အပိုင်း ၆၅၇-၆၅၈
Viewers 36k

Part 657


နောက်တစ်နေ့နံနက် မနက်စာစားပြီးနောက်တွင် ဟန်ချင်စုန့်က ကလေးများကိုခေါ်ကာ ကျောင်းသွားလေသည်။ လင်းလန်က အိမ်တွင် သိုးမွေးထိုး၍ ကျန်နေခဲ့ကာ ခဏအကြာတွင် တပ်မဟာမှ လူလွှတ်၍ သူမကို လှမ်းခေါ်လေသည်။ 


ရှန်ယွီ အသင့်ပြင်ထားပြီးလို့ ဖြစ်ရမည်ဟု လင်းလန် သဘောပေါက်လိုက်ကာ အမြန်သွားလိုက်သည်။ ဟန်ရုံဖန် ၊ ခေါင်းဆောင် ၊ မိုင်ဆွေ့နှင့် အား၀မ်တို့လည်း ရောက်နေကြကာ သူတို့လည်း စိတ်လှုပ်ရှားနေကြဟန်ရှိသည်။ 


စမ်းသပ်မှုလုပ်ရန်အတွက် ဆီလက်ကျန် ၊ ကော့စတစ်ဆိုဒါ ၊ ဆားနှင့် အပူပေးရန် ပစ္စည်းများလည်း ပြင်ဆင်ထားပြီးပြိီဖြစ်သည်။ 


ဟန်ရုံဖန် : " လုပ်နည်းကို လျို့၀ှက်ထားရမှာမို့လို့ နောက်ဆိုရင် အပြင်လူကို ၀င်ခွင့်မပြုတော့ဘူး စမ်းသပ်ခန်းထဲကို ခွင့်ပြုချက်မရှိဘဲ ၀င်ခွင့်မပေးနဲ့တော့ "


ရှန်ယွီ : " အတွင်းရေးမှုးဟန် အဲ့လိုလုပ်ဖို့မလိုအပ်ပါဘူး  ဆပ်ပြာလုပ်တာက လျို့၀ှက်ဖို့ မလိုပါဘူး အကုန်လုပ်နိုင်ပါတယ် အဓိကက ကုန်ကြမ်းတွေနဲ့ ပါ၀င်ပစ္စည်းတွေပါပဲ "


" ဒါပေမယ့်လည်း ဂရုစိုက်ဖို့ လိုနေတုန်းပဲ " ဟန်ရုံဖန်က အတိတ်တုန်းကလို အမှားမျိုး ထပ်အဖြစ်မခံလိုချေ ။ 


ရှန်ယွီက ခေါင်းညိတ်ပြသည်။ " ဟုတ်ကဲ့ပါ အတွင်းရေးမှူးဟန် "


ဟန်ရုံဖန် : " ဒါဆိုလည်း စကြတာပေါ့ "


မိုင်ဆွေ့က မီးညှိပေးပြီး အား၀မ်က ဒယ်အိုးကိုယူကာ ရှန်ယွီရေးထားသည့် ပမာဏအတိုင်း ရေနှင့် ကော့စတစ်ဆိုဒါကို ထည့်လိုက်လေသည်။ ထို့နောက် အပူပေးကာ ဆီကိုထည့်၍ ဖြည်းဖြည်းချင်းမွှေပေးနေပြီး ဆပ်ပြာလုပ်နေလေသည်။ အဆင်ပြေသည်အထိ ဆက်မွှေပေးနေရန်သာ လိုလေသည်။ 


ထိုအခါ အနံ့ထွက်လာသဖြင့် အားလုံးနှာခေါင်းများကို အုပ်လိုက်မိကြသည်။ 


လင်းလန်က နှာခေါင်းအုပ်ထားရင်းဖြင့် ပြောသည်။ " နောက်တစ်ခေါက်လုပ်မယ်ဆို နေရာပြောင်းရမယ်ထင်တယ် အနံ့ကပြင်းလွန်းတော့ မူးလဲကုန်ကြဦးမယ် "


လင်းလန် ရှန်ယွီကို သတိပေးလိုက်သည်။ 


" အရက်ပြန်ထည့်ကြည့်လိုက် အဲ့လိုဆို ဆပ်ပြာလုပ်ရတာ မြန်သွားလိမ့်မယ် " 


