Chapter 7
သားရဲတွေကို ပျိုးထောင်ပြီးနောက် စွန့်ပစ်နေရာက လူတွေအားလုံး
သဘောကျတာခံခဲ့ရတယ်
အကယ်၍ အခြားသူတစ်ဦးသာ ဝေ့ရှင်းကဲ့သို့ အစိမ်းရောင်
ကြောင်တစ်ကောင်အား မြင်ခဲ့ပါလျှင် ဆိုးရွားသည့် ကုန်သည်များက ဤသနားစရာ ကြောင်ပေါက်လေးကို
စျေးကောင်းရစေရန် ဆေးဆိုးထားသည်ဟု ထင်မိမည်ပင်။
အမှန်မှာ ဝေ့ရှင်း၏ပထမဆုံး အတွေးကလည်း ထိုကဲ့သို့ပင်
ဖြစ်၏။
သူက အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး ထိုင်ချလိုက်ကာ
အစိမ်းရောင် အမွှေးလုံးလေးဆီသို့ လက်ကို ဆန့်တန်းလိုက်လေသည်။
သူ့ရှေ့၌ ဆန့်ထုတ်ထားသည့် လက်အား ကြည့်လိုက်ရင်း
အားလွီမှာ အနည်းငယ် ကျေနပ်အားရသွား၏။
လူငယ်လေး၏ ယုံကြည်မှုအား ရရန်အတွက် အနည်းငယ် ကြိုးစားအားထုတ်ရမည်ဟု
ထင်ခဲ့ပါသော်ငြား သူ၏ အာရုံကို ထိုမျှအလွယ်တကူ ဆွဲဆောင်နိုင်မည်ဟု မထင်ခဲ့ချေ။
လူသားများမှာ နူးညံ့ကာ အားနည်းသည့် အသွင်အပြင်ကြောင့်
အလွယ်တကူ လှည့်စားခံရနိုင်လေသည်။
အနက်ရောင် အမွှေးလုံးလေးက လူငယ်လေး၏ ဘေး၌ ပုန်းအောင်းရန်
အသွင်ပြောင်းခဲ့ခြင်းမှာ အံ့ဩစရာ မရှိတော့ချေ။
ချောမွေ့စွာပင် ဆက်လုပ်လိုက်ပြီး သူက ဝေ့ရှင်း၏ လက်ဖဝါးကို
ပွတ်သပ်လိုက်၏။
“မြောင်”
အကယ်၍ ရုပ်ဖျက်ခြင်းအတွက် အမှတ်ပေးခြင်းသာ ရှိမည်ဆိုပါက
အားလွီမှ သူ့ကိုယ်သူ အမှတ်ပြည့်ပေးမိမည် ဖြစ်သည်။
သူ့အသံကို နားထောင်ကြည့်လိုက်ပါက အလွန်ပင် ချစ်စရာကောင်းလွန်းသည်။
ထိုအသံက လူငယ်လေးအား နှလုံးခုန်မြန်လာစေမည်မှာ အသေအချာပင်။
အမှန်တကယ်တွင်တော့ ဝေ့ရှင်းက အစိမ်းရောင် အမွှေးလုံးလေး၏
အသံအား သိပ်အာရုံမထားချေ။
အားလွီအား ပွတ်သပ်ကြည့်ပြီးနောက် သူ၏ အမွှေးများမှာ
ဖွာ၍ ချောမွတ်နေသော်ငြား ပုံမှန်မဟုတ်ကာ ရင်းနှီးနေသည့် အေးစက်မှုအား သယ်ဆောင်လာသည်ကို
သူမှ သတိပြုမိလိုက်၏။
သေချာကြည့်ပြီးနောက် ပုံမှန်မဟုတ်သည့် အရာတစ်ခုကို
သူက ချက်ချင်း တွေ့သွားခဲ့သည်။
ကြောင်၏ အမွှေးများမှာ အစိမ်းရောင် သက်သက်မဟုတ်ဘဲ
