အပိုင်း ၇၄၅-၇၄၆
Viewers 36k

Part 745


သူ၏အသက်ရှူသံက အရင်ကထက်ပိုလေးလံနေကာ သူမနှလုံးသားကို ရစ်နှောင်နေသော ကြိုးတစ်ခုလိုပင်။ သူမကိုပျော့ခွေစေကာ သူ့အပေါ်အညံ့ခံလာအောင် လုပ်နေပေသည်။ သူ၏လှုပ်ရှားမှုများကို သားရဲဆန်စွာ ချုပ်ထိန်းမနေတော့ဘဲ သူမက လွတ်မြောက်ရန် နေရာမရှိတော့ပေ။


“ စန်း ...စန်းကော ”


လင်းလန်၏အသံက တုန်ယင်နေ၏။

ဒီနေရာက အသံမလုံဘူး။ ဒါကအိမ်မဟုတ်ဘူးလေ ကျေးဇူးပြုပြီး စိတ်လျှော့ပါဦး....


နှမြောစရာမှာ သူမက ခေါင်းထဲတွင်သာ ပြောနေပြီး တကယ်တမ်းထွက်လာသောအသံမှာ တိုးဖြော့ကာ နူးညံ့နေပြီး ဘာအသံမှမထွက်တော့သလို ကွဲကြေသွားလေသည်။


သဘာဝကျစွာဘဲ သူက သူမ၏စိုးရိမ် မှုကို နားလည်ပေသည်။ သူမကိုချီလိုက်ကာ နားရွက်ဖျားကို ကိုက်လိုက်၏။


“ ကိုယ်တစ်ယောက်တည်းပါပဲ၊ တံခါးကို လော့ချထားပါတယ် ”


လင်းလန်က သူမသည် ကျားပါးစပ်ထဲရောက်နေသော သိုးတစ်ကောင်ဟု ခံစားလိုက်မိပေသည်။ သူတစ်ယောက် တည်းဖြစ်ကာ တံခါးလော့ချထား၏။ သူမပြေးနေဦးမှာလား။ ဒီညတွင် သူမက လောဘတကြီးစားခံရမည်ဟူသော ခံစားချက်မျိုးရနေပေသည်။


အဆုံးတွင် အချက်အလက်များက သူမ၏ကြိုတင်ခန့်မှန်းမှုမှန်သည်ဆိုတာကို သက်သေပြလိုက်ပေသည်။ အဆောင်ရှိကုတင်က လှုပ်ရမ်းကာ ဆူညံသံများဖြစ်စေသည်။ သူမ စိတ်အေးစေရန်အတွက် သူအိပ်ရာပေါ်တွင်မရှိသည်ကလွဲ၍ ဖြစ်နိုင်ချေရှိသော ပုံစံအားလုံးကို အသုံးပြုလိုက်၏။


မသိနိုင်သော အချိန်ကာလတစ်ခုကြာပြီးနောက်တွင် သူမကို ကုတင်ပေါ်သို့ ပွေ့သွားလေသည်။ သူမ၏အသိစိတ်က ခန္ဓာကိုယ်မှ လွင့်ပါးနေပြီဟု ခံစားနေမိကာ သတိမေ့သွား‌လေသည်။ ကံကောင်းထောက်မစွာဖြင့် ဟန်ချင်စုန့်က အိမ်မှအိပ်ရာခင်းများကို ယူလာခဲ့တာကြောင့် သူမက စိတ်ချမ်းသာစွာပင် သေသည်အထိ အိပ်နိုင်ပေသည်။


သို့သော် အဆောင်ရှိကုတင်က တကယ်ကို သက်တောင့်သက်သာမရှိပေ။


ညဘက်တွင် သူ့ကိုဖက်အိပ်သည်မှာ အဆင်ပြေသော်လည်း နောက်တစ်နေ့မနက်စောစော သူနိုး‌လာသောအခါ လင်းလန်က မသိစိတ်ဖြင့် ဖက်တွယ်နေကာ သူ၏သန်မာသော‌လက်မောင်းများဖြင့် သူမကို ဖက်ထားစေချင်နေပေသည်။


ဒီအချိန်တွင် သူမက အိပ်ငိုက်နေတုန်းဖြစ်ကာ အိပ်ရာမထနိုင်ပေ။ တစ်ကိုယ်လုံးတွင် သက်တောင့်သက်သာမရှိသလို ခံစားနေရ၏။


