Part 557
လင်းလန်က အရပ်သိပ်မရှည်ပေမဲ့ ရင်သားကြီး၊ ခါးသိမ်သိမ်၊ ခြေတံရှည်ရှည်နှင့် အချိုးအစားကောင်းကောင်းဖြင့် မွေးဖွားလာခဲ့သောကြောင့် ရှပ်အင်္ကျီဝတ်ထားသောအခါ အံ့ဩရလောက်အောင်ကြည့်ကောင်း၏။
မိုင်စွေ့၏မျက်လုံးများတွင် ကြယ်များတလက်လက်ထလာသည်
"အရမ်းကြည့်ကောင်းတာပဲ..."
လင်းလန် ခဏလောက် မှုန်မှိုင်းမှိုင်းဖြစ်သွားပြီး "ကောင်မလေး...ကြည့်ကောင်းပေမဲ့ ဝတ်လို့မရဘူး"
ခေတ်မီသော ဝိညာဉ်တစ်ခုဖြစ်သည့် လင်းလန်အမြင်တွင် ၎င်းက တကယ်ကို ဖက်ရှင်ကျသည်ဟု မြင်သော်လည်း အပြင်မှာ ၎င်းကို ဝတ်ဆင်ပါက အဖမ်းခံရဖွယ်ရှိသည်။
မိုင်စွေ့လည်း ထိုအကြောင်းကို တွေးမိပြီး ပြုံးပြုံးလေးဆိုလိုက်၏။
"ဒါဆို အိမ်မှာပဲ ဝတ်လိုက်လေနော်... အေးအေးဆေးဆေးပဲ"
အဖေ ဝမ်းသာသွားလိမ့်မယ်...
လင်းလန်က ဘယ်လိုပဲဖြစ်ဖြစ် အပြင်မထွက်သဖြင့် အိမ်မှာနေရင်း ၎င်းကိုဝတ်လိုက်မည်ဟုတွေးခဲ့၏။ သူမကိုယ်တိုင်ချုပ်ထားသည့် ဘောင်းဘီတိုဝတ်ပြီး အင်္ကျီစကတ်ကို အပေါ်ကနေ ဝတ်လိုက်သည်။
နေ့ခင်းဘက်တွင် စန်းဝမ်နှင့်ရှောင်ဝမ်တို့က အစည်းကြီးတစ်စည်း သယ်လာပြီး ခုန်ပေါက်လာကြကာ တံခါးဝသို့ရောက်သည်နှင့် လှမ်းအော်နေကြ၏။
လင်းလန်နှင့် မိုင်းဆွေတို့က အမြန်ထွက်ကြို ကြသည်။
စန်းဝမ်က ဝါးလုံးကြီးတစ်လုံးကို ဆွဲလာပြီး ရှောင်ဝမ်က ပုစဉ်းရင်ကွဲတစ်စည်းကို ကိုင်ထားလျက် လင်းလန်ကို ပါးစပ်ဟောင်းလောင်းဖြင့် စိုက်ကြည့်ကာဆိုကြ၏။
"ဝိုး~~ မားမားက အရမ်းလှတာပဲ"
လင်းလန်က တစ်ပတ်လှည့်ပြလိုက်ပြီး
"လှတယ်နော်... မင်းတို့အစ်မ ဒီဇိုင်းဆွဲထားတာလေ... ”
“လှတယ်...အရမ်းလှတယ်”
ကလေးနှစ်ယောက်က အားတက်သရော ခေါင်းညိတ်ပြလေသည်။
ထမင်းစားချိန်ရောက်သောအခါ တဝမ်နှင့်အားဝမ်တို့ ပြန်ရောက်လာကြ၏။ လင်းလန် ကိုတွေ့သောအခါ သူတို့လည်ူ အံ့အားသင့်သွားကြကာ အားဝမ်က ချက်ချင်းချီးကျူးလာသည်။
"မားမားက မြို့ကလူတွေထက် ပိုဖက်ရှင်ကျတယ်... ကြော်ငြာတွေထက် ပိုလှတယ် "
တဝမ်က မနေနိုင်ဘဲ နည်းနည်းလေး ထပ်ကြည့်လိုက်သော်လည်း ဘာမှ မပြောခဲ့ပေ။
