အပိုင်း ၇၄၁-၇၄၂
Viewers 36k

Part 741


လင်းလန်နှင့် ဆရာဝန်တို့က ရှက်ရွံ့ဖို့တောင်လုံးဝမစောင့်နေပေ။


“ တစ်ခုအတွက် တစ်ခုဘဲ၊ ဆရာဝန်တစ်ယောက်အနေနဲ့ ကျွမ်းကျင်ပညာရှင်ဆိုင်ရာ ကိုယ်ကျင့်တရားတွေရှိမှရမယ် ၊ နင့်ကိုယ်ရေးကိုယ်တာ လက်စားချေချင်တာကို လက်တုံ့ပြန်လို့မရဘူး ”


ယန်ဟန်က အကူအညီမဲ့သွားလေသည်။


“ နင်ပဲပြောကြည့် နင်နဲ့ငါက ဒီလောက်ထိ မျက်နှာအရည်ထူကြလား။ နင်နည်းနည်းလေးမှကို မရှက်ဘူးနော်”


လင်းလန် :“ ငါတို့က ခိုက်တန်းကူ* ဝတ်တဲ့အချိန်တည်းက အတူတူကစားလာခဲ့ကြတာမဟုတ်ဘူးလား။ ငါကဘာလို့နင့်ကိုရှက်နေရမှာလဲ နင်ကငါ့ရဲ့ ခေါင်းဆောင်ဟန်လည်း မဟုတ်ဘူးလေ ”

(Tn :kāi dāng kùက တရုတ်ကလေးပေါက်စလေးတွေဝတ်တဲ့ နှစ်ခြမ်းကွဲဘောင်းဘီပါ တင်ပါးနေရာမှာကွဲနေတာ)


ခေါင်းဆောင်ဟန်အကြောင်း ပြောလိုက်သောအခါ သူမမျက်နှာပေါ်ရှိ အပြုံးက တသိမ့်သိမ့်လှုပ်ရှားလာကာ ပါးများကလည်း ရှက်သွေးဖြာလာပြီး မိန်းကလေးဆန်‌ကာ နှစ်လိုဖွယ်ကောင်းသော တောက်ပမှုမျိုးကို ဖော်ပြနေပေသည်။


ယန်ဟန် :“....နင်ကတကယ်ကို မရှက်တတ်ပါဘူး ”


လင်းလန် :“ သွားရအောင်၊ ဆေးရုံဆီသွားကြမယ်။ နင့်ဆေးရုံက အဆင့်၉ရှိတဲ့ အူကြီးတွေကိုစားကြတာပေါ့ ”


ယန်ဟန် :“နင်ငါ့ကို‌ နေ့လယ်စာစားဖို့ ဖိတ်ထားတာမဟုတ်ဘူးလား ”


လင်းလန် :“ ငါတို့ကြားက ဆက်ဆံရေးက ဘာလဲ။ ဘယ်သူဘဲဖိတ်ဖိတ် အတူတူဘဲ။ ငါနင့်ကို အစားအစာလက်မှတ်တစ်ခုနဲ့ ပိုက်ဆံပေးမှာပါဟ”


“ ဒါနဲ့စကားမစပ် ငါတို့ဆေးရုံရဲ့ အိတ်အသစ်ကိုဝယ်မှာမလား ”


ယန်ဟန်က နှာခေါင်းရှုံ့လိုက်၏။


“ ဖက်တီး နင်ဘာလို့ မိန်းမမရလဲဆိုတာ သိလား။ တကယ်လို့နင်နားမလည်ရင် သိမှာမဟုတ်ဘူး။ ဆရာဝန်တစ်ယောက်ဖြစ်ရင် ဆရာဝန်ရဲ့ ကျွမ်းကျင်မှုဆိုင်ရာ ကိုယ်ကျင့်တရားတွေရှိရမယ်။ နင်အဲ့ဒါကို ကောင်းကောင်းမှတ်ထားနော်။ နင်လူနာရဲ့ ကိုယ်ရေးကိုယ်တာကို ထုတ်ဖော်ပြလို့မရဘူး၊ လူနာရဲ့ အပြုအမူ‌ကိုလဲ ရယ်‌လိုက်လို့မရဘူး...”


