အပိုင်း ၆၉၃-၆၉၄
Viewers 37k

Part 693


ဟန်ချင်စုန့်က နောက်ဆုံးမှ ရှောင်၀မ်ကိုချီထားပြီး အထုပ်ဆွဲလျက် ရောက်လာလေသည်။


 " အပေါ်လက်မောင်းကိုချုပ်ပြီး တံတောင်ဆစ်နေရာကနေ လိမ်လိုက် အဲ့ဒါဆို မရုန်းနိုင်တော့ဘူး "


" ချည်လိုက်တော့ နောက်တစ်ဖက်ကိုပါပူးပြီး တင်းတင်းလေးချည်လိုက် "


ကျန်နှစ်ယောက် : " .... " အမေရေ ၊ ဒီစိတ္တဇလူကြီးက ဘယ်က ရောက်လာတာလဲ ။


အား၀မ် ချုပ်ထားသူက အနည်းငယ် အားသန်သဖြင့် ရုတ်တရက်ရုန်းလိုက်ပြီး ပြန်ထိုးမည်အလုပ်တွင် ဟန်ချင်စုန့်က ဒူးကိုကန်လိုက်ပြိိး ခါးကိုပါ ထပ်ကန်လိုက်သဖြင့် ခုံပေါ်သို့ လဲကျသွားတော့သည်။ ကျဥ်းလွန်းသဖြင့် ဟန်ချင်စုန့်က လွတ်လွတ်လပ်လပ် လှုပ်ရှား၍မရသော်လည်း ထိုလူငယ်လေးများကို ဆုံးမလို့တော့ ရပေသည်။


မျက်နှာဖုံးနှင့်လူ  : ကံဆိုးတဲ့နေ့ပဲ ...


အခြားပါလာသော ခရီးသွားများက လက်ခုပ်တီးကာ အားပေးကြသည်။ ထိုသုံးယောက်ကို သဘောမကျကြသည်မှာ သိသာပေသည်။ ထိုသုံးယောက်က ရထားပေါ်ရောက်ကတည်းက ဆဲဆိုနေခဲ့ကြတာဖြစ်ပြီး ခဏအကြာတွင် တိတ်သွားကြသော်လည်း ကလေးများ ငိုသံကိုကြားသည့်အခါ ပြန်ဆဲကြပြန်လေသည်။ အငိုမတိတ်ပါက နေကြာစေ့ဖြင့် ပစ်ပေါက်တတ်သေးလေသည်။


ရထားပေါ်မှ ၀န်ထမ်းများသည်လည်း ဘာအကြောင်းကြောင့်ရယ်မသိ ပေါ်မလာကြပေ ။


" ကောင်းတယ် ရဲတွေရောက်လာပြီဆိုတော့ ခုနကလို လုပ်နိုင်ကြဦးမလား ကြည့်ကြတာပေါ့ "


မျက်နှာဖုံးနှင့်လူက ဟန်ချင်စုန့်ကို လှမ်းကြည့်လိုက်သော်လည်း ရဲဟုမထင်ခဲ့ပေ ။


ဟန်ချင်စုန့်၏ ယူနီဖောင်းကိုမြင်သွားမှသာ လက်ပေါက်အကပ်ဆုံးရဲနဲ့ တွေ့ပြီဟုတွေးသွားကြလေ၏။


အထဲ၌ ထိုင်နေခဲ့သူက ထိုအခါမှ အနည်းငယ် ယဥ်ယဥ်ကျေးကျေး ပြန်ပြောလေသည်။ 


" ဒါ ကျွန်တော်တို့ခုံပါ ထိုင်ရတာကျယ်အောင် ငါးခုံတမင်၀ယ်ထားတာပါ အဲ့ဒါက်ို ဘာလို့ လူကိုမမေးမမြန်းဘဲ လာရိုက်နေရတာပါလဲ "


လင်းလန် လက်မှတ်ကို ပြလိုက်သည်။


 " သေချာကြည့်လိုက်လေ မမြင်ချင်ယောင်ဆောင်မနေနဲ့ "


