Part 561
လုချန်ဝေ့၏ စကားတွေက အနှီပညာတတ်လူငယ်နှစ်ယောက်အတွက် အနောက်တံခါးကနေ နေရာတစ်နေရာရန် ခက်ခဲသည်ဟု သူမကိုခံစားရစေ၏။
တစ်ဖက်သား၏တောင်းဆိုလိုမှုကိုမသိပါက အလွယ်တကူညည်းညူမိစေမည်ပင်။တစ်ဖက်လူ၏စိတ်ထဲမှာ ဘာတွေရှိသည်ဆိုခြင်းကို သိပြီးသည်နှင့် စိတ်ပူစရာမလိုတော့ပေ။ လင်းလန်က ၎င်းကို ရိပ်မိသွားသောကြောင့် သူမနောက်မှာ ချန်ထားခဲ့ပြီး အလေးအနက်မထားခဲ့ချေ။
သူမ အိမ်ပြန်ပြီး အဝတ်အစားတွေ ဆက်ချုပ်နေလိုက်၏။ ကလေးတွေ ကျောင်းဆင်းလာသောအခါ သူမအနေဖြင့် မိုင်စွေ့ကို စမ်းဝတ်ကြည့်ခိုင်းရန် အဆင်သင့်ဖြစ်နေလေပြီ။
အဖြူနောက်ခံဖြင့် ခေါက်ထားသောပန်းများ၊ ပန်းရောင်ပန်းပွင့်လေးများနှင့် အစိမ်းရောင်အရွက်များက အသားဖြူဖြူ မိုင်စွေ့အပေါ်တွင် အလွန်ကြည့်ကောင်းသည်။
မိုင်စွေ့ ထိုဟာကို အတော်လေကြိုက်၏။
"မားမား... မားမား အံ့သြစရာပဲ...ဒါကို လုပ်ဖို့ နှစ်ရက်ပဲလိုတယ်..."
လင်းလန် သူမ ဘယ်လောက်တောင် တော်လိုက်သလဲဟု တွေးမိသည်။အရင်က အဝတ်အစားတွေချုပ်ဖို့ တစ်ခါမှ မတွေးဖူးဘူး ဟားဟား...
သူမ အပြင်ကိုကြည့်ပြီးပြောလိုက်သည်။
"သမီးအဖေပြန်မလာသေးဘူးလား"
မိုင်စွေ့က ပြုံးပြီးပြော၏။
"မားမား... အဖေက မနက်ကမှထွက်သွားတာ... တစ်ရက်လောက်မတွေ့ရသလို ထင်နေတာလား"
လင်းလန် သူမယောကျာ်းကိုလွမ်းနေကြောင်းဝန်မခံဘဲပြောလိုက်သည်။
"မေးစရာ ရှိလို့ပါကွယ်"
မိုင်စွေ့က ပြေးထွက်သွားပြီး
"မားမား...သမီး တောင်ဘက်လမ်းကို သွားကြည့်ပေးမယ်"
သူမက သူမ၏စကတ်အသစ်ကို ဝတ်ထားလျက် ပြေးထွက်သွားပြီး ချက်ချင်းဆိုသလိုပင် လူများစွာကို အံ့အားသင့်စေခဲ့သည်။
"မိုင်စွေ့ နင့်ရဲ့ဝတ်စုံအသစ်က အရမ်းလှတာပဲ..."
"ငါ့ဝတ်ကြည့်လို့ရမလား..."
