အပိုင်း ၆၀၉-၆၁၀
Viewers 37k

Part 609


အပြင်မှာ ဟန်ချင်စုန့်က ပညာတတ်လူငယ်တွေကို တဝမ်နှင့် မလေ့ကျင့်ခိုင်းချေ။


ရှန်ယွီမှလွဲ၍ ကျန်လူများသည် မြေကြီးပေါ်သို့ လဲကျလုနီးပါးဖြစ်ကာ အများစု​မှာ ခဏလောက် ပြေးလိုက် လမ်းလျှောက်လိုက်လုပ်နေကြသည်။


 "ဒီနေ့က အစမ်းပြေးပွဲဖြစ်ပြီး မနက်ဖြန် မနက် ငါးနာရီမှာ တပ်မဟာဌာနချုပ်မှာ စုဝေးရပါမယ်... နောက်ကျရင် ကြာပွတ်ဒဏ်နှစ်ချက် ပေးမှာဖြစ်ပြီး လေ့ကျင့်ရေး တစ်ရက်ပျက်ရင် ကြာပွတ်ဒဏ်ငါးချက်ပေးမယ်... အပြစ်ဒဏ်ကို ဌာနခွဲအတွင်းရေးမှူးဆီသွားပြီး ခံယူရမယ်... ပြစ်ဒဏ်မခံယူသူတွေက အလိုအလျောက် နုတ်ထွက်ရမယ်... နောက်ပိုင်းမှာ သူတို့ တာဝန်မယူပေးတော့ဘူး..."


နှေးကွေးပြီး အားနည်းသူများကို သူသဘောမကျပေမဲ့ စုဝေးအချိန်ကို အလေးအနက်မထားသည်က ပို၍ ဆိုးဝါးသော် သဘောထားဆိုးတစ်ခုဖြစ်သည် သူ့အနေဖြင့် သူတို့ကို စီမံခန့်ခွဲဖို့ ကြိုးစားရန် အချိန်အနည်းငယ် ဖြုန်းနေမှာ မဟုတ်ပါချေ။ ထို့အပြင် သူ့တွင် သူတို့အား ကူညီလေ့ကျင့်ပေးရန်သာ တာဝန်ရှိပြီး ဌာနခွဲအတွင်းရေးမှူးက ကျန်သည်များကို ဂရုစိုက်မည်ဖြစ်သည်။


သူတို့ကို စိုက်ကြည့်ရင်း သူကထပ်ပြောလိုက်၏။


 "မွန်းတည့်ချိန်နဲ့ ညနေပိုင်းတွေမှာ အဖွဲ့ခေါင်းဆောင်က အဖွဲ့ကိုဦးဆောင်ပြီး အလေ့အကျင့်ရအောင် အကြိမ်အနည်းငယ် ပြေးလို့ရတယ်...မနက်ဖြန် လေ့ကျင့်ရေး အရှိန်ကို မြှင့်တင်ပါ" 


ရှန်ယွီက  သဘောတူခဲ့ပြီး တခြားသူတွေ တုန်လှုပ်သွားပေမဲ့ သူတို့ ဘာမှ မပြောရဲကြပေ။


   

ဂန်းစတားများပင်လျှင် ဟန်ချင်စုန့်၏ရှေ့တွင် ကောင်းမွန်စွာ ပြုမူကြပြီး ပါးစပ်ကို တင်းတင်းစေ့ထားကာ မသင့်လျော်သော စကားတစ်ခွန်းကိုမျှ မပြောရဲပေ။


ဟန်ချင်စုန့်:"မင်းတို့မှာ မေးစရာတွေရှိရင် တဝမ်နဲ့အားဝမ်ကို တိုင်ပင်လိုက်ပါ...သူတို့က  မနက်ဖြန် မင်းတို့ကို လာနှိုးလိမ့်မယ်" 


 " ဟုတ်..." 