ထိုအခါမှ ကောင်လေးတစ်ယောက်က သူ့အိတ်ထဲမှနေ လက်မှတ်ကို ခဲရာခဲဆစ် ဆွဲထုတ်လိုက်လေသည်။ 


" ဪ ငါတ်ို့က အတွဲခြောက်မှာ ဖြစ်ရမှာပဲ အဲ့ကောင် လောင်၀မ် မှား၀ယ်ပေးလိုက်တာနေမှာ "


ကျန်နှစ်ယောက် : " ...... "


လင်းလန် : " ဟန်ဆောင်မနေနဲ့တော့ မြန်မြန်ဖယ်ကြ ငါးခုံတောင်၀ယ်နိုင်ရင်လည်း တစ်ခါတည်း အိပ်စင်ပါတဲ့အထူးတွဲကို ၀ယ်တာမဟုတ်ဘူး "


" မ၀ယ်ချင်လို့ မ၀ယ်တာများ ထင်နေတာလား "


 မက်စ်တပ်ထားသူက ဒေါသတကြီးဖြင့် ပြန်အော်သည်။


ဟန်ချင်စုန့် တ၀မ်ကို ကြိုးဖြည်ပေးရန် အချက်ပြလိုက်သည်။ 


တ၀မ်လည်း ကြိုးကိုလျှော့၍ ပြန်ဖြည်ပေးလိုက်သည်။ ထိုနှစ်ယောက်ကလည်း မက်စ်တပ်လိုက်ပြီး အတွဲခြောက်သ်ို့ ပြန်ကူးသွားလေ၏။ 


လင်းလန်ကို မကျေနပ်သဖြင့် ထွက်သွားရာတွင်လည်း ဆောင့်ဆောင့်အောင့်အောင့် လုပ်သွားကြလေသည်။


ထိုလူများ၏ မိဘများကို ရှောင်၀မ်က သနားနေလေသည်။


 " ဟူး အဲ့လောက် မောက်မာနေကြတာ မိဘတွေအတွက် မရှက်ဘူးလား သူတ်ို့မိဘတွေတော့ သနားပါတယ်နော် "


ကလေးထံမှ အပြောခံလိုက်ရ၍ ထိုသုံးယောက်သည် ခြေလှမ်းမှား၍ ချော်လဲသွားကြသေးပေ၏။


ထိုသုံးဦးထွက်သွားမှသာ လင်းလန်တို့လည်း ပစ္စည်းများကို နေရာချ၍ ၀င်ထိုင်လိုက်ကြသည် ။ 


ဟန်ချင်စုန့်က လင်းလန်အား ပြတင်းပေါက်နားတွင် ထိုင်ခိုင်းလိုက်ပြီး သူကိုယ်တိုင်က အပြင်ဘက်တွင် ၀င်ထိုင်သည်။ 


ကလေးလေးယောက်က သုံးယောက်ခုံတွင် ပူးကပ်၍ ထိုင်နေကြသည်။ မီးခိုးငွေ့များက မွှန်ထူနေသော်လည်း ထိုကလေးများသည် ဂရုမစိုက်ကြဘဲ ထွက်လာသည့်မီးခိုးငွေ့များကို စိတ်၀င်တစား လိုက်ကြည့်နေကြလေ၏။ 


ရှောင်၀မ်က လေတိုးခံပြီးကိုနေနေသဖြင့် သူ့မျက်နှာ၌ ဖုန်များလာကပ်နေလေသည်။ သို့ဖြစ်၍ မိုင်ဆွေ့က ရေသန့်ဘူးထဲမှ ရေလောင်းချ၍ မျက်နှာသစ်ပေးလိုက်ရသည်။ 


ထို့နောက်တွင် ရှောင်၀မ်သည် ပန်းချီစာအုပ်ကိုထုတ်၍ ပုံဆွဲနေလေ၏။ စန်း၀မ်ကဲ့သို့ပင် ရှောင်၀မ်သည် စာရေးရသည်ကို မကြိုက်ဘဲ ပုံဆွဲရသည်ကိုသာ သဘောကျလေသည်။ ဘူတာသို့လာစဥ်က တွေ့ခဲ့သော ရှုခင်းများနှင့် ရထားဘူ၌ တွေ့ခဲ့သော နိုင်ငံခြားသားနှစ်ယောက်၏ပုံနှင့် ရထားပုံတို့ကို ဆွဲနေလေသည်။ 