ယမန့်နေ့ညအဆုံးတွင် သူမက သတိလက်လွတ်ပင် ငိုယိုကာ သူမကို ချမ်းသားပေးရန် သူ့ကိုတောင်းဆိုခဲ့လေသည်။ သူကဘာလို့ အလွန်ခက်ထန်ကာ နိုင်လိုမင်းထက်ပြုနေလဲ စဉ်းစားမရပေ။ သူမက အရမ်းအနိုင်ကျင့်ခံလိုက်ရသလို ခံစားမိပေသည်။


ဒီအချိန်တွင် သူမက မိန်းမောတွေဝေနေကာ စိုက်ကြည့်နေပြီး သက်တောင့်သက်သာရှိသော ပုံစံကိုရှာရမှာဖြစ်သော်လည်း ‌ထိုယောက်ျားက ဒီမှာမရှိပေ။ သူမဘယ်လောက်ဘဲ အဆင်မပြေဖြစ်နေပါစေ ၊ သူမကပိုပြီးတောင် နစ်နာသည်ဟု မကျေမနပ်ဖြစ်လာလေသည်။


အဆုံးတွင် ဗုန်းခနဲအသံဖြင့် ကြမ်းပြင်ကိုရိုက်မိသွား၏။


လင်းလန်က ပြုတ်ကျတာကြောင့် အနည်းငယ်မိန်းမောနေသော်လည်း သူမအိပ်ရာမထလာပေ။ နောက်ဆုံးတွင် သက်တောင့်သက်သာရှိသော ပုံစံကို သူမရှာတွေ့ပြီ။ ခေါင်းအုံးကိုဖက်ကာ စောင်ကို‌ဆွဲလိုက်ပြီး ကြမ်းပြင်ပေါ်မှာပဲ အလွန်ချိုမြိန်စွာ အိပ်ပျော်သွားလေသည်။


ဟန်ချင်စုန့်က မနက်ခင်းလေ့ကျင့်ခန်းသွားလုပ်ကာ လမ်းတွင် မနက်စာဝင်ဝယ်ခဲ့ပြီး ပြန်လာကာ တံခါးဖွင့်လိုက်၏။_ သူထွက်သွားတုန်းက တံခါးလော့ခတ်‌ခဲ့ပေသည်။ သူအခန်းထဲဝင်ဝင်ချင်းမှာပင် ခနလောက်ကြောင်သွား၏။ ထို့နောက်မှ ချက်ချင်းပင် နေ့လည်စားဘူးအား စားပွဲပေါ်တင်လိုက်ကာ ကြမ်းပြင်ပေါ်မှ လင်းလန်ကိုချီရန် လှစ်ခနဲပြေးသွားလိုက်သည်။


သူ၏သန်မာပြီး ပျော့ပြောင်းသော ပွေ့ဖက်မှုထဲတွင် အသိုက်ဆောက်လိုက်ရသောအခါ နောက်ဆုံးတွင် လင်းလန်က ပိုသက်တောင့်သက်သာရှိသော ပုံစံကိုရှာတွေ့သွားလေသည်။ သူမလက်ကို သူ့လည်ပင်းပေါ်တွင် ထားလိုက်ကာ သူ့လက်မောင်းများကြားထဲတွင် ခေါင်းကိုနစ်မြုပ်လိုက်ကာ တတွတ်တွတ်ပြောသံနှင့်အတူ ပို၍နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားလေသည်။


ဟန်ချင်စုန့် :“....” ကိုယ်မင်းကို ဒီလိုပုံစံမျိုးနဲ့ ထွက်ခွာခွင့်တောင်းခိုင်းလို့မရဘူးလေ။


ဟန်ချင်စုန့်က သူမကို အိပ်ရာပေါ်တင်ပေးလိုက်သည်။


“ ဟိတ် ကိုယ်မင်းအတွက် ထွက်ခွာခွင့်သွားတောင်းလိုက်ဦးမယ် ”


လင်းလန်က သူ့လက်မောင်းကို တင်းတင်းကြပ်ကြပ်ပင် ဖက်ထားလိုက်သည်။


“ ကျွန်မ အရမ်းအိပ်ချင်နေတယ်၊အရမ်းပင်ပန်းနေပြီ။ ကျွန်မ အရမ်းကိုဒေါသထွက်တာဘဲ ”


