အပိုင်း ၅၅၉-၅၆၀
Viewers 36k

Part 559


နှစ်ယောက်သား အနွေးကုတင်စွန်းမှာ ထိုင်ကာ လင်းလန်က အဝတ်အစားတွေ ချုပ်နေသည်ကို ကြည့်နေကြပြီး ၎င်းနောက် စကားပြောစရာခေါင်းစဥ်တစ်ခု ရှာတွေ့သွား၏။


ယွီရှင်းက လင်းလန်ကို စမ်းသပ်ချင်သောကြောင့် ဟောင်လီယုနှင့် စကားစမြည်ပြောရင်းဆိုလိုက်သည်။


 "ကပ္ပတိန်လင်း...ဒရာကွန်အမျိုးအစားအသစ်တစ်ခုက အခု မြို့ထဲမှာ ရေပန်းစားနေပြီ...ကြွကြွရွရွလေးနဲ့ အေးတယ်... နွေရာသီမှာဝတ်လို့ကောင်းတယ်... ဘာလို့ အဲ့လိုဟာမျိုး မဝယ်တာလဲ"


ဒရာကွန်...


လင်းလန် ထိုအကြောင်းကို ခဏလောက်စဥ်းစားလိုက်၏။ဒရာကွန်က *ပေါလီအက်စတာ အထည်မလား ...ချည်ထည်ဝတ်ဖို့ ဘယ်မှာရနိုင်မလဲ...

(T/N–ဓာတုနည်းဖြင့်ပြုလုပ်သောအမျှင်များဖြင့် ရက်လုပ်သောအထည်)


မော်ဒန်ခေတ်က လူတို့သည် ပိတ်ချော၊ ချည်၊ သိုးမွှေးနှင့် ငန်းမွှေး များကို ဝတ်ဆင်,ခဲ,ကြသည်။

ဘယ်သူအတွက် ရှားပါးနေလို့လဲ...


ဖက်ရှင်ကျသည့်လင်းလန်အတွက် မရှားပါးသည့်အပြင် စျေးလည်းအလွန်ကြီး၏။


 လင်းလန်၏မျက်နှာက မလှုပ်မရှားဖြစ်မြဲဖြစ် သည်ကို မြင်လိုက်ရသဖြင့်  ယွီရှင်း လင်းလန်က ကမ္ဘာကြီးကို တစ်ခါမှမမြင်ဖူးသလို နားမလည်ကြောင်းကိုလည်း သိလိုက်ရသည်။ထို့ကြောင့် သူမက လင်းလန်ကို ဤအထည်ကဲ့သို့သော သိမြို့ကြီးပြကြီးတွင် ခေတ်စားသည့်အဝတ်အစားမျိုးကို ပြောပြခဲ့သည်။


လင်းလန်ကပြောလိုက်၏။

"ငါတို့ ကျေးလက်မှာ ထုတ်ပေးတဲ့ အထည်လက်မှတ်တွေနဲ့ မဝယ်နိုင်မှာကိုစိုးရတယ်” 

    


ယွီရှင်းက  ခေါင်းညိတ်သည်။

 "ဝယ်ဖို့မလွယ်ဘူး... ဒါပေမဲ့ ကပ္ပတိန်လင်း ရှင်ဝယ်ချင်ရင် ကျွန်မမိသားစုကို ပို့ခိုင်းလို့ရတယ်"


လင်းလန်က သူ့မကိုကြည့်ကာပြော၏။

 "မကောင်းဘူးလေ"


  "ဘာဖြစ်လို့လဲ... ကပ္ပတိန်လင်းကို အခွင့်ကောင်းယူခိုင်းတာလည်းမဟုတ်ဘူးလေ...  အားလုံးက တစ်ယောက်နဲ့တစ်ယောက် ကူညီကြတာကို...ရှင်ကျွန်မကို ဒေသထွက် အထည်လက်မှတ် ပေးလို့ရတယ်... ကျွန်မလည်း  ဒီမှာပဲ သုံးမှာမလို့ ဖြုန်းတီးရာမကျဘူးလေ"