ရထားပေါ်၌ လူပေါင်းစုံရှိသည့်အပြင် ခုနကကဲ့သို့သော ကောင်လေးများကိုလည်း တွေ့လိုက်ရသဖြင့် ရှောင်၀မ်သည် အားလုံးကို မှတ်တမ်းတင်ချင်နေသည့်နှယ် မြင်မြင်သမျှကို လိုက်ဆွဲနေလေ၏ ။


တ၀မ်ကမူ ရေသိပ်မကျန်တော့သည်ကိုတွေ့သဖြင့် ရေခွက်ကိုယူကာ ရေသွားခပ်ဖို့ ပြင်လိုက်လေသည်။ အား၀မ်နှင့် မိုင်ဆွေ့ကမူ ရထားပေါ်၌ သန့်စင်ခန်းဘယ်မှာရှိသည်ကို လိုက်ကြည့်နေလေသည်။ 


ခဏအကြာတွင် အား၀မ်နှင့် မိုင်ဆွေ့က ပြန်ရောက်လာသည်။ ရှောင်၀မ်က နိုင်ငံခြားသားများ၏ ပုံကိုဆွဲနေသည်အား မြင်သောအခါ သူတို့လည်း သူတို့မြင်ဖူးသည်များကို မှတ်ထားချင်သွားကြလေသည်။ 


မိုင်ဆွေ့က ထိုလူများ၏ ဘာသာစကားနှင့် ၀တ်စားဆင်ယင်မှုများကို စိတ်၀င်စားနေပြီး အား၀မ်ကမူ သူတို့၏ နိုင်ငံအကြောင်းကို သိချင်နေလေသည်။ သူတို့က ဘာတွေကို လုပ်ကိုင်ကြသည် ၊ ဘာတွေကို ဘယ်လိုစိုက်ပျိုးကြသည်နှင့် ဘယ်လိုအလုပ်လုပ်ကြသည်များကို သိချင်နေလေ၏။ 


ထို့ကြောင့် ရှောင်၀မ်က ပုံဆွဲနေစဥ်တွင် မိုင်ဆွေ့နှင့် အား၀မ်သည် ဒိုင်ယာရီရေးနေကြသည်။ 


မိုင်ဆွေ့ ဒိုင်ယာရီသည် ခံစားချက်များဖြင့် အပြည့်ဖြစ်လို့နေသည်။ သူမက ရွာမှထွက်လာသည့်အချိန်မှစ၍ မြင်မြင်ခဲ့သမျှကို ချရေးနေတာဖြစ်သည်။ ခရိုင်ကိုသာ ရောက်ဖူးတာဖြစ်သော သူမအတွက် မြို့သို့သွားရခြင်းသည် တကယ်ကိုပင် အမြင်ကျယ်စေသော ကိစ္စဖြစ်ပေသည်။ 


ကမ္ဘာကြီးက အကျယ်ကြီးပဲ ၊ သူမလည်း လျှောက်သွားကြည့်ရမှာပေါ့ ...


ကလေးသုံးယောက်က စာရေးလိုက် ပုံဆွဲလိုက်ဖြင့် အလုပ်များနေသဖြင့် လင်းလန်လည်း ထိုမြင်ကွင်းကိုကြည့်၍ ပြုံးလိုက်မိသည်။ 


ဟန်ချင်စုန့်က လင်းလန်အား ပုခုံးမှဖက်၍ ရင်ခွင်ထဲသို့ဆွဲခေါ်လိုက်သည်။


 " နည်းနည်းလောက် အိပ်လိုက်ဦး "


မနေ့ညက ကောင်းကောင်း မအိပ်ရသေးသလို မနက်အစောကြီးလည်း ထထားရတာဖြစ်၍ နောက်နေ့တွင် အားမရှိတော့မည်စိုး၍ ဖြစ်သည်။


လင်းလန်လည်း ရင်ခွင်ထဲကိုမှီ၍ မျက်လုံးများကို မှိတ်ထားလိုက်သည်။ ဟန်ချင်စုန့်၏ နှလုံးခုန်သံကို နားထောင်ရင်း မကြာမီတွင် အိပ်ပျော်သွားလေသည် ။ 


.......