တောက်ပသောအစိမ်းရောင်၊ သစ်တောစိမ်းရောင်နှင့် အစိမ်းပုတ်ရောင်စသည်တို့က ဂိမ်းတစ်ခု၏
အလွန် ကောင်းမွန်သည့် CG ဖန်တီးချက်ဖြင့် ဖန်တီးထားသကဲ့သို့ အလွန် လှပနေ၏။
ထိုကဲ့သို့ သဘာဝအလှမျိုးမှာ စျေးပေါသည့် ဆေးရောင်ခြယ်
ပစ္စည်းများနှင့် ဖန်တီးထားခြင်း လုံးဝမဖြစ်နိုင်ချေ။
ပထမဆုံးအနေနှင့် အနက်ရောင် အမွှေးလုံးလေးကို လိုက်ဖမ်းနေကြကာ
ဝေ့ကျင်းဖုန့်က သူ့ကို အပြင်မထွက်ရန် ပြောပြီး ယခုတွင် ထူးဆန်းသော အစိမ်းရောင် အမွှေးလုံးလေးနှင့်
သူက လာဆုံလေသည်။
ဝေ့ရှင်း၏ လက်ချောင်းများမှာ တုန်ယင်လာကာ သူ့နှလုံးသားထဲ၌
အချက်ပေးသံများ မြည်လာ၏။
သူ့ကိုယ်သူ အတင်းပင် တည်ငြိမ်စေရန် လုပ်လိုက်ပြီး
ဖုန်းကို တစ်ချက်ကြည့်လိုက်လေသည်။
“ဒီအချိန်တောင်ရောက်နေပြီလား၊ ငါ မြန်မြန်လုပ်မှရမယ်၊
မဟုတ်ရင် ငါ အလုပ်နောက်ကျနေလိမ့်မယ်”
လူငယ်လေး၏ လက်ဖဝါးက နွေးထွေးသဖြင့် ယခုအေးနေသည့်
ရာသီဥတု၌ အပူပိုင်း မိုးသစ်တောက လာသည့် အားလွီအတွက် မပြောပြတတ်လောက်အောင် ဆွဲဆောင်မှု
ရှိနေ၏။
သူက ပျော်ရွှင်စွာ မျက်လုံးမှေးပြီး ခံစားနေချိန်တွင်
သူ့ခေါင်းပေါ်မှ နွေးထွေးမှုမှာ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပြီး လူငယ်လေးက အမြန် ထွက်သွားနေလေသည်။
‘အလုပ်သွားရမယ် ဆိုတာကဘာလဲ’
အားလွီက မသိပါပေ။
သူက လူသားတွေနှင့် ဆက်ဆံရသည်ကို သဘောမကျချေ။ H မြို့တော်မှ
ဤနေရာအထိ တောင်များ၊ မြစ်များကို ဖြတ်ကျော်ပြီးလာခဲ့သော်ငြား သူက လူစုလူဝေးတွေကို ရှောင်ကြဥ်ကာ
လူသားစကားလုံးများအား များစွာ မသိပေ။
သို့ပေမဲ့ ထိုလူငယ်လေးက
အိမ်ပြန်လာမည်ကိုတော့ သူသိ၏။
ထို့ကြောင့် အားလွီက သူ့ခန္ဓာကိုယ်လေးကို လှုပ်ရှားလိုက်ပြီး
အရိပ်တွေထဲ၌ ပြန်ပုန်းလိုက်ကာ မြွေအသွင်သို့ ပြန်ပြောင်းလိုက်ပြီး ခွေနေလေသည်။
သူက သူ၏ အမြီးရှည်ကြီးကို မကာ လူငယ်လေးထိသွားသည့်
သူ့ခေါင်းပေါ်က နေရာသို့ တင်လိုက်၏။ သူ၏ မြွေမျက်လုံးများမှာ နွေးထွေးမှုကို ခံစားရင်း
ပျင်းရိစွာ ကျဥ်းမြောင်းသွားခဲ့သည်။
