Part 883
ရှန်ယွီက ငြင်းကာ စက်ဘီးစ်ိီး၍ ထွက်သွားသည်။
ကောင်းလင်းက လှမ်းအော်သည်။ " ကျွန်တော့်အမျိုးက တော်လှန်ရေးကော်မတီက ညွှန်မှုးနော် "
ရှန်ယွီက လျစ်လျူရှုပြီး ဆက်နင်းသွားလေသည်။
ကောင်းလင်းလည်း ပုခုံးတွန့်လိုက်မိသည်။ သူငယ်ချင်းတွေနဲ့ လျှောက်သွားဖ်ို့လည်း သူ စိတ်မပါတော့ပေ ။ ဟန်မိုင်ဆွေ့က ဘယ်တော့မှများ သူ့က်ို အဲ့လိုစကားပြောမှာပါလိမ့် ။
အခန်းတစ်ရဲ့ ပြတင်းပေါက်နားသို့ သွားကြည့်လိုက်သော်လည်း နေထိုးနေသဖြင့် ဟန်မိုင်ဆွေ့ကို မမြင်ရပေ ။
ကောင်းလင်း အကြံရသွားသည်။ နောက်တစ်နှစ် ပြန်တက်လိုက်ရင်ရော ဘယ်လိုလဲ ။ အဲ့လိုဆို ဟန်မိုင်ဆွေ့နဲ့ တစ်တန်းတည်းဖြစ်သွားမှာလေ ၊ ဘယ်လောက်တောင် ဉာဏ်ကောင်းလိုက်တဲ့ငါလေးလဲ ။
ကောင်းလင်း တော်လှန်ရေးကော်မတီကိုသွားကာ မိဘများကို သွားရှာလိုက်သည်။ ကျန်းချွင်ရှားနှင့် လင်းလန်တို့က စကားပြောနေကြသည်။
လင်းလန်က ဒီရက်ပိုင်းတွင် ငလျင်အကြောင်းကိုသာ တောက်လျှောက်ပြောနေခဲ့တာဖြစ်သည်။ ယခင်ဘ၀မှတ်ဉာဏ်အရ သူမ မှတ်မိသလောက်ဆိုပါက ငလျင်သည် စီချွင်း၌ စခဲ့တာဖြစ်သည်။ ၁၉၇၆ခုနှစ် ဇူလိုင် ၂၈ရက်နေ့ မနက်ခင်းအစောတွင် စတင်လှုပ်ခတ်ခဲ့တာဖြစ်သည်ဟု သူမ ငလျင်ဘေးသင့်ဒေသတွင် လုပ်အားပေးလုပ်ခဲ့စဥ်က ကြားခဲ့ဖူးသည်။ သို့သော်လည်း အလုပ်များနေခဲ့သဖြင့် သူမ ထိုအရာများကို အသေးစိတ်ဂရုမစိုက်ခဲ့မ်ိပါ ။
ယခုနှစ်ရက်အတွင်း လေ့လာပြီးနောက်တွင် ငလျင်ဘေးများကို တရုတ်ပြည်၌ အောင်အောင်မြင်မြင် ခန့်မှန်းနိုင်နေပြီဖြစ်ကြောင်းကို သူမ သိလိုက်ရသည်။
မနှစ်က ဖေဖော်၀ါရီ ၄ရက်တုန်းက ဟိုင်ချန်ငလျင်ကို ကြိုတင်ခန့်မှန်းနိုင်ခဲ့သဖြင့် ကြီးကြီးမားမား ပျက်စီးဆုံးရှုံးမှုများ မဖြစ်ခဲ့ပေ ။ ထိုသတင်းက တောမီးလိုပျံ့သွားသဖြင့် နိုင်ငံခြားသားပညာရှင်များပင် တရုတ်ပြည်သို့ ခဏခဏ လာခဲ့သေးသည်။
သို့သော်လည်း အစိုးရကမူ ထိုငလျင်တစ်ခုကိုသာ အောင်အောင်မြင်မြင် ခန့်မှန်းနိုင်တာဖြစ်ကြောင်း ၀န်ခံထားသည်။
