အပိုင်း ၅၅၁-၅၅၂
Viewers 37k

Part 551


အားလုံးသိပြီးသားဖြစ်သော်လည်း စန်းဝမ် ၏စကားကိုကြားပြီးနောက်  မရယ်ဘဲမနေနိုင်ကြဆဲပင်။


ဂျုံရိတ်သိမ်းရန်က အချိန်သိပ်မကြာပေမဲ့ လုပ်သားအင်အားလည်း အလွန်လိုအပ်၏။ ဟန်ချင်စုန့်နှင့် ကလေးတွေက လင်းလန်ကို လယ်ထဲသွားခွင့်မပြုသည့်အတွက် မိသားစုအတွက် ဘယ်လိုပြင်ဆင်ရမလဲဆိုသည်ကို သူမစဥ်းစားနေခဲ့သည်။ ကိုယ်လက်လှုပ်ရှားမှုလုပ်ရသည့်အတွက်  မနက်စာက ပိုအရေးကြီး၏။လင်းလန် မနက်စာကို ပိုပြီးဖွယ်ဖွယ်ရာရာဖြစ်စေချင်သည်။ ယာဂု သို့မဟုတ်ပေါင်းထားသည် ပန်ကိတ်တွေကိုချည်း တစ်နေကုန်မစားစေချင်ပေ။


 သူမ တပ်မဟာအတွင်းရှိ အလဟသတ်ဖြစ်ပြီး  အသုံးမဝင်သော ကျောက်ကြိတ်ဆုံငယ် နှစ်ခုကို သွားရှာခဲ့သည်။ ကြိတ်ဆုံလေးက အစေ့အဆန်တွေကြိတ်ရန်အတွက်မဟုတ်သော်လည်း နေ့တိုင်း ပဲပိစပ်ကြိတ်ရန်အတွက်မူ အဆင်ပြေကြောင်းသူမတွေ့ခဲ့၏။မနက်ခင်းမှာ ပဲပိစပ်အနည်းငယ်ကို ကြိတ်ပြီး ပဲနို့ကို ချက်ကာ တို့ဟူးလုပ်၍ရသည်။ အလုပ်များသောရာသီတွင် တပ်မဟာက အစားအသောက် တိုးပွားစေရန် တိုဟူးလုပ်သဖြင့်  ဆားရည်လည်း ပြင်ဆင်ထားသောကြောင့် သူမ လိုချင်လျှင် မှာယူနိုင်လေ သည်။


 ညနေပိုင်းတွင် ဟန်ချင်စုန့် တပ်မဟာသို့ သွားရောက်လျှောက်ထားခဲ့ပြီး ထိုနှစ်ခုကိုသူတို့၏အိမ်အနီးရှိ ဟာလာဟင်းလင်းနေရာတွင် တပ်ဆင်ပေးခဲ့၏။


 လင်းလန်  ထိုညတွင် ပဲပိစပ်ကို ရေစိမ်ပြီး ဟန်ချင်စုန့်အား သူ့သားနှစ်ယောက်ကို မနက်စာစားဖို့ ပြန်ခေါ်လာရန်ပြောလိုက်သည်။ နောက်တစ်နေ့တွင်မိုင်စွေ့ နှင့် စန်းဝမ်တို့ကို ကြိတ်စက်မှာ ကြိတ်ခိုင်းလိုက်သည်။


 ကလေးနှစ်ယောက်က ကြိတ်နေကြပြီး လင်းလန်က  အိမ်တွင် ပန်ကိတ်လုပ်နေကာ ကလေးများ၏ ဆာလောင်မှုကို ကျေနပ်စေရန် မုန့်စိမ်းချောင်း အနည်းငယ်ကို အကျွတ်ကြော်လိုက်သည်။


 မုန်လာဥအပင်ပေါက်လေးများကို တိုဟူးသေးသေးလေးပြုလုပ်ရန် ကျန်ရှိသော အနှစ်ထဲထည့်လိုက်၏။တိုဟူးသေးသေးလေးက ပဲနံ့ထွက်နေသဖြင့် လင်းလန်က ဝက်ဆီဖြင့် မွှေကြော်လိုက်သည်။


  7:30 တွင် ဟန်ချင်စုန် နှင့် တဝမ်၊အားဝမ် တို့ နံနက်စာစားရန် အိမ်ပြန်လာကြပြီး အဝေးကနေ အရသာရှိသော ပန်ကိတ်များကို အနံ့ရသဖြင့် သားအဖတတွေ တညီတညွတ်တည်း အရှိန်မြှင့်လိုက်ကြသည်။


