Chapter - 4
Viewers 469


Volume - 1 CHAPTER - ( 4) 



{ ရန်သူရဲ့ရန်သူဟာကိုယ့်မိတ်ဆွေ }





မိမိ၏ရှေ့ကဆောင်ကြာမြိုင်အားမော့ကြည့်လိုက်ရှေ့မှသခင်လေးအားကြည့်လိုက်ဖြင့် ကိုယ်ရံတော်မှာခေါင်းခဲရချေပြီ ။


မကြာသေးခင်ကမှ သခင်ငယ်လေးကို ကောင်းကောင်းမစောင့်ရှောက်ပေးနိုင်၍ ကိုယ်ရံတော်ခေါင်းဆောင်အဆင့်မှ တပ်သားအဆင့်သို့လျော့ချခံရသည်မှာ တစ်ပတ်ပင်မပြည့်သေးချေ ။


အော် ငါ့ခေါ​င်းလေး ဒီတစ်ခေါက်တော့ ပြုတ်ရှာပီထင်ပါတယ် ...


လင်္ကာသည်ငိုမဲ့မဲ့ဖြစ်နေသည့် ကိုယ်ရံတော်အားကြည့်ကာပြုံးမိလေသည် ။


" အဲ့ဒီလောက်လဲလန့်မ​နေပါနဲ့ ငါမဟုတ်တာလုပ်မှာမှမဟုတ်တာ "


ဆောင်ကြာမြိုင်လာပြီးမဟုတ်တာမလုပ်ဘဲ တရားဓမ္မဆွေးနွေးမလို့လား သခင်လေးရယ် … ကိုယ်ရံတော်သည် မျက်ဖြူသာလှန်မိတော့သည် ...


" အော် ငါတကယ်မဟုတ်တာမလုပ်ပါဘူးဆိုဒီတိုင်း ရန်သူရဲ့မိတ်ဆွေလေးကိုရန်လာစရုံသပ်သပ်ပါဘဲ "


ဆောင်ကြာမြိုင်၌ သုနန်သည်မိမိ၏လျို့ဝှက်အထောက်တော်ထံမှသတင်းယူရန်လာခဲ့ခြင်းဖြစ်သော်လည်း လင်္ကာအားတွေ့လိုက်ရလေသည် ။


လင်္ကာသည်ယခုရက်ပိုင်းအတွင်းသူ့ထံသို့ တစ်ခါမျှပင်ရောက်မလာခဲ့ချေ ။ယခုတစ်ခေါက်ကိစ္စတွင်အတော်လေးစိတ်ဆိုးသွားပုံရလေသည် ။


သုနန်ဆောင်ကြာမြိုင်အတွင်းသို့ရောက်သောအခါ တရုံးရုံးဖြစ်နေ​သော လူအုပ်ကြီးအားတွေ့လိုက်ရလေသည် ။


ထိုလူအုပ်ထဲမှလူငယ်လေး တစ်ယောက်၏အသံသည်ကြည်လင်ပြတ်သားစွာထွက်ပေါ်လာလေသည် ။



" ငါအလင်္ကာဟာ အသက်နဲ့တိုင်တည်ပြီးကျိန်ဆိုတယ် တကယ်လို့အရှင့်သားကို ငါ့ဘက်ကနောက်ထပ် အရှက်မရှိအတင်းတွယ်ကပ်နေခဲ့မယ်ဆိုရင် ငါသေလွန်ပြီးတဲ့အခါမှာအဝီစိငရဲမှာသံသရာမပြတ်ကျခံရစေသား "


ထိုစကားတို့သည်သုနန်၏ ရင်ဝအားဓားနှင့်ထိုးသကဲ့သို့ရှိလေသည် ။လေးကိုင်းသဏ္ဍာန်မျက်ခုံးတို့မှာ အလိုမကျဟန်စုကျုံ့လျှက်အံကြိတ်ကာလှည့်ထွက်ခဲ့လေသည် ။


လင်္ကာသည်ထွက်ခွာသွားသောအရှင့်အားပြင်လိုက်ပါသော်လည်းမိမိနှင့် ဘယ်သောအခါမှမသိကျွမ်းခဲ့ဖူးသောလူတ်ယောက်နှယ်သာ။


" ကဲ အခုကိစ္စလဲရှင်းပြီးပြီဆိုတော့ ရှေ့ကဖယ်လို့ရပြီမလား "


စိမ်းပုပ်ရောင်တောင်ရှည်နှင့်ဗိုက်ရွဲရွဲ လူတစ်ယောက်ကလှောင်ရီကာပြော​လေသည် ။


" မင်းအခုလိုကျိန်ပြလဲ ဘယ်သူကယုံမှာတဲ့လဲ သုံးရက်မကွာဘူး အရှက်မရှိဘဲအရှင့်သားခြေထောက်အောက်ပြန်ရောက်လာမဲ့ ခွေးကောင်ကများ "


