Extra-1
စစ်တပ်အိမ်ရာအတွင်းရှိ မူကြိုကျောင်းတွင်တက်ရောက်နေသော ကျိရှောင်ကျိုးနှင့်နောင်နောင်တို့ကအငယ်တန်းမှအကြီးတန်းသို့ပြောင်းရွှေ့တက်ရောက်ခဲ့ကြသည်။အသက်၇နှစ်ရောက်သောအခါ မူလတန်းကျောင်းသို့တက်ရောက်နိုင်ကြပေမည်။
မူလတန်းကျောင်းကမူကြိုနှင့်လုံးဝကွာခြားနေသည်။
ဆရာမများကသူတို့၏ကျောင်းသားများအပေါ်ပို၍စည်းကမ်းကြီးပေသည်။သူတို့၏ ပထမဆုံးသင်ခန်းစာမှာဆရာမများက ကျောင်းသားများကိုအတန်းကိုလေးလေးနက်နက်တက်ရောက်ရန်သင်ကြားပြီးစကးများရောက်တက်ရာရာလျှောက်မပြောကြရန်ဖြစ်သည်။
ယခုမှကျောင်းစတက်သောကလေးများအတွက်၎င်းကညှင်းပန်းနှိပ်စက်မှုပင်...
ဒါပေါ့ထိုထဲတွင်တော့နောင်နောင်မပါပေ။နောင်နောင်က နဂိုကထဲကတိတ်ဆိတ်တည်ငြိမ်သောကလေးတယောက်ဖြစ်သည်။သူမကအိပ်ယာပေါ်တွင် တနေကုန်လုံးမလှုပ်မယှက်ထိုင်နေပြီးညအိပ်ယာဝင်ချိန်ထိတိုင်အောင်နေနိုင်ပေသည်။
ထိုကြောင့်ငြိမ်ငြိမ်ဆိမ်ဆိမ်စာထိုင်သင်ဖို့ကပြောစရာကိုမလိုပေ။နာခံစွာဖြင့်ငြိမ်ငြိမ်သက်သက်ထိုင်နေပြီးစိတ်အားထက်သန်စွာဖြင့်သင်ခန်းစာများကိုနားထောင်နေလေသည်။
နောင်နောင်၏တည်ငြိမ်လှသောအသွင်အပြင်လေးကဆူညံနေသောတခြားကလေးများနှင့်ယှဉ်လိုက်ပါကလုံးဝကွဲပြားခြားနားနေသောကြောင့်ဆရာမကအလျင်အမြန်ပင်သတိပြုမိသွားခဲ့သည်။
ဆရာမများအားလုံးသူမကိုကြည့်သည်ကတခြားကလေးများနှင့်ကွာခြားနေပေသည် သူတို့က သူမကိုပို၍နှစ်သက်ကြပေသည်။ရလဒ်အနေဖြင့် နောင်နောင်ကဘယ်ဆရာမသင်သည့်အချိန်ဖြစ်ပါစေ အဖြေများဖြေရန်လိုအပ်သည့်အခါ၌ပထမဆုံးအခေါ်ခံရသူဖြစ်လာလေသည်။နောင်နောင်မျက်တောင်နှစ်ချက်မျှခတ်လိုက်ပြီး
သူမ၏ထိုင်ခုံမှထလိုက်သည်ချက်ချင်းဆိုသလိုပင်အားလုံး၏အာရုံကသူ့ဆီရောက်ရှိလာသည်။
အမြင်စူးရှသောကလေးများကနောင်နောင်၏နားတွင်ဝတ်ဆင်ထားသောထူးဆန်းသည့်တစုံတရာကိုသတိပြုမိလိုက်ကြသည်။ကလေးများအားလုံးကသူတို့အချင်းချင်းတိတ်တဆိတ်ဖြင့်စတင်ဆွေးနွေးပြောဆိုနေကြလေသည် ။
သူတို့အားလုံးက ၎င်းကမည်သည့်အရာဖြစ်သည်ကိုစတင်၍ခန့်မှန်းနေကြသည်။အတန်းချိန်ပြီးဆုံးသွားသည့်အခါ၌ ဝဝတုတ်တုတ်ကလေးတယောက်ကနောင်နောင်၏ခုံနားသို့အလျင်စလိုပြေးလာလေသည်သူနောင်နောင်၏နားကိုလက်ညှိုးထိုးပြ၍မေးလိုက်သည်။
"အတန်းဖော်ဝမ်နောင်နောင့်ရဲ့နားကဘာလဲ..."
