Part 605
အမှန်မှာ ပညာတတ်လူငယ်များသည် ကျေးလက်သို့ မသွားချင်ကြ၊ ကျေးလက်ကို မထီမဲ့မြင်ပြုကြသလို တပ်မဟာကလည်း ကျေးလက်သို့လာသော ပညာတတ်လူငယ်များကို မကြိုက်၊ ဇီဇာကြောင်ပြီး အလုပ်မလုပ်နိုင်သော ပညာတတ်လူငယ်များကို အလုပ်ကို ခွဲဝေပြီး အစားအသောက်ကျွေးရသည်ကိုလည်း မကြိုက်ပေ။
စင်စစ်အားဖြင့် ရွာတစ်ရွာမှာ လယ်မြေက အကန့်အသတ်နှင့်ရှိပြီး ရိတ်သိမ်းသည့် ရိက္ခာပလည်း အကန့်အသတ်ရှိ၏။ လူဦးရေများလေလေ တစ်ဦးချင်းဝင်ငွေ နည်းပါးလေလေပါပင်။
ပညာတတ်လူငယ်တွေ လူရောက်လာပေမဲ့ မြေမယူခဲ့ကြဘူးးးးးလေ...
ချီမင်၏ လှပသောမျက်နှာလေး ပျက်ယွင်းသွားကာဆို၏။
"ကပ္ပတိန်လင်း...ကျွန်မတို့ဘာလုပ်ရမလဲ... ဒါမှမဟုတ် ကျွန်မမူလတန်းကျောင်းဆရာမလုပ်လို့ရမလား"
လင်းလန်က တောင်းပန်သည့်အပြုံး ပြုံးပြလိုက်သည်။
"ကျောင်းသားက နည်းနည်းပဲရှိတာ... ဆရာ၊ ဝန်ထမ်း သုံးယောက်လောက်က အကုန်လုံးအမြင်အမျိုးမျိုးရှိနေကြတာ...ငါက တစ်ယောက်တည်းတောင် ဖြစ်စေချင်တာ"
ပညာတတ်လူငယ်များသည် အစုလိုက်အပြုံလိုက် ရောက်ရှိလာကြလေရာ ကျောင်း သို့မဟုတ် အခြားနေရာများတွင် ၎င်းတို့ကို လုံးဝ မစီစဉ်နိုင်ဘဲ သူတို့က လယ်ယာစိုက်ပျိုးခြင်းဖြင့် သူတို့ကိုယ်သူတို့ ထောက်ပံ့ရမည်ဖြစ်သည်။
ချီမင်က လင်းလန့်စကားများ၏အမှန်တရားကို တွေးတောမိဟန်ဖြင့် လင်းလန်ကို ကြည့်ကာ ရယ်မောလိုက်၏။
"ကပ္ပတိန်လင်း...ကျွန်တို့က တကယ့် အတွေ့အကြုံမရှိကြဘူး... ကျွန်မတို့က လူသစ်တွေပါ...ရှင်တို့အကုန်လုံးက ကျွန်မတို့ကို ထွက်ကူညီရင် ရှင်တို့လိုအပ်တဲ့အခါ ကျွန်မတို့ တတ်နိုင်သမျှ ကူညီမှာပါ"
လင်းလန်က ကူညီပါက သူမဘက်ကလည်း ပြပေးမည်ဆိုသကဲ့သို့သော အခြေအနေတစ်ခုဖြစ်သည့် သူမ၏စကားကို လင်းလန် ကြားလိုက်ရသည်။
လင်းလန်က ပြုံးလိုက်ပြီးဆို၏။
"ပညာတတ်လူငယ်ချီ စိတ်မကောင်းပါဘူး... အဲ့ဒါနဲ့ပတ်သတ်ပြီး ငါတကယ်ကို ဘာမှ မတတ်နိုင်ဘူး"
ချီမင်က ဘာမှ မပြောတော့ပေ။ စိတ်ခံစားမှု ကတ်ပြားကို ထုတ်သုံးလိုက်ပြီး အခြေအနေတွေကို ညှိနှိုင်းပြီးပြီဖြစ်၍ သူမတတ်နိုင် ဘာမှ မရှိတော့ချေ။
အနှီကပ္ပတိန်လင်းက တကယ်ကို အံ့သြစရာကောင်းသည်။