အမှန်တကယ်တွင် ဆပ်ပြာလုပ်ရသည်ကမခက်ခဲပေ ။ အဆီများကိုရောထည့်ကာ ဆားထည့်၍ ဆပ်ပြာအရည်ဖြစ်အောင် လုပ်လိုက်ရုံသာဖြစ်ပြီး သန့်စင်ရန်အတွက် ယခင်အဆင့်များကိုသာ ထပ်ခါထပ်ခါလုပ်နေဖို့ လိုတာဖြစ်သည်။ အဓ်ိကအချက်မှာ စိတ်ရှည်ပြီး မီးအပူနှင့် ပါ၀င်ပစ္စည်းအချိုးအစားကို မျှတအောင် လုပ်ဖို့ရန်သာ လိုအပ်တာဖြစ်သည်။ 


လင်းလန် မျက်လုံးများကို ပွတ်လိုက်မိသည်။ " ဒီအနံ့က မျက်လုံးတွေပါ မွှန်လာတာပဲ " ဟုဆိုကာ အား၀မ်နှင့် မိုင်ဆွေ့ကို လှည့်ပြောလိုက်သည်။ " သမီးတို့နှစ်ယောက် ခံနိုင်ရဲ့လား " မိုင်ဆွေ့က အသန့်ကြိုက်သည်ကို သူမ သိသဖြင့် မခံနိုင်မှာစိုး၍ မေးနေတာဖြစ်သည်။ 


မိုင်ဆွေ့က ပြန်ပြုံးပြသည်။ " အဆင်ပြေပါတယ် မားမားရဲ့ ဒါက ခရုမာကောင်ရဲ့အနံ့လိုပါပဲ မရတာကြာတဲ့ အနံ့မို့လို့ ကောင်းပါတယ်  "


ငယ်ငယ်လေးဖြင့် စကားလုံးများကို သံတူကြောင်းကွဲသုံးတက်နေပြီဖြစ်သဖြင့် ရှန်ယွီ အံ့သြသွားကာ ရယ်လိုက်မိသည်။


 " နောက်ထပ် နှစ်နာရီလောက် စောင့်ရဦးမယ်ထင်တယ် ပြီးရင် အနည်ကျခံထားပြီး သန့်စင်လိုက်မယ်ဆိုရင် ညလုံးပေါက်ထားပြီး နောက်နေ့ကြရင် အဖြေသိရလောက်မယ်ထင်တယ် "


ဆားထည့်ပြီးနောက်တွင် အချိန်အကြာကြီး အနည်ခံထားစေဖို့ လိုအပ်လေသည်။ ပမာဏများသဖြင့် တစ်ညလုံး ကြာနိုင်ပြီး အိုးကို အပူပြန်ပေးနေရမည်ဖြစ်သဖြင့် တစ်ယောက်ကတော့ စောင့်ကြည့်ပေးနေရန် လိုအပ်လေသည်။


တစ်အိုးဆို တစ်နေ့လုံး တစ်ညလုံး အချိန်ပေးရမှာ ဖြစ်လေသည်။ 


လင်းလန် : " အလှည့်ကျ လုပ်ကြရင်ရော ဘယ်လိုလဲ " အဖွဲ့ခေါင်းဆောင်က ညွှန်ကြားပေးရကာ ဒု-အဖွဲ့ခေါင်းဆောင်က တကယ်လုပ်ရတာဆိုသော်ငြား လင်းလန်က ရှန်ယွီကိုတစ်ယောက်တည်း လုပ်ခိုင်းရမည်ကို မခိုင်းချင်ပေ ။ 


ရှန်ယွီ : " ရပါတယ် ကျွန်တော်နဲ့ကနီးတော့ ၀ူ၀မ်ယီကိုပဲ ကျွန်တော်နဲ့ လာနေခိုင်းလိုက်ရင် ရပါတယ် "


