အပိုင်း ၇၃၃-၇၃၄
Viewers 36k

Part 733


အမှန်တွင် အခုချိန်၌ ကွန်မြူနတီခြံဝန်းတွင်းရှိ အိမ်များမှာ ဘယ်ဟာမှပိုကောင်းမနေပေ။  ညွှန်ကြားရေးမှူးရုံး၊အစည်းအဝေးခန်း အစသဖြင့်ကိုသာ အုတ်နီဖြင့်တည်ဆောက်ထားပြီး အခြားအိမ်များကိုမူ အ‌ခြေခံအားဖြင့် အုတ်ပြာနှင့် ခိုင်မာသောမြေသားတို့ဖြင့် ဆောက်ထားပေသည်။


နံရံများက မျက်နှာပြင်ကိုထောက်ပံ့ပေးရသော နေရာများတွင် အင်္ဂတေဖြင့်တည်ဆောက်ထားပြီး ကျန်သည့်အနောက်တစ်ဝက်မှာ ရွှံ့စေးဝါဖြင့်ဆောက်ထားတာဖြစ်ကာ အချို့ကပြိုကျနေပြီဖြစ်၏။


ဘယ်လိုဘဲဖြစ်ဖြစ် စုတ်ပျက်ယိုယွင်းနေပေသည်။


လက်ထောက်ညွှန်မှူးယန်က အုတ်ခဲနှင့် အုတ်ကြွပ်ပြားများဝယ်ပြီး ကွန်မြူနတီ၏ခြံဝန်းကို တိုးချဲ့ရန် ထပ်ခါတလဲလဲ တောင်းဆိုနေခဲ့ပေသည်။သူ့‌ပြောသည့် ဆင်ခြေမှာ ရုံးခန်းများမလုံလောက်သလို အစည်းအဝေးခန်းကလည်း သင့်တော်အောင် မကောင်းမွန်သောကြောင့်ဟု ဆို၏။ တကယ်တွင် သူက အိမ်အနည်းငယ်ဆောက်ကာ သူ့တစ်မိသားစုလုံးအား ဒီနေရာတွင် ပြောင်းနေချင်နေတာဖြစ်သည်။နှမြောစရာမှာ တခြားကေဒါများက တစ်စုတစ်စည်းထဲ သဘောမတူခဲ့ကြပေ။အကြောင်းမှာ အိမ်ဆောက်ရန် ကွန်မြူနတီ၏ ရန်ပုံငွေကိုသုံးရမည်ဖြစ်ကာ တပ်မဟာက အစားအစာစုဆောင်းရန်လိုအပ်ပြီး စေတနာ့ဝန်ထမ်းများကြိလည်း ထောက်ပံ့ရမှာဖြစ်သောကြောင့်ပင်။ဤအရာက ကွန်မြူနတီအဖွဲ့ဝင်များအပေါ်တွင် ပို၍ဝန်လေးလာစေပြီး ကေဒါအများစုက ဒါနှင့် ပတ်သက်ပြီးမပျော်ရွှင်ကြပေ။


ဘယ်လိုဘဲဖြစ်ဖြစ် သူတို့က ဒီမှာအိပ်ကြတာမဟုတ်ပေ။သူတို့က နေ့ခင်းဘက်တွင် အလုပ်လာလုပ်ကြရုံဘဲဖြစ်တာကြောင့် အသစ်နဲ့အဟောင်းဘာဖြစ်ဖြစ် ဘာများကွာသွားလို့လဲ။မင်းက စုတ်ပျက်နေတဲ့ သက်ကယ်အမိုးနဲ့ တဲအိမ်တွေမှာ နေရတဲ့သူတွေကို မတွေ့ဖူးဘူးလား ။ကွန်မြူနတီကို အရမ်းခမ်းခမ်းနားနားဆောက်ပြီး ဘာလုပ်လို့ရမှာလဲ။


