အပိုင်း ၇၄၇-၇၄၈
Viewers 37k

Part 747


နှမြောစရာကတော့ ပထမဆုံးလ မကလို့ ဇွန်လ၆ရက်နေ့ဘဲ ဖြစ်နေပါစေ အဘွားကြီးဟန်နှင့် အဘိုးကြီးဟန်တို့၏ မွေးနေ့ကိုတောင်မှ လင်းလန်က မလုပ်ပေ။ ထို့ကြောင့် အကယ်၍ ဟန်ကျင်းယု ရှန်ရွေ့ရွာကို ပြန်လာနေလျှင်တောင်မှ လင်းလန် သူမကိုမတွေ့ချင်နေသရွေ့ လင်းလန်ကိုတွေ့ရန် လွယ်ကူမည်မဟုတ်ပေ။ သူမဘက်က အိမ်တံခါးဝဆီ အရင်လာတာကလွဲလို့ပေါ့။


ဒီနေ့သူတို့နှင့်ဆုံမိသည်မှာ ဒီအတိုင်းတိုက်ဆိုင်မှုသာဖြစ်သည်ဟု လင်းလန်တွေးလိုက်မိသည်။ အရင်တုန်းက သူမ သူတို့ကို အကြိမ်များများမတွေ့ဖူးပေ။


လမ်းတစ်လျှောက်တွင် သူတို့လေးယောက်က အတူတူပြန်သွားကြကာ ဟန်ကျင်းယုက စိတ်မချမ်းသာသည့်ပုံပေါ်နေပေသည်။ ဟန်ချင်စုန့် စကားပြောလာဖို့ကလဲ ကြုံတောင့်ကြုံခဲပင် ဖြစ်နေသေးကာ လျိုဟောင်ကျဲနှင့် လင်းလန်တို့ကသာ စကားပြောနေလိုက်ကြသည်။


အရင်တုန်းက မုဆိုးမသားအမိကြောင့် သူနှင့်ပတ်သက်ပြီး အမြင်ဆိုးရှိနေသော်လည်း စွန်းယောင်ဝူစကားများကို နားထောင်လိုက်ပြီးနောက်တွင် ပိုလို့တောင်စိတ်မကျေမနပ်ဖြစ်သွားပေသည်။ သို့သော်အခုတွင် စကားပြောကြည့်လိုက်သောအခါ သူမက ခံစားချက်တစ်ခုရလာပေသည်။ လျိုဟောင်ကျဲက ထိုသို့သောလူစားမျိုးမဟုတ်ပေ။


ဒီခံစားချက်က သူမကိုတုန်လှုပ်သွားစေလေသည်။ သူမက လျိုဟောင်ကျဲနှင့်မရင်းနှီးဘဲနှင့် ဘာကြောင့် ဒီလိုခံစားချက်မျိုးရလာရတာလဲ။  နောက်ဆုံးတွင် လော့ဟိုင်ချန်က သူနှင့်မုဆိုးမသားအမိကြားမှ ကိစ္စကိုရှာတွေ့ထားကာ ၎င်းကအမှန်ပင်ဖြစ်သည်။


အဲ့ဒါသူ့ပုံစံက လူနဲ့တိရစ္ဆာန်တွေကို ထိခိုက်အောင် မလုပ်မယ့်ပုံပေါက်နေလို့များလား။ သူ လူများနှင့်စကားပြောသောအခါ သူမျက်ခုံးထောင့်မှအမူအရာ၊ သို့မဟုတ် မျက်လုံးအစွန်များ၊ သူ့နှုတ်ခမ်းထောင့်မှအပြုံးများ အစရှိသည်တို့က လူများအပေါ် အလွန်ကြင်နာတတ်သောခံစားချက်မျိုးကိုပေးနေပေသည်။ ထိုအရာများက လူများကို သတိလက်လွတ်ပင် စိတ်အေးသွားစေကာ သူ့ကိုယုံကြည်အောင်ပြုလုပ်နေ၏။


