Part 621
မားမားပြောတာမှန်ပေသည်။
ပျင်းသောလူဆိုတာမရှိပေ။တကိုယ်ကောင်းဆန်သော သူသာရှိ၏။တကိုယ်ကောင်းဆန်မှုကို ရှောင်ကျဉ်ရန် လူအများအပြားက ဆန္ဒရှိကြသည် ဘယ်သူကမှ ထိုသူမျိုးနှင့် လက်တွဲမလုပ်ချင်ကြပေ။
ထို့ကြောင့် ပညာတတ်လူငယ်များ ဟန်မဆောင်နိုင်တော့ဘဲ သူတို့ဘာသာဦးဆောင်လုပ်ရန် မထိန်းထားနိုင်တော့သည့်အထိ ဒီအတိုင်းဘဲ စောင့်နေကြတာဖြစ်သည်။
သူက တမင်သက်သက်ပင် တပ်မဟာ၏ခေါင်းဆောင်အား စပါးစေ့များကို စုဆောင်းပြီး ချက်ချင်းပင် ပို့ဆောင်ပေးဖို့ တောင်းဆိုလိုက်ခြင်းက ဤလူရွယ်များကို ဆာလောင်သွားစေကာ သူတို့က ချက်ချင်းပင် လုံ့လဝီရိယရှိရှိလုပ်လာကြ၏။
ချက်ပြုတ်တာက ဘာတွေများအရမ်းခက်နေလို့လဲ....
လောကတွင် မလုပ်ချင်သော အရာများသာရှိပြီး သင်ယူလို့မရတာမျိုး ဘာမှမရှိပေ။
ထို့နောက် ရိတ်သိမ်းချိန်နှောင်းမှုက တော်လှန်ရေးတိုက်ခိုက်သူများ၏ပုံစံအား အမြီးကြီးနှင့်
ဝံပုလွေတစ်ကောင်လို ဟန်ဆောင်နေစေရုံသာ ဖြစ်သည်။နှစ်နပ်စာလောက် အငတ်ခံလိုက်ရပြီးလျှင် သုံးနပ်စာစားရန်မလိုတော့ချေ၊(တစ်ခါငတ်ဖူးသွားတော့ အပြည်အဝစားစရာမလိုတော့ဘူး)
အမြီးကို ကောင်းကောင်းဖိချုပ်ထားလိုက်ခြင်းဖြစ်သည်။
ဆာလောင်မှုက အကောင်းဆုံးသော ပြစ်ဒဏ်ပင်ဖြစ်သည်။ဒါက ဟန်ရုံဖန် သူ့ကိုသင်ပေးထားသောအရာဖြစ်သည်။ရွာထဲရှိ ဆူးတွေလိုထောင်နေတဲ့ခေါင်းများကလည်းမူလက လူမှုပတ်ဝန်းကျင် ပုံစံဟောင်းအား ဖြုတ်ချရန်ဆန္ဒရှိကြကာ ရှန်ကျွေ့ရွာအား တော်လှန်ရေးတပ်မဟာတစ်ခုအဖြစ်ပြောင်းလဲချင်ကြပေသည်။သို့သော် သူက ရက်အနည်းငယ်လောက်အပိတ်ခံထားရကာ အငတ်ထားခံရပြီး သူတို့ကလည်း ယုံကြည်ရလောက်အောင်အပြောကောင်း ဆွဲဆောင်နိုင် ကြပေသည်။
ထိုသို့စိတ်ဓာတ်ခိုင်မာမှုမရှိပဲ ရည်မှန်းနေရုံတစ်ခုတည်းက အသုံးမဝင်ပေ။အကယ်၍သူတို့တွင် ဦးနှောက်အနည်းငယ်နှင့် လုံ့လဝီရိယရှိနေလျှင်တောင်မှ အသုံးမဝင်ပေ။