ကြက်ဥစွပ်ပြုတ်၊ အသီးအရွက်ကြော် ပူပူ၊ ပဲနို့အဆိမ့်၊ တို့ဟူးနှောင်း  အိုးသေးသေးလေး၊ တို့ဟူးကြော်အိုး၊ ရွှေမုန့်ချောင်းကြော်၊ ပန်ကိတ်ကြော်များ ပါဝင်သည့် အရသာရှိသော နံနက်စာကို စားပွဲပေါ်တွင် တည်ခင်းထားသည်...


လင်းလန်က သူတို့ကို နှုတ်ဆက်လိုက်သည်။

 "မြန်မြန်လုပ်...ဆေးကြောပြီးစားတော့"


သူမက လူတိုင်းအတွက် ပဲနို့နှင့် တိုဟူးတို့ကို ပြင်ပေးခဲ့ပြီး သကြားပင် ယူလာခဲ့သည်။


ကျောက်ကြိတ်ဆုံနှင့် ပြုလုပ်ထားသော ပဲနို့က ကောင်းမွန်ပြီး ညက်ညောကာ ကျောက်ကြိတ်ဆုံ၏ ထူးခြားသော အရသာဖြင့် ပြုလုပ်ထားသည်။သကြားဖြူတစ်ဇွန်းဖြင့်ဆိုလျှင် ချိုပြီး မွတ်နေ၏။ ပန်ကိတ်ကြော်၊မုန်စိမ်းချောင်းကြော်များနှင့် စိမ်ပြီး စားသောအခါတွင်လည်း လုံးဝကိုလိုက်ဖက်ပေသည်။


လင်းလန်က ဟန်ချင်စုန့် ကို ထိုကဲ့သို့ ပန်းကန်လုံးကြီးကြီး တစ်လုံးပြင်ပေးခဲ့၏။ သူက အရသာရှိရှိစားပြီး ကောင်းကောင်းမွန်မွန်ပြုမူနေသော်လည်း ကလေးများက လှည့်ကွက်များ စတင် လုပ်လာကြသည်။


တဝမ်က ငရုတ်သီးတစ်ပန်းကန်လုပ်ပြီး မုန့်စိမ်းချောင်းကြော်နှင့် ပန်ကိတ်တို့ နှစ်ပြီး စားခဲ့သည်။ စားပြီးသည့်အခါ တိုဟူးနှောင်းကို ဇွန်းကြီးတစ်ဇွန်းထည့်ကာ ရောမွှေပြီး တရှူးရှူး တရှဲရှဲနှင့် စား၏။ 


လင်းလန် : "..." 

အစ်ကိုတဝမ် မင်းလုပ်နိုင်တယ်...


 မိုင်စွေ့  နှင့် အားဝမ်တို့ကမူ ပုံမှန်အတိုင်းဖြစ်ပြီး ပဲနို့အချိုသောက်ကြကာ ဟင်းရွက်ချဉ်နှင့် ပဲငံပြာရည် တို့ဟူးနှောင်းတို့ကို ထည့်၍ အရသာရှိစွာ စားသုံးကြသည်။


သူမက စန်းဝမ်  သကြားထပ်ခပ်လိုက်သည်ကိုကြည့်ပြီးပြောလိုက်၏။

"ညီလေး မင်းပဲနို့က ချိုနေပါပြီ"


စန်းဝမ်က ပြောလာသည်။

 "မားမား...ကျွန်တော်က တို့ဟူးနှောင်း စားနေတာ"


 လင်းလန် သူ တို့ဟူးနှောင်းထဲကို သကြားတစ်ဇွန်းလောင်းထည့်ပြီး မွှေကာစားနေသည်ကို မြင်လိုက်ရ၏။ 


လင်းလန်လည်း သက်ရောက်မှုအချို့ကို ခံစားလိုက်ရသည်။


 စန်းဝမ်က ရှောင်ဝမ်ကို မြည်းကြည့်ခိုင်းရာ ရှောင်ဝမ်က  က ခဏလောက် မြည်ကြည့်ပြီးနောက် သားအဆိပ်မိပြီးသေတော့မယ်ဟူသော အမူအရာမျိုးပြသကာ အရသာမရှိကြောင်းဖော်ပြလာ၏။