ဟန်ချင်စုန့်က သူမလက်ကို နူးညံ့စွာဖယ်လိုက်ကာ လှည့်ထွက်သွားရန်လုပ်လိုက်သည်။


လင်းလန်က ရုတ်တရက်ပင် ညီးညူကာ ငိုယိုလာလေသည်။

“ ဝူးးးးဝူးးး အနိုင်ကျင့်နေတယ် ”


သူမ အိပ်ငိုက်နေပေသည်။


ဟန်ချင်စုန့်နှလုံးသားက ရုတ်တရက်ပင် အရည်ပျော်သွား၏။


မနေ့ညက သူတကယ်ပင် အတော်လေးကို ကိုယ့်ကိုကိုယ် ထိန်းချုပ်မှုမရှိခဲ့သည်ကို မှတ်မိနေပါသည်။ နောက်ပိုင်းတွင် သူ သတိလွတ်သွားခဲ့၏။ သူက သူမကို အရမ်းမသနားနေခဲ့ပေ။ သူအပြစ်ရှိသလိုခံစားလိုက်ရကာ ပြန်လှည့်လာပြီး သူမကို ပုတ်ပေးလိုက်ကာ တံခါးဆီသွားလိုက်ပြီး သိပ်မဝေးနေသောနေရာမှ ဝန်ထမ်းတစ်ယောက်ကိုတွေ့လိုက်ကာ လာဖို့အချက်ပေးလိုက်၏။


“ ညွှန်မှူးဟန် ”


“ ဝါဒဖြန့်ချီရေးဌာနဆီသွားပြီး အရာရှိလင်းလန်အတွက် ခွင့်သွားတောင်းပေးပါ၊ သူမခေါင်းကိုက်နေလို့ ”


ဟန်ချင်စုန့်က မျက်‌ခုံးတစ်ချက်ပင် မပင့်လာဘဲ လိမ်လိုက်လေသည်။


ဝန်ထမ်းက ချက်ချင်းပင် ပြေးထွက်သွားလိုက်၏။


ဟန်ချင်စုန့်က တံခါးကိုထပ်ပိတ်လိုက်ကာ အင်္ကျီများကို ချွတ်လိုက်ပြီး အိပ်ရာဆီသွားလိုက်ကာ လင်းလန်အတွက် လူသားခေါင်းအုံးအဖြစ်လုပ်လိုက်သည်။


ဒီတစ်ကြိမ်တွင် နောက်ဆုံးတော့ သူမက သက်တောင့်သက်သာ အိပ်နိုင်သွားပြီဖြစ်သည်။


လင်းလန်နိုးလာသောအခါ နေ့လယ်ခင်းရောက်နေပြီဖြစ်သည်။


သူမမျက်လုံးဖွင့်လိုက်သောအခါ ဘယ်အချိန်လဲ၊ သူမဘယ်ရောက်နေလဲဆိုသည်ကို မသိတော့ပေ။ သူမတစ်ဖက် လှည့်လိုက်သောအခါ ဟန်ချင်စုန့်မျက်နှာကို မြင်လိုက်ရလေသည်။ သူက သူမကို လက်တစ်ဖက်တည်းဖြင့် ပွေ့ဖက်ထားကာ အခြားတစ်ဖက်ကို သူ့ခေါင်းနောက်တွင်ထားကာ မျက်လုံးမှိတ်ထား၏။ သူ၏ရှည်လျားကာ ထူထဲသောမျက်တောင်များက အခုချိန်တွင် အလွန်နာခံမှုရှိနေကာ သူ့အမူအရာက နူးညံ့ကာ တိတ်ဆိတ်နေပြီး ပုံမှန်အချိန်များလို အေးစက်ပြီး ခက်ထန်မနေပေ။


သူမ မှီလိုက်ကာ သူ့နှုတ်ခမ်းများကို နမ်းလိုက်သည်။ သို့သော် သူက သူမကိုဖိချကာ သူမအနမ်းများကို ပိုနက်ရှိုင်းစေလိုက်သည်။


“ ဘယ်အချိန်ရှိပြီလဲ ”


လင်းလန် မေးလိုက်၏။


“ နေ့လယ်ရောက်နေပြီ ”


လင်းလန် :“.....စန်းကော ရှင်ဘာလို့ ကျွန်မကိုမနှိုးရတာလဲ။ ရှက်စရာကြီး”


