အပိုင်း ၇၄၃-၇၄၄
Viewers 37k

Part 743


လင်းလန်နှင့် ဟန်ချင်စုန့်က နောက်နေ့တွင် လာကြိုရန်ချိန်းထားသော်လည်း သူကရောက်နှင့်နေပြီဆိုတာကို မသိပေ။ ထို့ကြောင့် နေ့လည်စာပြီးသောနောက်တွင် သူတို့ကသူငယ်ချင်းများနှင့် ညစာစားရန်သွားလိုက်ကြလေသည်။


ထိုလူအနည်းငယ်က စားပြီးလုနီးပါးပင်ဖြစ်နေတာကြောင့် ထိုင်ကာ စကားပြောနေကြပြီး သူတို့ကိုစောင့်နေပေသည်။


ချီဖုန်းပေါ်က နေ့လယ်စာစားရန်လာလိုက်ကာ အမျိုးသမီးအရာရှိကို ပြုံးပြလိုက်၏။

“ ငါလာမယ်နော် ”


အမျိုးသမီးအရာရှိက ထိုင်လိုက်ကာ ချီဖုန်းပေါ်က လင်းလန်နှင့်ဆန့်ကျင်ဘက်တွင် ထိုင်လိုက်သည်။


“ အရာရှိလင်း မင်းပြန်သွားရင် လုပ်စရာတာဝန်တွေရှိလား ”

ဝမ်ဖုန်းရှာက မေးလာ၏။


လင်းလန်က ခေါင်းညိတ်ပြလိုက်သည်။

“ အင်း အစည်းအဝေးမျိုးစုံကတော့ မတက်မဖြစ်ဘဲလေ ”


ချီဖုန်းပေါ်က ပြုံးကာပြောလာ၏။


“ ငါထင်တာတော့ ငါတို့ကွန်မြူနတီတွေကြားမှာ ဆက်သွယ်ပြောဆိုပြီး ဆွေးနွေးလို့ရတယ်။ ရုပ်သံဇာတ်လမ်းတွဲထဲကလိုဘဲလေ ”


လူတချို့က ကောင်းသည်ဟု ထင်ကြ၏။

“ ဟုတ်တယ် ညွှန်မှူးလင်း အခုဆိုမင်းက ကွန်မြူနတီမှာ အလုပ်လုပ်နေပြီလေ ငါတို့တွေ ပိုပိုပြီး တွေ့ကြရတော့မှာဘဲ ”


လင်းလန် :“ ကျွန်မနဲ့ပတ်သက်ပြီး စိတ်ဝင်စားစရာဘာရှိလို့လဲ ရှင်ရဲ့အလုပ်က ကိုယ်ပိုင်ပုံစံရှိပြီး လေ့လာရတာ ထိုက်တန်တယ်လို့ ကျွန်မထင်တယ် ”


ချီဖုန်းပေါ် :“ လင်းလန် တကယ်လို့ မင်း....မဟုတ်ဘူး နှစ်ရက်လောက် ငါတို့ကွန်မြူနတီကို သွားမှာလား ”


လင်းလန် :“ ကျွန်မ တကယ်ဘဲအချိန်မရှိလို့ပါ။ ကျွန်မက တစ်ပတ်လောက်အဝေးရောက်နေပြီး အိမ်မှာဘာဖြစ်နေလဲဆိုတာ မသိရဘူးလေ။ ကျွန်မတို့ခေါင်းဆောင်ဟန်ကလည်း နေ့တိုင်းအလုပ်သွားနေရတာ၊ ကလေးတွေနဲ့ ဘယ်လိုနေရမယ်ဆိုတာကို မသိဘူး။ ကျွန်မကို ကပ်တွယ်နေတဲ့ ကလေးပေါက်လေးလည်းရှိသေးတယ် ကျွန်မကို တစ်ပတ်လောက်မတွေ့ရတော့ ညဘက်အိပ်ရင် အိပ်မပျော်ဖြစ်နေတော့မှာ။ တွေးလိုက်ရုံနဲ့တင် ခံစားရတာမကောင်းတော့ဘူး။ ဖြစ်နိုင်ရင် ကျွန်မဒီနေ့ညတောင် ပြန်လို့ရပါစေလို့ ‌ဆုတောင်းတယ် ”

 

