အပိုင်း ၆၂၉-၆၃၀
Viewers 37k

Part 629


ဟန်ချင်စုန့်က ကလေးများအား ကိတ်နှင့် ကြက်ဥများကို စားစေလိုက်ကာ သူက နှစ်မျိုးစပ်ခေါက်ဆွဲကိတ်များကို စားလိုက်၏။လင်းလန်က သူအသီးအရွက်များယူရသည်ကို မကြိုက်သည်အား တွေ့လိုက်သောအခါ အကြမ်းထည်ဖြစ်နေသော ကြွေဇလုံအား သူ့ရှေ့တွင်ချပေးလိုက်၏။သူမစားသည့်အရာများကို သူစား‌ရန်ပါ ယူပေးလိုက်သည်။ဒီလိုမှသာ သူကအကုန်စားလိုက်နိုင်မှာဖြစ်သည်။


နေ့လယ်စာစားကြပြီးနောက် မိုင်စွေ့က သန့်ရှင်းနေသော ခရမ်းချဉ်သီးများကို ထုတ်ကာ တစ်ယောက်ပြီးတစ်ယောက်စားစေလိုက်၏။


လင်းလန်က ဟန်ချင်စုန့်အား တိုးတိတ်စွာမေးလိုက်လေသည်။


‘‘အစ်ကို ဘာလို့နိုင်ငံခြားတည်သီးတွေကိုမစားတာလဲ၊ ကျွန်မတို့ဘာသာစိုက်ထားတာလေ၊ပြီးတော့ တည်သီးတွေကချိုတယ်’’


ဟန်ချင်စုန့် :‘‘ချိုလား’’


လင်းလန်:‘‘ချိုတယ်’’


သူကလင်းလန်ဆီမှ ယူလိုက်ကာ တစ်ကိုက်ကိုက်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။


‘‘အတော်လေးချိုတာဘဲ’’


လင်းလန် နောက်တစ်လုံးကိုထပ်ယူလိုက်၏။ဟန်ချင်စုန့်က အသီးအနှံစားရတာကို မကြိုက်ဘူးဆိုတာ သူမသိလိုက်ရသည်။သူကလေးဘဝတုန်းက အိမ်မှာ အသီးအနှံတွေမစားခဲ့ဘူးလားဆိုသည်ကို သူမသိချင်မိပေသည်။စစ်တပ်ထဲဝင်သွားပြီးနောက် သူက အသီးအနှံတွေအပြင်းအထန်စားဖို့ကို တင်းတင်းကြပ်ကြပ်လုပ်ခံခဲ့ရလို့လား ။သူမ၏ကိုယ်ပိုင်အတွေးများကြောင့် ကလိကလိဖြစ်ကာ ရယ်လိုက်မိသည်။


စန်းဝမ် :‘‘မားမားဘာကိုရယ်နေတာလဲ’’


ရှောင်ဝမ် :‘‘ဘယ်သူစကားပြောလိုက်တာလဲ’’


စန်းဝမ်:‘‘ရှောင်ဝမ်တိတိရေ ‌မနှောင့်ယှက်နဲ့ကွာ’’


ရှောင်ဝမ် :‘‘အိုး တတိယအကိုဘဲ အကိုဒီကိုရောက်လာတာမသိလိုက်ဘူး တတိယအကိုက တဖြည်းဖြည်းပိုပြီး အသားမဲလာတော့တာဘဲ ဟားဟား’’


စန်းဝမ် :‘‘。。。ရှောင်ဝမ်တိတိကရော ဘာလို့အရမ်းပိန်နေရတာလဲ’’


ရှောင်ဝမ် :‘‘ဘာလို့လဲဆိုတော့ သားကအကို့ရဲ့ညီမို့လိုလေ’’


မိသားစုတစ်ခုလုံးက သူတို့ကြောင့်ထပ်ပြီး ရယ်မောလိုက်ရလေသည်။မိုင်စွေ့ဆိုလျှင် အားဝမ်ပေါ်သို့ ခရမ်းချဉ်သီးအရည်များကို ‌ဖြန်းပေးလုနီးပါဖြစ်သွား၏။ သူကအလျင်အမြန်ဘဲ ထိန်းလိုက်ကာ သူမအားလက်ကိုင်ပဝါတစ်ခုပေးလိုက်သည်။