 မှန်သည်ပင်၊ လင်းလန် သူမအကူအညီကိုမလိုချင်ပေ။  သူမလိုချင်သည့်ဟာကို ရှာရန် ကြိုးစားချင်ရုံဖြစ်၏။ ဟန်ချင်စုန့်ကို ပြောလိုက်သာ်နှင့်  သူ့ရဲဘော်တွေကို သဘာဝအတိုင်း အကူအညီတောင်းပေးလိမ့်မည်ပင်။


 လင်းလန်က ပြုံးပြီး 

"မှန်တယ်...အခုလောလောဆယ်မှာ အဲ့ဒါကို ကေဒါတွေအကုန်လုံး ဝတ်ထားကြတယ်... ထောက်ပံ့ရေးနဲ့ရောင်းဝယ်ရေး သမဝါယမတွေက နှစ်နှစ်အတွင်း သေချာပေါက် ရောင်းလိမ့်မယ်...အဲ့တော့မှ  အဲ့ဒီအကြောင်းကို ပြောကြတာပေါ့"


ဟောင်လီယုက ယွီရှင်းကို ဆွဲပြီး သူများ စိတ်အနှောက်အယှက်မဖြစ်စေရန်   အရင်ပြန်လိုက်ကာ မိသားစုကိုအသိပေးပြီးမှ ပြန်လာရန် အမူအရာပြလိုက်သည်။


 မူလက သူတို့မိသားစုကို ဦးစွာအသိမပေးချင်ဘဲ အိမ်မှာ လင်းလန်က ဘယ်လိုနေလဲဆိုသည်ကို တွေ့ချင်ခဲ့၏။၎င်းနောက် အလုပ်ကိုအခွင့်ကောင်းယူကာ အကြံဥာဏ်တောင်းပြီး အဆက်အသွယ်လုပ်ချင်ခဲ့ကြသည်။


သို့ရာတွင် ယွီရှင်းက  ဘာကြောင့်မှန်းမသိပေမဲ့ထွက်မသွားချင်ခဲ့ပေ။


နံရံတွင် ပုံဘောင်တစ်ခုကို သူမမြင်သောကြောင့် သူမသွားကြည့်လိုက်သည်။


လက်ရှိအချိန်တွင် ကျေးလက်ရှိ ဓာတ်ပုံများအားလုံးသည် အဖြူအမည်းများဖြစ်ပြီး ယင်းက အလင်းရောင်ပျော့ပျောင်းမှုထက် အလှတရားကို ပိုမိုရရှိစေသည်။သူမသည် မိသားစုပုံတူကို ငေးကြည့်လိုက်၏။ ချောမောလှပသော မိသားစုနှင့်တူသည်။ အထူးသဖြင့် အလယ်မှာထိုင်နေသည့် အမျိုးသားက အရပ်ရှည်ပြီး ချောမောပေမဲ့ ဓာတ်ပုံရိုက်ပြီး ကင်မရာကို မျက်နှာမူထားသည်ကိုပင် သူ့အမူအရာက တင်းမာလွန်းနေကာ သူမျက်လုံးတွေက စူးရှနေ၏။


ဤအမူအရာကိုကြည့်ပြီး ညွန်မှူးဟန်က လင်းလန်ကို သေချာပေါက်  မကြိုက်၊ ထိုသို့မဟုတ်ရင် သူယခုလို အေးစက်သည့်အမူအရာမျိုး ရှိမှာမဟုတ်ဘူးဟု သူမ ခံစားရသည်။


  "ကပ္ပတိန်လင်း ဒါက ညွှန်မှူးဟန်လား" 


သူမက သူမဘေးနားရှိ ဟန်ချင်စုန့်  နှင့် လင်းလန်၏ ဓာတ်ပုံကို လက်ညှိိုးထိုးပြသည်။


ဟန်ချင်စုန့်က အခြေခံအားဖြင့် မှတ်ပုံတင်ကလွဲ၍ ကိုယ်ပိုင်ဓာတ်ပုံတစ်ပုံမျှမရှိပေ။လွန်ခဲ့သည့်နှစ်နှစ်က  သူပြန်လာသောအခါ ခရိုင်သို့သွား၍ မိသားစုဓာတ်ပုံများကို ရိုက်ယူခဲ့သည်။ ဤဓာတ်ပုံမှာ လင်းလန်က သူ့ကို တစ်ကိုယ်တော် ဓာတ်ပုံရိုက်စေချင်သော်လည်း သူက သူမကို ဖက်ထားပြီး လွှတ်ပေးရန် ငြင်းဆိုခဲ့ကာ အလွန်ရင်းနှီးသော စုံတွဲ၏ပုံတစ်ပုံကို ရိုက်ခဲ့၏။