နောင်နောင်ကသူမ၏နားကိုထိ၍ခဏမျှစဉ်းစားလိုက်ပြီးနောက်ရိုးသားစွာပင်အမှန်တိုင်းပြောလိုက်သည်။
"အဲ့တာကနားကြားအကူကိရိယာ..."
သဘာဝကျစွာပင်ကလေးများ၏အသက်အရွယ်အရထိုကဲ့သို့သောပစ္စည်းကိုမသိပေ၊ ထို့ကြောင့်ဖက်တီးလေးကထပ်မံမေးလိုက်သည်။
"နားကြားအကူကိရိယာဆိုတာကဘာလဲ...ငါတို့အားလုံးမှာမရှိပဲနဲ့နင့်ဆီမှာကျဘာလို့ရှိနေတာလဲ..."
မူလကနောင်နောင်သည် သူမ၏အကြားအာရုံအကြောင်းကိုမပြောပြချင်ပေ။ သို့သော်အန်တီထန်ထန်မှာလိုက်သောသူငယ်ချင်းများနှင့်တည့်အောင်နေရမည်ဆိုသောစကားကိုပြန်သတိရသွားသည်။သူမသာမရှင်းပြလျှင်သူတို့ကမပျော်မရွှင်ဖြစ်သွားပေလိမ့်မည် ထို့ကြောင့်သူမသေချာရှင်းပြလိုက်၏။
"ဒီနားကြားကိရိယာလေးကိုတပ်ထားလိုက်လို့ရှိရင်...သေသေချာချာရှင်းရှင်းလင်းလင်းကြားရတယ်လေ ဘာလို့လဲဆိုတော့ ငါ့နားကအသံတွေကိုမကြားရဘူး...ဒါကြောင့်ဝတ်ထားဖို့လိုတယ်..."
ဖက်တီးလေးကနှစ်စက္ကန့်မျှတုံ့ပြန်မှုရှိမလာပဲ ရုတ်တရက်မျက်လုံးများပြူးကျယ်လာပြီးနောက်သို့ခြေနှစ်လှမ်းဆုတ်လိုက်သည်။ထို့နောက်သူနောင်နောင့်ကိုလက်ညှိုးထိုးပြီးကျယ်လောင်စွာပြောလိုက်သည်။
"ဒီတော့ နင်ကနားမကြားဘူးပေါ့...ဝါး...သူကနားမကြားဘူးတဲ့ဟေ့...ငါတို့သူနဲ့ဝေးဝေးမှာနေရမယ်..."
"ဟုတ်တယ်...ဟုတ်တယ်...ဒီလိုမှမဟုတ်ဘူးဆိုရင် ငါတို့လဲနားမကြားတော့ဘူးဆိုဘယ်လိုလုပ်မလဲ...ငါဆရာမကိုခုံနေရာလဲလို့ရမလားလို့မေးရမယ်...ငါသူ့ရဲ့ရှေ့မှာမထိုင်ရဲဘူး...တော်ကြာနေငါလဲနားကန်းသွားရင်ဘယ်လိုလုပ်မလဲ..."
တစ်တန်းလုံးဆူညံပွက်လောရိုက်သွားသည်။ ကလေးများအားလုံးကနောင်နောင်နှင့်အဝေးကိုဖယ်ခွာသွားကြသည်။သူတို့ကနောင်နောင်သည်ကြောက်စရာသတ္တဝါတကောင်ဖြစ်နေသည့်အလားဆက်ဆံနေကြပေသည် နောင်နောင်၏မျက်ဝန်းလေးများမှိန်ဖျော့သွားပြီးနှုတ်ခမ်းတင်းတင်းစေ့လိုက်သည်။
သူမစကားတခွန်းမှမဆိုပဲခေါင်းငုံ့၍စာဖတ်နေလိုက်သည် တခြားကလေးများပြောသည့်စကားအားလုံးကိုသူမဂရုစိုက်မနေတော့ပေ။အနဲငယ်ကြာအောင်ဖြတ်သန်းခဲ့ပြီးတဲ့နောက်မှာတော့ထိုအပြုအမူများနှင့်နေသားကြနေခဲ့ပေပြီ။
ထိုအခိုက်အတန့်၌နောင်နောင်ကိုအရင်ဆုံးနားမကြားဟုခေါ်ခဲ့သောဖက်တီးလေး၏ခေါင်းကငုံ့ကျသွားသည်။
ထို့နောက်တခြားသူများအားလုံးက သူ့၏ခေါင်းကိုကိုင်၍နာကျင်သည့်အသံထွက်လာသည်ကိုသာမြင်လိုက်ကြရ၏။
သူ့ ရှေ့နားတွင်ဘောဖျက်တခုကျနေပေသည်။ ဖက်တီးလေးကဘောဖျက်ဖြင့်အထုခံလိုက်ရခြင်းဖြစ်သည်။သူဘောဖျက်နှင့်အထုခံလိုက်ခြင်းပဲနာကျင်မှုပျောက်သွားသည်နှင့်ဖက်တီးလေးကချာကနဲလှည့်၍စူးစူးရဲရဲကြည့်လိုက်သည်။
"ဘယ်သူငါ့ကိုပစ်လိုက်တာလဲ ထွက်လာခဲ့စမ်း..."
