အပိုင်း ၇၄၉-၇၅၀
Viewers 37k

Part 749


လင်းလန်နှင့် ဟန်ချင်စုန့်တို့ အိမ်ပြန်ရောက်လာချိန်တွင် ကလေးများက ချက်ပြုတ်ပြီးပြီဖြစ်ကာ သူတို့ပြန်လာတာကို စောင့်နေကြပေသည်။ သူတို့ပြန်လာသည့်အသံကိုကြားလိုက်ကြသောအခါ အားလုံးက ပျော်ရွှင်စွာ အပြင်ထွက်ကြိုလာကြ၏။


လင်းလန်က မွှေးကြိုင်သောစားစရာအနံ့ကို ရလိုက်ပေသည်။


“ ဒီနေ့ဘယ်သူချက်တာလဲ၊ အနံ့က အရမ်းကိုမွှေးနေတာဘဲ ”


မိုင်စွေ့က ပြုံးကာ ဖြေလာ၏။

“ ဒီနေ့အများစုကို အကြီးဆုံးအစ်ကို ချက်ထားတာ”


“ ဝိုး တကယ်လား ” 


တဝမ်က ချက်ပြုတ်ရန် လက်ဦးမှုယူလိမ့်မည်ဟု  လင်းလန် မယုံနိုင်ပေ။


သူမ တစ်ချက်ကြည့်ရန် အိမ်ခန်းထဲသို့ပြေးဝင်သွားလိုက်သည်။  စားပွဲပေါ်မှ ဟင်းပွဲများသာမက ပျော့ပြောင်းနေသောပန်ကိတ်တစ်ချို့နှင့် လက်လိပ်ဂျုံမုန့် တစ်အိုးလည်း ရှိနေပေသည်။....


တစ်ချက်ကြည့်လိုက်ရုံဖြင့် ၎င်းက တဝမ်၏လက်ရာဆိုတာ လင်းလန်သိလိုက်သည်။ အားဝမ်၏လက်ရာဆိုလျှင် သူမထက်ကောင်းပေသည်။


“ သားကြီး မင်းက ဂျုံကိုဘယ်လိုလိမ့်ရမလဲဆိုတာ သိလား ”


အရင်တုန်းက သူမ တဝမ်ကို ဘယ်လိုချက်ပြုတ်ရမည်ကို လေ့လာရန် မေးခဲ့ကာ သူမက တကယ်ပင် အခြေခံအစားအစာများ ဘယ်လိုချက်ရမည်ကို တဝမ်အား သင်ပေးချင်ပေသည်။ ဒီလိုမှသာ သူက အနာဂတ်တွင် တစ်ယောက်တည်း ဒါမှမဟုတ်၊ ယောက်ျားသားတစ်အုပ်လိုက်ကြီး အိမ်နှင့်အဝေးတွင် နေရသောအခါ ဝက်စာကို ‌ဗလာဖြစ်စွာ စိုက်ကြည့်နေစရာမလိုမှာဖြစ်သည်။ ထို့ကြောင့် သူမက တဝမ်အတွက် လိုအပ်ချက်မြင့်မြင့်မားမား မရှိပေ။ သူမက ထမင်းချက်တတ်ကာ၊ ဆန်ပြုတ်လုပ်တတ်ပြီး ကိတ်များကိုလည်း လုပ်တတ်ပေသည်။


တဝမ်က ဂျုံများကိုလှိမ့်ကာ.... အချပ်များ လုပ်ရန် လက်ဦးမှုယူလာလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။

(ဂျုံမုန့်တွေက သူမဆန္ဒနဲ့ ဆန့်ကျင်နေတယ်လို့ ပြောတာကိုတော့ စိတ်မရှိပါနဲ့။ သို့သော် သူမက တကယ်ပျော်နေတာဖြစ်သည်။)


တဝမ်မျက်နှာတွင် ရှက်ရွံ့မှုတစွန်းတစ အရောင်လက်သွားကာ ချက်ချင်းပင် ပုံမှန်ပြန်ဖြစ်သွား၏။

“ အားဝမ်သင်ပေးတာ။ အားဝမ်က ဖက်ထုပ်လုပ်တာကိုသင်ပြီး ဂျုံမုန့်လိပ်လုပ်တာကို ကြိုးစားကြည့်ဖို့ပြောလာတာ”