အားဝမ်က အိမ်သို့စိတ်ကျေနပ်မှုအပြည့်ဖြင့် ပြန်သွားကာ သူ့အကိုကြီးအား ရလဒ်နှင့် ပတ်သက်ပြီး ပြောပြလိုက်သည်။
တဝမ်က နှာခေါင်းရှုံ့လိုက်သည်။
‘‘ငါတကယ်ဘဲ သူ့ကိုရိုက်ဖို့ကို အရမ်းပျင်းနေတာ’’
စန်းဝမ်က ထိုအရာအားကြားလိုက်ကာ ပျော်စရာထဲပါဖို့ ပြေးလာလေသည်။
‘‘အကိုကြီးနဲ့ ဒုတိယအကို ဘာတွေ တိုးတိုးပြောနေကြတာလဲ’’
တဝမ် :‘‘ဘာမှမဟုတ်ဘူး’’
အားဝမ် : ‘‘မင်းညဘက်ကျရင် ပျော်စရာကောင်းတာ တစ်ခုကြည့်ချင်လား’’
ရှောင်ဝမ်လည်း စိတ်လှုပ်ရှားစရာကို ကြားလိုက်ရသောအခါ ချက်ချင်းပင် အပြေးရောက်လာလေသည်။
‘‘ဘာစိတ်လှုပ်ရှားစရာလဲ၊ သားလည်း ကြည့်ချင်တယ်’’
အားဝမ်က ရှုးခနဲလုပ်ကာ သူတို့လုပ်နေသောလှုပ်ရှားမှုသေးသေးလေးများကို မိဘများကိုမသိစေဖို့ တိုးတိုးနေရန် အမူအယာပြလိုက်၏။
စန်းဝမ်နှင့် ရှောင်ဝမ်က ချက်ချင်းပင် သူတို့ပါးစပ်ကိုဖုံးလိုက်ကြ၏။
အခန်းထဲတွင် လင်းလန်က ဟန်ချင်စုန့်အားစကားပြောနေသည် ဟန်ရုံဖန်ကမူ အစာမစားခင်လေတင် ထိုင်ချလိုက်ကာ ဟန်ချင်စုန့်အား ပိုပြီးပြင်းပြင်းထန်ထန်လေ့ကျင့်ပေးပြီး ပညာတတ်လူရွယ်များ၏စိတ်နေစိတ်ထားကို ထက်မြက်အောင်လုပ်ပေးကာ သူ၏ဆန္ဒအတိုင်း ကျင့်ကြံပေးရန် ညွှန်ကြားနေ၏။
‘‘ယောက်ျား၊ ကလေးတွေကဘာတွေကိုများ လျို့လျို့ဝှက်ဝှက် လုပ်နေကြတာလဲမသိဘူး’’
မိုင်စွေ့က စာအုပ်တစ်အုပ်ကိုဖတ်နေတာဖြစ်ပြီး သူမပြုံးလိုက်ကာ ပြောလာ၏။
‘‘မားမား သမီးထင်တာကတော့ ဒုတိယအကိုက ချီကျီချင်(ချီဖုန်းရှို့)ကို သင်ခန်းစာပေးတော့မယ့်ပုံဘဲ’’
(ကျီချင်-ပညာတတ်လူရွယ်)
လင်းလန် အံ့အားသင့်သွား၏။
‘‘အားဝမ်က တစ်ယောက်ယောက်နဲ့ ရန်သွားဖြစ်မလို့တဲ့လား၊ သူက ရန်ဖြစ်ရတာကို မကြိုက်ဘူးလေ’’
သူမ၏ သားများအပေါ်နားလည်မှုအရ အားဝမ်က ဘယ်တော့မှ ရန်ဖြစ်တာမျိုးကို လုပ်မှာမဟုတ်ချေ။သို့သော်လည်း တဝမ်တစ်ယောက်တော့ရှိနေသေးပေသည်။အားဝမ်က တဝမ်ကို ရန်ဖြစ်ဖို့ အရူးမလုပ်လောက်ပါဘူး။