ရှောင်ဝမ်က လင်းလန်ကို ဆားနယ်ထားသော တို့ဟူးနှောင်း တစ်ပန်းကန် ကျွေးခိုင်းလေသည်။ စားပြီးနောက် မကျေနပ်သေးသည့်အတွက် ပဲနို့တစ်ဇွန်းအပြည့်ထပ်ထည့်၏။


 "ဝိုး ပဲနို့အငန်က အချိုတွေထက် အရသာပိုကောင်းတယ်... ညီလေးစန်း မြည်းကြည့်ပါဦး"


စန်းဝမ်က အရောင်ကိုကြည့်ပြီး ပြုံးကာဆိုသည်။

 "အိုး... ငါ အဲဒါကို မမြည်းချင်ဘူး"


ရှောင်ဝမ် မုန့်စိမ်းချောင်းကြော်ကို ယူပြီး စိမ်စားလိုက်၏။ဟမ့် ပိုတောင် အရသာရှိသေးတယ်...


 ထို့နောက် ပန်းကန်ထဲတွင် ပဲငံပြာရည် ပါနေသည် ကိုတွေ့သည့်အခါ ထပ်နှစ်လိုက်သည်။

 "ဝိုး အရသာရှိလိုက်တာ... ပဲငံပြာရည်ထဲမှာ မုန့်ချောင်းကြော်စိမ်တာက လုံးဝအရသာဖက်ဘဲ"


စန်းဝမ်   သူပြောသည်က အမှန်ဖြစ်ကြောင်းတွေ့သောအခါ သူလည်း စားကြည့်ချင်ခဲ့၏။


 "...မင်းကိုယ်တိုင်စားကြည့်လို့ရတယ် ငါ့တို့ဟူးနှောင်းကလည်း အရသာရှိတုန်းပဲ"


 ညီအကိုနှစ်ယောက် အချေအတင် ဆွေးနွေးကြသည်၊ ပဲနို့အချို နှင့် ပဲနို့အငန်၊  တို့ဟူးနှောင်းအချိုနှင့်  တို့ဟူးနှောင်းအငန် ၊ ပဲငံပြာရည် စိပ်ထားသော မုန့်စိမ်းချောင်း​ကြော် နှင့် သကြားစိမ်ထားသော မုန့်စိမ်းချောင်းကြော် ...


ရှောင်ဝမ်က  ကြီးပြင်းလာပြီဖြစ်ကာ သူများခြယ်လှယ်ချင်သလိုခြယ်လှယ်၍ရသူမဟုတ်တော့ဘဲ  ထင်မြင်ချက်တွေကို ရဲရဲဝံ့ဝံ့ ထုတ်ဖော် ပြောဆိုလာတတ်လာသည်။ ထိုဟာက ငရုတ်သီးစားခြင်း၏ သက်ရောက်မှုကြောင့်ဟု ခန့်မှန်းရပြီး လူတွေက အရသာရှိသည်ဟု ပြောရုံမျှဖြင့် စားလိက်၍မရပါချေ။


 အဆုံးမှာ ညီအစ်ကိုနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် မင်းကဒီလိုညီ/အစ်ကိုပေါ့ဟူသော အကြည့်များဖြင့် ကြည့်နေကြသောကြောင့် လင်းလန်ထရယ်မိလုနီးပါးပင်။


 သို့သော်လည်း ညီငယ်နှစ်ယောက်သည် မတူညီမှုများကို သီးသန့်ဖယ်ထားရင်း တူညီမှုများကို ရှာဖွေရာတွင် အလွန်တော်ကြပြီး အချင်းချင်း လျင်မြန်စွာ နားလည်သဘောပေါက်ကြသည်။မင်းရဲ့အကြိုက်ကို ငါသဘောမကျပေမဲ့ မင်းကိုတော့ ငါအရမ်းသဘောကျပါတယ်ဟုပြောပြီး တစ်ယောက်ကိုတစ်ယောက် ခွင့်လွှတ်လိုက်ကြ၏။ မနက်စာစားပြီးနောက် အချင်းချင်းလက်ဆွဲနှုတ်ဆက်ကာ ငြိမ်းချမ်းရေးယူလိုက်ကြပြီး နေလည်အကြောင်း ပြောနေကြလေသည်။


