အပိုင်း ၇၅၃-၇၅၄
Viewers 37k

Part 753


သူမတိတ်သွားတာကို မြင်လိုက်ရသောအခါ လျိုဟောင်ကျဲက သူမကိုနမ်းကာ နှစ်သိမ့်သလို ပုတ်ပေးလိုက်သည်။ သူမဆန္ဒအတိုင်း ပြန်လှည့်လာကာ ဖက်ထားပေးလိုက်၏။


ဟန်ကျင်းယုက သူ့လက်မောင်းများကို ပွတ်သပ်ပြီး နူးညံ့စွာတရှူံ့ရှူံ့ငိုလာ၏။


“ လျိုဟောင်ကျဲ ကျွန်မက ရှင့်ကိုအရမ်းချစ်တာလေ၊ ဘာလို့ကျွန်မအပေါ် ဒီလိုလုပ်ရတာလဲ။ ....ရှင်ကျွန်မကိုမချစ်ဘူးလား ”


“ ကိုယ်မင်းကို မချစ်ရင် လက်ထပ်ပါ့မလား”


သူက ဒီအတိုင်းသူမကို ပုတ်ပေးလိုက်သော်လည်း သူ့စိတ်ထဲတွင်မူ အခြားအရာများရှိနေ၏။


အဘိုးကြီးဟန်နှင့် အဘွားကြီးဟန်က အရှေ့ဘက်တွင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေကြကာ ဘာမှမသိပေ။ အနောက်ဘက်ရှိ အကိုကြီးဟန်က လှုပ်ရှားသံတစ်ချို့ကို မပြတ်မသားကြားလိုက်ရ၏။ သူတို့ဘာပြောနေသည်ကို သူမကြားနိုင်သော်လည်း ဟန်ကျင်းယုက  ပြသနာရှာနေတာကိုတော့ ကြားလိုက်ရလေသည်။


သို့သော် သူ့ယောက်ဖက သူ့ညီမအပေါ်ကြင်နာသည်ဟု သူခံစားမိ၏။ ထို့အပြင် ယောက်ဖက သူ့အပေါ်လည်း သနားကြင်နာစွာ ပူပန်ပေးတတ်သည်။ သဘာဝကျစွာပင် လျိုဟောင်ကျဲက ဟန်ကျင်းယုကို အနိုင်ကျင့်နေသည်ဟု သူမတွေးပေ။ ဖြစ်နိုင်တာကတော့ လျိုဟောင်ကျဲက သူမအတွက် ပိုက်ဆံကိုပြန်ပေးလိုက်လို့ သည်းမခံနိုင်တာပင်ဖြစ်ရမည်။


.......


နောက်တစ်နေ့တွင် လင်းလန်က စောစောနိုးလာကာ လန်းဆန်းသလိုခံစားလိုက်ရသည်။ သူမအိပ်‌ရသော အနွေးကုတင်က ကွဲပြားပေသည်။ ဒီအပတ်အတွင်းတွင် အဆောင်၌ သူမ ကောင်းကောင်းမအိပ်ပျော်ခဲ့ရပေ။


သူမ မနက်စာပြင်နေချိန်တွင် ဟန်ချင်စုန့်က ဦးဆောင်ကာ ကလေးများကို လေ့ကျင့်ခန်းလုပ်ဖို့ ခေါ်သွား၏။


သူမ ဆန်ပြုတ်လုပ်ကာ ၊ ပဲနို့ကြိတ်လိုက်၏။ ပန်ကိတ်များနှင့် အရံဟင်းလျာများလုပ်လိုက်ကာ အလုပ်များသော်လည်း ကသောင်းကနင်းမဖြစ်နေပေ။ မိုင်စွေ့နှင့်ရှောင်ဝမ်တို့၏ မနက်ခင်းလေ့ကျင့်မှုသည် တဝမ်နှင့်အားဝမ်တို့လေ့ကျင့်ချိန်၏ တစ်ဝက်မျှသာကြာတာကြောင့် သူမကိုကူပေးရန် စောစောပြန်ရောက်လာကြ၏။


