Part 687
ထိုကောင်စုတ်လေးအား ဘယ်လိုကိုင်တွယ်ရမည်ကို ဆွေးနွေးရန် လင်းလန် မိသားစုအစည်းအဝေး ခေါ်လိုက်သည်။
အား၀မ် : " နောက်ကြရင် ဖတ်ရခက်တဲ့ စာလုံးတွေရေးပေးပြီး နံပါတ်ဂိမ်းတွေလည်း ကစားလို့ရတယ်လေ သူ့အတန်းဖော်တွေလည်း အဲ့လောက်တော့ စာတတ်ကြမှာ မဟုတ်ဘူး "
မိုင်ဆွေ့ကလည်း ရယ်၍ ပြောသည်။ " ဟုတ်တယ် ဖတ် ခက်တဲ့စာလုံးတွေအပြင် တစ်ခြားဟာတွေနဲ့ပါ ရောရေးလိုက် မူရင်းတရုတ်စာလုံးတွေပါ ထည့်ရေးပေးကြမယ်လေ"
ရှောင်၀မ် : " အိုး....အဲ့လောက်ထိ မလုပ်ကြနဲ့လေ ...စန်း၀မ်ကောက ပင်ပင်ပန်းပန်း လေ့ကျင့်နေရတာလေ " ပြီးနောက်တွင် ရှောင်၀မ်က ပြုံးကာဆက်ပြောလေသည်။ " သား ဆူဒိုခုကို ဆွဲပေးမယ်လေ ဟားဟား " ဆူဒိုခုကို ရှန်ယွီ သင်ပေးထားတာဖြစ်သည်။
ဤသို့ဖြင့် ကလေးများသည် ပျော်နေကြလေ၏။ အထူးသဖြင့် မိုင်ဆွေ့နှင့် အား၀မ်ပင်ဖြစ်သည်။
လင်းလန် လက်ခုပ်တီး၍ ကလေးများကို ခေါ်လိုက်ပြီး တ၀မ်ကိုကြည့်လိုက်လေသည်။ " အစ်ကိုကြီးက အထက်တန်းတက်ရင် အင်္ဂလိပ်စာသင်ရမှာဆိုတော့ စန်း၀မ်ဆီကို အင်္ဂလိပ်လို ရေးခိုင်းကြတာပေါ့ မကောင်းဘူးလား "
တ၀မ် : "...." ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ ။
နေ့လယ်ခင်းတွင် လင်းလန် လူထုလှုပ်ရှားရေးအဖွဲ့သို့သွား၍ တုန်ဟွိုင်ဟွ၏ အတင်းစကားများကို နားထောင်လိုက်သည်။
" အဲ့ရုပ်ဆိုးကောင်ကလေ နင့်ဆီက အရိုက်ခံရပြီးသွားတော့ အလုပ်ထုတ်ခံလိုက်ရတယ်တဲ့ ဟားဟား သူတို့က ရှေ့မကြည့်နောက်မကြည့်နဲ့ လုပ်တာကို အဲ့ဒီ့ ယွီရှင်းဆိုတဲ့တစ်ယောက်ရောပဲ အနောက်တံခါးကနေ ၀င်လာပြီး ကောလိပ်တက်မှာဆိုတဲ့ တစ်ယောက်လေ သူလည်း အတူတူပဲ အသုံးလည်းမကျဘဲ သူ ဘယ်လိုအချောင်၀င်လာရတယ်ဆိုတာကိုပဲ ကြွားနေတာလေ သူလည်း ဘယ်လိုဖြစ်သွားမလဲ သိချင်မိသား "
လျှိုချွန်းချိုက် : " သူက ဖန်းပိရှန်းနဲ့ လက်ထပ်မယ်ဆိုတဲ့သူမလား "
လင်းလန် အံ့သြသွားမိသည်။ " ဖန်းပိရှန်းနဲ့ လက်ထပ်မှာလား " ဘယ်သူက အဲ့လိုရုပ်ဆိုးကောင်နဲ့ လက်ထပ်ချင်မှာလဲ ။ အဲ့လူက အခုရာထူးလည်းမရှိတော့ဘဲ အရှက်လည်းကွဲသွားတဲ့ဟာကို ဘာလို့ လက်ထပ်ဦးမှာလဲ ။