နေ့လည်စာစားပြီးနောက် လင်းလန် ပင်ပန်းနွမ်းနယ်မှုကို ပြေလျော့စေရန် အားလုံးကို တစ်ရေးတစ်မော အိပ်ခိုင်းလိုက်သည်။ လယ်ယာလုပ်ငန်းအလုပ်များသည့်ကာလတွင် သူတို့အနေဖြင့်  အလုပ်နှင့် အနားယူခြင်းကို ပေါင်းစပ်ရပေမည်။ ထိုသို့မဟုတ်ပါက  နေ့ခင်းဘက်တွင် အလုပ်လုပ်သည့်အခါ အားနည်းသလို ခံစားရပေလိမ့်မည်။


 အကြီးတွေက သူမစကားကို နားထောင်ပေမဲ့ စန်းဝမ်က ဘယ်တော့မှ မအိပ်ပေ။

 "ညမှာ အကြာကြီးအိပ်ပြီး နေ့ခင်းဘက်လည်းအိပ်ရင် ကျွန်တော်သေမှာပေါ့ မားမားရဲ့..."


 ထို့ကြောင့် သူကတစ်ရေးတစ်မော မအိပ်ဘဲ ရှောင်ဝမ် နှင့်ကလေးတချို့ကို အတူခေါ်ကာ ပုစဉ်းရင်ကွဲများကို ဖမ်းခြင်း၊ ဂျုံနှံကောက်ခြင်း၊ မြက်ရိတ်ခြင်း ၊ ရေကူးခြင်း စသည်ဖြင့်  တရေးတမောအိပ်သည်ကလွဲ၍ ဘာပဲ ဖြစ်ဖြစ်  တခြားသူတွေ အနားယူနေသည်ကို မနှောင့်ယှက်မိသရွေ့ သူတို့ လုပ်ချင်သည့်ဟာအကုန်လုပ်ခဲ့ကြသည်။


Xxxxxxxx

Part 552


ရှောင်ဝမ်က သူ့လောက် တက်ကြွမှုမရှိသော်လည်း သူနှင့်အတူ လျှောက်သွားရသည် သဘောကျသဖြင့် စန်းဝမ် သူ့ကို သစ်ပင်ရိပ်မှာ မှာ အိပ်ခိုင်းထား၏။ သူက ရှောင်ဝမ်၏ဗိုက်ကို သူ့အင်္ကျီနှင့် ခြုံပေးကာ ကောက်ရိုးဦးထုပ်ကို ဆောင်း၍ လယ်ကွင်းထဲတွင် ဂျုံနှံကောက်ရန် အင်္ကျီကျွတ်သွားခဲ့သည်။


ဂျုံရိတ်သိမ်းပြီးသော လယ်တွင် အကြွင်းအကျန်အချို့ အမြဲရှိပြီး ကောက်ကာ အလုပ်မှတ်တချို့ရရန် အဖွဲ့ဆီ ပို့ကြ၏။


 နှစ်ရက်လောက်ကြာသောအခါ လိုင်ရှီးက လင်းလန်ကို ပျားတရုတ်ဆီးသီး ခြင်းတစ်ခြင်းပေးခဲ့သည်။ သူ့အဖွား၏ တပ်မဟာမှာ တရုတ်ဇီးသီး သစ်တောတွေရှိပြီး ဤနှစ်ကစ၍ အဖွဲ့ဝင်တွေကို များများဝေငှပေးခဲ့၏။အစ်မကြီးလင်းက ခြင်းတစ်ခြင်းရခဲ့ပြီး ကလေးတွေအား အဒေါ်အချို့စားရန် ပေးခိုင်းခဲ့သည်။


လိုင်ရှီးက လင်းလန်ကို ထန်မိသားစုက ထန်လောင်စန်းနှင့်ထန်လောင်ချီတို့ အလုပ်အမှတ်များရရှိရန် နှစ်ရက်ကြာအောင် ဂျုံလာကူရိတ်ခဲ့သည်ဟုပြော၏။ ၎င်းတို့၏အကူအညီကြောင့် ထုတ်လုပ်ရေးအဖွဲ့သည် ထိုနေ့တွင် သတ်မှတ်ချိန်ထက် စောပြီး ပြီးမြောက်ခဲ့ကာ ဂျုံတွေလည်း မိုးမမိခဲ့ပေ။ ယခုနှစ်တွင် လင်းလဲ့ရွှေ  နှင့် ထန်ဟဲဟွ တို့သည် ယခင်နှစ်များထက် ဂျုံရိတ်သိမ်းရာတွင် ပိုအလုပ်ဖြစ်ကြပြီး အပျင်းလျော့သွားကာ ရှောင်ရှင်းကလည်း အလွန်လိမ္မာနေ၏။


