Part 853
ရှောင်ဝမ်က သူတို့ကို တည်ငြိမ်စွာ ကြည့်လိုက်ပြီး လင်းလန်ကိုပြော၏။
"မားမား... မားမားနဲ့အဖေ သွားစိုက်စရာလိုတဲ့အခါ သားတို့ ရွှေသွားတွေ မလိုချင်ဘူး... ဒုတိယအစ်ကိုက ရွှေက ပျော့ပျောင်းပြီး အကိုက်ခံရတာကို ခံနိုင်ရည်မရှိဘူးလို့ ပြောတယ်... အဲ့ဒီချိန်ကျရင် သားတို့ စိန်တွေ စိုက်ကြမယ်"
လင်းလန်: "ဟားဟား...ဝတ္တရားသိလိုက်တဲ့သားလေး... အမလေး ငါမရတော့ဘူး...စန်းကော ကျွန်မကိုကူညီပါဦး"
ဟန်ချင်စုန့်က ကြင်နာစွာဖြင့် လက်တစ်ဖက်ကို ငှားကာ သူမပခုံးပေါ်တင်ပြီး ခါးကိုတောင် လှမ်းကိုင်လိုက်သေးသည်။
လင်းလန်က မျက်ရည်တွေကျလာသည့်အထိ ရယ်မောရင်းပြောလိုက်၏။
"ရှောင်ဝမ်ကော...ကောရေ... ငါတို့ကို ထမင်းစားခွင့်ပေးပါလား"
ရှောင်ဝမ် : "မားမား... သားလည်းစားချင်တယ်... ဒါပေမဲ့ သားမှာ သွားတွေမရှိဘူး... သားတို့အတူတူစားဖို့ သဘောတူထားတယ်လေ"
တဝမ်က ရှောင်ဝမ်ကို တစ်ချက်ကြည့်လိုက်ပြီး အကြောင်းတစ်ခုခုကြောင့် သူက စန်းဝမ်လိုမျိုး ကြီးပြင်းလာသည်လို့ အမြဲခံစားခဲ့ရသည်။ဒီကလေးက လူလိမ်လူညစ်လေးဖြစ်လာတော့မှာလား...
မိုင်စွေ့က ရှောင်ဝမ်ကို ထိတ်လန့်နေသောမျက်နှာဖြင့် ကြည့်လိုက်သည် ။အတိတ်ကဖြူစင်သော သူမမောင်လေးသည် အလွန်ချစ်စရာကောင်းပြီး ကောင်းကောင်းပြုမူတတ်၏။ သွားများသည် ဤမျှကြီးမားသော အခန်းကဏ္ဍမှ ပါဝင်နေခဲ့သည်လား။
အားဝမ်က ပြုံးပြီးပြော၏။
"မင်းရဲ့ သွားတွေက ပေါက်နေပြီ... မကြာခင် ပြန်ကောင်းလာလိမ့်မယ်"
ပေါက်ပြီးသည့်အခါ ပုံမှန်ဖြစ်လာပေလိမ့်မည်။
ရှောင်ဝမ်က ခေါင်းညိတ်ကာ ပြုံး၍ပြောသည်။ "ဟုတ်...ညစာစားရအောင်...စန်းတိ အိမ်ပြန်ရောက်ရင် သွားတွေကလေးရှိလာလိမ့်မယ်"
တစ်မိသားစုလုံး: ...
