အပိုင်း ၆၀၇-၆၀၈
Viewers 37k

Part 607


ကောင်းလုက ဟောင်ဟုန်ကျန်းကို အလွန် မနာလိုဖြစ်နေသည်။


 "နင်က သိပ်ပျော်နေတယ်ပေါ့...နင်က အကဲဖြတ်စရာမှ မလိုတာ... မနက်ပိုင်း လေ့ကျင့်ခန်း လုပ်ဖို့ လည်း မလိုဘူး...လယ်ကွင်းကို သွားစရာလည်း မလိုဘူး ဟေး" 


ဟောင်ဟုန်ကျန်းက ဘာမှမပြောပေ။ဤအခြေအနေမျိုး သူမက ဘာမှ မပြောပါချေ။ မည်သို့ပင်ဖြစ်စေ  သူမ တကယ်ကို အခွင့်ကောင်းယူခဲ့သည်ပင်။


 မိုင်စွေ့ကလည်း သူတို့ကို အားပေးလိုက်သည်။


 "စိတ်မပူပါနဲ့ ...ထုတ်လုပ်ရေးအဖွဲ့က အစ်မတို့ကို အရမ်းလေးလံတဲ့အလုပ်တွေကို မခိုင်းပါဘူး... ယောက်ျားတွေက ပင်ပန်းတဲ့ အလုပ်လုပ်ပြီး အမျိုးသမီးတွေက ပေါ့ပေါ့ပါးပါးပဲ လုပ်ကြတာ... တကယ်တော့ လူကြီးပိုင်းထဲမှာ ညီမအဖေက ကြောက်စရာအကောင်းဆုံးပဲ"


ဖန်းရှောင် ကြောက်လွန်း၍  စောင်ထောင့်ကို ကိုက်ပြီး စောင်အောက်မှာ အကြာကြီး ငိုနေတော့သည်။


နောက်နေ့တွင် မိုးမလင်းခင် တဝမ်က အိပ်ယာထနေပြီဖြစ်သည် သူ့ဇီဝနာရီက ယခုအချိန်မှာ အလွန်တိကျလေသည်။


အားဝမ်က ကျောက်မင်ကျယ်နှင့် ချီဖုန်းရှို့ကို နှိုးလိုက်သည်။


ကျောက်မင်ကျယ်က သူ့မျက်လုံးတွေကို ဖွင့်လိုက်ပြီးဆို၏။

 "ဘယ်အချိန်ရှိပြီလဲ"


အားဝမ် သူ့အတွေ့အကြုံပေါ်မူတည်ပြီးဖြေလိုက်သည်။


 "ငါးနာရီတောင် မထိုးသေးဘူး"


ကျောင်မင်ကျယ်  အပြင်မှာ မှောင်နေသေးသည်ကို မြင်လိုက်ရသောအခါ သူ့အဝတ်အစားကို အမြန်ထပြီး ဝတ်လိုက်၏။


ချီဖုန်းရှို့: "ငါးနာရီထိုးလား...အစောကြီးရှိသေးတာကို"


 သူက ထိုသို့ ရေရွတ်ကာ ရူးတော့မလိုခံစားရပြီး လှည့်ကာ ဆက်အိပ်လိုက်သည်။


မိုင်စွေ့က အသံကြားပြီး ဖန်းရှောင်ကို လှုပ်နှိုးလိုက်၏။


ဖန်းရှောင်က တအင်းအင်းတအဲအဲဖြင့် စောင်ကိုဆွဲကာ ခေါင်းမြီးခြုံလိုက်သည်။


 "ခဏလောက်အိပ်ပါရစေဦးလို့"


ဟောင်ဟုန်ကျန်းက  ထပြီး ကောင်းလုကို နှိုးလိုက်၏။


သူတို့ ဤမျှစောစောထသည်က ရှားပါးလှသည်

 အထူးသဖြင့် အခုတလော သူတို့ စိတ်ပူစရာတွေများလွန်း၍ ကောင်းကောင်းအိပ်မပျော်နိုင်ပေ။ ကောင်းလုက လေးတိလေးကန်ဖြင့် အိပ်ရာထလိုက်သည်။မည်သို့ပင်ဖြစ်စေ သူမက အားလုံးအဆင်ပြေပြီး မလှပသည့်အတွက် သူမမှာ အခွင့်ထူးခံဖြစ်ရန် အရည်အချင်းမရှိပေ။