ခြံဝန်းထဲ တစ်ပတ်လျှောက်လာပြီးနောက်တွင် သူတို့ကကန်တင်းဆီသို့‌ ရောက်လာခဲ့ကြသည်။ကွန်မြူနတီ၏ ကန်တင်းက အရမ်းမကြီးပေ။လူတိုင်းက အရှေ့ဘက်ရှိဟင်းလင်းပြင်တွင် ဆောင့်ကြောင့်ထိုင်ကာ စားလျှင်စာ၊ မဟုတ်ပါက ရုံးခန်းသို့ ပြန်ကာ သွားစားနိုင်ပေသည်။


အခုချိန်တွင် ပြောင်းလဲလို့ရနိုင်သော ဟင်းသီးအရွက်အသစ်များက ဟင်းရွက်ခြံထဲတွင် ရှိနေပြီဖြစ်ကာ ဂေါ်ဖီထုပ်၊မုန်လာဥဖြူနှင့် အာလူးများက နေ့တိုင်းဖြစ်မနေတော့ပေ။လူနှစ်ယောက်အတူစားရန်အတွက် မတူညီသောအရသာများကို ဝယ်လို့ရပေသည်။ကြက်သွန်မိတ်တို့ဖူး၊  ဟင်းနုနွယ်တို့ဖူးကြော်၊ ခရမ်းချဉ်သီးနှင့် ကြက်ဥစွပ်ပြုတ်တို့ဖြစ်သည်။ဒယ်စေက်အား ဆားရေထဲတွင် ပွက်အောင်ထားကာ နောက်ဆုံးတွင် ဆီတစ်ဇွန်းကို ထိုပေါ်သို့လောင်းချလိုက်၏။


လင်းလန်က သူမကိုယ်ပိုင်ဆားရည်စိမ်များနှင့် ငရုတ်ဆီသံဘူးတစ်ဘူးယူလာခဲ့ပေသည်။ ငရုတ်ဆီကို ဟင်းသီးဟင်းရွက်များနှင့် ရောလိုက်လို့ရ၏။


သူတို့က နေ့လယ်စာစားရန် ဟန်ချင်စုန့်ရုံးခန်းကို သွားလိုက်ကြသည် ယနေ့တွင် ဟန်ချင်းယွ‌မ်နှင့် လော့ဟိုင်ချန်တို့က ထိုနေရာမှာရှိနေကြကာ သူတို့အားလုံး အတူတူစားကြရန် စုပေါင်းလာကြလေသည်။


“ မရီး ကျွန်တော် ဆော့စ်ယူခဲ့တယ် မရီးမြည်းကြည့်လို့ရတယ် ”


ဟန်ချင်းယွမ်က ဆော့စ်တစ်ဘူးကို စားပွဲပေါ်တွင် တင်ပေးလာကာ သူ့ပုံစံက အလွန်ဂုဏ်ယူနေသည့်ပုံပင်။


လော့ဟိုင်ချန်က အနီရောင်ခရမ်းချဉ်သီးတချို့ကို လင်းလန်ကို လှမ်းပေးလိုက်ပြီး ထိုင်ရန် ထိုင်ခုံတစ်ခုဆွဲထုတ်လိုက်သည်။


လင်းလန်က ဆော့စ်ကို‌မြည်းကြည့်လိုက်ကာသေဘာကျသွား၏။


“ အထဲမှာအသားတွေပါနေတာဘဲ ဒီလောက်အရသာရှိတာ ဘယ်သူလုပ်ထားတာလဲ ”


လင်းလန်က ဒါကို ဟန်ရုံဖန်၏ အမျိုးသမီးအိုကြီးလုပ်တာမဟုတ်တာ‌ကိုတော့ သေချာနေပေသည်။သူတို့မိသားစုဘဝက မဆိုးရွားသော်လည်း ဟန်ရုံဖန်က ခြိုးခြံချွေတာတတ်ကာ သေချာပေါက် အသားကိုဒီလိုစားဖို့ ခွင့်ပြုမှာမဟုတ်ပေ။