"နင်ကိုယ်တိုင်လုပ်ထားတာလား"
အသက်အရွယ်အမျိုးမျိုးရှိသည့် အမျိုးသမီးတစ်စုက ဝိုင်းဝိုင်းလည်နေကြသဖြင့် မိုင်စွေ့ စိုးရိမ်တကြီးပြောလိုက်၏။
"အရင်သွားမှဖြစ်မယ်...အဖေ ပြန်လာပြီလားဆိုတာကြည့်မလို့...မားမားက စောင့်နေမှာ"
တစ်ယောက်ယောက်က ရယ်ပြီးဆိုလေသည်။
"ပြန်လာချိန်တန်ရင် ပြန်လာမှာပါဟယ်... နင်သူ့ကိုတွေ့ပြီး မြန်မြန် ပြန်လာနိုင်မလား"
"အိုး....မားမားက တကယ်ပင်ပန်းပြီး နေမကောင်းဖြစ်နေတာ...အလုပ်ဆင်းချိန်နောက် နောက်ကျပြီးမှပြန်လာရင် စိတ်ပူနေလိမ့်မယ်"
မိုင်စွေ့က တောင်ဘက်လမ်းဆီသို့ ပြေးသွားပြီး အနောက်ဘက်ကို လှမ်းကြည့်လိုက်သည်။
လမ်းနှစ်ဘက်ခြမ်းမှာ ပေါ့ပလာပင်တွေရှိပေမဲ့ လမ်းက အလွန် ဖြောင့်ပြီး အဝေးကနေ ကြည့်၍ရ၏။
လက်ရှိအချိန်တွင် လမ်းပေါ်တွင် စက်ဘီးစီးသူ အများအပြားမရှိသည့်အပြင် ဟန်ချင်စုန့်ကလည်း အရပ်ရှည်သောကြောင့် အဝေးမှကြည့်လျင်ပင်မြင်နိုင်၏။
ခဏအကြာတွင် စစ်စိမ်းရောင် တစ်စွန်းတစ်စကို သူမမြင်လိုက်ရပြီး ချက်ချင်း အော်ခေါ်လိုက်၏။
"အဖေ...အဖေ"
ဟန်ချင်စုန့် သူ့ကို ခေါ်နေသံကို အဝေးကြီးကနေ ကြားလိုက်ရပြီး မိန်းကလေးသံမှန်း ကြားလိုက်သည်နှင့် မိုင်စွေ့မှန်း တန်းသိလိုက်သည်။ အရေးကြီး၍ဖြစ်မည်ဟုတွေးပြီး သူချက်ချင်း အရှိန်မြင့်လိုက်၏။
သူမရှေ့ရောက်သောအခါ သူက စက်ဘီးကို ခြေထောက်နှင့်ထောက်ရပ်ပြီးမေးလိုက်သည်။ "ဘာဖြစ်လို့လဲ"
မိုင်စွေ့က စက်ဘီးပေါ် ခုန်တက်ပြီးဆို၏။
"အဖေ...မားမားက အိမ်မှာ အဖေ့ကို လွမ်းနေတယ်...သမီးကို အဖေဘာလို့ ပြန်မရောက်သေးတာလဲဆိုပြီး ကြည့်ခိုင်းလိုက်တာ..."
ဟန်ချင်စုန့် က သူမခေါ်၍ အိမ်ကို သုတ်ချေတင်သွားလိုက်သည် မြန်လွန်း၍ လမ်းမှာ နှုတ်ဆက်သည့်လူကိုပင် မမြင်လိုက်ပေ။
လူတချို့က ဟန်ချင်စုန့် ဝှီးခနဲဖြတ်သွားပြီး မိုင်စွေ့၏ စကတ်ပင် ပျံတက်တော့မလိုဖြစ်နေသည်ကိုကြည့်ပြီး ဆိုကြ၏။
"ဘုရားရေ...ညွှန်မှူးဟန်ရဲ့အိမ်မီးလောင်နေတာလား"
သူတို့အိမ်ပြန်ရောက်သောအခါ စန်းဝမ်နှင့် ရှောင်ဝမ်က ပြေးထွက်လာပြီး ဟန်ချင်စုန့်ကို ဖြတ်တားလိုက်သည်။
"အဖေ...အဖေ...ကျွန်တော် စက်ဘီးစီးချင်တယ်"
ဟန်ချင်စုန့်က သူတို့နှစ်ယောက်ကို စက်ဘီးအပ်ပြီး အိမ်ထဲဝင်လာခဲ့၏။
လင်းလန်က ညစာပြင်ဆင်နေသည်။ဟန်ချင်စုန့် အလျင်စလိုပြန်လာသည်ကိုမြင်လျှင် "စန်းကော... ရှင်ဘာလို့ဒီလောက်အလျင်လိုနေတာလဲ" ဟုမေးလိုက်သည် ။
ဟန်ချင်စုန့်: "မင်းကိုယ့်ကိုလွမ်းနေတယ်ဆိုတော့ ကိုယ် အလျင်လိုရတာပေါ့"
လင်းလန်: "..."
ဟန်ချင်စုန့်: "မထင်ထားဘူးလား"
လင်းလန်: "..."
ရှင်ဘာလို့ ရှောင်ဝမ် ဖြစ်လာတာလဲ...