ပညာတတ်လူငယ်တွေက  ပျော့ခွေလျက် သဘောတူလိုက်ကြပြီး မြေကြိး ပေါ်ထိုင်ချလုနီးပါးပင်။


ဟန်ချင်စုန့် က သူတို့ကို ဂရုမစိုက်တော့ဘဲ "တန်းဖြုတ်"ဟုအော်ပြီး လှည့်ကာ အိမ်ပြန်သွားခဲ့သည်။


ဟန်ချင်စုန့်  ထွက်သွားသည်နှင့် တပြိုင်နက် ရှုတုန်းရှင်းနှင့် ဝူဝမ်ယီတို့သည် ကျေးလက်တောရွာရှိ ကြက်နှင့် အညစ်အကြေးများကို မကြိုက်သည့် ယခင်ကသဘောထားနှင့် လုံးဝမတူဘဲ မြေပြင်ပေါ်တွင် ထိုင်ချလိုက်ကြသည်။


ရှုတုန်းရှင်းက  ဟောဟဲလိုက်နေရင်း  သူ့ဆံပင်တွေကို ဆွဲလိုက်၏။ ဝူဝမ်ယီက  သူ့ကိုကြည့်ကာ ပြောလိုက်သည်။


 "ဟေ့ ချီဖုန်းရှို့  ဘယ်မှာလဲ...သူ့ကို ဘာလို့ မတွေ့တာလဲ...ဒီနေ့ လေ့ကျင့်ရေး ပျက်လို့ သူ့ကို အပြစ်ပေးမှာလား"


ပျက်ကွက်ခြင်းအတွက် ကြာပွတ်ဒဏ်ငါးချက်...ရောက်ရောက်ချင်း အရိုက်ခံထိတော့မှာလား...


 ချီမင်၏ မျက်နှာက ပြောင်းလဲသွားသည်။


"ရှန်ယွီ...မဟုတ်...မလုပ်လောက်ပါဘူးနော်"


 သူမတို့ကို ခြောက်ရန် သက်သက်ဟု သူမထင်မ်၏။ သူမတို့ကို တကယ်ထိပါက ချုပ်ချယ်ရာကျလွန်းပေလိမ့်မည်။

 

စန်းဝမ် ပြုံးပြီးပြော၏။


 "အဲဒါက လွတ်မြောက်ဖို့ မဖြစ်နိုင်ဘူး"


ရှောင်ဝမ်: "အဖေက အလိုအလျောက်  နုတ်ထွက်လို့ရတယ်လို့ပြောတယ် "


 အားဝမ် : "အစ်ကိုရှန်ယွီ ဒီနေ့ အပြစ်ဒဏ်ကို သူလက်မခံရင် အလိုအလျောက် နှုတ်ထွက်ရမယ်ဆိုတာ ချီဖုန်းရှို့ကို သတိပေးလိုက်ပါ...ကျွန်တော်တို့မိသားစုက သူ့ကိုအိပ်ဖို့ခေါ်ထားတာမဟုတ်ဘူး...အဖေက သူ့လေ့ကျင့်ရေးကို ဂရုမစိုက်တော့ဘူး... သူ့အလိုအတိုင်း လုပ်ချင်သလို လုပ်ခိုင်းလိုက်ပါ”


 ရှန်ယွီက ခေါင်းညိတ်ကာ “ကောင်းပြီ” ဟုပြောလိုက်၏။


သူက ချီမင်ကို ကြည့်ကာ

 “ချီမင်... နင် သူနဲ့စကားပြောသင့်တယ်... သူထွက်ချင်ရင် သူ့ဘာသာသူ အလုပ်လုပ်ပြီး ထမင်းဟင်းချက်ခိုင်းလိုက်... တန်းခွဲ 72က သူ့ကို မကြိုဆိုဘူး"


ချီမင်၏မျက်နှာက အရုပ်ဆိုးသွားပြီးပြောလေသည်။


 "ရှန်ယွီ... ပထမဆုံးနေ့မလို့ အလျော့ပေး ပေးပါ...  သူကရည်ရွယ်ချက်ရှိရှိလုပ်တာမဟုတ်ပါဘူး"


ရှန်ယွီ: "ဦးလေးဟန်မှာ စည်းမျဥ်းတွေရှိတယ်ဆိုကတည်းက... စည်းမျဥ်းကို လိုက်နာတာ ပိုကောင်းတယ်"


စန်းဝမ်: "အဲ့လိုပဲဖြစ်ရမယ်... အစ်ကိုကြီးနဲ့ကျွန်တော်ဆို..."


