Part 777
ရှောင်ဝမ်က လုံးဝကိုပျော်သွားလေသည်။
ဟင်းပွဲက ကြည့်ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ လူတိုင်းက စားရသည်ကိုကြိုက်နေသရွေ့ ကိစ္စမရှိပေ။
လင်းလန်:“ ဒါကငါတို့မိသားစုရဲ့ဟင်းပွဲပဲ ဒီဟင်းက အချစ်တွေနဲ့ ပြည့်နေတာ။ ဘယ်လိုချက်ရလဲဆိုတာကို မသိရင်တောင်မှ အချစ်တွေရှိနေသရွေ့ အရသာရှိနေလိမ့်မယ်။ ဟုတ်တယ်မလား တဝမ်”
တဝမ်:“...ဟုတ်တယ်”
ဒါကြောင့် ကျွန်တော့်ကိုအမြဲချက်ခိုင်းနေတာလား။
ရှောင်ဝမ်က မျက်လုံးများကွေးလာသည်အထိ ပြုံးလိုက်သည်။
“ သားက ဟင်းသီးဟင်းရွက်အားလုံးကို စကားပြောပြီးတော့ ကျေးဇူးတင်ခဲ့တာ။ သူတို့တွေက သူတို့တန်ဖိုးကိုအသုံးချပြီး သားတို့ စားတာကိုအလိုရှိကြတယ်တဲ့”
သူက ထမင်းပန်ကန်လုံးကိုကိုင်လိုက်သည်။
“ သဘာဝတရားကြီးရဲ့ လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ်”
လူတိုင်းကလည်း သူ့နောက်မှလိုက်ကာ သူတို့လက်များကိုဆုပ်လိုက်ကြပြီး သဘာဝတရားကြီး၏ လက်ဆောင်အတွက် ကျေးဇူးတင်လိုက်ကြသည်။ ဤထမင်းတစ်နပ်က အလွန်စိတ်ကျေနပ်စရာဖြစ်ကာ စန်းဝမ်၊ ဖန်းရှောင်နှင့် အခြားသူများကို ပြောပြလို့ရလိမ့်မည်။
သူတို့စကားပြောနေကြစဉ် ဟန်ချင်စုန့်က ခြံထဲသို့ဝင်လာ၏။
လင်းလန်:“ စန်းကော ဒီနေ့အစောကြီးပြန်ရောက်လာပါလား၊ ရှာတွေ့ခဲ့လား”
ဟန်ချင်စုန့်:“စားစရာလိုက်လုတဲ့ လူနှစ်ယောက်ကို ဖမ်းမိခဲ့တယ် ”
အခုကာလတွင် လူတွေစားသောက်ရန် မတတ်နိုင်သည့် ကာလမျိုးမဟုတ်သောကြောင့် လင်းလန်က နားမလည်နိုင်ပေ။
သို့သော်ငြား ဟန်ချင်စုန့်က ဒီလိုကိစ္စမျိုးကို အိမ်တွင်ဆွေးနွေးလေ့မရှိပေ။ ထို့ကြောင့် လင်းလန်ကမေးမနေတော့ဘဲ မြန်မြန်လာစားရန်ပြောလိုက်သည်။
ဟန်ချင်စုန့်က ကိုယ်လက်ဆေးကြောကာ ထိုင်လိုက်သည်။ ပုံမှန်အတိုင်းပင် တဝမ်အား စစ်တန်းလျားမှကိစ္စများကို မေးလာ၏။ တဝမ်ရန်ဖြစ်သည်ကို ကြားလိုက်ရသောအခါ သူ့တွင်ဘာထင်မြင်ချက်မှမရှိပေ။ ၎င်းကလေ့ကျင့်ရေးဆင်းရာ၌ ပုံမှန်ပင်ဖြစ်သည်။