လင်းလန် ထွက်သွားပြီးနောက် အဝတ်အစားများကို စတင်လျှော်ဖွပ်နေချိန်တွင် ကောင်းလုက သူမကိုလာရှာ၏။
"နင် ကပ္ပတိန်လင်းကို ပြောခဲ့တာလား"
ချီမင်က ခေါင်းညိတ်ပြီး
"အသုံးမဝင်ဘူး"
ကောင်းလုက နှာခေါင်းရှုံ့ကာပြောလိုက်သည်။
"ဖန်းရှောင်ကိုပဲ ကူညီချင်တာ ဖြစ်ရမယ် "
ချီမင်က သူမကိုကြည့်ကာ မေး၏။
"နင် ခေါင်းဆောင်တုန်နဲ့စကားပြောတာကရောဘယ်လိုလဲ"
ကောင်းလုက ခေါင်းခါကာဆိုသည်။
"သူကိုယ်တိုင် မကိုင်တွယ်နိုင်ဘူးလို့ ပြောပြီး ပြတ်ပြတ်သားသား ငြင်းခဲ့တာ...တပ်မဟာကိစ္စအတွက် ဌာနခွဲအတွင်းရေးမှူးနဲ့အုပ်ချုပ်ရေးမှူး ကို မေးပါ... ဝါဒဖြန့်အဖွဲ့အတွက် ကပ္ပတိန်လင်းကို မေးပါတဲ့"
နှစ်ယောက်သား ဝမ်းနည်းသောမျက်နှာများဖြင့် ကျောက်ဆောင်ကြီးပေါ်တွင် ထိုင်လိုက်ကြ၏။
“ငါတို့ ဘာလုပ်နိုင်မလဲ...ငါတို့မှာ အလုပ်မှတ်က တစ်မှတ်နှစ်မှတ်ပဲ ရှိတာဆိုတော့ ငါတို့ တစ်နှစ်ပတ်လုံး အမောဆို့နေရမှာမဟုတ်ဘူးလား"
ကောင်းလုက ဟောင်ဟုန်ကျန်းကို စပြီး မနာလိုဖြစ်ပြန်သည်။
"ဘာလို့ သူက ဒီလောက်တောင် ကံကောင်းနေတာလဲ... အသံတစ်စက်မှမထွက်ဘဲ အနောက်တံခါးကနေဖြတ်ဝင်တာ... တကယ်ကို ရုပ်ရည်ကိုကြည့်ပြီး ဆုံးဖြတ်ရခက်တာပဲ"
ချီမင်က သူမကိုကြည့်ကာဆို၏။
"တခြား နည်းလမ်းရှိသေးတယ်"
ကောင်းလု သူမကိုကြည့်လိုက်သည်။
“ဘာနည်းလမ်းလဲ”
“လက်ထပ်တာ... အိမ်မှာလုပ်သားအင်အားများတဲ့လူကို လက်ထပ်...အဲ့လိုဆိုရင် လယ်ထဲမသွားဘဲ အိမ်မှာ လျှော်ဖွပ် ချက်ပြုတ်နေလို့ရတယ်”
ချီမင်က ပြောသည်။
ကောင်းလုက နှာခေါင်းရှုံလိုက်သည်။
"အိမ်ထောင်ရေးက အသုံးမဝင်ဘူး ကလေးမွေးဖို့ အချိန်ရောက်လာရင် တစ်နေကုန် အနှီးတောထဲလူးပြီး လျှော်ဖွပ်ချက်ပြုတ်နေရမှာ... အခု တစ်ယောက်တည်း နေရတာလောက်တောင် မကောင်းဘူး...သူတို့ ဘယ်လိုလုပ် ငါတို့ကို ငတ်သေအောင် ထားရဲမှာလဲ"
တောရွာအကြောင်းပြောရပါလျှင် ရွာထဲမှာ သင့်တော်သည့်လူလည်း သူမ မတွေ့ပေ။
ညွှန်မှူးဟန်က ယောက်ျားကောင်း ဖြစ်သော်လည်း သူ့တွင် ဇနီးနှင့် သားသမီးများ ရှိပြီး တဝမ်က တော်သော်လည်း ငယ်သေးသည်။
တစ်ခြားဘာများရှိလဲ...
ယောကျာ်းလေး ပညာတတ်လူငယ်လား...