မျက်စိတစ်မှိတ်အတွင်း ညနေခင်းသို့ ရောက်ရှိသွား၏။
ဆေးရုံမှာ လူရှုပ်နေသဖြင့် အလုပ်ပြီးနောက် ဝေ့ရှင်းမှ
ဆေးခန်းကိုသာ သွားလိုက်လေသည်။
သူက လှေကားပေါ်က ပြုတ်ကျသွားခဲ့သည်ဟု ဆင်ခြေပေးခဲ့ကာ
အနာတရ လုံးဝမရှိသော်ငြား သူ၏ ရင်ဘတ်မှာ တင်းကြပ်နေပြီး လွန်စွာနာကျင်နေကြောင်း ပြောလိုက်၏။
သူ့၏ ရင်ဘတ်အား စမ်းသပ်ပြီးနောက် ဆရာဝန်အိုကြီးက
ဆေးတစ်ချို့ညွှန်းပေးလိုက်ကာ သူက ညနက်အထိနေလွန်းသဖြင့် ခန္ဓာကိုယ်မှာ အားနည်းသောကြောင့်
ကောင်းကောင်းအနားယူရန် ပြောလိုက်လေသည်။
ဝေ့ရှင်းကလည်း နားထောင်ပြီး ဆေးဆိုင်သို့ ငွေပေးချေရန်
သွားရင်း အိမ်သုံးဆေးဝါးတစ်ချို့ကိုပါ ဝယ်ယူခဲ့၏။
သူ့ရပ်ကွက်ဝင်ပေါက်နှင့် နီးလာချိန်တွင် သူက ရုတ်တရက်
မနက်ကတွေ့ခဲ့သည့် အစိမ်းရောင် အမွှေးလုံးလေးကို သတိရသွားပြီး ထိုနေရာ၌ ရပ်သွားခဲ့လေသည်။
တွေ့သွားမည်စိုးသဖြင့် ဝေ့ရှင်းက ရပ်ကွက်ပန်းခြံကို
ရှောင်ရန် အနောက်ဘက်ဝင်ပေါက်မှ ပတ်၍ အိမ်ပြန်လာခဲ့၏။
“ပြန်လာပါပြီ”
သူဝင်လိုက်သည်နှင့် အနက်ရောင် အမွှေးလုံးလေးက လျှောက်လမ်း၌
စောင့်နေသည်ကို မြင်လိုက်ရ၏။
ဝေ့ရှင်းက အံ့ဩပျော်ရွှင်သွားကာ အမွှေးလုံးလေးအား
ပွေ့ချီလိုက်လေသည်။
အနက်ရောင်အမွှေးလုံးလေးက အမျိုးသားလက်ထဲရှိ ဆေးအိတ်အား
တစ်ချက်ကြည့်လိုက်ပြီး ခဏမျှ တန့်သွားခဲ့၏။
‘သူ ဒါဏ်ရာရနေတာလား၊ မနေ့ညကကြောင့်လား’
ရုတ်တရက် လူငယ်လေးဆီက အနံ့သစ်တစ်ခုကို သူမှ သတိထားမိလိုက်၏။
အလွန် ဖျော့တော့နေသော်ငြား မမှားနိုင်ချေ။
အနက်ရောင် အမွှေးလုံးလေးက ချက်ချင်းပင် မျက်မှောင်ကြုတ်သွားပြီး
သူ၏အကြည့်များမှာ ပို၍ နက်ရှိုင်းလာလေသည်။
‘ဘာဖြစ်လို့ ဝေ့ရှင်းကိုယ်ပေါ်မှာ အားလွီရဲ့အနံ့က
ရှိနေရတာလဲ’
ဝေ့ရှင်းမှ သူ့အား အကြိမ်အနည်းငယ် ပွတ်သပ်ပေးပြီးနောက်
ဆေးများကို သိုလှောင်သေတ္တာထဲသို့ ထည့်လိုက်ပြီး အစားအစာ၊ ရေနှင့် ဆေးများအား စုစည်းလိုက်ကာ
မည့်သည့်အခြေအနေအမျိုးအတွက်မဆို အသုံးပြုနိုင်အောင် ပြင်ဆင်နေ၏။
ယခု၌ သူ့တွင် အသင့်စား အစားအစာနှစ်ဖာ၊ မဖွင့်ရသေးသည့်