တဝမ်က သူ့ကို စိုက်ကြည့်လိုက်၏။


စန်းဝမ်က တဟီးဟီးရယ်ကာ ခေါင်းကိုကုတ်လိုက်သည်။


ရှန်ယွီက  ထိုအကြောင်းကို မပြောတော့ဘဲ တဝမ် ကို ကြည့်ကာဆို၏။


"အခွင့်အရေးရရင် ဘတ်စကတ်ဘော ဝယ်ရအောင်...ဘတ်စကတ်ဘော အတူတူ ကစားကြစို့"


တဝမ်က ဘတ်စကတ်ဘောကို သိပေမဲ့ တစ်ခါမှ မကစားဖူးပါချေ။


"ခရိုင်ထဲမှာ ထောက်ပံ့ရေးနဲ့ ရောင်းဝယ်ရေး သမဝါယမတွေ ရှိတယ်"


ဖန်းရှောင်က ချက်ချင်း လက်ကို မြှောက်လိုက်ပြီးပြောလေသည်။


 "ငါ...ငါက ဘောလုံးကန်တတ်တယ်"


ကျောက်မင်ကျယ်: "ဖန်ရှောင်း ...နင်ဘတ်စကတ်ဘောရော ဆော့တတ်သေးလား"


ဖန်ရှောင်က နှာခေါင်းရှုံ့ကာဆို၏။


 "နင်က ငါ့ကို လျှော့တွက်နေတာပဲ... ငါက သေချာဆော့ရင်  နင့်ထက် ပိုကောင်းပါတယ်နော်"


ကျောက်မင်ကျယ် သူမ၏ကြက်သိုက်ခေါင်းကိုကြည့်လိုက်သည်။ သူမမျက်နှာက ချွေးတွေ၊ ပြာတွေနှင့် ဖုံးနေပြီး ဘယ်မှာ ထိုင်အနားယူရမှန်း မသိ သာမန်ကာလျှံကာ ပုတ်၍ လက်ဖမိုးနှင့် ပြာတွေကို သုတ်ကာ မျက်နှာကို ပွတ်နေ၏။  ဟားဟား...


 ဘတ်စကတ်ဘောကစားသည်ဟုကြားသောအခါ အားဝမ်နှင့်စန်းဝမ်တို့ကလည်း အတော်လေး စိတ်ဝင်စားသွားကြသည်။ 


"အစ်ကိုကြီး ဘတ်စကတ်ဘောဝယ်ဖို့ ခရိုင်ကိုသွားရအောင်" 


 သူတို့လည်း ပိုက်ဆံစုထားကြသည်။


တဝမ်:" ငါတို့ ပိုက်ဆံက မလောက်ဘူး"


ရှောင်ဝမ်က ချက်ချင်းပဲထပြော၏။

 "သားလည်း ပါမယ်"


ဖန်းရှောင်: "ငါ...ငါက ဘောလုံးကန်မယ်"


တဝမ်: "..." 


သူ ကစားချင်ပေမဲ့ ပညာတတ်လူငယ်များနှင့် ဘောလုံး မျှမသုံးချင်ပေ။ အကြောင်းမှာ   ပညာတတ်လူငယ်များက တစ်ယောက်တည်းမဟုတ်၍ ပြဿနာများပေလိမ့်မည်။


ထိုအချိန်တွင် လင်းလန်က သူတို့ကို  မနက်စာစားရန် ထွက်ခေါ် သည်။


ဖန်းရှောင်  နှင့် အခြားသူများက လင်းလန်တို့အိမ်က မနက်စာစားကြမည်ကို ကြားသောအခါ အားကျသွားကြသည်။ သူတို့က ထမင်းချက်ရန် တပ်မဟာသို့ သွားကြရသေးသည်။ ဝူးဝူး...


လင်းလန်က အစားစားရန် ဖိတ်ခေါ်ခံလိုစိတ်ပြင်းပြနေသော ဖန်းရှောင်၏မျက်လုံးများကို ရက်စက်စွာ လျစ်လျူရှုကာ  အိမ်သို့ ပြန်လာခဲ့သည်။


ရှောင်ဝမ်က သူ့အစ်ကိုကြီးက ဘတ်စကတ်ဘောဝယ်ချင်ကြောင်း လင်းလန်ကို ပြောပြသည်။


လင်းလန်က ခဏလောက်စဉ်းစားပြီး ဟန်ချင်စုန့်ကိုမေးလိုက်၏။


 "စန်းကော... အစည်းအဝေးလုပ်ဖို့ ခရိုင်ကိုသွားမှာမလား...တစ်ခုကို ဘယ်လောက်ကျလဲ"


ဟန်ချင်စုန့်: "23"


 လင်းလန်: "!!" 