တုန်ဟွိုင်ဟွ : " သူက လူတွေနဲ့အိပ်ပြီး အမြင့်ကိုတက်ချင်နေတာလေ အဲ့ဒါကို ဘယ်သူက မသိလိုလဲ အရှက်ကိုဖုံးချင်လို့ နှစ်ယောက်သားက တွဲနေတာပါဆိုပြီး ပြောထားတာလေ "
" အဲ့တော့ အတွဲတွေမို့ ကူညီပေးတာဖြစ်သွားပြီး အနောက်တံခါးက၀င်တာ မဟုတ်တော့ဘူးလို့ ပြချင်နေတာလေ တစ်ခြားလူတွေ ဘာမှပြောလို့မရတော့အောင် အဲ့လိုလုပ်ခဲ့တာလေ "
လင်းလန်လည်း ယွီရှင်း၏အကြောင်းကို သိပ်စိတ်မ၀င်စားသဖြင့် ဘာမှထပ်မပြောဖြစ်ပေ ။
ညနေခင်း အိမ်ပြန်ရောက်သည့်အခါတွင် ဟန်ချင်စုန့်က သွေးတစ်စက်စက်ကျနေဆဲ လတ်လတ်ဆတ်ဆတ် အမဲသားတစ်တွဲကို ယူလာလေသည်။
လင်းလန် အံ့သြတကြီး မေးလိုက်မိသည်။ " စန်းကော ဘယ်ကနေ ရလာတဲ့ အမဲသားလဲ "
" ကွန်မြူနတီမှာ လူတွေကို အတင်း၀င်ခွေ့လို့ သတ်ခိုင်းလိုက်ကြတာလေ ဒါနဲ့ ကိုယ်လည်း နည်းနည်း၀ယ်လာလိုက်တာ "
ထိုသည်က ထုံးစံပင်ဖြစ်သည်။ ထိုကဲ့သို့သော တိရစ္ဆာန်များအား သားသတ်သူဆီသို့ပို့ကာ ပေါ်ခိုင်းစေပြီး ကွန်မြူနတီနှင့် တပ်မဟာသည် တစ်၀က်စီခွဲယူကြတာဖြစ်သည်။
ဟန်ချင်စုန့်ယူလာသည်က ခါးဆစ်သားဖြစ်၍ ခရမ်းချဥ်သီးနှင့်ချက်ပါက စားကောင်းလေသည်။
ဟန်ချင်စုန့်က လင်းလန်အား စာတစ်စောင်ထိုးပေးကာ " မြို့ကလာတာ " ဟုဆိုသည်။
မြို့ကလာတာလား ...
လင်းလန်လည်း ဟန်ချင်စုန့်၏ ဆိုလိုရင်းကို နားလည်သွား၍ " အဆင်ပြေရဲ့လား " ဟု ပြန်မေးလိုက်သည်။
ဟန်ချင်စုန့်က ခေါင်းညိတ်ပြသည်။ " ဆရာ၀န်ကတော့ခုနစ်နှစ် ရှစ်နှစ်အရွယ်ကလေးတွေက ခွဲစိတ်မှုလုပ်ဖ်ို့ အကောင်းဆုံးအရွယ်လို့ ပြောတယ် အဲ့အရွယ်ဆို သိနေကြပြီဆိုတော့ လျှောက်လည်းမကုတ်ကြဘဲ ခံနိုင်ရည်ရှိကြတယ်တဲ့ "
လင်းလန် စာကိုဖွင့်၍ ချင်ချင်းဖတ်လိုက်သည့်အခါတွင် အဓိကအချက်ကို တွေ့လိုက်လေသည်။ ဆရာ၀န်က ခွဲစိတ်မှုအား ဆောင်းဦးရာသီ သို့မဟုတ် လာမည့်နွေဦး၌ လုပ်ရန်ပြောထားလေသည်။ နွေရာသီတွင်မူ ပူသဖြင့် ရောင်ရမ်းလွယ်ကာ ဆောင်းရာသီတွင်ကား အေးလွန်းပြီး အနာကျက်ရန် ခဲယဥ်းသဖြင့်ဟု ဆိုထားလေသည်။ နွေဦးနှင့် ဆောင်းဦး၏ အပူချိန်က အသင့်တော်ဆုံးဖြစ်သည်တဲ့လေ ။
လင်းလန် ဟန်ချင်စုန့်အား ဖက်ကာ ပျော်ပျော်ကြီး ပြောလိုက်သည်။