ချီးပဲ... သူတို့ကိုယ်သူတို့တောင် မကျွေးနိုင်ဘူး... အဆက်အသွယ်ရှိပြီး မြို့ကိုပြန်သွားနိုင်တဲ့သူက လွဲလို့ပေါ့...
ထို့အပြင် တောသားနှင့် လက်ထပ်လျှင် တောသူ ဖြစ်သွားမှာဖြစ်သည်။ တစ်သက်လုံးမြို့ကို ပြန်ရန်အခွင့်အရေးမရှိမှာလည်း ကြောက်မိ၏။သူမတို့က အငယ်လေးရှိသေးတာ... ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...
ဖန်းရှောင်လို ချမ်းသာရင်တော့ အနောက်တံခါးကနေ အထူးဂရုစိုက်မှု ခံရနိုင်တယ် ဒါမှမဟုတ်... သူမက ချီမင်ကို ကြည့်ပြီးဆိုလိုက်၏။
"ဟေ့ နင်က အရမ်းလှတယ်...အုပ်ချုပ်ရေးမှူးကို သွားပြောလို့ရတယ်...ကျွန်မရှင့်ကိုဂရုစိုက်ပေးမယ်လို့လေ"
ချီမင်က နှုတ်ခမ်းမဲ့လေသည်။
"ရွာဌာနခွဲ အတွင်းရေးမှူးနဲ့အုပ်ချုပ်ရေးမှူးကလူအိုကြီးတွေဆိုတာ မမြင်ဘူးလား"
ချီမင်:"ဘယ်လောက်ပဲ ဆိုးနေပါစေ ကောလိပ်တက်ဖို့ ထောက်ခံချက် ရှိပါသေးတယ် "
ကောင်းလုကမူ အကောင်းမမြင်ပါချေ။
ကျောင်းက သူတို့ကို ကျေးလက်ကို သွားခိုင်းပြီး အနာဂတ်မှာ သေချာပေါက် ပြန်နိုင်မည်ဟု ပြောပေမဲ့ အချိန်ကန့်သတ်ချက် မသတ်မှတ်ထားပါချေ။ ပထမအသုတ် ဘွဲ့ရများ ကျေးလက်သို့ သွားသောအခါ ကျောင်းက သူတို့ကို မြို့သို့ နှစ်နှစ်တစ်ကြိမ် ပြန်လာမည်ဟု ပြောသော်လည်း မြို့သို့ မပြန်သည်မှာ ငါးနှစ် ခြောက်နှစ်ရှိပြီ ဖြစ်သည်။ ဘယ်လောက်ကြာလဲဆိုတာ ဘယ်သူသိမှာလဲ...ရှစ်နှစ်၊ ဆယ်နှစ် ဒါမှမဟုတ် အနှစ်နှစ်ဆယ်လည်းဖြစ်နိုင်တယ်...
ယခု တက္ကသိုလ်တက်ရန် ထောက်ခံချက်ရနိုင်ပေမဲ့ ကွန်မြူနတီထဲမှာ ပညာတတ်လူငယ်တွေနှင့် အဆင့်မြင့်အဖွဲ့ဝင်တွေ အများကြီးရှိ၏။ တချို့က လှသည်၊ တချို့က ပိုတော်သည်၊ တချို့က ကေဒါ့သားသမီးတွေ၊ တချို့က ပေါင်းသင်းဆက်ဆံရေးကောင်းသည်။ ဘယ်အချိန်မှ ကိုယ့်အလှည့်ရောက်မည်နည်း။
နှစ်ယောက်သား မြစ်ဘေးမှာ အတူတူ ပင်ပန်းလှစွာသောကအလုပ်၊ အရသာမရှိသော အစားအစာများ၊ အလုပ်မှတ် နည်းပါးခြင်း နှင့်အိမ်ပြန်မည့် မျှော်လင့်ချက်မဲ့ခြင်းစသည်တို့ကို ပူပန်နေမိသည် ။
...