လင်းလန်က တဝမ်တစ်ယောက်သူ့အဖေနှင့် စကားပြောရာတွင် စိတ်လှုပ်ရှားနေသည်ကို မြင်သောအခါ ဟန်ချင်စုန့်ကိုပြောလိုက်သည်။
“ အရင်စားလိုက်လေ အေးသွားမယ်”
သူမက သူ့အတွက်ချန်ထားသည့် ပန်ကိတ်စတူးအိုးလေးကို ချပေးလိုက်သည်။
ဟန်ချင်စုန့်က အိုးထဲရှိအရွက်မျိုးစုံနှင့်နှပ်ထားသော ပန်ကိတ်ပေါင်းများကိုကြည့်ကာ ဘာမှမပြောလာဘဲ တိတ်တဆိတ်သာ စားလိုက်သည်။
လင်းလန်က သူ့ကိုစန်းဝမ်အကြောင်းပြောပြလိုက်သည်။ စန်းဝမ်အကြောင်းပြောလိုက်ပြီးနောက် သူမက တဝမ်အားမေးလာ၏။
“ သားဒီရက်ပိုင်းမှာ အပြင်သွားထားတော့ အိမ်စာတွေကို အမှီလိုက်နိုင်ပါ့မလား”
မိုင်စွေ့က ပြုံးကာဝင်ပြောလာ၏။
“ မားမား အားဝမ်နဲ့ သမီးရှိတာဘဲ၊ အကိုကြီးရဲ့အိမ်စာတွေကို ပစ်မထားပါဘူး ”
တဝမ်၏အိမ်စာအခြေအနေမဆိုးဝါးပေ။ သေချာပေါက် အလယ်ဆင့်၌ရှိ၏။ စာမေးပွဲ ဖြေရမည်ဆိုပါက သူကအင်အားထုတ်လာကာ အံ့အားသင့်စေမည့် လှုပ်ရှားမှုကိုပြုလုပ်ရာတွင် အာရုံစိုက်လိမ့်မည်။ သူကဖြေးဖြေးချင်းနှင့် ထိပ်ဆုံးဆယ်ယောက်စီ ဝင်လာလေ့ရှိသည်။
မိုင်စွေ့နှင့် အားဝမ်တို့ကမူ ပထမနှင့်ဒုတိယကို ဗိုလ်လုနေကြ၏။
ကလေးများက သတိရှိသည်ကိုမြင်သောအခါ လင်းလန်က စိတ်သက်သာသွားလေသည်။
ညအိပ်ရာဝင်မည့်အချိန်တွင် ဟန်ချင်စုန့်က သူ့အိတ်ထဲမှ လက်ချောင်းအရွယ်ရှိသည့် ကျောက်များကိုထုတ်ကာ လင်းလန်ကိုပေးလာ၏။ ထိုကျောက်များက အပြာ၊ ခရမ်းပြာ၊ စိမ်းပြာရောင်တို့ရှိကာ အလင်းဖောက်နိုင်ကြပြီး ချစ်စရာကောင်း၏။
လင်းလန်၏မျက်လုံးများက အရောင်ထွက်လာကာ အမြန်ပြေးသွားလိုက်သည်။
“ စန်းကော ရှင်ဘယ်ကရလာတာလဲ”
ဟန်ချင်စုန့်:“ မြစ်ထဲကို ဆင်းပြေးသွားတဲ့ လူဆိုးတစ်ယောက်ရှိတယ်၊ သူ့ကိုလိုက်ဖမ်းရင်းနဲ့ တွေ့ခဲ့တာ”
လင်းလန်က ပြုံးသွားမိကာ မျက်လုံးလှိမ့်လိုက်ပြီး သူ့ကိုဖက်လိုက်သည်။
သူမက သူ့လည်ပင်းကိုနမ်းလိုက်သည်။
“ စန်းကောက တကယ်ကောင်းတာဘဲ”
လူဆိုးဖမ်းရင်းနဲ့တောင် သူ့အတွက် ကျောက်တွေကောက်ခဲ့ပေးတယ်။။
သူမက ပြောလိုက်သည်။