" ကောင်းလိုက်တာ ...ကောင်းလိုက်တာ ...နောက်ဆုံးတော့ ရှောင်၀မ် ခွဲစိတ်လို့ရပြီ နောက်ဆိုရင် မျက်မှန်၀တ်ဖို့ လိုမှာမဟုတ်တော့ဘူး "
သာမန်မျက်လုံးများလောက် မကောင်းနိုင်သော်လည်း ယခုလောက်ထိ ဆိုး၀ါးနေတော့မည် မဟုတ်ပေ ။
လင်းလန်က အလွန်အမင်း ပျော်ရွှင်နေသည်ကို ကြည့်ကာ ဟန်ချင်စုန့် ရင်ထဲနွေးသွားလေသည်
" ဆောင်းဦးရောက်ဖို့က တစ်လလောက်ပဲ လိုတေ့ာတယ် "
" ကျေးဇူးပါ စုန့်ကော အခု စာလည်းရပြိိဆိုတော့ တစ်လလောက် ကြိုပျော်လို့ရတာပေါ့ "
လင်းလန် စာအိတ်ကို နမ်းလိုက်မိသည်။ သူမ နမ်းလိုက်သည့်နေရာသည် ဟန်ချင်စုန့်၏ နာမည်ပေါ်သို့ ဖြစ်သွားလေသည်။
ဟန်ချင်စုန့် : .... ကိုယ်က ဒီမှာ ရပ်နေတယ်လေ ။
လင်းလန်က သူ့အား နမ်းမည့်အရိပ်အယောင်မရှိသဖြင့် ဟန်ချင်စုန့် သူကိုယ်တိုင်ပဲ ခေါင်းငုံ့ကာ လင်းလန်ကို နမ်းလိုက်တော့သည်။
...
လင်းလန် ကလေးများပြန်လာပါက တွေ့သွားပြီး ပျော်သွားစေရန် စာကို ထမင်းစားပွဲပေါ်၌ တင်ထားလိုက်သည်။ လင်းလန် ဟန်ချင်စုန့်အားခေါ်ကာ ခရမ်းချဥ်သီး သွားခူးလိုက်သည်။ ကလေးများက ကြိုက်ကြသဖြင့် အမြောက်အမြား ခူးလိုက်သည်။ မှည့်ကြသည့် အချိန်ကတော့ မတူကြပေ ။ ပန်းရောင်သန်းနေသည်များက မှည့်ရန်လ၀က်လောက် လိုသေးပေသည်။
အသီးအရွက်များကို ခူး၍ရေဆေးပြီးနောက်တွင် အိမ်သို့ပြန်လာလိုက်ကြသည်။ မိုင်ဆွေ့တ်ို့သုံးယောက်လည်း ပြန်ရောက်နေကြပြီဖြစ်ပြီး အမဲသားတွဲကို ကြည့်နေကြလေ၏။
မိဘများ ပြန်လာသည်ကို မြင်သောအခါ သိချင်စိတ်ဖြင့် အမေးစကားဆိုကြလေသည်။
" အဖေ မားမား ဒီအမဲသားက အကြီးကြီးပဲနော် "
လင်းလန် ပြုံးပြ၍ ပြန်ဖြေလိုက်သည်။
" သမီးတို့အဖေ ၀ယ်လာတာလေ ရှားရှားပါးပါး ရလာတာပဲ "
ရွာများ၌ ကျွဲနွားများ သူ့ဘာသာ သေဆုံးသွားတာမဟုတ်ပါက အမဲသား မစားကြရပေ ။ ကျွဲနွားများကို ခိုင်းစေပြီး အလုပ်လုပ်နေကြတာဖြစ်၍ ရွာသားများက မသတ်ရက်ကြ၍ ဖြစ်ပေသည်။
လင်းလန် : " တ၀မ်ရော ဘာလို့ပြန်မလာသေးတာလဲ "
မိုင်ဆွေ့ : " အစ်ကိုကြီးက မြောင်းပေါက်နေတာနေမှာပေါ့ မဟုတ်ရင်လည်း မြက်တွေနှုတ်နေလောက်တယ် "