မွန်းလွဲပိုင်းတွင် ဝါဒဖြန်ရေးအဖွဲ့မှ လင်းလန်ကို အစည်းအဝေးပြုလုပ်ရန် တောင်းဆိုခဲ့သည်။သူမ အဝတ်အစားများ အမြန်ပြောင်းကာ ထွက်သွားခဲ့၏။ ညနေ သူမပြန်ရောက်သောအခါ ဟန်ချင်စုန့်က အိမ်ပြန်ရောက်နေပြီဖြစ်သည်။
သူက အပ်ချုပ်စက်ရှေ့မှာထိုင်ပြီး ပြောင်လက်နေသည့် ရှပ်အင်္ကျီကို လက်နှင့်ပွတ်သပ်နေ၏။ ကလေးတွေက သူတို့မားမားက ထိုအဝတ်နှင့်လှကြောင်း အားကြိုးမာန်တက် ပြောနေကြသဖြင့် သူ့စိတ်တွေ မရိုးမယွဖြစ်နေသည်။ လင်းလန်ပြန်လာသည်ကို မြင်သောအခါ သူမဆီကို အဝတ်အစား ချက်ချင်း ကမ်းပေးလိုက်၏။
သူတို့က နှစ်ချို့စုံတွဲတွေဖြစ်ပေမဲ့ လင်းလန် အနည်းငယ် ရှက်သွားသည်။
"ကျွန်မက ဒီတိုင်းပျော်စေပြက်စေလုပ်လိုက်တာ"
ဟန်ချင်စုန့်က သူမ၏လက်တို အင်္ကျီကို ကြယ်သီးဖြုတ်ပေးလာ၏။
လင်းလန်က ချက်ချင်းပဲ
"ထမင်းချက်လိုက်ဦးမယ်"
အပြင်က အားဝမ်: "မားမား ညစာက အဆင်သင့်ဖြစ်ပြီ"
လင်းလန်: "..." "
ဘာလို့ ဒီလောက် မြန်နေတာလဲ...
ဟန်ချင်စုန့်၏ သွယ်လျသောလက်ချောင်းများသည် လျင်မြန်စွာ ရွေ့လျားသွားပြီး သူမ၏လက်တိုအကျီကို ကူချွတ်ပေးနေသည်။ လက်တိုအကျီးအတွင်းတွင် လှပသော ရင်ဘတ်ကောက်ကြောင်းကို ပုံဖော်ထားသည့် အမျိုးသမီးဝတ်စွပ်ကျယ်တစ်ထည်ရှိနေသည်ကိုမြင်ပြီးနောက် သူ့မျက်လုံးများက နက်မှောင်သွား၏။
လင်းလန် သူ၏ပူလောင်ပြင်းပြနေသော အကြည့်များက အမှန်တကယ်ဖြစ်လာသလို ခံစားလိုက်ရသဖြင့်ဖြင့် အဝတ်အစားများကို အမြန်ဆွဲယူကာ အလျင်အမြန်ဝတ်လိုက်လေရာ သူ့အကြည့်များက ပိုပူပြင်းလာသည်ကို ခံစားလိုက်ရသည်။
သူမပုခုံးပေါ်ကို သူ့လက်ကြီးများ တင်ကာ ကော်လာကို ဆွဲထောင်၍ သူမ၏ လှပသောညှပ်ရိုးကိုဖုံးလိုက်ပြီး၊ ၎င်းနောက် သူမ၏ နှင်းဖြူဖွေးသော အသားအရေကို ဖုံးရန် အပေါ်မှကြယ်သီးတစ်လုံးကို အလျင်အမြန် တပ်လိုက်၏။ထွက်ဖို့ အဆင်သင့်....
သူ့လည်စိက အပေါ်အောက် လှုပ်ရှားသွားပြီး ခဏလောက်စိုက်ကြည့်နေကာ နောက်ဆုံးတွင် နိဂုံးချုပ်လိုက်သည်။
"...ညအိပ် ဝတ်ရင် ကောင်းပါတယ်"
လင်းလန်: ...ဒါက ဖက်ရှင်မော်ဒယ်...အပျော် ကစားစရာ မော်ဒယ် မဟုတ်ဘူးရှင့်...