ရထားနှစ်တွဲရှာပြီးသည်ကိုတောင် ရေဖြည့်ရမည့်နေရာကို တ၀မ် ရှာမတွေ့သေးပေ ။ အတွဲခြောက်သို့ရောက်လာမှသာ ရထား၀န်ထမ်းကို တွေ့လိုက်ရ၍ တ၀မ် မေးကြည့်လိုက်သည်။ 


ရထား၀န်ထမ်း : " ရေဖြည့်ရမယ့် နေရာလား "


တ၀မ် : " ဟုတ်ပါတယ် ဘယ်အတွဲမှာ ဖြည့်လို့ရမလဲ "


ရထား၀န်ထမ်းက မျက်လုံးပင် ဖွင့်မကြည့်ဘဲ ပြန်ဖြေသည်။ " အင်း အတွဲကိုးလား ...အတွဲနှစ်ကို သွားကြည့်ခိုင်းရမလား "


တ၀မ် :  " ဗျာ "


ရထား၀န်ထမ်းက တိုးတိုးလေးပြောနေသည်။ ရထားပေါ်၌ ဘွိုင်လာက အများကြီးမရှိပေ ။ အတွဲတိုင်းတွင် မထားတတ်သဖြင့် ရှိသောအတွဲတွင်သာ သွားဖြည့်ကြရလေ၏။ 


" အတွဲကိုးကိုပဲ သွားကြည့်လိုက် " 


ရထား၀န်ထမ်းက ပြန်ဖြေသည် ။ ထိုလူက စိတ်မကြည်နေ၍ထင်အံ့ ၊ ကောင်းကောင်းပြန်မဖြေပေ ။ စိတ်ကြည်နိုင်စရာအကြောင်းလည်းမရှိပေ ၊ ရထားစီးရသည်က သက်သောင့်သက်သာမရှိသည့်အပြင် ဖုန်နံ့မီးခိုးနံ့ကလည်း တစ်ထောင်းထောင်း ထနေသည်ကိုး ။


Xxxxxxx

Part 694


တ၀မ် ထိုအတွဲသို့ သွားကြည့်လိုက်သည်။ ရထားလျှောက်လမ်းက ကျဥ်းသဖြင့် တစ်ဖက်လူများကို အရင်ဖြတ်ခွင့်ပေးလိုက်သည်။ 


သွားနေစဥ်တွင် တစ်ဖက်မှ လာနေသူများထဲ၌ မက်စ်တပ်ထားသော ဟိုလူတစ်စုလည်း ပါလာလေသည်။ " တောသား "


တ၀မ်က ချက်ချင်းပင် လက်ဆစ်ထချိုးနေသဖြင့် ဘေးတွင်ထိုင်နေကြသူများက " ရန်မဖြစ်ကြနဲ့နော် " ဟုထအော်၏။ 


ကျီထင်းရှန်က တ၀မ်အား ပုခုံးကိုပုတ်၍ " ကောင်လေး..." ဟုခေါ်သည် ။


တ၀မ် ရေခွက်အား ထိုင်နေသူကို ခဏအပ်ထားလိုက်ပြီး ကျီထင်းရှန်၏ ခြေထောက်ကို ကန်လိုက်သည်။ 


ထိုသည်ကို ကိုယ်ခံပညာမတက်ပါက ရှောင်နိုင်မည် မဟုတ်ပေ ။ 


" အာ့ " ကျီထင်းရှန်က တ၀မ်ကို အတင်းဆွဲဖက်လိုက်ကာ ဘေးသို့တိုက်ချလိုက်သည်။ 


တ၀မ် ခါးကိုငုံ့၍ တစ်ဖက်လူ၏ လက်ကိုဆွဲကာ ဒူးကိုကွေး၍ ကိုင်ပေါက်လိုက်သည်။ ကျီထင်းရှန်က လျှောက်လမ်းထက်သို့ ပက်လက်ကျသွားလေ၏။ တ၀မ် ငုတ်တုပ်ထိုင်၍ ကျီထင်းရှန်၏ ခေါင်းကို တစ်ချက်ပုတ်လိုက်သည်။ 