လင်းလန် : " ဒါဆိုလည်း အသားကို အရင်ချက်ကြတာပေါ့ အစ်ကိုကြီးပြန်လာတဲ့အချိန်ကြရင် ကွက်တိဖြစ်သွားလိမ့်မယ် ဒါနဲ့ စားပွဲပေါ်မှာ စာတစ်စောင်တင်ထားတယ် ဖတ်ကြည့်လိုက်ကြဦး "
ဟန်ချင်စုန့်က စာကိုယူလာပေးပြီး စာအိတ်ထဲမှ စာတစ်စောင်ကိုထုတ်ကာ ကလေးများကို ကမ်းပေးလေသည်။ ကျန်စာအိတ်ကိုမူ သူ့အိတ်ကပ်ထဲသို့ ထည့်သိမ်းလိုက်လေ၏။
ထိုသည်ကို သတိထားမိသော်လည်း မမြင်ချင်ယောင်ဆောင်ကာ လင်းလန် အမဲသားကိုသာ ကိုင်နေလိုက်သည်။ ဟန်ချင်စုန့်သည် တပ်ထဲတွင် ရဲဘော်ရဲဘက်များဆီမှ အမြဲတမ်း မျက်နှာသေကြီးဖြင့်နေတက်၍ အစခံခဲ့ရလေသည်။ ယခုလို ဟန်ချင်စုန့်က်ို မြင်ကြပါက ပိုတောင် စကြမလားပင် ။
အတော်လေးလည်း စလို့ကောင်းလောက်ပေသည်။
ခုနက စာဖတ်တုန်းက သူမ ရှောင်၀မ်အကြောင်းကိုပဲ အဓိကထား၍ ဖတ်လိုက်တာဖြစ်သည်။ အနောက်တွင်လည်း စာများပါနိုင်သေးပေသည်။ လောင်ဟန် ငါတို့လည်း မငယ်တော့ဘူးလေ ၊ ကျန်းမာရေးကို ဂရုစိုက်ရဦးမှာပေါ့ ၊ မတော်လို့ ကလေးတွေ မြင်သွားရင် ....
အဟွတ် အဟွတ် ...
Xxxxx
Part 688
ဟန်ချင်စုန့်က လင်းလန်ကို လှမ်းကြည့်ကာ ခါးက်ို ဖက်လိုက်လေသည်။ ကြီးမားသောလက်ကြီးက ပါးလွှာသောအင်္ကျီစများထက်မှ သူမ၏ခါးကို ကိုင်ထားလေသည်။
လင်းလန် : " အမဲသားကို မြန်မြန်ခုတ်ပြီး ရေနွေးထဲ ထည့်ပြုတ်လိုက်ဦး ပြီးရင် ခရမ်းချဥ်သီးကိုလည်း ခွာပေးပါဦး "
နွေရာသီတွင် အသားများသည် ပုပ်သိုးလွယ်သဖြင့် ရေခဲသေတ္တာလည်းမရှိသည့် ဤခေတ်၌ တစ်ခါတည်း အကုန်ချက်ပစ်မှ ရလေသည်။
ကလေးများက စာဖတ်ပြီးနောက်တွင် ထခုန်လိုက်ကြသည်။
မိုင်ဆွေ့က ရှောင်၀မ်ကို ချီလိုက်၏။ " ရှောင်၀မ်ရေ ခွဲစိတ်ပြီးရင် မျက်မှန်တပ်ဖို့ မလိုတော့ဘူး သိလား "
ရှောင်၀မ်က တခစ်ခစ်ရယ်နေလေသည်။
အား၀မ်က စာကိုအခေါက်ခေါက် အခါခါ ပြန်ဖတ်နေလေသည်။
" တစ်လလောက်တော့ လိုသေးတယ် ရာသီဥတုကလည်း အေးလာတော့မှာဆိုတော့ ရှောင်၀မ် အကြာကြီးမစောင့်ရလောက်တော့ဘူး "
ရှောင်၀မ်က သူ့မျက်မှန်လေးကို ဆွဲချွတ်လိုက်လေသည်။
" ဒါဆိုရင်လည်း အား၀မ်ကောကို ကူညီပေးလို့ရတော့မှာပေါ့ "
အားလုံး ရယ်လိုက်မိကြသည်။
ဟန်ချင်စုန့်က လင်းလန်ကို ဟင်းကူချက်ပေးနေသည်ကို တွေ့သောအခါ အား၀မ်က ပြောလေသည်။