မိုင်စွေ့ : ‘‘မားမား အဲ့လိုမဟုတ်ဘူးနော်၊ သမီးတို့ရဲ့ ဒုတိယအကိုက ပါးပါးရဲ့ ကြာပွတ်လေးကို ကြောက်နေတာ’’
အကြီးဆုံးအကိုနှင့် စန်းဝမ်တို့ အရိုက်ခံလိုက်ရပြီးနောက် ဒုတိယအကိုက သူမဆီသို့လာကာ ညဘက်တွင် သူကအရိုက်ခံလိုက်ရသည်ဟု အိပ်မက်ဆိုးမက်ခဲ့သည်ကို ပြောပြလာခဲ့သည်။
လင်းလန် ဟန်ချင်စုန့်အားကြည့်ကာ အပြုံးတစ်ခုနှင့် ပြောလိုက်သည်။
‘‘ကလေးတို့ပါးပါးရေ ကျွန်မတို့ရဲ့ ဒုတိယသားက အကြီးဆုံးနဲ့ တတိယသားနဲ့ ကွာခြားပါတယ်၊ အဲ့ဒါက ရှုပ်ယှက်ခတ်မှာမဟုတ်ပါဘူး၊ ကျွန်မတို့ ဒီတိုင်းပဲနေလို့မရဘူးလေ...တကယ်လို့ ကျွန်မတို့တွေတစ်ခုခုရင်ဆိုင်ရတဲ့အခါ ဒီတိုင်းကလေးတွေပြောတာကိုဘဲ နားထောင်လိုက်ရအောင် ’’
ဟန်ချင်စုန့် သူမအား တချက်ကြည့်လိုက်သည်။
‘‘ကောင်းပြီလေ’’
စည်းမျဉ်းမူတွင် ကြီးကြီးမားမားအမှားဟူ၍မရှိပေ။ပထမဆုံးအနေဖြင့် ကလေးများကို ဒေါသဖြင့်ရိုက်ခြင်းမဟုတ်ပေ။ သူက ကလေးများ၏အပြုအမူပတ်သက်ပြီး ဂရုတစိုက်ရှိိသည်မှာရှားပေသည်။သူမကသာ အခြေခံအားဖြင့် တာဝန်ယူခဲ့ပေသည်။
လင်းလန်က ပြတင်းပေါက်အပြင်ဘက်ကိုကြည့်ကာ ပြောလိုက်၏။
‘‘စုန့်ကော ဒီနေ့ကျွန်မ ချီကျီချင်(ချီဖုန်းရှို့)က အတော်ဆိုးဆိုးဝါးဝါး အရိုက်ခံနေရတာကို တွေ့ခဲ့တယ်၊ဒါကြောင့် သူ့ကိုဒီတိုင်းဘဲ လျစ်လျူရှုထားလိုက်ပါ။သူ့အတွက်လည်း သူ့မိဘတွေဆီကနေ အဝေးမှာနေနေရတာ၊ အဲ့ဒါကလည်း သနားဖို့ကောင်းပါတယ်’’
သူမအနေဖြင့် တကယ်တမ်းတွင် ဘာကိုမှစိတ်မဝင်စားနေပေ။ထို့ပြင် ထိုပညာတတ်လူငယ် အိမ်၏အပြင်ဘက်သို့ မောင်းထုတ်ခံရမှုက သူမအပေါ်တွင် အကျိုးသက်ရောက်မှုရှိမှာမဟုတ်သောကြောင့် သဘာဝကျစွာဘဲ လင်းလန်က ဒေါသမထွက်နေပေ။
ဟန်ချင်စုန့်က ပြောလာ၏။