"ငါပစ်လိုက်တာ..."
ကျိရှောင်ကျိုးကစာသင်သည့်စင်မြင့်လေးပေါ်မှ ဆင်းလိုက်ပြီးလက်နှစ်ဖက်မှအမှုန်များကိုရိုက်ခါရင်းဖြေလိုက်သည်။
"မင်းကငါ့ကိုဘာလို့ပစ်ရတာလဲ..."
ဖက်တီးလေးကကျိရှောင်ကျိုး၏ဗြောင်ကျသောအဖြေကြောင့်အံ့အားသင့်သွားသည်။အရင်ကသူ့ကိုမတော်တဆတိုက်မိသောသူများပင်လျှင်အရိုက်ခံရမည်ဆိုးသောကြောင့်ကြောက်လန့်တကြားကြည့်တတ်ကြသည်...
ဒါပေမဲ့အခုလူကဘာကြောင့်သူကငါ့ကိုဘာလို့ရိုက်ချင်တယ်လို့ခံစားနေရတာလဲ...
သို့သော်လဲကျိရှောင်ကျိုးကသူ့ကဲ့သို့အရပ်မရှည်သလိုထွားလဲမထွားသည်ကိုမြင်လိုက်ရသောကြောင့်ဖက်တီးလေးကအေးစက်စွာနှာခေါင်းတချက်ရှုံလိုက်သည်။သူလက်သီးစုပ်၍ကျိရှောင်ကျိုးဆီလျှောက်သွားလိုက်သည်။
"မင်းကတော့ သေချင်နေတာပဲ..."
ကျိရှောင်ကျိုးကထိုဖက်တီးလေးကိုမျက်စိထဲပင်မထည့်ပေ။
"ငါထင်တာတော့မင်းကမှသေချင်နေတာ...နောက်တကြိမ်မင်းနောင်နောင့်ကို နားကန်းလို့ခေါ်ရဲမယ်ဆိုရင် ငါမင်းကိုတွေ့တဲ့နေရာမှာရိုက်မယ်..."
သူ့လောက်ပင်လူကောင်မကြီးသည့်သူတစ်ယောက်က လူအလယ်မှာသူ့ကိုခြမ်းခြောက်လိုက်သောကြောင့် ဖက်တီးလေးရှက်ရွံ့စွာဒေါသထွက်သွားလေသည်။
"သူကကန်းနေတာပဲမဟုတ်ဘူးလား...အဲ့လိုမှမဟုတ်ရင်ဘာလို့သူနားကြားကိရိယာဝတ်ထားတာလဲ သူကကန်းနေတာတောင်မှငါကအကန်းလို့ခေါ်လို့မရဘူးလား..."
"မင်းကတော့တကယ့်ကိုသေချင်နေတာပဲ..."
ကျိရှောင်ကျိုးကစကားဆုံးသည်နှင့် သူ့၏လက်သီးသေးသေးလေးကဖက်တီး၏မျက်နှာဆီသို့ပြေးဝင်သွားလေသည်။ဖက်တီးလေးကအနောက်သို့ခြေလှမ်းနှစ်လှမ်းခန့်ဆုတ်သွားပြီးကြမ်းပြင်ပေါ်သို့ဖင်ထိုင်လဲကျသွားသည်ရုတ်တရက်လှုပ်ရှားမှုကြောင့်ကြမ်းပြင်မှဖုန်များပင်ထသွားလေသည်။
ကြမ်းပြင်ပေါ်တွင်လဲကျနေသောဖက်တီးလေးကတကယ့်ကိုကြောင်အမှင်သက်နေလေသည်တစုံတယောက်ကလူပုံအလယ်မှာသူ့ကိုထိုးရဲလိမ့်မည်ဟုလုံးဝမထင်ထားမိပေ။အိမ်မှာဖြစ်ဖြစ်မူကြိုမှာဖြစ်ဖြစ်သူကသာလျှင်အာဏာရှင်ကြီးလုပ်ခဲ့ခြင်းဖြစ်သည်။ ဖက်တီးလေးကလည်ချောင်းထဲမှနေ၍ ဒေါသသံတခုပြုလုပ်လိုက်ပြီးထရပ်ကာရှောင်ကျိုးကိုထိုးလိုက်သည်။
"မင်းကငါ့ကိုထိုးရဲတယ်ဟုတ်လား...ငါမင်းကိုသေအောင်ရိုက်မယ်..."