ကျီထင်းရှန် : " မင်း မရိုင်းနဲ့နော် "


တ၀မ် မျက်မှောင်ကြုံ့ကာ " အခုထိ ပြောနေနိုင်တုန်းပဲလား " ဟုပြန်မေးလိုက်ပြီး မက်စ်ကို ဆွဲဖြုတ်လိုက်သည်။ သူ့ရှေ့ရှိ မျက်နှာသည် လှပလွန်း၍ တ၀မ် ထိုသူအား မိန်းကလေးဟုပင် ထင်သွားမိသည်။ 


တ၀မ် မက်စ်ကိုပြန်ပစ်ချလိုက်ပြီး ထရပ်၍ ရေခွက်ကိုပြန်ယူကာ ထိုလူအား ကျေးဇူးတင်စကားပြောပြီး ထွက်လာလိုက်တော့သည်။ 


ကျီထင်းရှန် : " ကောင်လေး နာမည်ပြောခဲ့ဦးလေ "


တ၀မ်ကမူ ဂရုမစိုက်ဘဲ ထွက်သွားလေ၏။ 


ရေခပ်ပြီး ပြန်လာရာတွင်လည်း ထိုသုံးဦးအား တွေ့လိုက်ရပြန်သည်။ မိန်းကလေးများထက်ပင် လှသောတစ်ယောက်သည် မျက်နှာမသာမယာဖြင့် ရှိနေသည်။ သို့သော်လည်း ထိုမျက်နှာထားက မိန်းကလေးတစ်ယောက် လုပ်တတ်သည့် အနေအထားတော့ ဟုတ်မနေပေ ။


ထိုလူသာ မိန်းကလေးလိုနေမည်ဆိုပါက မယုံသူရှိကြမည်မဟုတ်ဟု တ၀မ် ထင်မိသည်။ 


ကျီထင်းရှန်းက မေးငေါ့ကာ " ခဏ လာထိုင်ဦး " ဟု လှမ်းခေါ်သည်။


သူ ပြောလိုက်သည်နှင့် ကျန်နှစ်ဦးထဲမှ တစ်ဦးသည် ခြေထောက်ကိုဆန့်ထားကာ တ၀မ် ဆက်သွား၍မရအောင် လုပ်လိုက်လေသည်။


တ၀မ် မျက်မှောင်ကြုံ့လိုက်မိသည်။ " ရန်ဖြစ်ချင်လို့လား ဒါဆိုလည်း ရထားခေါင်းဘက်ကိုသွားရအောင် " 


အဲ့လ်ိုဆို မဆိုင်တဲ့လူတေတွေကို မထိမိတော့ဘူးပေါ့ ။


ကျီထင်းရှန် : " ကြောက်မနေနဲ့ ငါတို့က မင်းကို အနိုင်ကျင့်မလို့ မဟုတ်ဘူး "


သူ့ဘေးက လူနှစ်ယောက်ကလည်း ခေါင်းညိတ်ကာ ထောက်ခံသည်။


တ၀မ်ကလည်း ငကြောက်မဟုတ်၍ စားပွဲတွင်ရေခွက်ကိုတင်ကာ ၀င်ထိုင်လိုက်သည်။ 


" နာမည်ဘယ်လိုခေါ်လဲ ကြောက်လို့ မဖြေရင်လည်း ရတယ်နော် "


တ၀မ် : " ဟန် ၀မ်ကော "


" ကျီထင်းရှန် "


တ၀မ်က ဘာမှပြန်မပြောပေ ။ 


ကျီထင်းရှန် : " ငါ့နာမည်က ကျီထင်းရှန်လို့ သူက  ကျိုးရှုကွမ်း သူက လွမ်ယောင်ဟွေ့ "