ဟန်ချင်းယွမ်က တောက်ပစွာပြုံးလိုက်ကာ လော့ဟိုင်ချန်အား မျက်ခုံးပင့်ပြလိုက်သည်။


လော့ဟိုင်ချန် :“ မရီး ကျွန်တော့်ကို တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးရမယ် ”


လင်းလန် :“ တစ်ယောက်ယောက်လား အိုး ချင်းယွမ်ရေ အဲ့ဒါအမှန်ဘဲလား”


ဟန်ချင်းယွမ် :“ ဒီမှာကြည့် ဒီအသားဆော့စ်ကို သူမက စိတ်ရင်းအမှန်‌နဲ့ပေးလာ‌တာတော့ ကျွန်တော်လည်း ငြင်းရမှာအရမ်းရှက်နေခဲ့တာ ”


လော့ဟိုင်ချန် :“ ကျစ် ကျစ် ဒီတိုင်းအမှန်တရားကိုဘဲ ပြောပြလိုက်ပါကွာ မင်းဘက်ကစပြီး သူ့ကိုဒီလိုမျိုးဖြစ်အောင် ဘယ်လိုအပျော့ဆွဲလိုက်လဲဆိုတာကိုပေါ့ ”


ဟန်ချင်းယွမ်က လင်းလန်ကို သူ့အားလင်းမိန်တို့ဆီမှ တယောက်ယောက်နှင့်မိတ်ဆက်ပေးဖို့ နားပူနားဆာလုပ်နေတာကြာပြီဖြစ်သည်။တစ်လော‌တုန်းက လင်းလန်တယောက် လင်းမိန်အိမ်သို့သွားခဲ့ပြီး လမ်းတွင် သူတို့တပ်မဟာ၏ ဝါဒဖြန့်ချီသူနှင့် စကားပြောလိုက်ကာ ကောင်းမွန်သော မိန်းမငယ်လေးတစ်ယောက်ကို ရှာတွေ့ခဲ့ပေသည်။


မိန်းကလေး၏ အမည်က ကျန်းဟုန်ဟုန်ဖြစ်သည်။သူမက ဒီနှစ်တွင်အသက်19နှစ်ရှိပြီဖြစ်ကာ မြင့်မားသောမျက်ခုံးများနှင့် မျက်လုံးဝိုင်းကြီးများရှိ၏။သူမက အလွန်ပင် စိတ်ဓာတ်တက်ကြွသည့်ပုံပေါ်၏။သူမနှင့် ခနလောက်ဆက်ဆံကြည့်ပြီးသောအခါ သူမကအတော်လေးကောင်းသည်လူဖြစ်ကာ ဟန်ချင်းယွမ်နှင့် တွဲဖက်ကောင်းကောင်းဖြစ်နိုင်မည်ဟု လင်းလန်ခံစားမိပေသည်။


သူမအရင်ဆုံး လင်းမိန်ကိုမေးကြည့်လိုက်ရာ လင်းမိန်ကလည်း ကျန်းဟုန်ဟုန်အပေါ် ကောင်းမွန်သောထင်မြင်ချက်ရှိ၏။ကျန်းဟုန်ဟုန်၏မိသားစုကလည်း မိတ်ဆက်ပေးဖို့တစ်ယောက်ယောက်ကို ရှာနေသော်လည်း သူမကမိတ်ဆက်ပေးလာသောသူအနည်းငယ်ကို သဘောမကျပေ။သူမက စာတစ်လုံးတောင်မသိသော ယောက်ျားများ၊သန့်ရှင်းရေးကို ဂရုမစိုက်ဘဲ အရည်အချင်းမရှိသော ယောက်ျားများကို သဘောမကျပေ။


