထပ် ဆက်မသင်ရတာ သနားစရာပဲ...တကယ်တမ်းကျ.... "
သူက ပြုံးပြီး စကားရပ်လိုက်ကာ
"မင်းရဲ့အဖွဲ့သား မင်းကိုခေါ်နေတယ်"
လင်းလန် ခေါင်းလှည့်ကြည့်လိုက်သောအခါ လျှိုချွန်းချိုက်က သူမကို လက်ဝှေ့ယမ်းပြနေသည်ကို တွေ့လိုက်သောကြောင့် သူမတစ်ချက်သွားကြည့်လိုက်သည်။
သူမနှင့် လျှိုချွန်းချိုက် စကားပြောပြီးသောအခါတွင် သူမကို စိတ်အားထက်သန်စွာ မေးကြ၊ ချီးကျူးကြပြီး ပွဲထဲတွင် အလုပ်ကောင်းကောင်းလုပ်သည့်အတွက် ချီးကျူးကြသည့် လူအများအပြားက ချက်ချင်း ဝိုင်းအုံလာကြ၏။
ပညာတတ်အမျိုးသမီးလူငယ်တွေထဲက တစ်ယောက်ဖြစ်သည့် ကျစ်ဆံမြီးရှည်နှစ်ချောင်း၊ မေးစေ့ချွန်ချွန်၊ မက်မုံပွင့်မျက်လုံးများနှင့် ယွီရှင်းက အလွန်ချိုသာသည့်အသံဖြင့်မေးလာခဲ့သည်။ "ကပ္ပတိန်လင်း...ရှင်က ဒီပရိုဂရမ်ကို ပရိုမိုးရှင်းလုပ်တာ အရမ်းကောင်းတယ်...ကျွန်မတို့ ကျောင်းမှာ ရှင်လောက် တစ်ခါမှ မတော်ကြဖူးဘူး ...ကျောင်း က ပရိုဂရမ်နည်းနည်းကူရေးဖို့ ကြိုးစားပေမဲ့ အဲဒါတွေကို ပြရတာ ရှက်နေကြတာ"
လင်းလန် ရုတ်တရက်ကြီး စိတ်အားထက်သန်လွန်းနေသောကြောင့် ထူးဆန်းသည်ဟု တွေးမိသော်လည်း အလုပ်အကြောင်းပြောနေခြင်းဖြစ်သဖြင့် သူမငြင်းခဲ့ပေ။ သူမ သူတို့ကို ကူကြည့်ပေးခဲ့သည်။လင်းလန် သူတို့လုပ်ထားသည့် အစီအစဉ်ကို ကြည့်လိုက်၏။ ထိုဟာက လေးနက်လွန်းပြီး ခြောက်ကပ်နေကာ စံပြ ဇာတ်လမ်းဖြစ်နေသည်။
သူမသည် ပရော်ဖက်ရှင်နယ် ရှုထောင့်မှ အကြံပြုချက်အချို့ကို ပေးခဲ့၏။
"တကယ်တော့ လှည့်ကွက်တွေ မရှိပါဘူး... သာမန်လူတွေက ပညာမတတ်ကြဘူး...သူတို့ကို ပိုလေ့လာပြီး သူတို့ရဲ့ ဘာသာစကားကို သုံးပါ"
အချိန်ကုန်ခါနီးနေပြီဖြစ်သဖြင့် လင်းလန်နှင့် တခြားသူတွေက ထုတ်ပိုးကာ ပြန်ရန်ပြင်ကြသည်။
ရန်ဟုန်ရှားက သူမပြန်မည့်အကြောင်းကြားသောအခါ အလုပ်နားပြီး သူမအတွက် ငရုတ်သီးအပြည့်ထည့်ထားသည့် အိတ်တစ်လုံးကို တစ်ယောက်ယောက်အား ဖြည့်ခိုင်းလိုက်သည်။
လင်းလန် : "...အတွင်းရေးမှူး... ရှင်က ယဉ်ကျေးလွန်းနေပါပြီ... ယဉ်ကျေးလွန်းနေပါပြီရှင်... စားလောက်ရုံပဲထည့်ပါ"
ရန်ဟုန်ရှားက ဂရုမစိုက်ဘဲ
"နည်းနည်းလောက်ဆိုရပြီ...အေး...ရပြီ"
သူမက လျှိုချွန်းချိုက်ကို သူ့နောက်ကျောမှာပိုးပြီး သယ်ခိုင်းလေ၏။
"ကပ္ပတိန်လင်း...မင်း ငါတို့တပ်မဟာမှာ ရောက်နေတာ နှစ်ရက်ပဲ ရှိသေးတယ်.. ရက်နည်းနည်းကြာရင် ပြန်လာခဲ့ပါ"
ယခုအချိန်၌ အဖွဲ့အားလုံးသည် လင်းလန်နှင့် အခြားသူများကို ဖိတ်ခေါ်ခြင်းအတွက် ဂုဏ်ယူကြပြီး အချင်းချင်း နှိုင်းယှဉ်ကြသည်။
ထို့နောက် လင်းလန်နှင့် အခြားသူများ ထွက်သွားကြ၏။
ပညာတတ်လူငယ်အချို့က စုပြီးစကားတွတ်ထိုးကြသည်။
“ဘယ်ကိုသွားပြီး သူက ယုံကြည်မှုရှိမယ်လို့ ထင်ရတာလဲ...ကျောင်းကို တစ်ခါမှ မရောက်ဖူးဘဲ ငါတို့ကို အကြံဉာဏ်ပေးချင်တဲ့ စိတ်ရှိတယ်ပေါ့..."