လင်းလန် ၊ မိုင်ဆွေ့နှင့် အား၀မ်တို့ ညဘက်တွင်လည်း တစ်ချက်သွားကြည့်လိုက်ကြသေးသည်။ ဘယ်လိုပင်ဆိုဆို ပထမဆုံးစမ်းသပ်ချက်မဟုတ်ပါလား ။ သူမတို့လည်း သိချင်နေလေသည်။ ရလဒ်ကိုမသိရပါက အိပ်ပျော်မည် မဟုတ်ချေ ။ ဆပ်ပြာရည်အား အနည်ကျခံကာ လေးထောင့်ဘူးထဲသို့ လောင်းထည့်လိုက်ပြီး တစ်ညလုံး ထိုအတိုင်းပဲ ထားထားကာ နောက်နေ့မှ ပြန်ကြည့်ရမည်ဖြစ်သည်။ 


ဆီလက်ကျန် အညစ်အကြေးများမှ ဂလစ်စရင်းကို ထုတ်ယူကာ ဆပ်ပြာလုပ်နိုင်လေသည်။ ဂလစ်စရင်းသည် အလှကုန်ပစ္စည်းများလုပ်ရာတွင် အခြေခံအကျဆုံး ပါ၀င်ပစ္စည်းဖြစ်သောကြောင့် ထိုသည်ကို ဖြုန်းတီးပစ်၍ မဖြစ်ချေ ။ ထိုအရာများကို စမ်းသပ်ဖို့အတွက်မူ ပညာရှင်များကို လိုအပ်ပေသည်။ 


ဆပ်ပြာလုပ်နေကြသည့်အတွက် လင်းလန်တို့သုံးဦးသည် ညဆယ်နာရီ၀န်းကျင်မှ အိမ်ပြန်ရောက်ကြလေသည်။ အခြားကလေးသုံးယောက်ကမူ အစောကြီး အိပ်ရာ၀င်သွားကြပြီဖြစ်သည်။ 


သူတို့သုံးဦးသည်လည်း သန့်ရှင်းရေးလုပ်လိုက်ပြီး အမြန်အိပ်ရာ၀င်လိုက်ကြသည်။ 


လင်းလန် ဆေးကြောသန့်စင်ပြီးနောက် အပေါ်အင်္ကျီကိုချွတ်၍ အိပ်ရာ၀င်လိုက်ကာ သူမကိုယ်သူမ နမ်းရှုံ့ကြည့်၍ " ယောက်ျား ကျွန်မကိုယ်က နံနေလား " ဟုမေးလိုက်မိသည်။ 


လင်းလန် သူမကိုယ်၌ အနံ့တစ်ခုစွဲနေသလို ခံစားနေရသည်။ စမ်းသပ်ခန်းထဲမှ ဆီနံ့လို အနံ့တစ်ခုဖြစ်သည်။ 


ဟန်ချင်စုန့်က လင်းလန်အား ဖက်လိုက်ကာ အနံ့ခံကြည့်ပြီးနောက်  " မွှေးပါတယ် " ဟုပြန်ဖြေပေးလေသည်။ လင်းလန်၏ မျက်၀န်းများကို စိုက်ကြည့်ကာ " ချောလည်းချောတယ် " ဟုထပ်ပြောပြန်လေ၏။ 


လင်းလန် ပြုံးလိုက်မိကာ ဟန်ချင်စုန့်၏ နှုတ်ခမ်းထောင့်ကို အနမ်းခြွေလိုက်သည်။ " ကျွန်မ အသက်ကြီးလာလို့ ဆံပင်တွေဖြူလာပြီး အရေတွေတွန့်လာရင်လည်း အဲ့လိုပဲ ပြောနိုင်ပါစေလို့ ဆုတောင်းပါတယ်နော် "


ဟန်ချင်စုန့်က လင်းလန်ကို ပြန်နမ်းလေ၏။ 


လင်းလန်က ပိုပိုပြီး ငယ်လာသလို ပိုပိုပြီးလည်း လှပလာသဖြင့် ဟန်ချင်စုန့်က သူကသာ အိုမင်းရင့်ရော်လာပြီး ဇနီးလေး သူ့ကိုသဘောမကျတော့မှာကို စိုးရိမ်နေတာဖြစ်သည်။