လင်းလန်က ရယ်ရလွန်းလို့ အားလျော့သွားကာ ဟန်ချင်စုန့်ကိုမှီလိုက်ပြီး စန်းဝမ်အား ‌သူနခြေထောက်ဖြင့် ပုတ်လိုက်သည်။


‘‘သားကဘာလို့ ညီလေးကို မကောင်းသလိုပြောရတာလဲ’’


ဟန်ချင်စုန့် သူမခါးကိုဖက်လိုက်ကာ သူလက်မဖြင့် သူမခြေထောက်အား အသာအယာပွတ်သပ်လိုက်၏။


စန်းဝမ် :‘‘မားမားက သားမှားတယ်လို့ပြောပေမယ့် သားကလူကောင်းပါ၊ ဘာလို့ သားညီလေးကို မကောင်းတာပြောရမှာလဲ ။မားမားလည်း တွေ့ရဲ့သားနဲ့ သားကညီလေး မဆိုးသွားဖို့ ဘယ်လိုတောင် အနစ်နာခံပြီး ထိန်းသိမ်းထားပေးရလဲဆိုတာ။သားက ဖိုးဖိုးနေမင်းကိုတောင် အသားအရေဖော်ပြထားပေးလိုက်သေးတာ၊သားတစ်ယောက်တည်းနော် ’’


သူက သူ့ဖင်မှ လွဲ၍တကိုယ်လုံးပေါ်မှ အသားအရေမည်းမည်းကို ညွန်ပြလိုက်သည်။


အမည်းရောင်ပူတင်းဆိုသည်မှာ ဘာမှမဟုတ်တာကို ခေါ်ခြင်းမဟုတ်ပေ။သို့သော် သူ၏အမည်းရောင်အသားအရေက နူးညံ့ပြီးရင်းနူးညံ့နေကာ လူတွေကို မပုတ်မိဘဲမနေနိုင်အောင်လုပ်နေပေသည်။


အားဝမ်က ပြုံးလိုက်၏။


‘‘ဒါဆိုရင်လည်း ရှောင်ဝမ်ကို မင်းကိုကျောပိုးပေးဖို့ပြောတာက သူ့ကိုနေ‌ပူဒဏ်က ကာကွယ်ပေးချင်လို့လား’’


စန်းဝမ်က ရယ်လိုက်၏။

‘‘ဒုတိယအကိုကတော့ အမှန်တရားကိုသိနေတော့တာဘဲ’’


မိုင်စွေ့က ချက်ချင်းပင် သူ့ကျောပေါ်မှာမှီလိုက်၏။


‘‘သွားအိမ်ပြန်‌တော့ ၊ ငါ့ကိုသယ်သွားပေးလေ ငါနင့်အတွက် နေပူဒဏ်ကာပေးမယ်’’


သူတို့က အလွန်ကျယ်ကျယ်လောင်လောင်ပင် ရယ်မောလိုက်ကြသည်မှာ ကောင်းကင်တွင်ပျံသန်းနေသော ငှက်များကိုတောင် လမ်းကြောင်းလွဲသွားစေ၏။


လင်းလန်က ပြုံးလိုက်ကာ သူမဗိုက်ကိုပွတ်လိုက်၏။


‘ဗိုက်လေးနေပြီဆိုတော့ ကျွန်မခနအနားယူလို့ရပြီ’’


နာရီဝက်လောက်ဆိုလျှင်ပင် အလုပ်ဖြစ်၏။ဒီလိုမှမဟုတ်လျှင် နေ့လယ်ခင်းတွင်‌အိပ်ငိုက်သွားပြီးနောက် အလုပ်တွင်ပင်ပန်းရန်ပိုလွယ်သွားမှာဖြစ်သည်


တဝမ်နှင့် အားဝမ်တို့က ကောက်ရိုးတချို့ကို ဖြန့်ချလိုက်သည်။ဒီလိုဆိုလျှင် သူတို့ကောက်ရိုးပေါ်တွင်လှဲကာ တစ်ရေးအိပ်နိုင်မည်ဖြစ်သည်။