‘‘မင်း အသက်ဆယ့်ခြောက်ဒါမှမဟုတ် ဆယ့်ခုနှစ်နှစ်တုန်းကဆို အမှန်တရားအနည်းငယ်လောက်ကို နားလည်ပြီးလောက်ပြီပေါ့ဟုတ်တယ်မလား...ထားလိုက်ပါ သူတို့ကိုဂရုမစိုက်နေနဲ့’’
လင်းလန် သူ့အား အံ့အားသင့်စွာကြည့်လိုက်မိသည်။သူ့ယောက်ျားက တကယ်ဘဲ ကလေးတွေ အကွက်သေးသေးလေးရွှေ့နေခြင်းကို ထောက်ပံ့ပေးနေ၏။
သူမပြုံးလိုက်ကာ ဟန်ချင်စုန့်လက်နောက်ဘက်ကို ကုတ်ခြစ်လိုက်၏။
‘‘ယောက်ျား ရှင်ကဘာလို့အရမ်းချစ်ဖို့ကောင်းနေရတာလဲ ’’
ဟန်ချင်စုန့်မျက်နှာပေါ်တွင် ရှက်သွေးဖြာမှုတစ်ခုထွက်ပေါ်လာပြီး သူမကိုတချက်ကြည့်လိုက်ကာ ရေသောက်ရန်ခေါင်းကို ပြန်ငုံ့လိုက်၏။
မိုင်စွေ့က သူမမျက်နှာကိုဖုံးကွယ်ရန်အတွက် စာအုပ်ကိုသုံးလိုက်ပြီး လျို့ဝှက်စွာပြုံးလိုက်မိသည်။
‘‘မားမားရေ ပါးပါးကိုစကားပြောနေလိုက်နော်၊သမီး စာအုပ်သွားဖတ်တော့မယ်’’
သူမက အရှေ့ဘက်အခန်းဆီသို့ ပြေးသွားလေ၏။
မကြာခင်တွင်ဘဲ ဖန်းရှောင်က တပ်မဟာဆီမှ အနားယူဖို့ပြန်ရောက်လာခဲ့သည်။ကောက်ရိတ်သိမ်းမှုနှောင်းသွားတာကြောင့် သူတို့အားလုံးထဲမှ ဘယ်သူကမှ စကားပြောဖို့ဆန္ဒမရှိကြပေ ။အထူးသဖြင့် စိုးရိမ်ကာ ဒေါသထွက်နေသည့် ချီမင်ပင်ဖြစ်သည်။
ကျောက်မင်ကျယ်တစ်ယောက် တဝမ်ကိုရှာဖို့လာသောအခါ သူတို့ကိုမတွေ့သောကြောင့် မိုင်စွေ့အားမေးလိုက်လေ၏။မိုင်စွေ့က သူတို့ကရေချိုးဖို့သွားတာဖြစ်နိုင်တယ်လို့ပြောကာ သူ့ကိုအရင်အိပ်ခိုင်းလိုက်သည်။
မိုင်စွေ့က ဖန်းရှောင်အား စားပြီးသွားပြီလားဆိုသည်ကို တိတ်တဆိတ်မေးလိုက်၏။
Xxxxxxxx
Part 622
ဖန်းရှောင်က သူမအား ခြံဝင်းထဲတွင်ပုန်းကွယ်ရန် ဆွဲခေါ်သွားကာ ပညာတတ်လူရွယ်များ၏ညစာအစီအစဉ်အား တီးတိုးပြောပြလာ၏။
‘‘နေ့လယ်တုန်းက ချီဖုန်းရှို့က ငါတို့အတွက်စားစရာတွေကို မှောက်ခုံလှန်သွားအောင်လုပ်ချလိုက်တယ်လေ၊ လူတိုင်းကသူ့ကို ရိုက်နှက်ကြပြီး ညဘက်ကျတော့ဘည်း သူ့အတွက် ညစာဘာမှမရှိဘူး။ငါက ဖရုံသီး၊အာလူးတွေပါတဲ့ စတူးဟင်းကြီးတစ်ပွဲစားခဲ့တယ်၊ အဲ့ဒါကငါတို့လူရှစ်ယောက် အတွက်ဘဲ လောက်တာလေ။ချီမင်တောင်မှ သူ့အတွက် မခွဲဝေပေးရဲဘူး’’
