အပိုင်း ၆၂၇-၆၂၈
Viewers 36k

Part 627


မနက်ခင်းတွင် တင်းမာသောလေ့ကျင့်ခန်းနှင့် 

နေ့ဘက်တွင် အလုပ်လုပ်ကြရသည် အနည်းဆုံး‌တော့ လူငယ်များသည် သူတို့ဘာဘဲလုပ်နေပါစေ၊ အံကြိတ်လုပ်ကိုင်ကြသည်။ဤနည်းလမ်းဖြင့် လေ့ကျင့်ခန်းသာမက အလုပ်လုပ်နေစဉ်အတောတွင်းတွင် ဇီဇာကျယ်တတ်သော ဖန်းရှောင်တောင်မှ ရက်အနည်းငယ်ကြာသောအခါ လူထုနှင့်အတူ ကောက်ရိုးဦးထုပ်ကိုဆောင်းကာ လိုက်ပါနေနိုင်ပြီဖြစ်သည်။အရင်တုန်းက‌ဆို သူမအနေဖြင့် တွေးတောင်မတွေးရဲခဲ့ပေ။


တကယ်ဘဲ မနက်တိုင်းမှာ သူမ နေလောင်လို့ဖြစ်ပါ့မလား။


မည်သို့ပင်ဆိုကာမူ ချီဖုန်းရှို့ကတော့ ရွာထဲရှိအိမ်တိုင်းမှ တိရစ္ဆာန်မစင်များကို လိုက်ယူပြီး မြစ်ထဲတွင် နုန်းတူးနေရတာဖြင့် အလုပ်များနေပေသည်။ဤအလုပ်က ညစ်ပတ်ကာ ပင်ပန်းပြီး နံစော်နေပေသည်။ဒါက ပုံမှန်အားဖြင့် ရွာထဲတွင် အမှားလုပ်မိသူများအတွက် အလုပ်ဖြစ်သည်။


သူက အပင်ပန်းဆုံးနှင့် အညစ်ပတ်ဆုံးအလုပ်ကို လုပ်ရရုံသာမက ကောင်းကောင်းလည်းမစားရပေ။ထို့ကြောင့် အချိန်နဲ့အမျှသူဗိုက်ဆာနေလေသည်။ဟန်ရုံလုက သူ့ကိုသွားရန်ပြောလာ၏။ပေးကမ်းစွန့်ကြဲတာမျိုးအတွက်မဟုတ်ဘဲ ပညာတတ်လူငယ်တစ်ယောက်ဟူသော သူ၏ဂုဏ်ပုဒ်အတွက်ဖြစ်သည်။ ပညာတတ်လူငယ်များ၏ နေရာထိုင်ခင်းအတွက် တစ်ယွမ်စီပေးရသော ထောက်ပံ့ကြေးသည် လူငယ်များအားလုံးအတွက် တန်းတူဝေစုရှိကာ သူ့အတွက်လည်း အိမ်မှာရှိရမှာဖြစ်သည်။ ဝေစုမရှိသောအချိန်ဆိုလျှင် စားစရာတံဆိပ်ခေါင်းနှင့် ပိုက်‌ဆံအတွက် ထောက်ပံ့မှုရှိသည် ထိုအရာကလည်း အကျိုးအမြတ်တစ်ခုပင်ဖြစ်သည်။ထို့အပြင် သူက လင်းလန်အိမ်မှနှင်ထုတ်ခံရသော လူများကိုလည်း ခေါ်ယူထားပေသည်။သူ၏ စာနာရိုင်းပင်းမှုကိုပြကာ သူ့က ကြင်နာတတ်သောနှလုံးသားရှိသည်ကို ပြနိုင်မည်ဟု သူတွေးလိုက်မိသည်။


ချီဖုန်းရှို့က ပညာတတ်လူရွယ်များကို စိတ်မကျေမနပ်ဖြစ်စေခဲ့ကာ ခေါင်းဆောင်နှင့် ဟန်ရုံဖန်တို့က သူ့အားစကားပြောချင်စိတ်မရှိကြတော့ပေ။တစ်ခါတည်းမှာဘဲ သူက ဟန်ရုံလု၏ တွက်ချက်မှုများအောက် ရောက်သွားကာ ပြောပြစရာနည်းလမ်းရှိမနေပေ။