ညွှန်မှူးဟန်က သူ့ဇနီး၏ကိုယ်ပေါ် ဆွဲဆောင်မှုရှိသော ညအိပ်ဝတ်စုံအဖြစ် သူ့ကိုယ်ပိုင်အဝတ်အစားများကို ၀တ်ဆင်ပေးထားပြီး ဖြစ်ကာ ၎င်းကို စောင့်မျှော်နေမှန်း အသိသာကြီးပါပင်။
ညစာစားပြီးနောက် ကလေးများက ပုစဥ်းရင်ကွဲများသွားရှာကြပြီး လင်းလန်နှင့်မိုင်စွေ့က အခြားအ၀တ်အစားများချုပ်နေခဲ့ကြသည်။
လင်းလန် သူမသမီးအတွက် စကတ်လုပ်ရန် အထည်များကို စုဆောင်းခဲ့သည်။ အထည်ကုန်သက်သာစေရန် မိုင်စွေ့က ၀တ်စုံအစား လက်တိုနှင့် စကတ်တိုများကို ပြုလုပ်ခဲ့ပြီး ကွဲပြားပြီး လိုက်ဖက်နိုင်စေရန်နှင့် နောက်ထပ်အထည်အနည်းငယ် ထပ်ထည့်နိုင်ခဲ့သည်။
ကိုးနာရီခန့်တွင် ကလေးတွေ ပြန်လာကြပြီး ရေမိုးချိုးကာ အိပ်ရာဝင်ကြ၏။ ဟန်ချင်စုန့်ကလည်း လင်းလန်ကို ကူညီ ဆေးကြော၊သန့်ရှင်းရေးလုပ်ပေးကာ အိပ်ရာဝင်ခဲ့သည်။
လင်းလန် ကလေးတွေအနွေးကုတင်ပေါ်တက်သည်ကို စောင့်ပြီးနောက် အချင်းချင်း ကောင်းသောညပါဟု ဆိုကာ သူတို့ကိုယ်သူတို့ သန့်ရှင်းရေးလုပ်ကြသည်။ သူမ ရေချိုးခန်းသို့ သွားကာ ရေချိုးပြီးနောက် ပေါ့ပေါ့ပါးပါး ရေသုတ်ကာ ရှပ်အင်္ကျီကို ညအိပ်ဝတ်စုံအဖြစ်အသုံပြု၍ အခန်းထဲသို့ ပြန်ဝင်လာခဲ့သည်။
ဟန်ချင်စုန့်က ခြင်တွေကို ယန်တောင်ဖြင့်ခတ်ကာ ခြင်ဆေးခွေထွန်းနေ၏။ သူလှည့်ကြည့်လိုက်သောအခါ အလင်းထဲမှာ ရပ်နေသည့် သူမကို တွေ့လိုက်ရသည်။ သူမက သူ့အကျီကို ၀တ်ထားကာ သူမ၏ ရင်ဘတ်မှာ စူဖောင်းနေ၏။ကပိုကရိုဆံနွယ်များတစ်လျှောက်ရှိ ရေစက်များက လည်ပင်းထက်သို့ ကျဆင်းလာပြီး လှပသော ညှပ်ရိုးထဲသို့ နစ်မြုပ်နေလေသည်။ များမကြာမီ သူမ၏ ရင်ဘတ်က စိုစွတ်လာပြီး အတွင်းမှ လှပသော အကွေးအကောက်များကို ပုံဖော်ပြသလာ၏။ ရေစက်များက ပိုများလာပြီး အရေပြားတလျှောက်ရင်ဘတ်ပေါ်မှ ဆက်လက်လျှောဆင်းလာခဲ့သည်။သူ့မျက်လုံးများကလည်း ထိုနောက် လိုက်ပါသွားခဲ့ပြီး သွယ်လျဖြူဖွေးသော ခြေတံနှစ်ချောင်းကို တွေ့လိုက်ရ၏။
သူ့အတွက်၊ ဤမြင်ကွင်းသည် ဆွဲဆောင်မှုကို ကျော်လွန်သွားပြီး ဖျက်ဆီးခြင်းအဆင့်ကို ရောက်နေပြီဟုဆိုရပေမည်။
သူ့ခေါင်းဆီသို့ သွေးတွေ တဟုန်ထိုး ထိုးတက်နေသည်ကိုပဲ သူခံစားရပြီး တချို့နေရာတွေက ပို၍ပင် တောင့်တင်းလာနေ၏။
လင်းလန်က တံခါးကိုပိတ်ပြီး ဆံပင်တွေကို ပဝါနှင် သာမန်ကာလျှံကာ သုတ်လိုက်ကာ အနွေးကုတင် ပေါ်တက်သွားသည်။ အနွေးကုတင်ပေါ်တက်သည့်အခါ သူမက သူမ၏အင်္ကျီကို ခါးအထိ ဆွဲတင်လိုက်၏။ ဤကိုယ်ဟန်အနေအထား သူအပေါ် မည်မျှ ဆွဲဆောင်မှုရှိပြီး အကျိုးသက်ရောက်မှုရှိမှန်း သဘာဝအတိုင်း သူမ မသိပေ။
ခြင်ထောင်တင်ရန် သူ့လက်ကို မြှောက်ထားပေမဲ့ မလှုပ်မယက်ဖြစ်နေသည့် သူ့ကိုမြင်ပြီး သူမက သတိပေးလိုက်သည်။
“စုန့်ကော... ဘာလုပ်နေတာလဲ”
ရလဒ်အနေဖြင့် သူမ ခါးက တင်းကြပ်လာပြီး သူမ သန်မာသည့်လက်တစ်စုံဖြင့် ချည်နှောင်ထားခြင်းခံလိုက်ရနှင့်ပြီးနေလေပြီ။
...