ချက်ချင်းဆိုသလိုပင်နှစ်ယောက်သား၏သတ်ပွဲဖြစ်ပေါ်လာလေသည်။
ကျိရှောင်ကျိုးကငယ်စဉ်တုန်းကဝတုတ်လေးဖြစ်သော်လဲ အရွယ်ရောက်လာသောအခါတွင်အနဲငယ်ကိုယ်ရည်စစ်သွားပြီးအရပ်ရှည်လာပေပြီ ယခုသူကပိန်ပိန်ပါးပါးကောင်လေးတယောက်ဖြစ်သည်။သူကကျိယန်လိုများကြီးပြင်းလာခဲ့ခြင်းဖြစ်သည်။
ဖက်တီးလေးကအရပ်ရှည်သလိုသူ့ထက်လဲလူကောင်ကြီးနေပေသည်။ထို့ကြောင့်တခြားသူများ၏အမြင်တွင် ကျိရှောင်ကျိုးကဆိုးရွားရိုက်ခံလိုက်ရမည်ဟုထင်ကြလေသည်။
သူတို့မကြည့်ရဲစွာဖြင့်မျက်လုံးများအုပ်ကာထားလိုက်ကြသည်။ သို့သော်လဲရလဒ်ကကလေးအားလုံးကိုထိတ်လန့်သွားစေသည်။တိုက်ခိုက်သည့်နေရာတွင် ကျိရှောင်ကျိုးကအသာစီးရနေပြီးဖက်တီးလေးကကျယ်လောင်စွာငိုကြွေးသည်အထိအတီးခံလိုက်ရ လေသည်။သူကကျိရှောင်ကျိုးကိုတချက်မှပင်ပြန်မတီးနိုင်ခဲ့ပေ။နောက်ဆုံး၌သနားစရာကောင်းလှသောဖက်တီးလေးကဆရာမအခန်းထဲသို့ရောက်လာမှသာလျှင်ကယ်တင်ခံလိုက်ရလေသည်။
သို့သော်လဲဖက်တီးလေး၏အခြေအနေကအလွန်ဆိုးရွားနေပေပြီ။ သူ့မိဘများပင်သူ့ကိုမှတ်မိဖို့မသေချာပေ။
ပထမဆုံးနေ့မှာပင်ပြင်းထန်သည့်ခိုက်ရန်ဖြစ်ပွားမှုဖြစ်ခဲ့လေသည်။ ထို့ကြောင့်ဆရာမများကလုံးဝဖုံးကွယ်မထားနိုင်ပဲကျောင်းသားမိဘများကိုအကျိုးအကြောင်းပြော၍ဆင့်ခေါ်လိုက်ကြသည်။
မူလကဖက်တီးလေး၏မိဘများသည်သူတို့သားတစုံတယောက်ကိုတီးလိုက်ပြန်ပီဟုထင်မိကြသည်။ထို့ကြောင့်ပုံမှန်အတိုင်းတောင်းပန်စကားပြောရန်ပြင်ဆင်လာခဲ့ကြသည်။သို့သော်လဲသူတို့သား၏မျက်နှာဝက်ခေါင်းကဲ့သို့ရောင်ကိုင်းနေသည်ကိုတွေ့လိုက်ရသောကြောင့်အံ့အားသင့်သွားကြလေသည်။သူတို့နှစ်ယောက်လုံးကြောင်အမှင်သက်နေပြီးမှဖက်တီးလေး၏အမေကစိတ်ခံစားချက်ပြင်းထန်စွာအော်လိုက်သည်။
"ဘယ်သူကျွန်မသားကိုရိုက်လိုက်တာလဲ..."
ဆရာမများကလဲကလေးမိဘများသည်စိတ်လှုပ်ရှားမှုပြင်းထန်နေသောကြောင့်ကလေးများကိုနာကျင်စေမည်ကိုစိုးရိမ်သွားမိပြီးအလျင်အမြန်ပင်ဖြေရှင်းချက်ပေးလိုက်ကြသည်။
"ကျူးဇီရှောင်ရဲ့မေမေ အရမ်းဒေါသမထွက်ပါနဲ့ဒါကကလေးခြင်းနားလည်မှုလွဲပြီးဖြစ်ကြတဲ့ပြဿနာလေးပါ အရင်ဆုံးထိုင်လိုက်ပါဦးရှင် ကျွန်မတို့ဒါကိုသေချာဆွေးနွေးပြီးတော့ဖြေရှင်းကြရအောင်ပါဟုတ်ပြီလား..."