“နင်ဘာဖြစ်နေတာလဲဟ နေမကောင်းဘူးလား။ ပြီးတော့ ငါက မိန်းမတစ်ယောက်မရှာချင်တာပါနော် မရှာနိုင်တာမဟုတ်ဘူး ကျေးဇူးဘဲ ”


“ ငါနေကောင်းတယ်လို့ ဘယ်သူပြောလို့လဲ။ ငါ့မှာ ငါ့ရဲ့စန်းကောမရှိရင် မနေနိုင်တဲ့ ရောဂါဖြစ်နေတယ်။ နင်လို ဇနီးတစ်ယောက်မရှာနိုင်ဘဲ ကိုယ့်ဘာသာကိုယ်ဘဝကို ဖြတ်သန်းချင်နေတဲ့ တစ်ကိုယ်တည်းခွေးလေးက နားလည်မှာမဟုတ်ပါဘူး။ မြန်မြန်လုပ်စမ်းပါဟာ နင်က အဖွားအိုကြီးလိုဘဲ ”


ယန်ဟန်က နောက်ဆုံးတွင် သူ့ကံကြမ္မာကို လက်ခံလိုက်လေသည်။သူမက တကယ်ကို သူ့အရှေ့တွင် အရှက်မရှိပေ။ သူမက တကယ်ဘဲ မရှက်တာလား၊ ဒါမှမဟုတ် သူမက သူ့ကို ယောက်ျားတစ်ယောက်အဖြစ် အလေးအနက်မမှတ်ယူထားလို့ဘဲလား။


နှစ်ယောက်သားက ဆေးရုံကို စကားပြောလိုက်၊ရယ်မောလိုက်ဖြင့် သွားလိုက်ကြပြီး ချောင်ကွမ်းရုန်က နောက်မှလိုက်ကာ အထင်သေးစွာ ကြည့်နေပေသည်။


လင်းလန်က ဆေးရုံတွင် နေ့လည်စာစားလိုက်ပြီးနောက် ဆရာဝန်အိုကြီးလျိုနှင့်  အခြားသူမ သိသော ဆရာဝန်များအား နှုတ်ဆက်လိုက်ကာ ပုံစံသစ်နှင့် တော်လှန်ရေးကော်မတီသို့ ပြန်လာလိုက်သည်။


သူမက ပစ္စည်းများချရန် အဆောင်သို့သွားလိုက်ကာ ထို့နောက်တွင် အစည်းအဝေးခန်းဆီသို့ ပြန်သွားလိုက်၏။


သူမအခန်းထဲကို ဝင်ဝင်လာချင်းမှာပင်  လူအနည်းငယ်က သူမကို ထူးဆန်းစွာစိုက်ကြည့်နေကြသည်ကို တွေ့လိုက်ရ၏။အထူးသဖြင့် ချောင်ကွမ်းရုန်ဖြစ်သည်။


ချောင်ကွမ်းရုန်က သူမသည် ကွန်မြူနတီ၏ ပြန်ကြားရေးဌာနသို့ ဆက်ဆံရေးများကို အသုံးပြုကာ ဝင်လာနိုင်ခြင်းဖြစ်သည်ဟု ထင်ထားပေသည်။အခုတွင် သူမ၏ ‌စည်းမစောင့်မှုများကြောင့် သူမကို ပိုတောင်မုန်းသွားပေသည်။ သူက လင်းလန်နှင့် ယန်ဟန်ကြားတွင် ပုံမှန်မဟုတ်သော အမူအရာများကို မတွေ့ခဲ့ရသလို ဘယ်သူမှမရှိသော နေရာဆီ နှစ်ယောက်သားသွားကြသည်ကို မတွေ့ခဲ့ရသော်လည်း သူတို့စကားပြောနေကြသရွေ့ သူ့အတွက် အမှုအခင်းဆိုင်ရာ သက်သေအထောက်အထားပင်ဖြစ်သည်။