အိမ်မှာအိပ်လျှင် အဆင်ပြေသော်လည်း အဆောင်တွင်အိပ်ပျော်သွားသည်မှာ အရှက်မရှိရာကျပေသည်။


ဟန်ချင်စုန့် :“ နှိုးတယ်လေ ”


သူမကမနိုးလာဘဲ ကလေးတစ်ယောက်လို ငိုယိုနေခဲ့ပေသည်။ သူကထိုအရာကို တောင့်မခံနိုင်ပေ။


လင်းလန်က အလျင်အမြန်ပင် အိပ်ရာထလိုက်သည်။ သူမက မျက်နှာအိုကြီးမဖြစ်ချင်သလို ခါးအိုကြီးကိုလည်းမလိုချင်ပေ။ သူမ‌ထိုအရာကို ပျောက်ဆုံးသွားသလိုပင် အလွန်ကိုက်ခဲနေပေသည်။


သူမ၏ ရင်ဘက်၊ ခါး၊ ဝမ်းဗိုက်၊ ပေါင်များတွင်လည်း အမှတ်ရာများရှိနေပေသည်။ မသိတဲ့သူများဆို မနေ့ညက သူမ ရန်ဖြစ်ခဲ့သည်ဟု ထင်ကြမှာဖြစ်သည်။


လင်းလန်က ခပ်မြန်မြန်ပင် အင်္ကျီဝတ်ကာ မျက်နှာသစ်လိုက်ပြီး နေ့လယ်စာလုပ်ရန် ဟန်ချင်စုန့်ကိုပြောလိုက်သည်။ သူမက ဆေးကြောကာ သူမပစ္စည်းများကို ရှင်းလင်းရန် အဆောင်ပြန်သွားလိုက်သည်။


ဝမ်ဖုန်းရှာက အဆောင်တွင်ရှိနေဆဲဖြစ်ကာ အခြားသူအများစုက သွားကြပြီဖြစ်သည်။


“ အရာရှိလင်း ရှင်ခေါင်းကိုက်နေလို့ဆို”


လူတိုင်းက ဟန်ချင်စုန့်ရောက်လာတာကို သိကြ၏။


လင်းလန် :“....အဲ့ဒါက နည်းနည်းကိုက်နေတုန်းပါဘဲ ”


ဝမ်ဖုန်းရှာ :“ ကျွန်မတို့အဆောင်ရဲ့ ပြတင်းပေါက်က ဒီမှာကျိုးနေတာ ရှင်လေတိုက်ခံလိုက်လို့ဖြစ်မယ်”


လင်းလန်၏မျက်နှာက မပြောင်းလဲသွားပေ။

“ အဲ့ဒါကြောင့်ဖြစ်မယ် ”


Xxxxx

Part 746


ဝမ်ဖုန်းရှာက ချီဖုန်းပေါ်သူမကို ငှားပေးထားသော လင်းလန်၏မှတ်စုများကို ပြန်ပေးလိုက်သည်။


“ အရာရှိလင်း ရှင့်ရဲ့မှတ်စုတွေက တကယ်ကိုကောင်းတာပဲ။ ကျွန်မဒါတွေကိုဖတ်ပြီးတော့ အများကြီးသင်ယူခဲ့ရတယ်။ အဆုံးမှာတော့ အစည်းအဝေးမှာ ကျွန်မတို့ ဘာမှမပြောခဲ့ပေမယ့် ကျွန်မတို့စကားစမြည်ပြောပြီးတော့ အိမ်ပြန်ရောက်ရင် အချင်းချင်းဆက်သွယ်ဖို့ စာရေးကြ မယ်လို့ သဘောတူခဲ့ကြတယ်။ ပြီးတော့ ကွန်မြူနတီကိုသွားပြီး လေ့လာကြမယ်တဲ့ ”


လင်းလန်က သူမကိုကျေးဇူးတင်လိုက်ကာ အပြုံးဖြင့်ပြောလိုက်သည်။

“ တကယ်လို့နင်အားလို့ရှိရင် ငါတို့ကွန်မြူနတီဆီ လာခဲ့လေ၊ ငါနင့်ကိုဆပ်ပြာ ပေးမယ် ”


“ ကျေးဇူးပါနော်၊ ဒါနဲ့စကားမစပ် အတွင်းရေးမှူးချီကလည်း ရှင့်ကိုစကားတစ်ခွန်းပြောပေးဖို့ ကျွန်မကိုပြောသွားတယ် ”