သူမ ဟန်ချင်စုန့်၏လက်ကိုကိုင်ကာ ခြံအတွင်းရှိရေတိုင်ကီဆီသို့ သွားလိုက်သည်။
"လာ...လိမ္မာတယ် ...အရင်ဆုံး မျက်နှာသစ်ပြီး လက်ဆေးလိုက်... ထမင်းစားဖို့အဆင်သင့်ဖြစ်နေပြီ"
ဟန်ချင်စုန့် လက်ဆေးရန် ကိုယ်ကိုကိုင်းလိုက်ရင်း သူမပါးကို အလျင်အမြန် ကိုက်လိုက်ရာ ရှောင်ဝမ်က အပြေးပြန်လာသည်နှင့်တိုးသွားသည်။
ရှောင်ဝမ်က ချက်ချင်းပြေးလာပြီး ဟန်ချင်စုန့်ဆီသို့ သူ၏မျက်နှာသေးသေးလေးကို ထိုးပေးကာ ပြုံး၍ဆိုသည်။
"အဖေ...သားလည်း အာဝါးလိုချင်တယ်"
ဟန်ချင်စုန့်: "... "
သူက မျက်နှာကို ဘေစင်ထဲမှာ အမြန်မြှုပ်လိုက်၏။
လင်းလန်က ငုံ့ကာ အပြုံးတစ်ခုနှင့် ရှောင်ဝမ်ကို နမ်းပြီးဆိုလိုက်သည်။
"ပါပါးတို့က ယောက်ျားတွေကို မနမ်းဘူး"
ရှောင်ဝမ်က ပျော်ပျော်ရွှင်ရွှင်နှင့် သူ့တတိယအစ်ကို စက်ဘီးစီးသည်ကိုပြန်သွားကြည့်လေ၏။
ညစာစားပြီးနောက် ကလေးများက ၎င်းတို့၏ အသိုင်းအဝိုင်းငယ်လေးများဖြင့် ဆော့ကစားရန် ထွက်သွားကြပြီး မိုင်စွေ့ကိုလည်း သူမ၏ ပန်းပွင့်ဝတ်စုံကို မြင်တွေ့လိုကြသည့် မိန်းကလေးများကတွေ့သွားကြသည်။
အိမ်ထဲမှာ ဟန်ချင်စုန့်နှင့်လင်းလန် နှစ်ယောက်တည်းပဲ ကျန်တော့၏။လငလန်က ပန်းကန်တွေကို ရှင်းလင်းချင်ပေမဲ့ ဟန်ချင်စုန့်က သူမကို တားလိုက်သည်။ သူ ပြင်းပြင်းထန်ထန် ကြိုးစားလိုက်သည်နှင့် သူမက သူ့ပေါင်ပေါ်မှာ ထိုင်လိုက်၏။
"စန်းကော... သိက္ခါကို ဂရုစိုက်ပါဦး"
လင်းလန်က သူ့ကို သတိပေးသည်။
"မင်းစဉ်းစားပြီးပြီလား"
လင်းလန်: "...တွေးတာက...တွေးမပြီးသေးဘူး..." ဟန်ချင်စုန့်၏မျက်နှာသည် မည်းမှောင်လာသည်ကိုမြင်သောအခါ သူမ မထိန်းနိုင်ဘဲ ရယ်မောလိုက်၏။
"ရှင်မသိဘူးလား“
သူ့လက်က သူမခါးကို ကိုင်လိုက်သည်။
လင်းလန် ယားလွန်း၍ အမြန် လက်မြှောက်အရှုံးပေးလိုက်ရ၏။
“အလုပ်ကိစ္စရှိလို့ …ကျွန်မ အွန်း..…”
သူက သူမကို အနည်းငယ် ပြင်းပြင်းထန်ထန် နမ်းလိုက်ပြီး ခဏအကြာတွင် သူမနှုတ်ခမ်းကို ညင်သာစွာ ကိုက်ကာ လွှတ်ပေးလိုက်သည်။
"အလုပ်ကိစ္စကပြီးသွားပြီ.. အဲ့အကြောင်းမပြောတော့နဲ့"
ဟန်ချင်စုန့်က သူမကို ပန်းကန်ကူဆေးပေးရင်း လေးလေးနက်နက်ဆိုလာ၏။
"ဘာကိစ္စရှိလို့လဲ"
လင်းလန်က သူ့ကို အလုပ်သမား၊ လယ်သမားနှင့် စစ်သားကောလိပ်ကျောင်းသားများအကြောင်းမေးလိုက်သည်။