ယွီရှင်း  စုံတွဲဓာတ်ပုံကိုမြင်သောအခါ ဟန်ချင်စုန့်က မပြုံးသည့်အပြင်  အတော်လေးကို ရုပ်တည်နေသေးသောကြောင့် လင်းလန် သူ့ကို ဓာတ်ပုံအတင်းရိုက်ခိုင်းခြင်းဖြစ်ရမည်ဟု သူမထင်ခဲ့သည်။ လင်မယားနှစ်ယောက်ကြား ဆက်ဆံရေးက သိပ်မကောင်းသောကြောင့် ကြွားဝါရန် တွန်းအားပေးခဲ့ခြင်း ​ဖြစ်နိုင်ကြောင်းခန့်မှန်း၍ရ၏။ 


လင်းလန်က ခေါင်းညိတ်လိုက်သည်။


 ယွီရှင်းကရယ်၏။

 "ညွှန်မှူးဟန်က အရမ်းအရပ်ရှည်တာပဲ...ကပ္ပတိန်လင်းထက် အများကြီး အရပ်ပိုရှည်တယ်"


လင်းလန်က သူမက အရုပ်ပုသည်ဟု ဘယ်သောအခါမှ ဝန်ခံလိမ်မည်မဟုတ်ပေ။


 ဟမ့် ...ချစ်စရာအကောင်းဆုံးအရပ်ကွာခြားချက်က ဘယ်လောက်လဲဆိုတာနင်မသိပါဘူး...


ဟောင်လီယု နှင့် ယွီရှင်းက တစ်နေရာတည်းမှ လာကြသူများဖြစ်သည်။ ယွီရှင်း၏ လေသံ မမှန်သည်ကို ကြားလိုက်ရသဖြင့် သူမအနည်းငယ် ရှက်ရွံ့သွားကာ လင်းလန်ကို သူမ၏ အလုပ်မှတ်စုများ ဖတ်ပြီးလေ့လာချင်ကြောင်း တောင်းဆိုခဲ့သည်။


"ကျွန်မတို့ကလည်း ဇာတ်လမ်းထဲက ဆိုးရွားတဲ့ ဖြစ်ရပ်မှန်တချို့ကို ထင်ဟပ်ပြချင်ပါတယ်... အဖွဲ့ဝင်တွေက ပိုလက်ခံဖို့ ဆန္ဒရှိကြအောင်လို့ပါ" သူတို့က လင်းလန်၏ပုံစံကို ကော်ပီကူးထားခြင်းသာဖြစ်သည်။


ဟောင်လီယုက လင်းလန်ကို   သူမ၏စိတ်ကူးတွေ၊ ဘယ်လိုဇာတ်လမ်းတွေကို ပုံဖော်ချင်သလဲ၊ ဘယ်လိုပုံစံနှင့် ဘယ်လိုမျိုးလဲဆိုသည်ကို ရှင်းလင်းပြတ်သားစွာ ပြောခဲ့၏။ 


လင်းလန်က ထိုစကားကိုကြားသောအခါ အနည်းငယ် မျက်မှောင်ကြုတ်ကာဆိုသည်။

 “ပညာရှိလူငယ်ဟောင် ဒီကိစ္စနဲ့  ပတ်သက်ပြီး ဆုပ်ကိုင်ထားရမဲ့ အရာတစ်ခု ရှိတယ် ... ငါတို့ရဲ့ အဓိကပစ်မှတ်က ပညာမတတ်တဲ့ ကွန်မြူနတီအဖွဲ့ဝင်တွေက နားထောင်၊ တွေးခေါ်၊ စာဖတ်ရတာကို နှစ်သက်ကြလာအောင်  ဝါဒဖြန့်ဖို့ဖြစ်တယ်... ပညာမတတ်သူတွေ ပညာတတ်စေဖို့ကို အဓိကထားရမယ်...