လင်းလန်က ပျော်ရွှင်စွာပြောလိုက်သည်။


“ ငါ့ရဲ့ ကလေးတွေက အံ့ဩဖို့ကောင်းလိုက်တာ။ မားမားကို လာကြိုပြီး အိမ်မှာ ပျော်ရပြီး နွေးထွေးအောင် လုပ်ပေးလို့ ကျေးဇူးပါဘဲနော် ”


သူမက ဒီအတိုင်း သူမသားငယ်ကိုဆွဲကာ မြင့်မြင့်ဖက်လိုက်ချင်‌သော်လည်း သူမလှည့်ကြည့်လိုက်သောအခါ ရှောင်ဝမ်က လက်ဆေးဇလုံကိုယူလာသည်ကို တွေ့လိုက်ရလေသည်။


“ မားမား လက်ဆေးပါ ”


ဒီလိုဆက်ဆံမှုမျိုး။


လင်းလန်က ရင်ထဲအရမ်းထိသွားကာ ရှောင်ဝမ်ပါးကိုကိုင်ပြီး နမ်းလိုက်သည်။ အရင်တုန်းက သူမက ခက်ခက်ခဲခဲ ခါးကိုင်းရမှာဖြစ်သော်လည်း အခုတွင် သူမခေါင်းငုံ့ရုံဖြင့် သူ့ကိုနမ်းလို့ရနေပေသည်။

 

ဟေးး ကလေးလေးက ကြီးလာပြီဘဲ။


ရှောင်ဝမ်ကလည်း သူမပါးကိုနမ်းလိုက်သည်။


“ မားမား သားက မားမားကိုလွမ်းနေတာ၊ ဒါပေမယ့် သားက ညဘက်မှာမငိုဘူးနော် ”


လင်းလန်က သူ့ခေါင်းကိုထိလိုက်သည်။

“ လိမ္မာလိုက်တဲ့ ကလေး ”


မိသားစုက ညစာအတူစားရန် ထိုင်လိုက်ကြသည်။ အချင်းချင်း တစ်ပတ်လောက် မတွေ့ခဲ့ရ‌တာကြောင့် လင်းလန်က ကလေးများကို လွမ်းသလို ကလေးများကလည်း သူမကို လွမ်းနေကြပေသည်။


ရှောင်ဝမ် :“ မားမား တကယ်လို့ မားမားက အိမ်မှာမရှိရင် သားတို့ စားရတာ ဘာအရသာမှမရှိသလိုဘဲ”


မားမား အိမ်မှာမရှိရင် အဖေရဲ့မျက်နှာက ပိုပိုပြီး ရှည်လာရော။ အဲ့လိုဆို သားက ထမင်းစားတဲ့အခါ စိတ်လှုပ်ရှားနေရတယ်။


“ မားမားလည်း အတူတူပါဘဲ၊ သားကဘေးမှာမရှိတော့ ကန်တင်းမှာစားခဲ့တဲ့ အသားတွေက အရသာမရှိဘူးဖြစ်နေတာ ”


သူမက ကြက်သွန်မိတ်နှင့်ရောကြော်ထားသော ကြက်ဥကြော်ကို အကြီးကြီးတစ်ပိုင်းစားလိုက်သည်။


“ ဒီကြက်ဥက ကောင်းကောင်းကျက်နေပြီး နူးအိနေရော”


အားဝမ်က အတော်လေးနာကျင်စွာဖြင့် ပြောလာလေသည်။

“ မားမား ဆီတွေဘယ်လောက်တောင်များနေလဲဆိုတာ မားမားမတွေ့ဘူးလား”


လူတိုင်းကရယ်လိုက်ကြသည်။


မိုင်စွေ့ :“ အကိုကြီးကြက်ဥမွှေကြော်လုပ်နေတဲ့အချိန်မှာ ဒုတိယအကိုက ဘေးမှာရပ်ပြီး သူ့ရင်ဘတ်ကိုဖိထားရတယ် ဟားဟား ”


လင်းလန်:“ တဝမ်က ချက်တဲ့စားစရာတွေက အရသာရှိတယ်။ အားဝမ် ခြိုးခြံချွေတာတာကလည်း မှန်ပါတယ်။ အနာဂတ်မှာ တကယ်လို့ငါတို့မိသားစုက ဆီနဲ့အသားကို စားနိုင်လာရင်တောင်မှ ဆီလျှော့စားဖို့ သတိရရမယ်နော်။ ဆီအများကြီးစားတာက ငါတို့ကျန်းမာရေးအတွက် မကောင်းဘူး။  ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေကို များများစားတာက ပိုပြီး ကျန်းမာလာစေတယ် ”