သူမကို လွမ်းမနေဘူးဆိုတာ သေချာနေသော်လည်း အိမ်ကိုပိုပိုပြီးသာ ပြန်ချင်မိပေသည်။ ချီဖုန်းပေါ်က စားရန်ခေါင်းငုံ့လိုက်ကာ သူ့ရင်ထဲမှ စိတ်ပျက်မှုများကို ဖုံးကွယ်ထားလိုက်သည်။ ညွှန်မှူးဟန်က ဒီကိုရောက်နေပြီဆိုသည်ကို သူမအား ဘာလို့မပြောမိတာလဲ မသိတော့ပေ။


တစ်ယောက်ယောက်က ရယ်ကာ ပြောလာ၏။


“ ပြောရတာထူးဆန်းတယ်။ ငါတို့က တစ်ပတ်လောက်ဘဲ ဆုံဖူးပေမယ့် အတူတူစားတယ်၊ သင်တန်းသွားတယ်၊ နေ့တိုင်းလိုလို အတူတူရှိနေကြတယ်။ ငါမင်းတို့နဲ့ မခွဲချင်ဘူး။ မင်းတို့နဲ့ခွဲရရင် ငါ့ရင်ထဲမှာ ဟာတာတာကြီး ခံစားရမှာ”


ချီဖုန်းပေါ်က လင်းလန်ကို တစ်ချက်ကြည့်လိုက်သည်။


လင်းလန်က ရယ်လိုက်၏။


“ ဒါက ကျွန်မတို့တွေက ကြင်နာတတ်တဲ့သူတွေဆိုတာကိုပြနေတာဘဲ။ လူတိုင်းအတူတူစကားပြောဖို့ဆိုတာက လွယ်မနေဘူးလေ ”


“ ဒါကတကယ်ဆိုးတာဘဲ။ ငါ့အိမ်မှာဆို ပြောစရာလူမရှိဘူး။ အဲ့လိုမဟုတ်ရင်လဲ သူတို့က ငါပြောတာကို နားမလည်ကြဘူး။ သူတို့က တမင်တကာ ငါ့ကိုနားလည်မှုလွဲနေရင်တောင်မှ သူတို့ပြောတာကို ငါနားမထောင်ချင်ဘူး”


ဝမ်ဖုန်းရှာက ပြောလာ၏။


အခြားသူများကလည်း အကြံပေးလာကြ၏။


“ ဘာလို့ငါတို့က ငါတို့ရဲ့လှုပ်ရှားမှုတွေကို ညဘက်မှာ မလုပ်ရမှာလဲ။ ဘယ်ဟောပြောစင်မြင့်ကိုမှမသွားဘူးလေ ၊မဟုတ်ရင် ငါဒေါသထွက်လို့ သေလိမ့်မယ် ”


“ ဟုတ်တယ် ညဘက်မှာသွားဖို့က အရေးတကြီးမဟုတ်ဘူးလေ ”


လင်းလန် :“ ကျွန်မက ဒီကိုအစည်းအဝေးအတွက် ရောက်လာမှတော့ အဆုံးထိကပ်တွယ်နေရမှာဘဲ ”


ချီဖုန်းပေါ်မျက်လုံးထဲမှ အလင်းရောင်များက တစ်ဖန်မှေးမှိန်သွားကာ သူကစားစရာကိုတောင် မမြိုချနိုင်တော့ပေ။


လင်းလန်က စားလို့ပြီးသွားလေသည်။


“ နင်တို့စကားပြောနှင့်ကြနော်၊ ငါအဆောင်ဆီပြန်လိုက်ဦးမယ် ”


ဝမ်ဖုန်းရှာက သူမနှင့်အတူပြန်ရန် ပြောလာ၏။


နွေရာသီတွင် လင်းလန်က နေ့တိုင်းအဝတ်လျှော်တတ်သော အကျင့်ရှိကာ ညစာစားပြီးတိုင်း အချိန်မှန်လုပ်လေ့ရှိသည်။


သူမကိုမြင်သောအခါ ဝမ်ဖုန်းရှာကလည်း သူ့အဝတ်များကို လျှော်ရန်လာလိုက်၏။


လင်းလန် :“ အယ်ကာလိုင်းတွေကိုမသုံးနဲ့လေ၊ ငါနဲ့အတူဆပ်ပြာလာသုံး ”