တ၀မ် : " ဪ " မင်းတို့နာမည်က ဘာဖြစ်ဖြစ် ငါနဲ့ဘာဆိုင်လို့လဲ 


ကျန်သုံးယောက် : " ...... " ဒီအရိုင်းအစိုင်းလေးကတော့ ။


" ဟန်၀မ်ကော မင်းတို့မိသားစုက မြို့ကလား "


 မျက်နှာချင်းဆိုင်ရှ်ိ ကျိူးရှုကွမ်းက မေးသည်။ 


တ၀မ် : " မဟုတ်ဘူး "


ကျီထင်းရှန် : " စကားကို ဘာလို့ ရင့်ရင့်သီးသီးပြောနေတာလဲ မင်းအဖေကရော ဘယ်တပ်ကလဲ "


ကျိုးရှုကွမ်း : " အထင်မလွဲပါနဲ့ ငါတ်ို့က ပြဿနာရှာမလို့မဟုတ်ဘူး မင်းနဲ့ ခင်ချင်ရုံပါ "


တ၀မ် : " ငါကတော့ မခင်ချင်ဘူး "


လွမ်ယောင်ဟွေ့ : " ကောင်လေး ဘာလို့ အဲ့လောက် ရင့်သီးနေရတာလဲကွ မင်းအဖေက ပြည်သူ့လုံခြုံရေးဗျုရိုကမလား ငါထင်တာတော့ ..."


တ၀မ်က ဆက်နားမထောင်ချင်တော့၍ ရေခွက်ကိုယူကာ ထပြန်မည် လုပ်လေသည်။ 


လွမ်ယောင်ဟွေ့က ပြန်တားသည်။ 


" ဟေး ငါပြောနေတုန်းပဲရှိသေးတယ်လေ "


တ၀မ်က အေးစက်စက် တစ်ချက်သာ ပြန်ကြည့်သည်။


 " ရှေ့ကဖယ် "


ကျိူးရှုကွမ်း : " စိတ်မဆ်ိုးပါနဲ့ စိတ်မဆ်ိုးပါနဲ့ မင်းက အရည်အချင်းရှိလို့ ငါတ်ို့က ခင်ချင်ရုံပါ မင်းတို့လည်း မြို့ကိုသွားနေတာပဲမလား ပထမဆုံးတွေ့ကြတာပဲဟာ ဒေါသမထွက်ပါနဲ့ ငယ်ငယ်လေးနဲ့ အရည်အချင်းလည်းရှ်ိရဲ့သားနဲ့ ဘာလို့ ဒေါသကြီးနေရတာလဲ "


တ၀မ်တို့မိသားစုက မြို့တော်မှလူများနှင့်တူသော်လည်း တကယ်က တောမှတက်လာသူများ ဖြစ်နေလေ၏။ ဟန်ချင်စုန့်က ယူနီဖောင်း၀တ်ထားသော်လည်း မိန်းမနှင့်ကလေးများနှင့်အတူ တိုးကြိတ်ကာထိုင်နေပြီး အရာရှိအခွင့်အရေးကို ယူနေခြင်းလည်းမရှိပေ ။ ထို့ကြောင့် ရာထူးအကြီးထဲက မဟုတ်လောက်ဟု သူ ထင်နေမိသည်။ ပြီးတော့ တ၀မ်က ရေဖြည့်ရန်နေရာကို လိုက်ရှာနေသည့်ပုံအရ ရထားလည်း ပထမဆုံးစီးဖူးတာဖြစ်လောက်၍ မြို့မှလာသူများ လုံး၀ မဖြစ်နိုင်ပေ ။


တ၀မ်၏ အမူအရာအရ ချီးကျူးခံရသည်ကို သဘောကျသည်အား ခန့်မှန်းမိလိုက်၍ သူ ပြုံးလိုက်မိသည် ။ 


" ၀မ်ကော မင်းအဖေဆီက သင်ထားတာလား မင်းအရည်အချင်းတောင် ဒီလောက်တော်နေတာ မင်းအဖေဆို ပိုတော်မှာပဲနော် လေးစားတယ်ကွာ "