ကွန်မြူနတီအဖွဲ့ဝင်တွေကို ရယ်အောင်လုပ်ဖို့ကို မဟုတ်ဘူး...ကွန်မြူနတီအဖွဲ့ဝင်တွေကိုရယ်အောက်လုပ်ဖို့အတွက်နဲ့ တချို့လူတွေကို တမင်သက်သက် လှောင်ပြောင်ရယ်မောဖို့ မလိုပါဘူး...အဲ့ဒါက တကယ့်အဓိပ္ပါယ်နဲ့ ဝေးကွာသွားပြီး သူတို့ရဲ့သတိကို နှိုးဆော်နိုင်မှာမဟုတ်ဘူး”


ဟောင်လီယုက ၎င်းကိုဘယ်လိုရှောင်ရမလဲဟု သူမကို မေးလာသည်။ 


လင်းလန်က သူမ၏လျှို့ဝှက်ချက်များကို မဖုံးကွယ်ထားဘဲပြောလိုက်၏။


 "အဆိုးပုံရိပ်ကို မပြောင်းလဲနဲ့...ကြောက်စရာကောင်းပြီးအကျည်းတန်တဲ့ရုပ်ရည်နဲ့လူတွေကပဲ မကောင်းတဲ့အရာတွေ ပြုမူတတ်တယ်လို် အဖွဲ့ဝင်တွေကို မတွေးမိစေနဲ့...ဟာသတွေကလည်း  အပြန်အလှန်အကျိုးပြုမှုထဲမှာ ပါနိုင်တယ်"

 သူမက ဥပမာအနည်းငယ်ပေးလိုက်သည်။ဟောင်လီယုက ​ထပ်ခါတလဲလဲ ခေါင်းညိတ်ပြီးဆို၏။

 "ကပ္ပတိန်လင်း မှန်ပါတယ်"


ယွီရှင်းကလည်းရောက်လာပြီး 

 "ကျွန်မတော့ မှန်တယ် မထင်ဘူး... ဖြစ်သင့်တာက....."


လင်းလန်: "..." ပြောပါ...


Xxxxxxx

Part 560


 ဟောင်လီယုက ​ထပ်ခါတလဲလဲ ခေါင်းညိတ်ပြီးဆို၏။


 "ကပ္ပတိန်လင်း မှန်ပါတယ်"


ယွီရှင်းကလည်းရောက်လာပြီး 

 "ကျွန်မတော့ မှန်တယ် မထင်ဘူး... ဖြစ်သင့်တာက....."


လင်းလန်: "..." 

ပြောပါ...


 သို့ပေမဲ့ ယွီရှင်းက   စကားရပ်လိုက်ပြီး ပြုံးပြုံးရွှင်ရွှင်  ဆိုလာသည်။ 


"ကပ္ပတိန်လင်း...ဆက်ပြောပါ...နားထောင်နေပါတယ် "


 လင်းလန်က ဆက်ပြောသော်လည်း ယွီရှင်းက  မနေနိုင်ဘဲ ဝင်ပြောပြန်၏။


  "ဒီလိုမဟုတ်ပါဘူး... မှားနေပြီ...ကျွန်မအထင် ဖြစ်သင့်တာက....."


လင်းလန်က ပြုံးပြီးပြောလိုက်သည်။

 "နောက်ကျနေပြီ...ပြန်ကြတော့မလား... ထမင်းစား နောက်ကျနေဦးမယ်"


 ယွီရှင်း  လင်းလန်ကို အံ့အားသင့်စွာကြည့်လိုက်၏။

သူတို့ကို  ညစာစားဖို့မခေါ်ဘူးလား...


ဟောင်လီယုက အမြန်ထပြီးပြောလေသည်။


 "ကပ္ပတိန်လင်း...ကျွန်မတို့အရင်ပြန်လိုက်ပါဦးမယ်... အခွင့်အရေးရရင် ရှင့်ဆီကို အကြံဥာဏ်တောင်းဖို့ လာခဲ့ပါ့မယ်" 


