Part 625
သူက လူငယ်များအား လေ့ကျင့်ခန်းလုပ်ရန် အော်ပြောလိုက်သည်။
‘‘မှတ်ထားကြပါ၊ ညွှန်မှူးဟန်ပြောတာက ငါတို့ကို ပိုပြီးစွမ်းဆောင်ရည်ရှိလာအောင် လုပ်ဖို့မဟုတ်ဘူး၊ငါတို့ကို လူထုနဲ့ ဆက်သွယ်ရာမှာ ပိုပြီးသတ္တိရှိဖို့နဲ့ လုံ့လဝီရိယရှိဖို့အတွက်ဘဲ’’
ရိတ်သိမ်းမှုနှောင့်နှေးခြင်းဖြစ်ရပ်ကြောင့် ယနေ့ပညာတတ်လူရွယ်များ၏ လေ့ကျင့်ရေးက အလွန်ခက်ခဲပေသည်။ဟန်ချင်စုန့်က ပြောခဲ့ဖူးပေသည်။ တကယ်လို့မင်း ခြေတစ်လှမ်းလှမ်းချင်ရင် မင်းလှမ်းနိုင်တယ်၊သူ့ကို ကြောက်နေစရာမလိုဘူးဟူ၍ပင်ဖြစ်သည်
အကယ်၍များ သူတို့လယ်ယာလုပ်ရင်း အလုပ်များကာ ဘာမှသိပ်မလုပ်နိုင်လျှင်တောင်မှ ဇီဇာကျယ်ပြီးရင်း မကျယ်စေရန် သူတို့၏ စိတ်ဆန္ဒနှင့် သည်းခံနိုင်မှုကို လေ့ကျင့်ပေးခြင်းသာဖြစ်သည်။
အမိန့်ကိုနာခံကာ သည်းခံမှုကို လေ့ကျင့်ခြင်းသည် သူတို့ပထမဆုံးသင်ယူရမည့်အရာဖြစ်သည်။အချိန်တိုတိုနှင့် အလုပ်ပမာဏများစွာလုပ်နိုင်ရန်အတွက်မူ အချိန်ယူရပေမည်။
ထို့ကြောင့် ယနေ့တွင် သူတို့အားလုံး ထိုင်လို့မရသလို အနားယူခွင့်လည်းမရချေ။အဘယ်ကြောင့်ဆိုသော် ဟန်ချင်စုန့်က သူ့လက်ထဲတွင် ကောက်ရိုးများမှ ဆူးများကိုကိုင်ကာ နောက်မှလိုက်နေသောကြောင့်ဖြစ်သည်။
မင်းဖြေးဖြေးချင်းလမ်းလျှောက်နိုင်ပေသည်။သို့သော် မင်းရပ်လိုက်တာ ဒါမှမဟုတ်ထိုင်ချလိုက်ရဲပါက ချက်ချင်းပင် မင်း၏ခြေသလုံးတွင် ရိုက်ချက်တစ်ခုရောက်လာမှာဖြစ်သည်။
မိန်းကလေး၊ယောက်ျားလေးဟူ၍ ခွဲခြားနေမည်မဟုတ်ပေ။
မိုင်စွေ့ကလည်း ဒီနေ့တွင် သူတို့နှင့်အတူ လေ့ကျင့်ခန်းလုပ်ရန်ထွက်လာခဲ့လေသည်။မနေ့က မားမား၏စကားများကို ကြားလိုက်ရပြီးနောက်တွင် သူမအနေဖြင့် အရမ်းဇီဇာမကျယ်နေသင့်ဘူးဟု တွေးလိုက်မိသည်။အနည်းဆုံးအနေဖြင့် သူမ၏မိဘများဆီမှထွက်သွားရသောအခါ သူတို့ကိုမစိုးရိမ်စေရန်လုပ်ရပေမည်။သူမ အရင်တုန်းက ဘာမှမလေ့ကျင့်ဖူးသော်လည်း အလုပ်သမားများပြေးရာတွင် ပါဝင်သောအခါ ဘာပြသနာမှမရှိလာခဲ့ပေ။