“ မနက်ဖြန်ကျရင် ချင်းရှီကွန်မြူနတီကိုသွားပြီး နည်းနည်းလောက်ထပ်ကောက်နိုင်မလားဆိုတာ ကြည့်လိုက်ဦးမယ်”
ဟန်ချင်စုန့်:“ မရှိတော့ဘူး”
လင်းလန်က မယုံပေ။ :“ ရှင်မမြင်လိုက်တဲ့ တစ်ခုခုရော ရှိမနေနိုင်ဘူးလား ”
သူမက လက်လျော့ရန်ငြင်းဆန်ကာ သွားကြည့်ရန်စိတ်အားထက်သန်နေ၏။
တစ်ခုလောက်ဖြစ်ဖြစ်တွေ့နိုင်တယ် မဟုတ်ဘူးလား။ ဒါ့အပြင် သူကောက်ခဲ့မှတော့ ရွာကအခြားကလေးတွေမှာလည်း ရှိနေနိုင်တာဘဲ။ သူတို့ဆီက ပြန်ဝယ်လို့ရတယ်။
ဤအရာများက နောက်နှစ်30ကျော်လျှင် တန်ဖိုးရှိလာမည်ဖြစ်သောငြား အခုချိန်တွင်မူ လုံးလုံးတန်ဖိုးရှိမနေပေ။ သူမက ဝေါဝေါထို့တစ်ခုတည်းနှင့် လဲမည်ဆိုလျှင်တောင် ကလေးများက အပြေးရောက်လာကြမည်ဖြစ်သည်။
ရှေးဟောင်းပစ္စည်းစုတယ်ဆိုတာ ဒီလိုဘဲမဟုတ်ဘူးလား။ တန်ဖိုးမသိခင်နှင့် ဈေးနိမ့်နေချိန်မှာ ဆွဲယူထားပြီး နောင်နှစ်များစွာကြာပါက အဖိုးတန်လာလိမ့်မည်။
သူမက ကျောက်တုံးအနည်းငယ်နှင့် ကစားနေကာ မီးရောင် ထောင်ကြည့်လိုက်သည်။ ကျောက်များထဲမှ တစ်ခုက ကောင်းကင်ပြာနှင့်တူကာ ပင်လယ်ပြာကြီးနှင့်လည်း ဆင်၏။ ၎င်းကအလွန်လှပေသည်။
သူမက စိတ်ကူးယဉ်ဆန်လာ၏။
“ စန်းကော ရှင်ပြောကြည့် ဒီလိုကျောက်မျိုး တွေပြည့်နေတဲ့ တောင်တစ်ခုရှိလိမ့်မယ်လို့ တွေးမိလား”
သူမက ဒေသထဲရှိ တောင်များကို ရေတွက်လိုက်၏။ လူသိများသော တောင်တစ်ချို့စဥ်းစားလိုက်မိသည် သူမအိမ်ရှေ့ရှိ ဖျင်တင်းတောင်ကတော့ သေချာပေါက်မဟုတ်ပေ။ အကြောင်းမှာ သူမ ကျောက်များကို တစ်ခါမှမမြင်ဖူးသောကြောင့်ပင်။ အဲ့ဒီနေရာက အဖွဲ့ဝင်များ မီးခတ်ကျောက်သွားကောက်သည့် နေရာမျိုးဖြစ်လိမ့်မည်။
ဟန်ချင်စုန့်:“ ဒီလိုတောင်မျိုးလား......ကိုယ်သိထားသလောက်ဆိုရင်”
လင်းလန်က နားထောင်နေသော်ငြား ဘာမှမကြားရပေ။
“ စန်းကော ရှင်သိတာဘာလဲလို့”
ဟန်ချင်စုန့်က သူမကိုကြည့်လာ၏။
လင်းလန်က အရမ်းသိချင်နေသောကြောင့် သူ့ကိုနမ်းကာ ကလေးတစ်ယောက်လိုချွဲလိုက်သည်။
“ ကျွန်မကို ပြောပြ”
နူးညံ့ကာ ကျက်သရေရှိသောအသံက ဟန်ချင်စုန့်အား ထုံထိုင်းလာစေလေသည်။
....