လင်းလန် :“ သူပြန်သွားပြီလား၊ ဘာကိုပြောနေတာလဲ ”


“ သူပြောတာက ဒီရက်တွေအတွင်းမှာ လေ့လာခဲ့ရလို့ ကျေးဇူးတင်ပါတယ်။ ပြီးတော့ နင့်ကိုပြသနာဖြစ်စေတဲ့အတွက် တောင်းပန်ပါတယ်တဲ့။”


ချီဖုန်းပေါ်သည်လည်း ထက်မြက်သော လူတစ်ယောက်ဖြစ်သည်။ သူ မပြန်ခင် လင်းလန်ကိုတွေ့ချင်သော်လည်း လင်းလန်အစည်းအဝေးမတက်သည်ကို တွေ့လိုက်ရသောအခါ ဟန်ချင်စုန့်ကများ ပေးမတက်တာလား၊ ဒါမှမဟုတ် သူမကပဲ သံသယဖြစ်စရာတွေကို ရှောင်ချင်တာလားဟု တွေးလိုက်မိသည်။ သူလည်း မတတ်နိုင်ဘဲ ဝမ်ဖုန်းရှာကိုသာ စကားတစ်ခွန်းပြောပေးရန် မှာခဲ့လိုက်ရသည်။


လင်းလန်က နားလည်မည်ဆိုတာ သူသိပေသည်။ လင်းလန်က သူ့ကိုခွင့်လွှတ်ပေးရန် မျှော်လင့်မိ၏။


လင်းလန်ရယ်လိုက်၏။


“ အရာရှိချီက အရမ်းစိတ်ဝင်စားဖို့ကောင်းတာဘဲ၊ ငါတို့အားလုံးက လေ့လာဖို့အတူလာကြတာလေ၊ ဘာပြသနာတွေဖြစ်လာမှာမလို့လဲ ”


သူမ ခရီးဆောင်အိတ်ကို ထုတ်ပိုးလိုက်ကာ ဒီအချိန်တွင် ဟန်ချင်စုန့်က သူမကိုကြိုရန်ရောက်လာလေသည်။


လင်းလန် ဝမ်ဖုန်းရှာကို နှုတ်ဆက်လိုက်သည်။

“ ငါနောက်ကျမှ နင့်ကိုဆက်သွယ်လိုက်မယ်နော် ”


ဝမ်ဖုန်းရှာလည်း အပြင်မှာရှိနေသော ဟန်ချင်စုန့်ကိုမြင်လိုက်ကာ ချီဖုန်းပေါ်က ကောင်းမွန်သောသူတစ်ယောက်ဖြစ်သော်လည်း အပြင်ဘက်ရှိညွှန်မှူးဟန်နှင့် မယှဉ်နိုင်ဘူးဆိုတာ နားလည်သွားသည်။ ထို့အပြင်‌အိမ်ထောင်ပြုပြီးသော မိန်းမတစ်ယောက်ကို တိတ်တဆိတ် သဘောကျသည်မှာ သာမာန်ထက်ပိုနေပေသည်။


ကံကောင်းစွာဖြင့် ချီဖုန်းပေါ်က အလေးအနက်ထိန်းသိမ်းထားရမည်ကို သိကာ ဘာမှထုတ်မပြခဲ့ပေ။ ထို့ကြောင့် သူကပြသနာတတ်မည်မဟုတ်ပေ။


မနေ့ညက ချောင်ကွမ်းရုန်တစ်ယောက်  လင်းလန်က အခြားယောက်ျားတစ်ယောက်နှင့်ထွက်သွားပါသည်ဟု ကျိန်ပြောနေတာကို ပြန်တွေးကြည့်လိုက်ကာ ရယ်စရာကြီးဟု ဝမ်ဖုန်းရှာ ခံစားလိုက်ရသည်။ အခြားယောက်ျားရောက်လာတယ်တဲ့လား၊ ဒါပေါ့အဲ့ဒါက သူရဲ့ကိုယ်ပိုင်ယောက်ျားပဲလေ။ ပြီးတော့ ဒီလိုယောက်ျားမျိုးရှိနေမှတော့ တခြားသူတွေက မျက်စိမဖမ်းစားနိုင်တော့မှာကို ကြောက်မိသည်။(သူက ဟန်ချင်စုန့်လို့ထင်သွားတာ)