သို့အပြင် သူမ၏ ယခင်ဘ၀မှ မှတ်ဉာဏ်အရ တီတောင်ထိပ်တွင်ဖြစ်ခဲ့သည့် ငလျင်က ချင်းလုံခရိုင်တွင် ဖြစ်ခဲ့တာဖြစ်ပြီး လူမနေသေးသည့် တည်ဆောက်ရန် ကြံရွယ်ဆဲနေရာဖြစ်သဖြင့် ပျက်စီးဆုံးရှုံးမှု နည်းခဲ့တာလည်း ဖြစ်သည်ဟုဆိုသည်။
သူမက ခန့်မှန်းခြင်းနေခြင်း မဟုတ်ပါ ၊ ကျွမ်းကျင်ပညာရှင်တစ်ယောက် မဟုတ်သဖြင့် သူမ လုပ်ရမည့်အခွင့်လည်း မရှိချေ ။ ယခုခေတ်တွင် ခန့်မှန်းနိုင်နေပြီဖြစ်သဖြင့် ပညာရှင်များက အလွန်တော်ကြသည်ကိုတော့ သူမ လက်ခံသည်။
သူမ လုပ်ရမည်က ပညာရှင်များက ငလျင်ကိုခန့်မှန်းနိုင်တာ တကယ်ဖြစ်ကြောင်း အခြားလူများ ယုံကြည်လက်ခံလာအောင် လုပ်ရမှာဖြစ်ချေသည်။ သို့မှသာ ပျက်စီးဆုံးရှုံးမှုများကို လျှော့ချနိုင်မှာဖြစ်သည်။
သူမသာ စနစ်တကျ လေ့လာလိုက်မည်ဆိုပါက ငလျင်အကြောင်းများကို သာမန်လူများ နားလည်လွယ်အောင် ပြန်ဟောပြောနိုင်မည်ဟု သူမ ယုံသည်။
စာအုပ်ဖတ်ခြင်းအပြင် လင်းလန် ငလျင်ဘေးဒဏ်ကာကွယ်ရေးရုံးမှလူများနှင့်လည်း ဆွေးနွေးဖြစ်သည်။ သို့ဖြစ်၍ လွန်ခဲ့သည့် နှစ်ရက်အတွင်း ကျန်းချွင်ရှားနှင့် ထိုအကြောင်းများကို ပြောနေခဲ့တာဖြစ်သည်။
အမှန်တကယ်တွင် ထိုသည်က ကျန်းချွင်ရှား၏အလုပ်ဖြစ်သည်။ ငလျင်ဘေးဒဏ်နှင့်ဆိုင်သည့် ရုံးများက တစ်ပြည်လုံးတွင် ဆယ်ခုကျော်ရှိပြီး သူမက အထက်လူကြီးများထံမှ အမိန့်ကိုနာခံကာ ငလျင်ဘေးကို ကာကွယ်ရမှာဖြစ်သည်။ သို့သော်လည်း သူမက ထိုသည်ကို သေချာမလေ့လာထားဖူးပေ ။
လင်းလန်က ငလျင်အကြောင်းကို အလွန်စိတ်၀င်စားနေသည့်အခါ သူမနှင့်ပြိုင်၍ ငလျင်ဘေးဒဏ် ကာကွယ်ရေးရုံးမှ ညွှန်မှုးနေရာကို လုချင်နေတာလားဟုပင် ထင်နေလေသည်။ သို့သော်လည်း ထုတ်မပြဘဲ လင်းလန် မေးသမျှကို ပြန်ဖြေပေးနေပြီး သူမ နားမလည်တာရှိပါက စာအုပ်ပြန်လှန်ကြည့်ပြီး လင်းလန်ကိုလည်း ဖိုင်များကိုကြည့်နိုင်ရန် ဗီရိုသော့ကိုပေးထားသည်။ လင်းလန်ကလည်း သေချာကြည့်နေသည်။ ငလျင်ငယ်များ ၊ မြေလှုပ်ခြင်းများ ၊ မြေဆွဲအားတိုင်းတာခြင်းများ ၊ ပင်လယ်ရေမျက်နှာပြင်အနေအထား အစရှိသဖြင့် များစွာကို လိုက်ရှာဖတ်နေလေသည် ။