ဘာကိုကလေးလဲ...ထောက်ရှားဝက်သားကြော်စားချင်နေတာလား
(T/N–ထောက်ရှားပင်ကို အမျိုးသမီးတွေ ကိုယ်ဝန်ရဖို့ကြိုးစားရာမှာ ဖြည့်စွက်စာအဖြစ်သုံးကြပါတယ်တဲ့)
လင်းလန် ယာဂုသောက်ရန် ပန်းကန်ကို ကောက်ယူပြီးနောက် ရှောင်ဝမ်၏ တိတ်ဆိတ်စွာ သက်ပြင်းချသံကို ကြားလိုက်ရကာ လက်မတုန်သွားဘဲမနေနိုင်ခဲ့ပေ။
ဟန်ချင်စုန့်က သူမ၏လက်ကို ဆုပ်ကိုင်လိုက်သည်။
ရှောင်ဝမ်က သက်ပြင်းချရင်း
"ဒီနှစ်ချောင်းက ကြီးမလာသေးဘူး... နောက်ထပ်ထွက်ကျဖို့ တန်းစီနေတာတွေက အများကြီးရှိသေးတယ်... ဟေး အမျိုးသမီးတက္ကသိုလ်က ဆက်နေရမဲ့နေရာမဟုတ်ဘူး"
(သူက ကလေးမွေးတာနဲ့တင်စားပြောနေတာပါ)
မကြာသေးမီကထုတ်လုပ်ရေးအဖွဲ့တွင် သူများစွာသင်ယူခဲ့သည်။
မိုင်စွေ့နှင့် လင်းလန် နောက်ဆုံးတွင် မထိန်းနိုင်တော့ဘဲ သားအမိနှစ်ယောက် ခေါင်းကိုမော့ကာ ရယ်မောကြ၏။ ဗိုက်နှိပ်၍ပါရယ်နေကြပြီး သူမမခံနိုင်တော့မှန်းသိသာနေသည်။
ဟန်ချင်စုန့်၏ မျက်လုံးထောင့်များ လှုပ်ခါသွားပြီး ရှောင်ဝမ်ကို တစ်ချက်ကြည့်ကာ ရင်းနှီးသလို ခံစားလိုက်ရသည်။ သူက တစ်ချိန်လုံး စကားမပြောဘဲနေခဲ့သော်လည်း ယခု သည်းမခံနိုင်တော့ဘဲ မသောက်ရသေးသော ယာဂုပန်းကန်ကို ယူကာ ရှောင်ဝမ် ရှေ့မှာ ထိကာပြောလိုက်၏။
"သွားမရှိရင် ယာဂုသောက်"
ရှောင်ဝမ် သူ့အဖေဆီက ဂရုစိုက်မှုနှင့် ကြီးကျယ်မြင့်မြတ်လှသည့် အကြည့်များကို ခံစားရပြီး ပြုံးလိုက်သည်။ သူက ပြုံးပြကာ သူ့သွားကျိုးလေးကိုပြပြီးဆိုလိုက်၏။
"အဖေ ကြည့်ကြည့်...သားသွားတွေက မဖြူဘူး"
ဟန်ချင်စုန့် : "!!!"
မင်း သွားတွေကိုကျေးဇူးတင်သင့်တယ်...
ရှောင်ဝမ် တစ်စားပွဲလုံးကလူများကို ဗိုက်နာသည်အထိ ရယ်မောစေခဲ့ပြီး ကျန်နှစ်ယောက်ကိုမူ သွားကိုက်လာသည်အထိ ပြောစရာစကားမဲ့သွားစေခဲ့သည်။ ထိုအချိန်တွင် သူက ဖြည်းညှင်းစွာ စားသောက်နေပြီဖြစ်သည်။
လင်းလန် : "ငါ့ဝမ်းဗိုက်ကြွက်သားတွေက ငါ့ကို အကျယ်ကြီးရယ်အောင်လုပ်နေတယ်"
မိုင်စွေ့က မျက်ရည်တွေကို သုတ်လိုက်ပြီး ဗိုက်ကို ပွတ်ရင်း ဗိုက်နာသည်အထိရယ်နေခဲ့၏။အားဝမ်က တစ်ကိုယ်လုံးပေါ်ဂျုံယာဂု မှောက်ကျသွားပြီး အဝတ်အစားလဲရန် အမြန်သွားခဲ့သည်။
တဝမ်က သူ့လက်ကို မြှောက်လိုက်ပြီး ရှောင်ဝမ့်ခေါင်းကို ပွတ်ကာပြောလိုက်၏။
"ပိန်မနေပါနဲ့... ပိန်ရင် သွားတွေ ပေါက်မှာ မဟုတ်ဘူး"
ရှောင်ဝမ် : "မဟုတ်ဘူး...တတိယအစ်ကိုရဲ့ သွားဖြူကြီးတွေကို ကြည့်... ဘယ်လောက်တောင် ကြီးထွားလာသလဲလို့"
တဝမ်: ……
ပြောစရာစကားမဲ့သွား...