 လင်းလန် သူ့ရှေ့ကိုဖြတ်လျှောက်သွားသောအခါ သူနှာမှုတ်လိုက်သည်ကို ကြားလိုက်ရလေသည်။ သူမ မတတ်နိုင်ဘဲ သူ့ကိုတစ်ချက်ကြည့်လိုက်၏။ ဒီေသာက်ရူးက ဆေးမှားသောက်ထားတာလား။ ငါဘယ်တုန်းက သူ့ကိုစော်ကားခဲ့လို့လဲ။


သူမ လျစ်လျူရှုလိုက်ကာ သူမထိုင်ခုံဆီထိုင်ရန် ပြန်သွားလိုက်သည်။


ချီဖုန်းပေါ် :“ သူ့ကိုဂရုစိုက်မနေနဲ့၊ဒီလူက တစ်ခုခုမှားနေပြီ ”


လင်းလန် “ အင်းပါ ”


သူမက ချီဖုန်းပေါ်နှင့် အလုပ်ကိစ္စထက်ပိုပြီး အခြားကိစ္စများကို မပြောချင်ပေ။ နောက်ဆုံးတွင် သူမနှင့် ချီဖုန်းပေါ်က အချင်းချင်း ကောင်း ကောင်းမသိကြဘဲ အစည်းအဝေးများအတွက် အလုပ်နှင့်ဆိုင်သောဆက်ဆံရေးတစ်ခုသာဖြစ်သည်။


ချီဖုန်းပေါ်က သူမကို စိတ်ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်လိုက်၏။


“ မင်းစားပြီးပြီလား ”


“ စားပြီးပြီ ”


“ အိုး ”


ချီဖုန်းပေါ်က ခုနတုန်းက သူမကိုချောင်ကွမ်းရုန်နှင့်အခြားသူများက အတင်းပြောနေတာကြားခဲ့ရသည်ကို တွေးလိုက်ကာ သူမကို ပြောပြသင့်သလားဟု သိချင်မိသည်။ဘယ်လိုဘဲဖြစ်ဖြစ် ထိုစကားလုံးများက တကယ်ကို အကျည်းတန်ပေသည်။ ချောင်ကွမ်းရုန်က အာဏာမရှိသည့်အပြင်  လင်းလန်၏နောက်ခံက လုံလောက်အောင် သန်မာသောကြောင့်သာ မဟုတ်လျှင် ဒါမျိုးအရင်ကဖြစ်ခဲ့ဖူးပါက သူမက လူများ၏ ကွယ်ဝှက်သောလှုပ်ရှားမှုများဖြင့် အနိုင်ကျင့်ခံရပေလိမ့်မည်။


ချောင်ကွမ်းရုန်က ပြောလာ၏။

“ ဘာလို့သူမက အရမ်းမြင့်မြတ်နေရမှာလဲ၊ သူမက ဒီအတိုင်းမရိုးသားတဲ့ မိန်းမတစ်ယောက်ဘဲ ”


“ဘာလဲ၊ ဘာလို့ငါ့ကိုမယုံတာလဲ ငါအကုန်မြင်ခဲ့တာ သူက ယောက်ျားတစ်ယောက်နဲ့ အပြင်ထွက်သွားတာ ”


“ဘာကို ဘာရမှာလဲ။ သူတို့လမ်းပေါ်မှာ ဘာလုပ်နိုင်လဲဟုတ်လား။  မဖုံးကွယ်ထားနဲ့၊ သူတို့ဘာလုပ်မလဲ‌ဆိုတာကို ဦးနှောက်သေးသေးလေးနဲ့တောင် သိနိုင်တယ် ၊ ယောက်ျားနဲ့မိန်းမကြားက ကိစ္စတွေထက် ဘာမှမရှိတော့ဘူးလေ ”


“ သူမအရူးလုပ်တာမခံနဲ့၊ ငါတို့ကွန်မြူနတီထဲမှာဆို သူမရဲ့အပြင်ပန်းပုံစံလောက် လေးနက်မှုရှိတာမဟုတ်ဘူး။ ဟမ့် ဘယ်သူကများ မသိလို့လဲ ”