ဒုတိယနေ့ နံနက်စောစောတွင် ဟန်ချင်စုန့်က ကလေးများနှင့်အတူ ထုံးစံအတိုင်း လေ့ကျင့်ခန်းလုပ်နေလေသည်။ လေ့ကျင့်ခန်း လုပ်ပြီးသွားသောအခါ တ၀မ်က ကြံ့ခိုင်စေမည့် လေ့ကျင့်ရေးနည်းလမ်းများကို လုပ်နေပြီး စန်း၀မ်က မြစ်ထဲတွင် ရေသွားကူးလေသည်။ ရှောင်၀မ်ကမူ နဖူး၌ချွေးများစို့နေလေသည်။


အား၀မ်နှင့် မိုင်ဆွေ့က  " မားမား ဆပ်ပြာက ဒီနေ့ အသင့်ဖြစ်နေလောက်ပြီ တူတူသွားကြည့်ရအောင် "


လင်းလန် : " သွားနှင့်လိုက်ကြ မားမား မနက်စာပြီးအောင် လုပ်လိုက်ဦးမယ် "


မိုင်ဆွေ့ ကြည့်လိုက်သည့်အခါ ဟန်ချင်စုန့်နှင့် ရှောင်၀မ်သာ အိမ်၌ ကျန်ခဲ့မှာဖြစ်သည်ကို တွေ့သွားလေသည်။ 


ထို့ကြောင့် ရှောင်၀မ်အား ပြောလေသည်။ " ရှောင်၀မ် မီးသွားမွှေးပေးလိုက်နော် "


ရှောင်၀မ်က ချွေးများကို အ၀တ်ဖြင့်သုတ်လိုက်ကာ ပြန်ဖြေသည်။ " ဟုတ်ကဲ့ "


မိုင်ဆွေ့ပြုံးလိုက်မိသည်။ " ရှောင်၀မ်က လိမ္မာလိုက်တာ နောက်မှ သကြားလုံးကျွေးမယ်နော် "


ရှောင်၀မ် : " မမတို့သွားလိုက် အိမ်ကို သားနဲ့ပဲ စိတ်ချထားလိုက် "


Xxxxxxxx

Part 658


လင်းလန်လည်း ဆပ်ပြာအကြောင်းကို သိချင်နေပြိိဖြစ်သဖြင့် ဟန်ချင်စုန့်နှင့် ရှောင်၀မ်ကို နှုတ်ဆက်ကာ ကလေးနှစ်ယောက်နှင့်အတူပဲ လိုက်သွားလိုက်သည်။ 


ထွက်သွားကြသည့် ကျောပြင်သုံးခုကိုကြည့်ကာ ရှောင်၀မ်က သက်ပြင်းချ၍ ဟန်ချင်စုန့်အား ပြောလေသည် ။


 " အဖေ စန်း၀မ်ပြောတာမှန်တယ်နော် ဒီမိသားစုက သားတို့ ယောက်ျားလေးတွေအပေါ်ပဲ မူတည်နေတာနော် "


တော်ပြီ၊ မနေ့ညက လင်းလန်ကို သွားခွင့်မပြုလိုက်သင့်ဘူး ။ ဟန်ချင်စုန့် မီးဖိုချောင်ထဲသို့၀င်ကာ ဆားရည်စ်ိမ်ထားသည့် ဟင်းရွက်များကို စဥ်းနီတုံးပေါ်တင်၍  ခုတ်လိုက်ပြီး ရေနှင့်ဆေးကာ ပြုတ်လိုက်သည်။ 


ရှောင်၀မ် : " ဟင်း...."


ဟန်ချင်စုန့် : " ...... "


ခဏအကြာ တ၀မ်နှင့် စန်း၀မ်တို့ အိမ်ပြန်လာသည့်အခါတွင် ရှောင်၀မ်နှင့် ဟန်ချင်စုန့်က စားပွဲ၌ မျက်နှာချင်းဆိုင်ထိုင်နေကြသည်ကို တွေ့လိုက်ကြရသည်။ 


ရှောင်၀မ် : " ဟင်း...."