လင်းလန်၏ မေးခွန်းများကြောင့် ကျန်းချွင်ရှား ခေါင်းမူးလာသော်လည်း မသိဘူးဟု ဖြေရမည်ကို ရှက်သဖြင့် ယေဘုယျသာ ပြန်ဖြေပေးနေလိုက်သည်။ လင်းလန်ထံမှ အမေးခံနေရစဥ်တွင် ကောင်းလင်းက ပြေး၀င်လာသည်။ " မားမား သား အထက်တန်းကို ပြန်တက်ချင်တယ် "
ကျန်းချွင်ရှားက မေးခွန်းကို မဖြေရတော့သဖြင့် သက်ပြင်းချလိုက်ပြီးမှ သားဖြစ်သူကို ပြန်ပြောသည်။ " ဒီကလေးနဲ့တော့ ဘာပေါက်ကရတွေ ပြောနေတာလဲ "
ကောင်းလင်းက လင်းလန်ကို ပြုံးပြ၍ နှုတ်ဆက်သည်။ " ဒေါ်လေးလင်း "
လင်းလန် : " ကောင်းလင်းက နောက်နှစ်ဆိုကျောင်းပြီးတော့မှာ မဟုတ်ဘူးလား အထက်တန်းကို ပြန်တက်ချင်နေတာလား "
ကောင်းလင်း : " ဟုတ်တယ် ကျွန်တော်ထင်တာတော့ အရင်က စာသေချာမကြိုးစားခဲ့မိလို့ စာမကြေသေးဘူးထင်တယ် အရင်တုန်းက ... "
ပြောပြီးနောက် ကောင်းလင်းက အပြစ်ရှိသိလို ခေါင်းငုံ့သွားလေသည်။ " အမေ သားမှားသွားပါတယ် အရင်က စာသေချာမလုပ်ဘဲ အချိန်တွေ ဖြုန်းခဲ့မိတယ် "
ကျန်းချွင်ရှားက သံသယမ၀င်ဘဲ သူမ၏သားက ရွာကိုလည်း မသွားချင်သလို စက်ရုံ၌လည်း ၀င်မလုပ်ချင်သဖြင့် ကျောင်း၌သာ အလေလိုက်ချင်နေတာဟု ထင်သွားလေသည်။
ကျန်းချွင်ရှားကလည်း သားဖြစ်သူအတွက် ကြိုတင်တွေးထားပြီးပြီဖြစ်သည်။ စစ်သားလုပ်ရသည်က ပင်ပန်းလွန်းသဖြင့် လုပ်ခိုင်းလိုစိတ်မရှိသလို စက်ရုံ၌လည်း ၀င်မလုပ်စေလိုပါ ။ တစ်နှစ်လောက်နေပြီးပါက ကောလိပ်တက်နိုင်ရန် ထောက်ခံချက်ပေးလိုက်မည်ဖြစ်ပြီး ကျောင်းပြီးမှပြန်လာကာ အလုပ်လုပ်ခိုင်းလို့ရပေသည်။ အတွေ့အကြုံမရှိသေး၍ လစာမမြင့်နိုင်သော်လည်း အဆင်ပြေနိုင်လေသည် ။ " တွေးတောင်မတွေးနဲ့ မင်းအဖေက သေအောင်ရိုက်လိမ့်မယ် "
ကျန်းချွင်ရှားနှင့် ကောင်းဝေ့တုန်း၌ သားနှစ်ယောက်ရှိသည် ။ ကောင်းယွီနှင့် ကောင်းလင်းတို့ပင်ဖြစ်သည်။ ကောင်းဝေ့တုန်းက အလုပ်များနှင့် လုံးပန်းနေပြီး ကလေးများကို ဂရုစိုက်ရန်အချိန်မရှိသဖြင့် သူမကသာ အချိန်ပေး၍ဂရုစိုက်နေရတာဖြစ်သည် ။ ကောင်းဝေ့တုန်းက စကားပြောရင့်သီးသော်လည်း တကယ်က သားများကို အလိုလိုက်သည်။