ဘဝအတွက် စိုးရိမ်နေစရာ မလိုသော အခါ မြို့ထဲရှိလူများက အရင်ဆုံး လူချမ်းသာရောဂါများကို ခံစားရပေလိမ့်မည်။ ဆီးချိုရောဂါနှင့် ဖြစ်ပွားမှုမြင့်သော ရောဂါသုံးမျိုးသည် နှစ်အနည်းငယ်အတွင်း ကျေးလက်ဒေသများတွင် အဖြစ်များလာလိမ့်မည်။ ၎င်းတို့မှာ ကောင်းမွန်သောအချိန်ကာလများက သယ်ဆောင်လာသော ရောဂါများပင်ဖြစ်သည်။


“ ဟားဟား မားမားရေ ဆီနဲ့အသားကို ရံဖန်ရံခါဘဲ စားရင်ရောဘယ်လိုလဲ ”


မိုင်စွေ့နှင့်အခြားသူများက ရယ်လာလေသည်။ မားမားအတွက် ကောင်တီကိုသွားလိုက်ရတာက ကောင်းတာဘဲ။ကန်တင်းကစားစရာတွေက အရမ်းကောင်းတာဘဲလား။


လင်းလန်က ခေါင်းညိတ်ပြလိုက်သည်။


“ မားမားပြောတာကို မယုံဘူးလား လွန်ခဲ့တဲ့ဆယ်နှစ်လောက်က ဒီလိုလုံလုံလောက်လောက်စားရဖို့ ငါတို့မျှော်လင့်ခဲ့မိမှာ မဟုတ်ဘူး။ နေ့ရက်တွေက ပိုပိုပြီးတော့ ကောင်းလာတာလား။ နောက်ဆယ်နှစ်ကြာပြီးရင် ဘဝတွေက ပိုပြီးကောင်းနေလိမ့်မယ်။ ဟုတ်ပြီနော်”


ရှောင်ဝမ် :“ နှစ်20တောင်လား အီးးး သားတော့အိုနေပြီဘဲ အဲ့ဒီအချိန်ဆို ”


လင်းလန်နှင့် မိုင်စွေ့တို့က ရှောင်ဝမ်ကို အတူတကွ ရိုက်လိုက်သလို ဟန်ဆောင်လိုက်ကြသည်။ အမျိုးသမီး‌များရှေ့တွင် အသက်ကြီးမည့်အကြောင်းပြောသည်မှာ အရိုက်ခံချင်နေလို့ပင်။


ညစာစားပြီးနောက်တွင် ကလေးများက သူတို့လုပ်စရာရှိသည်များကို လုပ်လိုက်ကြသည်။


လင်းလန်လည်းက သူမ၏လက်ရေးမူကြမ်းကို စုဖို့လုပ်ကာ စာမူများကို သူမမှတ်စုထဲတွင် ရေးထားခဲ့သော်လည်း အခုတွင် ထိုစာများကို ပြန်ကူးယူရမှာဖြစ်သည်။ သူမမှတ်စုစာအုပ်၏ စာမျက်နှာအနည်းငယ်က စုတ်ဖြဲခံထားရတာကို တွေ့လိုက်ရလေသည်။ ၎င်းမှာ အစည်းအဝေးအတွက် သူမရေးထားသော လက်ရေးစာမူဖြစ်သည်။ တစ်ယောက်ယောက်က အဲ့ဒါကိုဖတ်ပြီးတော့ စုတ်ဖြဲသွားတာဖြစ်နိုင်ပေသည်။