“ ကွန်မြူနတီမှာ လုပ်နိုင်ဖို့အတွက် သူက ငါ့ကိုတောင် ကလူမြူဆွယ်ခဲ့သေးတယ် ငါကလျစ်လျူရှုခဲ့တာ ”


ချီဖုန်းပေါ်က ချောင်ကွမ်းရုန်၏ ထင်မြင်ချက်ကို သိလိုက်ရက နာကျည်းသွား၏။သူကဘာကြောင့် အခြားသူများကို စော်ကားပုတ်ခတ်ရတာလဲ။


ချောင်ကွမ်းရုန်က သူ့ကို စကားတစ်ခွန်းနှင့်ပင် ပိတ်ပင်လိုက်လေသည်။


“ မင်းက တရားမျှတမှုမရှိတာကို တိုက်ထုတ်နေတာလား။ မင်းကရော သူ့အပေါ်စိတ်မဝင်စားဘူးလို့ ဝန်ခံရဲလား။ ငါထင်တာတော့ မင်းကဒီအတိုင်း သူမနဲ့အိပ်ချင်နေတာလဲ ဟမ့်”


ချီဖုန်းပေါ်၏ ရင်ထဲတွင် ကသောင်းကနင်းဖြစ်သွားလေသည်။ သူကလင်းလန်ကို တကယ်ပင် အရမ်းသဘောကျမိပေသည်။ ပထမဆုံးအကြိမ် သူမကိုတွေ့လိုက်ရကတည်းက သူမက မတူညီသောလူဟု ခံစားလိုက်မိ‌၏။ သူမက သူအိပ်မက်မက်ထားရသော အမျိုးသမီးမျိုးဖြစ်သည်။


Xxxxxx

Part 742


လူတိုင်းက မူးရူးနေကြပြီး သူတစ်ယောက်တည်းဖြစ်နေလျှင် အထီးကျန်မှုကိုခံစားရပေသည်။ တောင်တန်းများကို ထောင်နှင့်ချီတွေ့ကြုံလာပြီးနောက်တွင် လက်တွဲဖော်တစ်ယောက်ရှာရန် ခက်ခဲပေသည်။ သူကအနည်းငယ် လိုအပ်ချက်ကြီးကာ ကြုံရာအမျိုးသမီးတစ်ယောက်ကို လက်မထပ်ချင်ပေ။ သူ၏တန်ဖိုးထားမှုနှင့် ထိုက်တန်သော စိတ်ထားရှိသည့် ဇနီးတစ်ယောက်ကိုသာ ရှာချင်ပေသည်။


သူရှာဖွေကြည့်ပြီးနောက်တွင် နှစ်ပေါင်းများစွာ ရှာမတွေ့ခဲ့ပေ။ သို့သော် သူက လွန်လွန်ကဲကဲဖြစ်တာထက်စာလျှင် လျော့ပါးမှုကိုသာအလိုရှိ၏။ 


ထိုနှစ်က အစည်းအဝေးတွင် ပထမဆုံးအကြိမ်အဖြစ် လင်းလန်၏မိန့်ခွန်းကို သူကြားလိုက်ရသောအခါ သူအဲ့ဒါကို ရှာတွေ့ပြီဟု ခံစားလိုက်မိသည်။


ထိုအချိန်တုန်းက သူလူအုပ်ကြီးထဲတွင် အကြိမ်တစ်ထောင်လောက် လှည့်ကြည့်လိုက်သောအခါ ထိတ်လန့်မှုတစ်ခုကို ခံစားလိုက်ရပေသည်။ ရုတ်တရက် အလင်းရောင်မှိန်မှိန်လေးအောက်က လူအား ပြန်ကြည့်လိုက်မိသည်။


သို့သော် သူဘာကိုမှ မပြောရဲ‌ခဲ့ပေ။ နောက်ဆုံးတွင် သူမက တခြားသူ၏ဇနီးတစ်ယောက်ဖြစ်နေပြီဖြစ်၏။ အလုပ်ကိစ္စများဆွေးနွေးခြင်းဖြင့်သာ သူမဆီကို ချဉ်းကပ်နိုင်ပြီး စာရေးပို့နိုင်ပေသည်။