ဒီလိုအချိန်မျိုးတွင် ဆောင်းဦးရာသီ၏ အပူချိန်မြင့်မား‌သောကာလဖြစ်ပြီး လေများက အေးမြနေကာ လယ်ကွင်းထဲမှ လမ်းကြောင်းငယ်များကို တောင်မှမြောက်သို့ ဖြတ်တိုက်လာသော လေများက အလွန်အေးမြပေသည်။ဘေးတစ်ဖက်တစ်ချက်ဆီတွင် အစိမ်းရောင် ပိတ်သားတဲများရှိကာ  ခေါင်းပေါ်တွင်သာ ကောင်းကင်ကိုမြင်ရသော မျဉ်းတစ်ကြောင်းကိုဆွဲထားသလိုရှိနေပြီး ကောင်းကင်ပေါ်တွင် ငှက်ကြီးများက ပျံဝဲနေသည်ကို တွေ့ရပေသည်။


စန်းဝမ်က ဘယ်တော့မှ တစ်ရေးမအိပ်တတ်ပေ။ထို့ကြောင့် သူက ရှောင်ဝမ်အားခေါ်ကာ နှံကောင်ဖမ်းရန်သွားလိုက်ကြ၏။ယခုလိုအချိန်မျိုးတွင် ဘာကြောင့်လဲမသိသော်လည်း နှံကောင်များကအလွန်ဝဖြီးနေတတ်ပေသည်။


အစိမ်းရောင်ဖြစ်ကာ ရှည်လျားပြီး မိုက်မဲတုံးအသော အကောင်မျိုးကို လက်တချက်လှုပ်လိုက်ရုံဖြင့် ဖမ်းလို့ရပြီး ခေါင်းသေးသေးဖြင့် ခေါင်းပြားကာ မီးခိုးရောင်သန်းနေသော အကောင်မျိုးကတော့ လှည့်စားတတ်၏။ 


သို့သော် စန်းဝမ်က အလွန်တော်ကာ အမြဲတမ်းတစ်ကောင်ပြီးတစ်ကောင် ဖမ်းနိုင်၏။သူက နှံကောင်ဖမ်းဖို့ကို တာဝန်ယူလိုက်ကာ ရှောင်ဝမ်ကတော့ ခွေးမြှီးမြက်ဖြင့် ကြိုးလုပ်၍ တစ်ခနလောက်ချည်ထားရန် တာဝန်ယူလိုက်သည်။သူအိမ်ပြန်သောအခါ ကြိုးရှည်ရှည်အနည်းငယ်လောက်ကို ချည်လိုက်၏။ ဒါကိုအိမ်ယူသွားပြီး ကင်ဘဲစားစား၊ ကြော်ဘဲစားစား ကလေးတွေကြိုက်မှာဖြစ်သည်။


လင်းလန်က ဟန်ချင်စုန့်ဘေးတွင်လှဲလိုက်သည်။သူက သူ့ဝတ်ရုံအား သူတို့နှစ်ယောက်ခေါင်းပေါ်တွင် ဖုံးကာရန် တင်လိုက်ကာ သူမခဏလောက်အိပ်ပျော်စေရန် သူ့လက်ကြီးများဖြင့် နှစ်ခါလောက်ပုတ်ပေးလိုက်၏။သူ၏ကိုယ်က အံ့အားသင့်လောက်အောင် ပူနွေးနေကာ ဆွဲဆောင်မှုကောင်းသော ကြွက်သားတည်ဆောက်ပုံရှိလေသည်၊ အထူးသဖြင့် ကောင်းလျန်များနှင့် အခြားအပင်များရောနှောနေသော သူ့ကိုယ်ပေါ်မှ ရနံ့ပင်ဖြစ်သည်။လင်းလန်က တိတ်တဆိတ်ပင် သူ၏မျက်တောင်ရှည်များ၊နှာခေါင်းရှည်ရှည်နှင့် အတော်အသင့်ထူထဲသော နှုတ်ခမ်းများကိုကြည့်နေလိုက်သည်။ သူမနားထဲတွင် လေတဝှီးဝှီးတိုက်နေသံများ မြက်ခင်းများမှ ပိုးကောင်အော်သံများနှင့် ဟန်ချင်စုန့်၏ ညီမျှကာ ရှည်လျားသော အသက်ရှူသံများကိုကြားနေရသည်။ဤအရာအားလုံးရောယှက်သွားပြီး လှပသော ဂီတသံကိုထုတ်လွှတ်ပေးနေသလိုဖြစ်ကာ သူမပင်မသိလိုက်ဘဲ အိပ်ပျော်သွားလေသည်။