ညလယ်တွင် လင်းလန်က သေလုနီးပါးဖြစ်နေပြီဖြစ်သော်ငြား ထိုကျောက်များအကြောင်းတွေးနေဆဲဖြစ်သည်။
“ စန်းကော ဘယ်မှာရှိတာလဲလို့”
ဟန်ချင်စုန့်က သူမကိုဖက်ကာ ဖြေးဖြေးချင်းပြောပြလာ၏။
“ ဒေသရဲ့အရှေ့ဘက်ခြမ်းမှာ ကောင်တီတစ်ခုရှိတယ်။ အဲ့ဒီကောင်တီမှာ ရှောင်ရွှမ်းတောင်ဆိုတာရှိတယ်။ အဲ့ဒီမှာဒီလိုကျောက်တုံးမျိုးတွေ ရှိပုံပေါ်တာဘဲ”
ရှောင်ရွှမ်းတောင်က သူတို့ အခြေစိုက်ရာမှ မိုင်50ကျော်ကွာဝေး၏။ သူတို့ တောရိုင်းခရီးပြိုင်ပွဲအတွက် သုံးရက်ကြာလှည့်ပတ်ခရီးသွားခဲ့ရစဥ်က ထိုနေရာကိုဖြတ်သွားရသည်။ ထို့အပြင် စုံစမ်းစစ်ဆေးရေးနှင် သေနတ်ပစ်ရန် လေ့ကျင့်ရေးဆင်းခဲ့ချိန်ကလည်း ထိုရှောင်ရွှမ်းတောင်ပေါ်ကို သွားခဲ့ရ၏။ တောင်ပေါ်တွင် အနက်ရောင်ကျောက်တုံးများရှိနေကာ နေအလင်းထိုးလာပါက အပြာရောင်တောက်လာ၏။
လင်းလန်က ထထိုင်လာကာ အမှောင်ထဲတွင်တောင် သူ့မျက်လုံးများက အရောင်ထွက်နေ၏။
“ တကယ်လား ”
ဟန်ချင်စုန့်က သူမကို သူ့ရင်ဘတ်ဆီဖိလိုက်သည်။
“ မင်း မပင်ပန်းဘူးလား”
လင်းလန်: ....ဘယ်လောက်ဘဲပင်ပန်းနေပါစေ ကြောက်စရာမလိုဘူး၊ ဘာလို့အိပ်ရမှာလဲ ထပြီးတော့ ကျောက်တုံးတွေသွားကောက်ရမယ်လေ။
“စန်းကော အခုကစပြီး အဲ့ဒီတောင်ကို ကျွန်မသိမ်းလိုက်ပြီလို့ ကြေညာတယ်”
ဟန်ချင်စုန့်:“.....”
Xxxxx
Part 778
လင်းလန်က ကျောက်များကိုကြိုက်သောငြား ဘယ်တုန်းကမှ မဝတ်ခဲ့ဖူးပေ။ ထိုအစား သူမက ကျောက်များကိုသိမ်းကာ ကြည့်လေ့ရှိသည်။ စိတ်ဆင်းရဲနေပါက ထိုကျောက်များကို ကြည့်ရသည်က ပိုကောင်းပေသည်။ စိတ်ချမ်းသာနေလျှင်လည်း ထိုကျောက်များကို ကြည့်လိုက်ပါက ပို၍တောင် စိတ်ချမ်းသာလာလိမ့်မည်။
၎င်းက ရောဂါအားလုံးကို ကုသပေးနိုင်၏။
ဟန်ချင်စုန့်က သူမကို ဖက်လိုက်ကာ ပိုင်မုန့်အကြီးကြီးတစ်ခုလို ဆွဲလာ၏။
“ ခနလောက်စောင့်ပေး၊ နောက်ကျရင် မင်းကျောက်တုံးကောက်ဖို့ ခေါ်သွားပေးမယ်၊ မိုးသည်းသည်းရွာပြီးရင် တောင်တစ်ခုလုံးက ကျောက်တုံးတွေနဲ့ ပြည့်နေမှာ”
လင်းလန်က ဘယ်လိုအိပ်နိုင်ပါ့မလဲ။
