Part 623
သူတို့ညီအစ်ကိုတစ်စု တစ်ခဏလောက် တီးတိုးပြောနေကြပြီးနောက် သူတို့က တိတ်တဆိတ်ပြန်သွားကြလေ၏။အိမ်ပြန်ပြီး ကိုယ်လက်ဆေးကြောကာ အိပ်ဖို့ပြင်လိုက်ကြသည် မနက်ကျရင်လုပ်မည့် မနက်လေ့ကျင့်ခန်းအတွက် စောစောထရမှာဖြစ်သည်။
ချီဖုန်းရှို့ ဟင်းသီးဟင်းရွက်ခြံထဲသို့ ဝင်သွားကာ သခွားသီးစင်ပေါ်မှ လက်ဝါးအရွယ်ရှိသော သခွားသီးနှစ်လုံးကိုစမ်းမိကာ ခိုးယူလိုက်၏။ဒါကမလုံလောက်ဘူးလို့ သူခံစားလိုက်မိသည်။သူခရမ်းချဉ်သီးကို ရှာမတွေ့ပေ။ထို့အပြင် ရှည်လျားပြီး ထူထဲနေသောသခွားသီးကိုလည်း သူစမ်းမိသောကြောင့် နှစ်လုံးခူးလိုက်သည်။ထိုအရာက ဘူးသီးနှင့် သပွတ်သီးဖြစ်သည်ကို သူမသိခဲ့ပေ။
သူသတိထားကာ အပြင်သို့ပြန်ထွက်လာခဲ့သည်။ဒီတကြိမ်တွင်မူ ရေအိုင်ထဲသို့မကျသလို၊ဆူးများကိုလည်း မကိုင်မိဘဲ တပ်မဟာထဲရှိအိမ်သို့ ပြန်ရောက်လာခဲ့လေသည်။
အခန်းထဲသို့ပြန်ရောက်သောအခါ သူ့မီးခြစ်ဆံကိုထုတ်လိုက်ကာ အိုး၏အောက်ခြေတွင် ဂရုတစိုက်ဖြင့်မီးညှိလိုက်၏။ထို့နောက် သူ့ခြေထောက်များက ရွှံ့ကိုတက်နင်းမိထားတာကို တွေ့လိုက်ရပေသည်။တကယ်ကို ကံမကောင်းပေ။သူ့ဖိနပ်များကိုချွတ်ကာ သူ့လက်ထဲမှထုတ်လိုက်သော ဆူးများကို ကြည့်လိုက်သည်။သူက သခွားသီးဆေးဖို့ကို ဂရုမစိုက်နိုင်တော့ဘဲ
တိုက်ရိုက်ပင် ပါးစပ်ထဲထည့်လိုက်ကာ ဝါးစားလိုက်၏။
စားလိုက်ပြီးနောက် သူဗိုက်မပြည့်သွားရုံသာမက ပို၍ပင်ဗိုက်ဆာလာလေသည်။သူက ဘူးသီးနှင့်သပွတ်သီးကို ကြည့်ကာ တိုင်းကြည့်လိုက်၏။သပွတ်သီး၏အခွံက တကယ်ကိုမာကြောကာ အရသာမရှိပေ။ဒါကြောင့် သူက ဘူးသီးကိုစားရန်လုပ်လိုက်သည်။
သို့သော် ဘူးသီးကို အစိမ်းအတိုင်းစားရန်မှာ မလွယ်ကူချေ။ဘူးသီးက အနည်းငယ်ငန်ပေသည်။တရက်လုံး ဗိုက်ဆာနေပြီးနောက် ရှူပ်ပွနေသောအရာများကိုစားလိုက်သောအခါ အစာအိမ်က လျင်မြန်စွာပင် အဆင်မပြေဖြစ်လာလေ၏။
ထို့နောက်က သူကစတင်ပြီး ပျို့အန်ကာ ဝမ်းပျက်သွားလေသည်။အရာအားလုံးရှင်းလင်းသွားသည်အထိ ဆာလောင်ခြင်းကမရပ်သွားပေ။
ထပ်ပြီးဗိုက်ဆာလာပြန်ပြီ။
ဗိုက်ထဲတွင်မီးလိုပူပြင်းနေကာ အရမ်းဗိုက်ဆာနေပေသည်။