အလွန်အံ့ဩစရာပင်။


လင်းလန်လည်း မတတ်နိုင်ဘဲ သူ့ကိုကြည့်လိုက်မိသည်။ ဒီယောက်ျားက စိတ်ညှို့ပညာများတတ်နေတာလား။ အဲ့ဒါကအရမ်း မဆန်းကြယ်နေသင့်ဘူး၊ ဟုတ်တယ်မလား။ သူဘာလုပ်နေလဲမမြင်နိုင်သော်လည်း အဲ့လိုတော့မဖြစ်သင့်ပေ။


“ မရီး ဘာဖြစ်လို့လဲ ”


လျိုဟောင်ကျဲက စက်ဘီးနင်းနေကာ နှောင့်နှေးမှုမရှိဘဲ လင်းလန်မျက်နှာပေါ်မှ သံသယများကို မြင်လိုက်ပေသည်။


လင်းလန်က ပြုံးပြလိုက်သည်။


“ ဘာမှမဟုတ်ပါဘူး မင်းတို့က မိဘအိမ်ကို ဘာလို့ဒီလောက်နောက်ကျမှပြန်လာကြတာလဲ ”


ယေဘုယျအားဖြင့် ဘယ်သူကများ မိဘအိမ်ပြန်လျှင် မနက်စောစော မသွားကြတာရှိလို့လဲ။ ဘယ်နေရာမှာများ ဒီလောက်နောက်ကျမှ သွားကြလို့လဲ။


လျိုဟောင်ကျဲက ပြုံးကာ ပြန်ဖြေ၏။


“ ကျွန်တော်က မနက်ဖြန်အလုပ်မသွားဘူးလေ ဒါကြောင့် ကျင်းယုကို မိဘအိမ်မှာ ပြန်နေဖို့လာပို့ပေးတာ။ အဲ့ဒါကဒီအတိုင်း တစ်ခုခုရှိသွားလို့ပါ။ ဒါကြောင့်လဲ လမ်းမှာ စန်းကော နဲ့ မရီးကိုစကားပြောနိုင်တာပေါ့ ”


လင်းလန်က သူမရင်ထဲတွင် ပြောလိုက်သည်: ‘ နင်ငါတို့ကို ဘာများပြောမလို့လဲ။ ကောင်းတာတစ်ခုမှ ရှိမှာမဟုတ်ဘူး။ စန်းကောကို အကူအညီလာမတောင်းနဲ့နော် ’


သူမရင်ထဲတွင် စတင်ပြီး သတိရှိလာကာ ဟန်ချင်စုန့်ကို မြန်မြန်သွားရန် သူမလက်မောင်းဖြင့် အချက်ပြလိုက်သည်။


ဟန်ချင်စုန့်ကလည်း တကယ်ကို သူမအတွေးများအား နားလည်ကာ သူကစတင်ပြီး အရှိန်မြှင့်လိုက်သည်။


လျိုဟိုင်ကျဲ :“ အစောကြီးရှိပါသေးတယ် စန်းကောက ဘာလို့ အရမ်းအလျင်လိုနေရတာလဲ ”


လင်းလန် :“ အရေးတကြီးဖြစ်နေလို့ပါ၊ ငါအိမ်မပြန်လာတာ တစ်ပတ်ကျော်သွားပြီဆိုတော့ ကလေးတွေကို သတိရနေပြီလေ ”


ကလေးများအကြောင်းပြောလိုက်ခါမှ အနောက်ထိုင်ခုံရှိ ဟန်ကျင်းယုက လျိုဟောင်ကျဲခါးကို ခါးသီးစွာ ဆိတ်လိုက်ကာ အရှိန်လျော့ပြီး သူတို့နှင့်အတူမသွားရန် ပြောလိုက်ပေသည်။ လျိုဟောင်ကျဲက မျက်မှောင်တစ်ချက်ကြုတ်သွားသော်လည်း ဆက်ပြုံးထားကာ ဘာထူးဆန်းမှုကိုမှ မပြလာပေ။ သူက ဟန်ကျင်းယုကို လျစ်လျူရှုကာ ဟန်ချင်စုန့်နှင့်လင်းလန်တို့ကို စကားဆက်ပြောနေလိုက်သည်။