သူမက ယွီရှင်းကို  ဆွဲခေါ်ပြီး  ထွက်သွား၏။


လင်းလန်က သူတို့ကို တံခါးဆီ လိုက်ပို့ခဲ့ပြီး သူတို့ ထွက်သွားသည်ကို ကြည့်ရင်း တစ်ခုခု မှားနေသလို ခံစားရသည်။ဒီလူနှစ်ယောက်က ဘာလာလုပ်တာလဲ... အကြံဉာဏ်တောင်းဖို့လို့ပြောတယ်... သူမဘာလို့အဲ့ဒီလိုမခံစားရတာလဲ...သူမက လူတွေကို ယခုကဲ့သို့ ရည်ရွယ်ချက်ရှိရှိ ထင်နေခြင်း မဟုတ်ပေ။ အဓိက အကြောင်းအရင်းမှာ ပညာတတ်လူငယ်တွေကို ကျေးလက်သို့ ပို့လိုက်ခြင်းသည် သူတို့အတွက် ဖြန့်ဝေပေးလိုက်ခြင်းနှင့် ဘာမှမကွာခြားပေ။ဒီကို လာပြီး အလုပ်ထဲမှာ ဝင်ရောက်လုပ်ကိုင်လျှင် အခြေခံအားဖြင့် လုံလောက်ပြီဖြစ်သည်။စင်စစ်အားဖြင့် သူတို့ လိုချင်သည့် ဘဝ မဟုတ်သဖြင့် စိတ်အားထက်သန်မှု  သဘာဝအတိုင်း မြင့်မားနေမှာ မဟုတ်ပေ။


အလုပ်ကိစ္စနှင့်ပတ်သတ်ပြီး အကြံဥာဏ်တောင်းလိုသည်ဆိုပါက ယွီရှင်းက အဘယ်ကြောင့် အကုန်သိအကုန်တတ်ပုံစံ ပိုတော်ပိုတတ်ဟန်ဖြင့်ဖြစ်နေကာ   မေးခွန်းတွေမေးသည့်နေရာမှာ ဘာ့ကြောင့် မကျိုးမနွံ ဖြစ်နေရသနည်း။ အဲ့တော့...  နင့်အမေကြီးကို အကြံဉာဏ်တောင်း...


ကိုယ့်ဘာကိုယ်ပဲဆက်လုပ်လိုက် ...


လင်းလန် ဒေါသထွက်လာသဖြင့် သူမ တုန်ဟွိုင်ဟွနှင့် စကားပြောရန် သွားလိုက်သည်။


တုန်ဟွိုင်ဟွက အမျိုးသမီးအချို့နှင့် ပဋိပက္ခများကို ဖျန်ဖြေနေ၏။ လင်းလန်  ရောက်လာသည်ကို မြင်သောအခါ သူမက ထိုအမျိုးသမီးများကို ငေါက်လိုက်သည်။


 "မြန်မြန်သွားကြ... ငါရူးတော့မယ်...  အသေးအဖွဲကိစ္စတွေကို ပြဿနာရှာနေတာ မရပ်နိုင်ကြဘူး"


 အမျိုးသမီးတစ်ယောက်က လင်းလန်ရောက်လာသည်ကိုတွေ့သောအခါ တန်းပြီးဆို၏။

 “ကပ္ပတိန်လင်းက ငါတို့ကို အကြံဉာဏ်ပေးပါ” 


လင်းလန် သူမအပေါ် ကြင်နာသည့် ရွာက အမျိုးသမီတွေအပေါ် အလွန်စိတ်ရှည်နေဆဲဖြစ်သည်။ "အမျိုးသမီးချန်...အမျိုးသမီးခေါင်းဆောင်တောင် ရှင့်ရဲ့ပြဿနာကို မဖြေရှင်းနိုင်ရင်... ရှင် ကျွန်မကိုမေးရင် မဖြေနိုင်မှာစိုးမိတယ်"


 တုန်ဟွိုင်ဟွက  ပြုံးပြီးပြော၏။

 " နင်က ကပ္ပတိန်လင်းကိုမေးရင်...နင်သူ့စကားနားထောင်ရမယ်...နားမထောင်ရင် မေးခွင့်မပြုဘူး"


အမျိုးသမီးချန်က နှုတ်ခမ်းစူပြီး

 "ဒါဆို  မေးပါရစေ...  ငါ့ချွေးမနှစ်ယောက်က အဆင်မပြေဘူး...ငါယောက္ခမက  တနေကုန် ဒေါသတွေထွက်နေရတယ်"


လင်းလန်: "ခွဲထွက်လိုက်ပါ" 


အနှီအမျိုးသမီးချန်၏ မိသားစုကလည်း လူသိများ၏။ ယောက္ခမတွေက သဘောကောင်းသော်လည်း သားနှစ်ယောက်နှင့်ချွေးမတွေက အချင်းချင်းရန်ဖြစ်ကြပြီး သူမက ကြားထဲက ဒုက္ခရောက်နေသည်။


