အခန်း(၁၂၂)ကိုယ်ကျင့်သိက္ခာရှိသောဇနီးကောင်းတစ်ဦးဖြစ်ရန်ဖိအားပေးခံရခြင်း
Viewers 43k

အခန်း (၁၂၂) - ကိုယ်ကျင့်သိက္ခာရှိသော ဇနီးကောင်းတစ်ဦးဖြစ်ရန် ဖိအားပေးခံရခြင်း


လယ်ငါးနှပ်တစ်ပန်းကန်၊ ဂေါ်ဖီထုပ်တစ်ပန်းကန်တို့ဖြင့် ပြောင်းပေါက်စီတစ်အိုးက လုံလောက်နေပြီဖြစ်သည်။ 


အဖေကျိုးနှင့်အမေကျိုးတို့က တူညီသည့်အဓိပ္ပါယ်ရှိကြပြီး နှစ်ယောက်လုံးက ထိုကဲ့သို့တွေးကြ သည်။ ထို့ကြောင့် အလုပ်ပြန်လာပြီးနောက် ကျိုးချင်းပိုင်နှင့်အတူလိုက်ပါကာ ညီအစ်ကိုသုံးဦးကို ပြန်ခေါ်လာတော့၏။


လောင်စန်းက တစ်နေ့လုံးဆော့ကစားပြီး ပင်ပန်းနေပြီဖြစ်သည်။ သူ့အဖေ၏ကျောပေါ်၌ ပါလာလေ၏။ သူတို့ပြန်ရောက်ချိန်တွင် လက်ဆေးကြောပြီး ညစာစားရန်ပြင်ဆင်တော့သည်။


လင်းချင်းဟယ်က ကျိုးချင်းပိုင်၏အကြည့်များ နူးညံ့နေတာကို သတိပြုမိသွားသည်။


လင်းချင်းဟယ် “...” နောက်ထပ် နားလည်မှုလွဲမှုရှိနေချေပြီ။ သူမက မမေးသော်ငြား ခန့်မှန်းမိ၏။ ကျိုးချင်းပိုင်က အပြန်လမ်းတွင် အဖေကျိုးပြောတာကို ကြားခဲ့တာဖြစ်မည်။


ထို့အပြင် သူမက ကိုယ်ကျင့်သိက္ခာရှိသော ဇနီးသည်၊ ကောင်းမွန်သော မိခင်တစ်ဦး၊ ဝတ္တရား ကျေပွန် သော ချွေးမတစ်ဦးအဖြစ်စတင် အထင်ခံနေရပြီဖြစ်သည်။ သူမ မည်သည်ကိုပြောသင့် သနည်း။


လယ်ငါးနှင့်ပြောင်းဖက်ထုပ် ဂေါ်ဖီတို့ကိုစားရခြင်းက လူတိုင်းကို စိတ်ကျေနပ်စေ၏။ ညစာစားပြီးနောက် အဖေကျိုးနှင့်အမေကျိုးတို့က ပြန်သွားတော့သည်။


လင်းချင်းဟယ်က လောင်စန်းကို ရေချိုးပေးရန်အတွက် ရေနွေးတစ်အိုးတည်လိုက်တော့သည်။ ထိုအကောင်လေးက အမှန်တကယ်ပင်ပန်းနေပြီဖြစ်သည်။ သူက စားနေစဉ် အိပ်ငိုက်နေလေ၏။


လောင်စန်းကို ဦးစွာရေချိုးပေးပြီးအနွေးခုတင်ပေါ်ထားလိုက်သည်။ ထို့ကြောင့် သူ အရင် အိပ်ပျော်သွားတော့သည်။


ထိုကောင်ငယ်လေးသည် သူမ ရေချိုးပေးစဉ်က ရယ်မောနေသေးသည်။ သို့သော် အနွေးကုတင်ပေါ် ရောက်သည်နှင့်ချက်ချင်းအိပ်ပျော်သွားတော့၏။


“မင်းတို့နှစ်ယောက်လည်း ကိုယ်လက်ဆေးပြီး အိပ်ရာဝင်ဖို့ပြင်တော့” လင်းချင်းဟယ်က လောင်တနှင့်လောင်အာ့တို့ကို ညွှန်ကြားလိုက်သည်။


နှစ်ယောက်လုံးက ဝေယျာဝစ္စများ ပြီးစီးပြီဖြစ်သော်ငြား မအိပ်ချင်သေးပေ။


“မတ်ပဲစွပ်ပြုတ် သောက်ချင်တယ်” လောင်တက ပြောလေ၏။


“သားရောပဲ” လောင်အာ့ကလည်းလိုက်ပြောသည်။


လင်းချင်းဟယ်က သူတို့ကိုခွင့်ပြုလိုက်၏။ သို့သော် သူတို့ကို ရေအရင်ချိုးခိုင်းပေသည်။


ကျိုးချင်းပိုင်သည် ညစာစားပြီးနောက် လယ်ငါးကို လက်လှမ်းလိုက်တော့သည်။ အစ၌ သူသည် လယ်ငါး၏အနံ့အသက်ကိုမကြိုက်သောကြောင့် စားခဲသည်။


သို့သော် လင်းချင်းဟယ်ချက်သည့် လယ်ငါးနှပ်ကို အမှန်တကယ် နှစ်သက်၏။ ယင်းကို အသားဟင်းဟူ၍လည်း သတ်မှတ်၍ရသည်။