သူမသည်လည်း သူကဲ့သို့ပင် ခံစားမိ‌စေရန်၊.. သူကသာ သူမနှလုံးသားကို မျှဝေနိုင်သော ယောက်ျားဟုခံစားမိပါ‌ရန် သူဘယ်လိုများ ‌ဆုတောင်းခဲ့ရသလဲ။ သူတကယ်ပင် လက်တွဲဖော်တစ်ယောက်ရှာချင်မိပေသည်။ အခြားသူများလို ဘဝအသက်မမဲ့ချင်ပေ။


သူက ကောင်းကောင်းဖုံးကွယ်ထားနိုင်သည်ဟု အမြဲတမ်းထင်ထားခဲ့ပေသည်။ ချောင်ကွမ်းရုန်က ဘယ်လိုသတိထားမိသွားတာလဲ။ သူမရောသိသွားမှာလား။ သူမရဲ့တုံ့ပြန်မှုက ဘယ်လိုဖြစ်နေမလဲ။ သူမက သူ့ကိုအထင်သေးမှာလား.....ဒါမှမဟုတ် သူ့လိုဘဲ သူ့အပေါ် ထင်မြင်ချက်ကောင်းရှိနေမလား။


သူ့အကြည့်ကို ခံစားမိလိုက်ကာ လင်းလန်က ပြုံးပြလာ၏။

“ ဘာဖြစ်လို့လဲ ”


ချီဖုန်းပေါ်က ခေါင်းခါပြလိုက်သည်။

“ ဘာမှမဟုတ်ပါဘူး။ အခြားသူတွေက မင်းကိုမကောင်းပြောနေကြတော့ ငါဒေါသထွက်လို့ပါ ”


လင်းလန်ကပြုံးကာ မျက်လုံးလှန်လိုက်၏။

“ ကျေးဇူးတင်ပါတယ် ရဲဘော်ချီ။ ဒါပေမယ့် ဒေါသထွက်မနေပါနဲ့ ပါးစပ်ဆိုတာ တစ်ယောက်ယောက်‌အပေါ်တော့ ပြောနေကြမှာဘဲလေ ”


သူမမျက်လုံးများမှ စီးဆင်းလာသော အပြုံးများသည် ချီဖုန်းပေါ်၏မျက်လုံးများအား အရောင်လက်လာစေကာ သူမ၏မျက်လုံးများထဲတွင် ကြယ်များရှိနေသလို ခံစားလိုက်ရလေသည်။ သူခဏလောက်ယစ်မူးသွားကာ သူ့ရင်က တဒုတ်ဒုတ်ခုန်နေ၏။


လင်းလန်က ဂရုမစိုက်တော့ဘဲ ဝမ်ဖုန်းရှာကို စကားလှည့်ပြောလိုက်သည်။


ချီဖုန်းပေါ်က ရုတ်တရက်ပင် တစ်ခုခုပြောချင်လာပေသည်။ သူကချောင်ကွမ်းရုန်၏ မှတ်ချက်များကြောင့် လှုံ့ဆော်ခံလိုက်ရတာလား မသိတော့ပေ။ ဒါမှမဟုတ် ....... ဘယ်လိုဘဲဖြစ်ဖြစ် ရုတ်တရက်ပင် သူကထိန်းမထားနိုင်တော့ပေ။


သို့သော် သူဘယ်တုန်းကမှ အခွင့်အရမရခဲ့ပေ။ အကြောင်းမှာ လင်းလန်က သူနှင့် ဆက်ဆံရေးကောင်းရှိသလို ဝမ်ဖုန်းရှာ၊အခြားသူများနှင့်လည်း ဆက်ဆံရေးကောင်း၏။ သူတို့အားလုံးက အတူတူရှိနေကြကာ တစ်ယောက်တည်း တစ်ခုခုပြောရန် အခွင့်အရေးမရှိပေ။