...
ထို့ကြောင့် ဤညမှာ ရှေးရိုးဆန်ပြီး အေးစက်ပေမဲ့ တက်ကြွသည့် ညွှန်မှူးဟန်တစ်ယောက် ဆရာ မပါဘဲ ကိုယ်ဟန်အနေအထားအသစ်ကို(ပုံစံ) ဖော်ထုတ်နိုင်ခဲ့သည်။
သူမ မောပန်းလာသည့်အခါ ရှင်မနက်ဖြန် အနားယူမှာမဟုတ်ဘဲနဲ့ ဘာလို့ ဒိလောက် ထိန်းမနိုင်သိမ်းမရဖြစ်နေတာလဲဟု မေးချင်မိ၏။နောက်ဆုံးမှာ မေးစရာ ခွန်အားပင် ဆုံးရှုံးခဲ့ရသည်ကား သနားစရာပါပင်။
...
Xxxxxxxx
Part 558
ယနေ့ လင်းလန် သူမသမီးအတွက် အိမ်မှာ စကတ်ချုပ်ပေးနေခဲ့သည်။ မိုင်စွေ့က ၎င်းတို့ကို ကိုယ်တိုင် ဒီဇိုင်းဆွဲခဲ့ပြီး အတွန့်ပါသည့်စကတ်တွေနှင့်ယှဉ်လျှင်အထည်ကုန် သက်သာပေမဲ့ အတော်လေးလှသည့် အတွန့်စကတ်ပုံစံတွေလည်းရှိပြီး ယင်းက ကျွမ်းကျင်မှု စစ်ဆေးခြင်းတစ်ခုဖြစ်၏။
အလုပ်များနေသည့် တုန်ဟွိုင်ဟွက မိန်းမပျိုနှစ်ယောက်ကို ဦးဆောင်၍ရောက်လာသည်။
“လင်းလန်...နင် အိမ်မှာ ဘာလုပ်နေလဲ”
လင်းလန်က အခန်းထဲကနေ နားထောင်နေပြီး သူမနှင့် သိကျွမ်းသူဖြစ်သဖြင့် အပြင်ထွက်စရာ မလိုတော့ဘဲ လှမ်းခေါ်လိုက်သည်။
"ခေါင်းဆောင်တုန် မြန်မြန် ဝင်ခဲ့လေ"
အိမ်ထဲကိုဝင်လာသည့်အခါ ယုံရှင်း တပ်မဟာက ပညာတတ်လူငယ်ဟုထင်ရသည့် တခြားသူတွေရှိနေသည်ကို လင်းလန် သိလိုက်ရ၏။ နာမည်တွေ မမှတ်မိတော့သဖြင့် သူမ အမြန်ထလိုက်သည်။
" ဧည့်သည်ပါလာတာပဲ...လျစ်လျူရှုနေမိတယ်... ထိုင်ပါ"
လူအနည်းငယ်က အပြန်အလှန် နှုတ်ဆက်ကြပြီး သူတို့ကိုယ်သူတို့ မိတ်ဆက်ကြသည်။ လင်းလန်က လူတွေကို ခန်းမထဲမှာ ထိုင်ခိုင်းပြီး ရေသွားခပ်လိုက်၏။
ယွီရှင်းက ချက်ချင်းပြောလာသည်။
"ကပ္ပတိန်လင်း...အလုပ်ရှုပ်မခံပါနဲ့...ကျွန်မတို့ ရေမဆာပါဘူး"
သူမနှင့် ဟောင်လီယုဆိုသည့် အခြား ပညာတတ်လူငယ်တစ်ဦးက အကြည့်ချင်းဖလှယ်ကာ လင်းလန်၏အိမ်ကို ကြည့်လိုက်သည်။
ကျေးလက်ဒေသခံများ၏ နေအိမ်များသည် ယေဘူယျအားဖြင့် နိမ့်၊ပျက်စီးယိုယွင်း၊ ညစ်ပတ်ပြီး ရှုပ်ပွနေကာ ဆယ်စုနှစ်များစွာက ပြာဟောင်းများကြောင့် အနံ့အသက်များ ထွက်နေတတ်သည်။