သေချာပေါက်ကို ချီမင်မလုပ်ရဲပေ။သူမက ကောက်ရိတ်သိမ်းမှုနှောင်းတာကြောင့် ဒေါသထွက်နေပြီဖြစ်ကာ လူတိုင်းကလည်း သူ့အပေါ်ရန်လိုနေကြတာဖြစ်သည်။တကယ်လို့ သူမသာသူ့ကိုကူညီလိုက်လျှင် ထိုအရာက (၇၂)ခုမြောက်အတန်းနှင့် ဆန့်ကျင်လိုက်သလိုဖြစ်မသွားဘူးလား ။သဘာဝကျစွာဘဲ သူမက ထိုလောက်ထိမိုက်မဲမှာမဟုတ်ပေ။
မိုင်စွေ့ သူမကို ကျီစယ်လိုက်၏။
‘‘ပညာတတ်လူငယ်တွေ စီစဉ်ထားတဲ့ညစာက အရမ်းမွှေးမှာဘဲ၊ ဟုတ်တယ်မလား’’
ဖန်းရှောင်က အနည်းငယ်ရှက်ရွံ့သွားလေသည်။
‘‘ဆာလောင်တာက တကယ်ကို အကောင်းဆုံးအစားအစာဘဲ၊ ဘာလို့အရမ်းထူးဆန်းနေရတာလဲ။ နေ့လယ်တုန်းက ငါဗိုက်ပြည့်နေခဲ့တာလေ၊ အဲ့ဒီတော့ ညဘက်လည်းရောက်ရော ငါ့မျက်လုံးတွေဝေဝါးလာတဲ့အထိ ဗိုက်ဆာလာရော၊ ငါဘယ်တော့ကမှ ဒီလောက်ထိဗိုက်မဆာဖူးဘူး’’
မိုင်စွေ့ ရယ်လိုက်မိ၏။
‘‘အမဖန်းက နေ့လယ်ဘက်မှာအလုပ်လုပ်ခဲ့ရတယ်လေ။ အမကအလုပ်မလုပ်ရရင် နေ့လယ်ဘက် နည်းနည်းဘဲစားထားရင်တောင် ဗိုက်ဆာမှာမဟုတ်ဘူး။အကယ်၍အလုပ်လုပ်ရလို့ကတော့ အမနေ့လယ်တုန်းကစားတာထက် နှစ်ဆစားထားခဲ့ရင်တောင် ဗိုက်ဆာနေဦးမှာဘဲ’’
ဖန်းရှောင်က သက်ပြင်းချလိုက်မိသည်။
‘‘အလုပ်က လူတွေကို လေ့ကျင့်ပေးတာဘဲ’’
မိုင်စွေ့သူမအား ပုတ်ပေးလိုက်၏။
‘‘အဓိကက မနက်ဖြန်မနက်ဘဲ၊ လာပါအားတင်းထား’’
ဖန်းရှောင် : ‘‘。。。 ’’မနက်ဖြန်မနက်ကျရင်တော့ အဲ့ဒါကိုပြီးအောင်လုပ်ဖို့ ငါတို့ပိုအားစိုက်မှရမယ်။
သူတို့ကမနက်ငါးနာရီတွင် လူစုကြသောကြောင့် တဝဲလည်လည်လုပ်မနေကြတော့ပေ။ အလျင်အမြန်ပင် ကိုယ်လက်ဆေးကြောကြကာ အနွေးကုတင်ပေါ်တွင် အနားယူကြလေ၏။
အခုချိန်တွင် ချီဖုန်းရှို့တွင်မူ အမုန်းတရားများနှင့် နောင်တများသာရှိနေပေသည်။သူ အခြေအနေကို သေချာမစမ်းစစ်လိုက်မိသည့်အတွက် အလွန်တုံးအခဲ့သည်ဟု ခံစားလိုက်မိသည်။