" ဒါဆိုလည်း အစ်ကိုကြီးကို သွားခေါ်လိုက်မယ် ပြန်လာရင် ညစာအဆင်သင့်ဖြစ်နေလောက်ပြီမလား "
မိုင်ဆွေ့ကလည်း သွားမည်ဟုဆိုသဖြင့် ရှောင်၀မ်ကိုပါ ခေါ်ကာ သုံးယောက်သား ထွက်သွားလေသည်။
ဟန်ချင်စုန့်က လင်းလန်အား ကူညီပေးနေကာ နှစ်ဦးမှာ အပေးယူမျှမျှဖြင့် ချက်ပြုတ်နေကြလေ၏။
အမဲသားအား ရေအေးထဲတွင်ထည့်ကာ ပြုတ်ထားလိုက်ပြီး ခရမ်းချဥ်သီးကို မီးကင်ပြီး အတုံးလေးတွေ လှီးလိုက်သည်။ ရေနွေးဆူလာသောအခါ ထွက်လာသောအဆီများကို ခပ်ထုတ်လိုက်ပြီး အသားကိုရေစစ်လိုက်သည်။ ထို့နောက် နောက်တစ်အိုးပြင်လိုက်ပြီး ပဲဆီ ၊ ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ ချင်း(ဂျင်း) ၊ ငရုပ်သီးခြောက် ၊ ငရုတ်ကောင်းတို့ကိုထည့်ကာ ဆီသတ်လိုက်သည်။ ပြီးနောက် ခရမ်းချဥ်သီးကိုထည့်၍ လှိမ့်လိုက်သည်။ အားလုံးပြီးနောက်တွင် အမဲသားကိုထည့်ကာ ပဲငံပြာရည်နှင့် လယ်သမားဆော့စ်တစ်ဇွန်းမောက်မောက်ကို ထည့်လိုက်သည်။ ဟင်းချက်ရာ၌သုံးသည့်၀ိုင်မရှိပါက ၀ိုင်ဖြူကိုထည့်နိုင်ပြီး မီးပြင်းပြင်းဖြင့် ချက်ထားကာ ဖြည်းဖြည်းချင်းနှပ်ထားလိုက်ပါက စားရန်အသင့်ဖြစ်သွားပြီဖြစ်သည်။
မကြာပါ ၊ အသားဟင်းအနံ့က မွှေးလာလေ၏။
ကျန်နေသော ခရမ်းချဥ်သီးများကိုပါ လင်းလန် လှီးလိုက်ပြီး အဖုံးပါအိုးထဲသို့ထည့်ကာ ချက်လိုက်ပြန်သည်။ တစ်နာရီခွဲမျှ ကြာပြီးနောက်တွင် နှပ်ထားသောအမဲသားသည် အဖုံးပါအိုးထဲသို့ ပြောင်းထည့်လို့ရသည့် အနေအထားကို ရနေပြီဖြစ်သည် ။
ကလေးများပြန်လာသည့်အခါတွင် လင်းလန်နှင့် ဟန်ချင်စုန့်က ထမင်း၀ိုင်းပြင်လိုက်လေ၏။ လင်းလန် ဟင်းရည်တစ်ဇွန်းကိုခပ်ပေးကာ ဟန်ချင်စုန့်အား မြည်းခိုင်းလိုက်သည်။
" မားမား သား သုံးမိုင်လောက်ကနေတောင် အနံ့ရနေပြိိိီ " ရှောင်၀မ်က စန်း၀မ်ကဲ့သို့ လိုက်တုလေသည်။
ဟန်ချင်စုန့် လင်းလန်ကမ်းပေးနေသည်ကို မယူဘဲ သူမလက်ကိုကိုင်ကာ သောက်လိုက်သည်။
ရှောင်၀မ် : " အဖေ မပူဘူးလား "
ဟန်ချင်စုန့်က ပုံမှန်လိုပင် ပြန်ဖြေသည်။ " မားမား မှုတ်ထားပေးလို့ မပူတော့ဘူး "
လင်းလန် တစ်ယောက်ချင်းစီကို လိုက်ခွံ့လိုက်သော်လည်း တ၀မ်က ငြင်းလေသည်။
ကလေးဆန်လွန်းတယ်...