သူစာကိုသာ ဆက်ရေးရမလားဟု သိချင်မိပေသည်။


မျက်စိတမှိတ်အတွင်းမှာပင် အချိန်နှစ်ရက်ကို ကျော်လွန်ခဲ့လေသည်။


နေ့လယ်ခင်းအစည်းအဝေးတွင် ငြင်းခုန်မှု များပြားခဲ့သောကြောင့် အစည်းအဝေးပြီးသောအခါ ညစာကနှောင့်နှေးသွားလေသည်။ ထို့ကြောင့် အစည်းအဝေး၌ ဘယ်လောက်ပင်ဆူညံနေပါစေ သူတို့အားလုံးကစားသောက်ရန် ကန်တင်းဆီအတူသွားလိုက်ကြ၏။


လင်းလန်က အလန့်တကြားဖြစ်သွားကာ သူတို့ကိုအရင်သွားနှင့်ရန် ပြောလိုက်ပြီး သူမက သန့်စင်ခန်းဆီသွာစလိုက်သည်။


သူမလက်ဆေးရန်ထွက်လာသောအခါ 

ချီဖုန်းပေါ်က အပြင်မှာရပ်နေသည်ကို တွေ့လိုက်ရလေသည်။


“ မစ္စတာချီ ရှင်ဘာလို့ သွားမစားသေးတာလဲ ”


ချီဖုန်းပေါ်က ပြုံးကာ ပြန်ဖြေ၏။

“ မင်းကိုစောင့်နေတာလေ ”


“ အဲ့ဒါက ခြေလှမ်းနည်းနည်းလောက်ဘဲ ဝေးတာပါ ရှင်ကဘာလို့ စောင့်ပေးနေရတာလဲ ”


လင်းလန်က သူတို့ကို ညစာစားဖို့ မြန်မြန်သွားကြရန် အမူအရာပြလိုက်သည်။


“ အစည်းအဝေးကနေ ကျွန်မတကယ် ပင်ပန်းနေပြီ ဗိုက်ဆာနေပြီ ”


တော်လှန်ရေးကော်မတီ၏ အစားအစာများသည် ကွန်မြူနတီထက်ပိုကောင်းကာ လုံလောက်အောင်အရသာရှိပေသည်။


ချီဖုန်းပေါ် :“ ဟေ့ လင်းလန်ရေ ဖြည်းဖြည်းသွားပါဟ မင်းဘာလို့အလျင်လိုနေရတာလဲ ”


လင်းလန် :“ အရမ်းနောက်ကျနေပြီလေ ”


ကန်တင်း၏ဝင်ပေါက်တွင် လူအများအပြားရှိနေတာကြောင့် သူမကအရှိနါလျှော့လိုက်ကာ ကောင်းကင်ကိုကြည့်လိုက်၏။


“ ဒီနေ့အတော်လေးနှေးတာဘဲ ”


အစည်းအဝေးက မနက်ဖြန်မနက်တွင် ပြီးဆုံးမည်ကာ သူမနှင့်ဟန်ချင်စုန့်က သူမကိုနေ့လယ်တွင် လာကြိုရန် စီစဉ်ထားကြပေသည်။ ရိုးရိုးသားသား ပြောရလျှင် သူမတကယ်ပင် သူ့ကိုလွမ်းနေပေသည်။ နေ့တိုင်းအတူရှိနေခဲ့တုန်းက သတိမထားမိသော်လည်း အဆောင်ရှိ သစ်သားကုတင်ပေါ်တွင် သီးခြားဆီအိပ်ကြရသောအခါ တကယ်ကို သက်တောင့်သက်သာမဖြစ်ပေ။