သူက သူမပြောတာနားမထောင်သည်ကို မြင်လိုက်ရသောအခါ ဟန်ကျင်းယုက ဒေါသထွက်သွားလေသည်။


“ ငါစက်ဘီးပေါ်ကဆင်းချင်တယ်၊ ရပ်လိုက်တော့ ”


လျိုဟောင်ကျဲ :“ ပြသနာမရှာနဲ့၊ မင်းက ကလေးမဟုတ်တော့ဘူးနော် ”


ဟန်ကျင်းယုက ဂရုမစိုက်ဘဲ စက်ဘီးပေါ်မှဆင်းရန်သာ မရမကပြောနေပြီး အတင်းအဓမ္မ စက်ဘီးပေါ်မှဆင်းမည်ဟု သူ့ကိုချိန်းခြောက်လိုက်လေသည်။


လျိုဟောင်ကျဲက အရှေ့ဘက်ရှိ ဟန်ချင်စုန့်နှင့် လင်းလန်ကို တစ်ချက်ကြည့်လိုက်ကာ ရုတ်တရက်ပင် ဘရိတ်ဆွဲလိုက်ရကာ မျက်မှောင်ကြုတ်လိုက်သည်။


“ ကျင်းယု မင်းဘာလုပ်တာလဲ ”


ဟန်ကျင်းယုက ဒေါသထွက်လွန်းလို့ သူ့ခြေထောက်ကို တက်နင်းကာ သူ့အစာအိမ်ကို ထပ်ထိုးလိုက်သည်။


လျိုဟောင်ကျဲက မျက်လုံးလှန်ကာ အရှေ့ကိုကြည့်လိုက်ရာ ဟန်ချင်စုန့်နှင့် လင်းလန်တို့က ရပ်ရန်ရည်ရွယ်ချက်မရှိဘဲ အဝေးကိုထွက်သွားပြီဖြစ်သည်။ 


သူတို့နှစ်ယောက်က သူတို့၏စကားများကို မကြားနိုင်တော့ပေ။ 


သူကအေးစက်စွာပြောလိုက်၏။

“ မင်းက ပြသနာရှာချင်နေတာမလား”


ဟန်ကျင်းယုက အလွန်ဒေါသထွက်နေပေသည်။ 


“ နင်က လင်းလန်နဲ့ ဘာလုပ်စရာရှိလို့လဲဆိုတာ ငါမသိဘူး၊ နင်ကဘာလို့ သူနဲ့ အရမ်းစိတ်အားထက်သန်ပြီး စကားပြောနေရတာလဲ ”


လျိုဟောင်ကျဲက ရုတ်တရက်ပင် ရယ်လိုက်ကာ သူမမျက်နှာကိုထိရန်လုပ်လိုက်သည်။


“ ဘာလဲ သဝန်တိုနေတုန်းဘဲလား ”


ဟန်ကျင်းယုက သူ့လက်ကို အဝေးသို့ ပုတ်ထုတ်လိုက်သည်။


“ ငါ့ကိုမထိနဲ့ အဲ့ဒါကငါ့ကိုအန်ချင်အောင် လုပ်နေတယ် ”


“အိုး အခုတော့ နင်ကငါ့ကို ရွံစရာလို့တွေးနေပြီပေါ့၊ သူနဲ့အတူမအိပ်လို့ဆိုပြီး ငါ့ကိုအမြဲတမ်းအပြစ်တင်နေခဲ့တာဘယ်သူများလဲ ”


လျိုဟောင်ကျဲက ပြုံးနေသော်ငြား သူ့မျက်လုံးများက ထက်ရှနေပေသည်။


ဟန်ကျင်းယုက ဒေါသတကြီးနှင့် သူ့ခြေထောက်ကို တက်နင်းလိုက်သည်။


“ နင်က အဲ့ဒါကိုပြောရဲသေးတယ်၊နင်ကများ ပြောရဲသေးတယ်ပေါ့၊ ရွံ့ဖို့ကောင်းလိုက်တာ၊ ရွံ့ဖို့ကောင်းတယ်ဟဲ့”