အိုးကြီးနှင့်တစ်အိုးဖြစ်သဖြင့် တစ်မ်ိသားစုလုံး စားမကုန်သဖြင့် လင်းလန် အဖွားကြီးဟန်ကိုလည်း တစ်ပန်းကန်ပို့ခိုင်းလိုက်သလို အား၀မ်ကလည်း ရှန်ယွီကို ထမင်းစားဖိတ်လိုက်လေသည်။
ရှန်ယွိီက သူ့ရိက္ခာများထဲမှ တစ်၀က်ကို လင်းလန်တို့အိမ်ကို ပေးသည်။ လင်းလန်က အရသာရှိတာများ လုပ်စားတိုင်း သူ့ကိုခေါ်တတ်သလို သူကလည်း ထိုသို့ယူလာပေးတတ်၍ ကလေးများက ရှန်ယွီအား အစ်ကိုကြီးတစ်ယောက်ကဲ့သ်ို့ သတ်မှတ်ထားကြလေသည်။
ရှောင်၀မ်က ခွဲစိတ်နိုင်တော့မည်ဟု သ်ိသည့်အခါ ရှန်ယွီလည်း ပျော်သွားလေသည်။
" ကျွန်တော် မိသားစုဆီစာရေးပြီး ဦးလေးကို လာကြိုခိုင်းလိုက်မယ် " ထိုသည်က ကောင်းမွန်သည့် နည်းလမ်းဖြစ်ပေသည်။ ဘယ်လိုဖြစ်ဖြစ် သူမတို့လည်း တည်းခိုဖို့နေရာ လိုအပ်လေသည်။ ငှားနေပါက အလွန်စျေးကြီးသဖြင့် တည်းခိုးရန်အိမ်ရှိပါက သက်သာသွားပေမည်။
ရှန်ယွီ၏ တွေးတောပေးမှုကို လင်းလန် ကျေးဇူးတင်မိသည်။
ရင်းနှီးလာပြီးတွင် ရှန်ယွီ၏ဘ၀ကြောင်းကို သိလာရလေသည်။ သူ့အမေသည် ခုနစ်နှစ်အရွယ်တွင် ဆုံးသွားခဲ့ပြိီး နှစ်နှစ်ကြာပြီးသောအခါတွင် အဖေဖြစ်သူက အိမ်ထောင်ထပ်ပြုလိုက်၍ မိထွေးတစ်ယောက်ရလာပြီး ညီငယ် ညီမငယ်များကိုပါ ရလာလေ၏။ မိထွေးဖြစ်သူအကြောင်းကို ရှန်ယွီက တစ်ခါမှထုတ်မပြောဖူးသော်လည်း မိသားစုထက် ဦးလေးမိသားစုကို ပိုခင်တွယ်နေသည်ကိုကြည့်ခြင်းဖြင့် မိထွေးဖြစ်သူနှင့် ဆက်ဆံရေးမကောင်းသည်ကို သိနိုင်ပေသည်။
သို့ဖြစ်၍ လင်းလန် ရှန်ယွိီအား ဂရုစိုက်ပေးနေမိတာ ဖြစ်ပေသည်။
ရှန်ယွီကလည်း ထိုသည်ကိုသိသဖြင့် လင်းလန်တို့မြို့သွားမည်ကို သိသောအခါ ကူညီပေးမည်ဟု ပြောခြင်းဖြစ်ပေသည်။
" ရပါတယ် မြို့ကရဲဘော်ကိုဆက်သွယ်ပြီး စီစဥ်ခိုင်းထားလိုက်ပြီ သူပြောပုံအရဆို ကျောင်းဆောင်မှာ အခမဲ့တည်းလို့ရတယ်တဲ့ "