ဟန်ချင်စုန့်နှင့် သူ့သားနှစ်ယောက်ပြန်ရောက်လာသောအခါ မနက်စာအဆင်သင့်ဖြစ်နေပြီဖြစ်သည်။ 


လင်းလန် :“ တဝမ် သားခရိုင်ကို ဘယ်တော့သွားမှာလဲ ”


တဝမ် :“ သဘက်ခါ ”


လင်းလန် :“ ဒါဆိုရင် မနက်ဖြန်ကျရင် မားမား သားအတွက် စားစရာပြင်ပေးမယ် ”


ဟန်ချင်စုန့်က အခုလေးတင် ရေချိုးခန်းမှထွက်လာကာ သူ့ဆံပင်ကို သဘက်ဖြင့်သုတ်လိုက်၏။ သူက ပေါ့ပါးစွာပြောလိုက်သည်။


“ အခုချိန်ကစပြီးတော့ မင်းကိုစားစရာယူသွားခွင့်မပေးတော့ဘူး ”


“ စန်းကော ” လင်းလန်က စိုးရိမ်တကြီးဖြစ်သွား၏။


“ ရှင်က စားစရာယူသွားဖို့ ဘာလို့ခွင့်မပြုတာလဲ။ ခရီးရှည်ကြီးသွားပြီးလို့ ကျွန်မတို့သားက ဗိုက်ဆာလာရင် ဘယ်လိုလုပ်မှာလဲ။ ဟုတ်တယ်မလား တဝမ် ”


‘လက်မှတ်မဖြတ်ခိုင်းတာလည်း ရတယ်၊ ပြီးတော့ ခရီးဆောင်အိတ်ယူသွားခွင့် မပြုဘူးတဲ့။ အခုလည်း စားစရာယူသွားလို့မရဘူးဆိုတော့ ရှင်က ဘာလုပ်ချင်နေတာလဲ။ ကျွန်မသားကို ငတ်သေသွားအောင် လုပ်နေတာလား။’


‘ဒီမိန်းမအိုမှာလည်း ခံစားချက်တွေရှိပါတယ်နော်’


သူမ၏ပါးများက ဒေါသကြောင့် နီရဲလာကာ မျက်လုံးများက အရောင်တောက်နေတာကို ဟန်ချင်စုန့် မြင်လိုက်ရ၏။ သူ၏ လက်ဖဝါးကြီးနှင့် သူမခေါင်းကို ပွတ်ပေးလိုက်သည်။


“ အဆင်ပြေပါတယ် ”


လင်းလန်က သူ့ကိုစိုက်ကြည့်လိုက်သည်။

‘အဲ့ဒါရှင့်သားဘဲ မဟုတ်ဘူးလား၊ ရှင့်ရဲ့ နက်ရှိုင်းတဲ့အချစ်တွေကိုလည်း မမြင်ရပါလား ’


တဝမ်က လင်းလန်ကို ကြည့်လိုက်ကာ မနေနိုင်ဘဲ သူ့မားမားခေါင်းပေါ်သို့ လက်တင်လိုက်မိမလိုတောင် ဖြစ်သွား၏။ သို့သော် ကံကောင်းထောက်မစွာဖြင့် သူအချိန်မှီ ရပ်လိုက်နိုင်ကာ တစ်ဖက်လှည့်လိုက်ပြီး ရှောင်ဝမ်ခေါင်းကိုသာ ပွတ်ပေးလိုက်သည်။


ရှောင်ဝမ်က စိုးရိမ်နေပုံပေါ်နေပေသည်။


“ အကိုကြီး တကယ်လို့ အကိုကြီးဗိုက်ဆာလာရင် ဘယ်လိုလုပ်မလဲ ”


တဝမ် :“ ....မြန်မြန်သွားရမယ် ”