အပြင်ဘက်မှာ ဟန်ချင်စုန့်က စိတ်မရှည်တော့ဘဲ စတင် နံပါတ်စဥ်ရေတွက်နေပြီဖြစ်သည်။ တဝမ်နှင့် တခြားသူတွေ ချက်ချင်း ပြေးထွက်လာပြီး စန်းဝမ်က မထွက်ခင်မှာအော်လိုက်၏။


 "မြန်မြန်... မြန်မြန်... နောက်ကျရင် အပြစ်ဒဏ်ခံရလိမ့်မယ်...ကျွန်တော့်အဖေက အမှောင်ထဲမှာနော်" 


ရှောင်ဝမ်ကလည်း ထလာပြီး ပျာယာခတ်နေသည့်ကောင်းလုကို သတိပေးလိုက်သည်။


 "မမ...ကျေးဇူးပြုပြီး အသံတိုးပါ... သားမားမားကို အနှောင့်အယှက်မဖြစ်စေနဲ့" 


ချီဖုန်းရှို့က လင်းလန်  အိပ်နေဆဲဖြစ်သည့်အကြောင်း ကြားသောအခါ ဘာမှကြောက်စရာမရှိဟုတွေူကာ အေးအေးဆေးဆေး  အိပ်ပျော်သွား၏။


ခြံဝင်းထဲမှာ မတ်တပ်ရပ်ရင်း ဟန်ချင်စုန့် က တဝမ်တို့ညီအစ်ကိုတွေ တယောက်ပြီး တယောက် ပြေးထွက်လာသည်ကိုကြည့်နေသည်။ သူတို့နောက်မှာ ရှောင်ဝမ်က လိုက်လာပြီး  သူ့နောက်ကမှာ ဟောင်ဟုန်ကျန်း၊ကျောက်မင်ကျယ်၊ကောင်းလုနှင့်  နောက်ဆုံးမှာ ဖန်းရှောင်က ကြက်မွှေးဆံပင်နှင် ဖိနပ်ဝတ်ရင်း အလျင်စလို ထွက်လာသည်။ သူမမျက်လုံးမဖွင့်နိုင်ဘဲ ခေါင်းမပါသည့် ကြက်တစ်ကောင်လို တံခါးဘောင်ကို ဝင်တိုက်နေ၏။


ဟန်ချင်စုန့်: "..."


ဖန်းရှောင်က  မျက်လုံးများ မပွင့်တပွင့်ဖြင့် ဟန်ချင်စုန့်၏မည်းမှောင်နေသော မျက်နှာကို မြင်လိုက်ရသည်။ ထိတ်လန့်မှုကြောင့်  နိုးသွားပြီး သူ့နောက်မှ ပြေးထွက်လာခဲ့သည်။ နောက်ကျသွားရင် အရိုက်ခံရမှာလား...သူမ မပြေးရင် ဟန်ချင်စုန့်က သူမကို နည်းပြဆရာလို ကန်ထုတ်ပစ်ပြီး သူမဘဝတစ်ဝက်လောက် ဆုံးရှုံးသွားလိမ့်မည်ဟုသူမ ခံစားရ၏။


 "ချီဖုန်းရှို့"


 ဟန်ချင်စုန့် အရှေ့ပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်သည်။


အနွေးကုတင်ပေါ်ရှိ ချီဖုန်းရှို့က  မလှုပ်မယှက်နှင့် စိတ်အနှောက်အယှက်ဖြစ်စွာ ခေါင်းမြီးခြုံကာ ဆက်အိပ်နေလေသည်။


ဟန်ချင်စုန့်က သူ့ကို မခေါ်တော့ဘဲ စတင်ရေတွက်ပြီး ဆယ်အထိ ရေတွက်ပြီးသည့်အခါ ချီဖုန်းရှို့ကို လျစ်လျူရှုပြီး ပြေးထွက်သွားခဲ့၏။