ဟန်ချင်စုန့်က ဟန်ရုံဖန်၏အိမ်သို့သွား၍ ပစ္စည်းများအကြောင်းပြောပြခဲ့သည်။ တစ်ချိန်တည်းတွင် ဟန်ရုံဖန်က ပညာတတ်လူငယ်များ၏လေ့ကျင့်မှုကို ဂရုစိုက်ပေး ရန် သူ့ကိုတောင်းဆိုခဲ့သည်။
ဟန်ချင်စုန့် အနည်းငယ်ရှက်သွားသည်။
"သူတို့အားလုံးက ပညာတတ်တွေလေ... ခံနိုင်ရည်ရှိကြ လို့လား"
"သည်းမခံနိုင်ရင် ဘယ်လိုလုပ်မလဲ...သူတို့မှာ အလုပ်မှတ်တစ်မှတ်ဒါမှမဟုတ် နှစ်မှန်ပဲရှိတယ်... သူတို့ ဘာသွားစားမလဲ...ကျုပ်တို့က သူတို့ကို တင်ကျွေးထားဖို့ ဖြစ်နိုင်ပါ့မလား"
ဟန်ရုံဖန် လွန်ခဲ့သည် ရက်အနည်းငယ်ကတည်းက ခေါင်းမီးလောင်နေခြင်းဖြစ်၏။သူတကယ် သူတို့ကို ပြန်ပို့ချင်လိုက်တာ...
ဟန်ချင်စုန့်: "ဒါဆို သူတို့ကို စမ်းကြည့်ခိုင်းလိုက်ပါ"
ထိုအချိန်တွင် စန်းဝမ် နှင့် အခြားသူများက ဖန်းရှောင် ၊ရှန်ယွီတို့နှင့်အတူ ကစားလိုက်၊ စကားစမြည်ပြေလိုက်၊စန္ဒယားတီးလိုက် လုပ်နေကြသည်။
ရှန်ယွီသည် သင်္ချာ၊ ရူပဗေဒ နှင့် ဓာတုဗေဒ တို့တွင် အလွန်ကောင်းမွန်သောကြောင့် အားဝမ်၊မိုင်စွေ့တို့ နှင့် ဆွေးနွေးနိုင်ပြီး ဆန်းသစ်သော အရာများစွာကို သင်ပေးနိုင်သည်။
Xxxxxx
Part 606
ဖန်းရှောင်က သူတို့အတွက် ဂစ်တာတီးပေနေ၏။ခဏအကြာမှာ သူမ စန်းဝမ်နှင့်ရှောင်ဝမ်တို့အတွက် ဂစ်တာတီးပေးခဲ့ပြီး အားဝမ်ကို မှီကာပြောလိုက်သည်။
"အားဝမ်ကော...ငါနင်နဲ့ စကားနည်းနည်းလောက်ပြောပါရစေ"
အားဝမ်က သူမကို ကြည့်ပြီးဆို၏။
"ပြော"
ဖန်းရှောင် အနည်းငယ်ရှက်သွားပြီး ခဏလောက်မူနေလိုက်သည်။
"ကောင်းပြီ...နင်က ဌာနခွဲအတွင်းရေးမှူးနဲ့ဆက်ဆံရေးကောင်းတယ်လို့ ငါကြားတယ်"
အားဝမ်: "သူက ကျွန်တော်တို့အပေါ် အရမ်းကောင်းတယ်"
ဖန်းရှောင် : "ဒါပေမဲ့ သူက နင့်အပေါ် အကောင်းဆုံးပါ...နင့်စကားကိုနားထောင်တယ်ဆို"
အားဝမ်: "အဲ့လိုလည်း...မဟုတ်ပါဘူး"
ဖန်းရှောင်သည် သူမက ကာယအလုပ်ကို မလုပ်နိုင်သဖြင့် အနာဂတ်မှာ ပေါ့ပေါ့ပါးပါး အလုပ်တွေကို ခွဲပေး၍ရမလားဟုတိုးတိုးလေးပြောလိုက်သည်။
"ကြည့်... တာဝန်ပေးရင်တောင် ငါမှမလုပ်နိုင်တာ... ငါလုပ်သမျှက အချိန်ကုန်ခံပြီး အားအင်တွေ ဖြုန်းတီးနေတာပဲ ...ငါလုပ်နိုင်သလောက်လုပ်တာလောက်မကောင်းဘူးလေ..."