ကျူးဇီရှောင်၏အဖေကကလေးများကိုကြည့်လိုက်သည်။သူ့သားမှလွဲလျှင်ကလေးမလေးတစ်ယောက်နှင့်ကောင်လေးတစ်ယောက်သာရှိနေလေသည်။သူ့၏အမြင်အရကလေးမလေးသည်အလွန်ပင်တိတ်ဆိတ်ပြီးချစ်စရာကောင်းလှသောကြောင့် သူ့သားကိုရိုက်သည့်သူမဖြစ်နိုင်ပေ။ ထိုသို့ဆိုလျှင်နောက်ထပ်ကျန်နေသည့်ကောင်လေးတယောက်သာဖြစ်ပေလိမ့်မည်။သူကကျိရှောင်ကျိုးကိုလက်ညှိုးထိုးလိုက်ပြီးဆရာမကိုမေးလိုက်သည်။
"ကျွန်တော့်သားကိုရိုက်လိုက်တာဒီကလေးလား..."
ကျူးဇီရှောင်၏အဖေကအရပ်ရှည်သလိုသန်မာပေသည်။ သူကအနဲငယ်ပင်ကြောက်စရာကောင်းနေသည်တချက်ကြည့်လိုက်ရုံဖြင့်ပင်ကျူးဇီရှောင်၏ခန္ဓာကိုယ်ကသူ့အဖေဆီမှအမွေဆက်ခံထားကြောင်းသိသွားပေသည်။ဆရာမကထိုသူဒေါသထွက်ပြီးကလေးကိုရိုက်လိုက်မည်ကိုစိုးရိမ်သောကြောင့် ကျိရှောင်ကျိုးကိုသူမနောက်သို့ဆွဲကာလိုက်ပြီးနှစ်သိမ့်စကားဆိုလိုက်က်သည်။
"ကျူးဇီရှောင်ရဲ့ဖေဖေဖေ စိတ်မတိုပါနဲ့ရှင် ...တကယ်ကိုပဲ ကျိရှောင်ကျိုးနဲ့ကျူးဇီရှောင်တို့က သဘောထားကွဲလွဲပြီးဖြစ်ကြတာပါ...အဲ့တာက ကျူးဇီရှောင်ကကျောင်းသူလေးဝမ်နောင်ကိုနားကန်းလို့ခေါ်လိုက်တာကြောင့်ပါ... ဒါကြောင့်ကျောင်းသားကျိရှောင်ကျိုးက အရမ်းကိုဒေါသထွက်သွားတာ... ကလေးတွေကအရမ်းငယ်သေးတယ်လေ ဒီတော့သူတို့ဆတ်ဆတ်ထိမခံဖြစ်သွားကြတာပါ...ဒီတော့စိတ်လျော့ကျပါဦးရှင် ကျွန်မတို့ကျိရှောင်ကျိူးရဲ့မိဘတွေရောက်တဲ့ထိစောင့်ပြီးတော့ဒီအကြောင်းကိုဆွေးနွေးကြတာပေါ့နော် ဟုတ်ပြီလား..."
"ဆွေးနွေးစရာမလိုတော့ဘူး..."
ကျူးဇီရှောင်၏အဖေကလက်ခါယမ်းရင်း ဆရာမ၏စကားကိုဖြတ်ပြောလိုက်သည် ထို့နောက်သူရိုးရှင်းစွာပင်ထပ်ပေါင်းပြောလိုက်၏။
"ဆရာမကိုပဲအလုပ်ရှုပ်စေမိတော့မယ်...ကျူးဇီရှောင်ကို ကျောင်းသားကျိရှောင်ကျိုးရဲ့ရှေ့ကိုရွှေ့ပေးလို့ရမလား..."
"ရှင်..."
ဆရာမသူနားကြားမှားသွားသည်ဟုထင်လိုက်မိသည်။
"ကျူးဇီရှောင်ရဲ့ဖေဖေဘာများပြောလိုက်တာလဲရှင်..."