မိုင်စွေ့က ရှောင်ဝမ်နှင့် ယှဉ်နိုင်ပေသည်။ထိုပညာတတ်လူရွယ်များသည် ဟန်ချင်စုန့်၏ ဆူးများက အကြင်နာကင်းမဲ့စွာ ကျရောက်လာမည်ကို ကြောက်ရွှံ့ကြ၍ အံကြိတ်ကာ ပြင်းပြင်းထန်ထန်ပင် အားမလျော့တမ်းလုပ်ဆောင်ကြလေသည်။ဘယ်လိုဘဲဖြစ်ဖြစ် သူတို့ ရှောင်ဝမ်နှင့် ယှဉ်ကာ ပြေးနိုင်နေသရွေ့ဟန်ချင်စုန့်သူတို့ကို ရိုက်လာမှာမဟုတ်ပေ။
ဖန်းရှောင်က မလိုက်နိုင်တော့သောအခါ ရှောင်ဝမ်အား မျက်စိမှိတ်ပြကာ အရှိန်လျော့ပေးရန် တောင်းဆိုလိုက်၏။
ရှောင်ဝမ်က သူတို့အမောတကောဖြစ်၍ ရင်ဘတ်များက ဖောင်းလိုက်ပိန်လိုက်ဖြင့်ဖြစ်နေသည်ကိုမြင်ပြီး အထိတ်တလန့်ဖြစ်သွားကာ အရှိန်နှေးချလိုက်မိ၏။သူတို့ကိုလည်း သူ့ကိုဟန်ချင်စုန့်သင်ထားပေးသောအရာများကို ပြန်သင်ပေးဖူးပေသည်။ဘယ်လိုအသက်ရှူရမည်၊ ခြေလှမ်းနှင့်အတူ ဘယ်လိုနေရာချရမည် စသည်ဖြင့်ဖြစ်သည်။
ဤအရာများက အလေ့အကျင့်ရှိမှသာ အသုံးဝင်ပေသည်။ဥပမာဆိုရသော် သူတို့ကအစကတည်းက အသက်ရှူမမှန်တော့သဖြင့် အသုံးမဝင်တော့ပေ။အမှန်တကယ်တွင် သူတို့က လေ့ကျင့်မှု လစ်လပ်နေရုံသာဖြစ်သည်။တဖြည်းဖြည်းနေသားကျပြီးနောက်တွင် သဘာဝကျစွာပင် အလုပ်ဖြစ်ပေလိမ့်မည်။
နောက်ဆုံးတွင် ဟန်ချင်စုန့်က အသင်းအား လူစုခွဲရန်အော်လိုက်ချိန်၌ ပညာတတ်လူရွယ်များ၏ ဆံပင်ပေါ်မှချွေးများက တတောက်တောက်ကျနေပေသည်။ကွင်းပြင်ဆီသို့ ပြန်ရောက်ပြီး လူစုခွဲပြီးသောအခါ သူတို့အားလုံးက သန့်ရှင်းသပ်ရပ်မှုကို ပင် ဂရုမစိုက်နိုင်တော့ဘဲ တိုက်ရိုက်ပင် လှဲချလိုက်ကြသည်။
‘‘မားမားရေ。。。ကျွန်တော်。。တကယ်ဘဲသေပြီထင်နေတာ’’
‘‘ငါ့အဆုတ်တွေက。。。ပေါက်ထွက်တော့မလိုဘဲ’’
‘‘ငါ。。ငါမမျှော်လင့်ထားမိဘူး。。ငါကတောင့်ခံနိုင်ဦးမယ်လို့’’
သူတို့ကိုကြည့်ကာ တဝမ်က သူ့ညီအကိုများအား ဘာအမူအရာမှမပြဘဲ အိမ်ထဲသို့ ပြန်ခေါ်သွားလိုက်သည်။သူနှင့် အားဝမ်တွင် အပိုလေ့ကျင့်ခန်းရှိကာ စန်းဝမ်ကမူ မနက်ခင်းတွင် ရေကူးရပေမည်။
မိုင်စွေ့နှင့် ရှောင်ဝမ်တို့က လူခွဲလိုက်ကြကာ လူငယ်များအားကြည့်ရန် သွားလိုက်ကြသည်။
ဒီနေ့အတွက် ဟင်းချက်ရန်မှာ ဖန်းရှောင်နှင့် ကျောက်မင်ကျယ်တို့အလှည့်ဖြစ်သည်။အားဝမ်တွင် သင်ပေးရန်အချိန်မရှိတာကြောင့် သူမကတချက်လာကြည့်ပေးခြင်းဖြစ်သည်။