မိုင်စွေ့လည်း နိုးလာပြီး ချီဖုန်းရှို့က  ခေါင်းမြီးခြုံပြီး ဝက်တစ်ကောင်လို အိပ်ပျော်နေသည်ကို သူမမြင်လိုက်ရသောအခါ မနေနိုင်ဘဲ သူ့ကို သတိပေးလိုက်သည်။


 "ပညာတတ်လူငယ်ချီ မြန်မြန်ထပါ... အတွင်းရေးမှူးက ရှင့်ကို ကျွန်မအဖေနဲ့ လေ့ကျင့်ခိုင်းထားတာ ... ရှင်နောက်က လိုက်သွားရမယ်...မသွားဘူးဆိုရင် မင်း ပိုသတိပေးခံရလိမ့်မယ်"


ချီဖုန်းရှို့က  ဂရုစိုက်ရန် ပျင်းလွန်းနေ၏။

 မင်းငါ့ကို ရိုက်မဝံ့ဘူးမလား...


  သူက  ပွက်ပွက်ဆူနေသောရေကို မကြောက်သော ဝက်သေတစ်ကောင်လို ဖြစ်နေသောကြောင့် မိုင်စွေ့  သူ့ကို လျစ်လျူရှုလိုက်သည်။သူမက အိမ်သာသို့ ဦးစွာသွားကာ မျက်နှာသစ်ပြီးနောက် ပွဲ ကြည့်ရှုရန် သွားခဲ့သည်။ လမ်းသို့ရောက်သောအခါ ရှန်ယွီက ချီမင်နှင့်ဝူဝမ်ယီတို့ကို ခေါ်ပြီး အပြင်ထွက်လာ၏။


ဝူဝမ်ယီ၏ဆံပင်တွေက ကြက်သိုက်လိုဖြစ်နေ ပြီး သူ့မျက်နှာက မကျေနပ်မှုတွေနှင့် ပြည့်နှက်နေလေသည်။


 "ကျောင်းမတက်ရဘဲနဲ့ ဘာလို့ လေ့ကျင့်ခန်းလုပ်ရမှာလဲ...ကျောင်းတက်တုန်းကတောင် မနက်စောစော လေ့ကျင့်ခန်းမလုပ်တဲ့ဟာကို"

 

ရှန်ယွီ: "ထမင်းစားချင်သေးရင် ပါးစပ်ပိတ်ထား"


  

ဝူဝမ်ယီ ပါးစပ်ပိတ်သွားပေမယ့် သူ့မျက်လုံးတွေ က ပြူးကျယ်သွားပြီး စိတ်ထဲမှာ ပို၍ပင်  မကျေမနပ် ဖြစ်နေ၏။


မိုင်စွေ့ကိုမြင်သောအခါ ရှန်ယွီက လေ့ကျင့်ရေးလမ်းကြောင်းအကြောင်း မေးလိုက်သည်။ 


မိုင်စွေ့က သူ့ကို လက်ညှိုးထိုးပြပြီး 

"ရွာကို ပတ်ပြေးပါ"


ရှန်ယွီက သူမကို ကျေးဇူးတင်စကား ပြောပြီး နောက်က လိုက်တော့မည်ပြု၏။


မိုင်စွေ့ : "ဟိုဟာ..."


ရှန်ယွီက  သူမကိုကြည့်ရင်းဆိုသည်။


 "ဘာကိစ္စရှိလို့လဲ"


 မိုင်စွေ့က သူမအိမ်ဘက်ကို ညွှန်ပြပြီးပြော၏။ "ပညာတတ်လူငယ်ချီက အိပ်နေတုန်းပဲ" 


ရှန်ယွီ၏မျက်နှာက အေးစက်သွားပြီး တကယ်ကို ခြေထောက်က နေသွားဆွဲချချင်မိသည်။


 "ငါသူ့ကို ခေါ်လိုက်မယ်"


မိုင်စွေ့က  သူတို့ကို ခေါ်ပြီး ချီဖုန်းရှို့ဆီသွားလေ၏။


 သူတို့ဝင်လာချိန်မှာ ချီဖုန်းရှို့က  သူ့ခေါင်းကို အုပ်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်။


ရှန်ယွီက သူ့ခေါင်းရင်းကနေမတ်တပ်ရပ်ပြီးခေါ်လိုက်၏။


 "ချီဖုန်းရှို့..."