လျိုဟောင်ကျဲက ဒေါသထွက်မနေဘဲ ထိုအစား စက်ဘီးကိုယူလိုက်ကာ ထွက်မသွားပေ။


“ လာစမ်းပါကွာ မင်းကဘာကိုများ ရေးကြီးခွင်ကျယ် လုပ်ချင်နေတာလဲ။ အဲ့ဒါကိုအရင်ရှင်းအောင်လုပ်။ မင်းကိုမင်းအရှက်ခွဲဖို့ မင်းမိဘအိမ်ကိုမသွားနဲ့ ”


သူက ဟန်ကျင်းယုကို စိုက်ကြည့်လိုက်ကာ သူ့အသံက ပိုပိုပြီး အေးစက်လာပေသည်။


“ မင်းအဲ့ဒါကို အခုမပြောရင် နောက်မှ တစ်ခုခုနားထောင်မကောင်းတာကို မင်းပြောလို့ကတော့ ငါတကယ် ဒေါသထွက်မှာနော် ”


သူတကယ်ဒေါသထွက်သောအခါ ထင်တဲ့အတိုင်းပင် ဟန်ကျင်းယုက ကြောက်ရပေသည်။ သို့သော် သူမဒေါသထွက်လွန်းတာကြောင့် သူ့ဝမ်းဗိုက်ကို ထပ်ထိုးနှက်လိုက်သည်။ ဒီအရာက သူ့ကိုခြိမ်းခြောက်မည့် သူမ၏လက်နက်ပင်ဖြစ်သည်။


Xxxxx

Part 748


လျိုဟောင်ကျဲမျက်နှာက မည်းမှောင်လာကာ သူက သူမလက်ကောက်ဝတ်နှစ်ဖက်လုံးကို ဆွဲကိုင်လိုက်သည်။


“ ပြသနာရှာလို့ဝပြီလား ”


သူက ဟန်ကျင်းယုအပေါ် အလေးအနက်ပြောလာသောအခါ သူ့ထံတွင် မမြင်ရသော အဟန့်အတားမျိုးရှိနေပေသည်။ ထိုအရာက သူအခြားသူများကို စကားပြောနေစဉ်နှင့် လုံးဝကို ကွဲပြားနေပေသည်။


ဟန်ကျင်းယုက မျက်ရည်ကျလာလေသည်။


“ ငါကပြသနာရှာနေတယ်တဲ့လား။ နင် မကောင်းတဲ့အကောင်၊ မျိုးမစစ်တဲ့အကောင်ရဲ့ ”


သူမက သူ့ကိုရိုက်ရန်လုပ်သော်လည်း သူမလက်ကောက်ဝတ်များ ဖိညှပ်ခံရကာ မလှုပ်နိုင်သောကြောင့် သူမခေါင်းနှင့် သူ့ကိုတိုက်လိုက်သည်။


လျိုဟောင်ကျဲက ပိန်ပါးပုံပေါ်သော်လည်း သူကခွန်အားအရာတွင် အားမနည်းပေ။ နောက်သို့တစ်လှမ်းမှ မဆုတ်ဘဲနှင့် သူမကို ပေးရိုက်လိုက်သည်။ ခနကြာပြီးနောက်တွင် သူက ရုတ်တရက်ပင် ထပ်ရယ်လာကာ သူ့အသံကနူးညံ့လာလေသည်။


“ မင်းက တောအုပ်လေးကို လွမ်းနေတာလား ဒါဆိုရင်လည်း နည်းနည်း ကြာကြာလေးစောင့်လိုက်လေ၊ အခုကမမှောင်သေးဘူး၊ ဒါဆို မင်းကလူရမ်းကားတွေနဲ့ ကစားလို့မရဘူးလေ ”


