Part 631
လင်းမိန်က အဖွားကြီူထန်အကြောင်းလည်း ပြောဖြစ်လေသည်။
‘‘သူ အခုထိတော့ သိုးမွှေးထိုးနေတုန်းပါဘဲ။သူကအစပိုင်းရက်တွေမှာတော့ နေ့တိုင်းငိုနေသလို ဟန်ဆောင်နေတာလေ ဒါပေမယ့် ဘယ်သူမှ သူ့ကိုဂရုမစိုက်ကြဘူး။ငါနင့်ကိုပြောပြမယ်၊ အဲ့အဖွားကြီးကလေ ငယ်ငယ်တုန်းက ဘာအလုပ်ကိစ္စကိုမှမလုပ်ခဲ့ရဘူးသိလား၊သူမအသက်ဆယ့်လေးနှစ်လောက်တုန်းကဆို အဖွားကြီးက ဒီတိုင်းထန်မိသားစုရဲ့ ဘော့စ်ဖြစ်ခဲ့တာ။နင်တွေးဖူးလား အဲ့အဖွားကြီးက ပိုက်ဆံတစ်ဒေါ်လာအတွက်နဲ့ သူ့သားကို သုံးဆယ်ကျော်မိန်းမကြီးတွေနဲ့ အိပ်ခိုင်းမယ်လို့လေ’’
လင်းလန် :‘‘。。。နင်ကဘယ်လိုသိတာလဲ’’
‘‘ဟမ့် သူက ငါတို့တပ်မဟာထဲကဆိုမှတော့ ငါကဘာလို့မသိရမှာလဲ’’
ထမင်းကျက်သွားသောအခါ လင်းမိန်က လင်းလန်အား ဆက်ပြီးမီးမွှေးထားရန်ပြောလိုက်သည်။
‘‘ငါနင့်အတွက် ချည်ထိုးတံနည်းနည်းလုပ်ပေးမလို့’’
သူမက ခြံဝင်းထဲကို တချက်ကြည့်လိုက်ကာ လင်းလန်အား အသွားရှည်ကာ ဝါးဖြင့်လုပ်ထားသည့် မြက်ထွန်ခြစ်ရှာပေးရန် ပြောလိုက်၏။မျဉ်းတံက မည်မျှပင်ရှည်လျားနေပါစေ အဆုံးတစ်ဖက်တွင်မူ ချိတ်ကောက်ပုံစံဖြစ်ကာ ထိုမြက်ထွန်ခြစ်အား စားကျက်မြေစီမံရာတွင် အသုံးချနိုင်ပေသည်။
သူမက အိမ်ထဲသို့ အသွားကျိုးနေသော အရာများကို အနည်းငယ်ယူလာကာ ဓားဖြင့်နှစ်ခြမ်းခွဲလိုက်ပြီး လျင်လျင်မြန်မြန်ပင် လက်ကိုရွှေ့ပေးလိုက်သောအခါ မကြာခင်မှာဘဲ ချည်ထိုးသည့်တုတ်ချောင်းခြောက်ခုက ထွက်ပေါ်လာလေသည်။ သူမ ဓားသွေးကျောက်ကိုသုံးကာ တဝှီးဝှီးဖြင့် ချွန်ထက်အောင်လုပ်လိုက်ပြီး တုတ်ချောင်းများ၏ထိပ်ဖျားကို တုံးအောင်လုပ်လိုက်သည်။အထူးသဖြင့် ချွန်နေသောအစွန်းများကိုဖြစ်သည်။
‘‘ကောင်းပြီလေ’’
လင်းလန်က သူမအားကြည့်လိုက်ကာ နှစ်သက်အားရစွာပြောလိုက်လေသည်။
‘‘စန်းကျဲ နင်ကတော့ တကယ်ကို အံ့ဩဖို့ကောင်းတာဘဲ’’
‘‘နင်က အခုမှသိတယ်ပေါ့’’
လင်းမိန်က ပြုံးကာ သူမအခုလေးတင် ထုတ်ထားခဲ့သော ချည်ခင်ဘောလုံးတစ်လုံးလောက် ယူရန်ထွက်သွားလိုက်သည်။