.......


စာရေးသူမှာ ပြောစရာတစ်ခုရှိသည်- 

ပြဇာတ်ငယ်


နှစ်ပေါင်းများစွာကြာပြီးနောက် တစ်နေ့မှာ


လှပသောမိန်းမပျိုလေးက သတ္တိမွေးပြီးစန်းဝမ်ကိုမေးလိုက်၏။

 :ဟန်ဝမ်မင်...မနက်ဖြန်ဆောင်းယာဥ်စွန်းချိန်အတွက် ဖက်ထုပ်လုပ်ကြရအောင်...


 စန်းဝမ် : ငါ့အစ်ကိုကြီးနဲ့ ညီလေးက လုပ်တတ်ပေမဲ့ ငါ မလုပ်တတ်ဘူး...ဟားဟားဟား

[သူမက ငါ ဖက်ထုပ်မလုပ်တတ်ဘူးဆိုတာ သိကိုသိရမယ်...ငါ့ကိုယ်ငါ အရူးလုပ်နေတာ မြင်ချင်နေတာပဲဖြစ်မယ် ဟမ့်...သူမ မအောင်မြင်စေရဘူး... ]


 လင်းလန် : ငါ့သားက သူ့ရဲ့ ခွန်အားကို အခြေခံပြီး စင်ဂယ်(တစ်ကိုယ်တည်းသမား) ဖြစ်နေတယ်...ဒါက အတုဖြစ်နိုင်လား...


(စာတွေမကျော်ခဲ့ပါဘူး သူ့မှာပါတဲ့အတိုင်းအကုန်ပဲ🥺)


Xxxxxxxx

Part 608


ချီဖုန်းရှို့က  သူ့ခေါင်းကို အုပ်ပြီးပြန်အော်သည်။


 "စိတ်ရှုပ်စရာကောင်လိုက်တာ... တစ်ခုခုဖြစ်နေလို့လား"


 "ပညာတတ်လူငယ်တွေရဲ့ စည်းကမ်းတွေကို မင်းမလိုက်နာတဲ့အတွက် ငါတို့ ပညာတတ်လူငယ်တန်းခွဲ 72က မင်းကို နှင်ထုတ်လိုက်တယ်... မင်းတစ်ယောက်တည်း အလုပ်လုပ် စားသောက်ရမယ်...နောက်မှ ငါတို့ မင်းကို ဂရုမစိုက်ဘူးလို့ မပြောနဲ့" 


ချီဖုန်းရှို့ ၏တုံ့ပြန်မှုကို စောင့်မျှော်ရင်း စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားသည်။


ချီဖုန်းရှို့က  ခေါင်းမြီးခြုံကာအိပ်ပျော်နေဆဲဖြစ်၏။ သူ့ဘာသူ စိတ်တိုတို မတိုတို၊သူ့မှာ အရည်အချင်းရှိလျှင် ပြန်ပို့သင့်သည်။


လင်းလန်က လှုပ်ရှားသံကိုကြားသောအခါ အမြန်ထလိုက်၏။ ရှန်ယွီနှင့် မိုင်စွေ့တို့ အခန်းထဲ၌ ရပ်နေသည်ကို သူမမြင်သောအခါ သူမကိုယ်သူမတည်ငြိမ်အောင် ထိန်းကာ ရှန်ယွီကို ဦးစွာ နှုတ်ဆက်လိုက်သည်။


 ရှန်ယွီ  : "ကပ္ပတိန်လင်း ... နှောင့်ယှက်မိလို့ တောင်းပန်ပါတယ် "


လင်းလန်က ပြုံးပြီးပြောလိုက်၏။

 " ရပါတယ်...မင်း အရင်သွားလိုက်ပါ "


ရှန်ယွီက  ခေါင်းညိတ်ပြသည်။


 " ဒုက္ခပေးမိပါပြီ ကပ္ပတိန်လင်း " 


 သူက မိုင်စွေ့ကို တဖန်ပြုံးပြလိုက်ပြီး နောက်လှည့်ကာ အပြင်ထွက်သွားသည်။


မိုင်စွေ့ : "မားမား... သွားကြည့်ကြည့်လိုက်ဦးမယ်" ထိုသို့ဆိုပြီး သူမလည်း သူ့နောက်ကို ပြေးလိုက်သွားသည်။