လင်းလန်နှင့် ဟန်ချင်စုန့်က နေ့လည်စာသွားစားလိုက်ကြကာ ဒီရက်များတွင်သူမ အိမ်ကိုလွမ်းနေသဖြင့် ကလေးများဘယ်လိုနေလဲဆိုတာကို အလျင်အမြန်ပင် မေးလိုက်သည်။


ဟန်ချင်စုန့် :“အားလုံးက ပုံမှန်အတိုင်းပါဘဲ ”


လင်းလန် :“....” ဘာများပြောနိုင်ဦးမှာလဲ။ သူမကိုယ်တိုင်ဘဲ မိသားစုအရေးကိစ္စတွေပြောရင် သူ့ကိုဘယ်တော့မှ သက်ဝင်လှုပ်ရှားပြီး စိတ်ဝင်စားတာမျိုး မဖြစ်စေချင်ခဲ့တာကို။


“ အိမ်ပြန်ရအောင် ” လင်းလန်က ပျော်ရွှင်စွာထရပ်လိုက်၏။


“ မြန်မြန်သွားရအောင်၊ ကျွန်မမစောင့်နိုင်တော့ဘူး ”


အိမ်ပြန်ပြီး သန့်ရှင်းရေးလုပ်ရမယ်၊ ကလေးတွေကလည်း ကျောင်းဆင်းနေလောက်‌ပြီ။


ဟန်ချင်စုန့်က ညွှန်မှူးအိုကြီး၏ရုံးခန်းသို့ သွားလိုက်ကာ ယူရမည့်စာရွက်စာတမ်းများကို ယူလိုက်ပြီး လျိုကျန့်ယွမ်ဆီစကားသွားပြောလိုက်ပြီးနောက် လင်းလန်ကိုသူနှင့်အတူ အိမ်ပြန်ခေါ်သွားလိုက်သည်။


တံခါးဆီသို့လျှောက်လာစဉ်တွင် အသိအကျွမ်းတစ်ယောက်ကို တွေ့လိုက်ရလေသည်။


“ ဗျူရိုခေါင်းဆောင်ဟန်၊ ညွှန်မှူးလင်း”


စွန်းယောင်ဝူက သူတို့နှစ်ယောက်ကို နှုတ်ဆက်လာလေသည်။


ဟန်ချင်စုန့်က ခေါင်းတစ်ချက်ညိတ်ပြလိုက်ကာ ဘာမှမပြောသော်လည်း လင်းလန်ကမူ ရပ်လိုက်ကာ သူ့ကိုစကားအနည်းငယ်ပြောလိုက်သည်။


စွန်းယောင်ဝူက အိမ်ထောင်ကျပြီးပြီဖြစ်ကာ ဝန်ကြီးတစ်ယောက်၏ တူမကိုလက်ထပ်ထားပြီး သူလိုချင်တာမှန်သမျှရနိုင်ပေသည်။


နှုတ်ဆက်နေစဉ်တွင် စွန်းယောင်ဝူက ပြောလာ၏။


“ အရာရှိလင်း မင်းရဲ့ ရဲဘော်ဟန်ကျင်းရှန်(ဟန်ကျင်းယု)...”


“ သူက လက်ထပ်သွားတာ အတော်ကြာပါပြီ”

လင်းလန် ပြောလိုက်သည်။


စွန်းယောင်ဝူ :“ သိပါတယ်၊ ကျွန်တော်ပြောချင်တာက လျိုဟောင်ကျဲက

...”


“ သူကဘာဖြစ်လို့လဲ ”


လင်းလန်က သိချင်စွာမေးလိုက်သည်။


စွန်းယောင်ဝူက တိုးတိုးပြောလာ၏။


“ ကျွန်တော်ကြားတာက သူက အခြားမိန်းမတစ်ယောက်နဲ့ မသင့်တော်တဲ့ ဆက်ဆံရေးရှိနေတယ်တဲ့ ”


ထိုမယားခိုးမှုကျူးလွန်သူများကို အိပ်ရာထဲတွင် လက်ပူးလက်ကြပ်မမိသော်လည်း သူတို့၏ကလူကျီစယ်နေသောမျက်လုံးများကို သူမြင်နေရပေသည်။


လင်းလန်က မျက်ခုံးပင့်လိုက်သည်။


“ ဒီကိစ္စကဒီလိုဆိုရင် သူ့ကို လူရမ်းကားအနေနဲ့ ဖမ်းဆီးပြီးတော့ အပြစ်ပေးသင့်တယ်”