သူ့ထံတွင် ဟင်းသီးဟင်းရွက်ခြံမှ သွားထပ်ခိုးရန်အတွက် အားအင်မရှိတော့ပေ။ထို့ကြောင့်သူ့အစာအိမ်ကိုသက်သာစေရန်အတွက် ရေအေးသောက်ရုံဘဲတတ်နိုင်လေသည်။ထို့နောက် သူ့အဝတ်များနှင့် အိပ်ရာဝင်သွား၏။သူ့အမှားကို ပြန်တွေးတောကာ မနက်မိုးလင်းသည်နှင့် သူ့အပြစ်ကိုခံယူရန်တွေးလိုက်မိသည်၊ သူစားရန်စားစရာရသ၍ အဆင်ပြေပေသည်။
သို့သော် တပ်မဟာ၏ဗလာဖြစ်နေသောအခန်းတွင် အနွေးကုတင်ရှိမနေပေ။ဤနေရာတွင် မြက်ကြားထဲရှိ ပိုးကောင်များသာရှိပေသည်။ ဖြစ်ကတတ်ဆန်းဘဲသူအိပ်လိုက်ရပြီး ထိုအရာများက လျင်မြန်သွက်လက်ကာ သူ့အားဘာကိုက်လိုက်မှန်းမသိဘဲ နှစ်ခါတောင်ကိုက်ကာ အိပ်ရာမှထထခုန်သွားစေ၏။ထို့နောက်သူက အနီရောင်အကွက်ကြီးများထသည်အထိ အကိုက်ခံထားရတာကို တွေ့လိုက်ရပေသည်။
ဆာလောင်ကာ အိပ်ငိုက်နေပြီး သူ့အနေဖြင့် ရေကိုသာအဆက်မပြတ်သောက်နေနိုင်ပေသည်။ရေသောက်ပြီးနောက်တွင် ဆီးသွားရန်အတွက် အင်အားတောင်မရှိနေတော့ချေ။ဆာလောင်မှုကြောင့် သူတကြိမ်သတိမေ့သွားခဲ့လေသည်။
သူအိပ်ရာနိုးလာချိန် ဘယ်အချိန်မှန်းမသိတော့ပေ၊ အိပ်ရာမှထလိုက်ကာ အချည်းနှီးလမ်းလျှောက်ထွက်သွားလေသည်။
တစ်ခဏလောက် ပါတီအတွင်းရေးမှူးဆီသွားသင့်လား၊ ခေါင်းဆောင်ဆီသွားသင့်လားဆိုတာ သူမသိတော့ပေ။တွေးကြည့်လိုက်ပြီးနောက် သူလင်းလန်ဆီသို့သွားရန်လုပ်လိုက်သည်။
ခေါင်းဆောင်လင်းက စကားအပြောအဆိုတတ်ကာ အကြင်နာတရားကြီးပေသည်။သူမဆိုလျှင် သူ့ကို ကူညီနိုင်မှာဖြစ်သည်။
သူလမ်းပေါ်ကို လျှောက်သွားသောအခါ သူ့မျက်လုံးများက မှုန်မှိုင်းနေပေသည်။ဤအချိန်တွင် တောက်ပသောအလင်းတစ်ခုက သူ့မျက်လုံးရှေ့တွင် ပေါ်လာကာ တစ်စုံတစ်ယောက်ကမေးလာသည်ကို ကြားလိုက်ရလေသည်။
‘‘ဘယ်သူလဲ’’
ချီဖုန်းရှို့ သူ့လက်များကို ဝေ့ရမ်းပြလိုက်သည်။
‘‘ကယ်。。。ကျွန်တော့်ကို ကယ်ကြပါ’’
ရောက်လာသူများမှာ လျိုကွေ့ဖာနှင့် စစ်ဝန်ထမ်းတစ်ယောက်ဖြစ်သည်။ဆောင်းရာသီရိတ်သိမ်းမှုမတိုင်ခင်တုန်းက လူများအား မမှည့်သေးသောသီးနှံများ၊ ပြောင်းမျိုးနှံစားပင်များနှင့် ပြောင်းဖူးများကို ရင့်မှည့်လာသောအခါ ရွာအပြင်မှလူများကိုခိုးယူခြင်းကို ကာကွယ်ရန်အတွက် နေ့ရောညပါ အလှည့်ကျစောင့်ကြည့်ခိုင်းထားကြခြင်းဖြစ်သည်။