မိုက်မဲသော ပါးစပ်အတွက် အကူအညီ မရှိပါချေ။
စားသောက်ပြီးခါနီးတွင် ရှန်ယွီ ရောက်လာပြီး သူတို့၏ မိသားစုဝင်တစ်ဦးစီ၏ ပုံပျက်ပန်းပျက် အမူအရာများကို မြင်လိုက်ရသဖြင့် အတွင်းစိတ်က ရေရွတ်လိုက်သည်။
လင်းလန် : " ရှန်ယွီ စားပြီးပြီလား "
ရှန်ယွီက ပြုံးပြီးပြော၏။
"မစားရသေးဘူးဗျ"
လူတိုင်းက နှုတ်ဆက်ကြပြီး တဝမ်က ရှန်ယွီကို ထိုင်ခိုင်းပြီး ခဏလောက် ထိုင်နေလိုက်သည်။
လင်းလန်က ယာဂုရှိသေးသည်ကို မြင်သောအခါ သူ့ကို တစ်ပန်းကန်ပေးလိုက်၏။ စားပွဲပေါ်မှာ အသီးအရွက်များလည်းရှိပြီး သူစားရန် တူတစ်စုံ ပေးလိုက်သည်။
ရှန်ယွီက မငြင်းဘဲ ယာဂုသောက်ရန် ထိုင်လိုက်သည်။
သူတို့ စန်းဝမ်အကြောင်းနှင့် အာရှအားကစားပြိုင်ပွဲအကြောင်းကို ခဏလောက်ပြောခဲ့ပြီး မိုင်စွေ့၏ စာစီစာကုံ တေးရေးပြိုင်ပွဲအကြောင်းလည်းပြောခဲ့၏။
တဝမ်နှင့်အားဝမ်က စားပွဲကို ရှင်းလင်းပြီး အားလုံးက စားပွဲမှာ ထိုင်ပြီး စကားပြောကြသည်။
လင်းလန် ယခုရက်ပိုင်းတွင် ဆပ်ပြာစက်ရုံသို့ သွားရန် အချိန်မရှိခဲ့ပေ။သို့ရာတွင် မည်သို့ပင်ဖြစ်စေကာမူ သူမရှန်ယွီအတွက် စိတ်မပူခဲ့ပေ။
ရှန်ယွီနှင့် အတူ ပါလာသော ပညာတတ်လူငယ်များနှင့်ချီမင်တို့မိသားစုက မြို့သို့ အလုပ်သမားများ ပြန်လည်ခေါ်ယူရန် အဆက်အသွယ်တစ်ခုကို တွေ့ရှိခဲ့သည်။ ကျောက်မင်ကျယ်က ၎င်းတို့အား ကောလိပ်တက်ရန် အကြံပြုခဲ့သော်လည်း ယခုနှစ်တွင် လူသစ်နှစ်ဦး ရောက်ရှိလာခဲ့သည်။ယခု ပညာတတ်လူငယ်များ ဤသို့ရောက်လာသောအခါ တပ်မဟာက လယ်မလုပ်ခိုင်းဘဒ ဆပ်ပြာစက်ရုံမှာ ကူညီခိုင်း၏။ ဆပ်ပြာစက်ရုံကြောင့် ယခုအခါ တပ်မဟာတွင် မျိုးစေ့၊ ဓာတ်မြေသြဇာနှင့် လယ်ယာသုံး စက်ကိရိယာများ တိုးပွားရန် ငွေရှိလာပြီး ကွန်မြူနတီ အဖွဲ့ဝင်များ အလုပ်သွားလုပ်နိုင်သောကြောင့် သူတို့ အလွန်ဝမ်းသာကြသည်။
"အဖွဲ့ခေါင်းဆောင် ...ကျွန်တော့်မှာ အကြံတစ်ခုရှိတယ်"
ရှန်ယွီက တုံ့ဆိုင်းနေပြီး လင်းလန်ကို ပြောလိုက်၏။