လင်းလန်၏အိမ်က မြင့်ကာ ကျယ်ဝန်းပြီး လင်းထိန်နေ၏။ စားပွဲများနှင့် ခွေးခြေများက သာမန်ဖြစ်သော်လည်း သန့်ရှင်းပြီး ဆီစွန်းလုံးဝမရှိပေ။ အိမ်ခေါင်မိုးမှာလည်း သန့်ရှင်းပြီး ပင့်ကူမျှင်များရှိမနေချေ။
သူတို့နှစ်ယောက်လုံး အံ့သြသွားကြသည်။လင်းလန်က အပျင်းထူသော်လည်း သူမ၏အိမ်က သန့်ရှင်းနေမည်ဟု သူတို့မမျှော်လင့်ထားကြပေ။
တုန်ဟွိုင်ဟွက ပြုံးပြီးပြော၏။
"လင်းလန်... ဒီပညာတတ်လူငယ်နှစ်ယောက်ကလည်း သူတို့ရဲ့တပ်မဟာအတွက် ဝါဒဖြန့်ရေးအဖွဲ့တစ်ခု ထူထောင်ချင်နေတာမလို့ အကြံဉာဏ်တောင်းဖို့ နင့်ဆီလာတာ... အကြံဉာဏ်ပေးလို့ရတယ်...ငါအလုပ်သွားနှင့်မယ်"
ယုံရှင်းတပ်မဟာအတွက် ဝါဒဖြန့်ရေးအဖွဲ့တစ်ခု တည်ထောင်ပြီး သူမတို့နှင့် ယှဉ်ပြိုင်မည်ဖြစ်သော်လည်း တုန်ဟွိုင်ဟွက လင်းလန်၏စွမ်းရည်ကို အလွန်ယုံကြည်သောကြောင့် သူတို့ ဂရုမစိုက်ပေ။ ပြောချင်သည်က ယခု ကွန်မြူနတီနှင့် အခြားတပ်မဟာတွေမှာလည်း ဝါဒဖြန့်ရေး အဖွဲ့တွေ ရှိပေမဲ့ နေ့တိုင်း ဟောပြောပွဲတွေ လုပ်ပြီး ဆက်သွယ်ရန် အဘယ့်ကြောင့်မဖိတ်ကြသနည်း။
တခြားဘာကိုမှ ပြောစရာလိုပါချေ။ ပြောင်းလွယ်ပြင်လွယ်၊ ကွက်ကွက်ကွင်းကွင်းနှင့် တရားသေ အယူဝါဒတို့ကြားက ဆက်သွယ်မှုကို မည်သို့ ဟန်ချက်ညီအောင် လုပ်မလဲဆိုသည်ကိုပင် တခြား ဘယ်သူမှ မလုပ်နိုင်ကြပေ။
ပေါ့ပေါ့ပါးပါး ဖြစ်လွန်းလျှင် ကေဒါတွေကို ဒေါသထွက်စေကာ တိုက်ရိုက်ဖျက်သိမ်းခံလိုက်ရမည်။
တင်းကြပ်လွန်းလျှင် အဖွဲ့ဝင်တွေက ၎င်းကို မကြည့်ချင်ကြသည့်အတွက် အထောက်အပံ့မလုပ် ကြပေ။
လင်းလန်က ပြုံးပြီးပြောလိုက်၏။
"သွားလေ"
ယွီရှင်း : "ကပ္ပတိန်လင်း...ရှင့်အိမ်ကို ပတ်ကြည့် လို့ရမလား"
လင်းလန်က ပြုံးပြီးပင်ပြောလိုက်သည်။
"ရပါတယ်...တကယ်တော့ ဘာမှကြည့်စရာမရှိဘူးရယ်... အခန်းသုံးခန်းနဲ့ ခြံတစ်ခြံပဲရှိတာ"
ထိုသို့ပြောသော်လည်း သူမက လိုက်ပြနေဆဲပင်။