လျိုကွေ့ဖာက ရှေ့တိုးလာကာ သူ့ကိုကူညီပေးလိုက်၏။
‘‘ချီကျီချင်(ချီဖုန်းရှို့) မင်းဘာတွေဖြစ်နေတာလဲ ’’
သူ့ခေါင်းတွင် ဒဏ်ရာများပြည့်နေပြီး အသားအရေကမွဲခြောက်နေကာ၊ နှုတ်ခမ်းများပခရမ်းရောင်သမ်းနေပြီး မျက်လုံးများက မဖြစ်နိုင်ဟုထင်ရလောက်အောင် မှုန်မှိုင်းနေပေသည်။
ချီဖုန်းရှို့ :‘‘ကျွန်တော်。。。ကျွန်တော်မှားသွားပါတယ်’’
‘‘ငါလည်းမင်းကို မကူညီနိုင်ဘူး၊မင်း အတွင်းရေးမှူးကို စကားသွားပြောသင့်တယ်’’
‘‘သွား。。တွဲဖက်အတွင်းရေးမှူးဆီကိုသွားမလို့ပါ’’
ချီဖုန်းရှို့တွင် လမ်းလျှောက်ရန်အင်အားမရှိတော့ပေ။
လျိုကွေ့ဖာက တချက်ကြည့်လိုက်ကာ မနေနိုင်တော့သောကြောင့် သူ့အား ဟန်ရုံဖန်အိမ်သို့ လိုက်ပို့လိုက်လေသည်။
ဟန်ရုံဖန်က အမြဲလိုလိုသတိရှိနေတတ်ပေသည်။သူက ဆာလောင်နေသော ချီဖုန်းရှို့အားပြုပြင်ရန် အပြင်းအထန်ကြိုးစားနေသော်လည်း သူဂရုမစိုက်၍မရဘဲ သူအနေဖြင့် ချီဖုန်းရှို့အား သတ်ပစ်သည့်အထိ မတွေးမိစေရန် သတိထားရပေမည်။
ထို့ကြောင့် ညလယ်ကြီးတွင် သူအနေဖြင့် တချက်သွားကြည့်ရန် ခိုးထွက်လာခဲ့သည်။သို့သော်လည်း သေဆုံးသည့်လက္ခဏာမရှိသောကြောင့် ဟန်ရုံဖန်က စိတ်ချသလိုခံစားလိုက်ရကာ အိမ်သို့ပြန်သွားတော့သည်။
အခုချိန်တွင် လျိုကွေ့ဖာက ချီဖုန်းရှို့အားလိုက်ပို့လာသောအခါ ဟန်ရုံဖန်က ဘယ်လိုများနားမလည်ဘဲနေနိုင်မှာလဲ။သူနှာခေါင်းရှုံ့လိုက်သည်။
မဆာလောင်ဘဲနေနိုင်တဲ့သူမဟုတ်ရင် ဆူးမထောင်သင့်ဘူး။
သူ ချီဖုန်းရှို့အား ခန်းမထဲတွင်ချထားပေးရန် လျိုကွေ့ဖာအားပြောလိုက်သည်။ဟန်ရုံဖန် ကပန်းကန်ကြီးတစ်လုံးကို ထုတ်ကာ ပါးလျသော သကြားပါသည့် ခေါက်ဆွဲကြော်ကို ပြုလုပ်လိုက်ကာ ချီဖုန်းရှို့အားပေးလိုက်၏။
‘‘ပူတယ်နော်’’
ချီဖုန်းရှို့က မွှေးကြိုင်နေသောခေါက်ဆွဲကြော်ကို အနံ့ရသောအခါ ပူမှန်းပင်မသိတော့ပေ။သူ၎င်းအားသောက်ပြီး စိတ်သက်သာရာစွာ သက်ပြင်းချလိုက်ကာ ပန်းကန်အား လျက်လိုက်မိလေသည်။