ထန်လောင်ယာက  အဘွားကြီးထန်ကို ရက်ကန်းယက်ရန် အမှန်တကယ်စေလွှတ်ခဲ့သည်  ကျန်းရွာရှိ ရက်ကန်းလုပ်ငန်းကလည်း လူအင်အားနည်းပါးနေသောကြောင့် အခြားကျေးရွာများမှ လူများကိုလည်း စုဆောင်းနေသည်နှင့် ကြုံသွားလေသည်။ ထန်လောင်ယာက  အဘွားကြီးထန်ကို ထိုနေရာသို့ စေလွှတ်လိုက်ပြီး အဘွားကြီးကျန်းကို သူမ ရက်ကန်းကောင်းကောင်းယက်ရန်နှင့် ထိုအဒေါ် သုံးယောက်၊အမျိုးသမီး ခြောက်ယောက်နှင့် မပေါင်းသင်းနိုင်စေရန်  သူမကို စောင့်ကြည့်ခိုင်းခဲ့သည်။


 မမျှော်လင့်ထားစွာပင် မောင်ဖြစ်သူ နှင့် သူ့ဇနီးတို့တင် တိုးတက်လာရုံသာမက အဘွားကြီး ထန်သည်လည်း အပြစ်ပေးခံရသည်ဖြစ်သဖြင့် သူမနောက်ကွယ်တွင် ခိုးကြောင်ခိုးဝှက်နှင့် မကောင်းသည့်အရာတွေလုပ်၍မရတော့ပေ။ သူမ အတော်လေး  ကျေနပ်သွားသလို ခံစားရသည်။


 ဂျုံရိတ်သိမ်းချိန်သည် အလုပ်များပြီး ပင်ပန်းသော်လည်း အချိန်ကတို၏။အလုပ်များသော ဂျုံရိတ်သိမ်းချိန်ပြီးနောက် အဖွဲ့ဝင်များအနေဖြင့် ပြန်လည်အနားယူနိုင်ကြသည်။ ဝါဒဖြန့်ရေးအဖွဲ့က အစီအစဉ်တစ်ခုလုပ်ဆောင်ကြပြီး ကလေးများကိကျောင်းသွားကြသည်။


နွေလယ် ဇွန်လရောက်ရှိလာသောအခါ ပုစဉ်းရင်ကွဲများအော်ကြပြီး မြေပြင်တွင် စိမ်းလန်းသော အရိပ်သဏ္ဍာန် များနှင့် ပြည့်နေ၏။


ကွန်မြူနတီ  အဖွဲ့ဝင်များသည် ပို၍နားနားနေနေရှိခဲ့ကြပြီး ဝါဒဖြန့်ရေးအဖွဲ့၏ လင်းလန်နှင့် အခြားသူများကမူ တဖန်အလုပ်များလာပြန်သည်။ ချိုမြိန်မှုကို မြည်းစမ်းပြီးသည်နှင့် မရပ်တန့်နိုင်ကြောင်း အဖွဲ့ဝင်များက သိလိုက်ရသည်။သူတို့အနေဖြင့် ဝါဒဖြန့်ခြင်းမပါဘဲ မနေနိုင်ကြတော့ပေ။  ယခု ဝါဒဖြန့်ရေးအဖွဲ့ကတစ်ခုတည်းရှိသည်။ အားလပ်ရာသီအတွင်း နှစ်ရက်အကြာ ဝါဒဖြန့်ရန် မဖိတ်ခေါ်ပါက အဖွဲ့ဝင်များ အားကုန်သွားကြမည်ဖြစ်၏။


 ဝါဒဖြန့်ခြင်းကို နားထောင်ခြင်းသည် အတိတ်က ပြဇာတ်များကို နားထောင်ခြင်းထက် ပိုစွဲမက်ဖွယ်ကောင်းသည်။