“နင် မျိုးမစစ်တဲ့ကောင် အယုတ်တမာကြီး” 


‌ဟန်ကျင်းယုက အရမ်းဒေါသထွက်ကာ သူ့ဆီမှ လွတ်အောင် အဝေးသို့ရုန်းထွက်သွားလိုက်ပြီးမှ နောက်လှည့်လာကာ ပြန်လျှောက်လာလေသည်။


“ ငါနင့်ကို သေလောက်အောင် မုန်းတယ် ”


လျိုဟောင်ကျဲက သူမနောက် လိုက်မသွားဘဲ စက်ဘီးကိုမှီလိုက်ကာ ဆေးလိပ်ကိုထုတ်လိုက်ပြီး သူ့ပါးစပ်တွင် ကိုက်ထားလိုက်ကာ ဆေးလိပ်ကို မီးခြစ်ဆံဖြင့် မီးညှိလိုက်သည်။ အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်ပြီး ဖြေးဖြေးချင်း ဆေးလိပ်ငွေ့တစ်ကွင်းကို မှုတ်ထုတ်လိုက်ကာ စိတ်မဝင်စာစွာပြောလာလေသည်။


“ ငါကမင်းရဲ့ တတိယအကိုနဲ့ မရီးကိုစိတ်ဝင်စားတယ်လို့ အရင်တည်းက မပြောခဲ့ဘူးလား။ မင်းအဲ့ဒါကိုမှတ်မိမယ်လို့ ငါထင်ထားခဲ့တာ ”


ဟန်ကျင်းယုက လမ်းဘေးမှ ကျောက်တုံးတစ်ခုကိုကောက်ကာ သူ့ကိုပစ်လိုက်သည်။ သူကဒီအတိုင်း ထိုနေရာတွင် ရပ်ကာ ဆေးလိပ်သောက်နေပြီး မရှောင်ဘဲ ကျောက်တုံးအကြီးများကို ဖမ်းကာ ဘေးကိုပစ်လိုက်၏။ ကျောက်ခဲလေးများကိုမူ သူ့ခေါင်းကိုမထိစေရန်သာရှောင်လိုက်ပြီး သူ့ကိုယ်ကိုပေးထိစေလိုက်သည်။


အဆုံးတွင် ဟန်ကျင်းယုကသာ အမောဆို့သွားပေသည်။


ထိုအချိန်တွင် ကောင်းကင်ကြီးကမှောင်လာပြီဖြစ်ကာ လမ်းပေါ်တွင် ဘယ်သူမှမရှိတော့ပေ။


လျိုဟောင်ကျဲက ဆေးလိပ်သောက်ပြီးနောက် ‌သူ့ခြေထောက်အောက်ကို ပစ်ချလိုက်ကာ ဖိနင်းလိုက်၏။ သူက မျက်လုံးများကို မှေးကာ သူမကို သူ့လက်ချောင်းများဖြင့် ချိတ်လိုက်သည်။


“ သွားကြမယ် ”


မမျှော်လင့်စွာပင် ဟန်ကျင်းယုက ရှေ့သို့ နာခံစွာ လျှောက်လာကာ စက်ဘီးပေါ်တက်လိုက်ပြီး စိတ်‌ထိခိုက်စွာ ငို‌လာလေသည်။


လျိုဟောင်ကျဲက သူမဆံပင်များကို ပွတ်ရန် သူ့လက်ကိုဆန့်ထုတ်လိုက်ကာ နူးနူးညံ့ညံ့ ပြောလိုက်လေသည်။


“ မင်းကိုယ်မင်း ကြည့်ပါဦး။ မင်းက အချိန်တိုင်းမှာ ဒေါသထွက်နေတော့တာဘဲ။ ဒါကမကောင်းဘူးနော် ”


ဟန်ကျင်းယုက သူ့ကိုဖက်လိုက်ကာမျက်ရည်များဖြင့် သူ့ကိုပွတ်သပ်လိုက်ပြီး နက်နက်ရှိုင်းရှိုင်းပင် မှားယွင်းခံရသလို ခံစားနေပေသည်။


“ ရှင် ဘယ်သူ့ကိုမဆိုရှာလို့ရတယ်၊ သူမကိုမရှာပါနဲ့၊ မလုပ်နဲ့.....”