‘‘ဒီချည်ခင်တွေက အပြစ်အနာဆာရှိတယ်၊ အထဲဘက်က အထူပမာဏကလည်း မညီမျှနေဘူး။ဘယ်လိုဘဲဖြစ်ဖြစ်ပါ နင်ဒါတွေနဲ့ အိမ်မှာ လုပ်လို့ရပါတယ်’’
သူမက လင်းလန်ကို ဘယ်လိုစပြီး ချည်ထိုးရမလဲဆိုတာ ပြောပြလိုက်ကာ သိုးမွှေးထိုးတံများ၏ အရေအတွက်ကို ဘယ်လိုမှတ်ရမလဲဆိုတာ တစ်ခုပြီးတစ်ခုရေတွက်လိုက်သည်။
လင်းလန် :‘‘ညကျမှညစာစားပြီးတဲ့အထိ စောင့်ပါအုန်း၊ မိုင်စွေ့ပြန်လာလို့ရှိရင် ငါ့ကိုကူညီပေးဖို့ တစ်ချက်ကြည့်ခိုင်းလိုက်။ဒီကလေးတွေက ဦးနှောက်ကောင်းတယ်၊ သူတို့တစ်ခုခုကို လေ့လာလိုက်တာနဲ့ မကြာဘူး၊လုပ်တတ်သွားလိမ့်မယ်’’
လင်းမိန် သူမအားတချက်ကြည့်ကာ ပြုံးလိုက်မိသည်။
‘‘ဒီကလေးမ ဘယ်သွားနေတာလဲ’’
ဘယ်သူကမှဂရုမစိုက်လိုက်မိကြပေ။
‘‘စိတ်မပူပါနဲ့ ငါ့သမီးက အိမ်ကထွက်ပြီဆိုတာနဲ့ အခြားသူတွေ အခွင့်ကောင်းယူတာကို ခံရမှာကြောက်လို့ ဂရုတစိုက်နေတတ်တယ်၊ စိုးရိမ်စရာမလိုဘူး မိုင်စွေ့က သတိကြီးတယ်ပြီးတော့ တဝမ်နဲ့ အားဝမ်ကလည်း အတူရှိနေတော့ မစိုးရိမ်ရပါဘူး’’
လင်းမိန် :‘‘ငါမစိုးရိမ်နေပါဘူး’’
လင်းမိန်ပြုံးလိုက်ကာ ပြောလိုက်၏။
‘‘အိုးး အဲ့ဒီမျက်ဆန်တွေက ခနလောက်လှုပ်လှုပ်ရှားရှားဖြစ်သွားပြီးတော့ မိုင်စွေ့ကဘယ်မှာလဲလို့ မေးလာတာလေ၊နင်က ဒီလိုရှားပါးတဲ့မိန်းကလေးဆိုတာ ငါဘာလို့မသိခဲ့ရပါလိမ့်’’
လင်းလန် ရယ်လိုက်မိသည်။
‘‘ငါတကယ်ဘဲ မစိုးရိမ်နေပါဘူးနော်၊နင် ဆ်ယ်တာထိုးတဲ့အကြောင်းပြောနေတာ မဟုတ်ဘူးလား၊ ငါကမမှတ်မိနိုင်ဘူး သူငါ့ကိုကူညီဖို့ဘဲ မျှော်လင့်နေရမယ်’’
ညစာအဆင့်သင့်ဖြစ်သောအခါ လင်းလန် တပ်မဟာဆီသို့သွားလိုက်ကာ ဟန်ချင်စုန့်နှင့် ကလေးများအား ညစာစားရန်ခေါ်လိုက်သည်။သူမရောက်သွားသောအခါ မိုင်စွေ့၊အားဝမ်၊ ယန်ယန်တို့က ဖန်းရှောင်၊ရှန်ယွီတို့နှင့် စကားပြောနေတာကိုသာ တွေ့လိုက်ရလေသည်။ ရှန်ယွီက ဘာပြောလိုက်မှန်းမသိ၊ သူတို့အကုန်လုံးက ပျော်ပျော်ရွှင်ရွှင် ရယ်မောနေကြသည်။
လင်းလန်ရောက်လာသည်ကို မြင်လိုက်ရသောအခါ စန်းဝမ်နှင့် ရှောင်ဝမ်တို့က ချက်ချင်းပင် ညစာစားရန် ဟန်ချင်စုန့်နှင့် တဝမ်တို့ကို သွားခေါ်လိုက်ကြသည်။