ရှောင်ဝမ် :‘‘အမဖန်း အမကဟင်းချက်တာကို သဘောကျရမယ် အဲ့ဒါမှအရသာရှိမှာ’’
မိုင်စွေ့ကလည်း သူမကိုအားပေးလိုက်၏။
‘‘ငါချက်တဲ့စားစရာက အရသာအရှိဆုံးဘဲ’’
ဖန်းရှောင်နှင့် ကျောက်မင်ကျယ်တို့က တစ်ယောက်ကိုတစ်ယောက် မျက်လုံးဝိုင်းကြီးများဖြင့် စိုက်ကြည့်လိုက်ကြသည်။သူတို့ထဲက ဘယ်သူကမှ မချက်ပြုတ်တတ်ကြချေ။ သူတို့အုပ်စုဖွဲ့စဉ်တုန်းက အများကြီး မလုပ်နိုင်ဘူးဟုမပြောကြဘဲ အုပ်စုဖွဲ့လိုက်ကြခြင်းဖြစ်သည်။
ရှန်ယွီ :‘‘ငါမင်းတို့ကို သင်ပေးမယ်’’
မိုင်စွေ့ :‘‘အမဖန်း。。အမကို မီးဘယ်လိုမွှေးရမလဲဆိုတာသင်ပေးမယ်’’
ဖန်းရှောင်တစ်ယောက် မီးဖိုရှေ့တွင်ထိုင်ကာ မိုင်စွေ့၏ညွှန်ကြားချက်များအတိုင်း လိုက်လုပ်လိုက်၏။ပထမဆုံးမီးခြစ်ဆံကိုယူလိုက်ကာ မီးမွှေးရန်အတွက် မြက်နုတစ်ချို့ကိုယူလိုက်၏။ထို့နောက် ထိုမြက်နုများကို မီးဖိုအပေါက်ထဲသို့ ထိုးထည့်လိုက်သည်။ရလဒ်အနေဖြင့် သူမလက်ထဲတွင် လောင်ကျွမ်းလာသောမြက်များကိုကြည့်ကာ အနည်းငယ်ဗျာများလာပြီး ကြောက်ကာအဝေးကိုလွင့်ပစ်ရန် လုပ်လိုက်မိလေသည်
ရှန်ယွီက မီးလောင်နေသောမြက်ခြောက် ကောက်ရိုးပုံဆီသို့ရောက်ကာ မီးလောင်သွားစေမည်ကို ကြောက်ရွံ့၍ အမူအရာပြောင်းသွားလေသည်။သူဘာမှမလုပ်ရသေးခင်မှာဘဲ ဖန်းရှောင်ဘေးတွင်ရှိနေသော ညွှန်ကြားသူကြီးက သူမ၏လက်အား ခိုင်မြဲစွာ ဆုပ်ကိုင်လိုက်ပြီးသားဖြစ်သည်။သူမကထိတ်မလန့်သွားဘဲ မြက်ခြောက်ကို မီးဖိုထဲသို့ ပစ်စေလိုက်သည်။
မိုင်စွေ့က ပြုံးကာ ပြောပြလာလေသည်။
‘‘အဲ့ဒါက အမကိုမလောင်စေပါဘူး’’
ဖန်းရှောင်၏ နဖူးတွင် ချွေးများစီးကျလာကာ အလျင်အမြန်ပင် လက်တကိုင်အပြည့်မြက်ခြောက်များကိုယူကာ ထပ်ထည့်လိုက်၏။ထို့နောက် လက်ဖြင့်သူမနဖူးမှ ချွေးများကို သုတ်ကာ နှင်းလိုဖြူဖွေးသောမျက်နှာပေါ်တွင် အမဲစင်းကြောင်းကြီးနှစ်ခုချန်ထားခဲ့လေသည်။
မိုင်စွေ့ :‘‘အမဖန်း အမဒီတိုင်းစန္ဒယားတီးနေတယ်လို့ သဘောထားလိုက်ပါ၊တကယ်လို့ ကြိုးတွေကအရမ်းနီးနေရင် ဘာအမှားမှလုပ်မိမှာ မဟုတ်ဘူးလေ၊မီးမွှေးတာက ပိုပြီးတောင်လွယ်သေးတယ် ဘာလို့ကြောက်နေမှာလဲ’’