ဟန်ချင်စုန့် : " ........ "


တ၀မ် : " ? " ဘာတွေဖြစ်နေကြတာလဲ ။ 


စန်း၀မ် : " ဟားဟားဟား အိမ်က အမျိုးသမီးတွေ ဘယ်ရောက်ကုန်တာတုန်း ယောက်ျားလေးတွေချည်းပဲ ကျန်ခဲ့တာလား "


စန်း၀မ်က ယခင်တည်းက ကြိုတွေးထားပြီးပြီဖြစ်သည်။ တ၀မ် ၊ အား၀မ်နှင့် မိုင်ဆွေ့က အထက်တန်းကျောင်းတက်ရန် ထွက်သွားကြမည်ဖြစ်ကာ အရွယ်ရောက်လာပါက အိမ်မှခွဲထွက်သွားကြမှာဖြစ်သည်ဟုပင် ။ သို့သော်လည်း မိဘနှစ်ပါးရှိနေသရွေ့ အိမ်ကိုပြန်လာကြဦးမှာ ဖြစ်လေသည်။


ကြည့်ရတာ သူတစ်ယောက်တည်း အထီးကျန်နေတော့မှာ မဟုတ်ဘူးထင်တယ် ၊ ရှောင်၀မ်လည်း သူ့လိုပဲ နေမှာ ။ 


ရှောင်၀မ် : " ဟင်း...သား မျက်မှန်က ၀ါးနေပြန်ပြီ ...စန်း၀မ် အား၀မ်က ယောက်ျားလေးလေ "


စန်း၀မ်က မကြားတစ်ကြား ပြန်ပြောသည် ။ " ဒါပေမယ့်သူက မားမားတို့နဲ့ တစ်ဖွဲ့တည်းမဟုတ်ဘူးလား "


တ၀မ်က စန်း၀မ်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဟန်ချင်စုန့်ကို လှမ်းပြောလေသည်။ " အဖေ စားကြရအောင် အလုပ်သွားရဦးမှာမလား "


ဟန်ချင်စုန့် ပြန်ဖြေမည်အလုပ်တွင် အငယ်ဆုံးလေးက သူ့အား လက်နှစ်ဖက်ပေါ်သို့ မေးတင်ကာ သနားလိုက်တာဟူသော မျက်၀န်းများဖြင့် ကြည့်နေသည်ကို မြင်လိုက်ရလေသည်။ " ဟင်း...."


ဟန်ချင်စုန့် : " ....စားနှင့်ကြ "


တ၀မ် ထမင်းအိုးကိုဖွင့်ကာ ထမင်းခူးလိုက်ပြိီး ပန်ကိတ် ၊ ကန်စွန်းဥများကို ထုတ်လိုက်ကာ ပြန်နွှေးလိုက်သည်။ ပြီးနောက် ဟင်းရွက်ချဥ်များနှင့် ကြက်ဥပေါင်းများကိုပါ ပြင်ဆင်လိုက်သည်။ 


သားအဖလေးယောက်မှာ အရသာမရှိသည့် မနက်စာကို တိတ်ဆိတ်စွာစားနေကြလေ၏။ စန်း၀မ်သည်ပင် သူနှင့်မတူအောင် တိတ်လို့နေသည်။ 


တ၀မ်က စားပြီးသွားသည့်အခါ စားလို့မပြီးကြသေးသော ညီနှစ်ယောက်ကို ဘာလို့မပြီးကြသေးတာလဲဟုမေးလေသည်။ 


စန်း၀မ် : " ....ဘာလို့ အရသာမရှိတာလဲ ဒီနေ့ မနက်စာကို ဘယ်သူချက်တာလဲ " စန်း၀မ်က အစ်ကိုကြီးကိုကြည့်ကာ မေးလေ၏။ သူက တ၀မ်ချက်တာဟုထင်နေတာဖြစ်သည်။ 


တ၀မ်က စန်း၀မ်ကို စူးစူး၀ါး၀ါးအကြည့်တစ်ချက် ပေးလေသည် ။ 


ရှောင်၀မ် : " မားမား ချက်တာ "


စန်း၀မ် : " မဖြစ်နိုင်တာ မားမားချက်တဲ့ဟာက ဒီလောက်အရသာရှိတဲ့ဟာကို ဒါက မားမားချက်ထားတာ လုံး၀ မဖြစ်နိုင်ဘူး " ဟုဆိုကာ ဟန်ချင်စုန့်ကို ကြည့်ပြန်လေသည်။ 


