Part 751
လင်းလန်ကလည်း သူမရင်ထဲတွင် လျိုဟောင်ကျဲကို အနည်းငယ်ပိုပြီး သဘောကျသွားပေသည်။ လျိုဟောင်ကျဲကလည်း အံ့ဩစရာကောင်း၏။ ပုံမှန်အားဖြင့် သူက အခြားမိန်းမများနှင့် ကလူကျီစယ်လေ့ရှိပါက စကားပြောရာတွင် သူ၏ကျီစယ်မှုအရိပ်ယောင်ကို မြင်နိုင်သော်လည်း သူမအချိန်အကြာကြီးထိ စစ်ဆေးကြည့်လိုက်ရာ ထိုသို့သောအရာကို လုံးဝမမြင်ရပေ။ သူ့ကိုများ အထင်လွဲနေမိတာလား။
ခဏလောက် စကားပြောလိုက်ကြပြီးနောက် လျိုဟောင်ကျဲက အရင်ဆုံးနှုတ်ဆက်စကားပြောလာကာ ဟန်ကျင်းယုလက်ကို ဆွဲလိုက်၏။
“ စန်းကော၊ မရီး ကျွန်တော်တို့ပြန်နှင့်ပြီ ”
ဟန်ချင်စုန့်က ခေါင်းညိတ်ပြကာ လင်းလန်နှင့်အတူ ထလိုက်ပြီး သူတို့ကို ခြံပေါက်ဝသို့ လိုက်ပို့လိုက်သည်။
ခြံတံခါးဆီသို့ သွားနေစဉ်တွင် လင်းလန်က ပြုံးကာ ပြောလာ၏။
“ ငါထင်တာတော့ နင်တို့နှစ်ယောက်က ဆက်ဆံရေးကောင်းကောင်း ရှိကြတဲ့ပုံပဲ။ တချို့အတင်းအဖျင်းတွေကတော့ ကိုယ့်ကိုကိုယ်ဘဲ ပြန်ဒုက္ခရောက်စေလိမ့်မယ် ”
သူမက လျိုဟောင်ကျဲကို စမ်းသပ်ကာ သူဘယ်လိုတုံ့ပြန်မည်ကို မြင်ချင်မိပေသည်။
လျိုဟောင်ကျဲက သူမကို သံသယရှိစွာ ကြည့်လာလေသည်။
“ မရီး ဘာအတင်းအဖျင်းတွေလဲ ”
ဟန်ကျင်းယုက သူ့ထက်ပင် ပို၍မြန်မြန် တုံ့ပြန်လာကာ ချက်ချင်းပင် စိတ်မကျေမနပ်ဖြင့် ပြောလာ၏။
“ နင်ဘာတွေကြားလာခဲ့လို့လဲ။ ဂရုစိုက်မနေနဲ့၊ အဲ့ဒါတွေအားလုံးက သွားပုပ်လေလွင့်တွေဘဲ။ ငါကသူနဲ့ တွဲခဲ့ပြီးတော့ လက်ထပ်ပြီးသွားတောင် အိပ်မက်မက်နေကြတုန်းဘဲ ”
သူမပြောတာကို ကြားလိုက်ရသောအခါ လင်းလန်က သဘာဝကျစွာဘဲ သူမကို ဂရုမစိုက်ပေ။ သူမက ဟန်ကျင်းယုအတွက်လုပ်တာမဟုတ်သော်လည်း လျိုဟောင်ကျဲနှင့် ပတ်သက်ပြီး အနည်းငယ်သိချင်နေမိ၏။ ဒီလူက အတော်လေးအင်အားကြီးသည်ဟု ခံစားနေရကာ သူ့ကိုစမ်းသပ်ချင်မိ၏။