ဝမ်ဖုန်းရှာ :“ ကျေးဇူးအများကြီးတင်ပါတယ်၊ ငါကပုံမှန်ဆို ဆပ်ပြာမဝယ်ချင်ဘူးလေ ဆံထိုးတစ်ခုဝယ်ဖို့ ပိုက်ဆံစုနေတာ ”


လင်းလန်က ရယ်လိုက်၏။


“ ငါတို့တပ်မဟာမှာ ဓာတုဗေဒစက်ရုံရှိတယ်လေ၊ ဒါကို ငါကိုယ်တိုင်လုပ်ထားတာ ”


ဝမ်ဖုန်းရှာက ထိုအရာကို  ကြားလိုက်ရသောအခါ ပြောလာလေသည်။


“ အရမ်းကောင်းတာပဲလား။ နင်တို့တပ်မဟာက တကယ်ကို လုပ်နိုင်စွမ်းရှိတာဘဲ။ ငါတို့တပ်မဟာကတော့.... ထားလိုက်တော့ အဲ့ဒီလူတွေက အငြင်းပွားပြီး ခေါင်တွေချည်း ရွေးထုတ်လာလိမ့်မယ် ”


လင်းလန်က အခြားသူ၏တပ်မဟာအကြောင်း ဘာမှမပြောချင်ပေ။ 


“ အနာဂတ်မှာ အခွင့်အရေးရှိရင် ငါတို့တပ်မဟာကိုလာလေ၊ ငါနင့်ကို နည်းနည်းအနာဆာဖြစ်နေတဲ့ ထုတ်ကုန်လေးတွေ ပေးလိုက်လို့ရတယ် ”


“ ဒါဆိုငါက ဘယ်လိုပို့လို့ရမှာလဲ ဒီအတိုင်းဈေးသက်သာတာလေးတွေပဲ လုပ်ပါ ”

ဝမ်ဖုန်းရှာက ရယ်လိုက်‌လေသည်။


သူတို့နှစ်ယောက်သား အတူတကွအဝတ်လျှော်ကြကာ စကားပြောနေလိုက်သည်။


ဤအချိန်တွင် ချီဖုန်းပေါ်က ထပ်ရောက်လာလေသည်။


“ မင်းတို့နှစ်ယောက်ကတော့လေ အလုပ်လုပ်ရတာကို သဘောကျကြတာဘဲ။ ငါလည်း အဝတ်လျှော်မလို့”


သူအဆောင်ပြန်ကာ အဝတ်သွားယူနေစဉ်တွင် ဝမ်ဖုန်းရှာက လင်းလန်နားကပ်လာကာ တီးတိုးဆိုလာ၏။


“ အရာရှိလင်း အရာရှိချီကလေ ....”


သူမပြောဖို့ တွန့်ဆုတ်နေသည်ကို တွေ့လိုက်ရသောအခါ လင်းလန်ကမေးလိုက်၏။


“ ဘာဖြစ်လို့လဲ ”


“ သူက....” 


ဝမ်ဖုန်းရှာ ပြောရမှာအနည်းငယ်ရှက်နေမိသည်။ နောက်ဆုံးတွင် ဒီကိစ္စမှာ အရေးမပါသော ကိစ္စမဟုတ်ရာ ဆက်ဆံရေးကို မပိတ်သိမ်းသရွေ့ အခြားသူများကို စိတ်အနှောင့်အယှက်ဖြစ်စေနိုင်ပေသည်။


လင်းလန် :“ သူအမှားတစ်ခုခု လုပ်ထားလို့လား ”


လင်းလန်က အသံတိုးတိုးဖြင့်မေးလိုက်သည်။


ဝမ်ဖုန်းရှာက လင်းလန်၏တည်ငြိမ်နေသော မျက်နှာကိုမြင်ကာ သူမရဲဘော်များအကြောင်း စိတ်ပူမိပေသည်။ ပုံမှန်မဟုတ်တာ ဘာမှမရှိပေ။ သူမကချီဖုန်းပေါ်ကို စိတ်မဝင်စားတာသိပေသည်။ သူမက ချီဖုန်းပေါ်၏ အတွေးများကိုတောင် မသိပေ။


“ အဲ့ဒါက....ငါပြောရင် နင်စိတ်မဆိုးနဲ့နော် ”


လင်းလန် :“ ငါကအရမ်းဒေါသထွက်မယ်လို့ နင်ထင်နေတာလား ”