ယွီရှင်း နှင့် ဟောင်လီယုတို့ ကြည့်ရင်း ပိုပို၍ အံ့သြသွားကြသည်။
ကျေးလက်သို့ လာပြီးနောက် လင်းလန်၏ အိမ်ထက် ပရိဘောဂများ ပိုကောင်းသည့် အချို့သော ကေဒါများ၏အိမ်များကို တွေ့ဖူးသော်လည်း သူမတို့လောက် သန့်ရှင်းသပ်ရပ်မှု မရှိသည်မှာ သိသာထင်ရှားလှသည်။သူတို့က အသိသာကြီးကို သာမန်ကျေးလက်အိမ်များဖြစ်သော်လည်းအဘယ့်ကြောင့် ဤမျှလောက် သက်တောင့်သက်သာ နေရသနည်း။
နေရာအကျယ်အဝန်းက သက်တောင့်သက်သာရှိရုံသာမက အရောင်အသွေးမှာလည်း ဖော်မပြနိုင်သော အလှတရားများပါရှိနေ၏။
အခြားသူများ၏အိမ်ရှိ အနွေးကုတင်များသည် မီးခိုးရောင်နှင့် အနက်ရောင်ရှိပြီး လင်းလန်တို့၏အိမ်ရှိ အနွေးကုတင်များကို သတင်းစာများဖြင့် ဖုံးအုပ်ထားပြီး ခြင်ထောင်ချိတ်တွင် ပန်းတစ်ပွင့်ကို ချုပ်ထားကာ ခေါင်းအုံးကို မြို့သူမြို့သားများကဲ့သို့ ခေါင်းအုံးပုဝါဖြင့် ဖုံးအုပ်ထားသည်။
ရယ်ဒီမိတ်(အဆင်သင့်ပြုလုပ်ထားသည့်) အထည်တွေကို ဝယ်မယ့်အစား အပ်ချုပ်စက်ဖြင့် ရိုက်နှိပ်ထားသော ရိုးရှင်းသည့် အဆင်လေးများနှင့် အိမ်သုံးအထည်ဟောင်းတွေကနေ ကိုယ်တိုင်လုပ်ထား၏။ ကြမ်းတမ်းပြီး မွမ်းမွံမထားသော်လည်း ပတ်ဝန်းကျင်နှင့် လိုက်ဖက်လေသည်။
အပြင်ဘက်ခြံဝင်းသည် မူလက အလွန်ကျယ်ဝန်းသော်လည်း သူတို့က အဓိကအားဖြင့် ခရမ်းချဉ်သီး၊ ကြက်သွန်နီနှင့် ကြက်သွန်မြိတ်များဖြစ်သည့် ဟင်းသီးဟင်းရွက်ခင်းများကို စိုက်ထားသည်။ နံရံခြေရင်းတွင် စိုက်ထားသည့် သစ်ပင်များရှိပြီး ခြံတွင်းရှိသစ်ပင်များ၏ အရိပ်များသည် ယိမ်းနွဲ့နေကာ အစီအရီဖြင့် စိမ်းလန်မှုအပြည့်ရှိနေ၏။
"ရေချိုးခန်းတောင် ရှိတယ်..."
"ဒါက ဇိမ်ကျလွန်းတယ်..."
မြို့ထဲက လူတွေပင် ကိုယ်ပိုင်ရေချိုးခန်းတွေ မရှိကြပေ။ အများစုက လက်ဖဝါးအရွယ်အခန်းတွေထဲမှာ မိသားစု ခုနစ်ယောက် ရှစ်ယောက်လောက် ပြွတ်သိပ်နေကြရသည်။
ညွှန်မှူးကတော်တော့ ကျေနပ်နေမှာပဲ...