 “အဲ့လိုဆို ငါ့မှာ အိမ်ထောင်မပြုရသေးတဲ့ သားထွေးတစ်ယောက် ရှိသေးတယ်”


လင်းလန်ကပြောလိုက်၏။


"ယောက်မ...ရှင်နဲ့ အစ်ကိုကြီး ငယ်သေးလို့ ကောင်းကောင်း လုပ်နိုင်ကိုင်နိုင်တယ်...မိသားစုခွဲထွက်ပြီးကတည်းက အိုစာမင်းစာကို ဘယ်နှစ်နှစ်လောက်ရှာပြီးပြီလဲ... သားအငယ် လက်ထပ်ဖို့ စောင့်နေတာ... အစ်ကိုနှစ်ယောက်ကလည်း ဝင်ပြီး ဂရုစိုက်ပေးမှာလေ... ဘာများ ပူစရာရှိလို့လဲ... မိသားစုကို အခု မခွဲချင်သေးဘူးဆိုရင် အသက်ကြီးလာလို့ တစ်ပြားတစ်ချပ်မှ မစုနိုင်တဲ့အခါ သားနဲ့ချွေးမကို အားကိုးနေရမှာ...မုန့်လေးပဲလေးစားချင်ရင်တောင် သူများမျက်နှာကို ကြည့် စားရလိမ့်မယ်”


တုန်ဟွိုင်ဟွက  သူ့လက်ကို ရိုက်လိုက်ပြီး

 “ငါအဲဒါကို ဘာလို့ မတွေးမိပါလိမ့်... အဲဒါက တကယ် ယုတ္တိရှိတယ်"


သူမ အမျိုးသမီးချန်ကို  မိသားစုခွဲရန် ဖြောင့်ဖျနေသည်မှာ ရက်အနည်းငယ်ကြာအောင်ရှိနေပြီဖြစ်သည်။ထိုမှသာ အမျိုးသမီးချန်အနေဖြင့် စိတ်သောကရောက်စရာမလိုတော့မှာဖြစ်၏။သို့ပေမဲ့ အမျိုးသမီးချန်က ဖင်လှည့်ခေါင်းလှည့်ဖြင့် စိတ်မပိုင်းဖြတ်နိုင်ဖြစ်နေသည်။


 သေချာစဉ်းစားကြည့်ပါက သူမတို့လင်မယားက အသက်သိပ်မကြီးကြသေးဘဲ လုပ်နိုင်ကိုင်နိုင်တုန်းဖြစ်သလို  သူတို့သားအငယ်ဆုံးကလည်း ဆိုးသွမ်းပျက်စီးခြင်းမရှိဘဲ ဆယ့်ခုနစ်နှစ်  ဆယ့်ရှစ်နှစ်ပဲ ရှိသေးသော်လည်း လုပ်တတ်ကိုင်တတ်နေပြီဖြစ်သည်။ ကျန်သည့် သားနှစ်ယောက်၏ မိသားစုမှာက အလုပ်သမား(အလုပ်လုပ်နိုင်သူ) နှစ်ယောက်ပဲ ရှိပြီး ကလေးတွေကလည်း ငယ်သေးသည်။​ပြောရလျှင် သူတို့သားများက သူတို့ချွေးမများ၏ မိသားစုကို ထောက်ပံ့နေကြရ၏။ သို့သော် ချွေးမ နှစ်ဦးက  ယောက္ခမများ၏ အမြတ်ထုတ်ခြင်းကို ခံနေရသည်ဟု ခံစားရဆဲဖြစ်သောကြောင့် မိသားစုခွဲထွက်ပြီး သီးခြားနေလိုကြသည်။


လင်းလန်၏စကားက ချက်ကောင်းကို  ထိမှန်နေပြီ အဓိက အချက်သို့ရောက်သောအခါ အမျိုးသမီးချန်၏နှလုံးသားထဲရှိ အစုအခဲကြီး  ရုတ်တရက် ပွင့်ထွက်သွား၏။

 "ဟုတ်တယ်... မိသားစုခွဲရမယ်... အိမ်ပြန်ပြီး သူတို့ကိုပြောရမယ်...အဲ့ဒါမှ တနေကုန် ရိုက်နှက်မနေကြမှာ"