ဟန်ချင်စုန့်က အကိုကြီးဟန်ကိုနှုတ်ဆက်လိုက်ပြီး လင်းလန်ဆီရောက်လာသောအခါ သူမက ရှန်ယွီအား စိုက်ကြည့်နေသည်ကို တွေ့လိုက်ရ၏။
‘‘ဘာဖြစ်လို့လဲ’’
လင်းလန် :‘‘ဘာမှမဖြစ်ပါဘူး၊ မိုင်စွေ့နဲ့ အားဝမ်ကို ညစာစားဖို့ ပြောမလို့’’
စန်းဝမ်က ပြေးသွားကာ အော်ပြောလိုက်၏။
‘‘အာ့ကော နဲ့ မိုင်စွေ့ ညစာစားရအောင်တဲ့’’
သူက ဖန်းရှောင်ကိုလည်း ပြုံးကာစလိုက်၏။
‘‘အမဖန်း ဒီနေ့အမ ဟင်းချက်တာလား’’
ဖန်းရှောင် :‘‘ငါက မနက်ဖြန်မှချက်မှာ၊နင်လာပြီး စားချင်လား၊ငါအခု ချက်ပြုတ်တာကျွမ်းသွားပြီ၊ အရမ်းအရသာရှိတာနော်’’
စန်းဝမ်က ချောင်းဟန့်လိုက်၏။
‘‘သူများတွေပြောတာကတော့ အမလုပ်တဲ့ပန်ကိတ်တွေက ကျွန်တော်နဲ့ အရောင်တူတူဘဲတဲ့’’
သူက နေပူမိ၍ညိုညက်နေသော မျက်နှာကို ညွှန်ပြလိုက်ကာ သူ၏အဖြူ၊အမည်း မျက်လုံးများက အထူးတလယ်ကို စွမ်းအင်ပြည့်နေသလိုပင်ဖြစ်နေလေသည်။
ဒါက ဟာသပင်ဖြစ်သည်။အရင်တကြိမ် ဖန်းရှောင် ထမင်းချက်တုန်းက ရေနည်းနည်းဘဲထည့်ကာ မီးပူပူတွင် လိုသည်ထက်ပိုအောင်ချက်ခဲ့သောကြောင့် ပန်ကိတ်များအားလုံး တူးသွားခဲ့လေသည်။ကံကောင်းထောက်မစွာဖြင့် အားဝမ်က ရှန်ယွီဆီကိုရောက်လာသောအခါ တူးနံ့ရသွားပြီး သူတို့အတွက် သံအိုးကို ကယ်တင်ပေးလိုက်နိုင်၏။ဒီလိုကြီးမားသော လယ်တွင်းချက်သံအိုးမျိုးကအပူလွန်သွားသောအခါ ရေအေးဖြင့် လောင်းလိုက်၍မရပေ။ ရေပါဆူပွက်သွားပေလိမ့်မည်။ထို့ကြောင့် မင်းအနေဖြင့် ရေနွေးကို အသုံးပြုရန်လိုအပ်ပေသည်။
ဖန်းရှောင်က စိတ်အနှောင့်အယှက်မဖြစ်သွားဘဲ ပိုလို့တောင် ရယ်မောလာ၏။
‘‘ငါနင့်ကိုပြောပြမယ်၊ အဲ့ဒီလိုတူးသွားတဲ့ ပန်ကိတ်က ပိုပြီးတောင် အနံ့မွှေးသေးတယ်ဟ၊ကင်ထားတဲ့ ဆန်မုန့်ကြွပ်လိုဘဲ’’
လူအနည်းငယ်က ရယ်မောလိုက်ကြပြီး အားဝမ်နှင့် မိုင်စွေ့တို့က သူတို့ကိုနှုတ်ဆက်လိုက်ကြသည်။
ရှန်ယွီနှင့် ဖန်းရှောင်တို့က သူတို့အား ညစာစားရန် ထပ်ဖိတ်လိုက်သေးပေသည်။
အားဝမ်နှင့် မိုင်စွေ့ပြန်သွားသောအခါ ယန်ယန်ကလည်း နှုတ်ဆက်လိုက်လေသည်။သူမနှင့် ပညာတတ်လူငယ်များက အချင်းချင်း အရမ်းကြီးမရင်းနှီးကြပေ။