သန့်စင်ထားသော ရေတစ်ဒါဇင်နှင့် အသုံးများသည့် ဆေးဝါးတစ်ဖာ ရှိနေပြီ ဖြစ်သည်။
ပိတ်ရက်၌ စျေးလမ်းတွင် ပစ္စည်းများထပ်ဝယ်ရန် စီစဥ်ထား၏။
ထိုမျှလောက်ဆို လုံလောက်လောက်ပြီဖြစ်ပြီး ပိုများလျှင် အလဟဿဖြစ်သွားမည်ပင်။
“မြောင်”
အနက်ရောင် အမွှေးလုံးလေးက ရုတ်တရက် သူ့ဘေးနားသို့
လာကာ သူ့အမြီးမှာ တံခါးကို ညွှန်ပြနေလေသည်။ ဝေ့ရှင်းနားလည်သွားပြီး ဇဝေဇဝါနှင့် မေးလိုက်၏။
“မင်းအခု
အပြင်ထွက်ချင်လို့လား”
အနက်ရောင် အမွှေးလုံးလေးက အတည်ပြုပေးလိုက်သောကြောင့်
သူအနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။
မနေ့က သူတစ်ကြိမ်သာ ရှားရှားပါးပါး အပြင်ထွက်ခဲ့သော်ငြား
ထိုည၌ သူ၏ အသွင်ပြောင်းမှုမှာ ပုံမှန်ထက် ဆိုးနေ၏။
ထိုအကြောင်းအရာနှစ်ခုမှာ တိုက်ဆိုင်သွားရုံသာ ဖြစ်နိုင်သော်ငြား
ဝေ့ရှင်း၏ စိုးရိမ်မှုကိုတော့ ပိုတိုးသွားစေခဲ့သည်။
အရေးအကြီးဆုံးမှာ ယခုအိမ်ရာဝန်းရှိ ပန်းခြံထဲ၌ ပုံမှန်မဟုတ်ဟု
ထင်ရသည့် အစိမ်းရောင် ကြောင်တစ်ကောင်ရှိနေခြင်း ဖြစ်၏။
ထိုအစိမ်းရောင်ကြောင်မှာ ရှောင်ဟေးနှင့် ဆက်စပ်နေလောက်သည်ဟု
သူထင်မိလေသည်။
ရှောင်ဟေး အနာတရဖြစ်သွားမည်ကို သူက စိုးရိမ်မိ၏။
သို့ပေမဲ့ အနက်ရောင် အမွှေးလုံးလေးက သွားရန် ဆုံးဖြတ်ထားပြီး
ဖြစ်ကာ တမြောင်မြောင်အော်ပြီး ဝေ့ရှင်း၏ ခြေထောက်အား ပွတ်သပ်ကာ ရှေ့နောက်ပတ်သွားနေလေသည်။
“မြောင်”
‘အပြင်ထွက်ဖို့ လိုတယ်’
ဝေ့ရှင်းက ရှောင်ဟေးမှာ ထိုကဲ့သို့ လုပ်သည်ကို မမြင်ဖူးသဖြင့်
သူ့နှလုံးသားမှာ ပျော့ပျောင်းသွားခဲ့၏။
“ကောင်းပါပြီ”
သူက ရှောင်ဟေးအတွက် တံခါးဖွင့်ပေးလိုက်လေသည်။
“ဂရုစိုက်နော်”
ရှောင်းဟေးက ခေါင်းညိတ်ပြ၏။
အနက်ရောင် အမွှေးလုံးလေး ထွက်သွားပြီးနောက် ဝေ့ရှင်းက
ညစာပြင်ရန် မီးဖိုချောင်ထဲသို့ ပြန်ဝင်သွားခဲ့သည်။
သူက အသားအနည်းငယ် လှီးပြီးနောက် မနေနိုင်တော့ဘဲ ဓါးကို
ချလိုက်ကာ လက်ဆေးလိုက်ပြီး အင်္ကျီလက်ရှည်ယူ၍ အောက်ထပ်သို့ ဆင်းသွား၏။