လင်းမိန်က သူမကို ဟန်ချင်းယွမ်၏အခြေအနေကို တိတ်တဆိတ်ပြောပြရန် အခွင့်ကောင်းယူလိုက်၏။ထိုအရာကိုကြားပြီးသောအခါ ကျန်းဟုန်ဟုန်ကလည်း အလွန်သဘောထားကြီး

စွာပင် သူမဘက်မှ အရင်ဆက်သွယ်လိုက်မည်ဟု ဆိုလာလေသည်။လင်းလန်က ဟန်ချင်းယွမ်အား ကျန်းရွာသို့ ဆပ်ပြာသွားပို့ခိုင်းလိုက်ကာ တစ်လက်စတည်းက တချက်ကြည့်စေလိုက်သည်။ဟန်ချင်းယွမ်ကလည်း အရပ်177ရှိ‌သော ခန့်ညားသည့်ယောက်ျားတစ်ယောက်ဖြစ်သည်။ အခုတွင် သူကပြည်သူ့လုံခြုံရေးဗျူရိုတွင် အလုပ်လုပ်နေ၏။သူ့အလုပ်က အချိန်ပြည့်အလုပ်မဟုတ်သော်လည်း သူကအခြေအနေမဆိုးနေပေ။အဓိကအချက်မှာက သူကစိတ်အားထက်သန်ပြီး ဟာသဉာဏ်ရွှင်ကာ၊ နူးညံ့ပြီး သည်းခံတတ်၏။တချို့ယောက်ျားများကဲ့သို့ ယောက်ျားဆန်လွန်းကာ စိတ်ဓာတ်တက်ကြွတာမျိုးမဟုတ်ပေ။ကျန်းဟုန်ဟုန်က သဘောကျမိပေသည်။


နှစ်ယောက်သားအချင်းချင်းတွေ့လိုက်ကြပြီး နောက်တစ်ဆင့်မှာ ယောက်ျားလေးဘက်က လက်ထပ်ခွင့်တောင်းလာမည်ကို ရှင်းလင်းအောင်လုပ်ရမှာဖြစ်သည်။


ဟန်ချင်းယွမ် :“ အဲ့ဒါက ငါ့မရီးရဲ့မိတ်ဆက်ပေးမှုအပြင် ငါ့ဆွဲဆောင်မှုနဲ့ အောင်မြင်မှုတွေလည်း ပါသေးတာပေါ့၊ ငါကဘာလို့ ချော့မော့ပြီးအပျော့ဆွဲနေရမှာလဲ။ငါကအဲ့ဒါကိုလုပ်ဖို့ စိတ်အနှောင့်ယှက်အဖြစ်မခံနိုင်ပါဘူးနော် ဟုတ်ပြီလား ”


လော့ဟိုင်ချန်က သူ့ကိုလှောင်လိုက်၏။

“ မင်းရဲ့နှုတ်ခမ်းတွေကိုပါးတယ်လို့ ဘာလို့ထင်နေရတာလဲ ”


ဟန်ချင်းယွမ်က နားမလည်ပေ။


“ ဘာလို့နှုတ်ခမ်းက အရမ်းပါးရမှာလဲ။ငါနေ့တိုင်းနေ့တိုင်းစားသောက်ပြီးတာတောင် ငါ့နှုတ်ခမ်းကမပါးလာဘူး အာ...”


သူက အသိပြန်ဝင်လာကာ လော့ဟိုင်ချန်က သူ့ကိုဟာသ‌လုပ်နေတာကို သိလိုက်ပေသည်။လူတွေက ၎င်းကိုချော့မော့အပျော့ဆွဲတာဖြစ်သည်။


“ ဘာမှမဟုတ်ပါဘူး ”


ဟန်ချင်းယွမ်က အလွန်ဂုဏ်‌ယူနေသည် စားစရာကလည်း အထူးတလည်ကို အရသာရှိနေပေသည်။


Xxxxxxx

Part 734


ဟန်ချင်စုန့်က ထိုလူနှစ်ယောက်က ဆူညံလွန်းသည်ဟုတွေးလိုက်မိသည်။ထိုအရာက သူ လင်းလန်နှင့် ကလူကျီစယ်မှာကို တားဆီးနေပေသည်။ထို့ကြောင့် နေ့လယ်စာစားပြီးနောက်တွင် သူကလင်းလန်ကိုခေါ်ကာ လမ်းလျှောက်ထွက်သွားလိုက်သည်။