ကံကောင်းစွာဖြင့် ဟန်ရုံလုက အလွန်အကျွံမလုပ်ရဲသေးပေ။တစ်နေ့လျှင် ဆန်တစ်ကတ်တီဖြင့် သူ့ကို ကျွေးမွေးဖို့အမြဲရှိနေပေသည်။မဟုတ်လျှင် သူအလုပ်လုပ်ရန် စွမ်းအင်ရှိတော့မည်မဟုတ်ပေ။


ချွေးများရွှဲနေသော လူငယ်များကိုကြည့်ကာ ဟန်ချင်စုန့်က အေးစက်စက်အသံဖြင့် ပြောလိုက်၏။


‘‘ငါတို့တွေ ပြီးခဲ့တဲ့ နှစ်ရက်အတွင်း ကောင်းကောင်းလုပ်ခဲ့ကြတယ်၊ အဲ့လိုလုပ်ဆောင်မှုကို ဆက်ထိန်းသိမ်းထားပါ၊ တန်းဖြုတ်မယ်’’


သူတို့လေ့ကျင့်ရေးမှ ပြန်ရောက်လာသောအခါ လင်းလန်က ချက်ပြုတ်ကာ ရေလည်းကျိုပြီးသွားပြီဖြစ်ပြီး သူတို့အား ကြိုဆိုလာလေသည်။


‘‘အပြင်မှာအေးနေတာ၊ ဒီမှာရေနွေးလေးနဲ့ သုတ်လိုက်၊  ရေအေးနဲ့မဆေးလိုက်နဲ့’’


‌ဟန်ချင်စုန့်က ရေနွေးဇလုံတစ်ဝက်လောက်ယူကာ မိုင်စွေ့အား အရင်ဆေးကြောစေလိုက်ပြီးနောက်မှ သူနှင့် သူ့ကလေးများက အထဲဝင်ကာ ဆေးကြောလိုက်ကြသည်။


ဒီအချိန်တွင် ဟောင်‌ဟုန်ကျန်းနှင့် ဖန်းရှောင်တို့အတူရောက်လာကြလေသည်။


‘‘ခေါင်းဆောင်လင်း ပညာတတ်လူငယ်တွေအတွက်နေရာထိုင်ခင်းက ပြင်ဆင်ပြီးသွားပြီ၊ကျွန်တော်တို့ ဒီနေ့ဘဲတရားဝင်ပြောင်းသွားကြမှာပါ’’


ထွက်သွားရန် တွန့်ဆုတ်နေသော်လည်း ပြောင်းရမှာပင်ဖြစ်သည်။


ဖန်းရှောင်သည်လည်း သူ့ခြေလှမ်းများက လေးလံနေသည်ဟု ခံစားမိပေသည်။


ကျောက်မင်ကျယ် :‘‘ခေါင်းဆောင်လင်း ဧည့်ဝတ်ကျေပွန်မှုအတွက် ကျေးဇူးတင်ပါတယ်’’


ဒီနေရာတွင် တော်တော်ကြာနေပြီးသွားသောအခါ သူနှင့် တဝမ်တို့က ရင်းနှီးမှုတစ်ခုရှိလာကြ‌ပေသည်၊ အထူးသဖြင့် ချီဖုန်းရှို့ပြောင်းသွားပြီးနောက် သူတို့ကပိုပြီး တွဲဖက်ညီလာကြ၏။


လင်းလန် ပြုံးလိုက်ကာ ပြောလိုက်၏။

‘‘ငါဘာမှမလုပ်ပေးလိုက်ရပါဘူး၊ မင်းတို့လူငယ်တွေအချင်းချင်း ပြောင်းပြီးနေထိုင်ကြရင် ပိုအဆင်ပြေမှာပါ’’


စန်းဝမ် :‘‘ကျောက်မင်ကျယ် မင်းတို့ကိုတွေ့ဖို့ လာခဲ့မယ်’’


‘‘ကြိုဆိုပါတယ်၊ ကြိုဆိုပါတယ်’’


ကျောက်မင်ကျယ်က သူ့ခရီးဆောင်အိတ်ကို ထုပ်ပိုးနေရင်း ပြန်ပြောလိုက်၏။


အနောက်ဘက်အခန်းတွင် ဖန်းရှောင်က မျက်ရည်များဖြင့် သူ့ပစ္စည်းများကို ထုပ်ပိုးနေကာ သူမအကြိုက်ဆုံးခရင်မ်အား မိုင်စွေ့ကိုပေးလိုက်၏။