ဘယ်လိုတောင် လူမဆန်တာလဲ။


ကံကောင်းထောက်မစွာဖြင့် သူမက ဒီစာအားလုံးကို မှတ်မိနေကာ ပြန်ရေးရန်အဆင်ပြေပေသည်။ သူမ မှတ်စုစာအုပ်ကို လှန်ကြည့်လိုက်ရာ တစ်ယောက်ယောက်က အနောက်ဘက်စာမျက်နှာတွင် စာကြောင်းတစ်ချို့ရေးခဲ့သည်ကို တွေ့လိုက်ရ၏။ ၎င်းတို့ထဲမှ တစ်ခုမှာ ‘ငါတို့အချင်းချင်း နောက်ကျမှတွေ့ခဲ့ကြတယ်၊ ဒါပေမယ့်ငါ့မှာအခွင့်အရေးမရှိဘူး၊ ငါမင်းကို နောက်ဘဝ၊ နောက်နောက်ထပ်ဘဝတွေမှာ တွေ့ရဖို့မျှော်လင့်ပါတယ် ”


လင်းလန်က တစ်ချက်တည်းနှင့်ပင် ဘယ်သူရေးလဲဆိုတာ သိသွားကာ စိတ်မကြည်မသာဖြစ်သွား၏။


အပြစ်ရှိသလိုခံစားချက်မျိုးဖြင့် လင်းလန်တစ်ယောက် ဟန်ချင်စုန့်ရှိနေသော နေရာကို လှမ်းကြည့်လိုက်မိသည်။ သူမက အလျင်အမြန်ပင်စာရွက်ကို ဆွဲဖြဲလိုက်ကာ အိုးအောက်ခြေထဲသို့ ပစ်ထည့်လိုက်သည်။


တိုက်ဆိုင်စွာပင် ထိုအချိန်တွင် ဟန်ချင်စုန့်ဝင်လာကာ မီးဖိုးပေါ်မှအိုးအောက်သို့ စာရွက်လုံးတစ်ခုပစ်လိုက်တာကို တွေ့လိုက်ရလေသည်။ သူက သူမကို သံသယရှိသောအကြည့်တစ်ခုပေးလာ၏။


လင်းလန် :“.... ကျွန်မပြာတွေကိုတူးထုတ်ဖို့လိုလားဆိုတာ ကြည့်လိုက်ဦးမယ်”


ပုံမှန်အားဖြင့် ထိုအရာကို မနက်စာမလုပ်ခင်တွင် လုပ်လေ့ရှိပြီး သူမက ရုတ်တရက်ပြောလာကာ ဖုံးကွယ်ထားရန် အနည်းငယ် စိတ်ထက်သန်နေပေသည်။


ဟန်ချင်စုန့်က အိုး ဟုပြောလာကာ မီးဖိုခုံကိုတစ်ချက်ကြည့်လိုက်ပြီး ဘာမှမပြောလာပေ။ လင်းလန်က ပြုံးပြကာ ဘာမှမဖြစ်သလို ဟန်ဆောင်လိုက်သည်။ ဘယ်လိုဘဲဖြစ်ဖြစ် သူမှမသိတာ၊ ဒီအတိုင်း ဘာမှမဖြစ်သလိုဟန်ဆောင်နေရုံဘဲ။ ဒါပေမယ့် ဘာလို့ သူ သူမမျက်လုံးတွေကိုကြည့်နေတဲ့ပုံက အခြေအနေသိပ်မဟန်သလိုခံစားနေရတာလဲ။ 


Xxxxx

Part 750


ထိုအချိန်၌ အချိန်ကိုက်ဆိုသလိုပင်အကိုကြီးဟန်က လျိုဟောင်ကျဲ၊ဟန်ကျင်းယုတို့နှင့် အတူရောက်လာလေသည်။


“စန်းကော ၊ မရီး ”


ဟန်ချင်စုန့်က‌ ခေါ်သံကိုကြား၍ အပြင်ထွက်သွားလိုက်သည်။


လင်းလန်က စိတ်သက်သာရာရသွားကာ သက်ပြင်းချလိုက်ပြီး သူတို့ရဲ့ကယ်တင်ပေးမှုကြောင့် သူမက ဒီနေ့ဟန်ကျင်းယုကို အဆင်မပြေဖြစ်အောင် မလုပ်တော့ပါဘူး။


လျိုဟောင်ကျဲက အလွန်ကြင်နာစွာ ပြုံးပြနေလေသည်။


“စန်းကော”


သူက ဟန်ကျင်းယုကို တစ်ချက်ကြည့်လိုက်သည်။

ဟန်ကျင်းယု :“စန်းကော”