သူတို့က ခြံဝန်းထဲတွင်မဟုတ်တော့ဘဲ အပြင်ထွက်သွားကာ ကွန်မြူနတီရှေ့ရှိ မြစ်ကမ်းတစ်လျှောက် လျှောက်‌သွားလိုက်သည်။


လင်းလန်က အလယ်တန်းကျောင်းကိုသွားပြီး ကလေးများကိုကြည့်ရန် အကြံပေးလာသော်လည်း ဟန်ချင်စုန့်က အလွန်စိတ်မဝင်စားနေပေ။ကလေးများနှင့်ပတ်သက်ပြီး စိတ်ဝင်စားစရာ တစ်ခုခုရှိနေလျှင်တောင်မှ သူကဒီအတိုင်း သူမနှင့်သာလမ်းပတ်လျှောက်ချင်ပေသည်။


သူတို့ကျောင်းကို အတင်းဝင်ရောက်လာသောအခါ နေ့လည်စားစာချိန်နှင့် ညစာအတွက်နားချိန်ဖြစ်သည်။အလယ်တန်းကျောင်းသားများအနေနှင့် အိမ်ပြန်ပြီးစားနိုင်သလို မဟုတ်ပါကလည်း ကန်တင်းသို့စားစရာများကို လက်လွှဲပေးလိုက်ကာ ပမာဏအတိုင်းစားရန် ဝယ်နိုင်မည်ဖြစ်သည်။


ကျောင်းကန်တင်းက သိပ်မကြီးပေ။ဒီအတိုင်းချက်ပြုတ်ပြီး ရောင်းရန်အတွက်သာဖြစ်ပြီး ကျောင်းသားများက စာသင်ခန်းတွင်စားရန် ပြန်ယူသွားကြရ၏။


သူတို့ကျောင်းဝင်းထဲ ဝင်လာလာချင်းမှာပင် ဆရာမများနှင့် ကျောင်းသားများ၏အာရုံစိုက်မှုကို ဆွဲဆောင်လိုက်ပေသည်။တကယ်တမ်းတွင် ဟန်ချင်စုန့်ကယူနီဖောင်းဝတ်ထားကာ အရပ်ရှည်ခန့်ညားနေပြီး သူ့ဘေးရှိလင်းလန်ကလည်း သွယ်လျပြီးချောမောနေ၏။သူတို့က လူသိမခံချင်လျှင်တောင်မှ မဖြစ်နိုင်ပေ။


မကြာခင်မှာဘဲ တဝမ်၊အားဝမ်နှင့်မိုင်စွေ့တို့က ထွက်လာကာ သူတို့ကို စားပြီးပြီလားဟုမေးလာ၏။


လင်းလန် :“ သားတို့စားပြီးသွားတာ ဗိုက်ပြည့်ရဲ့လား ”


လူကြီးတစ်ယောက်၏ ပုံမှန်နေ့စဉ်ဝေစုမှာ 1ကတ်တီဖြစ်ကာ ပုံမှန်အားဖြင့် နေ့လယ်ခင်းတွင် 4လျန်စားကြ၏။အမှန်တွင် ဤ‌4လျန်မှာ စားစရာပမာဏအပေါ်မူတည်ပြီး ကွဲပြားပေသည်။အကယ်၍ စားစရာအများအပြားရှိနေပါက မင်းအနေဖြင့် ဂျုံသန့်သန့် 4လျန်ကိုအသုံးပြုနိုင်ကာ အကယ်၍ စားစရာနည်းနေပါကမူ အခွံပါပါလာမှာဖြစ်ကာ ရေထပ်ထည့်ပြီးတောင်မှ 4လျန်ဟုခေါ်နိုင်ကာ ကွာခြားချက်က အလွန်ကြီးမားပေသည်။