ဤနေရာက ကျေးလက်ဒေသဖြစ်သည်။ကျောင်းမဟုတ်ပေ။ ကျောင်းတွင် ဝေဖန်ဆွေးနွေး(ပြစ်တင်ဆူပူ)တာမျိုးက ဒီအတိုင်းဝေဖန်လိုက်ရုံသာဖြစ်သည်။ပြီးလျှင် အိမ်ပြန်ကာ စားသောက်ပြီး အိပ်ရပေသည်။
သို့သော် ဤနေရာတွင်မူ မင်းပြောလိုက်လို့ သူတို့ဒေါသထွက်သွားလျှင် သူတို့က စားစရာမကျွေးဘဲ မောင်းထုတ်လိုက်ကြမှာဖြစ်သည်။ဒါက အရှက်မရှိသော လှည့်ကွက်တစ်ခုပင်ဖြစ်သည်။
ညဘက်တွင် တပ်မဟာ၏အိမ်က နေ့ဘက်ရှိပုံစံနှင့် ကွာခြားပေသည်။အိမ်ထဲတွင်ရေနံဆီမီးအိမ်မရှိ၍ ပတ်ဝန်းကျင်ကလဲ မည်းမှောင်ကာ မှုန်မှိုင်းနေ၏။ မရေတွက်နိုင်သော မွန်းစတားများက အပြင်မှာ ရှိနေသကဲ့သို့ပင်ဖြစ်ကာသူတို့က အချိန်မရွေးပင် သူ့အား ကိုက်ဖြတ်စားသောက်မည်ဟုထင်ရပေသည်။
ထို့ပြင် အကယ်၍ကောက်ရိုးပုံပေါ်တွင် ခနမျှလှဲမည်ဆိုလျှင်တော့ ကိစ္စမရှိပေ။တကယ်လို့သာ တစ်ညလုံးလှဲအိပ်နေမည်ဆိုပါက နေရာတိုင်းမှ သက်တောင့်သက်သာမဖြစ်နေမှုကို ခံစားရလာလိမ့်မည်။ဆူးများလိုလို၊ ပိုးကောင်များလျှောက်သွားနေသလိုဖြင့် ဟိုနေရာ၊ဒီနေရာမှ ယားယံလာမှာဖြစ်သည်။တစ်စုံတစ်ခုကတောင် သူ့အားကိုက်သွားနိုင်ပေသည်။
ရုတ်တရက်ကြီး သူနာကျင်မှုကိုခံစားလိုက်ရကာ လျင်မြန်သွက်လက်သောအသံက အခန်းထောင့်မှထွက်လာလေ၏။
ထိုအရာက ကြွက်တစ်ကောင်ဖြစ်သည်။
ဒီ。。。ချီးလိုကျေးလက်ကြွက်တွေကတော့။
အခုချိန်တွင် ချီဖုန်းရှို့တစ်ယောက် လင်းလန်၏အိမ်အား သတိရလာတော့သည်။နွေးထွေးပြီး သက်တောင့်သက်သာရှိတဲ့ အနွေးကုတင်ရယ်၊ မြင့်မားတဲ့ခြံဝင်းနံရံတွေက လေအေးတွေကို တားဆီးပေးလေသည်။လင်းလန်၏ နွေးထွေးသောအနွေးကုတင်နှင့် ယှဉ်လျှင် ဒီနေရာက
ကြောက်စရာကောင်းလောက်အောင် စုတ်ပြတ်နေပေသည်။
ဤအရာက အဆိုးဆုံးမဟုတ်သေးပေ။အဆိုးဆုံးမှာ ဆာလောင်မှုပင်ဖြစ်သည်။