"ကွန်မြူနတီမှာ နေရာဘယ်နှနေရာရှိလဲဟင်"
ဟန်ချင်စုန့်: "ကိုယ်ဂရုမစိုက်မိခဲ့ဘူး... မင်းသွားချင်လား"
လင်းလန်: "အဲ့လိုဆို အဆင်ပြေလား"
ဟန်ချင်စုန့်က သူမကို လေးလေးနက်နက်ကြည့်ကာပြော၏။
"မနက်ဖြန်မှာ နေရာဘယ်လောက်ရနိုင်လဲနဲ့ ကိုယ်တို့တပ်မဟာကရမရ မေးလိုက်မယ်... စာရင်းမသွင်းရသေးရင် ခွဲတမ်းအတွက် လျှောက်ထားဖို့ လိုပါသေးတယ်... မင်းရဲ့စာပေအရည်အချင်းနဲ့ လုပ်ငန်းစွမ်းဆောင်ရည်က အဆင့်မြင့်စာရင်းသွင်းဖို့ အရည်အချင်းပြည့်မီမမီကြည့်ရမယ်...အဲ့လိုဆိုရင် ကိုယ်မင်းအတွက်တိုက်ရိုက်လျှောက်ထားလိုက်မယ်”
သူဘယ်လောက်လေးနက်နေလဲဆိုသည်ကြည့်ရင်း လင်းလန်က ရယ်မောကာ သူ့လည်ပင်းကို လှမ်းဖက်ပြီးပြောလိုက်သည်။
“ကျွန်မရှင့်ကို စနေတာပါ... ရှင်နဲ့ ကလေးတွေကို ထားမသွားပါဘူး”
ယခင်ဘဝတုန်းက သူမ လုံလုံလောက်လောက် လေ့လာပြီး အလုပ်ကြိုးစားခဲ့၏။ ထို့ကြောင့် ယခုဘဝက သူမအတွက် ဆုလာဘ်ဖြစ်သင့်၏။ ဘဝငယ်လေးကို သူနှင့်အတူ ဖြတ်သန်းရသည်က ကောင်းပါသည်။မည်သို့ပင်ဖြစ်စေ သူမက ရည်မှန်းချက်ကြီးကြီးမားမားရှိသူ မဟုတ်ပေ။
ဟန်ချင်စုန့်က ဆိုလာ၏။
"မင်းတကယ်သွားချင်ရင် ကိုယ်အားပေးမှာပါ"
ကလေးတွေကြီးလာသည့်အခါ စာဖတ်၊စာသင်ရန် စိတ်ပူစရာမလိုတော့သဖြင့် သူဘာသူ စောင့်ရှောက်နိုင်သည်။
လင်းလန် သူ့ကို စနောက်နေခြင်းကို အမြန်ရပ်လိုက်ရ၏။
"အင်းပါ...ပညာတတ်လူငယ်နှစ်ယောက် ကျွန်မဆီလာကြတယ်...သူတို့က အနောက်တံခါးကနေဝင်ချင်နေကြတယ်လို့ ကျွန်မသံသယရှိနေတာ"
ဟန်ချင်စုန့်က သူမကို လေးလေးနက်နက်ကြည့်ကာပြော၏။
"မနက်ဖြန်မှာ နေရာဘယ်လောက်ရနိုင်လဲနဲ့ ကိုယ်တို့တပ်မဟာကရမရ မေးလိုက်မယ်... စာရင်းမသွင်းရသေးရင် ခွဲတမ်းအတွက် လျှောက်ထားဖို့ လိုပါသေးတယ်... မင်းရဲ့စာပေအရည်အချင်းနဲ့ လုပ်ငန်းစွမ်းဆောင်ရည်က အဆင့်မြင့်စာရင်းသွင်းဖို့ အရည်အချင်းပြည့်မီမမီကြည့်ရမယ်...အဲ့လိုဆိုရင် ကိုယ်မင်းအတွက်တိုက်ရိုက်လျှောက်ထားလိုက်မယ်”
သူဘယ်လောက်လေးနက်နေလဲဆိုသည်ကြည့်ရင်း လင်းလန်က ရယ်မောကာ သူ့လည်ပင်းကို လှမ်းဖက်ပြီးပြောလိုက်သည်။
“ကျွန်မရှင့်ကို စနေတာပါ... ရှင်နဲ့ ကလေးတွေကို ထားမသွားပါဘူး”