လင်းလန်အိမ်မှထွက်လာပြီးနောက်တွင် သူတို့သုံးယောက်က အိမ်ကိုလမ်းလျှောက်ပြန်ခဲ့ကြသည်။ လမ်းတွင် လျိုဟောင်ကျဲက ဟန်ကျင်းယုလက်ကို လွှတ်လိုက်သော်လည်း သူမက တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားကာ လွှတ်ပေးရန် ငြင်းဆန်နေပေသည်။
လျိုဟောင်ကျဲက အကိုကြီးဟန်ကို ပြောလိုက်၏။
“ အကိုကြီး၊ မရီးတို့အိမ်ကိုဝင်ပြီး နှုတ်ဆက်ရအောင်လေ ”
အကိုကြီးဟန်က ထိတ်လန့်သွားလေသည်။
“ သွားဦးမှာလား ”
ဟန်ကျင်းယုကလည်း စူးရှစွာပြောလာ၏။
“ ရှင်သွားပြီး ဘာလုပ်မလို့လဲ။ သူ့မှာ ဘာမေးစရာများ ရှိနေမှာမလို့လဲ ”
လျိုဟောင်ကျဲက စိတ်ဆင်းရဲစွာ ပြန်ပြောလိုက်လေသည်။
“ မင်းရဲ့ အပြုအမူက ဘာလဲ။ အဲ့ဒါကမရီးလေ၊ အကိုကြီးဟန်ရဲ့ ဇနီး။ မင်းကဘာလို့ ဒီလောက်တောင် အသိဉာဏ်မရှိရတာလဲ ”
အကိုကြီးဟန်က သူ့ရင်ထဲတွင် ရှုပ်ထွေးနေသောခံစားချက်များနှင့် လျိုဟောင်ကျဲပြောတာကို နားထောင်လိုက်ရာ လျိုဟောင်ကျဲနှင့် ပတ်သက်ပြီး ခံစားချက်ပိုကောင်းလာလေသည်။ သူကပြောလိုက်၏။
“ မလိုပါဘူးကွာ ”
လျိုဟောင်ကျဲက သူ့ပုခုံးများကို ဆုပ်ကိုင်ကာ ပြောလာ၏။
“ အကိုကြီး အဲ့ဒါကျွန်တော့်မိန်းမက စပ်စုတာမျိုးမဟုတ်ပါဘူး။ အကိုကြီးအတွက် ဒီလိုလုပ်တာက နည်းလမ်းတစ်ခုမဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်။ အသက်တွေပိုပိုကြီးလာတဲ့အခါ ဒီလိုမျိုးတကွဲတပြားဆီနေလို့မဖြစ်ဘူးလို့ အကိုကြီးဘဲ ပြောခဲ့တာ မဟုတ်ဘူးလား။ မရီးဆီကို စောစောသွားတွေ့လိုက်တာက ပိုကောင်းပါတယ်။ အဲ့ဒါက.... ကျန်တဲ့ဘဝတစ်လျှောက်လုံး ဒီလိုမျိုးဘဲ နေသွားလို့မရဘူးလေ၊ ဟုတ်တယ်မလား ”
“ ရှင်ဘာလုပ်နေတာလဲ ”
ဟန်ကျင်းယုက ဒေါသထွက်လာလေသည်။
“ ငါ့အစ်ကိုကြီးဟန်က ဘယ်နေရာမှာ မှားနေလို့လဲ၊ သူ့ဘက်ကမှားတာ အသိသာကြီးကို။ အစ်ကိုကြီးကပဲ နှစ်သစ်ကူးမှာ စားသောက်ပွဲကို လုပ်ပေးခဲ့တာ၊ သူက ဘယ်နေရာရောက်နေတာလဲ။ သူက ငါ့အမေ မျက်နှာကိုတောင် လက်ညိုးထိုးရဲသေးတယ်....”