ဤဈေးကြီးမည်ဟု သူမမမျှော်လင့်ထားခဲ့ပေ။ မှန်ပေသည်၊  လက်ရှိအချိန်မှာ အစားအသောက်က ဈေးချိုပြီး တခြားအရာအားလုံးက ဈေးမချိုပါချေ။ ဘတ်စကတ်ဘောတစ်လုံးဝယ်ရန်23ယွမ်ကျသင့်ပြီး ကျောင်း သို့မှမဟုတ် အလုပ်ဌာနက သာမန်လူတွေက တကယ်မဝယ်ချင်ဘူးဆိုလျှင် အကုန်အကျခံရန် မလိုလားကြပါချေ။


ဟန်ချင်စုန့်:  "ဌာနထဲမှာ ရွေးကျန် စာရေးကိရိယာနဲ့ အားကစားပစ္စည်းတွေရှိတယ် ... နောက်မှတစ်ချက်ကြည့်လိုက်မယ်"


 "ကျေးဇူးတင်ပါတယ် တတိယအစ်ကို" 


လင်းလန် အတော်လေး  ပျော်သွား၏။


လက်ရှိအချိန်မှာ အရည်အသွေးက ကောင်းမွန်ပြီး အပယ်ခံထားရသည့်ဟာတွေလည်း ကစားနိုင်လောက်သည်။


တဝမ်နှင့် တခြားသူတွေလည်း ပျော်သွားကြ၏။


လင်းလန် အချိန်ကျလုနီးကြောင်းတွေ့သဖြင့် ဟန်ချင်စုန့်ကို အလုပ်သို့ လိုက်ပို့ခဲ့ပြီး  သူတို့ ပြန်ရောက်သောအခါ ကလေးတွေက ကျောင်းတက်ရန် အဆင်သင့်ဖြစ်လုနီးပါး ဖြစ်နေပြီဖြစ်သည်။


လင်းလန် : "အတန်းကောင်းကောင်းတက်ပြီး ဘတ်စကတ်ဘောအကြောင်း မစဉ်းစားနဲ့တော့"


 စန်းဝမ်: "ဟားဟား...မားမား ကျွန်တော်  တကယ်နားလည်ပါတယ်"


 


Xxxxxxx

Part 610


ကလေးတွေ ပျော်ရွှင်စွာ ပြေးထွက်သွားသည်ကို မြင်ရာတွင်  ဝါဒဖြန့်ရေးအကြောင်းအရာ နောက်တစ်ခု စီစဉ်ပေးရန် တုန်ဟွိုင်ဟွဆီသွားချင်ခဲ့သော်လည်း တပ်မဟာထဲကနေဆူညံသံများကြားလိုက်ရသည်။ 


 သူမ ကြည့်လိုက်သောအခါ ချီဖုန်းရှို့နှင့်ရှန်ယွီတို့ ရန်ဖြစ်နေကြသည်ကို တွေ့လိုက်ရပြီး လျှိုကွေဖာ၊တုန်ဟွိုင်ဟွနှင့် ချီမင်တို့က သူတို့ကို ဖြန်ဖြေရန် ကြိုးစားနေကြသည်။ ဖန်းရှောင်၊ ကောင်းလု၊ ကျောက်မင်ကျယ်နဲ့ တခြားသူတွေLoey's Boo:

ဒီမှာမရှိဘူးဆိုတော့ သူတို့ အလုပ်သွားတာ ဖြစ်မလား...