ယခင်ဘဝတုန်းက သူမ လုံလုံလောက်လောက် လေ့လာပြီး အလုပ်ကြိုးစားခဲ့၏။ ထို့ကြောင့် ယခုဘဝက သူမအတွက် ဆုလာဘ်ဖြစ်သင့်၏။ ဘဝငယ်လေးကို သူနှင့်အတူ ဖြတ်သန်းရသည်က ကောင်းပါသည်။မည်သို့ပင်ဖြစ်စေ သူမက ရည်မှန်းချက်ကြီးကြီးမားမားရှိသူ မဟုတ်ပေ။
ဟန်ချင်စုန့်က ဆိုလာ၏။
"မင်းတကယ်သွားချင်ရင် ကိုယ်အားပေးမှာပါ"
ကလေးတွေကြီးလာသည့်အခါ စာဖတ်၊စာသင်ရန် စိတ်ပူစရာမလိုတော့သဖြင့် သူဘာသူ စောင့်ရှောက်နိုင်သည်။
လင်းလန် သူ့ကို စနောက်နေခြင်းကို အမြန်ရပ်လိုက်ရ၏။
"အင်းပါ...ပညာတတ်လူငယ်နှစ်ယောက် ကျွန်မဆီလာကြတယ်...သူတို့က အနောက်တံခါးကနေဝင်ချင်နေကြတယ်လို့ ကျွန်မသံသယရှိနေတာ"
ဟန်ချင်စုန့်က သူမလေသံကို နားထောင်ပြီး တကယ် သူမ သွားချင်သည့်ပုံပေါ်မနေသည်ကို တွေ့သောအခါ သူမကို နင့်နင့်သည်းသည်း ကြည့်လိုက်သည်။
လင်းလန်က သူ့လက်မောင်းကိုမှီကာ လက်ဆေးဇလုံထဲကပန်းကန်တွေကိုဆက်ဆေးနေ၏။ သူမဘာသာ ဘာမှလုပ်၍မရသဖြင့် သူမကို စနောက်ပြီး လှမ်းနမ်းချင်ယောင်ဆောင်လိုက်သည်။
ဟန်ချင်စုန့် သူ့ပါးပြင်ပေါ် နူးညံ့သည် နှုတ်ခမ်းတွေကျရောက်လာမည်ကိုစောင့်နေ၏။ သို့ပေမဲ့ သူမစောင့်နိုင်တော့သောအခါ သူမကို လှည့်ကြည့်လိုက်သည်။
လင်းလန်က တခစ်ခစ်ရယ်ကာ ထ၍ ထွက်သွားမည်ပြုသော်လည်း ရုတ်ချည်း ချော်ပြီး သူ့ရင်ခွင်ထဲလဲကျသွားခဲ့၏။
ဟန်ချင်စုန့်က သူ့လက်မောင်းတွေကိုဖွင့်ကာ သူမကို သူ့လက်မောင်းကွေးကြားထဲတွင် မြဲမြံစွာ ပွေ့ဖက်ထားရင်း ခေါင်းငုံ့ကာ နမ်းရှိုက်တော့သည်။
သူမ သူ့လက်မောင်းများကြားတွင် ပျော့ခွေနေချိန်၌ အပြင်ဘက်ကနေ လူတစ်ယောက်က လည်ချောင်းရှင်းပြီး အသံနိမ့်ကာ ခေါ်လာ၏။
"ကပ္ပတိန်လင်း...ကပ္ပတိန်လင်းအိမ်မှာရှိလား"
လင်းလန်၏မျက်နှာ ရုတ်ချည်း ပူလောင်လာပြီး
အထိတ်ထိတ်အပျာပျာဖြစ်သွားကာ ဟန်ချင်စုန့်ကို မျက်စောင်းတစ်ချက်ထိုးလိုက်သည်။
ဟန်ချင်စုန့်က သူ့ကိစ္စအောင်မြင်သွားပြီဖြစ်၍ ပန်းကန်ဆက်ဆေးနေ၏။
လင်းလန် ဘယ်သူသူမကိုလာရှာသလဲဆိုသည်ကို အမြန်ထွက်ကြည့်လိုက်သည်။ သူမအရှေ့သို့ လျှောက်သွားချိန်တွင် အထဲဝင်လာသည် ယွီရှင်းနှင့် ဝင်တိုးမိသွား၏။
သူမ အံ့အားသင့်သွားခဲ့သည်။
"ပညာတတ်လူငယ်ယွီ...မင်းဘာလုပ်နေတာလဲ"
.....
စာရေးသူမှာ ပြောစရာရှိပါတယ်
ညွှန်မှူးဟန်:ယူနီဖောင်းက အရမ်းလှတယ်...