“ မင်းပါးစပ်ပိတ်ထားစမ်း၊ ယောက်ျားတစ်ယောက်က ကြားဝင်ပြောဖို့အတွက် မိန်းမတစ်ယောက်ကို မလိုဘူး ”
လျိုဟောင်ကျဲက ဟန်ကျင်းယုကို ဆွဲခါလိုက်ကာ အစ်ကိုကြီးဟန်ကို စကားဆက်ပြောလိုက်သည်။
ဟန်ကျင်းယုက ဒေါသတကြီးနှင့် ခြေထောက်ကို တက်နင်းကာ အိမ်ပြန်သွားလေသည်။
လျိုဟောင်ကျဲက အစ်ကိုကြီးဟန်နှင့် ခနလောက် စကားပြောနေလိုက်၏။ အကိုကြီးဟန်ကတော့ ဒီယောက်ဖက အရမ်းအရမ်းကိုကောင်းတာဘဲဟုထင်ကာ သူ့ဘက်ကိုလုံးဝနစ်မြုပ်သွားလေသည်။ မိသားစုထဲရှိလူအများစုက သူနှင့်သူ့မိန်းမကိုဂရုစိုက်ကြတာမဟုတ်ပေ။
အဓိကအကြောင်းအရင်းမှာ အဘွားကြီးဟန်က အခြားသူများ၏စကားကို နားမထောင်တာဖြစ်သည်။ ဘယ်သူဘဲဆူငေါက်နေပါစေ အချိန်အကြာကြီးရှိလာသောအခါ အကိုကြီးဟန်က ပိုပိုပြီးဝမ်းနည်းလာခဲ့ရပေသည်။ သူ့ဇနီး၊ ကလေးများနှင့် အတူပြန်နေရဖို့ကို အိပ်မက်မက်မိ၏။
အဘွားကြီးဟန်က သမီးများကိုသဘောကျကာ သားမက်များအပေါ်ကောင်းပြီး လျိုဟောင်ကျဲ၏စကားများကို ပိုပြီးနားထောင်လေ့ရှိ၏။
သူက လျိုဟောင်ကျဲနှင့်အတူ သူ့မိန်းမအိမ်သို့သွားလိုက်သည်။
ဟန်ကျင်းယုက အိမ်ကိုဒေါသတကြီးပြန်သွားလိုက်သည်။ အဘိုးကြီးဟန်က အနွေးကုတင်ပေါ်တွင် တခေါခေါဟောက်ကာအိပ်နေပြီး အဘွားကြီးဟန်ကတော့ ခြံဝင်းထဲတွင် အေးသွားရန်အတွက် ကြောင်မှီးယပ်တောင်ကို ခပ်နေပေသည်။ နှစ်အစကတည်းက အကိုကြီးဟန်၏မိသားစုသည် တစ်ယောက်ယောက်ဆီမှ ခြံဝင်းငယ်လေးတစ်ခုငှားရမ်းရန်အတွက် ပြောင်းသွားကြပြီးပြီဖြစ်သည်။ ထို့ကြောင့် ခြံဝန်းထဲတွင် တိတ်ဆိတ်နေ၏။
“ ကျင်းယု နင်ဘာလို့ အရမ်းဒေါသထွက်နေရတာလဲ။ နင့်အကိုကြီးနဲ့ ယောက်ျားရောဘယ်မှာလဲ ”