ဟန်ချင်စုန့်က ထိုသည်ကို လျစ်လျူရှုပြီးသာပြောလ်ုက်သည်


 " စားပြီးရင် ကျောင်းသွားကြတော့ "


စန်း၀မ်က အချိန်ကိုကြည့်ကာ " အဖေရော အလုပ်သွားတော့မှာလား "


ဟန်ချင်စုန့် : " ....... "  ဒီကောင်လေးကတော့ ။ 


ထို့ကြောင့် သားအဖလေးဦးမှာ ထမင်းစားပွဲ၌သာ မလှုပ်မယှက် ထိုင်နေကြရလေသည်။ 


ရှောင်၀မ် : " ဟင်း ..."


စန်း၀မ် : " ဟူး..... "


ထိုအချိန်မှာပဲ လင်းလန်၏ ရယ်သံကို ကြားလိုက်ကြရလေသည်။ " တကယ်လား ဟားဟား ကောင်းတာပေါ့ "


မိုင်ဆွေ့ : " မားမား ဒါဆို သမီးတိုလည်း ကိုယ့်ဘာသာ သုံးလို့ရပြီပေါ့နော် "


အား၀မ် : " ဒါဆို ပိုမွှေးပြီး ပိုစျေးကြီးတဲ့ဟာကို လုပ်ကြည့်ရအောင် "


သားမိသုံးယောက်က ရယ်ကာမောကာပြန်လာကြတာဖြစ်ပြီး အိမ်ထဲသို့၀င်လိုက်သောအခါ လေထုက မူမမှန်ဖြစ်နေသည်ကို ခံစားလိုက်ကြရလေသည်။ ဘာတွေ ဖြစ်နေကြတာတုန်း ။


ထမင်းစားစားပွဲမှ လူလေးယောက်သည် သူတို့သုံးယောက်အား မကျေနပ်နေကြသည့် မျက်၀န်းများဖြင့် လှည့်ကြည့်ကြလေ၏။ 


လင်းလန် : " ....ဘာလုပ်နေကြတာလဲ "


မိုင်ဆွေ့နှင့် အား၀မ်လည်း ဆက်မရယ်ဖြစ်ကြတော့ချေ ။ " ဘာကိစ္စရှိလို့လဲ "


ဟန်ချင်စုန့်က ထရပ်လိုက်ကာ ပြန်ဖြေသည်။ " မရှိပါဘူး မနက်စာစားဖို့ မင်းတို့ကို စောင့်နေကြတာ" 


တ၀မ်က ဟင်းပွဲများကို သွားပြန်ယူလာပြီး ၀င်ထိုင်ပြန်လေသည်။ 


စန်း၀မ် : " မားမား မားမား အိမ်မှာ မရှိရင် သားတို့အစားအစာတွေက အရသာမရှိဘူး "


ထိုအခါမှ လင်းလန်တို့သုံးယောက်လည်း နားလည်သွားကြလေသည်။ 


ရှောင်၀မ်ကလည်း လင်းလန်ထံပြေးလာသည်။


 " မားမား မြန်မြန်စားကြရအောင် အဖေက မားမားကို လွမ်းနေတာ "


လင်းလန် : " ...... " တစ်နှစ်ပတ်လုံး တစ်နေ့လုံး သုံးနပ်လုံး အတူတူစားနေကြတာကို လွမ်းနေတာတဲ့လား ။ 


မိုင်ဆွေ့နှင့်အား၀မ်လည်း ၀င်ထိုင်လိုက်ကြသည်။ ရှောင်၀မ်က လင်းလန်၏ ဘေးတွင် ၀င်ထိုင်ကာ


 " မားမား ဒီကြက်ဥပေါင်းက တကယ်အရသာရှိတာ စားကြည့်ပါလား " 


လင်းလန် : " မနေ့ကနဲ့ အတူတူပဲ မဟုတ်ဘူးလား " အခုကြမှ အရသာရှိနေတယ်ပေါ့လေ ။ 


ရှောင်၀မ် : " ဒီနေ့က ပိုမွှေးတယ် "


ပြောပြီးနောက်တွင် ရှောင်၀မ်က ဟန်ချင်စုန့်ကိုပါ လှမ်းခေါ်လိုက်သည်


 " အဖေ လာစားလေ ဒါက တကယ်စားကောင်းတယ် " 