နာရီဝက်လောက်ကြာပြီးသောအခါ သူတို့တစ်ယောက်ပြီးတစ်ယောက် နိုးလာခဲ့ကြလေသည်။ထို့နောက် လင်းလန်နှင့် မိုင်စွေ့တို့က ကောက်လျန်အစေ့များကို ပင်စည်အိမ်ထဲမှ ကလော်ထုတ်ရန် ကူညီလိုက်ကြသည်။


ဟန်ချင်စုန့် :‘‘လယ်ကွင်းထဲမှာက ပျင်းဖို့ကောင်းတယ်၊ အိမ်ပြန်တော့လေ ညကျရင်စားစရာလာပို့စရာမလိုဘူးနော်။ကိုယ်‌တို့ အိမ်ပြန်လာပြီစားစရာလည်းလိုမှာမဟုတ်ဘူး’’


သူတို့ ဆာလောင်မှုကို ခုခံရန်အတွက် နေ့လယ်ခင်းတွင် အများကြီးစားထားပြီးသားဖြစ်သည်။


လင်းလန် သဘောမတူလိုက်ပေ။


‘‘ကျွန်မတို့ အိမ်ပြန်ရောက်ရင် အဆင်ပြေသွားမှာပါ၊ ညနေကျရင် အတူထပ်လာခဲ့မယ်လေ’’


သူမက ဖောင်းကြွဂျက်ကတ်ကို ချုပ်ထားပြီးပြီဖြစ်သည်။သူမက လယ်လည်းမစိုက်ရသလို ဝက်လည်းမမွေးထားပေ။ထို့ကြောင့် အိမ်တွင် လုပ်စရာအလုပ်သိပ်မရှိပေ။


Xxxxxxx

Part 630


နေ့လယ်ခင်းတွင် တစ်မိသားစုလုံးက အတူတူအလုပ်လုပ်လိုက်ကြသည်။ရှောင်ဝမ်ကလည်း လူတိုင်းတူတူဆိုနိုင်ရန်အတွက် သံစဉ်တစ်ခုဆိုပေးလေသည်။


‘‘အဖေ၊အကိုကြီး နှစ်ယောက်သားဘာလို့ သီချင်းမဆိုကြတာလဲ’’


စန်းဝမ်က ပြေးလာကာ သူ့အသံကိုမြှင့်လိုက်ပြီး သူတို့နှစ်ယောက်ကို သတိပေးရန်လည်းမမေ့ပေ။

‌‌

ရှောင်ဝမ်: ‘‘တတိယအကို သံစဉ်က အကို့ကြောင့် ရွဲ့စောင်းသွားပြီ ဟားဟားဟား’’


စန်းဝမ် :‘‘တကယ်လား ငါက ငါကောင်းကောင်းဆိုနိုင်တယ်ထင်နေတာ မားမားလိုဘဲလေ’’


မိုင်စွေ့ :‘‘အကိုကြီးကတောင် နင် Nanni bayအသံလိုပြောင်းဆိုလိုက်တာ သိတယ်’’

(Nanni bayသီချင်းထဲက အဆိုတော်အသံလိုပါ)


တဝမ် :‘。。。ငါဘာမှမကြားဘူး’


စန်းဝမ်က အားဝမ်ကို မေးလိုက်၏။

‘‘ဒုတိယအစ်ကို အဲ့ဒါကအတူတူဘဲ မဟုတ်ဘူးလား’’


အားဝမ် ရယ်လိုက်မိ၏။

‘‘မင်းဘာကို ပြောချင်တာလဲ’’


‘‘ကျွန်တော်က တူတူဘဲလို့ပြောတာလေ ဟားဟားဟား’’