ဖေဖေကသူ့၏စကားကိုထပ်ပြောလိုက်သောကြောင့်ဆရာမကြောင်အနေမိသည်။
"ကလေးရေအန်တီတောင်းပန်ပါတယ်နော် အန်တီ့ရဲ့သားကလေတကယ့်ကိုဆိုးသွမ်းတဲ့ကလေးပဲ...ပြန်ရောက်တဲ့အခါကျရင်အန်တီသူ့ကိုကောင်းကောင်းဆုံးမလိုက်မယ်...သူနောက်တခါသမီးကိုအဲ့လိုမခေါ်ရဲစေရဘူးလို့အန်တီကတိပေးတယ်...နော်..."
ထို့နောက်သူမကျိရှောင်ကျိုးဘက်သို့လှည့်ပြီးစကားဆက်ပြောလိုက်သည်။
"ကလေး အခုဒီနေ့ကနေစပြီးတော့ အန်တီ့ရဲ့သားကျူးဇီရှောင်က သားရဲ့ရှေ့မှာထိုင်လိမ့်မယ် ...အန်တီနဲ့အန်ကယ်တို့ကိုကူညီပြီးတော့သူ့ကိုကြည့်ထားပေးလို့ရမလား...တကယ်လို့သူကောင်းကောင်းမပြုမူဘူးဆိုရင်သူ့ကိုရိုက်သာရိုက် ဆိုးဆိုးရွားရွားမဟုတ်သ၍အဆင်ပြေတယ်...နော် သားအန်တီနဲ့အန်ကယ်ကိုကူညီပေးနိုင်မလား..."
ကျိရှောင်ကျိုးပင် ရှားရှားပါးပါးအံ့ဩမှင်သက်နေမိသည်။ သူတွေးထားခဲ့သည်ကဖက်တီးလေး၏မိဘများက စိတ်ဆိုးတကြီးဖြင့်သူ့ကိုလက်စားချေလာလိမ့်မည်ဟုပင်။ သို့သော်လဲဇာတ်လမ်းကထူးဆန်းစွာပြောင်းလဲသွားလေသည်။
လူအားလုံးကြောင်အမှင်သက်နေရစဉ်တွင်ဖက်တီးလေးကပထမဆုံးသတိဝင်လာပြီးကျယ်လောင်စွာအော်ဟစ်လိုက်သည်။
"မာမီနဲ့ဒယ်ဒီအရမ်းလွန်သွားပြီ...သားကအဘိုးနဲ့အဘွားကိုသွားတိုင်ပြောမယ် မာမီတို့သားကိုနှိပ်စက်နေပါတယ်လို့..."
ဖေဖေကျူးကသူ့သားကိုရိုက်လိုက်ပြီး...
"မင်းပါးစပ်ကိုပိတ်ထား...မင်းရဲ့အဘိုးကအားလပ်ရက်ခရီးရှည်ထွက်သွားတယ်...အခုသူတို့မင်းကိုလာမကူညီပေးနိုင်ဘူး အဲ့တော့လာကယ်ဖို့ကိုမျှော်လင့်မနေနဲ့ မင်းကောင်းကောင်းမပြုမူဘူးဆိုရင်ငါမင်းကိုရိုက်မယ်..."
ကျူးဇီရှောင်ဝမ်းနဲစွာဖြင့်စတင်ငိုကြွေးလေတော့သည်။
ဆရာများလဲနောက်ဆုံး၌အခြေအနေကိုနားလည်သွားပြီးပျော်ရွှင်သွားလေသည်။ သူမက ထိုကဲ့သို့စိတ်သဘောထားပွင့်လင်းပြီးမျှတသောမိဘမျိုးကိုကြိုက်နှစ်သက်ပေသည်။သူမကမျက်ကန်းတစ္ဆေလို့ကလေးများကိုဖျက်ဆီးသောမိဘများကိုတကယ့်ကိုကြောက်ပေသည်။ ယခုတော့ပြဿနာအားလုံးဖြေရှင်းပြီးသွားလေပြီ။
ထို့ကြောင့်ထန်ထန်ကျောင်းကိုအလျင်စလိုရောက်လာသည့်အချိန်၌ ကျူးမိသားစုကသူတို့ကလေးကိုခေါ်၍ပြန်သွားကြပေပြီ...