အနက်ရောင် အမွှေးလုံးလေး မည်သည့်နေရာသို့ သွားလိုက်သည်ကို
သူမသိသော်ငြား အစိမ်းရောင် အမွှေးလုံးလေးအား ရှာရန် မခက်လောက်ချေ။
ဝေ့ရှင်းသည် ရပ်ကွက်ပန်းခြံသို့ လျှောက်သွားလိုက်ပြီး
ခြုံပုတ်ထဲရှိ အမွှေးလုံးနှစ်လုံး၏ ပုံသဏ္ဍာန်ကို တွေ့လိုက်လေသည်။
မထင်ထားစရာပင် အမွှေးလုံးလေးနှစ်လုံးက တိုက်ခိုက်နေခြင်းမဟုတ်ဘဲ
သူတို့နှစ်ဦးက အလွန်ပင် နီးကပ်နေကာ လိုက်ဖက်ညီနေ၏။
နောက်တစ်ခဏတွင်တော့ အစိမ်းရောင် အမွှေးလုံးလေးက ပါးစပ်ဖွင့်ကာ
အနက်ရောင်အမွှေးလုံးလေး၏ ခြေထောက်အား ကိုက်လိုက်သည်ကို သူတွေ့လိုက်ရလေသည်။
အနက်ရောင် အမွှေးလုံးလေးက ခေါင်းငုံ့ကာ သည်းခံနေပြီး
ချက်ချင်းရှောင်ဖယ်ခြင်း မပြုချေ။
ဝေ့ရှင်းမှာ အလွန် အံ့ဩသွား၏။
အနက်ရောင် အမွှေးလုံးလေး၏ အကျင့်စရိုက်မှာ မည်မျှပင်
အေးစက်ပြီး ချဥ်းကပ်ရခက်ကြောင်း သူသိသော်ငြား အစိမ်းရောင် အမွှေးလုံးလေးနှင့်တော့ အလွန်ပင်
လိုက်လျောညီထွေ ဖြစ်နေလေသည်။
ရှောင်ဟေးအား ထိခိုက်မည်ကို သူက အနည်းငယ် စိုးရိမ်ခဲ့သော်လည်း
အစိမ်းရောင် အမွှေးလုံးလေးက တစ်ချက်သာကိုက်ပြီး ရပ်သွား၏။ ထိုပုံစံမှာ တိုက်ခိုက်ခြင်း
မဟုတ်ဘဲ စနောက်ကျီဆယ်နေခြင်းနှင့် ပိုတူလေသည်။
‘ဒါမှမဟုတ် ပရောပရည်လုပ်နေကြတာလား’
ဝေ့ရှင်းမှာ ရုတ်တရက် သဘောပေါက်သွားပြီး အံ့ဩဝမ်းသာဖြစ်သွား၏။
ထိုသို့လုပ်ရန်အတွက် ရှောင်ဟေးမှ အပြင်ထွက်ချင်ခဲ့သည်ဟု သူမထင်ခဲ့ချေ။
ထိုအချိန်၌ အားလွီမှာ အနက်ရောင် အမွှေးလုံးလေး၏ ကိုယ်ထဲသို့
အဆိပ်ထိုးသွင်းပေးပြီးသွားပြီပင်။
အဆိပ်များကို ပြန်လည်ထုတ်လုပ်နိုင်သော်ငြား မကုန်နိုင်ခြင်းတော့
မဟုတ်ချေ။ နှစ်ရက်ဆက်တိုက် အဆိပ်ထိုးသွင်းပေးရခြင်းမှာ အားလွီကို အနည်းငယ် အားနည်းစေခဲ့သည်။
သူက အားနည်းစွာပြောလိုက်၏။
“ဒီလောက်ဆို
ရလောက်ပါပြီ၊ မင်းက သံနဲ့လုပ်ထားတာ မဟုတ်ဘူးလေ၊ ငါထိုးသွင်းလိုက်တဲ့ ပမာဏက မင်းရဲ့မျိုးရိုးဗီဇချို့ယွင်းမှုကိုတောင်
ဖိနှိပ်ထားနိုင်တယ်”
ထိုအရာမှာ အနက်ရောင်အမွှေးလုံးလေး လိုချင်သည့် သက်ရောက်မှု