ဝမ်ဖုန်းရှာ :“ အဲ့ဒါက....သူ သူကနင့်နဲ့ ဆက်သွယ်ချင်နေပုံရတယ် ”


ဝမ်ဖုန်းရှာက အရင်ရှက်သွေးဖြာသွား၏။

“ အဲ့ဒီလိုမျိုးလေဟာ ”


လင်းလန် အဝတ်လျှော်နေကာ ရှင်းရှင်းလင်းလင်း မကြားလိုက်ပေ။

“ နင်ဘာကို ပြောချင်တာလဲ ”


ဒီအချိန်တွင် ချီဖုန်းပေါ်က ပြန်ပြေးလာလေသည်။

“ ရဲဘော်တွေ အတူသွား၊အတူစားပြီး အလုပ်တူတူလုပ်ရတာက တကယ်ပျော်ဖို့ကောင်းတယ်နော် ”


သူက လင်းလန်ဘေးကို လျှောက်လာကာ ဘိလပ်မြေဖြင့် လုပ်ထားသော ကန်ထဲတွင် အိုးကြီးကိုချလိုက်၏။


ဝမ်ဖုန်းရှာ :“ အရာရှိချီ ဒီနေရာက ဒီလောက်ကျယ်တာ ဘာလို့ အရာရှိလင်းဘေးမှာ ကြပ်ညှပ်နေရတာလဲ”


Xxxxxx

Part 744


ချီဖုန်းပေါ်၏ အမူအရာက အနည်းငယ်သဘာဝမကျစွာ သူကပြုံးပြီးပြောလာ၏။


“ ငါကလင်းလန်နဲ့ ရင်းရင်းနှီးနှီးနေချင်လို့ပါ”


လင်းလန်သူ့ကို တစ်ချက်ကြည့်လိုက်၏။ ဤအကြည့်က အရင်တုန်းကအကြည့်များ နှင့် ကွဲပြားကာ သူမက ချီဖုန်းပေါ်မျက်လုံးများကို စေ့စေ့စပ်စပ်စစ်ဆေးချင်သလို တိုက်ရိုက်ကြည့်လိုက်သည်။


အစပိုင်းတွင် ချီဖုန်းပေါ်က ဘာမှမဟုတ်သလို သူမကို ဟန်ဆောင်ကြည့်နေနိုင်သော်လည်း နှစ်စက္ကန့်ကြာပြီးနောက်တွင် သူ့မျက်နှာက ရှက်သွေးဖြာလာကာ အဝတ်လျှော်ရန်ခေါင်းငုံ့လိုက်၏။ သို့သော် သူ့လက်များက ထိန်းမရနိုင်အောင် တုန်ယင်နေကာ သူ့ရင်က တဒုတ်ဒုတ်ခုန်နေလေသည်။


သူ မူးဝေပြီး အပြစ်ရှိသလိုခံစားရကာ ခြေထောက်များက ပျော့ခွေလာလေသည်။ သူမ.. တစ်ခုခုများ သိသွားပြီလား။ သူမ..သူမက  ဒါပေါ့ မဖြစ်နိုင်ပါဘူး။ သူ့အတွက် သူမကအမြဲတမ်း သာမာန်ရဲဘော်တစ်ယောက်သာဖြစ်သည်။ သူ့ရင်ထဲတွင် ချိုပြီး ခါးနေကာ ထိုအရာကို ဘယ်လိုဖော်ပြရမလဲဆိုတာ မသိပေ။ ဒီထက်ပိုပြီး ထုတ်ဖော်ပြရမလား။


သူက သူမဆီ စာအများကြီးရေးခဲ့ပေသည်။ တစ်ခါတွင် စာနှစ်စောင်မျှ ရေးဖြစ်၏။ ပထမစာသည် သူ၏ထိန်းချုပ်မရနိုင်သောအတွေးများအကြောင်း ဖော်ပြရန်ရေးထားကာ ဒုတိယစာသည် ပုံမှန်အလုပ်ကိစ္စသာဖြစ်သည်။


အခုချိန်တွင် သူအသစ်ရေးထားသော စာက အိတ်ကပ်ထဲတွင် ရှိနေသေးပေသည်။ သူမတတ်နိုင်ဘဲ သူမဆီ သူ့အချစ်များကို ဝန်ခံချင်မိ၏။