(Tn : 1ကတ်တီမှာ 16လျန်နီးပါးရှိပါတယ်)


လင်းလန်က ဂရုတစိုက်တွက်ချက်ကာ စားစရာတချို့ပိုယူလာလိုက်ပြီး သဘာဝကျစွာပင် ထိုအရာက ကလေးများကိုကျွေးဖို့ဖြစ်သည်။တဝမ်က ဟန်ချင်စုန့်လောက်နီးနီး စားကာ မိုင်စွေ့ကမူ သိပ်မစားပေ။ထို့ကြောင့် သူမက သူမအစ်ကိုကြီးကို မျှဝေပေးနိုင်ပေသည်။


မိုင်စွေ့ :“ မားမား စိတ်မပူပါနဲ့ သမီးတို့ဗိုက်ပြည့်ပြီး အသီးအရွက်လည်းစားတယ် ပြီးတော့ သမီးတို့ ဆားရည်စိမ်တွေလည်း ယူခဲ့တော့ အခြားကျောင်းသားတွေထက် ပိုကောင်းပါတယ် ”


လင်းလန် :“သမီးကအခြားသူတွေထက် အရပ်ပိုရှည်တယ်လေ ဒါကြောင့်သမီးက ပိုစားသင့်တယ် ”


တဝမ်ကိုမပြောနှင့်၊ အားဝမ်နှင့်မိုင်စွေ့တို့ကိုတောင် အတန်းထဲတွင် အရပ်ရှည်သည်ဟု မှတ်ယူနိုင်ပေသည်။


လင်းလန်က စကားအနည်းပြောလိုက်ကာ ပြသနာရှာသည့်အတန်းဖော်များ ရှိလားဟုမေးလိုက်၏။တိုက်ဆိုင်စွာပင် ယန်ကျီချန်းနှင့် တစ်ယောက်ယောက်က ဖြတ်သွားနေချိန်ဖြစ်ကာ လင်းလန်မေးခွန်းကို ကြားလိုက်ရသောအခါ အလျင်အမြန်ပင် ထွက်ပြေးသွားလေသည်။


အရာအားလုံးက အဆင်ပြေနေသည်ကို မြင်လိုက်ရသောအခါ ဟန်ချင်စုန့်က လင်းလန်ကို ပြန်ကြရန် အမူအရာပြလိုက်၏။


ကွန်မြူနတီခြံဝင်းသို့ ပြန်ရောက်လာချိန်တွင် ဝန်ကြီးကျွမ်းကလည်း လင်းလန်ကိုရှာနေလေသည်။


“ ရဲဘော်လင်းလန် ရဲဘော်လင်းလန် ”


သူကကျယ်လောင်သောအသံရှိကာ လင်းလန်အမည်ကိုခေါ်ရသည်ကိုကြိုက်ပြီး အလွန်ပင်စိတ်အားထက်သန်နေလေသည်။သူအော်နေသရွေ့ ခြံဝင်းတစ်ခုလုံးက သူ့အသံကိုကြားရပေသည်။


ဟန်ချင်စုန့်က အနည်းငယ်မျက်မှောင်ကြုတ်လိုက်မိသည်။


လင်းလန်က ရယ်လိုက်၏။


“ ဘော့စ်ဟန်ရေ လမ်းလျှောက်တာပြီးသွားပါပြီ ကျွန်မအလုပ်သွားလုပ်တော့မယ် ”


သူမက လမ်းသေးသေးလေးဆီလျောက်သွားကာ ရုံးခန်းသို့ပြန်သွားလိုက်သည်။


ဟန်ချင်စုန့်က သူ့ရုံးခန်းကိုမပြန်ခင် သူမလျှောက်သွားတာကို ကြည့်နေလိုက်သည်။ထိုအချိန်မှာပင် လော့ဟိုင်ချန်နှင့် ဆုံမိသွားလေသည်။