အဘွားကြီးဟန်က အိပ်ရာခင်းဖျာပေါ်တွင် ခြေချိတ်ထိုင်ကာ သူမခြေထောက်မှရွှံ့များကို ပွတ်တိုက်နေရင်း ယပ်ခပ်နေ၏။ ပတ်ထားသော ခြေထောက်ကိုဆင်းထားလေသည်။ အလွယ်တကူအညစ်အကြေးဝင်နိုင်သော ခြေမထိပ်မှလွဲ၍ဖြစ်သည်။
ဟန်ကျင်းယုက ဝင်လာကာ အိပ်ရာခင်းပေါ်တွင်ထိုင်ပြီး မနှစ်မြို့စွာ ပြောလာ၏။
“ အမေ ခြေထောက်ကိုပွတ်မနေနဲ့လေ၊ အဲ့ဒါကနံစော်နေတာကို အမေအနံ့မရဘူးလား ”
အဘွားကြီးဟန်က ပြုံးကာ သူမလက်ကိုနှာခေါင်းနားထားကာ ရှူကြည့်လိုက်သည်။
“ ဘယ်မှာနံနေလို့လဲ၊ အမေနမ်းကြည့်တာတော့ တော်တော်လေးကောင်းတယ် ”
ဟန်ကျင်းယုက ချက်ချင်းပင် တစ်ဖက်လှည့်ကာ ပျို့အန်လိုက်လေသည်။
အဘွားကြီးဟန်က ခပ်မြန်မြန်ပင် ထရပ်လိုက်သည်။
“ အိုး ငါ့ခြေထောက်ကိုသွားဆေးလိုက်မယ်၊ နင်နဲ့ငါ့မြေးလေးအနံ့မရဖို့ သွားဆေးလိုက်ပါ့မယ် ”
သူမက ခြေထောက်ဆေးနေတုန်း လင်းလန်နှင့်ဟန်ချင်စုန့်တို့ ဘာလုပ်နေကြလဲဆိုတာ မေးလိုက်သည်။ သူ့သားမက်က လင်းလန်ကို ပိုက်ဆံပေးပြီး လင်းလန်ကလည်း ယူလိုက်သည်ကို ကြားလိုက်ရသောအခါ အရမ်းဒေါသထွက်လွန်းလို့ ချက်ချင်းပင် ကြိမ်းမောင်းလာလေသည်။
“ အဲ့ဒီလောဘကြီးတဲ့ အပျက်မ၊ နင်တို့တတိယအကိုက လစာဒီလောက်အများကြီးရတာ၊ သူကိုယ်တိုင်ကလည်း အလုပ်သွားရသေးတယ်။ လူကြီးတွေကိုတော့ တပြားတောင်ပေးမယ်မရှိဘူး။ သူ့အမေပိုက်ဆံတွေကိုဘဲ ဖြုန်းခိုင်းနေတယ်။ နင်တို့ရဲ့တတိယအကို၊ အဲ့ဒီမျက်လုံးဖြူဝံပုလွေက အဲ့မိန်းမအကြောင်း မကောင်းပြောခွင့်မပြုဘူး။ တကယ်လို့ငါပြောလိုက်ရင် သူကလှည့်ထွက်သွားရော။ ဒေါသထွက်ရလွန်းလို့ နေ့တိုင်းလိုလိုခေါင်းကိုက်နေရတယ်။ ငါ အဲ့ဒီအချိန်တုန်းက လက်ထပ်ဖို့ကို ကာလကြီးကြီးမားမားရှိရမယ်လို့ ပြောခဲ့လိုက်ရမှာ...ငါမလုပ်..”