“တကယ်လို့ မင်းကအဲ့ဒါကို မရှာချင်ဘူးဆိုရင် ငါမင်းအတွက်ရှာပေးမယ် ”


သူက ခေါင်းငုံ့ကာ သူမကိုနမ်းလိုက်သည်။

“ သွားကြမယ် ”


နေရာတစ်ခုသို့ရောက်သောအခါ သူကအရှိန်လျှော့လိုက်ပြီး သူ့ခြေထောက်များကို မြေကြီးပေါ်ချလိုက်သည်။


“ ဒီနေရာဘဲ ”


သူကမြေကြီးပေါ်ဆင်းကာ စက်ဘီးရပ်လိုက်သည်။


ဟန်ကျင်းယုက နားမလည်ပေ။

“ ဘာလို့လဲ၊ကျွန်မ အပေါ့မသွားချင်ပါဘူး”


သူက စက်ဘီးရပ်လိုက်ကာ ဟန်ကျင်းယုကိုဆွဲပြီး လမ်းဘေးမှ တောအုပ်ဆီသွားလိုက်သည်။


ဟန်ကျင်းယုက ချက်ချင်းပင် ရုန်းကန်လာလေသည်။


“ ဟင့်အင်း၊ မလုပ်ပါနဲ့ ကျွန်မ မသွားချင်ဘူး ”


လျိုဟောင်ကျဲ၏အသံက နူးညံ့နေသော်လည်း ဘာခံစားချက်မှ မပါဝင်လောက်အောင် အေးစက်နေပေသည်။


“ မင်းကမလုပ်ချင်ဘူးပြောတာနဲ့ မလုပ်ရတော့ဘူးလား ။ ငါလည်း မင်းကို ပြသနာမရှာဖို့ပြောခဲ့တယ်လေ။ မင်းနားထောင်ခဲ့လား ”


ဟန်ကျင်းယုက ချက်ချင်းပင် မျက်ရည်များ တပေါက်ပေါက် ကျလာလေသည်။


“ ကျွန်မ ပြသနာမရှာတော့ပါဘူး၊ ပြသနာမရှာတော့ဘူးလို့ ကျွန်မ ကတိပေးပါတယ်၊ ကျွန်မရှင့်ကို အရမ်းချစ်တာလေ။ ဘာလို့ကျွန်မကို ဒီလိုမျိုးဆက်ဆံရတာလဲ ”


လျိုဟောင်ကျဲက သူမမျက်ရည်များကို သုတ်ပေးလိုက်ကာ သစ်ပင်ပင်စည်ပေါ်တွင် သူမနောက်ကျောကို ကပ်ထားလိုက်သည်။


“ ငါမင်းကို ဘာလုပ်ခဲ့လို့လဲ ဟမ်...”


သူက သူမခါးပတ်ကိုဆွဲဖြုတ်လိုက်သည်။ 


“ စိတ်မပူပါနဲ့၊ ဒီအချိန်ဘယ်သူမှလာမှမဟုတ်ဘူး။ ပြီးတော့ ရာသီဥတုကမအေးဘူးလေ၊ မင်းသက်တောင့်သက်သာခံစားရမှာပါ ”


“လူယုတ်မာ ရှင်ကမနှစ်မြို့ဖွယ်ကောင်းတဲ့ အရိုင်းအစိုင်းကောင်”


“ ငါကမင်းအပေါ်က လူရမ်းကားလုပ်နေတာကိုဘဲ မင်းကြိုက်တာမဟုတ်ဘူးလား။ ဒါမှမဟုတ် မင်းက ငါ့ကိုအခြားသူတွေအပေါ် လူရမ်းကားသွားလုပ်စေချင်တာလား ”