လော့ဟိုင်ချန် :“ ခေါင်းဆောင်ဟန် ဝန်ကြီးကျွမ်းရဲ့အသံက တကယ်ကိုကျယ်တာဘဲနော် ”


ဟန်ချင်စုန့်က ခေါင်းညိတ်ကာ သူ့ကိုတစ်ချက်ကြည့်လာ၏။


လော့ဟိုင်ချန်က ချက်ချင်းပင်နားလည်သွားလေသည်။


“ ကျွန်တော်သူ့ကို ရုံးပတ်ဝန်းကျင်မှာ အရမ်းကျယ်‌ကျယ်လောင်လောင်ပြောနေတာက မသင့်တော်ဘူးလို့ နောက်ကျရင်ပြောလိုက်ပါ့မယ် ပြီးတော့ မရီးကိုလည်း သူ့ရှေ့နာမည်နဲ့ခေါ်နေတာက မသင့်တော်ဘူးလေ ”


လင်းလန်က ရုံးခန်းကိုပြန်ရောက်လာသောအခါ ဝန်ကြီးကျွမ်းက သူမအား စာရွက်စာတမ်းတစ်ခုပေးလာ၏။


“ လင်းလန်ရေ ရက်အနည်းငယ်အတွင်းမှာ ကောင်တီမှာ လေ့ကျင့်ရေးတစ်ခုရှိလိမ့်မယ် မင်းအဲ့ဒီကို တစ်ပတ်လောက်သွားရမယ် ”


လင်းလန်က ယူလိုက်ကာ တွေဝေသွား၏။တစ်ပတ်တောင်ဖြစ်သည်။


ဝန်ကြီးကျွမ်း :“ ညနေပိုင်းအတွက်လည်း အစီအစဉ်တွေရှိမယ်လို့ ငါထင်တယ်၊ စိတ်မပူနဲ့။ အဲ့မှာအဆောင်တွေရှိပါတယ် ဘာလို့လဲမင်းမှာ အခက်အခဲရှိလို့လား ”


လင်းလန်က :“ အဲ့ဒါကအိမ်မှာ....”


“ တကယ်လို့မင်းမှာ အခက်အခဲတွေရှိနေရင်တောင် ဒါကအခွင့်ကောင်းပဲနော် ”


ဝန်ကြီးကျွမ်းကပြုံးလိုက်၏။


“ ငါကြားတာတော့ မင်းရဲ့ကလေးတွေက အရွယ်ရောက်လာပြီး ‌အလုပ်တော်တော်များများကို လုပ်နိုင်နေပြီဆို 

ဒါဆို နင်သူတို့နဲ့ပတ်သက်ပြီး စိတ်ပူစရာမလိုတော့ဘူးပေါ့ ”


လင်းလန်က ဝန်ကြီးကျွမ်းကို ကျေးဇူးတင်လိုက်၏။ဒါကအမှန်ကို အခွင့်ကောင်းတစ်ခုပင်ဖြစ်သည်။အခြားသူများက သွားချင်လျှင်တောင် သွားခွင့်မရပဲ ဝန်ကြီးကျွမ်းက ဒီအခွင့်ရေးအား သူမကိုပေးလာလေသည်။သူမက သဘာဝကျစွာပင် ကျေးဇူးတင်မိပေသည်။


သူတို့ရုံးတွင် ဝန်ကြီးကျွမ်းအပါအဝင် လူခြောက်ယောက်ရှိ၏။တရားဝင်ကေဒါများဖြစ်သော ဝန်ကြီးကျွမ်းနှင့် လက်ထောက်ဝန်ကြီးတို့မှ လွဲလျှင် ကျန်လေးယောက်က အချိန်ပိုင်းအလုပ်သမားများဖြစ်သည်။သူတို့က ဘယ်လောက်ထိ လေ့လာလိုစိတ်ရှိလဲဆိုတာကို သူမ မသိပေ။