Xxxxxxxxx
Part 562
ယခုအချိန်က ခြောက်နာရီမထိုးသေးသလို နေကလည်းမ၀င်သေးဘဲ တောက်ပစွာ ထွန်းလင်းနေသဖြင့် လူတို့အား မကောင်းမှု ကျူးလွန်ရန် မသင့်တော်ဟု အပြစ်ရှိသလိုခံစားရစေသည်။
ယွီရှင်းက နောက်ပြန်ကြည့်လိုက်ပြီး အပြင်မှာ ဘယ်သူမှ မတွေ့သောအခါ လင်းလန်ကို ပြုံးပြီး ပြောလေ၏။
"ကပ္ပတိန်လင်း...ဖြစ်ချင်တော့ ကျွန်မရှင့်ကို စောစောက ပြောခဲ့တဲ့ အထည်ကောင်းတစ်ထည် ကျွန်မ ရှိနေတယ်... ရှင့်အတွက် ဘာလို့ အရင် အဝတ်အစားမချုပ်ရမှာလဲ"
သူမ ကျောင်းလွယ်အိတ်ထဲက အစိမ်းရောင် ဒရာကွန်လေးကို သူ့အိတ်ထဲကနေ ထုတ်ယူလိုက်ပြီး လင်းလန်၏ လက်ထဲကို ထည့်လိုက်သည်။
"ပညာတတ်လူငယ်ယွီ...ငါ မင်းကို ဒရာကွန် မကြိုက်ဘူးလို့ ပြောခဲ့တယ်... ဒါပေမဲ့ မင်းရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်"
ယခုအချိန်မှာ သူမက လင်းလန်ကို အဆက်အသွယ်အတွက် အားကိုးချင်နေမှန်း လင်းလန်သေချာနေပြီဖြစ်သည်။
ယွီရှင်းက လင်းလန်၏အမူအရာကိုကြည့်လိုက်၏။
တကယ်မလိုချင်ဘူးလား... ဘယ်လိုမှမဖြစ်နိုင်ဘူး...
လင်းလန်က သူမကို အိမ်ထဲခေါ်ရန် ရည်ရွယ်ချက်မရှိသည်ကို မြင်လိုက်ရသောအခါ သူမက ပြုံးပြီးပြောလိုက်သည်။
"ကပ္ပတိန်လင်း...လမ်းလျှောက်လာပြီး ရေအရမ်းငတ်နေလို့...ရေတစ်ခွက်လောက် ပေးလို့ရမလား"
လင်းလန်: "ခဏစောင့်... မင်းအတွက်ငါယူပေး မယ်"
လင်းလန်က သူမအတွက် ရေခပ်ရန် အိမ်ထဲပြန်ဝင်သော်လည်း ယွီရှင်းက ခြံဝင်းထဲကို လိုက်သွားခဲ့၏။
လင်းလန်က မျက်မှောင်ကြုတ်ကာ သူမရေခပ်ရန် အိမ်ထဲသို့ဝင်စဉ် ယွီရှင်းကို ခြံဝင်းထဲတွင် စောင့်ခိုင်းလိုက်သည်။
ယွီရှင်း ခြံဝင်းထဲတွင် ရပ်ကာ အိမ်ထဲသို့ လှမ်းကြည့်လိုက်ရာ အိမ်ရှိ မီးဖိုနားတွင် အရပ်မြင့်မြင့်နှင့် ချောမောသည့် အမျိုးသားတစ်ဦး လမ်းလျှောက်နေသည်ကို တွေ့လိုက်ရပြီး သူမ၏ မေးရိုး ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။
ညွှန်မှူးဟန်က အိမ်ပြန်ပြီး အိမ်အလုပ်တွေ လုပ်ခဲ့တာလား...ငါလာမယ်ဆိုတာ သိလို့ ဟန်ဆောင်နေတာလား...
လင်းလန်က ရေခပ်ရန် အိမ်ထဲသို့ ဝင်သွားသည် ။ထုံးစံအတိုင်း သူမ၏ လက်ဖက်ရည်ခွက်က အပြင်လူများ အသုံးပြုရန် မဟုတ်သောကြောင့် ပန်းကန်လုံးကြီးတစ်လုံး သွားယူခဲ့သည် ။
ဟန်ချင်စုန့်က ပန်းကန်တွေကို သိမ်းဆည်းထားပြီးသားဖြစ်ကာ လင်းလန်ကိုဆိုလေ၏။
"ကိုယ် ရေအရင်သွားခပ်ပြီးမှ ဟင်းရွက်ခင်းတွေကို ရေလောင်းလိုက်မယ်"
လင်းလန်က အင်းဟုအသံပြုပြီး သွားရန်ပြောလိုက်သည်။
ယွီရှင်းက တံခါးဝတွင်ရပ်ကာ ဟန်ချင်စုန့်ကို ခိုးကြောင်ခိုးဝှက်ကြည့်နေသည်။ သူက ဓာတ်ပုံထဲကထက် အပြင်တွင် ပိုကြည့်ကောင်း၏။ သူက အရပ်ရှည်ပြီး ခြေတံရှည်ရှည်နှင့် အေးစက်သော စိတ်ထားရှိသည်။ သူ သူမကို ခေါင်းလှည့်ကြည့်လိုက်သောအခါ သူမ၏ နှလုံးခုန်သံများဆူညံလာ၏။
ဟန်ချင်စုန့် ထွက်လာသောအခါ ယွီရှင်းတစ်ယောက် သူမ၏မျက်နှာကို အရှိန်လာဟပ်သော သူ၏ယောက်ျားပီသမှုကြောင့် မူးဝေသွားခဲ့သည်။ သူ၏အရှိန်အဝါကြောင့် သူမ နောက်ပြန်ဆုတ်ကာ လမ်းဖယ်ပေးမိသွား၏။ ထို့နောက် သူမက ရင်ဘက်ကိုကော့ကာ ချိုသာစွာ ပြုံးပြလျက် သံပြတ်ဖြင့် နှုတ်ဆက်လိုက်သည်။
" မင်္ဂလာပါ ခေါင်းဆောင်ဟန်"
ဟန်ချင်စုန့် သူမကို တစ်ချက်ကြည့်လိုက်ရာ မမှတ်မိသဖြင့် ဝါဒဖြန့်ရေးအဖွဲ့က လူတစ်ယောက်ဟုထင်ပြီး သာမန်ကာလျှံကာ ပြောလိုက်၏။
"အင်း...မရီး...."