လင်းလန်က ပြုံးပြီး
"ရှန်ယွီ... မင်းက အဖွဲ့ခေါင်းဆောင်ဖြစ်နေပြီ... မင်းဘာလုပ်ချင်လဲ ဌာနခွဲအတွင်းရေးမှူးနဲ့အုပ်ချုပ်ရေးမှူးကို ဆွေးနွေးနိုင်ပြီး အားလုံးနီးပါးက မင်းကို ထောက်ခံမှာပါ"
ရှန်ယွီက စိတ်ချရပြီး တွေးခေါ်မြော်မြင်တတ်သည်ကို သူမသိသည့်အတွက် ကြုံရာကျပန်း အကြံဉာဏ်တွေနှင့်လာမှာ မဟုတ်ပါချေ။
ရှန်ယွီ : "ဒါက ကိစ္စကြီးတယ်... အဖွဲ့ခေါင်းဆောင်နဲ့ အရင်ဆွေးနွေးသင့်တာမလို့ ... ကျွန်တော်တို့ ဆပ်ပြာစက်ရုံက အခု ပိုက်ဆံနည်းနည်းရှိနေပြီဆိုတော့... တပ်မဟာကို ပေးပြီး ဘက်စုံသုံးထွန်စက်တွေ အများကြီးဝယ်ခိုင်းသင့်တယ်"
"ထွန်စက်...ကောင်းတယ်"
လင်းလန်က သဘောတူသည်။
"အဲဒါက ငါတို့မှာ ပိုက်ဆံအလုံအလောက်ရှိလား"
ထွန်စက်က သဘာဝအတိုင်း ကောင်းသည်ပင်။ဤအချိန်မှာ တုန်ဖန်းဟုန်၏ အရည်အသွေးက အလွန်ကောင်းသည့်အတွက် ဝယ်ပြီး နှစ်30လောက်သုံးရန် ပြဿနာမရှိပေ။
လယ်ထွန်စက်ငယ်တစ်စီးလျှင် အနည်းဆုံး ယွမ်နှစ်ထောင်မှ သုံးထောင်အထိ ကုန်ကျပြီး အမျိုးအစားစုံဆိုလျှင် အနည်းဆုံး ယွမ်တစ်သောင်း၊ တစ်သောင်းသုံးထောင်လေးထောင်အထိ ကုန်ကျနိုင်သည်။
ဟန်ချင်စုန့်: "တစ်စိတ်တစ်ပိုင်း ချေးလို့ရတယ်"
Xxxxx
Part 854
ရှန်ယွိက ခေါင်းညိတ်ပြီး ဆို၏။
"ကွန်မြူနတီရဲ့ ချေးငွေတစ်စိတ်တစ်ပိုင်း...ခရိုင်ကလည်း တစ်စိတ်တစ်ပိုင်း ချေးလို့ရတယ်... လုံလောက်တယ်။"
လင်းလန် အတော်လေ ဝမ်းသာနေသည်။ "ဒီတပ်မဟာ စက်ရုံကို ကွန်မြူနတီအဖွဲ့ဝင်တွေတိုးတက်ဖို့ ငါတို့ ကိုယ်တိုင်ဖွင့်ထားတာ...လယ်ထွန်စက်ဝယ်တာက ပိုအဆင်ပြေတာပေါ့...လူတိုင်းပိုသက်သာတယ်လေ"
ထိုသို့မဟုတ်ပါက နှစ်တိုင်း လယ်ထွန်နေရသည်က လူတွေအတွက်တော်သင့်နေပြီဖြစ်သည်။ တိရစ္ဆာန်မလုံလောက်ပါက ယောကျာ်းသားနှင့် မိန်းမသားများက ပင်ပင်ပန်ပန်ကြိုးစားပြီး ထွန်ဆွဲရသည်။ ယင်းက တကယ်ကို ပင်ပန်း၏။