မိုင်စွေ့ :“ မနက်ခင်းမှာ များများစားသွား ”


အားဝမ် :“ အဖေက အစာခြောက်တွေ ယူမသွားဖို့ဘဲ ပြောတာ။ အကိုကြီးကို လမ်းမှာ မစားရဘူးလို့ မပြောခဲ့ဘူး ”


သူပြောသည်ကို ကြားလိုက်ရသောအခါ ရှောင်ဝမ်က တက်ကြွသွား၏။


“ ဟုတ်သားဘဲ၊ ဒီအတိုင်း မီးခြစ်ဆံယူသွားလိုက် ”


ဟန်ချင်စုန့်က ထပ်ပြောလာ၏။

“ မီးခြစ်ဆံယူသွားဖို့ကို ခွင့်မပြုဘူး ”


လင်းလန်က သူ့နောက်‌ဘက်တွင် ကုတ်ဆွဲဖြဲမည့် အမူအရာလေးလုပ်လိုက်သည်။ ဟန်ချင်စုန့်က လှည့်ကြည့်နေစရာတောင်မလိုပေ။ သူ့နောက်ကျောတွင် မျက်လုံးရှိနေသလိုပင် သူမခါးကို ဆွဲယူလိုက်ကာ ဖျစ်ညှစ်လာလေသည်။


မနက်စာစားနေချိန်တွင် ကလေးများက သူတို့အကိုကြီးကို အကြံဉာဏ်‌များ ပေးလာကြသည်။ အကယ်၍ ထမင်းရော၊ မီးခြစ်ပါ ယူသွား၍ မရနိုင်ပါက စားသောက်ရန် မည်သို့ဖြေရှင်းကြမည်ကို အကြံပေးနေကြ၏။


အခြားသူများဆီမှ တောင်းစား၍ ရနိုင်သော်လည်း အကြီးဆုံးအကိုက ထန်စန်းမဟုတ်ပေ။

(Tn :စွန်းဝူခုန်းတို့ထဲက ဘုရားလောင်းထန်စန်း )


စိုက်ခင်းများဆီက ယူ၍ရသော်လည်း အကြီးဆုံးအကိုက ဘယ်သောအခါမှ ခိုးယူမည်မဟုတ်ပေ။


ဤသို့ဆိုလျှင် ၎င်းကို သည်းခံလျှင်ခံ၊ မဟုတ်ပါက ဆာလောင်မှုကိုဖြေသိမ့်ရန် ဟင်းသီးဟင်းရွက်ရိုင်းများနှင့် ပေါင်းပင်များကို ရှာရမှာလား။


လူသူကင်းမဲ့သော လမ်းမပေါ်တွင် အကြီးဆုံးအကိုက တစ်ယောက်တည်း အထီးကျန်စွာလျှောက်နေရမည်ကို တွေးကြည့်လိုက်မိသည်။


 တစ်ယောက်တည်းဖြစ်ကာ အကူအညီမဲ့နေပြီး ဒဏ်ရာတောင်ရသွားနိုင်၏။ အစားအစာမရှိပါက ဆာလောင်ကာ ပင်ပန်းလာလိမ့်မည်။ ရုတ်တရက်ဆိုသလို ရှောင်ဝမ်၏ရင်ထဲတွင် ဝမ်းနည်းမှုကို ခံစားလိုက်ရသည်။ သူက ကြက်ဥပန်ကိတ်ကြီးတစ်ခုကိုယူကာ တဝမ်ရှေ့တွင်ချပေးလိုက်သည် ။ ရှောင်ဝမ်က မျက်ရည်စမ်းစမ်းဖြင့် ပြောလာ၏။


“ အကိုကြီး များများစားနော် ”