တပ်ထဲ၌ တည်းလို့ရသော်လည်း ဆေးရုံနှင့်အလှမ်းဝေးသဖြင့် ကျောင်းဆောင်၌တည်းခြင်းက ပိုကောင်းလေသည်။
ရှန်ယွီ : " ကောင်းတာပေါ့ဗျာ ခွဲစိတ်ပြီးရင်လည်း မြို့တော်မှာ လျှောက်လည်ခဲ့ကြပေါ့ဗျာ "
ရှောင်၀မ်က ပျော်နေလေ၏။
အား၀မ် : " ချူလောင်ရှီးပြောတော့ ဆောင်းဦးမှာ ရေကူးပြိုင်ပွဲ လုပ်မှာဆို "
မိုင်ဆွေ့ : " ဟုတ်တယ် မြို့နယ်အဆင့်ကအရင်တဲ့ ခရိုင်စုမဟုတ်သေးဘူး "
လင်းလန် ရှင်းပြလိုက်သည်။ " မြို့နယ်အဆင့်ကလည်း တစ်ဆင့်ချင်းရွေးတာလေ နှစ်ရက်တောင် ကျင်းပမှာ အဲ့မှာ အရွေးခံရမှ ခရိုင်အဆင့်ကို ၀င်ပြိုင်ခွင့်ရမှာ " လင်းလန် အလွန်အမင်း ပျော်နေမိသည်။
ချူယွင်ဖုန်း၏ စာအရဆိုပါက စန်း၀မ်က မြို့နယ်အဆင့်ကို လွယ်လွယ်ကူကူပဲ အောင်သွားလိမ့်မည်ဟု ဆိုသည်။ အသက်အရွယ်အရ ခွဲလိုက်တာဖြစ်၍ စန်း၀မ်က ကလေးများကြားတွင် အတော်ဆုံးဖြစ်နေလေသည်။
လင်းလန် : " မားမားတို့ မြို့တက်ပြီး ဆေးလာကုမယ့်ကိစ္စကို စန်း၀မ်ကို မပြောဘဲ နေကြရအောင် "
ရှောင်၀မ်က ပြုံးနေကာ ခေါင်းတစ်ညိတ်ညိတ်လုပ်နေလေသည်။
" စန်း၀မ်ကောကို အံ့သြသွားအောင် လုပ်ကြမယ်လေ "
ဟော်ဟုန်ကျန်းကလည်း သူမတို့ မြို့သွားကြမည်ကိုသိသောအခါ ပျော်နေပြီး ဟော်ယွမ်ထံ စာရေးလိုက်လေသည်။ လင်းလန်က ရှောင်၀မ်ကို မျက်စိခွဲပေးရန် မြို့တက်လာမည်ဖြစ်၍ သွားကြိုကာ အလည်ခေါ်ရန် ရေးလိုက်တာဖြစ်သည်။
ဤသို့ဖြင့် အားလုံးသည် ပုံမှန်အတိုင်းပင် နေထိုင်ပြုမူနေကြပြီး စာရေးရာတွင် စန်း၀မ်အား ထိုအကြောင်းကို ထည့်မပြောပေ။ ထိုအစား သူ့ရဲ့လေ့ကျင့်ရေးကိုသာ ဂရုတစ်ိုက်ရှိရန် မှာကြလေသည်။ စန်း၀မ်က စာရေးရန် အခြားလူကို ခိုင်းနေဆဲဖြစ်သော်လည်း လင်းလန်တို့က အတင်းမတိုက်တွန်းဘဲ လေ့ကျင့်ရေးကိုသာ အာရုံစိုက်စေလေ၏။
Xxxxxx