သူက စီစဉ်ထားပြီးသားဖြစ်သည်။အကယ်၍လူတိုင်း အိပ်ပျော်သွားပြီဆိုလျှင် အနီးမှာရှိသည့် ဟင်းသီးဟင်းရွက်ခြံသို့သွားကာ သူစားရန် ဟင်းသီးဟင်းရွက်တချို့၊ခရမ်းချဥ်သီးနှင့် သခွားသီးများ လုံလောက်အောင်သွားခိုးမှာဖြစ်သည်။
နေ့လယ်ခင်းတွင် ခေါင်းဆောင်နှင့်ဟန်ရုံဖန်တို့အား သွားရှာနေသည့်အချိန်တွင် သူတစ်ခါတည်း ပတ်ဝန်းကျင်ကို အကဲခတ်ထားခဲ့ခြင်းဖြစ်သည်။အရှေ့တောင်ဘက်တွင် သူယူလို့ရနိုင်သော ဟင်းသီးဟင်းရွက်ခြံတစ်ခုရှိပေသည်။
သူဗိုက်ဆာလွန်းတာကြောင့် မျက်လုံးများပါ ဝေဝါးနေပြီဖြစ်သည်။ညသန်းခေါင်ရောက်ကာသူ့မျက်လုံးများဖွင့်ဖို့ကို မစောင့်နိုင်တော့ပေ။သို့သော် သူပို၍စိုးရိမ်ကြောင့်ကြလေ ပို၍ကြာကြာစောင့်ရလေပင်ဖြစ်သည်။
သူဗိုက်ဆာလွန်းတာကြောင့် တောင့်မခံနိုင်တော့ပေ။ထို့ကြောင့် သူထကာ တိတ်တဆိတ်သွားရမည့် အချိန်ထိမစောင့်နိုင်တော့ပေ။
ဤညတွင် အနည်းငယ်တိမ်ထူနေကာ လမထွက်လာပေ။သူအပျော်လွန်သွား၏။
‘သူဟင်းသီးဟင်းရွက်တွေခိုးနေတဲ့ အချိန်မှာ လမရှိတော့ ကောင်းကင်က မည်းမှောင်ပြီး လေကလည်းပြင်းနေမှာဘဲ’
အချိန်အတော်ကြာပြီးနောက် သူ့မျက်လုံးများက အမှောင်ထုနှင့် အသားကျလာ၏။သွားရမည့်နေရာကို ရှင်းလင်းစွာမြင်ရရန် ကောင်းကင်မှ အလင်းရောင်မှိန်မှိန်လေးကို သုံးကာ သူ့သွားမည့်နေရာကို မှတ်ဉာဏ်ထဲကအတိုင်း ခိုးကြောင်ခိုးဝှက်သွားလိုက်၏။
သို့သော် မည်သို့ပင်ဆိုကာမူ သူကဤနေရာတွင်လူသစ်ဖြစ်နေသောကြောင့် ဟင်းရွက်ခြံအား သူတချက်ကြည့်လိုက်ရုံဖြင့် နားမလည်နိုင်ပါချေ။ရလဒ်အနေဖြင့် သူဟင်းသီးဟင်းရွက်ခြံနားသို့ ချဉ်းကပ်သွားသောအခါ ပထမဆုံးအနေဖြင့် ချောကျိနေသည့် ရေအိုင်ကိုတက်နင်းမိကာ ခွေးကိုက်ခံရလိုက်သလိုပင် လွင့်ထွက်သွားပြီး သူ့ဘေးနားရှိရေမြောင်းထဲသို့ ထိုးကျသွားလေ၏။
ဖျန်ရှန်း၏ ရေမြောင်းများတွင် ကျောက်တုံးများရှိနေသောကြောင့် သူ့နှာခေါင်းနှင့် ရိုက်မိကာ မျက်နှာကြီးကယောင်ရမ်းလာတော့၏။