စွန်းယောင်ဝူက ဟန်ချင်စုန့်ကို တစ်ချက်ကြည့်လိုက်သည်။


လင်းလန်က ညင်သာစွာပြောလိုက်၏။


“ ကျွန်မတို့ခေါင်းဆောင်ဟန်က ကောင်တီရဲ့ကိစ္စတွေကို ဂရုမစိုက်ဘူး”


သူမက စွန်းယောင်ဝူကိုနှုတ်ဆက်လိုက်ကာ ဟန်ချင်စုန့်နှင့်အတူ အိမ်ပြန်သွားလေသည်။


လူတွေက ဒါကိုမပြောချင်လျှင် ဘယ်လိုလုပ်ပြီးသိနိုင်မှာလဲ။ 


သို့သော်လည်း ဟန်ကျင်းယုနှင့် လျိုဟောင်ကျဲတို့ကို လမ်းတွင် တွေ့လိုက်ရလေသည်။


ဟန်ကျင်းယု၏မျက်နှာက ဖောင်းကားနေကာ ရောင်ရမ်းနေပုံပေါ်နေပေသည်။ သူလင်းလန်ကိုတွေ့သောအခါ ဘာမှမပြောလာဘဲ ဟန်ချင်စုန့်ကိုသာ တစ်ချက်ကြည့်လိုက်၏။ 


သို့သော်ဟန်ချင်စုန့်ကတော့ တကယ်လို့ မင်းယောင်းမ ငါ့မိန်းမက မျက်နှာကို‌ထောက်ဖို့ မပြောဘူးဆိုရင် ငါမင်းကို ညီမအဖြစ်မသတ်မှတ်ဘူးဟူ၍ပင်။ သူကပိုလို့တောင် အရှိန်တင်လိုက်လေသည်။


လျိုဟောင်ကျဲ :“စန်းကော ၊ မရီး တိုက်ဆိုင်လိုက်တာ”


သူကအလွန်ပျော်သွားကာ အမှီလိုက်ရန်အရှိန်မြှင့်လိုက်လေသည်။


“မရီး ကျွန်တော် မရီးကိုမတွေ့ရတာ ရက်အနည်းငယ်လောက်ရှိပြီနော် ”


ဟန်ကျင်းယုနှင့် လျိုဟောင်ကျဲ လက်ထပ်လိုက်ပြီးနောက်တွင် သူမကနေ့တိုင်းကို လျိုဟောင်ကျဲတို့ ကောင်တီ၏ အဆောင်ခန်းတွင် အချိန်ဖြုန်းပေသည်။ နှစ်လကြာပြီးနောက်တွင် လျိုဟောင်ကျဲက သူမကိုဆင်ခြေဖုံးအရပ်ရှိ‌တပ်မဟာသို့ပြန်ကာ သူမ၏ဆွေမျိုးများနှင့် နေရန် ပြန်ခိုင်းလေ့ရှိသည်။ အစပိုင်းတွင် ဟန်ကျင်းယုက သူမ၏မိသားစုအိမ်သို့ နှစ်လတစ်ခါပြန်လာလေ့ရှိသော်လည်း ထို့နောက် တစ်လတွင်နှစ်ခါရောက်လာကာ ပြန်မသွားခင် ညအိပ်သွားလေ့ရှိ၏။


လျိုဟောင်ကျဲက အလုပ်တွင်သိပ်မအားလပ်ပေ။ သို့သော်သူမက မိဘအိမ်သို့ ပုံမှန်အလည်အပတ်အဖြစ်လာနေသရွေ့ သူကပုံမှန်အပြုအမူမျိုးဖြင့် သူမကိုအဖော်ပြုကာလိုက်လာပေးလေသည်။ အပြင်လူများ၏အမြင်တွင် သူကဟန်ကျင်းယုကို အရမ်းချစ်ပုံပေါ်ပေသည်။ 


ဟန်ကျင်းယု၏မာနထောင်လွှားမှုက စိတ်ကျေနပ်သွားကာ သူမပြန်လာသော အချိန်တိုင်းတွင် သဘာဝကျကျပင် အသေးစိတ်ဝတ်ဆင်လာခဲ့ပေသည်။ သူက လင်းလန်ထက်ပိုပြီး စွဲမက်ဖွယ်ကောင်းနေရပေမည်။


Xxxxxxx