ဖန်းရှောင်က အနည်းငယ်ရှက်ရွံ့သွား၏။
‘‘ငါ့လက်ကို မီးလောင်သွားမှာ ကြောက်လို့ပါ’’
‘‘အရေးကြီးတဲ့အရာက အထိတ်တလန့်မဖြစ်သွားဖို့ဘဲ၊ တကယ်လို့ အမသာမတော်မဆ မီးလောင်အောင်လုပ်မိသွားရင် အန္တရာယ်များနိုင်တယ်လေ’’
မိုင်စွေ့ သူမကို ပြောပြလိုက်၏။
ဖန်းရှောင်၏ အမူအရာက ပိုလေးနက်သွားလေသည်။
‘‘အမမှတ်မိပါပြီ’’
မိုင်စွေ့၏ညွှန်ကြားချက်များအတိုင်းလိုက်နာကာ မီးဖိုထဲသို့ မြက်ထပ်ထည့်လိုက်ပြီးနောက် ဖားဖိုကိုတွန်းရန်ကြိုးစားလိုက်၏။
ရလဒ်အနေဖြင့် သူမအားအများကြီးထည့်မိသွားသောကြောင့် ဟူးလား ဟူသော အသံဖြင့် ရုတ်တရက်မီးထတောက်လာကာ သူမ မပြင်ဆင်ထားလိုက်မိပေ။
မီးတောက်သွားပြီလား ကြည့်ရန်လုပ်လိုက်သော်လည်း ရုတ်တရက်ပင် မီးက သူမအား ထဟပ်သွားသည် သူမသတိမမူမိစွာ နောက်ဆုတ်လိုက်သော်လည်း ရှေ့ဆံမြိတ်တစ်ခုလုံးက မီးလောင်သွားလေသည်။
ရှဲခနဲ အသံတစ်ခုနှင့်အတူ ဆံပင်မီးကျွမ်းသွားသည့် အနံ့က လေထဲတွင် ပျံ့နှံ့လာ၏။
Xxxxxxx
Part 626
ဖန်းရှောင်က ထိုအရာအား မခံစားလိုက်မိပေ။ဒီအတိုင်းအနံ့သာ ရလိုက်လေသည်။
‘‘အိုးးဘာမီးလောင်သွားတာလဲ’’
မိုင်စွေ့ သူမအားကြည့်ရန် ခေါင်းလှည့်လာသောအခါ ဖန်းရှောင်၏ ရှေ့ဆံပင်များအားလုံးက မီးကျွမ်းသွားသည်ကို တွေ့လိုက်ရလေသည်။သူမ၏ အရှေ့ဆံပင်များသည် ကောက်ကွေးကာ သူမနဖူးပေါ်တွင် ကပ်တင်နေလေသည်။ မိုင်စွေ့လည်း မတတ်နိုင်ဘဲ ရယ်လိုက်မိတော့သည်။ မီးက တောက်ပစွာ လောင်ကျွမ်းနေကာ သူမ၏အပြုံးက မှောင်မှိုင်းနေသော အခန်းထဲတွင် စိန်လေးတစ်ခုကဲ့သို့ပင် ဖျော့တော့စွာ လင်းလက်နေ၏။တစ်ခနလောက် ထိုအပြုံးက လူများ၏မျက်လုံးများအား အနည်းငယ်မူးဝေသွားစေလေသည်။
ဖန်းရှောင်လည်း ခနလောက်ပြုံးလိုက်မိတာ သူမလက်ကိုဆန့်ထုတ်ပြီး မိုင်စွေ့ပါးကို ဆွဲညစ်လိုက်မိ၏။
‘‘အိုးးဘာလို့ မင်းလိုမိန်းမငယ်လေးက အရမ်းလှနေရတာလဲ၊မိန်းမဖြစ်တဲ့ငါတောင် မူးဝေသွားသလိုဘဲ’’
အခန်းထဲရှိ ယောက်ျားလေးအနည်းငယ်က ချက်ချင်းပင် အကြည့်လွှဲလိုက်ကြလေသည်။