တဝမ် :“...”  သူ့စိတ်ထဲမှာ ငါကဘယ်လိုတောင် သနားစရာကောင်းနေလို့လဲ။


သူကပန်ကိတ်ကိုယူကာ နှစ်ခြမ်းခွဲလိုက်ပြီး တစ်ဝက်ကို ရှောင်ဝမ်ဆီပြန်ပေးလိုက်သည်။


ရှောင်ဝမ်က မျက်ရည်ကျလာလေသည်။


“ အကိုကြီး စားပါ၊ များများစား ။ သားဝေစုကလည်း အကိုကြီးအတွက်ဘဲ ”


တဝမ်က အနည်းငယ်ရင်ထဲထိသွား၏။ ထို့ကြောင့် သူက ရှောင်ဝမ်ကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။


“ ငါဗိုက်ပြည့်နေပြီ ”


ရှောင်ဝမ် :“ အကိုကြီးသာ နွားတစ်ကောင်လို အစာအိမ်အများကြီးရှိရင် ကောင်းမှာဘဲ၊ ကုလားအုတ်တွေလို ဘို့တော့မရှိဘူးပေါ့ ”


ကုလားအုတ်ပုံပြင်ကို ရှန်ယွီပြောပြထားခြင်းဖြစ်သည်။


တဝမ် :“....” ‘ မားမားနဲ့ ရှန်ယွီက ရှောင်ဝမ်ကိုစိတ်ကူးယဉ်ဆန်တတ်တယ်လို့ပြောတာ မအံ့ဩတော့ဘူး။ အဲ့ဒါအမှန်ဘဲ ’


လင်းလန်နှင့် မိုင်စွေ့တို့က ရယ်ရလွန်းသောကြောင့် ပါးစပ်ထဲက ပဲနို့များကို ဖြန်းမထုတ်မိစေရန် ပဲနို့ကိုတောင်မသောက်ရဲကြပေ။


အားဝမ် :“ ရှောင်ဝမ် အကိုကြီးက သူ့ကိုယ်သူ ဂရုစိုက်ပါလိမ့်မယ် စိတ်မပူပါနဲ့ ”


ရှောင်ဝမ်က သက်ပြင်းချလိုက်သည်။


“ ဟင်းး သားမှာ အစ်ကိုနဲ့အမတွေ အများကြီးရှိတာ၊ တကယ်ကို စိုးရိမ်နေရတယ် ”


လင်းလန်: “ .....ကောင်စုတ်လေး မင်းက အမေ့ရဲ့စကား‌တွေကို ဘာလုပ်တာလဲ ”


မကြာခင်မှာဘဲ သူငယ်ချင်းလေးများက ကျောင်းသွားရန် ရှောင်ဝမ်ကို လာခေါ်ကြ၏။ သူကနှုတ်ဆက်ကာ လွယ်အိတ်၊ပုလွေနှင့် ဘာဂျာကိုယူပြီး ကျောင်းသို့သွားလေသည်။


လင်းလန်ကလည်း ဟန်ချင်စုန့်၏စက်ဘီးကိုစီးကာ အလုပ်သွားပြီး အခြားကလေးများက လမ်းလျှောက်သွားကြ၏။ ရလဒ်အနေဖြင့် ကလေးများပြေးသွားသောအခါ သူတို့က သူမတို့ထက်မြန်နေပေသည်။


လင်းလန်က တိုးတိုးလေးပြောလိုက်သည်။

“ ....စန်းကော ကျွန်မတို့နှစ်ယောက်က အနှေးဆုံးဘဲ ”


ဟန်ချင်စုန့်က ပြန်ပြောလာသည်။

“ မင်းဘဲ အမြဲတမ်းလိုလို ကိုယ်တို့က အရမ်းမြန်နေလို့ နှေးချင်နေတာမဟုတ်ဘူးလား ”


လင်းလန်က သူမစကားနှင့် သူမပြန်နင်သွား၏။ သူမက သူ့ခါးနားကအသားကို ဆွဲဆိတ်ရန်လုပ်လိုက်သည်။ သို့သော် သူ့ခါးက အလွန်တင်းနေသောကြောင့် ဆွဲဆိတ်၍မရပေ။