သို့သော်လည်း ကောင်းလင်းက လင်းလန့်ထံ လှည့်လာသည်။ " ဒေါ်လေးလင်း တွေးကြည့်ပါဦး ကျွန်တော်ပြောတာ မမှန်ဘူးလား "
လင်းလန် ရယ်လိုက်မိသည်။ " အဲ့ဒါတော့ မပြောတတ်ဘူးလေ စာလုပ်တာတော့ ကောင်းပါတယ် နောက်နှစ်မှ ကြိုးစားလည်း ရတာပဲဟာ ပြီးရင် ကောလိပ်စာမေးပွဲ ၀င်ဖြေလိုက်လေ "
သူတို့မိသားစုအခြေအနေအရဆို ကျန်းချွင်ရှားက သားများအတွက် စိတ်ကူးရှိပြီးသားဖြစ်လောက်သည်။ နောက်နှစ်ဆိုလျှင် ကောလိပ်၀င်ဖြေခိုင်းလောက်သော်လည်း စာကြိုးစားလား မကြိုးစားလားပေါ်မူတည်၍ အောင်မအောင်ကို အတပ်မပြောနိုင်ပေ ။
သို့ပါသော်ငြား ယခုအချိန်တွင် မတင်းကြပ်သေးသဖြင့် မအောင်လည်းအောင်အောင် လုပ်လို့တော့ ရနိုင်သေးပေသည်။
ယခုခေတ်၌ ထိုကဲ့သို့ အစားထိုးခြင်းများ ရှိနေသော်လည်း နောင်တစ်ချိန်မှသာ ဖမ်းခံခဲ့ကြရတာဖြစ်သည်။ ရွာမှလူငယ်များက မြို့တွင်စာမေးပွဲလာဖြေပြီး ရွာပြန်ကာ အကြောင်းကြားစာကို စောင့်ကြတာဖြစ်ပြီး ရောက်မလာပါက မအောင်ဘူးဟုထင်ကြကာ ထပ်မသွားကြတတ်ပေ ။ တကယ်က အောင်သော်လည်း အကြောင်းကြားစာရောက်မလာခြင်းလည်း ဖြစ်နိုင်ပေသည်။
Xxxx
Part 884
တော်လှန်ရေးကော်မတီမှ မိဘများက ထိုသို့လုပ်နိုင်စွမ်း အပြည့်အ၀ရှိသည်ကို လင်းလန် သိသည်။
ကောင်းမိသားစု၏ အတွင်းရေး၌ ၀င်မပါလိုသဖြင့် လင်းလန် အကြောင်းပြချက်ပေး၍ ထွက်လာလိုက်သည်။
နေ့လယ်စာစားချိန်၌ ဟန်ချင်စုန့်နှင့် လော့ဟိုင်ချန်က အပြင်မှ ပြန်ရောက်လာသည်။
လော့ဟိုင်ချန် : " ခေါင်းဆောင်ဟန် လက်ထောက်ညွှန်မှုးလီက ဟူကျင်းချန်ကို လွှတ်ပေးလိုက်ပြီလို့ ကျွန်တော့်ကိုပြောတယ် ရပ်ကြည့်နေရင်းက ရောပါသွားတာတဲ့ "
ဟန်ချင်စုန့် : " လွှတ်ပေးလိုက်လည်း စောင့်ကြည့်ဖို့ လူလွှတ်ထားလိုက်ဦး "
လော့ဟိုင်ချန်က အံ့သြသွားသည်။ " ခေါင်းဆောင်ဟန် သူ့မှာ ပြဿနာရှိနေလို့လား "