ကျိရှောင်ကျိုးဘာကြာင့်ရန်ဖြစ်ရသည်ကိုကြားပြီးနောက် ထန်ထန်နှင့်ကျိယန်တို့ကသူ့ကိုအများကြီးမဆူတော့ပေ။နောက်တခါကြမ်းကြမ်းတမ်းတမ်းမလုပ်အောင်သာဆုံးမလိုက်ကြသည်။ တစုံတယောက်ကိုရိုက်မည်ဆိုလျှင်လဲ သူ့၏အင်အားကိုသေချာစွာတွက်ဆရပေမည်။
သို့သော်လဲ၎င်းအဖြစ်အပျက်က ကလေးများအားလုံးကို ကျိရှောင်ကျိုး၏ခွန်အားအကြောင်းပြသလိုက်သလိုဖြစ်သွားပြီးနောင်နောင်၏ရှေ့တွင် မည်သူမှအကန်းဟုမခေါ်ရဲကြတော့ပေ။
ဖက်တီးလေးက နာခံမှုမရှိပဲကလန်ကဆန်လုပ်လာသည့်အချိန်၌လဲကျိရှောင်ကျိုးဆီမှဆော်ပလော်တီးချင်းကိုခံရလေသည်။ဖက်တီးလေးက ၎င်းကို လက်မခံလိုသော်လဲ တကြိမ်ပြီးတကြိမ်သာ အတီးခံနေရသည်။ထို့ကြောင့်မကြာခင်မှာပင်သူ့၏အပြုအမူများကပြောင်းလဲလာသည် သူကနာနာခံခံရှိလာကာ အတန်းထဲတွင်လဲအနှောင့်အယှက်မလုပ်ရဲတော့ပေ။
၎င်းက ဖေဖေကျူးနှင့်မေမေကျူးတို့ကိုပို၍ကျေးဇူးတင်လာစေသည်။ ထို့ကြောင့်သူတို့ကနောင်နောင်နှင့်ကျိရှောင်ကျိုးကျေးဇူးတင်လာလေသည်။ ထို့ကြောင့်သူတို့ကနောင်နောင်နှင့်ကျိရှောင်ကျိုးတို့ကိုရံဖန်ရံခါဆိုသလိုအရသာရှိသောစားစရာများဝယ်လာပေးတတ်ကြသည်။
ထိုအဖြစ်အပျက်ကြောင့်ကျုးမိသားစုနှင့်ကျိမိသားစုတို့ကပို၍ရင်းနှီးလာကြပြီးမကြာခဏဆိုသလိုမိသားစုအတူတကွစားသောက်တတ်ကြသည်။အကြိမ်အနဲငယ်လောက်ဆက်ဆံပြီးသည်နှင့်သူတို့၏စိတ်နေစိတ်ထားများကတူညီနေသည်ကိုတွေ့ရှိသွားကြပြီးမိတ်ဆွေကောင်းများဖြစ်လာကြသည်။
ထို့အတူကလေးသုံးယောက်ကလဲ သူငယ်ချင်းကောင်းများဖြစ်လာကြလေသည်။မူလကဖက်တီးလေးသည် နောင်နောင်ကို့နားကန်းဟုခေါ်ခဲ့သော်လဲ ယခုမူမည်သူမဆိုသူမကိုအနိုင်ကျင့်သည်ကို တွေ့သည်နှင့်ကျိရှောင်ကျိုးနှင့်အတူတကွ ထိုသူကိုဆော်ပလော်တီးပေလိမ့်မည်။
ကျိရှောင်ကျိုးကကျောင်း၌လူဆိုးလေးများကိုဆုံးမသည့်တာဝန်ကိုအလိုလျောက်ယူထားလိုက်လေသည်။ သူကနောင်နောင့်ကိုဟာသလုပ်သည့် မည်သူမဆိုသေချာပေါက်တီးပေလိမ့်မည်။သူတို့ကရိုက်ခံရပြီးသည်အထိမပြောင်းလဲသေးလျှင်တကြိမ်ပြီးတကြိမ်ပြောင်းလဲသွားသည်အထိရိုက်ခံရပေလေပြီ။
ထို့ကြောင့်ကျောင်းသားများက ကျိရှောင်ကျိုးကို ဘော့စ်သဖွယ်ဆက်ဆံလာကြသည်။ ပထမနှစ်လေးများထဲတွင်ကျိရှောင်ကျိုးဟုကြားလိုက်သည်နှင့် မည်သူမှန်းသိနေကြပေပြီ။ဒါကသူ့၏လက်သီးကြောင့်သာမဟုတ်ပဲ သူ့၏ကြည့်ကောင်းသောအသွင်အပြင်နှင့်အဆင့်များကြောင့်ဖြစ်သည်။