ချီဖုန်းရှို့:  "မင်းငါ့ကို ဘာလို့ ဒီအတိုင်းမထားနိုင်ရတာလဲ... အားလုံး အဆင်ပြေတယ်...မင်းက တန်းခွဲမော်နီတာဆိုတော့ မင်းမှာဆုံးဖြတ်ပိုင်ခွင့်ရှိတယ်...မင်းဘယ်လိုနေလဲဆိုတာ ငါမပြောနိုင်ဘူး ဟုတ်ပြီလား ...ပါးစပ်ကနေထုတ်ပြောစမ်းပါ"


ရှန်ယွီ: "မင်း  စည်းမျဥ်းစည်းကမ်းတွေ နားမလည်ဘူးလား ...ကျောင်းမှာ ကျောင်းစည်းကမ်းတွေရှိတယ်...ရွာမှာလည်း ရွာ စည်းကမ်းတွေမရှိရဘူးလား"


"ကျေးလက်ကို သွားတဲ့အခါ မနက်ခင်း လေ့ကျင့်ခန်းလုပ်ဖို့ ဘယ်သူက သတ်မှတ်လို့လဲ.. မင်းနောက်ကျရင် ပျက်ကွက်ရင် ကြာပွတ်ဒဏ်ခံရမယ်...သူတို့က သူတို့ကိုယ်သူတို့ ဖက်ဆစ်တွေလို့ ထင်နေကြတာလား...ချုပ်ချယ်လွန်းတာမဟုတ်ဘူးလား"


ချီဖုန်းရှို့၏ မျက်လုံးတွေက နီရဲနေပြီး

 "ငါတို့ ကျေးလက်ကို သွားဖို့ အရမ်းကြိုးစားခဲ့တယ် မှန်တယ်ဟုတ်... မင်း ငါတို့ကို မငဲ့သင့်ဘူးလား...ငါတို့ကိုကောင်းကောင်း အနားယူခွင့် မပေးသင့်ဘူးလား "


ရှန်ယွီ : "မင်းကို ဒီလိုပဲပြောမယ်...ညွှန်မှူးဟန် မင်းကို အပြစ်ပေးတာ လုံးဝ မမှားဘူး" 


"ဟယ်လို... မင်းက တော်တယ်...အဲ့တော့ မင်း မင်းကျေးလက်ကိုရောက်တဲ့အခါ ရောမရောက်ရင် ရောမလိုကျင့်သလိုမျိုး လုပ်နိုင်တယ် ဟုတ်တယ်မလား... မင်းက အဆင့်ကောင်းရုံတင်မကဘူး လယ်သမားတစ်ယောက်အနေနဲ့ ပထမတန်းစား အရည်အချင်းလည်း ရှိတာကို ငါမြင်နေရပါတယ်"


 လျှိုကွေ့ဖာက ရန်ပွဲကို ဖြန်ဖြေရန် ကြိုးစားလိမ့်မည်မဟုတ်ပေ။စင်စစ်အားဖြင့် သူက ပညာတတ်လူငယ်တွေအကြောင်း မပြောနိုင်ပါချေ။


တုန်ဟွိုင်ဟွက  ပထမတုန်းက စကားအနည်းငယ်ပြောရန် ကြိုးစားခဲ့ပေမဲ့ ချီဖုန်းရှို့၏ အဓိပ္ပါယ်မဲ့မှုကြောင့် ဒေါသထွက်လာပြီး စကားမပြော၊နားမထောင်​တော့သလို အကုန်လုံးကို နားလည်းမလည်နိုင်ဖြစ်နေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ ရန်ဖြစ်သောအခါတွင် ဆိုဗီယက်ယူနီယံ၊ ဖက်ဆစ်ဝါဒနှင့် ကွန်မြူနစ် ကြေငြာစာတမ်းတို့ကို အလှည့်တိုင်းတွင် စတင်ပြောဆိုကြလိမ့်မည်ဖြစ်သည့်အတွက်ပင်။


ငြင်းခုံခြင်းသည် ဤအရာနှင့် မည်သို့သက်ဆိုင်သနည်း။ တောသူတောင်သာတွေကို အနိုင်ကျင့်ရာကျနေကြောင်း သူတို့ နားမလည်ဘူးလား။


 သူမက ရိုးရိုးရှင်းရှင်း ပွဲပဲကြည့်နေလိုက်သည်။


 ချီဖုန်းရှို့က  နေ့စဉ်ဘ၀တွင် စကားမပြောသော်လည်း ရန်ဖြစ်ရာတွင်မူ ပေါက်ကွဲမှုအားအပြည့်ရှိသည်။ သူက သနားညှာတာစိတ်မရှိပါဘဲ သူတွေးသမျှကို သိက္ခာတွေဘာတွေထိန်းမနေဘဲ နှိမ့်ချပြောဆိုသည်။