သူက ဘေးနားကို လျှောက်သွားပြီး ရေပုံးနှင့် ထမ်းပိုးယူပြီးထွက်သွားလေသည်။
တစ်စုံတစ်ယောက် နဖူးကိုတည့်တည် မိုးကြိုးအပစ်ခံလိုက်ရ၏...
ယွီရှင်း နေရာမှာတင် ကျောက်ရုပ်ဖြစ်သွားကာ သူမ၏ လှပသော မျက်နှာက တွန့်လိမ်သွားသည် ။
သူ...သူ သူမကို မရီးလို့ ခေါ်လိုက်တာလား...
သူမက ဘယ်မှာမရီးတစ်ယောက်နဲ့တူလို့လဲ... ဒီနှစ်မှ အသက် 22 နှစ်ပဲ ရှိသေးတာ...
လင်းလန်ထက် နှစ်တွေအများကြီး ငယ်တာကို ဘာလို့ မရီးလို ခေါ်ရတာလဲ...
ဟန်ချင်စုန့်က သူမဘာတွေတွေးနေမှန်းမသိပေ ။သူ မသိသည့်အိမ်ထောင်သည်အမျိုးသမီးကို မရီးဟုခေါ်ပြီး ယင်းက အသက်အရွယ်ကိုမရည်ညွှန်းဘဲ ဂုဏ်ကိုရည်ညွှန်းပြီး လေးစားသမှုဖြင့်ခေါ်သည့် အမည်နာမတစ်ခုလည်းဖြစ်၏။လင်းလန် ခရိုင်ရုံးသို့သွားသောအခါ ဆရာဝန်အိုကြီးကလည်း သူမကို မရီးဟုခေါ်ပြီး ယင်းက ကျေးလက်ရှိ အမျိုးသမီးငယ်များအတွက် ဘွဲ့နာမည်တစ်ခုလိုလည်းဖြစ်ပေသည်။
ဟန်ချင်စုန့်က သူမကို အလုပ်က လင်းလန်၏ သူငယ်ချင်းဟု ထင်သည့်အတွက် သူ့ကို အထူးတလည် လေးစားပေးခြင်းဖြစ်၏။ တခြားအချိန်တွေမှာဆို သူမသိသည့် အမျိုးသမီးကို လှည့်ပင်ကြည့်လိမ့်မည်မဟုတ်ချေ။
သို့ပေမဲ့ ယွီရှင်းက ၎င်းကို မသိပါဘဲ သူ မိန်းကလေးဆန်သည့် နှလုံးသားကို ဓားနှင့်အထိုးခံလိုက်ရသလို ခံစားလိုက်ရသည်။ အိမ်ထောင်မပြုရသေးသည့် သက်တူရွယ်တူတွေထက် သူမက အသက်ပိုငယ်၏။ သူများတွေက သူမကို အများဆုံး ဆယ့်ခုနစ်နှစ်ဆယ့်ရှစ်လောက်သာရှိမည်ဟု ပြောကြသည်။ ဘယ်မှာ မရီးလဲ...အိမ်ထောင်သည်မိန်းမနဲ့ လက်မထပ်ရသေးတဲ့မိန်းမကြားမှာ ကြီးမားတဲ့ ခြားနားချက်ရှိတယ်နော်... ဟုတ်ပြီလား...
လင်းလန် အခန်းထဲကနေ ခဏလောက် လှောင်ရယ်ခြင်းမပြုဘဲမနေနိုင်ခဲ့ပေ။ ၎င်းနောက် ရေအေးအေးကို ယူပြီးထွက်လာကာ ဆိုလိုက်၏။
"မပူဘူး...သောက်ပါ"
သောက်ပြီးရင်တော့ ထွက်သွားပါ...