အိမ်ပြန်ရောက်သွားသောအခါ လင်းလန်က မေးလိုက်၏။
‘‘အားဝမ် သားတို့က ဘာတွေပြောနေကြတာလို့လဲ၊အရမ်းပျော်နေကြတာ’’
အားဝမ်က ပြုံးကာပြန်ဖြေလိုက်၏။
‘‘မားမား ရှန်ကျီချင်(ရှန်ယွီ)ကလေ အရမ်းကို ဗဟုသုတများတာဘဲ၊ သူက ရူပဗေဒ၊ဓာတုဗေဒနဲ့ ဇီဝဗေဒတွေကို ကောင်းကောင်းသိတယ်။အရင်တုန်းက သူလုပ်ခဲ့တဲ့ လက်တွေ့စမ်းသပ်မှုအကြောင်းကိုလည်း ပြောပြသေးတယ်’’
လင်းလန်က ပြုံးလိုက်၏။
‘‘ရှန်ကျီချင်က တကယ်ကိုအရည်အချင်းရှိတယ်၊ ဒါပေမယ့် မားမားအမြင်မှာတော့ မင်းတို့အားလုံးကလည်း တော်ကြပါတယ်’’
ကလေးများက သူတို့ရင်ထဲတွင် ချိုမြိန်သွားကြလေသည်။
Xxxxxxx
Part 632
ညစားစာရန် အိမ်ပြန်သွားကြပြီးနောက်တွင် ထုတ်လုပ်ရေးအသင်းက အဖွဲ့ဝင်များအား ခြံဝင်းထဲသို့သွားကာ အစေ့အဆံများထုပ်ပိုးရန် တိုက်တွန်းလာလေသည်။အစေ့အဆံများကိုဖြတ်စက်ထဲထည့်စေလိုက်ကာ ပြန်ထွက်လာသောအခါ ထိုအရာများသည် အဆင့်လိုက်စုပုံပြီးသားဖြစ်သွားပေသည်။ရာသီဥတုသာယာနေလျှင် သူတို့က အစေ့အဆံများကို လယ်ကွင်းထဲတွင် အခြောက်လှန်းကြကာ စပါးစေ့များကို အများပြည်သူနှင့်ဆိုင်သော အပိုအလျှံစပါးစေ့များအဖြစ် ဖြန့်ဝေမှာဖြစ်သည်။နေ့ရောညပါ လူတိုင်းက အလုပ်များနေကြလေသည်။
လင်းလန် :‘‘မိုင်စွေ့ သမီးရဲ့တတိယအဒေါ်က မားမားကို ချည်ဘယ်လိုထိုးရမလဲဆိုတာ သင်ပေးမလို့တဲ့၊ မားမားကို မှတ်ဖို့ကူပေးပါအုန်း။တို့သားအမိတွေ သမီးအဖေအတွက် ဆွယ်တာထိုးပေးကြမယ်လေ’’
မိုင်စွေ့က အဆင်သင့်ပင် သဘောတူလိုက်ကာ လင်းမိန်ဆီသို့ သင်ရန်သွားလိုက်သည်။မိုင်စွေ့၏အကူအညီဖြင့် လင်းလန်က အလွယ်တကူပင် သင်ယူနိုင်သွား၏။သူမက ချမှတ်ထားလိုက်ကာ နောက်ပိုင်းမှ လေ့လာရန်လုပ်လိုက်သည်။အခုချိန်သည် ဆောင်းဦးရိတ်သိမ်းချိန်ဖြစ်နေသောကြောင့် သူမတွင်ချည်ထိုးရန် အချိန်မရှိနေပေ။
နောက်တစ်နေ့ မနက်ခင်းတွင် ဟန်ချင်စုန့်အိပ်ရာစောစောထလိုက်ပြီး လယ်ကွင်းထဲသို့သွားလိုက်ကာ လင်းမိန်ကလည်းပြန်သွားလေသည်။သူမဒီကို ရောက်လာသည်မှာ အလုပ်အခြေအနေဘယ်လိုရှိသည်ဆိုတာကို ကြည့်ရန်ဖြစ်ကာ လယ်အလုပ်များကို နှောင့်နှေးစေရန်မဟုတ်ပေ။