 ကလေးများ အနားယူချိန်တွင် လင်းလန် စန်းဝမ်  နှင့် ရှောင်ဝမ်တို့ကို ဧည့်သရုပ်ဆောင်အဖြစ်ပါဝင်ရန် ခေါ်သွားခဲ့၏။ ယခု ယန်ယန်က လင်းမိန်တို့တပ်မဟာသို့  ရက်ကန်းသွားယက်ပြီဖြစ်သဖြင့် ဝါဒဖြန့်ရေး အဖွဲ့တွင် ပုံသေ ၀ါဒဖြန့်သူ လူငယ်လေးများ မရှိပေ။ အကုန်လုံးက လင်းလန်တို့မိသားစုမှ ကလေးများ သို့မဟုတ်  ကျောင်းက ကျောင်းသားတွေ ကူညီပေးခြင်းသာဖြစ်၏။


 ဤနေ့တွင် လင်းလန်၊တုန်ဟွိုင်ဟွ နှင့် လျှိုချွန်းချိုက်တို့ ဝါဒဖြန့်ရန် ယုံရှင်းတပ်မဟာသို့ သွားကြသည်။ လျှိုချွန်းချိုက်  နှင့် အခြားသူများ ဖျော်ဖြေနေစဉ် လင်းလန်က အောက်ရှိ ခုံတန်းငယ်လေးပေါ်မှာထိုင်နေခဲ့ပြီး ငရုတ်သီးကောက်ရင်း ဖျော်ဖြေပွဲ ကြည့်ကာ အဖွဲ့ဝင်များနှင့် စကားစမြည် ပြောနေခဲ့၏။


ဤအဖွဲ့ဝင်တွေက သူမကို အတော်လေး သဘောကျကြသည်။


အထူးသဖြင့် ကျောင်းသွားတက်ထားသည့် ကွန်မြူနတီအဖွဲ့ဝင် အနည်းငယ်နှင့် ပညာတတ်လူငယ်ဆရာ လုချန်ဝေ့က ဝါဒဖြန့် လာတိုင်း သူမနှင့် စကားစမြည်ပြောရန်  အစပြုတတ်၏။


သူတို့စကားပြောနေစဉ် အတွင်းရေးမှူး ရန်ဟုန်ရှား ရောက်လာသည်။ သူမသည် ငယ်စဉ်က ပြည်သူ့စစ်ကပ္ပတိန်တစ်ဦးဖြစ်ခဲ့သော်လည်း ယခုအခါ အမျိုးသမီး ကေဒါခေါင်းဆောင်တစ်ဦးဖြစ်နေပြီဖြစ်ပြီး  ဖြူဖွေးနေအောင်  လျှော်ထားသော စစ်ယူနီဖောင်းကို ဝတ်ဆင်ကာ နွေရာသီကြီးမှာ ခါးပတ်ပတ်လျက် သေနတ်အလွတ်ကို လွယ်ထားလေ့ရှိသူဖြစ်သည်။ သူမက လင်းလန်ကို နှုတ်ဆက်လာ၏။


  ရန်ဟုန်ရှားက သူတို့၏ တပ်မဟာရှိ ငရုတ်သီးငရုတ်သီးတွေနှင့်တူပြီး ပူပြင်းလေထုကို ထုတ်လွှင့်နေပြီး ထူးထူးခြားခြားကို စိတ်အားထက်သန်မှု ရှိနေသည် လင်းလန်ခံစားရသည်။


 "ကပ္ပတိန်လင်းးး..." 


လင်းလန်ကိုမြင်လိုက်ရသောအခါ  ရန်ဟုန်ရှားက ခြေလှမ်းကျဲကြီးများဖြင့် ချက်ချင်းလျှောက်လာပြီး  အဝေးကနေ လက် ဆန့်လာ၏။


 လင်းလန့် ထိတ်လန့်တကြား  အမူအရာပြောင်းသွားကာ  ငရုတ်သီးအပုံကြီးကို အမြန်ကောက်ယူပြီး ရန်ဟုန်ရှားကို  ပြုံးပြကာဆိုလိုက်သဘ်။ "အတွင်းရေးမှူးရန်... ရှင်တို့က ငရုတ်သီးတွေကိုကောင်းကောင်းစိုက်ထားတာပဲ"