သူမက အခုချက်ချင်း ပြေးကောက်ချင်နေပြီဖြစ်သည်။ ထိုအကြောင်းအား တွေး၍အိပ်ပျော်သွားပြီးနောက်တွင် လင်းလန်က ပြုံးဖြီးကာအိပ်ရာနိုးလာ၏။
ဒုတိယနေ့တွင် လင်းလန်က ဟန်ချင်စုန့်နှင့် ချင်းရှီကွန်မြူနတီသို့ လိုက်မည်ဟုဆိုလာ၏။
သူမပြောသည်ကို ကြားသောအခါ ဟန်ချင်စုန့်က သူမ၏ရည်ရွယ်ချက်က ကျောက်တုံးများဖြစ်သည်ကို သိလိုက်သည်။
“ အဲ့ဒီကလူတွေက နည်းနည်းခက်ထန်ကြတယ်၊ နောက်မှသွားကြမယ်လေ”
လင်းလန်က အလေးအနက်ဖြစ်နေ၏။
“ ကျွန်မဝါဒဖြန့်ချီရေးအသင်းကို စစ်ဆေးရမယ်”
ဟန်ချင်စုန့်:“ သူတို့မှာဝါဒဖြန့်ချီရေး မရှိဘူး”
လင်းလန်က ပို၍တောင်အကြောင်းပြချက်ရှိသွား၏။
“ ဘယ်လိုဖြစ်ပြီး ဝါဒဖြန့်ချီရေးအသင်းမရှိရတာလဲ၊ ကျွန်မအဲ့ဒါကိုစစ်ဆေးရမယ်”
ချင်းရှီကွန်မြူနတီက သူတို့ရှန်ရွေ့ကွန်မြူနတီ၏ အနောက်ဘက်တွင်ရှိကာ မိုင်းတွင်းများနှင့် ပိုနီးစပ်သည်။ ထို့ကြောင် ထိုနေရာမှမြစ်နုန်းမြေများတွင် နီလာကျောက်များကောက်ရနိုင်သည်မှာ ပုံမှန်သာဖြစ်သည်။
သူတို့က အရင်ဆုံးကွန်မြူနတီသို့သွားလိုက်ကြသည်။
လင်းလန်က ကန်တင်းသို့သွားကာ ပြောင်းဆံကြမ်းတစ်ချို့ကိုဝယ်ပြီး သူမအိတ်ထဲထည့်လိုက်သည်။ ထို့နောက် ဝန်ကြီးကျွမ်းအား ဝါဒဖြန့်ချီရေးပေါ်လစီများမရှိသည့် ကွန်မြူနတီရှိနေသည်ကို သတင်းပို့လိုက်သည်။ ဝါဒဖြန့်ချီရေးမရှိသောကြောင့် လူများကမိုက်မဲနေဆဲဖြစ်ကာ စားစရာများကို ခိုးယူကြ၏။
သူတို့၏ဝါဒဖြန့်ချီရေးဌာနသည် ညီအစ်ကိုကွန်မြူနတီများအားကူညီရန် တာဝန်ရှိသည်။
အကြောင်းရင်းမှာ လင်းလန်သည် ကောင်တီဝါဒဖြန့်ချီရေး၏ အလံနီကိုင်ဆောင်သူဖြစ်ရုံတင်မက ကြီးကြပ်ရန်အရည်အချင်းရှိကာ ကောင်တီအတွင်းရှိကွန်မြူနတီနှင့် တပ်မဟာအားလုံးကို လမ်းပြပေးရမည်ဖြစ်သောကြောင့် ပြသနာမရှိပေ။
ဝန်ကြီးကျွမ်း :“ လင်းလန် မင်းပင်ပန်းသွားရပြီ”
ဤကွန်မြူနတီထဲ၌ပင် လုပ်စရာလုံလောက်သည်ထက်ပိုနေသော်ငြား လင်းလန်က အခြားကွန်မြူနတီများကိုလည်း ကြီးကြပ်ရ၏။ သူမက အလုပ်ပေါ်လေးစားကာ အလုပ်ကိုချစ်သောလူပင်ဖြစ်သည်။