ရှန်ယွီ သူ့အိတ်ကပ်ထဲက စာတစ်ထပ်ကို ထုတ်ယူလိုက်ပြီးဆိုသည်။
"ခေါင်းဆောင်... ကျွန်တော် လျှောက်လွှာရေးခဲ့တယ်"
လင်းလန်က ရယ်မောကာ ချီးကျူးလိုက်သည်။ "ရှန်ယွီက အမြဲတမ်း ကြိုတွေးတောပြီး အပြည့်အဝ ပြင်ဆင်ထားတာပဲ"
သူမကောက်ကိုင်ပြီး ကြည့်လိုက်၏။
"ဒါက တော်တော်ကောင်းမယ်ထင်တယ်... ညွှန်မှူးဟန် ကူကြည့်ပေးပါဥိး"
ဟန်ချင်စုန့်က ၎င်းကို ဂရုတစိုက်ဖတ်ပြီး အသေးစိတ်အချက်လေးတွေကို ထောက်ပြကာ စကားလုံးကို နည်းနည်းပြင်ဆင်လိုက်သည်။
ရှန်ယွီ : "ဒါဆို ကျွန်တော် ပြန်ကူးလိုက်မယ်"
လင်းလန် : "မဟုတ်ဘူး...အားကောကို ကူးခိုင်လိုက်"
သူမက အားဝမ်ကို ထိုစာပေးလိုက်၏။ အားဝမ်၏ လက်ရေးလှက ယခုအတော်လေးကောင်းသည်။
အားဝမ်က ၎င်းကို ပျော်ရွှင်စွာ ယူလိုက်ပြီး ကူကူးပေးခဲ့၏။
ဟန်ချင်စုန့်: "တစ်လက်စတည်း ... ချေးငွေလျှောက်လွှာတင်ပြီး အတူတူ အတည်ပြုပေးလိုက်ပါ"
လင်းလန်က သူမရေးလိုက်မည်ဟုပြောလေသည်။
ရှန်ယွီက သူ့ဘာသူလှမ်းယူကာ "ကျွန်တော် ရေးလိုက်မယ်"ဟုဆို၏။
မိုင်စွေ့က ဘောပင်နှင့် စာရွက်ကို ထုတ်ကာပေးသည်။
"အစ်ကို ရှန်းယွီ ဒီမှာ "
စာအရေးအသားသည် အတူတူခန့်ပင်ဖြစ်သောကြောင့် ရှန်ယွီက လင်းလန်ကို ပြလိုက်ပြီး တစ်လက်စတည်း ပြောလိုက်၏။
"မိုင်စွေ့နဲ့အားဝမ်က ခရိုင်ကို ကျောင်းသွားတက်တော့မှာလား"
လင်းလန်: "တရုတ်နှစ်သစ်ကူးပြီးရင် သူတို့ဆီပြောင်းဖို့ စဉ်းစားနေတာ"
သူမအလုပ်က နေရာတော်တော်များများမှာ ရှိနေကာ ခရိုင်မှာ နေထိုင်ရန် သိပ့အဆင်မပြေသလို တစ်ခါတရံ ကျေးလက်ကို ပြန်သွားရ၏။တကယ်တမ်းတွင် သူတို့က ခရိုင်နှင့်အိမ်နှစ်မျိုးလုံးမှာ နေကြသည်။ ကလေးက ကြီးပြင်းလာသည့်အခါ ရှောင်ဝမ်က သိတတ်ပြီး သူမကို တွယ်ကပ်ခြင်း ရပ်သွားပါလိမ့်မည်။တဝမ်က အိမ်မှာရှိနေသရွေ့ သူမနှင့်ဟန်ချင်စုန့်က ပြန်မလာလည်း ကိစ္စမရှိပါချေ။