ဖြစ်၏။
သူ၏အသွင်ပြောင်းမှုမှာ မကြာခဏ ဖြစ်လေ့ရှိပြီး ဝေ့ရှင်းအား
ထိခိုက်စေကာ သူ့ကို ကောင်းစွာ အနားမယူရစေပေ။
မျိုးရိုးဗီဇချို့ယွင်းမှုကို ဖိနှိပ်ထားဖို့ရာအတွက်
အဆိပ်သုံးခြင်းက သူ၏ ပြီးပြည့်စုံသည့်အသွင်သို့ ပြောင်းလဲမှုကို နှောင့်နှေးစေပါသော်ငြား
အသွင်ပြောင်းသည့် အကြိမ်ကို တစ်ရက်တစ်ကြိမ်မှာ တစ်ပတ်တစ်ကြိမ်သို့ ဆွဲဆန့်ပေးနိုင်လေသည်။
သူက နာကျင်မှုကို ခံနိုင်ရည်ရှိလာပြီး ပြောင်းလဲမှုများအား
သေချာခံစားမိ၏။
အဆိပ်က သူ့ခန္ဓာကိုယ်အတွင်းသို့ ဖြည်းဖြည်းချင်း
စီးဝင်သွားကာ ကိုယ့်ကိုယ်ကို ကာကွယ်မှုအောက်၌ သူ၏ မငြိမ်မသက်ဖြစ်နေသည့် သွေးများ ငြိမ်သက်သွားခဲ့လေသည်။
ထိုပြောင်းလဲမှုကြောင့် အနက်ရောင် အမွှေးလုံးလေးက
စိတ်သက်သာရာရသွားသကဲ့သို့ သက်ပြင်းချလိုက်၏။
ပြီးနောက် ကြောင်တစ်ကောင်အဖြစ် ရုပ်ဖျက်ထားသည့် အားလွီကို
ကြည့်လိုက်ပြီး သူ့မျက်လုံးများ ကျဥ်းမြောင်းသွားခဲ့သည်။
ဝေ့ရှင်း၏ ကိုယ်ပေါ်၌ မြွေနံ့ရှိနေရခြင်း၏ အကြောင်းအရင်းအား
သူရှာတွေ့သွားပြီပင်။ လူသားများက အဆိပ်ရှိ မြွေများကို ရှောင်ကြပါသော်ငြား ကြောင်များကိုတော့
မရှောင်ကြချေ။
မကြာသေးခင်က အားလွီမှာ ကြောင်များ၏ အသွင်အပြင်ကို
လှောင်ပြောင်ခဲ့သော်ငြား ယခုတွင်တော့ သူကိုယ်တိုင်ပင် သေချာပြင်ဆင်ကာ ကြောင်တစ်ကောင်အဖြစ်
အသွင်ပြောင်းထားလေသည်။
‘သူက ဝေ့ရှင်းအနားကို ကပ်ဖို့ကြိုးစားနေတာလား’
“ရှောင်ဟေး”
ရုတ်တရက် လူငယ်လေး၏ အသံထွက်လာကာ အမွှေးလုံးလေးနှစ်လုံးလုံး
ကြက်သေသေသွားခဲ့၏။
အနက်ရောင် အမွှေးလုံးလေးက တန့်သွားပြီး သူ၏ ချွန်ထက်သည့်
လက်သည်းများအား တိတ်တဆိတ် ပြန်သိမ်းလိုက်လေသည်။
ဝေ့ရှင်းက သူတို့အနားကပ်လာကာ အနက်ရောင် အမွှေးလုံးလေးကို
ဦးစွာ ပွတ်သပ်ပေးလိုက်ပြီးနောက် တောင်းပန်ချင်နေသည့် မျက်လုံးများနှင့် အစိမ်းရောင်
အမွှေးလုံးလေးကို ကြည့်ကာ ပြောလိုက်လေသည်။
“ခုနတုန်းက မင်းကို အထင်လွဲခဲ့မိလို့ တောင်းပန်ပါတယ်”
စကားပြောနေရင်း သူ၏စိတ်ရင်းကို ပြသဖို့ရာအတွက် အစိမ်းရောင်