လင်းလန် သက်ပြင်းချလိုက်သည်။

“ စန်းကော ရှင်က လေ့လာမှုမှာ ကျရှူံးသွားပြီဘဲ ”


ဟန်ချင်စုန့် :“ မင်းသင်ပေးခဲ့တာလေ ”


လင်းလန်: “!”  ‘ရှင်လာနောက်နေတာလား၊ ရှင်က အတုဘဲဖြစ်ရမယ် ’


သူမဆီက ဘာမှမကြားရတော့သောအခါ ဟန်ချင်စုန့်က ထပ်ပြောလာ၏။


“ ဒါဆို ဒီနေ့ညကျ မြန်မြန်လုပ်မယ်လေ ”


လင်းလန်က သူမခေါင်းကို သူ့နောက်ကျောတွင်တင်ထားလိုက်သည်။

“ စန်းကော ကျေးဇူးပြုပြီး ” ‘ ပါးစပ်ပိတ်လိုက်တော့ ’


Xxxxxxxx

Part 754


စွန်းကျောက်ဝမ်နှင့်အခြားသူများသည် ညွှန်မှူးဟန်က ဒီနေ့တွင် အလွန်ပျော်နေပုံပေါ်သည်ကို တွေ့လိုက်ရ၏။ သေချာပေါက်ပင် ဇနီးပြန်ရောက်လာသောအခါ ကွဲပြားသွားပေသည်။ လွန်ခဲ့သည့်အပတ်တုန်းကဆိုလျှင် အနားမကပ်သင့်သော အေးစက်နေသည့် သုံးပေခွာထားသည့် ပုံစံကိုသာ မြင်ခဲ့ရ၏။ ထိုအရာက လူများကို အသက်မရှူရဲအောင် လုပ်နေပေသည်။


 အမှန်တွင် ဟန်ချင်စုန့်က အမြဲတမ်းလိုလို ဤကဲ့သို့သော ပုံစံမျိုးသာဖြစ်သည်။ စွန်းကျောက်ဝမ်ကသာ လိုအပ်ချက်များ ပိုမြင့်လာခြင်းဖြစ်သည်။


လင်းလန်က စက်ဘီးပေါ်မှဆင်းလိုက်ကာ အရင်ဆုံး ဝန်ကြီးကျွမ်းကို သတင်းသွားပို့လိုက်ပြီး သူမလုပ်လာခဲ့သော စာမူကြမ်းများကို ပေးလိုက်သည်။


သူတို့အနေဖြင့် ကွန်မြူနတီတစ်ခုကို စီမံချင်ကြကာ သတင်းပြန်ကြားရေးအတွက် ကျေးလက်ဒေသသို့ သွားကြရမှာဖြစ်သည်။ ဤအရာများက သူမ၏ဆောင်ရွက်မှုများဖြစ်ကာ အနာဂတ်တွင် ပြုပြင်ပြောင်းလဲရေး၌အကဲဖြတ်သောအခါ ထည့်တွက်မှာဖြစ်၏။ သူမ အလွန်ပင် စိတ်အားတက်ကြွနေဆဲပင်ဖြစ်သည်။


ဝန်ကြီးကျွမ်က စာမူကြမ်းကိုယူကာ ကြည့်လိုက်ပြီးနောက် သူ့မျက်နှာက အနည်းငယ် အကျည်းတန်လာလေသည်။


လင်းလန် :“ ဝန်ကြီး ဘာဖြစ်လို့လဲ ”


ဝန်ကြီးကျွမ်းက အံဆွဲထဲက အခြားကော်ပီတစ်ခုကိုယူကာ စားပွဲပေါ်သို့ ပစ်တင်လိုက်၏။


“ တစ်ချက်ကြည့်ကြည့်လိုက် ”