ညနေခင်းတွင် ထုတ်လုပ်ရေးအသင်းက ကောက်လျန်အစေ့များကို လှည်းများဖြင့် လာတိုက်ယူသွားကြမှာဖြစ်သည်။ဟန်ချင်စုန့်က အစေ့များကို လှည်းပေါ်တင်ရန် ကူညီပေးလိုက်ပြီးနောက် တစ်မိသားစုလုံး အတူတူပြန်သွားကြလေသည်။


ရွာထဲသို့ဝင်လာသောအခါ လျိုကွေ့ဖာနှင့် ပြည်သူ့စစ်ဝန်ထမ်းက အဖွဲ့ဝင်များ၏ အိတ်ကပ်များကို စစ်ဆေးကာ တစ်ယောက်ယောက်များ စားစရာတွေဖွက်ထားလာဆိုသည်ကို ရှာဖွေကြ၏။ထို့နောက်မှ အိမ်ပြန်ကြရလေသည်။ဤအရာသည် စပါးရိတ်သိမ်းချိန် အလုပ်များသော ကာလအပိုင်းအခြားတွင် လုပ်လေ့ရှိသော အလေ့အကျင့်ပင်ဖြစ်သည်။


ရှန်ရွေ့ရွာ၏ ရွာသားအများစုသည် ဟန်ချင်စုန့်၏ လေ့ကျင့်ခြင်းကို ခံထားရသူများဖြစ်ကာ အလွန်စည်းကမ်းရှိကြ၏။အကယ်၍သူတို့တွင်သာ စားစရာအလုံအလောက်မရှိပါက တပ်မဟာမှချေးငှားကြကာ ဘယ်သောအခါမခိုးဝှက်ကြပေ။အကယ်၍ သူတို့ခိုးဝှက်သည်ကို သိသွားပါက တပ်မဟာတစ်ခုလုံးက အစည်းအဝေးလုပ်ကာ ဝေဖန်အကဲဖြတ်ပြီး အလုပ်မှတ်များကို လျော့ချလိုက်မှာဖြစ်သည်။ထိုသူတို့အလုပ်လုပ်သောအခါတွင်လည်း အခြားသူများကို သူတို့အား စိုက်ကြည့်နေရန် စီစဉ်ထားကြလေသည်။ထိုအရာက ရှက်ရွံ့ဖွယ်ဖြစ်ကာ အင်မတန်မှ ရှက်စရာကောင်းပေ၏။


အချို့သော တပ်မဟာများတွင်မူ ဒီလိုစည်းမျဉ်းများမရှိကြပေ။အလုပ်များသည့် ရာသီသို့ရောက်လာသောအခါ ပြည်သူ့စစ်ဝန်ထမ်းအများအပြားကို စောင့်ကြည့်ရန် စီစဉ်ထားကြပြီး လူများက လယ်ကွင်းထဲတွင် ခိုးဝှက်မည်ကို သတိထားခိုင်းကြကာ ဆောင်းဦးရိတ်သိမ်းမှုအတွင်းတွင်လည်း အိမ်များမှ ခိုးယူမည်ကို စောင့်ကြည့်နေကြမှာဖြစ်သည်။ခိုးဝှက်သည့် သူများကိုဖမ်းဖိသွားပါက သူတို့ကို ဝေဖန်အပြစ်ဆိုကြမှာဖြစ်သည်။


သူတို့အိမ်ရောက်ရောက်ချင်းပင် လင်းမိန်က တံခါးနားတွင် စောင့်နေသည်ကို တွေ့လိုက်ရလေသည်။


‘‘တတိယအဒေါ်’’ 


ကလေးများသည် လင်းမိန်ကိုတွေ့သောအခါ အလွန်ပျော်သွားကြပြီး သူမဆီအပြေးသွားလိုက်ကြသည်။


လင်းမိန်က ရှောင်ဝမ်ကိုဖက်လိုက်ကာ စန်းဝမ်ခေါင်းကို ထပ်ထိလိုက်ပြန်သည်။


‘‘အိုးး စန်းဝမ်လေး ဘာဖြစ်နေတာလဲ၊ မင်း အမည်းရောင်အဆီကိုများ လိမ်းထားတာလား၊ငါသူ့ကို နွေရာသီတစ်ခုလောက်ဘဲမတွေ့ရသေးတာပါ၊ ဘာလို့ဒီလောက်တောင် မည်းသွားရတာလဲ။ ဘုရားမလို့သာဘဲ၊ သားဘယ်လောက်ဘဲမည်းနေပါစေ၊ တတိယအဒေါ်က သားကိုမြင်ရတုန်းဘဲ’’