လင်းလန် အနည်းငယ် အိပ်ချင်မူးတူးဖြစ်နေပြီး ချီဖုန်းရှို့ကို ဂရုမစိုက်ဘဲ မျက်နှာသစ်ပြီး မနက်စာပြင်ရန် ပြင်ဆင်လိုက်သည်။


သူမအလုပ်များနေချိန်တွင် ချီဖုန်းရှို့က အနွေးကုတင်ပေါ် မှရုတ်တရက်ခုန်ချကာ အတွင်းခံဘောင်းဘီတစ်ထည်တည်းနှင့် အိမ်သာသုံးရန်ပြေးထွက်လာကာ ခဏအကြာတွင် တထောင်ထောင်ဖြင့် ပြန်လာလေသည်။


လင်းလန် : "..."


"ပညာတတ်လူငယ်ချီ ကျေးဇူးပြုပြီး မင်းရဲ့အသွင်အပြင်ကို ဂရုစိုက်ပါ" 


လင်းလန်က သူ့ကို သတိပေးလိုက်၏။ 


ချီဖုန်းရှို့က ဆိုလာသည်။


 "တောင်းပန်ပါတယ်...ကျွန်တော်  ချက်ချင်း ဆီးသွားချင်လာလို့" 


လင်းလန်က ဘာမှ မပြောဘဲ သူမဘာသာသူမ ဆက်ပြီး အလုပ် လုပ်နေ၏။


ချီဖုန်းရှို့လည်း ဖြည်းညှင်းစွာထကာ အဝတ်အစားဝတ်ပြီး အနွေးကုတင် ပေါ်မှ စောင်ကို ဖြစ်ကတတ်ဆန်း ခေါက်ကာ မျက်နှာသစ်ရန် ဆင်းလိုက်သည်။


သူက လက်ဆေးဇလုံတစ်လုံးကို ယူလိုက်ပြီး ဘယ်သူ့ဟာသလဲ ဆိုသည်ကိုဂရုမစိုက်ဘဲ သုံးလိုက်၏။ ဖန်းရှောင်၏ အမွှေးခဲကိုလည်း မျက်နှာသစ်ရန် သုံးလိုက်သည်။မျက်နှာသစ်ပြီးသည့်အခါ  ရေတွေကို ဟင်းသီးဟင်းရွက်ခင်းထဲကို တိုက်ရိုက်လောင်းချလေသည်။


လင်းလန် အချိန်မီ မတားလိုက်နိုင်ဘဲ အနည်းငယ် စိတ်မချမ်းသာစွာဖြင့်ပြောလိုက်၏။


 "ပညာတတ်လူငယ်ချီ... ဆပ်ပြာရည်က အသီးအရွက်တွေကို ရေလောင်းဖို့ သုံးမရဘူး...အဲဒါကို ရေမြောင်းထဲကို လောင်းပေးရမှာ" 


ချီဖုန်းရှို့က အိုးဟုအသုံပြုပြီး ထွက်သွားတော့မည်ပြုသည်။


လင်းလန် : "ပညာတတ်လူငယ်ချီ အိုးတွေကို ပြန်မထားရသေးဘူးလေ"


အိုး ခုနစ်လုံး ရှစ်လုံး ထုတ်ထားသောအခါ ထားစရာ နေရာ မရှိတော့ပေ။


ချီဖုန်းရှို့က   တစ်ချက်ကြည့်လိုက်ပြီး ကောက်ကိုင်ကာ လှည့်ထွက်သွားသည်။


 လင်းလန် ဒေါသထွက်သွားသော်လည်း လျစ်လျူရှုလိုက်ပြီး တခြား ပညာတတ်လူငယ်များ၏ ပျားပန်ခတ်နေမှုကို ကြည့်ကာ သူတို့မည်မျှပင်ပန်းနေကြသည်ကို ကြည့်ရန် ဆုံးဖြတ်လိုက်သည်။