အာဟာရရှိသောအရာများကို တစ်ပန်းကန်သောက်လိုက်ပြီးသောနောက်တွင် ချီဖုန်းရှို့တစ်ယောက် အသက်ပြန်ရှင်လာလေသည်။သူက နှစ်ခါလောက် ချောင်းဆိုးလိုက်ကာ
‘‘အတွင်းရေးမှူး ကျွန်တော်မှားသွားပါတယ်၊ တကယ်ကိုမှားသွားပါတယ်။ကျွန်တော့်အပြစ်ကိုဝန်ခံပါတယ် ကျေးဇူးပြုပြီး လူမိုက်ရဲ့အမှားကို မှတ်မထားပါနဲ့ ဒီတကြိမ်ဘဲကျွန်တော့်ကို ခွင့်လွှတ်ပေးပါ ကျွန်တော့်ကို လေ့ကျင့်ပြီး အလုပ်သွားခွင့်ပြုပါနော်’’
ဘယ်နေရာကိုများ သူထိုးဖောက်ရဲပါတော့မလဲ။မူလက ခေါင်းကြောမာစွာပြုလုပ်ခဲ့သော်လည်း ယခုတွင်မူ အမှန်တရားကိုရင်ဆိုင်လိုက်ရသောအခါ အကူအညီမဲ့မှုများနှင့် နာခံမှုများသာရှိနေတော့သည်။
နောက်ဆုံးတွင် သူသည် လူများက စားသောက်ဖို့လိုအပ်ကာ စားသောက်ရန်အတွက် အလုပ်လုပ်ရမည်ကို နားလည်လာခဲ့သည်။ဤနေရာတွင် ခူတစ်ယောက်၏ဂုဏ်သိက္ခာနှင့် မိမိကိုယ်ကို တန်ဖိုးထားမှုများက အသုံးမဝင်ပါပေ။
ဟန်ရုံဖန်းက သူ့ကိုကြည့်လိုက်၏။
‘‘မင်းနေမကောင်းဘူးလား၊ မြို့ထဲကိုပြန်ဖို့ မင်းလျှောက်ချင်လား’’
ချီဖုန်းရှို့က ခေါင်းခါလိုက်၏။
‘‘ကျွန်တော်ပြန်သွားမှာ မဟုတ်ဘူး’’
Xxxxxxx
Part 624
သူဘာလို့ မြို့ထဲကို ပြန်သွားရမှာလဲ။
အိမ်တွင် သူ့အတွက်နေရာဆိုတာ မရှိပေ။သူအိမ်ကို ပြန်ရောက်သွားသည်နှင့် မိသားစုထဲမှ တစ်စုံတစ်ယောက်က ကျေးလက်ဒေသကို လာရမှာဖြစ်သည်။
သူ၏ညီငယ်လေး၊ ညီမလေးကို ဒီကိုလွှတ်လိုက်ရမှာလား။
သူက အကြီးဆုံးဖြစ်ပြီး သေချာပေါက်ပင် သူ့ကိုယ်သူသာ ကျေးလက်ဒေသကို သွားစေရမှာဖြစ်သည်။
ပြီးလျှင် သူပြန်ရောက်သွားလျှင်လည်း လုပ်ကိုင်ရန်အလုပ်မရှိသလို သူ့ကိုထောက်ပံ့ပေးရန်အပိုအစားအစာ တံဆိပ်ခေါင်းများလည်း မရှိပေ။
သူပြန်သွားပြီး ဘာလုပ်ရမှာလဲ။
အမှန်တရားအား သူခေါင်းညွတ်လက်ခံရပေမည်။
ဟန်ရုံဖန် : ‘‘မင်းပြောချင်တာက အခုချိန်ကစပြီးတော့ မင်းက ငါတို့ရှန်ရွေ့ ရွာရဲ့ စည်းမျဉ်းတွေအတိုင်းလိုက်နာမယ်၊ အမှတ်တွေအရ အလုပ်လုပ်ပြီး အမှတ်နဲ့ ဝေစုကို စုဆောင်းမယ်ပေါ့ ဟုတ်လား’’