" မသိသေးဘူး စောင့်ကြည့်ကြတာပေါ့ "
" ကောင်းပြီလေ ကျွန်တော် စောင့်ကြည့်ခိုင်းထားလိုက်မယ် " စောင့်ကြည့်တယ်ဆိုရာ၌ အရေးမပါသူများကို နေ့တိုင်း မျက်စိဒေါထောက်ပြီး ကြည့်နေစရာမလိုပေ ။ ရံဖန်ရံခါ စောင့်ကြည့်ကာ ယေဘုယျအားဖြင့် မှတ်ချက်ပြုဖို့သာလိုသည်။ ဥပမာအားဖြင့် ကွန်မြူနတီအဖွဲ့၀င်များသည် စိတ်ထင်တိုင်း လျှောက်သွားနေ၍ မရချေ ။ အလုပ်မသွားလိုပါက ခွင့်ကြိုယူရတတ်လေသည်။
ဟန်ချင်စုန့် : " အတူတူ ထမင်းစားကြရအောင် "
လော့ဟိုင်ချန် : " မရီးလည်း ရောက်နေတာပဲ မတွေ့တာကြာပြိိနော် ကျွန်တော်က ... " ဟုဆိုကာ ဟန်ချင်စုန့်ကို တစ်ချက်ကြည့်ပြီးမှ ပြုံး၍ဆက်ပြောသည်။ " မရီးနဲ့ ကလေးတွေကို လွမ်းနေတာဗျ "
လင်းလန် ထမင်းဗူးထဲမှ ရေနွေးကြမ်းကို ထုတ်ပေးလိုက်သည်။
" အတူတူ စားကြရအောင် "
လော့ဟိုင်ချန် : " ခေါင်းဆောင်ဟန် မရီးကလည်း ကျွန်တော့်ကို လွမ်းနေတာပဲထင်တယ် " ထို့နောက် ခေါင်းဆောင်ဖြစ်သူထံမှ အကြည့်စူးစူးကြောင့် လော့ဟိုင်ချန်က ဆက်မစရဲတော့ဘဲ အမြန်ထွက်ပြေးသွားသည်။
လင်းလန် ဟန်ချင်စုန့်၏ နံဘေးသို့လျှောက်သွားလိုက်သည်။ " လော့ဟိုင်ချန်ကတော့ ဒီအသက်အရွယ်အထိ ကလေးဆန်နေတုန်းပဲ ချင်းယွမ်တောင် လက်ထပ်ပြီးပြိိီကို သူက ဘာလို့အခုထိ မိန်းမမယူသေးတာလဲမသိဘူး "
ဟန်ချင်စုန့်အား လက်ဆေးရန် လင်းလန် အချက်ပြလိုက်သည်။
ကန်တင်းသို့သွားသည့်အခါတွင် တ၀မ်က အပြင်မှလာနေသည်နှင့် ကြုံလိုက်ရသည်။
လင်းလန် လှမ်းခေါ်လိုက်သည်။ " သားကြီးရေ ဒီမှာ"
တ၀မ်က ရောက်လာပြီး ရှန်ယွီက အထည်စက်ရုံအကြောင်း စုံစမ်းဖို့ရောက်နေကြောင်း ပြောပြသည်။
သို့ဖြစ်၍ တ၀မ်က ရှန်ယွီအား သူ့နေ့လယ်စာကို ပေးလိုက်ပြီဖြစ်မှန်း လင်းလန် သိလိုက်သည် ။ သူ့အတွက် နေ့လယ်စာထပ်၀ယ်ရန် ရောက်လာခြင်းပဲ ဖြစ်ရပေမည် ။ " ကောင်းတာပေါ့ ဘာတွေ ကြားထားသေးလဲ "
တ၀မ်က ဂေါ်ဖီတို့ဟူးဟင်းကို စားပွဲပေါ်တင်လိုက်သည်။
လင်းလန် : " မပြန်ခိုင်းဘဲ နှစ်ရက်လောက် နေခိုင်းလိုက်လေ "