ဟန်ချင်စုန့်က သူတို့ကို ခြံထဲတွင်ထိုင်ခိုင်းလိုက်သည်။


ကလေးတွေက နှုတ်ဆက်ဖို့ထွက်လာကြပြီးနောက် သူတို့ကိစ္စများနှင့် သူတို့အလုပ်များနေကြ၏။  အခုဆိုလျှင် သူတို့က အလယ်တန်းကျောင်းတက်နေရကာ အလုပ်များသောကြောင့် ပုစဉ်းရင်ကွဲများကိုတောင် မဖမ်းနိုင်ကြတော့ပေ။


လျိုဟောင်ကျဲက ပြုံးကာပြောလာ၏။


“ မရီး ကျွန်တော် မရီးကို ကွန်မြူနတီမှာ အလုပ်သွားလုပ်ရတဲ့အတွက် ဂုဏ်ပြုစကားတောင်မပြော‌ရသေးဘူး ”


လင်းလန်:" အချိန်ပိုင်းအလုပ်သမားတွေက အချိန်ပြည့်အလုပ်သမားမဟုတ်ဘူးလေ။ ဂုဏ်ပြုစရာမရှိပါဘူးဟယ်။ နင်ထိုင်လေ၊ ငါအပြင်ခဏလောက်သွားလိုက်ဦးမယ် ”


“ မရီးရေ ဒီနေ့ကျွန်တော်ပြောစရာလေးရှိလို့ အဲ့ဒါမရီးပါ အတူနားထောင်မှရမယ်ထင်တယ်”


လျိုဟောင်ကျဲက ဟန်ကျင်းယုကို တစ်ချက်ကြည့်လိုက်သည်။


ဟန်ကျင်းယုက သူ့နှုတ်ခမ်းကိုကိုက်ကာ ဘာမှမပြောလာပေ။ လင်းလန်က တကယ်ပင် သူမဒေါသထွက်လွန်းလို့ သေသွားမှာကို ကြောက်နေမိပေသည်။ 


အကိုကြီးဟန်က သူတို့ကိုကြည့်ကာ ပြောလာ၏။


“ အဲ့ဒါဟုတ်တယ်၊ ကျင်းယုနဲ့ ယောက်ဖက မင်းပိုက်ဆံတွေကို ပြန်ပေးချင်လို့တဲ့။ အဲ့ဒါက IOUအတိုင်းဘဲ။ ငါ့ယောက်ဖက ဂရုစိုက်ပြီး အရမ်းကြင်နာတတ်တာဘဲ”


ဟန်ချင်စုန့်က တည်ငြိမ်နေသော်လည်း လင်းလန်ကမူ အလွန်အံ့ဩသွား၏။

“ ပိုက်ဆံတွေပြန်ပေးဖို့လား၊ တကယ်ကြီးလား”


လျိုဟောင်ကျဲက သူမကို အပြုံးတစ်ခုနှင့်ကြည့်လာကာ မထိခိုက်စေလိုသောအမူအရာဖြင့် ပြောလာ၏။


“ တကယ်ပါ မရီး။ ကျွန်တော်တို့ရဲ့ စိတ်ရင်းကို သံသယမဝင်ပါနဲ့။ အရင်တုန်းက ကျင်းယုပြောတာ ကြားခဲ့ဖူးတယ်။ ဒီလိုမျိုးအချိန်ဆွဲနေတာက ပြသနာတစ်ခုလို့ ကျွန်တော်ထင်တယ် ”


သူက သူ့လက်နှစ်ဖက်ကိုပွတ်လိုက်ကာ တောင်းပန်သောအမူအရာက သူ့မျက်နှာ‌တွင် ပြည့်နေပြီး စိတ်ရင်းရိုးသားမှုအပြည့် ရှိနေသလိုပင်။


လင်းလန်က သူပြောတာကိုကြားသောအခါ ပျော်သွားပြီး ဟန်ချင်စုန့်ဘေးမှာထိုင်ရန် ထိုင်ခုံတစ်ခုဆွဲယူလိုက်သည်။ 


“ ကောင်းပြီလေ၊ နင်တို့ဘာကိုပြန်ပေးချင်တာဘဲဆိုတာ ငါနားထောင်ကြည့်မယ်”


ဟန်ကျင်းယုမျက်နှာက မကျေနပ်ချက်များ၊ အငြိုးအတေး၊ ဝမ်းနည်းမှုနှင့် စိတ်ပျက်မှုများ အမူအရာမျိုးစုံဖြင့် ပြည့်နေပေသည်။ ဖော်ပြရမှာတောင် ခက်ခဲ၏။