အားဝမ်: "မှန်ပါတယ်...ကျွန်တော် ဌာနခွဲအတွင်းရေးမှူးကို ဒီအကြောင်းပြောလိုက်ပါ့မယ်"
ဌာနခွဲအတွင်းရေးမှူးက ဤကိစ္စကြောင့် မအိပ်နိုင်သည်အထိစိုးရိမ်နေမှန်း သူမှန်းဆမိသည်။စင်စစ်အားဖြင့် လူကြီး ပါးစပ်ပေါက် ကိုးပေါက် ထပ်ထည့်ပေမဲ့ ဘယ်လိုပဲကြည့်ကြည့် ကလေးတစ်ယောက်၏ ခွန်အားသာရှိပြီး မထိုက်တန်ပါချေ။ ၎င်းတို့၏ စပါးနှင့်ဆီ ခွဲတမ်းမှာ ပြောင်းပြန်ဖြစ်ပြီး အစပိုင်းတွင် အစားအသောက်လက်မှတ် တစ်ရာကတ်ဆီသာရှိလေရာ အမှန်တကယ် စားနပ်ရိက္ခာမလောက်ငှဘဲ ဝေစုတစ်စုစာသာရှိသောကြောင့် ၎င်းတို့ကို တပ်မဟာမှ ထောက်ပံ့နေရဆဲဖြစ်သည်။
ထို့ကြောင့် ဌာနခွဲအတွင်းရေးမှူး၏ ပူပန်မှုကို သူနားလည်နိုင်သည်။
အားဝမ် ဤပညာတတ်လူငယ်များကို မည်သို့စီစဉ်ရမည်ကို အလေးအနက်စဉ်းစားထားပြီး အတွင်းရေးမှူးနှင့် စကားကောင်းကောင်းပြောရန် အချိန်ရှာမည်ဖြစ်သည်။
ထိုအချိန်တွင် အုပ်ချုပ်ရေးမှူး ရောက်လာပြီး ရှန်ယွီက သူ့ကိုနှုတ်ဆက်ရန် အမြန်ထလိုက်သည်။
အုပ်ချုပ်ရေးမှူး: "ပညာတတ်လူငယ်ရှန်... ဌာနခွဲအတွင်းရေးမှူးက ညွှန်မှူးဟန်ရဲ့ ကလေးတွေနဲ့ မနက်ဖန် မနက်လေ့ကျင့်ခန်း စလုပ်ရမယ်လို့ပြောလိုက်တယ်... ဆယ်ရက်လေ့ကျင့်ပြီးရင် မင်းတို့ကို အလုပ်မှတ်အတွက် အကဲဖြတ်မယ်...အဲ့ဒါကို မလုပ်နိုင်သေးဘူးဆိုရင် နည်းလမ်းရှာရမယ်"
ရှန်ယွီက ခေါင်းညိတ်လိုက်သည်။
အုပ်ချုပ်ရေးမှူးက သူ့ကိုထပ်ကြည့်ပြီးမေးပြန်၏။
"ထမင်းစားရတာအဆင်ပြေလား"
ရှန်ယွီက ခါးခါးသီးသီးဆိုလိုက်သည်။
"ကောင်းပါတယ်"
ဒီမနက် မွန်းတည့်ချိန်လောက်အကြောင်း ဘာမှ မပြောချင်ပါချေ။အကုန်လုံး မျက်ရည်တွေချည်းဖြစ်၏။ ကံကောင်းထောက်မစွာဖြင့် ဟင်းချက်မည့်အချိန်ဇယားကို စီစဉ်ပေးထားသည်။ အစပိုင်းတွင် လူနှစ်ယောက်က အလှည့် ချက်ပြုတ်ပြီး သူက ကြီးကြပ်သူအဖြစ်နှင့် နေ့တိုင်း ကြီးကြပ်သင်ကြားပေးသည်။
အုပ်ချုပ်ရေးမှူးက အသေးစိတ် ဂရုမစိုက်ပေ၊ စိတ်ပူစရာ မလိုသရွေ့ အရာရာကို အဆင်ပြေသည့်အတိုင်း ဆက်ဆံမည်ဖြစ်၏။
"ကောင်းတယ်... မနက်ဖြန် ပညာတတ်လူငယ် စခန်းကို ပြင်ဖို့ ပစ္စည်းတွေ စုဆောင်းမှာ... မင်း တို့က ဒီမှာ စားသောက်ပြီး နေကြ... အတူတူ လေ့ကျင့်ပြီး အလုပ်အတူတူလုပ်...ကြိုးစားပါ"
သူက ရှန်ယွီ၏ပခုံးကို သူ၏လက်ကြမ်းကြီးများဖြင့် ပုတ်လိုက်သည်။ ၎င်းနောက် ပညာတတ်လူငယ်များ၏ ဖမ်းဆီးခြင်းကို ခံရမည်ကို စိုးရိမ်သောကြောင့် ပြေးထွက်သွားခဲ့သည်။
ရှန်ယွီ ပညာတတ်လူငယ်များကို ကာကွယ်ခွင့်ရသည့်အတွက် ဝမ်းသာမိသည်။
ဖန်းရှောင်က သူ့စကားကြားသောအခါ မပျော်တော့ဘဲ ပညာတတ်လူငယ်တစ်ယောက်ကို ခေါ်ပြောရန် ဆုံးဖြတ်လိုက်၏။ ကပ္ပတိန်လင်းရဲ့ အိမ်လောက် အဆင်ပြေပါ့မလား...