တ၀မ် : " မပြန်သေးဘူး အား၀မ်က အိမ်ကိုခေါ်သွားတယ် "
စားနေစဥ်တွင် ကျိုးဖုန်းကျဲက ၀င်လာပြီး တ၀မ်ကိုမြင်သည့်အခါ ၀မ်းသားသွားသည်။ " ဪ ခေါင်းဆောင်လင်းရဲ့ သားကြီးပဲ "
မိသားစုသုံးဦးမှာ ငြိမ်ကျသွားလေသည်။
လင်းလန် ပြုံးပြ၍ မိတ်ဆက်ပေးလိုက်သည်။
" ဟုတ်ပါတယ် အထက်တန်းတက်နေတုန်းပဲရှိသေးတာ ငယ်ငယ်လေးပဲ ရှိသေးတာလေ "
တ၀မ်က ထရပ်ကာ ကျိုးဖုန်းကျဲကို နှုတ်ဆက်သည်။
ကျိုဖုန်းကျဲက အားကျနေသည်။ " ဒီကောင်လေးကို ကြည့်စမ်းပါဦးအေ မကြာခင် ခေါင်းဆောင်ဟန်ကိုတောင် ကျော်တက်သွားတော့မှာပဲ " အခြားလူသာဆို သားဖြစ်သူနှင့် အယှဥ်ခံရ၍ စိတ်ဆိုးနိုင်သော်လည်း ဟန်ချင်စုန့်က ဂရုမစိုက် ။
လင်းလန် တ၀မ်ကို ပြန်ထိုင်ခိုင်းလိုက်သည်။ " မဟုတ်ပါဘူး သူကငယ်သေးတယ်လေ သူ့အဖေကို ဘယ်ကျော်နိုင်ပ့ါမလဲ "
တ၀မ် လင်းလန်ကို ကြည့်နေမိသည်။ သူ့အမေက ဘာလို့ သူကငယ်သေးတယ်ဆိုတာချည်းပဲ ထပ်တစ်လဲလဲ ပြောနေသည်ကိုမသိသော်လည်း ၀င်မပြောဘဲ ငြိမ်ငြိမ်လေး ထမင်းစားနေလိုက်သည်။
ကျိုးဖုန်းကျဲမှာ ကြည့်လေသဘောကျလေ ဖြစ်လာမိသည်။ သူ့မှာ ဒီအရွယ်သမီးမရှိလို့သာ ၊ မဟုတ်လို့က ချက်ချင်း ခမည်းခမက်တော်ပစ်လိုက်မှာ ။ ထမင်းစားဖို့ကိုလည်း စိတ်မ၀င်စားတော့ဘဲ ထမင်းဘူးကို လူငယ်တွေကိုပေးလိုက်ပြီး တ၀မ်ကိုမြင်နေရသည့် နေရာ၌ထိုင်ကာ လက်ထောက်၍မေးတင်ပြီး ကြည့်နေလိုက်သည်။
တ၀မ်က အပြင်ဘက်တွင် တည်ငြိမ်နေသည့်ပုံပေါ်သော်ငြား စိတ်ထဲတွင်မူ ယောက်ယက်ခတ်နေပြီဖြစ်သည်။ အဲ့အဒေါ်ကြီးက သူ့ကို ဘာလို့ဒီလိုကြီး ကြည့်နေရတာလဲ ။
ဟန်ချင်စုန့်က တ၀မ်ကိုမေးသည်။ " နေ့လယ်မှာ ဘာအတန်းရှိလဲ "
တ၀မ် စဥ်းစားကြည့်လိုက်သည်။ ရူပဗေဒ ? ဓာတုဗေဒ ? မဟုတ်မှ အင်္ဂလိပ်လား ? " အားကစားချိန်ပါ "
ဟန်ချင်စုန့် : " ဒါဆိုရင် ပြန်မသွားတော့ဘဲ ကားမောင်းပဲသင်တော့ "
တ၀မ်က ပျော်သွားပြိိး ချက်ချင်းပင် ပြန်ဖြေသည်။ " ဟုတ်ကဲ့ "