 မနေ့ညက ဟန်ချင်စုန့်  ပြန်လာပြီးနောက် ထိုပညာတတ်လူငယ်တွေက မကြုံဖူးသည့် အမှတ်နည်းနည်းလေးတွေပဲရကြပြီး ယောက်ျားလေးတွေအတွက် အမြင့်ဆုံးက လေးမှတ်ဖြစ်ကာ တချို့မိန်းကလေးတွေက တစ်မှတ်တောင် မရခဲ့ကြဘူးဟု သူမကို  ပြောခဲ့သည်။


လင်းလန် လမ်းဆုံတွင် ရပ်ကာ စောင့်ကြည့်နေသည်။ ဟန်ချင်စုန့်  ကလေးတွေကိုခေါ်ကာ နေ့တိုင်း ဤနေရာတဝိုက်သို့ လာလေ့ရှိသည်။ ပြေးပြီးနောက် သူက ဒိုက်ထိုး၊ထိုင်ထခုန်ခြင်း နှင့် အခြား အားကစားများ ပြုလုပ်ရန် ဤနေရာသို့ ပြန်လာလိမ့်မည်ဖြစ်သည်။ တဝမ်တွင်လည်း ခွန်အားထိန်းချုပ်ရေး လေ့ကျင့်မှု ရှိပေ၏။


မကြာခင်မှာပဲ တဝမ်က ဦးဆောင်နေသည်ကို တွေ့လိုက်ရပြီး အားဝမ်နှင့် စန်းဝမ်က တယောက်ပြီးတစ်ယောက် နောက်က လိုက်လာသည်။ ထို့နောက် ရှန်ယွီနှင့်ကျောက်မင်ကျယ်တို့ဖြစ်ပြီး သူတို့  နောက်မှာကား ရှောင်ဝမ်က တရွေ့ရွေ့နှင့် ပါလာကာ သူ့နောက်တွင် ပညာတတ်လူငယ်တွေက မာရသွန်ပြေးနေသည့် ဟန်ပန်နှင့် တကွဲတပြားစီးပြေးလိုက်လာကြသည်။


ဖန်းရှောင်၊ချီမင်နှင့်ကောင်းလုတို့က တစ်ယောက်ကိုတစ်ယောက် လှောင်းစရာ မလိုဘဲ အကုန်လုံးက အတော်လေးဟုတ်နေကြ၏။သူတို့က ဗိုက်ကို ကိုင်ကာ အံကြိတ်လျက် ရှုံ့မဲ့ရင်း တယောက်ကိုတယောက်ထေ့ငေါ့ခြင်းကို လျစ်လျူရှုကာ ရှင်သန်ရန်ပဲမျှော်လင့်ချက်ထားနေကြသည်။


ဝူဝမ်ယီနှင့်ရှုတုန်းရှင်းတို့ကလည်း ချစ်စရာတကွက်မှမရှိပါချေ။


ဝူဝမ်ယီက  ရန်ဖြစ်ရန် တစ်စုံတစ်ယောက်ကို ရှာချင်သလိုမျိုး အံကြိတ်နေပြီး ရှုတုန်းရှင်း ၏ ဆံပင်များက ကြက်သိုက်ကဲ့သို့ ရှုပ်ပွနေကာ ချောနေ မချောနေကို ဂရုမစိုက်နိုင်တော့ပေ။


ချီဖုန်းရှို့တစ်ယောက်တည်းသာ မတွေ့ရသေးခြင်းဖြစ်၏။


တိတ်ဆိတ်သော ချီဖုန်းရှို့က ကန့်လန့်တိုက်သည့်အကြီးမားဆုံးဆူးပင်ဖြစ်လိမ့်မည်ဟု လင်းလန် မမျှော်လင့်ထားခဲ့ပေ။


နောက်ဆုံးတွင် ဟန်ချင်စုန့်က အေးအေးလူလူ ရောက်လာပြီး သူမကိုမြင်သောအခါ သူမဆီသို့ ပြေးလာကာ သူမပခုံးကိုဆွဲလှုပ်ပြီးမှ နောက်ကနေ လိုက်သွားလေသည်။


 ရွာရှိ ကလေးများနှင့် အမျိုးသမီး အများအပြားက အပျော်တမ်းကြည့်ရန် ထွက်လာကြသည်။သူတို့က ဟန်ချင်စုန့်နှင့် အခြားသူများကို  ကြည့်နေကြဖြစ်သော်လည်း ယခုအခါ ပညာတတ်လူငယ်များကို ကြည့်ကြသည်။ သူတို့က အလွန်တက်ကြွနေကြ၏။