‘‘မိုင်စွေ့ နင်ငါ့ကိုတွေးမိတဲ့အခါကျရင် ဒါလေးကို ထုတ်ကြည့်နော်’’


မိုင်စွေ့ :‘‘。。。’’


‘‘အမဖန်း အမက လမ်းရဲ့တစ်ဖက်ကို ပြောင်းသွားမှာနော်၊ ညီမအိမ်နဲ့ မိနစ်အနည်းငယ်လောက်ဘဲဝေးတာ’’


ဖန်းရှောင်က အမှတ်တရအဖြစ် သူမအား ချန်သွားပေးမှရမည်ဟုဆိုသည်။


တဝမ်က သူ့မောင်နှမများကို ဦးဆောင်ကာ လူငယ်များအား သူတို့၏နေရာထိုင်ခင်းဆီသို့ပြောင်းရွှေ့ရန် ကူညီပေးလိုက်သည်။ထို့အပြင် ရှုတုန်းရှင်း၊ ဝူဝမ်ယီ၊ချီမင်နှင့် ရှန်ယွီတို့ကလည်း ပြောင်းရွှေ့ကြမှာဖြစ်သည်။


အမကြီးဟန်က အနည်းငယ်တုန့်ဆုတ်နေလေသည်။သူမက ချီမင်အား သူမ၏ကိုယ်ပိုင်အိမ်တွင်နေစေချင်ကာ ဟောင်ထျန်းကိုတော့ လူငယ်များ၏နေရာသို့ ပြောင်းစေချင်ပေသည်။သို့သော် သူမက စည်းမျဉ်းများကို မလိုက်နာပါက အရှုံးပေးလိုက်ရမှာဖြစ်သည်။


အမျိုးသမီးပညာတတ်လူငယ်ဟူ၍ အနည်းငယ်သာရှိကာ သူတို့က မီးဖိုရှိသော အခန်းတွင် နေထိုင်ကြမှာဖြစ်သည်။


သဘာဝကျစွာပင် ချီဖုန်းရှို့လည်း ပြောင်းလာခဲ့၏။သူက တမင်သက်သက်ပင် ရေမချိုးခဲ့ပေ။အဘယ်ကြောင့်ဆိုသော် သူက မစင်လိုက်ယူနေရသဖြင့် အနံ့နံနေသည်ကို ရှန်ယွီအား တချက်ပြချင်၍ဖြစ်သည်။သူ၏ဤအရှက်ရစရာကဖြစ်ရပ်က ဘယ်သူတွေကြောင့်ဖြစ်ခဲ့ရသည်ကို ရှန်ယွီအားသိစေချင်ပေသည်။


ရလဒ်အနေဖြင့် ရှုတုန်းရှင်းက အရင်ဦးစွာ သည်းမခံနိုင်တော့ဘဲ သူ့အားဆူငေါက်လာလေ၏။တကယ်လို့သူသာ သူတို့နှင့် အတူမအိပ်ရဘူးဆိုပါက သူဝင်လာကတည်းက သူ့အားကန်ထုတ်လိုက်ပြီဖြစ်သည်။


သူတို့အားလုံးတွင် တူညီသော အမုန်းတရားများရှိကြပေသည်။ချီဖုန်းရှို့က အရှက်မရှိပြုမူချင်သော်လည်း သူတို့က ဘာအမှားကိုမှမလုပ်ခဲ့ကြပေ။အဆုံးတွင် သူတို့က သူ့အား နေ့တိုင်းနေ့တိုင်းဆေးကြောရန်သာ ဖိအားပေးရလေသည်။


မျက်တောင်တစ်ခတ်အတွင်းမှာဘဲ ရှန်ရွေ့ရွာတွင် ဆောင်းရာသီရိတ်သိမ်းမှုက စတင်လာခဲ့ကာ အရာအားလုံးကို စပါးများရိတ်သိမ်းရန်အတွက် ရှင်းလင်းထားရပေမည်။ကျောင်းအားလပ်ရက်များတွင် ဆရာများက ကလေးများကို ဆောင်းရာသီရိတ်သိမ်းမှုတွင် ကူညီပေးကြရန် ဦးဆောင်ကြလေသည်။ဝါဒဖြန့်ချီမှုအသင်းကလည်း မနက်တိုင်းနှင့် ညနေတိုင်းတွင် စုရုံးပြင်ဆင်ကာ အကျဉ်းချုပ်ရန် ပြောင်းလဲလိုက်ကြသည်။ဟန်ချင်စုန့်က ထွက်ခွာရန်တောင်းဆိုပြီး အလုပ်မှတ်များကို ပြန်လာကာ စုဆောင်းရန်အခွင့်အရေးကိုယူလိုက်၏။