ကိုးရိုးကားယားဖြင့် ယွီရှင်းက ပန်းကန်လုံးကိုယူ၍ သူမဘေးနားရှိ ရေစားပွဲတွင် ထိုင်ချလိုက်ကာ အနည်းငယ်သောက်လိုက်သည်။ နှစ်ငုံသောက်ပြီးနောက် ယွီရှင်းက လင်းလန်ကို ဒရာကွန်အထည်ကို ထပ်ပေးပြန်၏။
"ကပ္ပတိန်လင်း... ယူလိုက်ပါ...အချိန်တန်ရင် တူညီတဲ့ အထည်လက်မှတ် ကျွန်မကို ပေး...ကျွန်မတို့ကြားက အလဲအလှယ်အဖြစ် သဘောထားပေးပါ"
လင်းလန်:"ပညာတတ်လူငယ်ယွီ... ငါတကယ် ဒရာကွန်ကို မကြိုက်တာပါ... လဲစရာ မလိုပါဘူး"
"ညွှန်မှူးဟန်အတွက် လက်တိုအဝတ်အစားချုပ်ပေးလိုက်ရင် အဆင်ပြေတယ်တယ်"
ယွီရှင်း နှုတ်ကနေလွှတ်ခနဲထွက်သွားသည်။
လင်းလန်က မျက်ခုံးပင့်ကာ သဘောမကျစွာပြောလိုက်၏။
"ပညာတတ်လူငယ်ယွီ...အထည်နဲ့ပတ်သက်ရင် ငါတကယ်မလိုအပ်ဘူး... တခြားဘာမှမရှိဘူးဆိုရင် မင်းစောစောပြန်သင့်တယ်"
တပ်မဟာနှစ်ခုက သိပ်မနီးပါဘဲ ခြောက်မိုင်လောက်ဝေးလေသည်။ သူမက တစ်နေ့လျှင် နှစ်ကြိမ် အသွားအပြန် ပြေးလွှားနေသည်ဖြစ်ရာ အတော်လေး စိတ်အားထက်သန်နေ၍ဖြစ်မည်။
ယွီရှင်းက ပြုံးပြီးပြော၏။
"အလျင်မလိုပါဘူး... မမှောင်သေးဘူးလေ... အလုပ်ကိစ္စနဲ့ ပတ်သက်ပြီး ကပ္ပတိန်လင်းကို ပြောဦးမလို့"
လင်းလန်ကမူ တုံးတိကြီးဖြစ်နေလေပြီ။
"မင်းနဲ့အခု အလုပ်အကြောင်း မပြောနိုင်သေးဘူး... ဝါဒဖြန့် အဖွဲ့အစည်း အရင်ဖွဲ့သင့်တယ်... အဖွဲ့နဲ့မှတဆင့် ဒီအကြောင်း ပြောမယ်"
ယွီရှင်းက လင်းလန် ပြောသည်ကိုကြားသောအခါ ပြုံးလျက်ပင်ပြောလေသည်။
"မှန်ပါတယ်...ရှင်က ကျွန်မကိုဌာနခွဲအတွင်းရေးမှူးရန်နဲ့ စကားပြောဖို့ ကူညီပေးပြီး ဝါဒဖြန့်အဖွဲ့တစ်ဖွဲ့ဖွဲ့ဖို့ ကျွန်မကို ခန့်ခိုင်းလို့ရတယ်လေ...အဲ့ဒါက သေချာပေါက် ဖြစ်နိုင်တယ်"
လင်းလန် သူမကိုမကြည့်မိဘဲမနေနိုင်ခဲ့။တကယ် ထူးဆန်းနေသည်၊ အနှီမိန်းကလေးများက တစ်ခါတစ်ရံတွင် မိမိကိုယ်ကို လေးစားမှုများစွာရှိကြပြီး တစ်စုံတစ်ဦးမှ မရည်ရွယ်ဘဲ ပေါ့ပေါ့တန်တန်ပြောသောအခါတွင် သူမတို့က အချိန်အတော်ကြာ ဒေါသထွက်နေတတ်ကြသည်။
သို့ပေမဲ့ ယခုအချိန်၌ သူမက(လင်းလန်) မျက်နှာမထောက်ဘဲ မယဉ်မကျေးပြောပြီး သူမကို ဖော်ရွေမှုမရှိကြောင်း ရှင်းရှင်းလင်းလင်းပြသခဲ့၏။လူအများစုက ရှက်ရွံ့ပြီး မျက်နှာပျက်သွားလိမ့်မည်ဖြစ်သော်လည်း ယွီရှင်းက သူမနှင့်အလွန်ရင်းနှီးသလိုမျိုး ပြောဆိုရယ်မောနိုင်ဆဲပင်။
လုံးဝကို...
Xxxxxxx