“ သမီးအရမ်းစိတ်ရှုပ်လာပြီ၊ အခန်းပြန်တော့မယ် ”
Xxxxxxx
Part 752
အချိန်အတော်ကြာသွားပြီးနောက် အကိုကြီးဟန်နှင့် လျိုဟောင်ကျဲတို့က စကားပြောလိုက်၊ ရယ်လိုက်နှင့် အတူပြန်ရောက်လာကြလေသည်။ အကိုကြီးဟန်၏အသံက အရင်ကထက်စာလျှင် ပိုပြီးတက်ကြွလာ၏။
အဘွားကြီးဟန်က အကြီးသားစကားပြောပြီး ရယ်နေတာက အတော်လေးကြမ်းတမ်းနေသည်ဟု ခံစားလိုက်မိသည်။ ပြီးခဲ့သည့်နှစ်နှစ်အတွင်း အကြီးဆုံးသားက အိမ်တွင်မမြင်ရလောက်နီးပါးပင်ဖြစ်သည်။ သူကအလုပ်နဲ့ပတ်သက်တာကလွဲလို့ စကားသိပ်မပြောပေ။ ဒီနေ့ညတွင်တော့ ဒါကပုံမှန်မဟုတ်နေပေ။
သူမကပြင်းထန်စွာ နှာခေါင်းရှုံ့လိုက်သည်။
“ နင်တို့တွေ ဘာလုပ်ခဲ့ကြတာလဲ ”
လျိုဟောင်ကျဲက ပြုံးပြီးပြောပြလာ၏။
“ အမေ ကျွန်တော်တို့ တတိယအကိုအိမ်ကိုသွားခဲ့တယ်။ ပြီးတော့ အကြီးဆုံးမရီးအိမ်ကိုလည်း စကားပြောဖို့သွားခဲ့သေးတယ် ”
“ နင်တို့မရီးနဲ့ ဘာများပြောစရာရှိလို့လဲ ”
“ အမေ အဲ့ဒါကလည်း အမေရဲ့အကြီးဆုံးမြေးဘဲမဟုတ်ဘူးလား ။ အကြီးဆုံးသားနဲ့ အကြီးဆုံးမြေးလေ၊ အမေကဘယ်လိုလုပ်ပြီး လျစ်လျူရှုနိုင်ရတာလဲ။ အနာဂတ်မှာ အမေ့က အမွှေးနံ့သာပူဇော်ပြီး ဘိုးဘွားသင်္ချိုင်းမှာ အလုပ်အကျွေးပြုဖို့အတွက် သူတို့ကိုဘဲ အားကိုးရမှာနော်”
အဘွားကြီးဟန်က သူမအိမ်ကိုချစ်၏။ ထို့အပြင် သားမက်ဖြစ်သူက ဘယ်လိုပြုမူရမည်ကိုသိကာ သူမရှေ့တွင် ကျင်းယုကို အလွန်ကောင်းကောင်း ဆက်ဆံပေးသည်။ ထို့ကြောင့် အဘွားကြီးဟန်က ဒီသားမက်အပေါ် ပိုပိုပြီးစိတ်ကျေနပ်လာလေသည်။ ဘာကြောင့်မှန်းမသိ၊ အဘွားကြီးကသူများပြောတာကို နားထောင်ရတာမကြိုက်သော်လည်း လျိုဟောင်ကျဲပြောပါက နားထောင်ပေးတတ်၏။ သူမက ဘယ်တုန်းကမှ လျိုဟောင်ကျဲကို မဆူဖူးပေ။
“ ဘာဘဲဖြစ်ဖြစ်ပါ၊ နင့်မရီးက ပြန်မလာဘူးလေ ”