ချီဖုန်းရှို့ ခေါင်းညိတ်လိုက်၏။
‘‘ဟုတ်ပါတယ်’’
ဟန်ရုံဖန် :‘‘ကောင်းပြီလေ မင်းဒီနေ့ကေဒါတွေနဲ့ တွေ့ဖို့ကို အချိန်ယူပြီး မင်းတကယ်လို့ဆက်နေချင်တယ်ဆိုရင် ဆုံးဖြတ်ဖို့ မဲပေးလိုက်ပါ ။ထပ်ပေါင်းပြောရမယ်ဆိုရင် မင်းတို့ရဲ့ ပညာတတ်လူရွယ်တွေရဲ့ သဘောတူညီမှုလည်းလိုအပ်တယ်’’
သဘာဝအားဖြင့် ဟန်ရုံဖန်က သူ့အားဖိအားပေးနေတာမဟုတ်ပေ။တပ်မဟာတွင် ထိုသို့လုပ်ပိုင်ခွင့်မရှိပေ။သို့သော်လည်း ချီဖုန်းရှို့အား ဆက်နေဖို့ဆိုသည်မှာ မလွယ်ကူကြောင်းကို သိစေရန်အတွက် ခြောက်လန့်ခြင်းတစ်ခုဖြစ်ပေသည်။
ချီဖုန်းရှို့၏ အပြာရောင်နှာခေါင်းနှင့် ယောင်ရမ်းနေသောမျက်နှာကို မြင်လိုက်ရပြီး သူလမ်းလျှောက်တာကလဲ ထော့နဲ့ထော့နဲ့ဖြစ်နေပေသည်။ဟန်ရုံဖန်က သူ့ကြာပွတ်ကို မလှုပ်ရှားချင်တော့ပေ။အခုအချိန်တွင် ဟန်ချင်စုန့်က တပ်မဟာ၏ဌာနချုပ်နေရာတွင် ခရာမှုတ်နေပြီဖြစ်သောကြောင့် ဟန်ရုံဖန်က သူ့အားတချက်ကြည့်လိုက်ကာ
‘‘သွားပြီးတော့ ထွက်ဆိုချက်လုပ်လိုက်’’
ချီဖုန်းရှို့က တပ်မဟာ၏စည်းရိုးဆီသို့ လျှောက်သွားလိုက်သည်။သူက ဟန်ချင်စုန့်ကို ပြောလာလေသည်။
‘‘ညွှန်မှူးဟန် ကျွန်တော်မှားသွားပါတယ်၊ ကျွန်တော်တောင်းပန်ပါတယ် နောက်ဒီလိုမဖြစ်စေရပါဘူး’’
ဟန်ချင်စုန့်က အေးစက်စွာပြန်ပြောလာ၏။
‘‘မင်းက ငါ့စစ်သားမဟုတ်ဘူး၊ မင်းကငါ့ထိန်းချုပ်မှုအောက်မှာ မဟုတ်ဘူး’’
ဒီအရာက သူ့ကို ဒီအတိုင်းလျစ်လျူရှုထားချင်တာမျိုးမဟုတ်ပေ။
ချီဖုန်းရှို့က သူဘာလို့ခွင့်လွှတ်ပေးရန် ငြင်းဆန်နေသည်ကို နားမလည်နိုင်ပေ။သူတောင်းပန်ပြီးပြီလေ ။သူအထွဋ်မတက်ရဲသောကြောင့် ထိုအရာအား သူ့ရင်ထဲမှာပင်ဖိနှိပ်ထားကာ ဆက်တောင်းပန်နေလိုက်သည်။
ဟန်ချင်စုန့်က သူ့အားတချက်ကြည့်လိုက်ပြီး အေးစက်စက်ပြောလိုက်လေသည်။
‘‘မင်းငါ့ကို တောင်းပန်စရာမလိုဘူး’’
သူ့လေသံက အရမ်းမပြင်းထန်သော်လည်း အလွန်အေးစက်နေပေသည်။ထိုလေသံက ရှင်းရှင်းလင်းလင်းပြောပြနေသည်မှာ မင်းကိုစစ်တပ်ထဲက စစ်စည်းမျဉ်းတွေနဲ့ အရေးယူပြီးသွားပြီ၊မင်းကစစ်မြေပြင်မှာ အပစ်ခံလိုက်ရပြီ၊မင်းက စကားပြောဖို့ အရည်အချင်းမရှိတော့ဘူးဟူ၍ဖြစ်သည်။