ရှန်ယွီက ကျောက်မင်ကျယ်အား သူ့မျက်နှာကို အဖက်ဆည်ရန်အတွက် ဖက်ထုပ်များကို ထုပ်ခိုင်းလိုက်သည်။
ကျောက်မင်ကျယ် : ‘‘ဟားဟား ဖန်းရှောင် နင်တော့ အရှူံးကြီးကြီးရှူံးသွားပြီ၊ ဒါက မီးမွှေးရတာထက် လွယ်တယ်ဟ’’
ဖန်းရှောင်က ပြုံးကာ နောက်ဆုတ်ပြီး သူမနဖူးကို ထိလိုက်သည်။
‘‘မားမားရေ သမီးခေါင်းတော့。。。’’
ရှောင်ဝမ်က အစပိုင်းတွင် အခန်းထောင့်ရှိ ကြွက်တွင်းကို လေ့လာနေတာဖြစ်သည်။သို့သော် သူကအပြေးလာကာ ပြုံးပြလိုက်လေသည်။
‘‘အမဖန်း ခေါင်းကို ကတုံးတုံးလိုက်လေ၊ကျွန်တော့် တတိယအကိုပြောတာက ကတုံးတုံးထားတဲ့ခေါင်းက အထက်မြက်ဆုံးဘဲတဲ့’’
ဖန်းရှောင် :‘‘。。。မောင်လေးရှောင်ဝမ်ရဲ့အကြံအတွက် ကျေးဇူးပါနော်၊ အမှန်တရားက မကောင်းနေပေမယ့် အမက ချစ်ရသူရဲ့ နွေးထွေးမှုကို အလိုရှိတုန်းဘဲ၊ သီလရှင် မဖြစ်ချင်ပါဘူး’
သူမလက်ကို ဆန့်ထုတ်ကာ ရှောင်ဝမ်အား ကျွိခနဲဖြစ်အောင် ဖြစ်ညစ်လိုက်၏။
‘‘မောင်လေးရှောင်ဝမ် အမမှာ အချစ်ရှိပါတယ်၊ အမက သီလရှင်မဖြစ်ချင်ပါဘူး’’
ရလဒ်အနေဖြင့် ရှောင်ဝမ်က ဘာကဘုန်းကြီး၊ ဘာကသီလရှင်လဲဆိုတာကို သိချင်လာကာ ခြောက်ပါးသောမသန့်စင်မှုကဘာလဲ၊ သန့်စင်မှုခြောက်ပါးက ဘာလဲဆိုတာကိုပါ မေးမြန်းလာလေသည်။
ဖန်းရှောင် :‘‘。。。ကူညီကြပါဦး၊ငါမှားသွားပါတယ်’’
ဤနေရာက အသက်ဝင်ပြီး စည်ကားနေသော်လည်း ချီဖုန်းရှို့ဘက်တွင်မူ တစ်ယောက်တည်းဖြစ်နေကာ ကန္တာရလိုပင် ဖြစ်နေပေသည်။သူက ဟန်ရုံဖန်အားရှာကာ သူ့အခြေအနေကိုပြောပြလိုက်၏။ပညာတတ်လူရွယ်များက သူနှင့်မလုပ်ကိုင်လိုကြလျှင် သူ့အတွက် အစားအစာများကို သူတို့ကိုယ်တိုင်အတွက်ဘဲ လိုချင်နေကြတာလား။
ဟန်ရုံဖန် : မင်းကိုမင်း အရူးလုပ်ခံနေရတယ်လို့ပြောတယ်၊ မင်းတို့ပညာတတ်လူငယ်တွေက မင်းကိုစောင့်ပေးကြမှာမဟုတ်ဘူး။
သို့သော်လည်း ချီဖုန်းရှို့သည် အခြားသူများက ဒုက္ခရောက်အောင် လုပ်သည်ဟု ခံစားရသည် ဟန်ချင်စုန့်ကလည်း တမင်သက်သက် သူ့ကိုယ်သူအကွာအဝေးခြားထားကာ ရှန်ယွီက ဟန်ချင်စုန့်ကျေနပ်အောင် လုပ်ပေးနေခြင်းဖြစ်သည်ဟု ခံစားမိပေသည်။
သို့သော် အခုချိန်တွင် သူဘာကိုမှမပြောရဲပေ။