အဘွားကြီးဟန်က နှာခေါင်းရှုံ့လိုက်၏။ သူမ၏သားမက်က ကြားဝင်ဖြန်ဖြေပေးလာလေသည်။ ချွေးမကြီးကိုပြန်လာခိုင်းမည့်အစား အကြီးဆုံးသားကလည်း အပြင်သွားကာ သူ့ဇနီး၊ကလေးများနှင့်အတူ အချိန် ဖြုန်းချင်လိမ့်မည်ဟု သူမဘယ်တုန်းကမှ မတွေးခဲ့ဖူးပေ။ သူမ၏အသိဉာဏ်ထဲတွင် လူတိုင်းက သူမရှေ့တွင် ဦးညွှတ်ကာ တောင်းဆိုသင့်တာဖြစ်သည်။
လျိုဟောင်ကျဲက ပြုံးကာ အစ်ကိုကြီးဟန်ပုခုံးကို ပုတ်ပေးလိုက်ပြီး ဘာမှတော့မပြောလိုက်ပေ။
ဟန်ကျင်းယုက သူ့ကိုစောစောအိပ်ကြဖို့ ပြောလာလေသည်။
လျိုဟောင်ကျဲက ပြန်ပြောလိုက်၏။
“ ငါမြစ်ဘေးမှာ ဆေးကြောဖို့သွားလိုက်ဦးမယ်၊ တကိုယ်လုံးချွေးတွေထွက်နေတာ”
အကိုကြီးဟန်က အလျင်အမြန်ပင် ဝင်ပြောလာ၏။
“ ငါမင်းကို အဖော်လိုက်ပေးမယ်။ အပြင်မှာမှောင်နေပြီ၊ တစ်ယောက်တည်းဆို ပျင်းစရာကြီး ”
လျိုဟောင်ကျဲက မငြင်းလိုက်ဘဲ သူတို့နှစ်ယောက်သား အတူတူသွားလိုက်ကြ၏။ သူတို့ပြန်ရောက်လာသောအခါ အဘွားကြီးဟန်က အိပ်ရာဝင်သွားပြီဖြစ်ကာ ဟန်ကျင်းယုကလည်း စိတ်မရှည်တော့ပေ။
ပင်မဆောင်ဘေးမှ အခန်းကို ရှင်းထားပြီးပြီဖြစ်တာကြောင့် ဟန်ကျင်းယုအိမ်ပြန်လာသောအခါ ခေါင်မိုးထပ်လေးတွင် အိပ်ရမည့်အစား ဒီမှာနေလေ့ရှိ၏။
သူမက လျိုဟောင်ကျဲကိုယ်ပေါ်တွင် လှဲလိုက်ကာ ဖက်လိုက်သော်လည်း တွန်းထုတ်ခံလိုက်ရလေသည်။ သူမဒေါသထွက်လာသောအခါ သူ့ကိုပို၍တင်းကြပ်စွာဖက်ထားလိုက်ပြီး နမ်းဖို့ငုံ့လာသော်လည်း အဝေးကိုတွန်းထုတ်ခံလိုက်ရ၏။
“ ရှင်ဘာလုပ်နေတာလဲ ” ဟန်ကျင်းယုအသံက နည်းနည်းပိုကျယ်လာလေသည်။
လျိုဟောင်ကျဲ :“အိပ်တော့ ” သူမနှုတ်ခမ်းပေါ်တွင် လက်ညှိုးတင်ကာ တိုးတိုးနေဖို့ အမူအရာပြလိုက်သည်။
ဟန်ကျင်းယုက ဒေါသထွက်လာကာ အရှက်ရသွားပြီး မလိုလားစွာ တတွတ်တွတ်ပြန်ပြောလာ၏။
“ ရှင်ကဘာလို့ ....”
“ ဒီနေ့မင်း မအိပ်ရသေးဘူးမလား ”
သူ့အသံထဲတွင် နွေးထွေးမှုအနည်းငယ်မျှတောင် ရှိမနေပေ။
“ အဲ့ဒါ အဲ့ဒါက...”