ချောမောသည့်အပြင်အဆင့်များကလဲကောင်းမွန်ပြီးတိုက်ခိုက်တတ်သောကောင်လေးတယောက်ကအားလုံး၏အာရုံကိုမဆွဲဆောင်နိုင်ဖို့ခက်ခဲလှသည်။
ပဉ္စမနှစ်ရောက်သည့်အချိန်တွင်တော့ မိန်းကလေးများကကျိရှောင်ကျိုးကိုမြင်လိုက်သည်နှင့်နှလုံးခုန်များမြန်လာပေလိမ့်မည်။ကျိရှောင်ကျိုး၏ခုံပေါ်၌လဲအချစ်စာလွှာလေးများတစောင်ပြီးတစောင်ရောက်ရှိနေပေလိမ့်မည်။
မိန်းကလေးများက နောင်နောင့်ကို ကျိရှောင်ကျိုး၏ညီမဟုသာထင်ကြလေသည်။ ထို့ကြောင့်အချစ်စာလွှာလေးများပေးစေရန် သူမကိုတောင်းဆိုလေ့ရှိကြသည်။သို့သော်လဲနောင်နောင်က ခေါင်းခါယမ်းပြီးချက်ချင်းပင်ငြင်းဆိုကာ လျစ်လျူရှုထားပေလိမ့်မည်။ထို့ကြောင့်မိန်းကလေးများလဲသူ့ကိုလာပြီးမတောင်းဆိုတော့ပေ။
သို့သော်လဲနောက်ကွယ်၌ ကျိရှောင်ကျိုး၏ညီမကပေါင်းသင်းရခက်ခဲကြောင်းပြောဆိုလေ့ရှိကြသည်။
ကျိရှောင်ကျိုးက ထိုကိစ္စများကိုလုံးဝအာရုံမထားပေ သူထိုစာများကိုဖတ်ရသည်မှာစိတ်ရှုပ်လွန်းသောကြောင့် အကြိမ်တိုင်းအမှိုက်ပုံးထဲသို့သာပစ်လေ့ရှိသည်။အကယ်၍သူ့မှာသာထိုရီးစားစာဖတ်ဖို့အချိန်ရှိနေမည်ဆိုလျှင်
သူဘတ်စကတ်ဘောဂိမ်းသာ ကစားပေလိမ့်မည်။
ကျိရှောင်ကျိုးက ဘတ်စကတ်ဘောကစားနည်းကိုအလွန်နှစ်သက်သည်။ သူအားကစားချိန်များမှလွဲလျှင်အိမ်မပြန်ခင်လဲတနာရီခန့်မှကစားလေ့ရှိသည်။ထိုသို့ကစားနေစဉ်အတွင်းတွင်လဲ နောင်နောင်ကရေဘူးနှင့်ပဝါကိုပြင်ဆင်ထားပေးပြီးအိမ်စာများလုပ်ရင်းစောင့်နေလေ့ရှိသည်။
ထို့ကြောင့်ကျိရှောင်ကျိုးနှင့်အတူကစားလေ့ရှိသောကောင်လေးများကသူ့ကိုမနာလိုအားကျစွာဖြင့်ထိုကဲ့သို့သောညီမလေးတယောက်ရှိတာကောင်းလှသည်ဟုဆိုကြလေသည်။ထိုအချိန်တိုင်းတွင်လဲ ကျိရှောင်ကျိုးကဂုဏ်ယူဝင့်ကြွားစွာဖြင့်ပြန်ပြောလေ့ရှိ၏။
"မနာလိုမဖြစ်ပါနဲ့...တခြားမိသားစုရဲ့ညီမလေးတွေက ငါတို့မိသားစုကနောင်နောင်လိုမျိုးယဉ်ကျေးလိမ္မာတာမဟုတ်ဘူး..."
အားလုံးကသူ့ကိုရိုက်ချင်သွားကြလေသည်။ မူလတန်းငါးနှစ်ကအေးချမ်းစွာဖြင့်ကုန်ဆုံးသွားခဲ့သည်။သို့သော်လဲနောက်ဆုံးနှစ်၌ပြောင်းလဲမှုတခုဖြစ်ပေါ်လာလေသည်။ သူတို့၏ဘတ်စကက်ဘောကစားကွင်းထဲ၌ချောမောလှပသောမိန်းကလေးတယောက်ပေါ်ထွက်လာခဲ့သည်။
အသားအရေဖြူဖွေးပြီးဆံပင်ကို ပိုနီတေးစည်းထားသောကောင်မလေးကကျိရှောင်ကျိုးတို့လူစုနှင့်လာရောက်ကစားခဲ့သည်။သူမက ကျိရှောင်ကျိုးတို့ယောက်ျားလေးများနှင့်အတူ ဘတ်စကတ်ဘောကစားသည့်အချိန်တွင် သူမ၏ငယ်ရွယ်နုပျိုလှသောအလှတရားများကိုထုတ်ပြနေခဲ့သည်။