ချီဖုန်းရှို့က ထိုနေရာမှာဘဲ ကြောင်အနေလေသည်။ကေဒါတစ်ယောက်ဖြစ်သော ဟန်ချင်စုန့်က ဘာလို့ဒီလောက်အေးစက်စက်နိုင်နေရတာလဲဆိုတာ မသိတော့ပေ။
ဟန်ချင်စုန့်က ရိတ်သိမ်းမှုနှောင်းတာနှင့် ပတ်သက်ပြီးဂရုမစိုက်သော်လည်း အခြားအရာများကို ဂရုမစိုက်တာမဟုတ်ချေ။ပထမဆုံးအနေဖြင့် တဝမ်နှင့် ကလေးများကိုခေါ်ကာ မနက်ခင်းလေ့ကျင့်ခန်းလုပ်စေပြီး ရှန်ယွီနှင့် အခြားသူများကို ဆယ်မိနစ်အချိန်ပေးကာ သူတို့နောက်မှ လိုက်စေလိုက်သည်။
ချီဖုန်းရှို့က ဟန်ချင်စုန့်၏ ဝေးကွာသွားသောနောက်ကျောကိုကြည့်ကာ မကျေမချမ်းဖြစ်နေသော သူ့မျက်လုံးများကို ဖုံးကွယ်ကာ ခေါင်းငုံ့လိုက်၏။
‘‘အတန်းဖော်တို့ ငါတောင်းပန်ပါတယ် ငါကမရင့်ကျက်ဘဲအခြေခံကျပြီး တစ်ကိုယ်ဆန်တဲ့ အမှားတွေကို လုပ်ခဲ့မိပါတယ်။ ငါ့ကိုယ်ငါ ဝေဖန်စမ်းစစ်မှုကို နက်နက်ရှိုင်းရှိုင်းလုပ်ဆောင်ပါ့မယ်။ကျေးဇူးပြုပြီး အပတ်တိုင်း ရေးရတဲ့စစ်ဆေးမှုကို ကြီးကြပ်ပေးပါ’’
သူက ဦးညွတ်လိုက်လေသည်။
ချီမင်က စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကာ ရှန်ယွီအားကြည့်ပြီး တိုးတိုးပြောလာ၏။
‘‘ကျေးဇူးပြုပြီး သူ့ကိုခွင့်လွှတ်ပေးလိုက်ပါ’’
ရှန်ယွီက ဟန်ချင်စုန့်၏နောက်ကျောအားကြည့်ကာ သူ့စိတ်ကိုပြင်ဆင်လိုက်၏။
‘‘လူတိုင်းမဲပေးကြပါ၊ ငါကတော့ ပုဂ္ဂိုလ်ရေးအရ မခွင့်လွှတ်ချင်ဘူး’’
စားစရာအပေါ်နင်းခြေဖျက်စီးတတ်သောသူအတွက် လူတိုင်း၏အောက်ခြေလိုင်းများက ကွာခြားပေသည်။ညွှန်မှူးဟန်က ချီဖုန်းရှို့အား ခွင့်မလွှတ်ပေ။သူ့မှာအကြောင်းရင်းရှိရမည်ဟု ရှန်ယွီခံစားမိပေသည်။ ဟန်ချင်စုန့်က ဘာမှမပြောလျှင်တောင်မှ သူ့အတိုင်းလုပ်ဖို့သာ ဆုံးဖြတ်လိုက်၏။
ရှန်ယွီက ဘာမှမခံစားနေရတာကို မြင်သောအခါ ချီမင် တခနလောက်ကြောင်အသွားလေသည်။သူ၏ရွေးချယ်မှုကို ချက်ချင်းမဖော်ပြလိုက်ဘဲ အခြားသူများကို အရင်ကြည့်လိုက်သည်။
ဖန်းရှောင် :‘‘ငါက ခွင့်မလွှတ်ပေးဖို့ရွေးချယ်တယ်၊ စားစရာဖြုန်းတီးတဲ့သူကို ငါအမုန်းဆုံးဘဲ’’