“ ငါ ငါတို့မှာ ပိုက်ဆံအများကြီးမရှိဘူး။ ဒါကြောင့် နင့်ကိုတစ်ခါတည်းနဲ့ အကုန်ပေးလို့တော့မရဘူး။  ဒါပေမယ့် ဖြေးဖြေးချင်းပေးမှာပါ ”


လင်းလန် ပြုံးပြလိုက်၏။

“ ဒါပေါ့ ၊ ငါကအကျိုးအကြောင်း မသိတဲ့သူ မဟုတ်ပါဘူး၊ ပြောကြည့်လေ ”


ဟန်ကျင်းယုက လျိုဟောင်ကျဲကို စိုက်ကြည့်ကာ သူ့ကိုပြောခိုင်းလိုက်သည်။


လျိုဟောင်ကျဲက သူမကို တစ်ချက်ကြည့်လိုက်ပြီးမှ ဖြေးဖြေးချင်း ပြောပြလာ၏။

“ ကျွန်တော်က ခုတလောမှာဘဲ အလုပ်မှာ အဆင့်ငါးရာထူးတိုးခံလိုက်ရတယ်။ နောက်လအတွင်း 64ယွမ်အထိရလာလိမ့်မယ်။ ကျွန်တော်တို့က ပိုပြီးချွေတာချင်တယ်၊ ပြီးတော့ စန်းကောနဲ့မရီးကို လတိုင်းမှာ 20ယွမ်ပြန်ပေးမယ်လေ။ အဲ့ဒီလိုဆိုရင် နှစ်နှစ်နီးပါးလောက်ဆို ပြန်ပေးလို့ပြီးပြီပေါ့၊ အဲ့လိုဆိုရှင်းသွားမှာ”


ဟန်ကျင်းယုက ဖြတ်ပြောလာ၏။

“ တစ်လမှာ အဲ့လောက်ပေးမှာက အရမ်းများနေသေးတယ်လေ၊ ငါတို့ကဘယ်လိုလုပ်.....ဘယ်လိုလုပ်ပြီး နေထိုင်ကြမှာလဲ ”


သူမက လင်းလန်နှင့် ဟန်ချင်စုန့်ကိုကြည့်လိုက်ကာ သူတို့ဘက်ကအရင် ပြန်ပေးဖို့မလိုဘူးဟု ပြောလာမှာကို လိုချင်နေသည်။ တကယ်လို့ သူမ‌ကလျှော့ပေးဖို့ ပြောလာရင်တောင်မှ အဆင်ပြေ‌၏။ လျိုဟောင်ကျဲက အလုပ်အရမ်းကြိုးစားရကာ ပိုက်ဆံရှာရန်မလွယ်ပေ။


ဟန်ချင်စုန့်က မိသားစုအရေးကို ဂရုမစိုက်သောကြောင့် ဘာမှမပြောလာပေ။ မိန်းမကသာ ဆုံးဖြတ်ချက်ချပေးလိမ့်မည်။


လင်းလန်ကတော့ ပြန်ပေးဖို့မလိုဟု ပြောမှာမဟုတ်။ သူမက မတုံးပေ။ သူမက ပိုက်ဆံအများကြီးရှိပြီး သုံးဖြုန်းစရာနေရာမရှိတာမျိုးမဟုတ်ပေ။ ပိုက်ဆံစုဖို့လိုနေ‌သေး၏။ ကလေးအားလုံးက ကျောင်းတက်နေပြီး ဒီနှစ်တွင် တဝမ်က 15နှစ်ရှိပြီဖြစ်ကာ နှစ်အနည်းငယ်အတွင်း သူက ဇနီးတစ်ယောက်ကို လက်ထပ်ယူနိုင်မှာဖြစ်သည်။


နေရာတိုင်းတွင် ပိုက်ဆံသုံးရပေမည်။


တကယ်လို့ သူတို့က စိတ်ဝင်စားတာလိုချင်နေလျှင်တောင်မှ ကိစ္စမရှိပေ။ မျက်နှာပန်းလှအောင်လုပ်ဖို့ လုံလောက်၏။