သူ့ရင်က တဒုတ်ဒုတ်ခုန်နေကာ မူးဝေနေပြီး သူမ၏မျက်လုံးများက နက်ရှိုင်းကာ ကျယ်ပြောသော ညကောင်းကင်လိုပင် အဆုံးမရှိဟု ခံစားနေရသည်။


သူသတိပြန်ဝင်လာသောအခါ လင်းလန်နှင့် ဝမ်ဖုန်းရှာတို့ ပျောက်သွားသည်မှာ ကြာနေပြီဖြစ်ကာ ပတ်ဝန်းကျင်ကောင်းကင်လည်း မဲမှောင်နေလေပြီ။


သူ‌ ခြေလက်ခြေပန်းကျသွားသလိုပင်။


ဤအချိန်တွင် အခြားတစ်ဖက်မှ ယောက်ျားတစ်ယောက်က လက်ဆေးရန်ရောက်လာ၏။ သူက အဖြူရောင်ပြည်သူ့လုံခြုံရေး ယူနီဖောင်းကို ဝတ်ဆင်ထားကာ ဦးထုပ်မဆောင်းထားပေ။  သူက အရပ်ရှည်ကာ သန်မာ‌၏။ လက်ဆေးရန် ခါးကိုင်းလိုက်သောအခါ အားကောင်းသောဖိအားပေးမှုတစ်ခုကို ခံစား‌မိပေသည်။


ချီဖုန်းပေါ်က သူ့ကိုချောင်းကြည့်လိုက်သော်လည်း ဟန်ချင်စုန့်က မျက်လုံးလှန်ကာ တစ်ချက်လှမ်းကြည့်လာ၏။ 


ဟန်ချင်စုန့်က တခုခုကိုသိနေသလိုပင် သူ့ကိုကြောက်လန့်မှုနှင့် ညည်းညူသွားအောင်လုပ်နေပေသည်။


ဟန်ချင်စုန့်၏မျက်လုံးများက အလွန်လေးနက်နေကာ သူ့မျက်ဝန်းနက်များတွင် အကြပ်ကိုင်နေသော အလင်း ရောင်ရှိနေကာ ထိုအရာက သူ့ကို လှံစွပ်မှ အေးစက်စက်အလင်းရောင်ကို အမှတ်ရစေကာ မတတ်နိုင်ဘဲ ခိုက်ခိုက်တုန်သွားမိသည်။


ချီဖုန်းပေါ် အဝေးကိုထွက်သွားချင်သော်လည်း သူ့ခြေဖဝါးများက အချုပ်မိထားသလိုပင် မလှုပ်ရှားနိုင်ပေ။ ဘာကြောင့်လဲဆိုတာ သူသိ၏။ အကြောင်းမှာ ဟန်ချင်စုန့်က သူ့ကိုစိုက်ကြည့်နေသောကြောင့်ပင်။ ရက်စက်ကြမ်းကြုတ်သော သားရဲက သူ့သားကောင်ကို စိုက်ကြည့်သလိုပင်၊ ဘယ်သူကမှ လွတ်မြောက်အောင် ထွက်ပြေးရန် သတ္တိမရှိပေ။


ဟန်ချင်စုန့်က သူ့ကိုသတ်ချင်နေသည်ဟု ခံစားနေရပြီး ဖိနှိပ်ခံနေရကာ အသက်ရှူရခက်ခဲလာလေသည်။


သူ့လည်ချောင်းက ခြောက်သွေ့နေကာ သတိလက်လွတ် တံတွေးမြိုချလိုက်ပြီး နှုတ်ဆက်ရန် အပြုံးတစ်ခု အားစိုက်ထုတ်ချင်သော်လည်း ခြောက်ကပ်ကပ်သာ ပြောလိုက်မိလေသည်။


“ ဟန်..ညွှန်မှူးဟန် ”


ဟန်ချင်စုန့်က ခေါင်းအနည်းငယ်ငြိမ့်ပြလိုက်သည်။


“ ချီဖုန်းပေါ် ”


ချီဖုန်းပေါ် :“ဟုတ်ကဲ့ ”


ဟန်ချင်စုန့် :“ စိတ်အေးအေးထား ”


ချီဖုန်းပေါ် :“ဟုတ်ကဲ့ ”


“ ငါ့ဇနီးက အရမ်းကောင်းတဲ့သူတစ်ယောက် ”