တုန်ဟွိုင်ဟွက လင်းလန်ကိုတွေ့သောအခါ မကျေနပ်မှု ပြည့်နှက်လာပြီးဆိုသည်။


 "အရင်က နင်ပြောတော့   ဒီမှာ ပညာတတ်လူငယ်တွေ အများကြီးရှိတယ်ဆို...ဒီလိုနွဲ့တဲ့တဲ့ဟာတွေကို  ငါ တစ်ခါမှ မမြင်ဖူးဘူး... အကုန်လုံးက ဘာမှ မလုပ်ချင်ကြဘူး" 

 

လင်းလန် : "တစ်ယောက်ယောက်က ရှင့်ကိုလာရှာတာလား"


တုန်ဟွိုင်ဟွ : "အဲဒါက ကြီးကြီးမားမားတော့ မဟုတ်ပါဘူး... ငါက အဲ့ဒါကို ငြင်းခဲ့တယ်... ငါ့မှာ အရည်အချင်းရှိရင် ငါက ဌာနခွဲအတွင်းရေးမှူးဖြစ်နေမှာမဟုတ်ဘူးလား" 


လင်းလန်က ပြုံးပြီးပြော၏။


 "ကျွန်မတို့လည်း မတတ်နိုင်ဘူး...အစကတည်းက ငြင်းတာကမှန်တယ်...သူတို့ဆီမှာ လက်တွေ့မကျတဲ့ မျှော်လင့်ချက်တွေ မထားစေနဲ့... လက်တွေ့ကို ရင်ဆိုင်ရမယ်"


တုန်ဟွိုင်ဟွ:  "ဘာလို့ ပညာတတ်လူငယ်တစ်ယောက်လျော့နေတာလဲ"


လင်းလန် :"ဟိုချီဖုန်းရှို့လေ... သူကနောက်ကျမှထတာ... တပ်မဟာကို တိုက်ရိုက်သွားလိမ့်မယ်ထင်တယ်”


နှစ်ယောက်သား စကားအနည်းငယ်ပြောပြီး ကိုယ့်အိမ်ကိုယ်ပြန်ခဲ့ကြသည်။ လင်းလန် အိမ်ပြန်ရောက်ချိန်၌ မိုင်စွေက ထမင်းချက်ရန်ပြင်နေပြီဖြစ်၏။


 မိုင်စွေ့က ရယ်မောပြီးဆိုသည်။


 "မားမား... ဒီပညာတတ်လူငယ်တွေက ရှက်စရာပဲ...သူတို့က တစ်လှမ်းတောင် မပြေးနိုင်ကြဘူး... လယ်ကွင်းထဲ ဘယ်လိုဆင်းကြမှာလဲ"


လင်းလန်လည်း သူတို့ကို  နားလည်သည်။


 ဤသည်ကလည်း မတတ်နိုင်သည့်အရာပါပင်။ မူလက အနာဂတ်မှာ ဆင်းရဲတွင်းကနေလွတ်ပြီး အရှုံးတွေကို မျက်နှာမူလျက် ကောင်းကင်ကို ကျောခိုင်းစရာ မလိုတော့ရန် လူတိုင်းက ကလေးတွေကို စာကြိုးစားရန် တိုက်တွန်းခဲ့ကြသည်။  ယခုကျောင်းတက်ရသည့် နောက်ဆုံးရည်ရွယ်ချက်က ကျေးလက်တောရွာကိုသွားပြီး လယ်လုပ်ရသည်ဆိုလေရာ... 


ထိုပညာတတ်လူငယ်တွေ အလွန်နာကြည်းကြလိမ့်မည်ဖြစ်ကြောင်း သူမမှန်းဆရ၏။ 


အထူးသဖြင့် မိသားစုတွင် ညီအကိုမောင်နှမ အများအပြားရှိလျှင် အကုန်လုံး ကျေးလက်သို့သွားရန် မလိုအပ်သော်လည်း သွားခိုင်းခံရသူအတွက် ပို၍ပင် မျှတမှုမရှိပေ။


 

Xxxxxxxx