လင်းလန်က ၎င်းကိုယူကာ တစ်ချက်ကြည့်လိုက်သည်။ ‘ငါ့ဟာကြီးမဟုတ်ဘူးလား။ သေချာတာပေါ့၊ သူမက စကားလုံးနှင့်စာကြောင်းအနည်းငယ်ကို ပြောင်းထားခဲ့သည်။ မူလက အသက်ဝင်နေသော သူမ၏ဆောင်းပါးကို နိုင်‌ငံရေးနှင့် ပို၍ကျိုးကြောင်းဆက်စပ်မှုရှိသွားစေရန်ဖြစ်၏။ ဥပမာအားဖြင့် မူလစာတွင် သူမက ရည်ရွယ်ချက်ရှိရှိဖြင့် ခေါင်းဆောင်တစ်ချို့၏အမည်များကို ထည့်မရေးကာ မည်သူ့ကိုမှ မဝေဖန်ခဲ့ပေ။ 


ချီးလိုဘဲ၊ နင်ကသည်းခြေရည်ကိုများ လိုချင်နေတာလား။ သူမက ကျိန်ပြောလိုက်သည်။


လင်းလန် :“ ဝန်ကြီး ဒါကို ကျွန်မရေးခဲ့တာပါ”


ဝန်ကြီးကျွမ်း :“ တစ်ချက်ကြည့်လိုက်ရုံနဲ့ ငါသိပါတယ် ”


လင်းလန်က အသက်ပြင်းပြင်းရှူလိုက်သည်။


ဝန်ကြီးကျွမ်း :“ သူကငါ့ဆီပေးလာတာ မဟုတ်ဘူး။ ညွှန်မှူးဆီ တိုက်ရိုက်သွားပေးလိုက်တာ။ ညွှန်မှူးက အရမ်းကောင်းကောင်းရေးထားတယ်ဆိုပြီး အတွင်းရေးမှူးကို ဖြန့်ဝေခိုင်းလိုက်တယ်။ သူပြောတာတော့ ဒီဆောင်းပါးကို အစည်းအဝေးမှာဝေမယ်တဲ့။ ပြီးတော့ သူ့ကို ကွန်မြူနတီတစ်ခုလုံးရဲ့ လေ့လာရေးအစည်းအဝေးမှာလည်း သဘာပတိလုပ်ခိုင်းလာတယ်။ မကြာခင်မှာ သူကချီးမြှောက်ခံရလိမ့်မယ် ”


“ ကျွန်မသူ့ကိုသွားရှာမယ် ”


ဝန်ကြီးကျွမ်း :“ လင်းလန် ပြန်လာခဲ့ ”


လင်းလန်က ပြန်လှည့်လာသည်။


“ ဝန်ကြီးကျွမ်း..”


“ စိုးရိမ်မနေနဲ့၊ မင်းဒီအကြောင်းပြောပြရင်တောင် အသုံးဝင်မှာမဟုတ်ဘူး။ ညွှန်မှူးက ဒါကို ရုံးတစ်ခုထဲကလူတွေပဲ လုပ်ဖော်ကိုင်ဖက်တွေက တစ်ကိုယ်ကောင်းဆန်စိတ်မထားသင့်ဘူး၊ အချင်းချင်းစည်းလုံးပြီး ကူညီရမယ်လို့ ပြောလာလိမ့်မယ် ” 


ဝန်ကြီးကျွမ်းက ဤအရာကို သတိပြုမိပြီးသားဖြစ်သည်။


အမှန်တကယ်တွင် ချီးမြှောက်ခံရမည့်လုပ်ဆောင်မှုကို မပြသနိုင်ပဲ တရားဝင်ဝန်ထမ်းဖြစ်မည့်အတွေ့အကြုံကို မစုဆောင်းနိုင်ပါကလည်း အဆင်ပြေပေသည်။ သို့သော် ဘယ်သူကများ။တရားဝင်ဝန်ထမ်းမဖြစ်ချင်ဘဲ နေပါ့မလဲ။