ရှောင်ဝမ်က ပြုံးလိုက်၏  :‘‘တတိယအဒေါ်  အစ်ကိုက သားကိုအရိပ်ပေးဖို့အတွက် အသားညိုအောင်နေပူဆာလှုံနေတာပါ’’


ကလေးများက တစ်ယောက်ပြီးတစ်ယောက်ရှေ့ထွက်လာက လင်းမိန်ကိုနှုတ်ဆက်လိုက်ကြပြီး မိသားစုအားအဆင်ပြေမပြေမေးကာ လင်းမိန်အား အိမ်ထဲကို ခေါ်လိုက်ကြသည်။


လင်းမိန်:‘‘ဒါက ဆောင်းဦးရိတ်သိမ်းမှုမလား ငါယန်ယန်ကို ပြန်ပို့လိုက်ပြီး လမ်းကြုံတာနဲ့ ငါနင့်အတွက် အဆင့်နိမ့်သိုးမွေးထည် ချည်ခင်တွေကို ယူခဲ့ပေးတာ၊နင်ဆွယ်တာ ထိုးပြီး ဝတ်လို့ရတယ်လေ’’


လင်းမိန်တို့၏တပ်မဟာထဲတွင် သိုးမွှေးအထည်အလိပ်စက်ရုံနယ်ပယ်နှင့်ဆိုင်သော ညွှန်မှူးကိုသိသည့် လူငယ်တစ်ယောက်ရှိသည်ဟု လင်းလန်ကို ပြောပြဖူးပေသည်။ထို့ကြောင့်သူမက သိုးမွှေးထိုးသည့် အဖွဲ့တစ်ခုထပ်တိုးချင်နေတာဖြစ်သည်။သူမ ဘယ်လောက်ဘဲ လုပ်နိုင်ပါစေ၊ ‌ပိုက်ဆံရှာနိုင်ပါက သိုးမွှေးကားတစ်စီးစာ‌လောက်ကို ဆွယ်တာထိုးနိုင်ကာ ဘောင်းဘီများကို ရောင်းချနိုင်မည်ဖြစ်သည်။


လင်းလန်က အပြာရောင်စွယ်တာသေးသေးလေးနှင့် သိုးမွှေးထိုးရန်ကြိုးစားခဲ့သော အရောင်တူဦးထုပ်ကိုလည်း ထုတ်လိုက်ကာပြုံးလိုက်၏။


‘‘ငါက ဒါကိုဘယ်လိုသိုးမွှေးထိုးရတာလဲဆိုတာကို လေ့လာတာက ရှောင်ဝမ်ဝတ်လို့ရအောင်လို့၊ပြီးတော့ ဒါကကျတော့ စန်းဝမ်ဆောင်းဖို့လေ၊ဒါပေမယ့် မဆောင်းဘူးတဲ့ ခေါင်းမည်းမည်းလေးက အေးခဲနေတော့မှာဘဲ ’’


ထိုနေရာတွင် သိုးမွှေးကတ်တီအနည်းငယ်ရှိသေးကာ သူမလင်းလန်ဆီကို တွန်းပေးလိုက်သည်။


‘‘တစ်ခုခုသိုးမွှေးထိုးလိုက်လေ ကြည့်ရအောင်လို့’’


‘‘နင်စီးပွားရေးလုပ်ချင်တာရောဟုတ်ရဲ့လား၊ ဘာလို့ဒီလောက်တောင်ငါ့ကိုပေးနေရတာလဲ’’


လင်းလန်က ဒါကိုမလိုချင်ပေ။အခုအချိန်တွင် ကျေးလက်မှထောက်ပံ့ရေးများနှင့် ဈေးကွက်စီးပွားရေးသမဝါယမအသင်းများတွင် ရောင်းစရာသိုးမွှေးများမရှိတော့ပေ။သူတို့က မြို့ထဲမှပြန်ဝယ်ကြရမှာဖြစ်သည်။