လျိုဟောင်ကျဲက သူမကိုပြုံးပြနေကာ သူ့မျက်လုံးများက စူးစိုက်နေ၏။


“ ကျင်းယု စန်းကောနဲ့မရီးက အရမ်းသဘောထားကြီးတာကို နင်မြင်လား၊ ဒါပေမယ့် ငါတို့က အရမ်းတွန်းအားမပေးသင့်ဘူးလေ ဟုတ်တယ်မလား။ အခုတောင် အရှက်ရတာ လုံလောက်နေပါပြီ။ ငါ့မှာပိုက်ဆံရှိရင် စဉ်းစားကြည့်လိုက်ပြီးနောက် ငါပေးလိုက်မယ် ”


သူက သူ့အိတ်ကပ်ထဲမှ ယွမ်50ကို ထုတ်လိုက်ကာ လင်းလန်ကိုပေးလိုက်သည်။


“ မရီး ဒါက ကျွန်တော်တို့ရဲ့ စုငွေတွေပါ။ အရင်ဆုံးက အဲ့ဒါတွေထဲက တစ်ချို့ကို ပြန်ပေးလိုက်မယ်။ ကျွန်တော်တို့စိတ်ရင်းကိုလည်း ဖော်ပြရာရောက်တာပေါ့။  ကျင်းယု...သူက တကယ်ဘဲ စန်းကော၊မရီးတို့နဲ့ ပြေလည်ချင်တာပါ။ အတိတ်ကဖြစ်ခဲ့တာတွေကို ထားလိုက်ပါတော့၊ အရင်တုန်းက အသိဉာဏ်မရှိခဲ့ပေမယ့် အခုတော့...လက်ထပ်ပြီး မိသားစုတောင်ရှိနေပြီမလား။ ကျွန်တော်က ကျင်းယုရဲ့ယောက်ျားဆိုမှတော့ သူမကိုပိုပြီးဂရုစိုက်ရမယ်လေ။ ဆွေမျိုးတွေက တစ်ချိန်လုံး အနေအေးနေလို့မရဘူးလေ၊ အဲ့ဒါကကြည့်မကောင်းဘူး”


လင်းလန်က လျိုဟောင်ကျဲကို တစ်ချက်ကြည့်လိုက်သည်။ သူ့အမူအရာက တောင်းပန်လိုသောပုံစံနှင့် မျက်လုံးများက ကြင်နာပြီး တည်ကြည်နေပေသည်။ ကြည့်ရတာ သူက တကယ်ပင် ဟန်ကျင်းယုအတွက် တောင်းပန်ပေးချင်ပုံရ၏။ သူမက ဟန်ကျင်းယုအမှားဟု ထင်ပေသည်။ သူမကိုသည်းခံကာ တာဝန်ယူပေးသော ယောက်ျားတစ်ယောက်ရသည်မှာ ဟန်ကျင်းယုကံကောင်း၏။


သူမက ပိုက်ဆံကိုယူလိုက်သည်။

“ ငါက မတ်လေးကို ဒီလောက်တာဝန်ယူတတ်တဲ့သူမျိုးဖြစ်မယ်လို့ မထင်ထားဘူး။ ဒါဆိုလည်း ကောင်းပြီလေ။ အနာဂတ်မှာ ကိုယ့်ဘဝနဲ့ ကိုယ်နေကြပေါ့။ ပြသနာတွေမလုပ်နဲ့တော့ ”


သူမက လျိုဟောင်ကျဲကို ကြည့်လိုက်၏။


လျိုဟောင်ကျဲက သူမကိုပြုံးပြလာကာ ထို့နောက် ဟန်ချင်စုန့် နှင့် အထည်အလိပ်စက်ရုံအကြောင်း ပြောလိုက်ကြသည်။ ယေဘုယျအားဖြင့် ကျေးလက်မှသူများသည် မြို့ထဲမှအရာများကို စိတ်ဝင်စားကြပြီး အထူးသဖြင့် စက်ရုံများကိုဖြစ်သည်။


သူတို့က ဒီစကားပြောဆိုခန်းကို ဖွင့်လိုက်သရွေ့ အခြေခံအားဖြင့် သူတို့ကစိတ်ဝင်စားလာကာ မအေးစက်နေကြတော့ပေ။


အကိုကြီးဟန်ကလည်း ဝင်ပြောလာကာ စကားပြောနေကြသောလေထုက ကောင်းနေ၏။


Xxxxxx