အမွှေးလုံးလေး၏ ခေါင်းကိုလည်း ပွတ်ပေးလိုက်၏။
သူမှတ်မိတာသာ မှန်မည်ဆိုလျှင် အစိမ်းရောင် အမွှေးလုံးလေးက
ထိုသို့အပွတ်ခံရခြင်းကို သဘောကျကာ သက်သောင့်သက်သာဖြင့် မှေးနေတတ်၏။
အမှန်တကယ်မှာ အစိမ်းရောင် အလုံးလေးက ဝေ့ရှင်းကို
အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့ခြင်းပင်။
နေမင်းကြီး ခေါင်းပေါ်ရောက်ချိန်မှ အနောက်ဘက်အရပ်သို့
တဖြေးဖြေးချင်း ဝင်သွားပြီး မှောင်မိုက်သော ညကောင်းကင်ယံ၌ ကြယ်များပေါ်လာသည်အထိ ဝင်ပေါက်၌
သူစိတ်အားထက်သန်စွာ စောင့်နေခြင်း ဖြစ်လေသည်။
အလုပ်သွားရခြင်းမှာ မည်မျှကြာမြင့်သည်ကို ဇဝေဇဝါ
ဖြစ်နေပြီး ထိုလူသားမှာ အဘယ်ကြောင့် မပေါ်လာရသေးသည်ကို သိချင်နေခဲ့၏။
အနက်ရောင် အမွှေးလုံးလေး ထွက်လာတဲ့အထိ သူက ထိုလူငယ်လေး၏
အရိပ်အယောင်ကိုပင် မတွေ့ရသေးပေ။
ရုတ်တရက် အစိမ်းရောင် အမွှေးလုံးလေးက တစ်ခုခုကိုန
ားလည်သွားခဲ့ကာ သူ၏ ရှုပ်ထွေးနေသည့် စိတ်ခံစားချက်များက ပို၍ ပြင်းထန်လာပြီး ကစားခံလိုက်ရသဖြင့်
ဒေါသအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
အစပိုင်းက လူငယ်လေးပေါ်လာချိန်တွင် သူက အာရုံစိုက်ရန်
မရည်ရွယ်ထားခဲ့ချေ။
သို့ပေမဲ့ ထိုဥာဏ်များသည့် လူသားက သူ့ကို ထပ်ပြီး
ထိလာကာ နေ့ခင်းပိုင်းက ခံစားခဲ့ရသည့် နွေးထွေးမှုအား ထပ်ပေးလာ၏။
‘ဒီအနွေးဓါတ်ကတော့’
အားလွီက မာနထောင်လွှားစွာ နှာခေါင်းရှုံ့ချင်ပါသော်ငြား
ဝေ့ရှင်း၏ လက်ဖဝါးထဲသို့ မမှီဘဲ မနေနိုင်ပေ။
“မြောင်”
‘ငါမင်းကို ခွင့်လွတ်တာမလို့ ထပ်ပြီးပွတ်ပေးဦး’
သူ၏ မြောင်အော်သံမှာ နူးညံ့သဖြင့် သူသည် ကြောင်မလေး
သို့မဟုတ် သားရဲမလေး ဖြစ်လိမ့်မည်ဟု ဝေ့ရှင်းက ပိုသေချာသွားကာ ပြုံးလိုက်ပြီး သူမကို
ထပ်ပွတ်သပ်ပေးလိုက်၏။
“လိမ္မာတဲ့ ကောင်မလေးပဲ”
အမျိုးသားနှင့် အမွှေးလုံးလေး၏ ဆက်ဆံရေးမှာ မထင်ထားလောက်အောင်
သဟဇာတ ဖြစ်နေခဲ့ပြီး
သူတို့ဘေးရှိ အနက်ရောင် အမွှေးလုံးလေးကို ပေါက်ကွဲထွက်စေမတတ်ပင်
ဖြစ်လေသည်။