ရွာနှင့်ဝေးသောလယ်ကွယ်များ သို့မဟုတ် ရိတ်သိမ်းရန်ခက်ခဲသော လယ်ကွက်များ အတွက်ကိုမူ စုပေါင်းအလုပ်သမားများအ‌နေ ဖြင့် အားလုံးက လုပ်ဆောင်ကြမှာဖြစ်သည်။ထို‌‌သို့လုပ်ကြမည်‌ဖြစ်သောကြောင့် ထုတ်လုပ်ရေးအသင်းအနေဖြင့် အဖွဲ့ဝင်များရရှိရန် အလုပ်မှတ်များကို ပိုပြီးခွဲဝေပေးရကာ အလုပ်ပြီးစီးသည်နှင့် အလုပ်မှတ်များကို ရရှိမည်ဖြစ်သည်။


ဟန်ချင်စုန့်က ဤတာဝန်ကိုရယူသောအခါတိုင်းတွင် လူတိုင်းက မည်သည့်ကန့်ကွက်ချက်မှမရှိကြချေ။‌အိမ်နှင့် ဝေးသောနေရာဖြစ်တာကြောင့် သူကတဝမ်နှင့် အားဝမ်တို့ကို ‌မနက်စောစောတွင်  စပါးရိတ်သိမ်းရန်အတွက် ခေါ်သွားပြီး လင်းလန်ကတော့ ကျန်ကလေးများကိုခေါ်ကာ မနက်စာနှင့် နေ့လည်စာပို့ရန်အတွက် ပြင်ဆင်လေသည်။


မနက်ခင်းတွင် သူမက မနက်စာပို့ရန်အတွက် စန်းဝမ်နှင့် ရှောင်ဝမ်ညီအစ်ကိုနှစ်ယောက်ကို ခေါ်၍ စက်ဘီးနှင့်သွားလိုက်ပြီးနောက် အိမ်ပြန်ကာ ညစာအတွက်ပြင်ဆင်လိုက်၏။


ထို့နောက် သူမက လယ်ကွင်းများဆီသို့ မိုင်စွေ့နှင့်အတူ သွားလိုက်သည်။


Xxxxxxx

Part 628


လင်းလန်က ဒီတစ်နေ့အတွက် စားစရာများကို ထုပ်ပိုးလိုက်ကာ စက်ဘီးနောက်မှ ခြင်းထဲသို့ထည့်လိုက်၏။ ထမင်းများ‌မှောက်ကျမည်ကို စိုးရိမ်သောကြောင့် မိုင်စွေ့အားကိုင်ထားခိုင်းလိုက်သည်။မိုင်စွေ့က ကောက်ရိုးဦးထုပ်ကို ယူလိုက်ကာ ဆောင်းလိုက်ပြီး လင်းလန်ကိုလည်း ဆောင်းပေးလိုက်၏။သူတို့က အသားမညိုသွားနိုင်သော်လည်း နေလောင်သွားနိုင်ပေသည်။ဤဆောင်းရာသီအချိန်သည် နေ့ဘက်တွင် ကျားများက ခြောက်သွေ့ကာသေ‌တတ်ကြကာ ညဘက်တွင် လေအေးများက တဝှီးဝှီးတိုက်ခတ်တတ်သော ရာသီဖြစ်၏။ခရမ်းလွန်ရောင်ခြည်များက အလွန်ပြင်းထန်တာကြောင့် ထိုအရာများကို ဂရုတစိုက်ရှိရန်လိုအပ်၏။


သူတို့သားအမိနှစ်ယောက်သည် စက်ဘီးစီးရင်းဖြင့် လမ်းတစ်လျှောက် စကားပြောသွားကြလေသည်။ကောက်လျန်များက လူတစ်ရပ်ထက်တောင်ရှည်ကာ အစိမ်းရောင်ချည်ခင် ရွက်ဖျင်တဲကြီးကဲ့သို့ ထင်ရပေသည်။