ရှန်ယွီက အုပ်ချုပ်ရေးမှူး ၏စကားကို အခြားပညာတတ်လူငယ်များထံ ပေးပို့ရန် လူအများအပြားကို ခိုင်းခဲ့သည်။ ရှုတုန်းရှင်းက တုန်ဟွိုင်ဟွ ၏အိမ်တွင်နေထိုင်ပြီး ချီမင်နှင့် ဝူဝမ်ယီတို့က ဟန်ရုံဖန်၏အိမ်တွင်နေထိုင်ကြသည်။
စန်းဝမ်သည် ပညာတတ်လူငယ်များက သူတို့နှင့် လေ့ကျင့်ချင်သည် ကြားသောအခါ ချက်ချင်း အားအင်တွေပြန်တက်ကြွလာပြီး ပြုံးပြုံးရွှင်ရွှင်နှင့်ဆို၏။
“အဲဒီအခါကျရင် ကျွန်တော်တို့ အဖွဲ့နှစ်ဖွဲ့ခွဲပြီး ပြိုင်လို့ရတယ်”
ဖန်းရှောင်က ငိုတော့မလိုဖြစ်နေ၏။
"လေ့ကျင့်ခန်းလား...လေ့ကျင့်ရေးလား ကျေးလက်ကို လာပြီး လေ့ကျင့်ခန်းလုပ်ရတယ်...ဘုရားရေ ... "
စန်းဝမ်က သူမကို စပ်စုလိုဟန်ဖြင့် ကြည့်ကာဆိုသည်။
"အစ်မဖန်း... လေ့ကျင့်ခန်းလုပ်ရတာက အရမ်းကောင်းတယ်"
ဖန်းရှောင်က မျှော်လင့်ချက်မဲ့နေပုံရ၏။
"စန်းဝမ်ကော ငါ့...ငါ့ကို အထူး ကာကွယ်ပေးလို့ ရမလား"
စန်းဝမ်က သူမ၏ပုခုံးကို လေးလေးနက်နက် ပုတ်ကာပြောလေသည်။
"ပညာတတ်လူငယ်ဖန်း မင်းအခက်အခဲတွေကို ရင်ဆိုင်ရမှာပေါ့...လုပ်စမ်းပါ ..."
ပညာတတ်လူငယ်တွေ အားလုံး မနက်ဖြန်မနက် ညွှန်မှူးဟန် နှင့် လေ့ကျင့်ခန်းသွားလုပ်ရမည်ဖြစ်ပြီး အလုပ်မှတ်များကို ဆယ်ရက်အတွင်း ပြန်လည်အကဲဖြတ်မည်ဖြစ်ကြောင်းကို သိသွားကြကာ ၎င်းတို့က ပို၍ပင် စိတ်ဓာတ်ကျနေခဲ့သည်။
လင်းလန် သိသွားပြီးနောက် သူမက ဟန်ချင်စုန့် ကို ပြုံးပြပြီးပြောလိုက်၏။
"သူတို့အားလုံးက အငယ်ကြလေးရှိသေးတာ... လွယ်လွယ်ကူကူလေးလုပ်ပေးလိုက်ပါ... အရမ်းကြီး မလေ့ကျင့်ပါနဲ့... အချိန်ယူလိုက်ပါ"
သို့သော်လည်း တကယ်တမ်းတွင် သူတို့က သူမတို့၏ သားသမီးတွေ မဟုတ်ကြပါချေ။(သူ့ကလေးတွေမဟုတ်လို့စိတ်မပူဘူး)
ဟန်ချင်စုန့် : "ကောင်းပြီ"
ပညာတတ်လူငယ်တွေ ပြန်လာသည့်အခါ မိုင်စွေ့က သူတို့အတွက် ချန်ထားခဲ့သည့် ဖက်ထုပ်တွေကို ထုတ်ပေးလိုက်သည်။
"အများကြီးတော့ မရှိဘူး...မြည်းကြည့်ရအောင်လို့ "
ဖန်းရှောင်နှင့်ကျောက်မင်ကျယ်က စိတ်လှုပ်ရှားလွန်း၍ မျက်ရည်တောင်ကျကုန်ကြသည်။
" ဂျုံဖြူ ဖက်ထုပ် "
သိပ်ကြင်နာ တာပဲ...