သူမက ဇီဇာကြောင်လျှင်တောင်မှ ဘယ်တော့မှ စားစရာကို မဖြုန်းတီးရဲပေ။
ချီဖုန်းရှို့က အလျင်စလိုပင် ပြောလာလေသည်။
‘‘ငါ。。ငါပေးမယ်၊ငါပေးပါ့မယ်နော်。。အစားအစာတံဆိပ်ခေါင်းအတွက် ငါပေးပါ့မယ်၊ငါမှောက်ချလိုက်မိတာ နှစ်ကတ်တီလား၊သုံးကတ်တီလား နှစ်ဆပေးပါ့မယ်ဟုတ်ပြီလား’’
လူတိုင်းက သူတို့၏ရပ်တည်မှုကို တိုက်ရိုက်ဖော်ပြရန် အဆင်မပြေဖြစ်နေသည်ကို မြင်လိုက်ရသောအခါ ရှန်ယွီက ပြောလာလေသည်။
‘‘သူအဖွဲ့ထဲကို ပြန်လာဖို့သဘောတူတယ်ဆိုရင် လက်မြှောက်လိုက်ပါ’’
ချီမင်က သူ့ကိုတချက်ကြည့်လိုက်ကာ ရှန်ယွီက နည်းနည်းလွန်သွားပြီဟုတွေးလိုက်မိသည်။လူအများစုက သတိမမူမိစွာပင် သူတို့၏ရပ်တည်မှုကိုမဖော်ပြဖို့ ရွေးချယ်ကြမှာဖြစ်သည်။တကယ်လို့မင်းသာ သူတို့နဲ့သဘောမတူဘူးဆိုလျှင်တောင် တချို့လူများက လက်မြှောက်ကြမှာမဟုတ်ပေ။
ရလဒ်အနေဖြင့် သူက သဘောတူလျှင် လက်မြှောက်ပါဟုဆိုလာသောအခါ ဘယ်သူကမှ သူတို့လက်ကိုမမြှောက်ကြပေ။သဘာဝကျစွာမင် ချီမင်ကလည်း ချီဖုန်းရှို့အတွက်နှင့် လူတိုင်း၏ဆန့်ကျင်ဘက်တွင် သူ့ကိုယ်သူအရောက်ခံမည်မဟုတ်ပါ။
ချီဖုန်းရှို့က သူ့ကျော်ကြားမှုသည် ဤမျှထိဆိုးရွားနေမည်ဟု မထင်ထားခဲ့ပေ။ဘာကိုမှ မတွေ့မမြင်ဖူးသော ဝူဝမ်ယီတောင်မှ သူ့အတွက်စကားမပြောပေးလာဘဲ အမှန်တရားဘက်မှ ရပ်တည်သွားလေသည်။
ဒီသေချင်းဆိုးတွေကတော့ ။
ရှန်ယွီ: ‘‘ချီဖုန်းရှို့ မင်းဘာသာမင်း အသင်းဖွဲ့တာပိုကောင်းလိမ့်မယ်’’
သူက ပညာတတ်လူငယ်များ၏ နေရာတွင်နေတာကို သူတို့တား၍မရသော်လည်း သူတို့က သူနှင့်အတူလုပ်ကိုင်ကာ စားသောက်ရန်အတွက်မူမလိုအပ်ချေ။ဤအရာက သူတို့၏လွတ်လပ်မှုပင်ဖြစ်သည်။
ချီဖုန်းရှို့၏မျက်နှာက ဝက်အသည်းအရောင်သို့ ပြောင်းလာလေသည်။
‘‘မင်းတို့ 。。。မင်းတို့တွေက လူတွေကိုအရမ်းအနိိုင်ကျင့်တာဘဲ’’
ရှန်ယွီသူ့ကိုမြင်လိုက်ရသောအခါ ချီဖုန်းရှို့က လုံးဝနောင်တရသွားတာမဟုတ်ဘူးဆိုတာကို သိလိုက်ရလေသည်။
ညွှန်မှူးဟန်၏ မျက်လုံးများက အရမ်းထက်တာပင်ဖြစ်မည်။သူက ဒီလူ၏စိတ်နေစိတ်ထားကို ထိုးဖောက်မြင်နိုင်ပေသည်။
Xxxxxxxx