လင်းလန်က ဘယ်သောအခါမှ သူမသမီးအား ပြောပြရန်မမေ့ပေ။


‘‘ဘယ်လောက်ဘဲလုံခြုံနေပါစေ၊ သမီးကိုယ့်ကိုကိုယ် အန္တရာယ်ထဲရောက်စေလို့မရဘူးနော်။ ဒီလိုနေရာမျိုးကို သမီးတို့ကလေးတွေ ကိုယ့်ဘာသာကိုယ်မလာသင့်ဘူး’’


မိုင်စွေ့က မပူတော့သောစွပ်ပြုတ်အိုးအား သေချာစွာကိုင်ထားလိုက်ကာ ကတိပေးလိုက်၏။


‘‘အမေ စိတ်မပူပါနဲ့၊ သမီးအဲ့ဒါကို ဂရုစိုက်ပါ့မယ်’’


လမ်းတစ်လျှောက်တွင် ပညာတတ်လူငယ်များ အလုပ်လုပ်နေသည်ကိုလည်း တွေ့ခဲ့ရကာ အခုချိန်တွင် ရှန်ယွီနှင့် အခြားယောက်ျားလေးများက  ကောက်လျန်များကို ရိတ်သိမ်းရန် ကူညီပေးနေကြ၏။ဖန်းရှောင်နှင့် အခြားမိန်းကလေးများကမူ  ကလေးများကိုဦးဆောင်ကာ ဝါဂွမ်းကောက်ရန်သွားကြ၏။လူတိုင်းက အနည်းဆုံးအနေဖြင့် တ‌စ်နေ့တွင် အလုပ်မှတ်ငါးမှတ်စီရကြ၏။ပိုများလျှင် ခုနှစ်မှတ်အထိဖြစ်သည် ထိုအရာက အလွန်ကြီးမားသော တိုးတက်မှုပင်ဖြစ်သည်။


ဒါက သဘာဝအားဖြင့် ဟန်ချင်စုန့် သူတို့ကို လေ့ကျင့်ပေးထားခြင်း၏ ရလဒ်ဖြစ်သည်။တကယ်လို့ သူတို့တွင်သာ သည်းခံနိုင်စွမ်းကိုလေ့ကျင့်သောအတန်းမရှိခဲ့ပါက ဒီလိုနေပူပူအောက်တွင် မနက်မှညအထိ မြေကြီးပေါ်တွက် သံမှိုစိုက်ထားသလိုနေရမည်ကို အသာထား၊ နှစ်နာရီလောက်ကိုတောင် သည်းခံနိုင်ကြမည်မဟုတ်ပေ။အခုချိန်တွင်မူ သူတို့က အဖွဲ့ဝင်များနှင့်အတူ အဆက်မပြတ်လုပ်ဆောင်နေနိုင်ကြ၏။ဟန်ရုံဖန်နှင့် ခေါင်းဆောင်တို့က အလွန်စိတ်ကျေနပ်သွားကြကာ တစ်ခါတစ်လေတွင် သူတို့အားချီးမြှောက်ကြ၏။


အမေနှင့်သမီးက စကားပြောလိုက်၊ရယ်မောလိုက်နှင့် လမ်းတစ်လျှောက်လုံးတွင် ပျင်းစရာမကောင်းနေဘဲ သူတို့မသိဘဲနှင့် မြေပြင်ဆီသို့ရောက်သွားကြလေသည်။နှစ်ယောက်သား စားစရာများကိုထုတ်ယူလိုက်ကြကာ မိုင်စွေ့က အော်ပြောလိုက်လေသည်။


‘‘ထမင်းစားကြမယ်’’


မကြာခင်မှာဘဲ စန်းဝမ်ဆီမှ ကျယ်ကျယ်လောင်လောင် တုန့်ပြန်မှုကို ကြားလိုက်ရ၏။


‘‘ထမင်းစားကြမယ်တဲ့ဟေ့’’