အဓိကအကြောင်းအရင်းမှာ စန်းဝမ် မသိဘဲ မပြောင်းချင်သောကြောင့်ဖြစ်၏။ မဟုတ်လျှင် စန်းဝမ် အိမ်ပြန်ရောက်သည့်အခါ ယခင်နှင့်ကွဲပြားနေသည့်နေရာတစ်ခုကို တွေ့သွားပါကအဆင်မပြေပါချေ။ ထိုကလေးက အတိတ်ကို အစွဲအလမ်းကြီးသည်။
လျှောက်လွှာကို အပြီးသတ်ပြီး ပြဿနာမရှိကြောင်း စစ်ဆေးပြီးနောက် လင်းလန်နှင့် ရှန်ယွီ တပ်မဟာသို့သွား၍ အုပ်ချုပ်ရေးမှူး၊ဟန်ရုံဖန်၊အခြားသူများနှင့် အစည်းအဝေး ကျင်းပခဲ့သည်။ ထုံးစံအတိုင်း တညီတညွတ်တည်း အတည်ဖြစ်ပြီးနောက် အုပ်ချုပ်ရေးမှူးက လက်မှတ် ရေးထိုးပြီး တပ်မဟာ အတွင်းရေးမှူးနှင့် အုပ်ချုပ်ရေးမှူး တို့၏ အမည်များကို ရေးထိုးခဲ့သည်။
နောက်တစ်နေ့တွင် လင်းလန်နှင့်ဟန်ချင်စုန့် ရှန်ရွေ့ကွန်မြူနတီသို့ သွားရောက်ပြီး တံဆိပ်တုံးထုရန်အတွက် လျှောက်လွှာပုံစံကို ယူခဲ့သည်။
လက်ထောက်ညွှန်ကြားရေးမှူးယန်က ယခု စကားတစ်ခွန်းမှမပြောနိုင်တော့ဘဲ အလျင်စလို ရိုက်နှိပ်ပြီး ကွန်မြုနတီ၏ စာပို့သမားကို ခရိုင်ရုံးကို ပို့ခိုင်းလိုက်၏။
ခရိုင်တွင် ဟန်ချင်စုန့်နှင့်လင်းလန်အကြား ဆက်ဆံရေးရှိသောကြောင့် ရှန်ရွေ့ရွာက ငွေကိုပြင်ဆင်ထားသရွေ့ အောင်မြင်ရန်လွယ်ကူသည်။
ခရိုင်မှာလယ်ထွန်စက် စက်ရုံမရှိသောကြောင့် ၎င်းတို့အားလုံးသည် ပြည်နယ်မြို့တော်မှ လာကြသည်။ ပြည်နယ်မြို့တော်သည် ပြည်နယ်အတွင်းရှိ တပ်မဟာအသီးသီး၏ ထွန်စက်ခွဲတမ်းများ ပေးဆောင်ရသောကြောင့် ၎င်းတို့ အသီးသီး တန်းစီနေသည်မှာ သုံးနှစ်ရှိပြီဖြစ်သည်။
သူတို့က ပြည်နယ်တော်လှန်ရေးကော်မတီတွင် အဆက်အသွယ်အချို့ရှိသော်လည်း ထွန်စက်စက်ရုံမှ ယခုအကြိမ်သည် လာမည့်နှစ်တွင် အစောဆုံးဖြစ်မည်ဟု ဖြေကြားခဲ့သည်။
ဤအတွက်ကြောင့်ပဲဖြစ်စေ၊ တခြားအကြောင်းတွေကြောင့်ပဲဖြစ်စေ ၎င်းတို့က ပစ္စည်းမရှိဘူးဟု ပြောလျှင် တတ်နိုင်သည့်အရာဘာမှမရှိပါချေ။