“မှန်တယ်...သူရေးတဲ့ ဆောင်ပုဒ်ကို ကြည့်... ရိုးရှင်းတဲ့စာလုံးတွေပဲသုံးထားတာ...လေးလေးနက်နက် စာလုံးတွေမရေးတတ်မှာစိုးရတယ်"
"သူ့ယောက်ျားက ညွှန်မှူးမို့လို့ မဟုတ်ဘူးလား... နောက်ဖေးတံခါးကနေသာ ဖြတ်မဝင်ရင် ဝါဒဖြန့်ရေးအဖွဲ့ထဲဝင်ဖို့ သူ့ အလှည့်ရောက်ပါ့မလား"
"သူတို့ရွာက လူတွေဆီက ကြားတယ်...ရွာမှာ ပျင်းပြီး လောဘကြီးတဲ့အပြင် ဗိုလ်ကျတယ်တဲ့"
"တုံးလိုက်တာကလည်းချာ... ငရုတ်သီးအကြောင်းပဲ တစ်နေ့လုံး သိနေတယ် ...ငါ့စိတ်ထဲမှာ သူ့မှာ စားစရာ မရှိတော့ဘူး ထင်တာပဲ... သူ့ကဗျာတွေရေးတာ မတွေ့ဖူးဘူး"
ယွီရှင်းက ကဗျာတွေရေးတတ်ပြီး အရည်အချင်းရှိသည့် အမျိုးသမီးတစ်ယောက်ဟု အမြဲကြွားဝါခဲ့သည်။သူက လင်းလန်ကို သူမကိုယ်ပိုင်အရာတွေပြသပြီး အံ့အားသင့်စေကာ လင်းလန်နှင့် ကောင်းမွန်သောဆက်ဆံရေးတည်ဆောက်ရန် အခွင့်အရေး ယူချင်ခဲ့၏။ လင်းလန်က တုံးလွန်းပြီး အဲဒါကို နားမလည်ဘူးဆိုတာ ဘယ်သူသိမှာလဲ... သူမကို တကယ်ကြီး အကြံဉာဏ်တွေ လေးလေးနက်နက် ပေးနေတယ် အံ့ဩဘ...
စာအုပ်မဖတ်ဘဲ ငရုတ်သီးကို သိတဲ့ တောက မိန်းမတစ်ယောက်က သူမလို အထက်တန်းကျောင်းသူကို ပြောပြဖို့ရဲတဲ့သတ္တိရှိတယ်ပေါ့...
လူတွေက သူ့ကို ဆရာမလင်းလို့ ခေါ်ကြတာနဲ့ပဲ သူ့ကိုယ်သူ ဆရာမလို့ တကယ်ထင်နေတာလား...
သူမရဲ့ လှပမှုကို ကြည့်လိုက်စမ်း...
အားလုံးက လင်းလန်ကို နောက်ဖေးတံခါးကနေ ကျေနပ်စေပြီး ဟန်ချင်စုန့်ဆီမှာအကူအညီတောင်းပေးခိုင်းချင်ကြသော်လည်း တစ်ယောက်ကိုတစ်ယောက် နှိုင်းယှဉ်ဖို့လည်း သတိရှိနေကြသည် လင်းလန်ထွက်သွားပြီးသည်နှင့် လင်းလန်မကောင်းကြောင်းတွေပြောတော့သည်။
လုချန်ဝေ့ လင်လန်အား ဆဲဆိုနေကြသည်ကို ကြားသောအခါ ဒေါသတွေထွက်လာ၏။ အထူးသဖြင့် အခုလေးတင် လင်းလန်နားမှာ ထိုကဲ့သို့ စိတ်အားထက်သန်စွာ ဝိုင်းအုံနေကြသည်နှင့် ယှဥ်ကြည့်ပါက အလွန်ရွံစရာကောင်းသည်။
"ရဲဘော်လင်းလန်က ကျောင်းမတက်ဖူးပေမဲ့ သူက မင်းတို့ထက် ပညာတတ်တယ်ထင်တယ်... အနည်းဆုံးတော့ သူက မင်းတို့ထက်တော်ပြီး ဘယ်လိုရှက်ရမှန်းသိတယ်..."
လူတော်တော်များများက လုချန်ဝေ့၏စကားကြားရရန် မမျှော်လင့်ထားပေမဲ့ သူတို့ သူ့ကို မကြောက်ကြပေ။
"သူတို့ကထွက်သွားပြီကို မင်းကဘာလို့ဖားနေတာတုန်း...မင်းဘာမင်း သေအာင်ဖားလည်း တစ်ဖက်က ကောလိပ်တက်ဖို့ ထောက်ခံပေးမှာ မဟုတ်ဘူး... ဟီးဟီး”
“ဟုတ်တယ်...ငါက နောက်ဖေးပေါက်ကနေ တစ်စုံတစ်ယောက်ကို ထောက်ခံချက် တောင်းမှာ မဟုတ်ဘူး... ဒါပေမဲ့ မင်းတို့ကောင်တွေ...သူများနောက်ကွယ်မှာ သူများ မကောင်းကြောင်း ပြောမနေနဲ့...ထောက်ခံချက် ပတ်တောင်းနေလိုက်"
ယွီရှင်းက သရော်လေ၏။
"ဆရာလု... ရှင်က သူနဲ့ ဘာမှမဆိုင်ဘူး... ဘာလို့ ဒီလိုလုပ်နေတာလဲ...ကပ္ပတိန်လင်းအပေါ် တစ်ခုခု များရှိနေတာလား"
Xxxxxxxx