ဒါကိုပြောလိုက်သောအခါ ဟန်ချင်စုန့်မျက်လုံးများက သတိမမူမိစွာပင် နူးညံ့သွား၏။


ချီဖုန်းပေါ်၏ဖိအားက ရုတ်တရက်ပင် ကျဆင်းသွားလေသည်။


“ ဟုတ်ပါတယ်။ လင်း....အရာရှိလင်းက အရမ်းကောင်းတဲ့လူပါ ”


ဟန်ချင်စုန့် :“ မင်းက အမြင်ကောင်းသားဘဲ။ ဒါပေမယ့် ကံမကောင်းစွာဘဲ မင်းမှအရည်အချင်းမရှိဘူး ”


သူကလက်သုတ်ရန် လက်ကိုင်ပဝါကိုထုတ်လိုက်ကာ ချီဖုန်းပေါ်ကို လျစ်လျူရှုလိုက်ပြီး နောက်လှည့်ထွက်သွားလိုက်သည်။


ရုတ်တရက်ပင် ဖိအားက လွင့်စင်သွားသည်ကို ချီဖုန်းပေါ်ခံစားလိုက်မိကာ အလျင်အမြန်ပင် မျက်နှာသစ်ကန်အား ယိမ်းထိုးနေသောခန္ဓာကိုယ်ဖြင့် ဖိထားလိုက်ရသည်။


ထွက်သွားနေသော ဟန်ချင်စုန့်၏ ရှည်လျားသော ကျောပြင်ကို ကြည့်လိုက်ကာ သူ့ရင်ထဲတွင် စိတ်သက်သာရာရသွားပြီး ဖော်မပြနိုင်သော နာကျင်မှုကို ခံစားလိုက်ရသည်။


ဟန်ချင်စုန့်ပြောချင်တာက ဒီထက်ပိုပြီး မရှင်းနိုင်တော့ပေ။ : ငါ့ဇနီးက အရမ်းကောင်းတယ်။ ဒါပေမယ့် မင်းမှာ သူမကိုကြိုက်ပိုင်ခွင့်မရှိဘူး။ ဘာလို့လဲဆိုတော့ ငါကခွင့်မပြုလို့ဘဲ၊ ခွင့်မပြုဘူး။


သူကြိုက်နှစ်သက်ရသည်နှင့် ထိုက်တန်သော၊ စိတ်ဝင်စားသော၊ စကားပြောလို့ရသော၊  တစ်ယောက် ၏ဘဝတွင် အချင်းချင်း အံဝင်ခွင်ကျဖြစ်သော တစ်စုံတစ်ယောက်ကို ရှာရန် တကယ့်တကယ်ကို ခက်ခဲသည်ကို သူသိပါသည်။


သူတို့က အချင်းချင်းနောက်ကျမှ တွေ့ခဲ့ကြသော်လည်း အခွင့်အရေးမရှိပေ။ ထို့ကြောင့် သူက လျို့ဝှက်စွာပဲ...... အရင်တုန်းက သူကအရှက်ရကာ စိတ်လှုပ်ရှားနေခဲ့သော်လည်း အခုချိန်တွင်မူ သူကစိတ်အားတက်ကြွမှု အပြည့်ရှိနေကာ ဟန်ချင်စုန့်၏ စကားလုံးများကြောင့် ရေခဲအဖြစ်တောင့်ခဲသွားရလေသည်။


တုန်ရီစွာဖြင့် သူ့အိတ်ကပ်ထဲမှ စာကိုထုတ်ယူကာ စာကိုဖြန့်လိုက်ပြီး သူ့ပါးစပ်ထဲကို ဖြေးဖြေးချင်းထည့်လိုက်သည်။ သူ၏ငန်သောမျက်ရည်များနှင့်အတူ ဝါးလိုက်ပြီး ပြင်းပြင်းထန်ထန်ပင် မြိုချလိုက်သည်။ စာရွက်နှင့်မှင်၏ ခါးသောအရသာမှာ သူ့ရင်ထဲမှခါး သော အရသာကို မယှဉ်နိုင်ပေ။ ခါးသီးမှုက ပို၍ပြင်းထန်ပေသည်။


သူက ကံကြမ္မာအရကြိုတင်သတ်မှတ်ထားသော ဆက်ဆံရေးကို လွှဲချော်ခဲ့ရုံသာမကာ ရှောင်ရှန်းအတွက်လည်း အရည်အချင်းမပြည့်မီပေ။


သူ၏ကြီးမားသောအချစ်သည် ဝန်မခံရသေးခင်မှာပဲ ဖိအားများအောက်တွင် သေဆုံးသွားလေပြီ။


.........