ထုံးစံအတိုင်း လင်းလန်နှင့် အခြားလူများက အတင်းအကြပ် မလုပ်နိုင်ကြပေ။ ရိုးရိုးသားသားပြောရလျှင် လယ်ထွန်စက်ရှိပါက ယခုနှစ်မှာ ဂျုံစိုက်ရသည်က ပိုလွယ်သလို တခြားတပ်မဟာတွေဆီကလည်း ငွေရှာနိုင်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ သြဂုတ် ၁၄ ရက်ကို ရောက်ရှိလာခဲ့ပြီး လင်းလန်းက ဆောင်းဦးလယ်ပွဲတော်(လမုန့်ပွဲတော်)ကို ကောင်းကောင်းဖြတ်သန်းချင်ခဲ့သည်။
လင်းလန်နှင့် ဟန်ချင်စုန့် ခရိုင်ကော်မောင် ဟင်းသီးဟင်းရွက်ဈေးသို့ သွားကာ အသားနှစ်ကတ်တီဝယ်ပြီး ပင်လယ်ကဏန်းတစ်ထုပ်၊ ပုဇွန်ခြစ် နှင့် ပင်လယ်ဖရဲစေ့များကို ကူပွန်ဖြင့် ဝယ်ခဲ့သည်။မိုင်နှစ်ရာဝေးသော Xကျွန်းမှ ပင်လယ်စာများသည် ဤရာသီတွင် အရသာရှိသည်။
ဆောင်းဦးနှောင်းပိုင်းတွင် နေ့လည်သုံးနာရီထိုးပြီးနောက် အနည်းငယ်အေးလာသည်။ ဆောင်းဦးရာသီတွင် လေထန်ပြီး သဲထူသောကြောင့် ဟန်ချင်စုန့်က လင်းလန်ကို ဆိုင်ကယ်မမောင်းခိုငအူဘဲ နောက်ခုံထဲတွင်ထိုင်စေကာ လေမတိုက်စေရန် သူမရှေ့တွင် အဝတ်ဖြင့် အုပ်ကာထားသည်။
သူက လင်းလန်၏ဦးခေါင်းမှ ခြေဖျားအထိ ရစ်ပတ်ထားလေ့ရှိပြီး ဤသည်မှာ ညွှန်မှူးဟန်၏ ချစ်ခြင်းမေတ္တာနှင့် ဂရုစိုက်မှုဖြစ်သည်။
သူတို့နှစ်ဦးသည် ဘေးတွဲဆိုင်ကယ်ဖြင့် အိမ်ပြန်ကာ ရှောင်ဝမ်ကို ခေါ်ရန် မူလတန်းကျောင်းတွင် ရပ်လိုက်သည်။သူက ဟောင်ဟုန်ကျန်းနှင့် လေ့ကျင့်နေပြီး အလုပ်သွားစရာမလိုပါချေ။
လင်းလန်လည်း ဆိုင်ကယ်ပေါ်မတက်ဘဲ ရှောင်ဝမ်ကို ခေါ်သွားခဲ့သည်။မော်တော်ဆိုင်ကယ်ကို စက်နှိုးသည် လောင်စာ အများကြီးကုန်သောကြောင့် ဟန်ချင်စုန့်က နောက်ကနေ ဖြည်းဖြည်းချင်း တွန်းကာလိုက်လာ၏။
ရှောင်ဝမ်က ယခု အလုပ်ရှုပ်နေသဖြင့် လင်ူလန်ကိူ တွယ်ကပ်မနေပါချေ။ သူ့အမေရှေ့တွင် အလုပ်များမနေသရွေ့တော့ သူသည် သဘာဝအတိုင်း တွယ်ကပ်နေမည်ဖြစ်သည်။
တပ်မဟာကို ရောက်သည့်အခါ သူ့အိမ်ရှေ့မှာ ရပ်ထားသည့် ဂျစ်ကားကို တွေ့ရပြီး လူသုံးယောက်က သူ့အိမ်၏တံခါးဝမှာ နံရံကို လှည့်ပတ်ကြည့်နေ၏။
အားကစားဝတ်စုံဝတ်ထားသည့် ဆယ်ကျော်သက်လူငယ်တစ်ယောက်က အော်ဟစ်နေသေးသည်။