တရားဝင်ကေဒါများနှင့် အချိန်ပိုင်းအလုပ်သမားများကြား၌ ကွာခြားမှုကြီးရှိ၏။တရားဝင်ကေဒါများက နိုင်ငံတော်မှလုပ်အားခနှင့် စားစရာရကာ စီးပွားရေးဆိုင်ရာ အစားအစာများကို စားကြပေသည်။အချိန်ပိုင်း ကေဒါများကမူ နယ်ပယ်အလိုက်မျှတစွာ စီစဉ်ထားသော အစားအစာအတွက် ခန့်မှန်းခြေကုန်ကျစရိတ်ကို ရကြ၏။နိုင်ငံ၏ နောက်ခံမရှိကာ ဖယ်ရှားဖို့လိုအပ်လာသည်နှင့် သူတို့ကအရင်ဆုံးက ဖယ်ရှားခံရနိုင်ပေသည်။ဘာအကြောင်းပြချက်မှ ရှိမှာမဟုတ်ပေ။


အချိန်ပိုင်းအလုပ်သမားတို့သည် တရားဝင်အချိန်ပြည့်အလုပ်သမားများဖြစ်လာရန် သူတို့တတ်နိုင်သမျှ ကြိုးစားနေကြ၏။မဟုတ်လျှင်လည်း အလုပ်ရရန်မြို့ဆီသွားကြကာ၊ သို့မဟုတ် ကောလိပ်သွားတက်ကြလေသည်။ဘယ်နည်းလမ်းမဆို အလွန့်၊အလွန်ခက်ခဲတာကြောင့် သူတို့ကအခွင့်ရေးတစ်ခုကိုမှ အလွတ်မခံနိုင်ကြပေ။


လင်းလန်၏အခြေအနေက သူတို့နှင့်ကွာခြားပေသည်။အကြောင်းမှာ လင်းလန်က ပါတီကိုဝင်ရောက်နေပြီးသားဖြစ်တာကြောင့်ပင်။ထို့ကြောင့် သူမက အချိန်ပိုင်းအလုပ်သမားဖြစ်နေလျှင်တောင်မှ တခြားပါတီဝင်မဟုတ်သော အချိန်ပိုင်းအလုပ်သမားများထက်စာလျှင် သူမ၏လုပ်အားခနှင့် အစားအစာများက ပိုများပေသည်။


အနာဂတ်တွင် တရားဝင်အချိန်ပြည့်အလုပ်သမားဖြစ်လာနိုင်မည့် အခွင့်အရေးကလည်း တကယ်ကောင်း၏။


သဘာဝကျစွာပင် ဤအရာမှာ သူမ၏‌ ကောင်းမွန်သော မိသားစုနောက်ခံ၊ ကိုယ့်ဘာသာသင်ယူလေ့လာမှု၊ ယဉ်ကျေးမှုဆိုင်ရာတွင် တက်ကြွလှုပ်ရှားမှုရှိသောကြောင့်နှင့် ဟန်ချင်စုန့်၏မိတ်ဆက်ပေးမှုကြောင့်ဖြစ်သည်။ထိုအရာများက အခြားသူများထက် သူမအား ပါတီတဲ့သို့ဝင်ရာတွင် ပိုလွယ်ကူသွားစေလေသည်။


အခြားသူများက ဂရုမစိုက်သော်လည်း လင်းလန်နှင့်အတူအသစ်ရောက်လာသည် ချောင်ကွမ်းရုန်ကမူ သဘောမတွေ့ပေ။သူက အာဇာနည်တစ်ယောက်၏ သားဖြစ်တာကြောင့် ဒီလိုကောင်းမွန်သောအရာများကို အရင်ဆုံးအနေဖြင့် သူသာရသင့်သည်ဟု ခံစားနေမိ၏။


Xxxxxxx