လင်းလန်တွေးမိသောအရာမှာ ဤကဲ့သို့ ရုံးတွင်းအနိုင်ကျင့်မှုသည် ခေတ်သစ်တွင်သာမက ရှေးခေတ်တွင်ပါ မပြတ်လပ်ဘူးဟုဖြစ်သည်။ ကျူရှင်ဆရာက ကလေးများ၏အ ဖြေလွှာကို ချုပ်ကိုင်ထားကာ သူဌေးက ရုံးဝန်ထမ်းများ၏ ခရက်ဒစ်ကိုလုယူ၏။ အခြားသော တရုတ်စကားပုံများစွာလည်း ရှိသေးပေသည်။ သူတစ်ပါးအကြံဉာဏ်ကိုခိုးယူထုတ်ဝေတတ်သော သတင်းဆောင်းပါးနှင့် ဝတ္ထုများ၏ အရည်အသွေးခန်းခြောက်နေသော ဗားရှင်း၊ အနှစ်ချုပ်ကိုသာရယူထားသော ဗားရှင်းများဟူ၍ဖြစ်ကြသည်။ နောက်ဆုံးတွင် လူတစ်ချို့က သူတို့ကိုသူတို့ စွယ်စုံရသည်ဟုထင်ကာ ခွေးအရေခွံခြုံပြီး မွေးလာကြခြင်းဖြစ်၏။ ထို့ကြောင့် သူတို့က ကိုယ့်ဘာသာကိုယ်မလုပ်ချင်ပေ။


“ ကျွန်မ ချောင်ကွမ်းရုန်ကို သွားမေးမယ် ”


အကယ်၍ သူမဒေါသကိုမြိုသိပ်ထားပါက သူက သူမကိုအနိုင်ကျင့်ရလွယ်သည်ဟု ထင်သွားပေမည်။


လင်းလန်ရုံးခန်းထဲသို့ ပြန်လာသောအခါ ချောင်ကွမ်းရုန်က အစည်းအဝေးမှ ဘာတွေကိုလေ့လာခဲ့ရသည်ကို အခြားသူများအား ပြောပြနေ၏။


လင်းလန်က သူ့ဆီတိုက်ရိုက်သွားလိုက်သည်။


“ ချောင်ကွမ်းရုန် နင်က ဘာလို့ငါ့ဆောင်းပါးကိုယူပြီး နင့်ဟာလို့ပြောရတာလဲ ”


“ ဘာကိုနင့်ဟာလဲ ”


ချောင်ကွမ်းရုန် မျက်လုံးများပြူးသွား၏။


“ ငါ့ကိုယ်တိုင် အဲ့ဒါကိုရေးခဲ့တာ၊ စာလုံးတစ်လုံးချင်းဆီကို ငါကိုယ်တိုင်ရေးခဲ့တာ...”


“ ကူးရေးခဲ့တာလေ၊ နင်ငါ့မှတ်စုစာအုပ်ကနေ ဖြဲယူသွားတာ ” 


လင်းလန်က သူ့ကိုလှောင်လိုက်သည်။


“ နင်ကဘာလို့ ဒီလောက်တောင်အရေထူရတာလဲ ”


လင်းလန်က သူမအတန်းထဲတွင်ရှိနေစဉ်တွင် ဆောင်းပါးများကို ရေးခဲ့ခြင်းဖြစ်သည်။ သူမအရင်ဘဝတွင် စာပေးရေးရာအလုပ်ကို လုပ်ခဲ့သောကြောင့် ဤကဲ့သို့သောအရာမျိုးကို အလွယ်တကူရေးနိုင်ပေသည်။ အတန်းဖော်များက သူမ၏မှတ်စုကိုကြည့်ကာ ကူးယူမည့်အစား ကောင်းကောင်းရေးထားသည်ဟုသာ ချီးကျူးကြ၏။ ချောင်ကွမ်းရုန်က တော်တော်လွန်သွားပြီဖြစ်သည်။ သူမ၏ မှတ်စုကို ခိုးပြီးဖြဲကာ သူမ၏ဆောင်းပါးကို ကူးထားသည်မှာ အရှက်မရှိပေ။