မျက်တောင်တစ်ခတ်အတွင်းမှာပင် လူတိုင်းက ရက်အနည်းငယ်လောက် အလုပ်များနေခဲ့ကြလေသည်။
တပ်မဟာ၏ဌာနချုပ်သည် ကြီးမားသောခြံဝန်းကျယ်ကြီးရှိပြီး နေအိမ်အများအပြားရှိကာ ကုန်လှောင်ရုံ၊စပါးကျီများနှင့် ဝက်ခြံများ အစရှိသဖြင့် ပါဝင်ကြပေသည်။ပညာတတ်လူငယ်များ၏ အိမ်သည် ဘေးဘက်တွင်ရှိသော သေးငယ်သော ခြံဝန်းတစ်ခုတွင်ဖြစ်သည်။ဤနေရာသည် မူလအားဖြင့် ကျေးလက်ဒေသတွင် လာရောက်နေထိုင်သော ကေဒါများအတွက် စီစဉ်ထားခြင်းဖြစ်သည်။ဘေးချင်းကပ်မှ နေရာသည်
တပ်မဟာ၏ဌာနချုပ်ရုံးဖြစ်ကာ အစည်းအဝေးပြုလုပ်ရန်အတွက် အခန်းလွတ်များလည်းရှိ၏။
လူငယ်များနေထိုင်ရာ၏ အပြင်ဘက်တွင် ဖွင့်ထားသောခြံဝန်းကြီးဖြစ်ပြီး ကောက်ပဲသီးနှံများ ခြောက်သွေ့နေသော လယ်ကွင်းပြင်များဖြစ်ကာ အဖွဲ့ဝင်များ၏ အထွေထွေအစည်းအဝေးများကို ဤနေရာတွင်ပြုလုပ်ကြ၏။
ဆောင်းဦးရိတ်သိမ်းမှု၏ညနေခင်းတွင် ခေါင်းဆောင်က အဖွဲ့ဝင်များအား စပါးစေ့များကို ကိုင်တွယ်ရန် အချိန်ပိုလုပ်စေလိုက်ပြီး နောက်တစ်နေ့တွင် သူတို့ကဤနေရာမှထွက်ခွာကာ အိမ်သို့ စပါးတိုက်ကြမှာဖြစ်သည်။အကယ်၍အပုံလိုက်အရမ်းများနေပါက ရိုးရှင်းစွာပင် အသုတ်များခွဲလိုက်ပြီး ကျန်သောအရာများကိုမူ နေပူလှန်းကာ အများပြည်သူဆိုင်ရာစပါးဝေစုများအတွက် လက်လွှဲပေးမှာဖြစ်သည်။
ယခုအချိန်တွင် ခေါင်းဆောင်နှင့်အခြားသူများက အလုပ်ပြီးကာစပင်ဖြစ်၍ ခြံဝန်းထဲတွင်စုကာ စကားပြောလိုက်၊ဆေးပြင်းတံသောက်လိုက်လုပ်နေကြ၏။ရွာထဲရှိ လူငယ်များကလည်း အတင်းအဖျင်းများကို ကျယ်လောင်စွာပြောနေကြလေသည်။
ထို့အပြင် လူငယ်တစ်စုကလည်း ပညာတတ်လူငယ်များခြံဝင်ပေါက် အရှေ့ရှိ တမာပင်အောက်တွင် စကားပြောနေကြကာ မီးအိမ်များကို တိုက်ရိုက်ပင် သစ်ကိုင်းများပေါ်တွင် ချိတ်ဆွဲထားကြ၏။