ဟန်ရုံဖန် :‘‘ဒီကိစ္စက ဒီလိုဖြစ်နေမှတော့ တကယ်လို့ မင်းဘာသာတစ်ယောက်တည်း တစ်ဖွဲ့လုပ်လိုက်ရင် ထင်းတွေကို ဖြုန်းတီးနေသလိုဘဲ။မင်း ဝင်ဖို့အတွက် အဖွဲ့ဝင်တစ်ယောက်ရဲ့ အိမ်ကို ရှာလို့ရတယ်’’
ကြီးမားသော မိသားစုတစ်ခုအတွက် လူများထပ်တိုးရသည်မှာ လွယ်ကူသောအရာဖြစ်ကာ ထိုအရာက အလွန်ဒုက္ခများမှာမဟုတ်ပေ။
ချီဖုန်းရှို့က မပျော်ရွှင်ပေ။အဘယ့်ကြောင့်ဆိုသော် သူအဖွဲ့ဝင်များကို ပူးပေါင်းလိုက်သည်နှင့် သူ၏ဝေစုများက နှုတ်ခံရမှာဖြစ်သည်။
‘‘အကြီးအကဲ၊ ဒါဆို ကျွန်တော် အကြီးအကဲတို့အိမ်နဲ့ ပူးပေါင်းလို့ရမလား’’
ဟန်ရုံဖန် : မင်းထင်တာက ချင်စုန့်က မင်းကိုမုန်းရင် ငါရောမမုန်းဘူးများထင်နေတာလား။
သူခနလောက်တွေးလိုက်ကာ
‘‘မင်းက ဒီအတိုင်း ကေဒါတွေနဲ့ဘဲ ပူးပေါင်းချင်တာ၊ဟုတ်တယ်မလား’’
ချီဖုန်းရှို့က ဘာမှမပြောလာပေ။သို့သော် သူ့အမူအရာ ထိုကဲ့သို့ပင် ဆိုလိုနေပေသည်။ဟန်ရုံဖန်က ဘာကိုများ နားမလည်ဘဲနေဦးမှာလဲ။
သူ ပြောလိုက်၏။
‘‘တပ်မဟာရဲ့ကေဒါအများစုက သူတို့အိမ်မှာလူတွေရှိကြတယ်၊ဒါကြောင့် ထုတ်လုပ်ရေးအဖွဲ့တစ်ခုကိုရှာလိုက်ပါ၊ ဘယ်ထုတ်လုပ်ရေးအဖွဲ့ခေါင်းဆောင်က မင်းလဲပူးပေါင်းလုပ်ကိုင်ချင်လဲ၊အဲ့ဒီအဖွဲ့ကို သွားလိုက်ပေါ့’’
ချီဖုန်းရှိူ့ ခေါင်းညိတ်ပြလိုက်၏။
‘‘ဒါဆိုရင်လည်း အတွင်းရေးမှူး ကျွန်တော်အလုပ်မှာဘာလုပ်ရမလဲ’’
အသစ်ရောက်လာသော ပညာတတ်လူရွယ်များက စိုးရိမ်သောကကင်းနေဆဲဖြစ်ကာ ပိုးကောင်များကို ဖယ်ရတာဘဲဖြစ်ဖြစ်၊ဒါမှမဟုတ် ချည်ခင်းများမှ အကိုင်းအခက်များရရှိစေရန်လုပ်ဆောင်ရပေသည်။သူလည်း ထိုသို့လုပ်နိုင်မည်ဟု တွေးလိုက်မိသည်။
ဟန်ရုံဖန် :‘‘မြေဩဇာလုပ်ဖို့ နွားချေးကို သွားယူလိုက်လေ၊ အဖွဲ့ဝင်ရဲ့အိမ်က စုဆောင်းနေတာ နှစ်တစ်ဝက်ကျော်နေပြီ၊ဆောင်းဦးရိတ်သိမ်းမှုပြီးရင် ဂျုံပင်တွေကိုစိုက်ဖို့နဲ့ ကောင်းကောင်းဖွံ့ဖြိုးစေဖို့ အတွက် ရှင်းလင်းအောင်လုပ်ထားရမယ်’’
ချီဖုန်းရှို့က ကြောင်အသွားကာ မတတ်နိုင်ဘဲ သူ့အသံကိုမြှင့်လိုက်မိသည်။
‘‘ကျွန်တော့်ကို နွားချေးကျုံးပြီး မြေဩဇာတူးခိုင်းနေတာလား’’