" အရှင့်သားရဲ့သွေးမနှောတဲ့တစ်ဝမ်းကွဲညီတော်လေးက အရမ်းကိုမင်းမျိုးနွယ်ရဲ့လူယဉ်ကျေးလေးဖြစ်နေပါပေါ့လား...ဒီလောက်တောင်မခံမရပ်နိုင်ဖြစ် နေတဲ့ပုံကမင်းကမှသခင်ကိုကာပြီးဟောင်ပေးနေတဲ့ခွေး နဲ့မတူဘူးလား "


" မင်းမဟုတ်တာတွေမပြောနဲ့ "


ထိုသူမှာအလွန်အမင်းဒေါသထွက်နေပုံရကာလင်္ကာ အားရိုက်ရန်ရှေ့သို့တိုးလာပါသော်လည်း ဘာမှပင်မလုပ်လိုက်ရသေးခင်ထိုသူမှာကြမ်းပြင်ပေါ်တွင် အမှောက်သိပ်ခံလိုက်ရလေသည် ။


လင်္ကာသည်ငုံ့ကိုင်း၍ ထိုသူ၏နားနားကပ်ကာတီးတိုးပြောလေသည် ။


" ငါအရင်ကသည်းခံပေးခဲ့တဲ့အကြောင်းအရင်းကအခုမရှိတော့ဘူးနော် အဲ့ဒီတော့ဘယ်သူကပိုပြီးအင်အားရှိမလဲဆိုတာမင်းကပြိုင်ချင်နေတာလား "


ထိုသူသည်အလှန်အမင်းပင်မျက်နှာထားပျက်ယွင်းလျှက် ချွေးစေးတို့ပင်ထွက်လာလေသည် ။


လင်္ကာသည်အားပါးတရရီမောကာ


" ငါ့ကိုလာမဟောင်ခင်မင်းရဲ့ အ​ခြေအနေကိုမင်းအရင်စဉ်းစားသင့်တယ်နော် တစ်ပတ်အတွင်းတစ်ခုမကျန်အကုန်ပြန်လိုချင်တယ် ဘာကိုဆိုလိုလဲဆိုတာသိရဲ့နော် လက်ဝဲအမတ်မင်းအိမ်တော်ကအဲ့လောက်တော့မဆင်းရဲဘူးမလား "


ပြုံးလျှက်ပင် လင်္ကာသည်အံ့အားသင့်နေသော ထိုလူအုပ်ကြီးအားကျောခိုင်းကာလှည့်ထွက် ခဲ့လေသည်။


ကိုယ်ရံတော်မှာမိမိ၏သခင်ငယ်လေးအတွက် အလွန်ပင်ဂုဏ်ယူမိသွားလေသည် ။


အတိတ်တုန်းကများဆိုလျှင် သုနန်၏နောက်လိုက်အပေါင်းအပါတစ်သိုက်မည်သို့ပင်အနိုင် ကျင့်ပါစေ သခင်ငယ်လေးသည်​အမြဲခေါင်းငုံ့ခံခဲ့လေသည် ။


လူတစ်ယောက်တည်းသာမြင်ခဲ့သောယခင်ပုံစံထက် ကျားရဲတစ်ကောင်လိုမာန်ဝင့်နေသော သခင်လေးကိုသာပိုပြီးမြင်ချင်လေသည် ။


ဒီနေ့ပုံစံကိုသာတို့စစ်သူကြီးတွေ့ရင်အဲ့ဒီအစိမ်းပုပ်ကောင်ပိုပြီးသမခံရမှာသေချာသည် ။


ရုတ်တရက်ဆိုသလိုပင်လင်္က်ာသည် အခန်းတစ်ခုရှေ့၌ရပ်ကာစကားဝှက်တစ်ခုကိုရွတ်ဆိုလိုက်သည်နှင့်တစ်ပြိုင်နက် ထိုအခန်းတံခါးသည်ပွင့်ဟလာခဲ့လေသည် ။


" အရင်အတိုင်းဘဲအခုထိကိုမပြောင်းလဲသေးဘူး "


ဆွဲဆောင်မူပြင်းသောနူတ်ခမ်းပါးတစ်စုံမှာအန္ဒရာယ်များစွာကွေးညွှတ်သွားလျှက် 

" ငါပိုင်ဆိုင်သင့်တဲ့အရာတွေကိုတစ်ခုချင်းဆီပြန်အရယူမှာမို့လို့ငါ့ရန်သူဖြစ်​နေမယ်ဆိုရင်တော့ငါဖျက်ဆီးရမှာဘဲ "



______________________________________________________



အပျော်ဂေဟာတစ်ခုအဖြစ်ဖွင့်လှစ်ထားသောလနီစံအိမ်သည်အမှန်တကယ်တမ်းတွင်ဆောင်ရွက်ပေးသောအရာများစွာရှိပေသည် ။


အလွန်လှပနူးညံ့သောအပျော်မယ်ကလေးများသည်တကယ်တမ်းတွင် ငယ်စဥ်ကတည်းကလက်သပ်မွေးမြူခြင်းခံလာရသောလုပ်ကြံသူများသာဖြစ်ချေသည် ။