မိုင်ဆွေ့ : " ဘာဖြစ်နေကြတာလဲ "


အား၀မ် : " ဟုတ်တယ် ဘာဖြစ်နေကြတာလဲ "


စန်း၀မ်က ပြန်မဖြေဘဲ ပြုံးရုံသာပြုံးပြလေသည်။ 


ဟန်ချင်စုန့်က ထွက်မသွားသေးသဖြင့် လင်းလန် " အလုပ်သွားရမယ့် အချိန်ရောက်နေပြီလေ "ဟုလှမ်းသတိပေးလေသည်။ 


ထိုအခါ ဟန်ချင်စုန့်က သူ့အိတ်ကိုသွားယူလေသည်။ 


လင်းလန်က ယောက်ျားဖြစ်သူကို လိုက်ပို့မည်လုပ်သော်လည်း ဟန်ချင်စုန့်က သူမဘေးတွင် ၀င်ထိုင်ကာ ဆက်စားလေဟု ဆိုသည်။ 


လင်းလန် : ဘာဖြစ်နေကြတာတုန်းလို့ ၊ အရမ်းကို ထူးဆန်းနေကြတာပဲ ။ 


လင်းလန် မနက်စာကို သိပ်မစားဖြစ် ။ ဆန်ပြုတ်နှစ်စွန်းသုံးစွန်းလောက်နှင့် ကန်စွန်းဥလေးတစ်လုံးလောက်သာ စားလိုက်သည်။ စားပြီးနောက်တွင် ကလေးများအား ပြောလိုက်သည်


" မားမား ဒါတွေ သိမ်းလိုက်မှာမို့လို့ ကျောင်းသွားကြတော့ "


ကလေးများသည် ကိုယ်စီလွယ်အိတ်များကိုယူကာ မိဘနှစ်ပါးကို နှုတ်ဆက်ပြီးနောက် ကျောင်းသို့ထွက်သွားကြလေ၏။ 


လင်းလန်လည်း ဟန်ချင်စုန့်အား အိမ်၀ထိလိုက်ပို့ပေးပြီး ဆပ်ပြာလုပ်တာအောင်မြင်ကြောင်း ပြောပြလိုက်သည်။ " ရှင် စာပို့တာကို ကူညီပေးလို့ အတော်ပဲဖြစ်သွားတာ အခု ကုန်ကြမ်းလည်းရပြီဆိုတော့ ထုတ်လုပ်ရေးကိုလည်း ဆက်လုပ်လို့ရပြီ "


ယခုအခါတွင် ကုန်ကြမ်းပြတ်တောက်မည်ကို စိုးရိမ်စရာမလိုတော့ချေ ။ ဆီလက်ကျန် ၊ ကော့စတစ်ဆိုဒါနှင့် ဆားများကိုလည်း လွယ်လွယ်ရနိုင်ပြီဖြစ်သည်။ စာရေးစဥ်က လင်းလန် ခရိုင်ကော်မတီထံသို့ အကုန်တင်ပြလိုက်တာဖြစ်သည်။ ပုံမှန်အားဖြင့် ကော့စတစ်ဆိုဒါကဲ့သ်ို့သော ကုန်ကြမ်းမျိုးကို ၀ယ်ရာ၌ ကန့်သတ်ချက်ရှ်ိသော်လည်း ခရိုင်မှ ခွင့်ပြုချက်နှင့်ဆိုပါက ၀ယ်ရလွယ်သွားလေသည်။ 


ဟန်ချင်စုန့်က အလုပ်သွားရန် အလျင်လိုမနေဘဲ လင်းလန်ပြောသည်ကို စိတ်ရှည်လက်ရှည် နားထောင်ပေးနေ၏။ 


လင်းလန် ဟန်ချင်စုန့်အား တွန်းကာ " သွားတော့လေ ကျွန်မလည်း ပြီးရင် တပ်မဟာဆီသွားတော့မှာ "


ဟန်ချင်စုန့်က လင်းလန်ကို ခါးမှ ဖက်လိုက်လေသည်။ " အလုပ်တွေချည်း လုပ်မနေနဲ့ နားလည်းနားဦး "


Xxxxxxxx