ဟန်ကျင်းယုက ဒေါသတကြီးဖြင့် သူ့ကိုကန်ထုတ်လိုက်သည်။ လင်မယားစုံတွဲက ဘယ်လိုဖြစ်ပြီး အနွေးကုတင်ပေါ်မှာ မအိပ်ရမှာလဲ။
လျိုဟောင်ကျဲက စိတ်မရှည်ဖြစ်လာကာ တိုးတိုးပြောလိုက်၏။
“ တကယ်လို့မင်းမအိပ်ဘူးဆိုရင်လည်း အပြင်ထွက်သွား၊ ငါအိပ်ချင်တယ် ”
ဟန်ကျင်းယုက သူနှင့်ဆက်ပြီးငြင်းခုန်နေကာ သူမနှင့်အတူအိပ်ဖို့ကို မရမကပြောနေလေသည်။
လျိုဟောင်ကျဲ :“ မင်းကိုယ်ဝန်ရှိနေတယ်လေ၊ ရှုပ်ရှုပ်ယှက်ယှက်တွေ လိုက်မလုပ်နဲ့ ”
ဟန်ကျင်းယုက တိတ်ဆိတ်စွာနှင့် သူ့ကိုဆွဲဆိတ်လာ၏။ ရှုပ်ရှုပ်ယှက်ယှက်တွေလိုက်မလုပ်နဲ့ဆိုတာ ဘာအဓိပ္ပါယ်လဲ။ ဘယ်သူကလုပ်နေလို့လဲ။ ရှင်တို့အားလုံးကသာ ရှုပ်ရှုပ်ယှက်ယှက်လုပ်နေတာ။ သူမကအနိုင်ကျင့်ခံလိုက်ရသလို ခံစားမိကာ ဒေါသထွက်နေသော်လည်း ထုတ်မပြောရဲပေ။ အကြောင်းမှာ တကယ်ဒေါသထွက်နေသော လျိုဟောင်ကျဲကို သူမ ရင်မဆိုင်ရဲပေ။
“ ရှင်ဘဲအိပ်တော့၊ ကျွန်မ မြစ်ထဲကိုသွားခုန်ချလိုက်တော့မယ်။ ဒီကလေးကို ကျွန်မမလိုချင်ဘူး ”
ဟန်ကျင်းယုက သူ့ဝမ်းဗိုက်ကို ထပ်ပြီးလိမ်ဆွဲလာ၏။
လျိုဟောင်ကျဲ တစ်ဖက်လှည့်သွားကာ သူမကို နောက်ကျောပေးလိုက်သည်။
“ ကောင်းပြီလေ၊ မင်းသွားလိုက်ပေါ့။ တကယ်လို့ မင်းမှာကလေးမရှိတော့ရင် ငါမင်းကိုကွာရှင်းမှာ ”
“ ကျွန်မက ရှင့်မကောင်းကြောင်းတွေ လိုက်ဖြန့်မှာမကြောက်ဘူးလား ”
ဟန်ကျင်းယုက ဒေါသထွက်နေသော်လည်း သူမအသံကိုနိမ့်ထားဆဲဖြစ်သည်။ သူမက အသံကျယ်ကျယ်မပြောရဲပေ။
လျိုဟောင်ကျဲက သူမကို လျစ်လျူရှုလိုက်သည်။
သို့သော် သူမကလက်မလျှော့ပေ။ သူ့ကို သူမနှင့်အတူ ရှေ့သွားနောက်လိုက်လုပ်ဖို့ ဖိအားပေးလိုက်သည်။
လျိုဟောင်ကျဲက စိတ်မရှည်တော့ပေ။
“ မင်းဘာကို မိကျောင်းရေခင်းလုပ်ပြနေတာလဲ၊ မင်းရဲ့တတိယအကိုကို မင်းအတွက်အမှုဖွင့်ပေးဖို့ သွားပြောလိုက်တာ ပိုမကောင်းဘူးလား။ သူ့ဆီကို သွားလိုက်လေ ၊ငါ့ကိုလာဖမ်းခိုင်းလိုက်”
ဟန်ကျင်းယုက ထပ်ပြီး ပါးစပ်ပိတ်လိုက်ရ၏။
လျိုဟောင်ကျဲ :“ သူက ဘာပြစ်မှုနဲ့ငါ့ကိုဖမ်းမှာလဲ။ ငါဘာပြစ်မှုကို ကျူးလွန်ထားလို့လဲ၊မင်းပြောကြည့်လေ ”
“ ရှင်...ရှင် လူယုတ်မာ ...”