ရန်ဟုန်ရှား၏လက်က အလွန်သန်မာပြီး သူမ လင်းလန်၏လက်လေးကို  3 မိနစ်ကြာအောင် လက်ဆွဲနှုတ်ဆက်ပြီးတိုင်း လင်းလန်၏လက်လေးခမျာ အချိန်အတော်ကြာ ထုံကျင်သွားရသည်။ထို့ကြောင့် လင်းလန်က အတော်လေး ကြောက်သွားပြီး တတ်နိုင်လျှင် လက်ဆွဲမနှုတ်ဆက်ပေ။ မည်သို့ပင်ဖြစ်စေ  အခုချိန်မှာ သူမနှင့် အလွန်ကို ရင်းနှီးနေပြီဖြစ်၏။


ရန်ဟုန်ရှားက  ကျယ်လောင်စွာ ရယ်မောရင်းပြောလေသည်။

 "မင်း ကြိုက်တယ်ဆို... များများယူသွားလေ...ငါတို့ ငရုတ်သီးက အရမ်းပူတယ်" 

 

လင်းလန်က ငရုတ်သီးအများကြီးကို ကိုင်ထား၍ လက်ဆွဲနှုတ်ဆက်၍ မရသည်ကို မြင်လိုက်ရသဖြင့် သူမ စိတ်မကောင်းစွာဖြင့် သူမ၏လက်များကို  ဘောင်းဘီပေါ်မှာ  ပွတ်သပ်လိုက်သည်။


လင်းလန်: "ကျေးဇူးတင်ပါတယ် ဌာနခွဲအတွင်းရေးမှူးရန်...သမဝါယမအတွက် ငရုတ်သီးရောင်းတာအပြင်ကျွန်မတို့တခြားတစ်ခုခုလုပ်လို့ရလား"


 သူမနှင့် ရန်ဟုန်ရှားက ကောင်းကောင်း အကျွမ်းတဝင်ရှိသည့်အတွက်   သူမကိုစိတ်ဓာတ်ကိုသိလေသည်။ 


ယင်းကိုကြားသောအခါ ရန်ဟုန်ရှားက  မျက်မှောင်ကြုတ်ပြီး အလွန်ကို လေးနက်စွာပြောလာ၏။


 "ရဲဘော်လင်းလန်...မင်းဘယ်လိုလူလဲဆိုတာ ငါသိပါတယ်... မင်းက ခေတ်ရှေ့ပြေးတဲ့ ရဲဘော်ကောင်းတစ်ယောက်ပါ... ဘယ်ဘေးပေါက်အလုပ်ကိုမှ မင်းဘက်ကနေ စပြီး  လုပ်စရာမလိုပါဘူး"


လင်းလန် ချက်ချင်း ခေါင်းညိတ်လိုက်သည်။

"အဲ့လိုမလုပ်ပါဘူး... တပ်မဟာကနေ ဘေးပေါက်လုပ်ငန်းစရအောင်... အဖွဲ့ဝင်တွေလည်း တိုးတက်လာမယ်လေ... ဥပမာ ငရုတ်ဆော့စ်၊ငရုတ်ကောင်းအချဥ်စိမ်တို့ဘာတို့လေ"


 ယုံရှင်း တပ်မဟာ၏ ငရုတ်သီးများက အနည်းဆုံး ရှန်ရွေ့ထက်  ပိုကောင်း၏။ ရေနှင့် မြေဆီလွှာပြဿနာများကြောင့် ဖြစ်နိုင်သည်။ထို့ကြောင့် လင်းလန်က ကိုယ်တိုင်မစိုက်ပျိုးဘဲ သူတို့၏ တပ်မဟာကို စိုက်ခိုင်းချင်ခြင်းဖြစ်၏။


 ရန်ဟုန်ရှား: "ရဲဘော် လင်းလန်...  ဆင်းရဲသားနဲ့ အလယ်အလတ် လယ်သမား လူတန်းစားတွေရဲ့ သဘောသဘာဝကို ငါတို့ ထိန်းသိမ်းရမယ်... ငရုတ်သီးဟာ  ငရုတ်သီးပဲ... ဘူဇွာတွေရဲ့ ပြန်လည်ပြင်ဆင်ရေး လေသံကိုနားမယောင်နဲ့"


 သူမက လင်းလန်၏ပုခုံးပေါ်ကို လက်ဖြင့် ပုတ်လိုက်သည်။ လင်းလန်အတွက်မူ မြေကြီးပေါ် ထိုင်ချလုနီးပါးဖြစ်သွားပြီး နှုတ်ခမ်းထောင့်စွန်းများမဲ့သွား၏။


Xxxxxx