လင်းလန် လာနေသည်ကိုမြင်သောအခါ တုန်ဟွိုင်ဟွက သူမကိုနှုတ်ဆက်ကာ ချက်ချင်း ပြုံးပြလိုက်ပြီးပြော၏။


 "လာ... ပညာတတ်လူငယ်တွေ ရန်ဖြစ်တာ အရမ်းကြည့်လို့ ကောင်းတယ်"


လင်းလန်: "အချိန်ကျပြီ... ရှင်အလုပ်မသွားဘူးလား"


တုန်ဟွိုင်ဟွက  "လူတိုင်း အလုပ်သွားနေတာပဲလေ... နင့်  မကြည့်ဘူးဆိုရင်လငါတို့ပဲ ပွဲကြည့်ရမှာလား...လျှိုချွန်းချိုက်ဘယ်မှာလဲ... သူ့ကို လာကြည့်ခိုင်းရအောင်...ရန်ဖြစ်တတ်အောင်လို့" 


လင်းလန်: "..."


ဒီရန်ပွဲရဲ့ အငွေ့အသက်ကို ဒီးလိုမျိုးမဖျက်စီးပစ်လိုက်နဲ့လေ...


တုန်ဟွိုင်ဟွက ထိုအကြောင်းကို စုံစမ်းရန် နှင့်မနံနက်ခင်းမှာ ဘာဖြစ်ခဲ့လဲဆိုသည်ကိုသိရှိရန် ပွဲ၏ တစ်ဝက်ကိုကြည့်ပြီးနေပြီဖြစ်သည်။


ဒီနေ့ ချီဖုန်းရှို့နှင့်ချီမင် ရေသယ်ပြီး ထမင်းချက်ရန် အလှည့်ရောက်လာပေမဲ့ ချီဖုန်းရှို့က ၎င်းကို မကျေမနပ်ဖြစ်နေသည်။ သူတို့ ကျေးလက်တပ်မဟာကိုရောက်သည့်အခါ အစားအသောက်ကို ဂရုစိုက်သင့်သည် ခံစားခဲ့ရ၏။ အကြောင်းမှာ ကျေးလက်မှာက အကုန်လုံးမှာ တပ်မဟာတစ်ခုရှိသည်၊ အကုန်လုံးမှာ အလုပ်သမားတွေရှိသည်ဟုပြောကြသည့်အတွက်ပင်။


 ဘာလို့ သူတို့ကို  ထမင်းချက်ခိုင်းတာလဲ...ထမင်းဟင်းချက်တတ်အောင် တစ်ခါမှ မသင်ဖူးဘူး...


 အဆုံးတွင် ရှန်ယွီက  ထမင်းချက်ပေးခဲ့ပြီး ချီဖုန်းရှို့ကို အပြစ်ဒဏ်ခံယူရန်အတွက် အတွင်းရေးမှူးဆီသွားရန်နှင့် နံနက်လေ့ကျင့်ခန်းအတွက် ကြာပွတ်ဒဏ်ငါးချက်ကို ခံခိုင်းခဲ့သည်။


ချီဖုန်းရှို့က  ရုတ်တရက် ပေါက်ကွဲသွား၏။ သူ အရိုက်ခံရမယ်ပေါ့... တောရွာကို သွားဖို့ သူ ဂရုမစိုက်ဘူး...သူ့ကိုချက်ချင်းပြန်ပို့ပေး...


ရှန်ယွီက  သူ့ကို ပညာတတ်လူငယ်တန်းခွဲမှ နှုတ်ထွက်ပြီး ကိုယ့်လမ်းကိုယ်ရှာရန် ခိုင်းခဲ့သည် သူသွားလိုသည့်နေရာကို မည်သူကမှ ဂရုမစိုက်ခဲ့ပေ။


 ဘာလို့ ချီဖုန်းရှို့ကျမှ ဂရုမစိုက်တာလဲ...သူကိုယ်တိုင်က ကျေးလက်ကို သွားချင်နေတာမှ မဟုတ်တာ...ဒါပေမဲ့ တပ်မဟာက သူ့ကို လက်ခံတယ်လေ...ဘာဖြစ်လို့ မလုပ်ရမှာလဲ...