လင်းမိန်၏မျက်နှာက သုန်မှုန်သွားလေသည်။


‘‘တကယ်လို့ နင်မလိုချင်လဲ ဒီတိုင်းလွင့်ပစ်လိုက်လေ၊ ငါကယူလာပေးရတာကို ငါ့ကိုပြန်သယ်သွားခိုင်းတယ်ပေါ့၊တကယ်ထူးဆန်းတာဘဲ၊နင်တကယ်ဘဲ ငါ့အပေါ်မှာ နည်းနည်းတောင်အားမနာဘူးဘဲ။နင်ရဲ့မတ်အတွက်ဆို ဆွယ်တာ၊လည်ပြတ်ခါးတိုအင်္ကျီ တခုခုထိုးပေးလို့ရတယ်လေ။နင်အဲ့ဒါကို နွေဦးနဲ့ ဆောင်းရာသီမှာ မဝတ်တော့ဘူးလား၊ဟမ်တကယ်ကြီးလား’’


လင်းလန် :‘‘。。。ငါမလုပ်နိုင်ဘူး’’


‘‘ဘာလို့မရကမှာလဲ ဒီလောက်ရိုးရှင်းတဲ့ဟာကို ငါသင်ပေးမယ်၊ ခဏလောက်ငါသင်ပေးလိုက်ရုံဘဲ’’

လင်းမိန်က အမောတကောပြောလိုက်၏။


လင်းလန်က အလျင်မလိုပေ။

‘‘အခုက မှောင်နေပြီ၊နင်ဒီမှာ ညအိပ်သွားလေ’’


လင်းမိန်:‘‘ယောင်ကျူးက ‌အမှောင်ထဲကလမ်းကို‌ဖြတ်လာပြီး ငါ့ကိုသွားတစ်ချောင်းကျွတ်အောင် မြောင်းထဲကန်ချလိမ့်မယ်’’


လင်းလန်က အလျင်အမြန်ပင် ချက်ပြုတ်ရန် ပြင်ဆင်လိုက်သည်။မိုင်စွေ့က သူမကိုကူညီကာ ဟန်ချင်စုန့်ကမူ ‌ကလေးများကို စားစရာများကို အထပ်လိုက်စီရန် တပ်မဟာ၏ခြံဝန်းဆီသို့ခေါ်သွားလိုက်၏။


လင်းမိန် :‘‘ငါနင်နဲ့ အတူချက်ပေးမယ် ကောင်မလေးကို ပေးကစားလိုက်ပါ’’


မိုင်စွေ့လည်းဘဲ တပ်မဟာဆီသို့ ကူညီရန်သွားလိုက်၏။


ညီအစ်မ‌နှစ်ယောက်က ခေါက်ဆွဲကြော်နှင့် ပန်ကိတ်လုပ်လိုက်ကြကာ စကားတ‌ပြောပြောဖြင့် ဟင်းချက်နေလိုက်ကြသည်။


လင်းလန်က ယန်ယန်ဘယ်လိုနေလဲမေးလိုက်ကာ သူတို့တပ်မဟာ၏အခြေအနေကိုလည်း မေးမြန်းလိုက်၏။လင်းမိန်က အခြေအနေအတော်လေးကောင်းတယ်လို့ ပြောလာလေသည်။


‘‘အထည်အလိပ်စက်ရုံကောင်တီက ငါတို့ကိုအလုပ်မှာကူညီပေးဖို့ပြောလာတယ်လေ၊ ထောက်ပံ့ရေးနဲ့ ဈေးကွက်သမဝါယမအသင်းကလည်း မူရင်းအထည်စတွေကို ငါတို့တပ်မဟာကနေ ယူတာလေ။ယန်ယန်က အရမ်းကိုလုပ်နိုင်စွမ်းရှိတဲ့ ကောင်မလေးပါ၊သူ့ကို အထင်မသေးနဲ့‌နော်။သူက ရက်ကန်းရက်တာတော်တယ် ပြီးတော့ ဉာဏ်လည်းထက်သေး။အရာရာကိုအခြေအနေအရ ပြောင်းလဲလုပ်ကိုင်တတ်တယ်’’


လင်းလန် စိတ်ချသွားလေသည်။


Xxxxxx