"ဟေး... ငါ့မားမားက သော့တွေ ဒီမှာပဲတင်ထားတယ်...သူတို့ဘယ်ရောက်နေတာလဲ"
"ညီလေးးး"
ရှောင်ဝမ်က စိတ်လှုပ်ရှားစွာအော်လိုက်ပြီး လင်းလန်၏လက်ကိုဆွဲကာ အိမ်သို့ ပြေးလေသည်။ "မားမား ပြေးးး"
လင်းလန်က သူ့လောက်မြန်မြန်မပြေးနိုင်သဖြင့် သူ့လက်ကိုလွှတ်လိုက်၏။
ထိုနေရာ၌ စန်းဝမ်က လှုပ်ရှားသံကို ကြားပြီး ခေါင်းလှည့်လာသည်။၎င်းနောက် ချက်ချင်းပဲ အော်ဟစ်ပြီး သူတို့ဆီ ပြေးသွားလေ၏။
ရှောင်ဝမ်က စိတ်လှုပ်ရှားစွာနှင့် သူ၏သွားကျိုးလေးကိုပြသလိုက်သည်။
"ရှန်းတိ... ငါမင်းကိုလွမ်းတယ်..."
စန်းဝမ်က ရယ်မောလိုက်ပြီး လက်နှစ်ဖက်ကို ဆန့်တန်းကာ ရှောင်ဝမ်ကိုပွေ့၍ စက်ဝိုင်းပုံလှည့်လိုက်၏။
လင်းလန် သူ့ဆီရောက်လာသောအခါ စန်းဝမ်က ရှောင်ဝမ်ကို အောက်ချလိုက်ပြီး လင်းလန်၏ တုံ့ပြန်မှုကို မစောင့်ဘဲ သူမကိုမပြောမဆိုနှင့် ပွေ့ချီကာ လှည့်လိုက်သည်။
လင်းလန် : "!!!"
စန်းဝမ်က အတော်လေး ဂုဏ်ဆာနေပြီး မြှောက်ကြွမြှောက်ကြွနှင့်ဆို၏။
"မားမား...ကျွန်တော်က အားသန်တယ်"
အနောက်ရှိဟန်ချင်စုန့် :... အိမ်ကတုတ်ကို လွှင့်မပစ်သင့်ဘူး...
...
လင်းလန် : "သား... သား...မြန်မြန်ချလိုက် ..မင်းက အာရှအားကစားပြိုင်ပွဲရဲ့ ချန်ပီယံဖြစ်နေပြီကို အရမ်းပိန်နေတယ်"
စန်းဝမ်က မလွှတ်ခင် လင်းလန်ကို နောက်တစ်ကြိမ် ထပ်မြှောက်လိုက်ပြီး ဝမ်းနည်းစွာနှင့်ပြောလိုက်၏။
"မားမာ ဘာတွေ လုပ်နေတာလဲ...ကိုယ်အလေးချိန်ကျသွားတယ်...မိသားစုက စားဖို့မလုံလောက်လို့လား"
ဖူကျန်းယွမ် : ... တစ်မိသားစုလုံးကို ရှာကျွေးခဲ့တဲ့ မင်းအဖေကို ဘယ်နားသွားထားတာလဲ...
လင်းလန်က အမြန်ပြောလိုက်သည်။
"မားမားက မပိန်ပါဘူး...တစ်နေ့ကို ထမင်းသုံးနပ်စားပြီး အဆာပြေမုန့် နှစ်ကြိမ်ထပ်စားတယ်..
ဗိုက်ကို ပြည့်နေတာပဲ...တိုင်ကီကဆို စားစရာတွေနဲ့ပြည့်နေတာ"
စန်းဝမ်က ဟန်ချင်စုန့်ကို သွားဖြီးပြလိုက်၏။ "အဖေ...သားပြန်လာပြီ"
Xxxxx