တုန်ဟွိုင်ဟွ၏စကားကိုကြားပြီးနောက် လင်းလန်က မျက်မှောင်ကြုတ်လိုက်သည်။


 "သူ စကားသိပ်မပြောတော့ ရှက်နေတယ်ထင်ခဲ့တာ" 


သေမင်းတမန်ကြီး ဝှက်ထားတယ်ဆိုတာ ဘယ်လိုသိမှာလဲ..


 "ပညာတတ်လူငယ်ချီ စိတ်မပူပါနဲ့...ညွှန်မှူးဟန်ပြောတဲ့ ကြာပွတ်ဒဏ်ငါးချက်က မင်းကို ရည်ရွယ်တာမဟုတ်ပါဘူး...သူက တာဝန်ယူစရာလည်း မလိုဘူး... သူက မနက်ခင်းလေ့ကျင့်ခန်းအတွက် စည်းမျဉ်းတွေရှိတယ်ဆိုတာပဲ ပြောပြတာ... ပြစ်ဒဏ်စီရင်ဖို့က ဌာနခွဲအတွင်းရေးမှူးက ဆုံးဖြတ်ရမှာ...မင်းအရိုက်ခံစရာ မလိုပါဘူး... အဲဒါကို စက်ဝိုင်းပုံစံပတ်ပြေးတာကို ပြောင်းလိုက်ရင် အတူတူပါပဲ"


ချီဖုန်းရှို့က  သူမကို တစ်ချက်ကြည့်လိုက်ပြီး ပြတ်ပြတ်သားသားပြောသည်။


"ကပ္ပတိန်လင်း စိတ်မပူပါနဲ့ ...ကျွန်တော်က ခင်ဗျားနဲ့ညွှန်မှူးဟန်တို့နဲ့ ပြဿနာမရှိပါဘူး"


 လင်းလန်: ငါသိပါတယ်...မင်းက *ပိုးစာပင်ကို လက်ညှိုးထိုးပြီး ကျိုင်းပင်ကိုကျိန်ဆဲပြီးတော့ မင်းရဲ့မကျေနပ်မှုတွေကိုပုံချနေတာလေ ... ငါတို့ မင်းကို ဘာမှ မစော်ကားခဲ့ဘူး... မင်းကို ကျေးလက်ကို ပို့လိုက်တဲ့လူကို မကျေမနပ်ဖြစ်နေတာလေ... မင်းက ဒီမှာ ဘာအခွင့်များရှိလို့လဲ...

(T/N–စောင်းပြောသည်)


သူမကပြောလိုက်၏။ 


"စိတ်မကောင်းပါဘူး...ဒါပေမဲ့ ငါတို့မှာတော့ မင်းနဲ့ ပတ်သက်ပြီး ပြဿနာရှိလို့ မင်းရဲ့ ခရီးဆောင်အိတ်ကို ထုပ်ပြီး ငါ့အိမ်က ထွက်သွားလို့ရမလား"


 ပညာတတ်လူငယ်စခန်းက ရက်အနည်းငယ်အတွင်း ပြုပြင်ပြီးနိုင်ပေမဲ့  ချီဖုန်းရှို့ကို တစ်စက်မှမမြင်ချင်တော့ပေ။


ချီဖုန်းရှို့၏ မျက်လုံးများ ပြူးကျယ်သွားကာ သူမကို မယုံကြည်နိုင်စွာ လှမ်းကြည့်လာ၏။


 "ခင်ဗျားဘာပြောလိုက်တာလဲ...ဘာလို့ ဒီလောက် ကျိုးကြောင်းမဆီလျော်ရတာလဲ... ဒီကိစ္စလေးအတွက်နဲ့...ခင်ဗျားဘယ်လိုများ လက်တုံ့ပြန်နိုင်ရတာလဲ" 

 

လင်းလန်က အခြေအနေကိုကြည့်ပြီးမနေတတ်ဟုသူခံစားရသည်။  ငြင်းခုံခြင်းက  ငြင်းခုံခြင်းမျှသာ ဖြစ်ပြီး ရန်ဖြစ်ခြင်းက ရန်ဖြစ်ခြင်းသာဖြစ်သည်။သူက ဘယ်လိုနေရမှာလဲ... ဘယ်မှာ အောက်ဆုံးစည်းကို ကျော်မိလို့လဲ...  ဒါက လှည့်စားနေတာ... တာဝန်မဲ့တာပဲ...


Xxxxxxxx