လင်းလန်က လယ်ကွက်ဆီသို့သွားက တစ်ချက်ကြည့်လိုက်သည်။ဟန်ချင်စုန့်က လမ်းကြောင်းအား သေးငယ်သော သံထွန်ခြစ်တစ်ခုဖြင့် ရှင်းလင်းနေ၏။ဤသို့မှသာ အဝင်အထွက်ပြုလုပ်ရန် လွယ်ကူကာ ထယ်ကြောင်းတစ်လျှောက်သွားနေစရာမလိုတော့မှာ‌ဖြစ်သည်။ထယ်ကြောင်းတစ်လျှောက်သွားနေရပါက ကောက်လျန်ပင်၏ အရွက်များကို ပွတ်တိုက်မိနိုင်ကာ ထိုအရာများက သူ့အားနာကျင်စေနိုင်ပေသည်။


တဝမ်က သူ့ညီများကို ဦးဆောင်ကာ ကောက်လျန်များ၏ အစေ့များပြည့်နေသော ပင်စည်အပိုင်းကို ဖြတ်ရန်လုပ်လိုက်သည်။ရှည်လျားသော ကောင်းလျန်များသည် ရင့်မှည့်လာသောအခါ အောက်သို့ကိုင်းညွတ်လာပေသည်။စန်းဝမ်က ထိုထိပ်ဖျားကိုမှီရန် ခြေဖျားထောက်လိုက်ကာ ဓားတစ်ချောင်းဖြင့် ဖြတ်လိုက်၏။ရှောင်ဝမ်ကမူ မြေကြီးပေါ်တွင်ပြန့်ကျဲနေသော ကောက်လျန်များ၏ အစေ့အဆံများကို ကောက်ယူရန် တာဝန်ယူလိုက်သည်။


ဟန်ချင်စုန့်က လမ်းကြောင်းငယ်ကို ဖော်ထုတ်ပြီးပြီဖြစ်တာကြောင့် သူတို့က အခြားသူများလို ကျောတွင်သယ်နေစရာမလိုဘဲ အပြုံလိုက်ပစ်ထုတ်ထားလိုက်ရုံဘဲဖြစ်သည်။သူတို့က ဘီးတပ်တွန်းလှည်းကိုလည်း ငှားလာကြကာ တိုက်ရိုက်ပင် ဂျုံနှံစားပင်များ၏ အစေ့အဆံများကို မြေကြီးပေါ်သို့ တွန်းပုံထားလိုက်၏။ထို့နောက် ထုတ်လုပ်ရေးအသင်း၏ လားများဖြင့် လှည်းများ‌က လယ်ကွင်းထဲတွင် လှည့်ပတ်ကာ ဂျုံနှံစားပင်များ၏အစေ့အဆံများကို ‌ဆွဲယူသွားကြမှာဖြစ်သည်။


လင်းလန်က သူတို့ကိုမြင်သောအခါ လက်ရမ်းပြလိုက်၏။


‘‘ယောက်ျားး၊ ကလေးတွေရေ လက်ဆေးပြီး လာစားကြတော့’’


ဟန်ချင်စုန့်နှင့် ကလေးများက တစ်ယောက်ပြီးတစ်ယောက် စက်လုံးခြမ်းပုံစံ တဲများမှ ထွက်လာခဲ့ကြသည်။


တဝမ်နှင့် အားဝမ်တို့က စွပ်ကျယ်များကို ဝတ်ဆင်ထားကြကာ စန်းဝမ်နှင့်ရှောင်ဝမ်တို့ကမူ  ဘောင်းဘီရှည်နှင့် လက်ရှည်များကို ဝတ်ထားကြ၏။ဟန်ချင်စုန့်က စစ်စွပ်ကျယ်ကိုဝတ်ထားကာ သန်မာပြီးလှပသော လက်မောင်းများကိုပြ‌သနေ၏။ကောင်းမွန်စွာအချိုးကျနေသော ကြွက်သားများနှင့် သူက ချွေးများဖြင့် ရွှဲသွားသောအခါ အလွန်ပင်လိုက်ဖက်နေလေသည်။သူက ရေပုံးကိုယူကာ သိပ်မဝေးသောရေတွင်းကြီးဆီသွားကာ ရေတစ်ပုံးလောက်ဆွဲလာခဲ့ပြီး မြေကြီးပေါ်တွင် ကလေးများကို အရင်ဆေးကြောစေလိုက်သည်။