ဂုဏ်ကျက်သရေရှိတဲ့ ပညာတတ်လူငယ်ကို ခင်ဗျားအတွက် မစင်ကျုံးခိုင်းနေတာလား။
ဟန်ရုံဖန် သူ့အားတချက်ကြည့်လိုက်ကာ အေးစက်စွာမေးလိုက်၏။
‘‘ဘာလို့လဲ၊ မင်းမလုပ်ချင်ဘူးလား’’
ချီဖုန်းရှို့ နင်သွားကာ သူ့ဒေါသနှင့် မကျေနပ်မှုများကို ပြန်မြိုချလိုက်ရသည်။
‘‘စီစဉ်မှုအတိုင်းနာခံပါ့မယ်’’
သူကဘယ်လိုလုပ်ပြီး မပျော်မရွှင်ဖြစ်ရဲပါ့မလဲ။ဟန်ရုံဖန်ကဲ့သို့ ကိုယ့်ကိုကိုယ်မှန်သည်ဟု တစ်ထစ်ချခံယူထားသော ဤရွာ၏ ကေဒါသည် ရွာထဲတွင်သူ၏ ဩဇာကို လက်ခံလိုက်နာရမည်ဟု ယုံကြည်ထားသူဖြစ်သည်။အကယ်၍သာ သူသဘောမတူလိုက်ပါက သူ့ကိုယ်သူတွန်းလှန်နေလိုဘဲဖြစ်နေမှာဖြစ်သည်။
ဟန်ရုံဖန် သူ့အား စားစရာကိုယူကာ တွဲ၍အလုပ်လုပ်ရန် တစ်စုံတစ်ယောက်ကိုရှာဖို့ ပြောလိုက်၏။
ဤအချိန်တွင် ဟန်ရုံလုက အပြေးရောက်လာပြီး ကြင်နာစွာပြောလာလေသည်။
‘‘အိုးး ချီကျီချင် ညစာစားဖို့အတွက် ငါတို့အိမ်ကို လာလိုက်လေ’’
ဟန်ရုံဖန်က ဟန်ရုံလုအား တစ်ချက်ကြည့်လိုက်ကာ နှာခေါင်းရှူံ့လိုက်၏။
‘‘သူက လက်ထောက်ခေါင်းဆောင်လည်းဖြစ်သလို ဒုတိယအုပ်စုရဲ့ ကေဒါလည်းဟုတ်တယ်’’
ဟန်ရုံလုက ပြုံးကာမေးလာ၏။
‘‘အကို အဆင်ပြေရဲ့လား’’
ဟန်ရုံဖန်:‘‘မင်းတို့နှစ်ယောက်သာ ပျော်မယ်ဆိုရင် ဒါပေါ့၊ငါ့မှာ ဘာကန့်ကွက်စရာမှမရှိဘူး’’
ဟန်ရုံလုက ပျော်ရွှင်စွာပင် ချီဖုန်းရှို့အား သူ့အိမ်တွင် ညစာစားရန်အတွက် ခေါ်သွားလေသည်။
‘‘ချီကျီချင် မင်းငါ့အိမ်မှာ လာပြီးအိပ်ချင်လား၊ငါ့အိမ်က ခေါင်းဆောင်လင်းတို့အိမ်လောက် မကောင်းပေမယ့် အိမ်မှာလည်း အနွေးကုတင်ရှိတယ်၊အခန်းကလည်း တောင့်တင်းပါတယ်’’
ချီဖုန်းရှို့ :‘‘ခေါင်းဆောင်ဟန်နဲ့ လက်ထောက်ခေါင်းဆောင်ဟန်၊ တပ်မဟာက ပညာတတ်လူရွယ်တွေကို လေ့ကျင့်ပေးချင်တာပါ ၊ကျွန်တော်အဲ့ဒီမှာဘဲ အိပ်နိုင်ပါတယ်’’
သူသည်လည်း ပညာတတ်လူငယ်ပင်ဖြစ်သည်။ဘာကြောင့် ထိုနေရာတွင်မအိပ်နိုင်ရမှာလဲ၊ သူတစ်ယောက်တည်းခွဲနေရလည်း ကောင်းကောင်းနေနိုင်သည်ဆိုသည်ကို ရှန်ယွီအားသိစေချင်ပေသည်။သူတို့ရဲ့ အမှားတွေအတွက် အပြစ်ရှိသလိုခံစားရအောင်လုပ်မှာဖြစ်သည်။
Xxxxxxx