သူနှင့်အတူအိပ်ခဲ့စဉ်ကမူ အိပ်မပျော်တဲ့ရောဂါကို ဘယ်တုန်းကမှမသိခဲ့ပေ။

အခုတော့ကောင်းရော၊ အချိန်အကြာကြီးလှဲနေလျှင်တောင်မှ သူမအိပ်မပျော်နိုင်ပေ။


မနက်ဖြန်ညတွင် အိမ်ပြန်ဖို့ကိုတောင် သူမစိတ်ပိုင်းဖြတ်ပြီးပြီဖြစ်သည်။ အကယ်၍သူသာ အခြားတောင်းဆိုချက်များရှိပါက သူမကဒီအတိုင်း သူ့နောက်သာလိုက်သွားပေမည်။ ဤအကြောင်းကိုတွေးလိုက်သောအခါ သူမနှုတ်ခမ်းထောင့်များတွင် အပြုံးတစ်ခုဖြစ်ပေါ်လာလေသည်။


ချီဖုန်းပေါ်က သူမကို ခနလောက်ကြည့်နေလိုက်ကာ ရုတ်တရက်ဝမ်းနည်းသွားလေသည်။ ဘာကြောင့်မှန်းမသိ သူ သူမကို ပိုပိုပြီးသိချင်လာမိသည်။ သူမကအလွန်ထူးချွန်‌၏။ သူမထွက်ပေါ်လာသည်နှင့် သူ့အာရုံစိုက်မှုကို ဆွဲဆောင်ထားကာ အမြဲတမ်းသူမကို တစ်ခုခုပြောချင်နေအောင် လုပ်နေပေသည်။


ဒီအချိန်တွင် လူတစ်ယောက်က ကန်တင်းမှထွက်လာကာ စိတ်လှုပ်ရှားစရာကောင်းစွာ စကားအခြေအတင်လုနေခဲ့၏။ သူကလှုပ်ရှားမှုကြီးကြီးလုပ်လိုက်ကာ မတော်တဆပင် လင်းလန်ကို ဝင်တိုက်မိသွားလေသည်။ 


ချီဖုန်းပေါ်က သူမကိုကာကွယ်ရန်လအလျင်အမြန်ပင် လက်ဆန့်ထုတ်လိုက်၏။ 


“ သတိထားလေ မင်းလူတစ်ယောက်ကို ရိုက်မိတော့မလို့ ”


“ ဟားဟား ကျွန်တော်တောင်းပန်ပါတယ် ရဲဘော်လင်း မင်းအဆင်ပြေရဲ့လား ”


လင်းလန်က လက်ခါပြလိုက်သည်။


“အဆင်ပြေပါတယ် အရာရှိချီ ကျွန်မဘာမှမဖြစ်ဘူး စားဖို့သွားရအောင် ”


သူမကိုကာကွယ်ပေးနေသော ချီဖုန်းပေါ်၏ပုံစံက အနည်းငယ် မရေမရာဖြင့်ဒွိဟဖြစ်စေသည်ဟု ခံစားနေရ၏။ ထို့ကြောင့် သူမကအလျင်အမြန်ပင်  အကွာအဝေးခြားလိုက်ကာ အရင်ဆုံးကန်တင်းဆီ ဝင်သွားလိုက်သည်။


ဒီအချိန်တွင် ဝမ်ဖုန်းရှာက သူမကိုနှုတ်ဆက်လာ၏။ 


“ အရာရှိလင်း၊ အရာရှိချီ ကျွန်မဒီမှာ ရှင်တို့ကို အကြာကြီးစောင့်နေတာ ”


လင်းလန်က အရင် ဝင်သွားလိုက်သည်။


 အနောက်တွင်ရှိနေသော ချီဖုန်းပေါ်က ရုတ်တရက်ပင် သူ့နောက်ဘက်၌ အလင်းရောင်တစ်ခုကိုခံစားလိုက်ရဖြင့် လှည့်ကြည့်လိုက်ရာ သိပ်မဝေးသောနေရာတွင် အရပ်ရှည်ကာ ကြံ့ခိုင်သောသော ယောက်ျားတစ်ယောက်ကို မြင်လိုက်ရ၏။ သူကဟန်ချင်စုန့်ကို မှတ်မိကာ နှုတ်ဆက်ချင်သော်လည်း မနှုတ်ဆက်နိုင်ပေ။ ထို့ကြောင့် နောက်လှည့်ကာ ကန်တင်းဆီသာဆက်လျောက်သွားလိုက်သည်။


Xxxxxx