လူတစ်ယောက်လျှင် ခြောက်ခု၊ တစ်ယောက် တစ်ခါထဲကုန်လုနီးပါးဖြစ်သွားသော်လည်း တစ်ယောက် အရသာခံနေ၏။
"ငရုတ်သီးနဲ့ဥတွေက အရသာရှိတယ်... ကြက်သွန်မြိတ်နဲ့ကြက်ဥတွေက ဒီလောက် အရသာရှိမှန်း ငါဘယ်တုန်းကမှ မသိခဲ့ဘူး"
ဖန်းရှောင် ထပ်ပြီး ငိုပြန်ကာ ပြောပြော စားစားလုပ်နေသည်။
မိုင်စွေ့ : "..."
လူတော်တော်များများက ဖက်ထုပ်စားပြီးသွားသောအခါ ဖန်းရှောင်က ရယ်ပြီးပြောလိုက်၏။
"ဟေး တယောက်ကို ခြောက်ခု မဟုတ်ဘူးလား...ငါဘာလို့ ငါးခုထဲစားရတာလဲ...နင်တို့ထဲက ဘယ်ကောင်စားတာလဲ"
ရှားသည်ကားမဟုတ်ပေမဲ့ အခု သူမကဖက်ထုပ်ကို အသဲအသန် ကာကွယ်နေရသည်။
ဘယ်သူကမှ ဝန်မခံကြဘဲ ခြောက်ခုစားသည်ဟုသာ ပြောကြ၏။
ဖန်းရှောင် : "ဖက်ထုပ်စားရတာ ဘယ်လောက်ခက်ခဲတယ်ဆိုတာ နင်တို့သိလား... ငါ့ဟာကိုတောင် လုသွားသေးတယ်ပေါ့... လွန်လွန်းတယ်မဟုတ်ဘူးလား"
ကောင်းလုက ထေ့ငေါ့ပြောလေ၏။
"နင်ကိုယ်တိုင်စားမစား ဘယ်သူသိမှာလဲ...ငါတို့ အကုန်လုံးက ခြောက်ခုစီစားတာ... ဘယ်သူကမှ ပိုမစားဘူး"
လင်းလန် ပြုံးပြီးပြောလိုက်သည်။
"ကောင်းပြီ...ဒီမှာ နည်းနည်းကျန်သေးတယ်...ငါ မင်းကို တစ်ခုပေးမယ်"
သူမက ဖန်းရှောင်ကို နောက်တစ်ခုပေးလိုက်၏။
ဖန်းရှောင် ရင်ထဲထိလွန်း၍ ငိုပြန်တော့သည်။
"ကပ္ပတိန်လင်း... ရှင်က သိပ်ကြင်နာတာပဲ... ကျေးဇူးတင်ပါတယ်...ဒီလိုအရသာရှိတဲ့ ဟင်းတစ်ခွက်ကို ရက်တော်တော်ကြာမှ ပထမဆုံးစားဖူးတာ ဝူး..."
လင်းလန်က သူ့ကို ပုတ်ပေး လိုက်သည်။
"စားပါ...မနက်ဖြန် မနက်စောစောထပြီး လေ့ကျင့်ခန်းလုပ်ရဦးမယ်"
ဖန်းရှောင်က ပို၍ပင် ငိုသွားပြီး မျက်လုံးထဲမှာ မျက်ရည်တွေနှင့်အရသာအရှိဆုံး ဖက်ထုပ်ကို စားလိုက်၏။
Xxxxxxx