ဟန်ကျင်းယု မပြောနိုင်ပေ။
လျိုဟောင်ကျဲက တစ်ဖက်လှည့်လိုက်ပြီး သူမကိုအနွေးကုတင်ပေါ်တွင် ပစ်ချလိုက်သည်။ သူ့ခြေထောက်ကို သူမခြေထောက်ကြားတွင်ထားကာ လက်ကိုဘေးတွင်ချုပ်ထားပြီး အထက်စီးမှကြည့်လိုက်သည်။ အခန်းထဲရှိအလင်းရောင်က မှိန်နေကာ သူ့မျက်လုံးထဲတွင် မကောင်းဆိုးဝါးကို ဝှက်ထားသလိုပင်။
ဟန်ကျင်းယုက တုန်ရီလာကာ သူဒေါသထွက်နေပြီဆိုတာသိတာကြောင့် စကားပြောတာရပ်လိုက်သည်။ သူမက သူ့ကိုစမ်းသပ်ဖို့အတွက် သူ၏အောက်ခြေလိုင်းကိုတက်နင်းမိသွားပေသည်။ သူတကယ်ဒေါသထွက်လာတာလား၊ နည်းနည်းဘဲဒေါသထွက်တာလားဆိုသည်ကို သူမသိ၏။ ထို့အပြင်သူက ဘယ်အချိန်မှာ သူမကိုအပြစ်ပေးပြီး ဘယ်အချိန်မှာမပေးဘူးဆိုတာကိုလည်း သိပေသည်။
လျိုဟောင်ကျဲက အံကြိတ်ကာပြောလိုက်၏။
“ ငါတို့ညီအစ်ကိုတွေက မိဘ၊ ပိုက်ဆံ၊ မိန်းမ၊ ကလေးနဲ့ ဘဝ အရာအားလုံးကိုမျှဝေကြတယ်။ မင်းငါ့ကိုလက်ထပ်ဖို့ပြောခဲ့မှတော့ မင်းမှာဒီလိုနားလည်မှုမျိုးရှိသင့်တယ်”
သူမတည်ငြိမ်သွားတာကို မြင်လိုက်ရမှ သူ့နှုတ်ခမ်းများကကွေးတက်လာပြီး မျက်လုံးများကတော့ အေးစက်ပြီးရင်းအေးစက်နေပေသည်။
“ တကယ်လို့ မင်းကလေးမလိုချင်ရင် ငါကလည်းဖိအားပေးမှာမဟုတ်ဘူး။ ဘယ်လိုဘဲဖြစ်ဖြစ်ငါလည်းမလိုချင်ဘူး။ ဒါကြောင့်မို့လို့ ငါ့ကိုကလေးနဲ့ လာမခြိမ်းခြောက်နဲ့ ”
ဟန်ကျင်းယုက သူရူးနေပြီထင်သော်လည်း သူတကယ်မရူးပေ။ အမှန်တိုင်းပြောရလျှင် သူတို့က သူမအပေါ် အလွန်ကောင်းမွန်စွာဆက်ဆံကြ၏။
ဒါပေမယ့် သူမက လျိုဟောင်ကျဲရဲ့မိန်းမလေ။
သူမ လက်မခံနိုင်ဆုံးက ဘာလို့သူမယောက်ျားက အဲ့ဒါကို အခြားမိန်းမတွေနဲ့ မျှဝေနေရတာလဲ။
သူကဘာလို့ တချက်လေးတောင်ဂရုမစိုက်ဘဲ သူမကို တခြားယောက်ျားတွေဆီတွန်းပို့ရတာလဲ။ ယောက်ျားအားလုံးက တစ်ကိုယ်ကောင်းဆန်ပြီး ပိုင်ဆိုင်လိုစိတ် ပြင်းကြတာမဟုတ်ဘူးလား။ သူကဘာလို့ သူမကိုဂရုမစိုက်လဲ။ သူမကို မချစ်တော့ဘူးလား။
.....
(T/N သူကသေချာမပြောထားတော့ ဇာတ်လမ်းကိုမရှင်းပါဘူး ထင်မိတာတော့ လျိုဟောင်ကျဲက သူ့မိန်းမကို ညီအစ်ကိုတွေနဲ့ဝေမျှတာလားမသိ😐)
Xxxxxx