လင်းလန်:“ ညွှန်မှူးဟန်က ကွန်မြူနတီမျိုးစုံကို ပေါင်းစည်ဖို့ တာဝန်ရှိတယ်မလား။ ကျွန်မကတော့ မကောင်းမှုတွေကိုဘဲ တိုက်ထုတ်နေတာက မလုံလောက်ဘူးလို့ တွေးမိတယ်။ ဝါဒဖြန့်ချီရေးဌာနကလည်း အမှီလိုက်ပြီး ကူညီရမှာပေါ့”
ဝန်ကြီးကျွမ်းက ဆုံးဖြတ်ချက်ချလိုက်သည်။
“အောင်မြင်ပါစေ၊ ကြိုးစားထား။ ဝန်ကြီးဌာနက မင်းအတွက်စားစရာလက်မှတ်ပေးလိမ့်မယ်။
လင်းလန်က ခနလောက်တွေးလိုက်သည်။
“ ဒါဆိုကျွန်မနဲ့အတူ ရဲဘော်တစ်ယောက်ခေါ်သွားလို့ရမလား”
ဝန်ကြီးကျွမ်းက တစ်ချက်စစ်ကြည့်လိုက်ရာ အရာရှိလျိုနှင့် အရာရှိချိုးတို့က လက်ထောက်ဝန်ကြီးချမှတ်ထားသည့်အတိုင်းကွန်မြူနတီအတွင်းတွင် လင်းလန်ပေးခဲ့သည့် တာဝန်များကို လုပ်ဆောင်ရန် အစီအစဉ်များရှိနေ၏။ ချောင်ကွမ်းရုန်တစ်ယောက်သာ ပျင်းရိနေခြင်းဖြစ်သည်။
“ဒါဆိုရင် အရာရှိချောင်ကို မင်းနဲ့အတူ အတွေ့အကြုံယူခိုင်းလိုက်ပါ”
နောက်ဆုံးတွင် သူကအာဇာနည်တစ်ယောက်၏ မိသားစုဝင်ဖြစ်နေဆဲဖြစ်ကာ သူလုပ်ဆောင်နိုင်ပါက ကြိုးစားသင့်ပေသည်။
လင်းလန်ကလည်း စိတ်ထဲမထားပေ။
“ အဆင်ပြေပါတယ်”
ချောင်ကွမ်းရုန်ကလည်း လင်းလန်သူ့ကိုခေါ်သွားမည်ကို ကြားသောအခါ အံ့ဩပြီးရင်း အံ့ဩနေရ၏။
လင်းလန်က သူ့ကိုနှုတ်ဆက်လာ၏။
“ မြန်မြန်လုပ်၊ ငါတို့တွေကို ခေါင်းဆောင်ဟန်ခေါ်သွားပေးမှာ၊ နောက်ကျရင် သူစောင့်ပေးမှာ မဟုတ်ဘူး”
ချောင်ကွမ်းရုန်၏ခြေထောက်များက ပျော့ခွေသွားက လမ်းမလျှောက်နိုင်လုနီးပါးဖြစ်သွား၏။ သူက စက်ဘီးကိုတွန်းလိုက်ပြီး တွန့်ဆုတ်စွာလျှောက်သွားလိုက်သည်။
ဟန်ချင်စုန့်က သူမကိုကြည့်လိုက်သည်။ မမျှော်လင့်စွာပင် သူမကကျောင်းလွယ်အိတ်နှင့်အတူ ပိတ်သားအိတ်တစ်လုံးကိုလည်း လွယ်ထားကာ သူမဘာလုပ်မည်ကို သူမသိရပေ။
သူ့အကြည့်က ချောင်ကွမ်းရုန်ပေါ်တွင် တစ်ချက်ဝေ့သွားသောအခါ ချောင်ကွမ်းရုန်က ကြောက်ရွံ့ပြီး သတိလက်လွတ်နှင့်ရှောင်ချင်လာသည်။
“ကိုယ့်ဘာသာစီးမှာလား”
ဟန်ချင်စုန့်က သူမကိုကြည့်လိုက်သည်။
လင်းလန်:“ ရှင်ဘာလို့ ကျွန်မကို မတင်နင်းသွားမှာလဲ”
တစ်စုံတစ်ယောက်က သူမကိုတင်နင်းသွားချင်သည်ဆိုပါက ဘယ်သူကများစက်ဘီးနင်းရသည်ကို ကြိုက်နေမှာလဲ။