သူတို့ ထွက်သွားသောအခါ တုန်ဟွိုင်ဟွက  လင်းလန်ကို ဆွဲခေါ်လိုက်သည်။

 "အချိန်ရတာနဲ့  ငါ့ဆီလာလည်ရတဲ့အကြောင်းအရင်းကိုပြော"


လင်းလန်က ပညာတတ်လူငယ်နှစ်ယောက်အကြောင်း ပြောလိုက်သည်။


၎င်းကိုကြားသောအခါ တုန်ဟွိုင်ဟွက  ချက်ချင်းပဲဆိုလာ၏။

 "ဘာမှမတောင်းဆိုကြဘူးလား"


လင်းလန် "...တောင်းဆိုတာလား"

 အဲ့ဒီ သဘောထားလား...

 

ဟောင်လီယုကမှ ပိုကောင်းလိမ့်ဦးမည်။ယွီရှင်းစတ်နေသဘောထားက မြင့်မားလွန်း၏။ သူမက တောင်းဆိုနေခြင်းမဟုတ်ဘဲ အရာရာမှာ သူမကိုယ်သူမ သာလွန်သည်ဟု တွေးနေမှန်းထင်ရှားလေသည်။


တုန်ဟွိုင်ဟွက  စာဖတ်ရခြင်းကို မကြိုက်သောကြောင့် ကျောင်းတက်ရန် စိတ်အားထက်သန်ခြင်းမရှိပေ။ထို့ကြောင့် သူမက ကောလိပ်များ၏ အလုပ်သမား၊ လယ်သမားများနှင့် စစ်သားစုဆောင်းခြင်းအကြောင်း များစွာမသိခဲ့ရသည့်အပြင် ရုပ်ပေါက်ခြင်းရှိမရှိလည်း မပြောနိုင်ပေ။


ကျေးလက်သို့လာသော ပညာတတ်လူငယ်များက တပ်မဟာများတွင် ရှိနေကြပြီး လင်းလန်က သူတို့ကို မထိန်းချုပ်နိုင်ပေ။


တုန်ဟွိုင်ဟွက  ခန့်မှန်းကြည့်လိုက်၏။

 "သူတို့က ငါတို့ရဲ့ ဝါဒဖြန့်ရေး အဖွဲ့ထဲကို ဝင်ချင်ကြတာများလား"


သူတို့က လင်းလန်ဆီက သင်ယူခဲ့ပြီး လင်းလန်ကလည်း သူတို့ကို သင်ပေးရန် ဆန္ဒရှိပေမဲ့ တုန်ဟွိုင်ဟွအနေဖြင့် ဤအရာမျိူးက ဦးနှောက်နှင့်ပဲ သက်ဆိုင်သည်ဟု ခံစားခဲ့ရပြီး လင်းလန် ဘာလုပ်နေမှန်း သူမသိပေသည်။သူမသာဆို ထိုကဲ့သို့ စဥ်းပင်မစဥ်းစားတတ်ပေ။


ယုံရှင်းတပ်မဟာမှ သဘောတူပါက သူတို့သည် စိုက်ပျိုးခြင်းထက် ပိုမိုလွယ်ကူသော ဝါဒဖြန့်အဖွဲ့တွင် ပါဝင်ခြင်းဖြင့် အလုပ်မှတ်များနှင့် အစားအစာများ ရရှိနိုင်သည်။


 စကားအနည်းငယ်ပြောပြီးနောက် လင်းလန် တုန်ဟိုင်ဟွကို နှုတ်ဆက်ကာ အိမ်ပြန်ခဲ့သည်။ လမ်းတွင် သူမ ဟန်ချင်းဖျင်နှင့် ကြုံကြိုက်ပြီး စကားစမြည်ပြောမိခဲ့ကာ. ဆရာလုချန်ဝေ့ကို ရုတ်တရက် တွေးလိုက်မိသည်။


လုချန်ဝေ့၏ စကားတွေက အနှီပညာတတ်လူငယ်နှစ်ယောက်အတွက် အနောက်တံခါးကနေ နေရာတစ်နေရာရန် ခက်ခဲသည်ဟု သူမကိုခံစားရစေ၏။


Xxxxxxxx