လင်းလန်က သူမ၏လက်ကိုင်ပုဝါကို ရေစိမ်လိုက်ကာ ညစ်လိုက်ပြီး ဟန်ချင်စုန့်၏ နောက်ကျောကို ကူသုတ်ပေးလိုက်သည်။သူမစွပ်ကျယ်ကိုမလိုက်သောအခါ မတတ်နိုင်ဘဲရီလိုက်မိသည်။ဟန်ချင်စုန့်က အလုပ်လုပ်ရန်စွပ်ကျယ်ဝတ်ထားပေသည်။ကျဆင်းလာသော ခရမ်းလွန်ရောင်ခြည်များက အလွန်ပြင်းထန်ကာ  သူဖော်ပြထားသော အသားအရေက မည်းမှောင်ကာ ပျားရည်အရောင်ဖြစ်နေပြီး စွပ်ကျယ်အောက်မှ အသားအရေကမူ အလွန်ဖြူစွတ်နေ၏။ရလဒ်အနေဖြင့် သူက စစ်စွပ်ကျယ်အောက်တွင် အဖြူရောင်စွပ်ကျယ်တစ်ခုဝတ်ထားသလိုဖြစ်နေကာ သူမကြည့်လိုက်မိသောအခါတိုင်း ရယ်နေမိလေသည်။


သူမရယ်မောလိုက်သောအခါတိုင်း သူမလက်များက လှုပ်‌လာပြီး သူ၏ကျောကုန်းအား ကုတ်ခြစ်နေသလိုပင်ဖြစ်ကာ သူ့နှလုံးသားအား ယားယံလာစေလေ၏။သူနောက်လှည့်လိုက်ပြီး သူမလက်ထဲမှ ပုဝါကိုယူလိုက်ရင်း သူမမျက်နှာကိုထိလိုက်ကာ ခေါင်းငုံ့လိုက်ပြီး သူမနဖူးကိုနမ်းလိုက်သည်။ထို့နောက် သူ့ရင်ဘတ်ပေါ်မှ ချွေးများကို ပုဝါဖြင့်သုတ်လိုက်၏။


လင်းလန်က အနည်းငယ်ရှက်ရွံ့သွားကာ အလျင်အမြန်ပင် နေ့လည်စာအတွက် သွားပြင်ဆင်လိုက်၏။သူတို့က ကြမ်းပြင်ပေါ်တွင် ဖျာတစ်ချပ်ခင်းလိုက်ကာ နေ့လည်စာဘူးများ၊ကြွေပန်းကန်လုံးများ၊ လက်ဖက်ရည်မတ်ခွက်များ၊ ပန်းကန်ခွက်ယောက်များနှင့် တူများကို ထိုဖျာပေါ်တွင်ထားလိုက်၏။သူမပြင်ဆင်လာသော အစားအစာများက အလွန်အီစိမ့်နေကာ ပန်ကိတ်ပေါင်းများ၊ ကြက်ဥလိပ်များ၊ ခရမ်းချိုသီးစတူးတို့ကို မီဆိုဟင်းရည်(ရေညှိဟင်းရည်)၊ သခွားသီး၊ ဆားရည်စိမ်ဟင်းသီးဟင်းရွက်မျိုးစုံ၊ဝက်ဆီ ပဲတောင့်ရှည်များနှင့်၊ ဝက်မြှီးပဲငံပြာရည်ချက်တို့ဖြစ်ကာ နောက်ဆုံးတွင် ခရမ်းချဉ်သီးစည်သွပ်ဘူးတစ်ခုနှင့် ကြက်ဥစွပ်ပြုတ်တို့ဖြစ်သည်။လမ်းတစ်လျှောက်တွင် မှောက်ကျသွားမည်ကို စိုးရိမ်တာကြောင့် သူမဤအရာများကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ထိုအချိန်တုန်းက စွပ်ပြုတ်က ဒီလောက်အများကြီးမဟုတ်သေးပေ။အခုတွင် သူမက စွပ်ပြုတ်ထဲ ရေနွေးလောင်းထည့်လိုက်ကာ သောက်လိုက်ရုံပင်ဖြစ်သည်။


ဟန်ချင်စုန့်နှင့် ကလေးများက အလုပ်ကြိုးစားကြကာ တစ်ယောက်ချင်းစီက အထူးတလည်ပင် စားသောက်ခြင်း၌ကောင်းမွန်ကြ၏။နေ့တိုင်းနေ့တိုင်းတွင် လင်းလန်က တတ်နိုင်သလောက် စားစရာအများအပြားကို ပြင်ဆင်ပေးလေ့ရှိ‌ပေသည်။


Xxxxxxxx