အကယ်၍အလုပ်အပ်နှံသူသာအလိုရှိမည်ဆိုပါက စေ့စေ့စပ်စပ်ဆောင်ရွက်ပေးရန်အသင့်ရှိသည်။



လနီအဖွဲ့အစည်းသည်အမှန်တကယ်ကျော်ကြားပါသော်လည်း ပုန်းကွယ်နေသောကျားတစ်ကောင်ကဲ့သို့သောဖြစ်တည်မှုမျိုးသာ ။



တည်ရှိနေမှန်းသိသော်လည်း ရှာ၍မတွေ့နိုင်သလိုမည်သူမျှလည်းလွယ်လွယ်ကူကူဖြင့်အလုပ်တွဲမလုပ်နိုင်  ။


အဘယ့်ကြောင့်ဆိုသော်လနီအဖွဲ့အစည်းသည်အသပြာနှင့်အလုပ်မလုပ်ဘဲ ၀ိဥာည်နှင့်သာအပေးအယူလုပ်၍ဖြစ်သည်  ။


အရှင်းဆုံးပြောရမည်ဆိုလျှင်သန့်စင်သောလိပ်ပြာပိုင်ရှင်၏ကိုယ်ခန္ဓာသည်သာလနီအဖွဲ့အစည်းအတွက်ငွေကြေးဖြစ်လေသည် ။


လင်္ကာသည်အတိတ်ကထိုငရဲသို့ကိုယ်တိုင်ပင်လိုလိုလားလားသက်ဆင်းခဲ့ဖူးလေသည် ။


အရှင့်ရည်မှန်းချက်အထမြောက်သရွေ့…


အရှင့်လိုအင်ပြည့်၀နေသရွေ့...


သူသည်ထိုငရဲ၌မွေ့လျှော်နေနိုင်သည် ။



ကေ်ာက္စိမ်ျးဖူကဲ့သို့သြယ္လ်ွဝင်းမြတ်နေ


သောသူ၏လက္မ်ားကိုငုံ့ကြည့်ကာခါးသက်သက်ရီမိလေသည် ။ ယခင္က ကဲ့သို့အနက်ရောင်


ကျောက်စိမ်းဖြူကဲ့သို့သွယ်လျ၀င်းမွတ်နေသောသူ၏လက်ချောင်းများကိုငုံ့ကြည့်ကာခါးသက်သက်ရယ်မိလေသည် ။ ယခင်ကကဲ့သို့အနက်ရောင်ကျိန်စာအမှတ်များမရှိတော့သော်ငြား မှတ်ဥာဏ်များထံမှဘယ်တော့မှလွတ်မြောက်နိုင်မည်မဟုတ်ပေ ။


မှောင်မိုက်ကာရှုပ်ထွေးသော ဥမင်လမ်းငယ်လေးထဲ၀ယ်ဆီမီးခွက်ငယ်တို့မှ၀ါကျင်ကျင်အလင်းရောင်သည်သာလှုပ်လီလှုပ်လဲ့ဖြင့်လင်းလက်နေလေသည် ။


စကား၀ှက်အားရွတ်ဆိုမှထိုလမ်းပွင့်လာမည်ဖြစ်ပြီးစကား၀ှက်အားမရွတ်ဆိုပါကထိုနေရာသည်သာမန်အခန်းတစ်ခုသာ ။



လနီအိမ်တော်မှာနောက်ထပ်လျှို့၀ှက်ချက်တွေဘယ်လောက်များများရှိနေလိမ့်မလဲ ...


စိတ်၀င်စားစရာပဲ ..


ဥမင်ငယ်လေး၏အဆုံးသတ်မှာ တောအုပ်တစ်ခုအတွင်းရှိဂူငယ်လေးတစ်လုံးဖြစ်၏  ။


သူသည်လည်းဤနေရာသည်ထင်သလောက်မရိုးရှင်း​မှန်းယခင်ကတည်းကရိပ်မိလေသည်  ။

သာမန်တောအုပ်တစ်ခုအတွင်းမှဂူငယ်​ေါးတစ်လုံးထဲ၌လူထောင်ပေါင်းများစွာသတ်ဖြတ်ထားသကဲ့သို့လူသတ်ငွေ့များလွှမ်းမိုးနေစရာအကြောင်းမရှိချေ  ။


လင်္ကာကဲ့သို့သန့်စင်သည့်ဝိဉာ်ဥ်ပိုင်ရှင်တို့သည်အာရုံခံစားရာ၌လူတကာထက်ပင်များစွာသာလွန်လေသည်။ 


ဖုံးလွှမ်းနေသောသတ်ဖြတ်ခြင်းအငွေ့အသက်ထဲ၌၀မ်းနည်းမှုများကပ်ပါနေ​ကြောင်းသူသတိထားမိလေသည် ။


သူသည်လည်းပြန်လည်မွေးဖွားလာသကဲ့သို့ထိုသူသည်လည်းအတူတူပင်ဖြစ်ကြောင်းသတိထားမိလိုက်လေသည် 


တကယ့်ကိုရန်သူ့ရဲ့ရန်သူကအသုံးချဖို့ထိုက်တန်ပါပေတယ် ...


====================================





🐳