သူမဘာဘဲပြောနေပါစေ လျိုဟောင်ကျဲက သူ့ကိုယ်ပိုင်အကြံစည်အတိုင်း လုပ်ဆောင်ကာ အကြိမ်အနည်းငယ်လောက် ဟိုထိဒီထိလုပ်ပြီးနောက်တွင် သူမကို လှည့်လိုက်သည်။ ဟန်ကျင်းယုက စတင်ပြီးနူးညံ့လာကာ သူ့လက်ကိုဆွဲလိုက်လေသည်။


“ရှင် ရှင်မလုပ်....အဲ့လိုမလုပ်ပါနဲ့... ”


“ မလုပ်ရဘူးလား ”သူ့အသံက အလွန်တည်ငြိမ်နေကာ ထူးဆန်းတာဘာမှမရှိသော်လည်း သူ့ခွန်အားက အားမနည်းပေ။


“ကျွန်မက ရှင့်မိန်းမလေ ”


ဟန်ကျင်းယုက စူးရှစွာ အမောတ ကောပြောလာ‌လေသည်။


“ ငါသိတာပေါ့၊ မင်းကငါ့မိန်းမဆိုတာ။ ဒါကြောင့် မင်းကငါ့အပိုင်လို လက်ထပ်ထားတာလေ”


“မလုပ် သူတို့ကိုခွင့်မပြု.....”


သူမက ပြောစရာစကားမရှိတော့ပေ။


လျိုဟောင်ကျဲက ‌ကွေးလိုက်ကာ သူမကိုနမ်းလိုက်သည်။


“ ညီအကိုတွေက ညီအစ်ကိုရင်းတွေဖြစ်ပြီး မိန်းမတွေက အဝတ်အစားလိုဘဲဆိုတာကို မင်းနားလည်ထားရမယ်။ မင်းကငါ့ဇနီးလေ၊ အဝတ်အစားမဟုတ်ဘူး။ ဇနီးတစ်ယောက်နဲ့ မိန်းမတစ်ယောက်ဆိုတာက ကွာခြားတယ်။ မင်းက အနာဂတ်မှာ အဲ့ဒါတွေကို လွင့်မပစ်ရဘူး မှတ်မိလား ”(သေချာမရှင်းဘူး)


ဟန်ကျင်းယုက တဟင့်ဟင့်ငိုရှိုက်လာပြန်သည်။


“ အဲ့ဒါ၊ အဲ့ဒါက....”


သူမက စကားမပြောနိုင်တော့ပေ။


လျိုဟောင်ကျဲက နားလည်သွားကာ ပြုံးလိုက်ပြီး သူမခေါင်းကို ပုတ်ပေးလိုက်သည်။


“ မင်းရဲ့ကလေးကလည်း ငါ့ကလေးပါဘဲ၊ ဒေါသမထွက်လိုက်နဲ့။ မဟုတ်ရင် ငါဒေါသထွက်လာလိမ့်မယ် ”


လျိုဟောင်ကျဲနှင့် ဟန်ကျင်းယုတို့ ရှန်ရွေ့ရွာထဲ ဝင်လာသောအခါ သူကပြောလာ၏။


“ တတိယအကိုတို့မိသားစုနဲ့ ဆက်ဆံရေးကို ပြေလျော့အောင်လုပ်၊ အမြဲတမ်းသူတို့က မင်းအပေါ်အကြွေးတင်နေသလိုမျိုး မဆက်ဆံနဲ့။ ဒီတကြိမ်တော့ မင်းကို အရှုပ်တွေလုပ်ဖို့ ခွင့်မပြုဘူးနော် ”


သူ့အသံက နူးညံ့နေသော်လည်း အသံထဲမှထွက်လာသော အအေးဓာတ်က သူမကို ကြောက်ရွံ့စေပေသည်။


ဟန်ကျင်းယုက စောဒကတက်ချင်နေတုန်းဖြစ်သော်လည်း နာခံလိုက်ရသည်


“ သူကတကယ်ပဲ ငါ့ကိုအကြွေးတင်နေတာကို....ကောင်းပါပြီ... ”


Xxxxxxxx