တ၀မ်၏ မျက်နှာထားက တည်တည်ငြိမ်ငြိမ်ပဲ ရှိနေသေးသည်။


ကျိုးရှုကွမ်းက ရယ်ကာ ဆက်ပြောလေ၏။


 " ခုနက ငါတို့ စိတ်မကြည်နေလို့ပါကွာ တမင်လုပ်တာ မဟုတ်ဘူး ငါတို့ထိုင်ကတည်းက လူတွေက ငါတို့ခုံကိုပဲ လာတောင်းနေကြတာ အဲ့ဒါနဲ့ ငါတို့လည်း ဒေါသထွက်နေကြတာ ငါတို့က အိပ်စင်ပါတဲ့အခန်းလက်မှတ်ကို၀ယ်မရလို့ ထိုင်ခုံနှစ်ခုံ ပို၀ယ်ထားတာလေ အဲ့ဒါကို ငါတို့ကို လာပြီးအပြစ်တင်နေကြတော့ ငါတို့က ဘယ်လိုလုပ် ဒေါသမထွက်ဘဲ နေပါ့မလဲ မဟုတ်ဘူးလား "


တ၀မ် သူတို့က တမင်ကြွား၀ါပြနေတာလား အမှန်တိုင်းပြောနေတာလား ဆိုသည်ကို ဂရုမစိုက်ပါ ၊ တောင်းပန်နေသည်ကိုသာ လက်ခံလိုက်သည်။ 


" ကောင်းပြီလေ "


ကျီထင်ရှန်းကလည်း ပြောသည်။ " ဒါဆို ... ငါလည်း တောင်းပန်တယ်ကွာ ဒါနဲ့ အဲ့နှစ်ယောက်က မင်းအစ်မနဲ့ညီမလား "


တ၀မ် : " ........ " ခွင့်လွှတ်လိုက်သင့်ရဲ့လား  ။


" ငါ့အမေနဲ့ ညီမ "


" တကယ်ကြီးလား " ထိုသုံးယောက်က ထအော်သည်။ " မင်းအမေလား မထင်ရဘူးနော် လုံး၀ကို မထင်ရဘူး "


သုံးယောက်လုံးက တောင်းပန်ကြသဖြင့် တ၀မ်လည်း " ရပါတယ် " ဟုဆိုလိုက်ရသည် ။


ကျီထင်းရှန်က အလွန်တက်ကြွနေလေသည်။ ခုနကတုန်းက မောက်မာကာ ရိုင်းစိုင်းနေခဲ့သူက သူလုံး၀ မဟုတ်သလိုပင် ။ 


တ၀မ် ထိုတစ်ယောက်အား သတိပေးလိုက်သည်။


 " မင်း ငါ့ညီမနဲ့ ဝေးဝေးနေ " 


ကျီထင်းရှန်က နှာခေါင်းကို ပွတ်နေလေသည်။


 " အထင်မလွဲတော့လေကွာ တောင်းပန်ပြီးပြီပဲ မဟုတ်ဘူးလား သူငယ်ချင်းလုပ်ကြတာပေါ့ "


တ၀မ်က ရေခွက်ကိုယူ၍ ထရပ်လိုက်ကာ " မလုပ်ဘူး " 


 ရန်သူပဲ လုပ်ကြတာပေါ့ ။


တ၀မ် ထွက်သွားသောအခါ ကျီထင်းရှန်က စားပွဲကို ဘုန်းခနဲ ရိုက်လိုက်လေသည်။


 " တောသားဖြစ်ပြီး မာနက မိုးပေါ်ရောက်တော့မယ် "


ကျိုးရှုကွမ်း : " ဒါပေမယ့် တော်တာတော့ တကယ်တော်တာ သာမန်တပ်သားတွေထက်တော့ သာတယ် "


လွမ်ယောင်ဟွေ့က သဘောမတူ ။ 


" သူ့အဖေက ဒီလောက်တော်နေရင် တောက ကေဒါတစ်ယောက်ဖြစ်နေပါ့မလား အရမ်းတော်နေရင် တပ်ထဲမှာပဲ နေမှာပေါ့ "


Xxxxxx