ချောင်ကွမ်းရုန်က သူ့ကိုမှားယွင်းစွပ်စွဲနေသည်ဟုဆိုကာ သူကိုယ်တိုင်တစ်လုံးချင်းဆီရေးထားခြင်းဖြစ်သည်ဟု ‌ဆိုလာ၏။


“ ငါကတိုးတက်လာလို့မရဘူးလား။ အစည်းအဝေးကြောင့် မှိုင်းတိုက်ခံလိုက်ရတာ။ ငါ့ရဲ့ပညာရေးအဆင့်ကို တိုးတက်လာဖို့အတွက်ကြိုးစားဘာဖြစ်နေလို့လဲ။ မင်းကသာ တစ်ကိုယ်ကောင်းဆန်နေတာ၊ ပျင်းရိပြီး ပြန်လည်ပြင်ဆင်ရေးဝါဒထဲမှာ နစ်မြုပ်နေတာ .....”


‘ဖြန်း’ ခနဲရိုက်သံနှင့်အတူ လင်းလန်က စားပွဲပေါ်မှ စာအုပ်တစ်အုပ်ကိုယူကာ သူ့ပါးစပ်ကို ပိတ်ရိုက်လိုက်သည်။


သူမက လူကိုရိုက်ရဲလိမ့်မည်ဟု ချောင်ကွမ်းရုန်မထင်ထားခဲ့ပေ။ သူကြောင်သွားကာ ချက်ချင်းပင် လင်းလန်ကို ရိုက်ချင်လာသည်။


လင်းလန်က အသင့်ပြင်ပြီးသားဖြစ်ကာ ဘေးနားမှ အလံပါသော တုတ်ချောင်းကိုယူကာ သူ့ကိုရိုက်လိုက်သည်။


“ ငါနင့်ကို ပေးကူးပြီးတော့ နင်ရဲ့ခွေးလက်တွေကို အလျှော့ပေးလိုက်ပါ့မယ် ”


ချောင်ကွမ်းရုန်က သူမကြောင့်အော်ဟစ်နေရ၏။ နွေရာသီတွင် အဝတ်ပါးများကို ဝတ်ဆင်ထားခြင်းဖြစ်သောကြောင့် သူ့အသားပေါ်သို့ ရိုက်လာသောအခါ တကယ်ကိုနာကျင်ရပေသည်။


“ မင်းက အရင်းရှင်းဝါဒနဲ့ ချုပ်ကိုင်နေတာဘဲ ၊ မင်းလူတွေကိုရိုက်တယ် ”


သူတို့နားမှလူများက အလျင်အမြန်ပင်တားလာကာ ရန်မဖြစ်ရန်ပြောလာကြ၏။ သို့သော်ငြား ချောင်ကွမ်းရုန်က နေရာရနေသေးသည်ကို သူတို့ကလည်း မကျေမနပ်ဖြစ်နေခဲ့ကြပေသည်။ သူတို့ကလင်းလန်ကိုကူညီကြကာ သူ့ကိုမကူညီကြပေ။ ထို့အစား လင်းလန်က အကြိမ်အနည်းငယ် ထိုးလို့ရစေရန် ကူပေးလိုက်ကြ၏။


ဤအချိန်တွင် ယွီရှင်းက အပြင်မှဝင်လာ၏။ 


“ ဟဲ့ ဘာလုပ်နေကြတာလဲ၊ စည်းကမ်းတွေရော မသိကြတော့ဘူးလား ” 


သူမက အနောက်ဘက်မှနေ၍ လင်းလန်လက်မောင်းကိုဆွဲလိုက်ကာ တုတ်ချောင်းကိုလုယူလိုက်၏။ ချောင်ကွမ်းရုန်က ချက်ချင်းရောက်ချလာကာ လင်းလန်ခါးကို ကန်လိုက်သည်။


Xxxxxxx