ဖန်းရှောင်နှင့် ရှန်ယွီက အားဝမ်၊မိုင်စွေ့တို့အား ဂစ်တာဘယ်လိုတီးရမည်ကို သင်ပေးနေကြကာ ဟောင်ဟုန်ကျန်းကမူ ရှောင်ဝမ်နှင့် ကလေးများအား ဂီတပညာရှင်များ၏ပုံပြင်တစ်ချို့အကြောင်းပြောပြနေ၏။ကောင်းလု၊ချီမင်တို့က ရူတုန်းရှင်းနှင့် စကားပြောနေကြကာ ကျောက်မင်ကျယ်နှင့် ဝူဝမ်ယီတို့ကတော့ တဝမ်၊စန်းဝမ်တို့ဆီ အတူတူကစားပြီး စကားပြောရန်သွားကြလေသည်။သူတို့က လေးခွဖြင့် စာကလေးပစ်ကြသလို ကြွက်လည်းဖမ်းကာ ယုန်ထောင်ကြမှာဖြစ်သည်။
ကြည့်ရသည်မှာ လူအုပ်လိုက်အများကြီးဟုထင်ရသော်လည်း တကယ်တမ်းတွင် လူအနည်းငယ်စီအုပ်စုများသာဖြစ်သည်။
ခေါင်းဆောင်က အားဝမ်၊မိုင်စွေ့တို့ကို ရှန်ယွီ၊ဖန်းရှောင်တို့နှင့် ဂစ်တာတီးသည်ကို မြင်သောအခါတိုင်းတွင် သူကဟန်ရုံဖန်းအား တီးတိုးဆိုလေ့ရှိ၏။
‘‘အဲ့ဒီလူလိမ်လူကောက်ပစ္စည်းက ဘာလေးလဲ’’
ဟန်ရုံဖန်း :‘‘မင်းကလေဉာဏ်ကိုမရှိဘူး၊ အဲ့ဒါကို ဂစ်တာလို့ခေါ်တယ်ကွ။ဘာလို့ လူရမ်းကားပစ္စည်းလဲ အဓိပ္ပါယ်မရှိတာတွေ’’
ကျေးလက်ဒေသတွင် အကယ်၍ မြို့ပေါ်မှလူများက သူတို့မမြင်ဖူးသောအရာများကို ယူလာခဲ့ပါက ထိုအရာများကို လူရမ်းကားပစ္စည်းများဟုခေါ်လေ့ရှိကြ၏။ဥပမာဆိုရသော် ကျေးလက်ရိုးရာယဉ်ကျေးမှုများတွင် အလေးအနက်သဘောအဖြစ်ဆိုလျှင် ရိုးရာတူရိယာများဖြစ်သော ဆိုအုနာနှင့် အားဟူတို့ကို အသုံးပြုကြ၏။အကယ်၍ ဂစ်တာကိုသာအသုံးပြုလိုက်ပါက လေးလေးနက်နက်လေထုအစား အလွန်ရိုမန့်တစ်ဆန်နေမှာဖြစ်သည်။
(Note:Souna ဆိုအုနာ-အခင်နှစ်ထပ်ပါတရုတ်ရိုးရာလေမှုတ်တူရိယာ/နှဲ
အားဟူ -ဆူးတယော၊ နှစ်ကြိုးတပ်တယော)
သို့သော်လည်း ရှန်ရွေ့ရွာထဲတွင် ထိုသို့သော နိုင်ငံရေးဆန်မှုများက အရမ်းကြီးအားမကောင်းနေချေ။ဟန်ရုံဖန်က လူတွေကိုဝေဖန်စမ်းစစ်ရတာမျိုးကို ဝါသနာမပါချေ။သူကဒီအတိုင်းစားစရာအတွက် လယ်ဘဲစိုက်ချင်တာဖြစ်သည်။
အကယ်၍ ကိုယ့်ကိုကိုယ် မြှောက်ပင့်တတ်သော လှုပ်ရှားသူများက တစ်စုံတစ်ခုလုပ်ချင်လျှင်တောင်မှ သူတို့လုပ်နိုင်မှာမဟုတ်ချေ။ဘယ်လိုဘဲဖြစ်ဖြစ် မင်းအနေဖြင့် ထိုအရာအားလုံးကို လုပ်နိုင်စွမ်းရှိမည်မဟုတ်ချေ။ရွာသားများအနေဖြင့် စားနေရလျှင်အဆင်ပြေနေပြီဖြစ်တာကြောင့် အဘယ်ကြောင့် လှုပ်လှုပ်ရှားရှားလုပ်နေရမည်နည်း။အကယ်၍အဖွဲ့ဝင်များကသာ သဘောတူပါဝင်လာခဲ့ခြင်းမရှိလျှင် သူတို့က အောက်ဆွဲချခံရမှာဖြစ်သည်။