နောက်ဆုံးတွင် သူအပေါ်သို့ ပြန်တက်လာနိုင်ကာ နာကျင်မှုကို အံကြိတ်ခံပြီး ဟင်းသီးဟင်းရွက်ခြံ၏ ခြံစည်းရိုးအား ထိလိုက်၏။သူ့မှတ်ဉာဏ်အရဆိုလျှင် သူက ခြံနားတွင်ရောက်နေပြီဖြစ်သည်။သို့သော် ရလဒ်အနေဖြင့် သူလက်တစ်ဖက်ဖြင့် ထိလိုက်သောအခါ ထက်ရှသောနာကျင်မှုကိုခံစားလိုက်ရလေသည်။သူ ဆူးချွန်များကိုထိလိုက်မိတာဖြစ်သည်။
အားး-နာကျင်မှုက သူ့အားအော်ဟစ်စေပြီး အသံကသူ့လည်ပင်းမှမထွက်လာစေရန် သူ့လက်ဖြင့်ပါးစပ်ကို ပြင်းပြင်းထန်ထန်အုပ်လိုက်၏။
ကြက်နှင့်ဘဲများကို တားဆီးရန်အတွက် အဖွဲ့ဝင်များက ခြံစည်းရိုးများတွင် ဆူးချွန်များထည့်သွင်း တပ်ဆင်ထားကြခြင်းဖြစ်ကာသူကတကယ်ဘဲ ဆူးချွန်များကို ကိုင်မိလိုက်ပေသည်။
ဒါကတကယ့်ကို နာပေသည်။
အကုန်လုံးက ဆူးချွန်ချည်းဘဲ ဖြစ်နေ၏။
သူ ပစ္စည်းခိုးတာကို သိသွားမှာကြောက်၍ မအော်ရဲပေ။ထိုအရာကိုသိသွားလျှင် ပိုပြီးဒုက္ခများမှာဖြစ်သည်။
သိပ်မဝေးသောနေရာတွင် ညီအကိုလေးယောက်က ကောက်ရိုးများနောက်တွင် ပုန်းနေကြ၏။
ချီဖုန်းရှို့၏ အော်သံကိုကြားလိုက်ရသောအခါ ရှောင်ဝမ်က တံတွေးမြိုချကာ တိုးတိုးပြောလာ၏။
‘‘အဲ့ဒါက နာနေမှာဘဲ’’
စန်းဝမ်က သူ့လက်များအား စိတ်လှုပ်ရှားတကြီးဖြင့် ပွတ်တိုက်လိုက်၏
‘‘ကျွန်တော်တို့ သူခိုးကိုဖမ်းကြမလား’’
အားဝမ် : ‘‘ထားလိုက်တော့ ၊ဒီအတိုင်းသူ့ကိုအပြစ်ပေးရုံဘဲလေ၊သူ့ကိုမြင်ပြီးရင် ငါအဓိပ္ပါယ်မရှိတာတွေ ပြောလာမိမှာ’’
တဝမ်က ပြောလာ၏။
‘‘ပြန်ကြစို့’’
စန်းဝမ်၏ အတွေးရထားက အခုထိမမောပန်းနိုင်သေးပေ။
‘‘ဒုတိယအကို သူကဟင်းသီးဟင်းရွက်တွေခိုးမယ်ဆိုတာကို အကိုကဘယ်လိုသိတာလဲ’’
အားဝမ်က ပြုံးလာ၏။
‘‘ဒီလိုမျိုး ဗိုက်ဆာနေရရင် ငါဆိုလည်းမခံနိုင်ဘူးလေ၊ ဒါပေမယ့် သူ့မှာ ဟင်းသီးဟင်းရွက်ကလွဲလို့ အခြားစားစရာဘာရှိမှာလဲ’’
Xxxxxx