ညနေခင်းတွင် လင်းလန်က လျှောက်ပတ်ကြည့်ရန် အစည်းအဝေးခန်းဆီသွားလိုက်သည်။ ၎င်းကအလွန်ဆူညံကာ လူအများက လွတ်လပ်စွာလျှောက်သွားနိုင်ပေသည်။ သူမကချီဖုန်းပေါ်ပြောချင်သော အဓိပ္ပါယ်ကိုသိတာကြောင့် သဘာဝကျစွာပင် သူနှင့်ထိတွေ့ဆက်ဆံမှုရှိရန် ငြင်းဆန်မှာဖြစ်သည်။ ထို့ကြောင့် သူမအဆောင်ပြန်ပြီး အိပ်တော့မည်ဟု ဝမ်ဖုန်းရှာကို ပြောလိုက်သည်။


အဆောင်ပတ်ဝန်းကျင်က တိတ်ဆိတ်နေကာ ဒီအချိန်တွင် မီးများမဖွင့်ထားသော်လည်း အဝေးမှ လမ်းမီးများရှိနေတာကြောင့် ခလုတ်တိုက်မှာ မကြောက်ရပေ။


အခန်းတစ်ခုကိုဖြတ်သွား‌သောအခါ တံခါးကရုတ်တရက်ပွင့်လာပြီး ကြီးမားသောလက်က သူမကို အထဲဆွဲခေါ်သွားလေသည်။ သူမ မသိစိတ်မှ အော်လိုက်ချင်သော်လည်း တစ်ယောက်ယောက်က သူမပါးစပ်ကိုအုပ်လာကာ သူ၏ပူနွေးနေသောနှုတ်ခမ်းများက သူမနားရွက်အောက်ဖျားတွင် တံဆိပ်ခတ်နေလေသည်။


သူမ တစ်ကိုယ်လုံးတုန်ရီသွား၏။


“ အမျးးးးး ” 


ဟန်ချင်စုန့် သူမပါးစပ်ကိုလွှတ်ပေးရန် ရုန်းလိုက်သည်။


သူ့လက်မောင်းများထဲ တိုက်မိသွားသောအခါ သန်မာသောယောက်ျားပီသမှုနှင့် ဝန်းရံခံလိုက်ရကာ ချက်ချင်းပင် ဘယ်သူဆိုတာသိသွားသော်ငြား သူမက သူဒီညရောက်လာရန် မမျှော်လင့်ထားခဲ့ပေ။


သူက သူမခေါင်းမှ လက်ကို အဝေးသို့ဖယ်လိုက်ကာ သူမ စကားပြောမည့်အချိန်တွင် သူ့နှုတ်ခမ်းများကို သူမနှုတ်ခမ်းအ‌ပေါ်တွင် ထားကာ စုပ်ယူလိုက်၏။ လွှမ်းမိုးမှုကြီးစွာနှင့် ကျူးကျော်ဝင်ရောက်လာကာ သူမကို စကားပြောရန် အခွင့်အရေးမပေးလာပေ။ သူက သူမကို နံရံဆီတွန်းလိုက်ပြီး သူ၏အံ့အားသင့်ဖွယ်ကောင်းစွာ ပူနွေးနေသည့် ခန္ဓာကိုယ်မှာ သူမကိုပါပူလောင်စေလုနီးပါးပင်။ အပြင်ဘက်တွင် လူတစ်ယောက်လျှောက်လာသော အသံကြားရသော်လည်း သူက ရပ်တန့်ရန် ရည်ရွယ်ချက်မရှိဘဲ ထို့အစား သူမအဝတ်များကို ဆွဲဖြဲရန် စတင်လိုက်သည်။ 


လင်းလန် :“!!!!!”


သူ သူမနှုတ်ခမ်းကိုလွှတ်ပေးလိုက်သော်လည်း လင်းလန်က နှုတ်ခမ်းကိုကိုက်လိုက်ကာ အသံတစ်ခုမှမထွက်ရဲပေ။


Xxxxxxxx