ယန်ယန်က တုန်းဟွိုင်ဟွ အိမ်သို့ သွားရန်လုပ်နေပြီး လှုပ်ရှားသံများကိုကြားလိုက်ရသောအခါ တချက်ကြည့်ရန်လာခဲ့လေသည်။သူမက အလွန်ပင်သိချင်သွား၏။
‘‘မိုင်စွေ့ နင်ဘာတွေလုပ်နေတာလဲ’’
သူမက မိုင်စွေ့အား ဝါဂွမ်းလုံးများနှင့် ကစားနေသည်ဟု ထင်နေတာဖြစ်သည်။
မိုင်စွေ့က သူမအားလက်ပြလိုက်၏။
‘‘လာခဲ့လေ ဒါကိုဂစ်တာလို့ခေါ်တယ် အမဖန်းယူလာခဲ့တာ’’
ချိုက်ဟွားကလည်း အပြေးရောက်လာလေသည်။
‘‘ယန်ယန် ငါကနင့်ကိုလိုက်ရှာနေတာ နင်က ဘာလို့ဒီကိုရောက်နေတာလဲ’’
ယန်ယန်:‘‘ငါက ဒီမှာမိုင်စွေ့နဲ့ ကစားဖို့ရောက်နေတာ’’
သူမကရောက်လာကာ ချိုက်ဟွားနှင့်အတူမထိုင်ဘဲ မိုင်စွေ့ဘေးနားမှာထိုင်လိုက်၏။
လင်းလန်က အမျိုးသမီးဝါဒဖြန့်ချိရေးအတန်းများကို စတင်ခဲ့ပြီးနောက် ယန်ယန်က အတော်များများကို လေ့လာသင်ယူခဲ့ရပေသည်။ သူမအနေဖြင့် လင်းလန်နှင့် မိုင်စွေ့အနားတွင်သာ နေချင်မိပေသည်။နောက်ပိုင်းတွင် သူမလင်းမိန်အိမ်သို့ချည်ထိုးရန်သွားသောအခါ ချောင်ချောင်နှင့်လည်း အဆင်ပြေပြေရှိသွား၏။သဘာဝကျစွာပင် သူမပြန်လာသောအခါ မိုင်စွေ့နှင့်လည်း ဆက်ဆံရေးပိုကောင်းလာလေသည်။တမင်တကာ ရည်ရွယ်ချက်ရှိရှိ သွေးခွဲတတ်သော ချိုက်ဟွားကိုမူ သူမကအနေဝေးပေသည်။
အထူးသဖြင့် ဒီတကြိမ်သူမပြန်ရောက်လာသောအခါ ချိုက်ဟွားက သူမနားမလည်နိုင်သော အရာများကိုပြောလာပြီး အတော်လေးထူးဆန်းနေ၏။
ချိုက်ဟွားက ရှန်ယွီနှင့်အားဝမ်ဘေးနားတွင် ထိုင်လိုက်ကာ ပြုံးပြီးပြောလာ၏။
‘‘အကို အကိုက ပညာတတ်လူငယ်တစ်ယောက်ရဲ့ဘဝမှာနေရတာ နေသားကျနေပြီမလား အခုရောဘယ်လိုနေလဲ’’
ရှန်ယွီက ပြုံးပြလိုက်သည်။
‘‘အဲ့ဒါက အတော်လေးကောင်းပါတယ်’’
‘‘ချက်ပြုတ်တာကရောဘယ်လိုနေလဲ၊ နေသားကျသွားပြီလား’’
‘‘လူတိုင်းက အလှည့်ကျဆီတာဝန်ယူရတာလေ၊ အားလုံးက တော်တော်လေးတိုးတက်လာကြပါတယ်’’
ရှန်ယွီက ပြောရင်းဖြင့် ခေါင်းလှည့်လိုက်ကာ မိုင်စွေ့အားလက်ညှိုးထိုးပြလိုက်သည်။ သူညွှန်ပြလိုက်သောနေရာနှင့် ပတ်သက်ပြီး တစ်စုံတစ်ခုကမှားနေပေသည်။
Xxxxxxxx