သူတို့က လင်းလန်၏ ပျင်းရိမှုတွင် နောက်တစ်ယောက် ထပ်ထည့်ခဲ့သည်။
အိမ်ဆောက်ရန်ဆိုသည်က သာမန်လူတွေအတွက် မလွယ်ကူပေ။ သို့ရာတွင် သူတို့အိမ်က ခြံဝင်းကျယ်ပြီး အလွန်အင်မတန် သပ်သပ်ရပ်ရပ် ရှိ၏။ ဘယ်လောက်တောင် အကျိုးအမြတ်တွေ ရထားလိုက်မလဲ...
ယွီရှင်း သူမ၏ နှလုံးသားထဲတွင် တရားမျှတစိတ်ကို ခံစားရပြီး လင်းလန်က ငွေလောဘကြီးသူ ဖြစ်မည်ဟု သူမ ခံစားခဲ့ရသည်။ သူမသာ မျက်နှာသာပေးမှုတချို့ စွန့်ကြဲလိုက်ပါက အကူအညီတောင်းရန်ခက်လိမ့်မည်မဟုတ်ပေ။
သူမနှင့် ဟောင်လီယုတို့ အကြည့်ချင်းဖလှယ်ကြပြီး မထင်မှတ်ပဲ အကြံဥာဏ်တစ်ခုရလာခဲ့သည်။သူတို့ လင်းလန်ကို ငွေသုံး၍ အကူအညီတောင်းနိုင်ပြီး အောင်မြင်ပြီးနောက် အမည်မသိစာတစ်စောင်ဖြင့် သူမကို တိုင်ကြား နိုင်သည်။
ကိုယ့်ကိစ္စကို လုပ်ရုံသာမက အများပြည်သူအတွက်ပါ ထိခိုက်နစ်နာမှုတွေ ကင်းစင်စေနိုင်၏။
ခဲတစ်လုံးနှင့် ငှက်နှစ်ကောင်ကို သတ်ခြင်းပင်။
လင်းလန် သူတို့နှစ်ဦးကလာ၍ အထူးအဆန်း အကြည့်ဖြင့် ပတ်ကြည့်နေသော်လည်း အလုပ်အကြောင်း မပြောကြသဖြင့် အနည်းငယ် စိတ်မဝင်စားကြပုံပင်။ သူမက အလုပ်များတုန်းဖြစ်၏။ သူမသမီးအတွက် အဝတ်အစားချုပ်ပေးရဦးမည်။ ဤနေရာမှာ သူတို့ နှစ်ယောက်နှင့် အချိန်ဖြုန်းရန် မည်သို့ အချိန်ရနိုင်မည်နည်း။ သူတို့နှစ်ယောက်ကို အိမ်ထဲပြန်ခေါ်ပြီး ဘာကိစ္စရှိလို့လဲဟု မေးလိုက်သည်။
ယွီရှင်းက ပြုံးပြီးပြော၏။
"တကယ်တော့ ဘာမှမဟုတ်ပါဘူး "
လင်းလန် : "... အဆင်ပြေရင် ငါအရင် အလုပ်ရှုပ်လိုက်ဦးမယ် "
ဟောင်လီယုက ချက်ချင်းပြောလာသည်။
"ကပ္ပတိန်လင်း ...ရှင်အလုပ်များနေတာလား "
ယွီရှင်းက သူမကို မကျေနပ်သောအကြည့်တစ်ချက်ပေးလိုက်ပြီး ဟောင်လီယု အနည်းငယ် ကိုးရို့ကားယားဖြစ်သွားသည်။
လင်းလန်က သူတို့ဘာတွေလုပ်နေမှန်း သေချာမသိသောကြောင့် အဝတ်အစားတွေ ဆက်ချုပ်နေလိုက်၏။
ယွီရှင်းနှင့် ဟောင်လီယုက အထဲဝင် ထပ် ကြည့်လိုက်ပြန်သည်။ ယွီရှင်းကဆို၏။
"ကပ္ပတိန်လင်း...ရှင့်အိမ်မှာ အပ်ချုပ်စက်ရှိတော့ အရမ်းအဆင်ပြေတယ်... ကျွန်မလည်း ချုပ်တတ်တယ်...ရှင့်ကို ဘာလို့ မကူညီရမှာလဲ"
လင်းလန်က ခေါင်းခါကာ
"ဘာလို့ ဒုက္ခခံနေမှာလဲ....ထိုင်နေပါ"
Xxxxxxxx