ဟန်ချင်စုန့်ကအဆင်ပြေသည်ဟု တွေးလိုက်မိသည်။ သူမကပေါ့၏။
လင်းလန်က သူ့အား ကိုယ်ပိုင်အထူးထုတ်စက်ဘီးကိုစီးခိုင်းလိုက်သည်။ စက်ဘီးအသစ်က စီးလို့လွယ်၏။ ဟန်ချင်စုန့်ကလည်း မငြင်းလာပေ။
ဟန်ချင်စုန့်က လင်းလန်ကိုတင်နင်းလိုက်ပြီး ချောင်ကွမ်းရုန်က နောက်မှလိုက်လာကာ ချင်းရှီကွန်မြူနတီသို့ သွားလိုက်ကြသည်။
လင်းလန်က အနောက်ဘက်သို့သွားလေလေ လမ်းကပို၍ကြမ်းတမ်းလာသည်ကို တွေ့လိုက်ရသည်။ ထိုအရာက အနောက်ဘက်ရှိကွန်မြူနတီများမှ အခြေအနေသည် ကောင်တီအခြေစိုက်ရာနှင့်နီးသော အရှေ့ဘက်ရှိကွန်မြူနတီများနှင့်ယှဉ်ရင် ပို၍ဆိုးဝါးနေသည်ကို ဖော်ပြနေ၏။
ချမ်းသာမှုက လူများအား လေထိုးသလိုဖောင်းပွလာစေတတ်သလို ဆင်းရဲမှုကလည်း စိတ်ဆင်းရဲစေ၏။
သို့သော် ဟန်ချင်စုန့်သာ သူမကိုတင်နင်းသွားပါက ကိုယ့်ဘာသာစက်ဘီးစီးရသည်နှင့် ယှဉ်လျှင် ပိုလုံခြုံမှုရှိ၏။ပြုတ်ကျမည်ကို စိုးရိမ်နေစရာမလိုပေ။
သူတို့က အရင်ဆုံး ချင်းရှီကွန်မြူနတီ၏ကေဒါများကို သွားတွေ့လိုက်သည်။
လွန်ခဲ့သည့်နှစ်ရက်က သူတို့သည် အများပြည်သူဆိုင်ရာ ဆန်စပါးအစေ့အဆံများ ခိုးယူခံရသည့် ကိစ္စကိုကိုင်တွယ်ခဲ့ကြသည်။ ပြောကြသည်မှာ လူတစ်စုကမျက်နှာအုပ်ကာ ဆန်စပါးထိန်းချုပ်ရေးရုံးမှ ခိုးရန်လုပ်နေစဉ် ညလှည့်ကင်းများက သူတို့ဖောက်ထွင်းနေသ ည်ကို တွေ့သွား၏။ စစ်ဝန်ထမ်းများရောက်လာချိန်တွင် ဤလူများက ဆန်စပါးများကို သယ်ပြေးသွားပြီဖြစ်သည်။ သို့သော် တရားခံတစ်ယောက်ကိုမူ ဖမ်းမိသွား၏။ ဟန်ချင်စုန့်က လူများကိုခေါ်ကာ ဒီကိုရောက်လာပြီး စုံစမ်းလိုက်ပြီးနောက်တွင် ရွာမှ လူအနည်းငယ်ကိုဖမ်းဆီးလိုက်၏။ သူတို့၏အိမ်တွင် ဆန်စပါးများကို တွေ့လိုက်ရပေသည်။ တစ်ယောက်ကိုဖမ်းဖိပါက တစ်အုပ်လုံးဆွဲထုတ်နိုင်ပြီဖြစ်သည်။ ဟန်ချင်စုန့်က နောက်ပိုင်းကိစ္စများကို ဂရုစိုက်စရာမလိုပေ။ သူက အခက်ခဲဆုံးဖြစ်ည့် အစပိုင်းကိုသာ ဖြေရှင်းပေးရမည့် တာဝန်ရှိကာ ကျန်အပိုင်းများကို သူတို့ဘာသာလုပ်သွားလိမ့်မည်။
ဤတစ်ချိန်တွင် သူတို့က စားစရာများခိုးခံရသည့် ရှောင်ကျားရွာကိုသွားလိုက်ကြသည်။
Xxxxxx