ကျိုးဖုန်းကျဲက ရင်ထဲတွင် အလွန်သဘောကျနေလေသည်။ သို့သော်လည်း သူမက အမျိုးများ၏ သမီးမိန်းကလေးများအကြောင်းကို ပြောလိုက်တော့ ထိုကောင်လေး မော့ကြည့်လာတာက နည်းနည်းကြောက်စရာကောင်းနေသလားလို့ ။ နောက်တစ်ခေါက် ပြန်ကြည့်လိုက်တော့လည်း ထိုကောင်လေးက ခေါင်းငုံ့ပြီး ငြိမ်ငြိမ်လေး ထမင်းစားနေတာပါ ၊ ဒီလောက် လိမ္မာပြီး တိတ်ဆိတ်တဲ့ကလေးက သူမကို အဲ့လိုမကြည့်လိုက်လောက်ပါဘူး ။
" ဟန်၀မ်ကောဆိုပဲ ဟုတ်လား " သူမ မေးလိုက်သည်။
တ၀မ်က မော့ကြည့်လာသည်။ " ဟုတ်ပါတယ် "
" ဘာတွေလုပ်မယ် စိတ်ကူးထားလဲ "
တ၀မ်က ခဏအကြာမှ ကျိုးဖုန်းကျဲကိုကြည့်၍ ပြန်ဖြေသည်။ " ကျောင်းပြီးရင် စစ်ထဲ၀င်မှာပါ "
ကျိုးဖုန်းကျဲ : " ဒီလိုတောင့်တောင့်ဖြောင့်ဖြောင့်ဆိုတော့ စစ်ထဲ၀င်လို့ရမှာပါ ဒါပေမယ့် စစ်သားလုပ်တာက ... ပင်ပန်းတယ်လေ မယုံရင် မင်းအဖေကို မေးကြည့်ပါလား ဟုတ်တယ်မလား "
ဟန်ချင်စုန့်က စားလို့ပြီးသွားပြီဖြစ်သည်။
" အဆင်ပြေပါတယ် "
လင်းလန်လည်း စားလို့ပြီးသွားပြီဖြစ်၍ ပါးစပ်က်ို လက်ကိုင်ပု၀ါဖြင့်သုတ်ပြီး ခေါက်လိုက်ကာ ဟန်ချင်စုန့်ထံ ပြန်ပေးလိုက်သည်။ ထို့နောက် ကျိုးဖုန်းကျဲအား နှုတ်ဆက်လိုက်သည်။ " ညွှန်မှုးကျိုး ဖြည်းဖြည်းစားပြီး နေခဲ့နော် "
ကျိုးဖုန်းကျဲ : " လင်းလန် ငါပြောတာကို တွေးကြည့်ကြည့်နော် တစ်ယောက်အဆင်မပြေလည်း အများကြီးရှိသေးတယ် "
လင်းလန် ကျေးဇူးတင်ကြောင်းပြောပြီး တ၀မ်ကိုခေါ်ကာ လစ်ထွက်လာလိုက်သည်။
တ၀မ်က နားမလည် ။ " ဘာတွေဖြစ်နေတာလဲ "
လင်းလန် : " နောင်ကြ ဘယ်သူမေးမေး သားက ဆယ့်လေးနှစ်ပဲရှိသေးလို့ ငယ်သေးပါတယ်လို့ဖြေနော် "
တ၀မ် : .......
လင်းလန်က တ၀မ်ကိုကြည့်ကာ မေးလိုက်ပြန်သည်။ " မဟုတ်မှလွဲရော သားက မိန်းမယူချင်နေပြီလား "
တ၀မ် ချက်ချင်းပင် ဟန်ချင်စုန့်နောက်ကိုသာ လိုက်သွားလိုက်သည်။
ဟန်ချင်စုန့်က တ၀မ်အား ဂျစ်ကားမောင်းသင်ပေးနေသည်ကို လင်းလန်ကြည့်နေလိုက်သည်။ သူမလည်း အတူမောင်းကြည့်ချင်သော်ငြား ဂျစ်ကားမောင်းရလောက်သည်အထိလည်း မကျွမ်းကျင်သေးပေ ။
Xxxx