မှောင်လာသည့်အချိန်တွင် သူက လယ်ငါးအချို့ဖမ်းပြီးပြန်လာတော့၏။ အနည်းငယ်ကို သိမ်းထားပြီး ထပ်မံချွေတာကာ ပြီးနောက် ချက်နိုင်၏။


“သွား ဆေးကြောပြီး ပဲဟင်းချိုသောက်တော့။ ပြီးရင် အိပ်” လင်းချင်းဟယ်က ပြောလိုက်၏။


ကျိုးချင်းပိုင်က ရေသွားချိုးသည်။ သူက တလက်စတည်း ကလေးများ၏ အဝတ်အစားများပါ လျှော်ပေးလိုက်သည်။


လင်းချင်းဟယ်က ကလေးနှစ်ယောက်အတွက် ပဲဟင်းချိုများ ခပ်ပေးလိုက်၏။ ကျန်သည်က သူမ မိသားစုအတွက်ဖြစ်သည်။ စားသောက်ပြီးနောက် အားလုံးက ခြေလက်ဆေးကာ အိပ်ရန်ပြင်ဆင်ကြတော့သည်။


“အဖေက ကိုယ်တို့မိသားစုနဲ့စားသောက်ရတာ အလွန်ပျော်နေတယ်” ညအချိန်တွင် အနွေးခုတင်ပေါ်၌ ကျိုးချင်းပိုင်က သူမကိုပြောပြသည်။


လင်းချင်းဟယ်က အမှန်တကယ်ဆန္ဒမရှိပေ။ သို့သော် သူပြောလာပြီဖြစ်သောကြောင့် လင်းချင်းဟယ်က ပြန်ပြောလိုက်လေ၏။


“လူနှစ်ယောက်ပိုလာတာက ဘာမှ သိပ်မကုန်ဘူး။ စားရတာကြိုက်တယ်ဆိုရင် လာစားခိုင်းလိုက် ပေါ့”


“ကျေးဇူးပါပဲ" ကျိုးချင်းပိုင်က ပြောလိုက်သည်။   

     

ပြီးနောက် လင်းချင်းဟယ်က ချက်ချင်းပြောလိုက်လေ၏။ “ကျွန်မ မှားတာတစ်ခုခုလုပ်ထားခဲ့ရင် ရှင်ခွင့်လွတ်ပေးမှာလား”


“မင်း ဘာများလုပ်ထားလို့လဲ?” ကျိုးချင်းပိုင်က မေးလိုက်တော့သည်။


လင်းချင်းဟယ်က စတင်ဟန်ဆောင်တော့၏။ “ရှင် ဘာပြောနေတာလဲ။ ကျွန်မ မှားတာ ဘာများလုပ်နိုင်မှာလဲ။ ရှင် ကတိပေးမှာလား ကတိမပေးဘူးလား ဆိုတာပဲပြော”


“ကို ကတိပေးတယ်” ကျိုးချင်းပိုင်က လက်လှမ်းပြီး သူ၏ဇနီးကို ပွေ့ဖက်လိုက်တော့သည်။ 


ဒါ မှားယွင်းသည့်အရာကို မည်ကဲ့သို့လုပ်နိုင်မည်နည်း။ သူမက ဘဝတွင် မှားတာ ဘာမှမလုပ်ခဲ့ပေ။ လုပ်ခဲ့လျှင်တောင် သူစိတ်ရှိမှာမဟုတ်ချေ။ 


လင်းချင်းဟယ်က စိတ်ကျေနပ်နေ၏။ “ဒါဆို ရှင် ဒီနေ့ပြောတာကို မှတ်ထားရမယ်”


ကျိုးချင်းပိုင်က ယင်းကို အသိအမှတ်ပြုသည်။ သူ့အဖို့ သူမသာ သူနှင့်အတူနေရန်ဆန္ဒသာရှိသရွေ့ အရာအားလုံးပြဿနာမဟုတ်ပေ။ 


လင်းချင်းဟယ်သည် နောက်တနေ့လေးနာရီခွဲ၌ အိပ်ရာထသည်။ သူမက မနေ့ညက ကျန်ခဲ့သော ဘန်းကိတ်များကို နွေးပြီးနောက် ရေထဲတွင် အအေးခံရန်အတွက် သံမဏိဒယ်ပြားထဲ ထားလိုက်သည်။ တစ်ညလုံးထားနိုင်လျှင် မဆိုးသွားပေ။ သူမက ဝက်သားဆန်ပြုတ်လုပ်ပြီး ဆားကြက်ဥနှစ်လုံး ခွဲပြီးနောက် သခွားကြက်ဥမွှကြော်ကို ကြော်လိုက်တော့သည်။


ပြီးနောက် ကျိုးချင်းပိုင်စားသောက်ပြီးစီးပြီး ကျိုးမိသားစုမှ သူ့အဖေ၊ သူ့အစ်ကိုများနှင့်အတူ ထွက်သွားတော့၏။


ဆောင်းရာသီရိတ်သိမ်းမှုကာလအတွင်း စောစောထရန်လိုအပ်သည်။ 


“လောင်စစ် မင်းဒီမနက်ဘာစားခဲ့လဲ” ဒုတိယအစ်ကိုက မေးလေသည်။


“မန်ထို၊ သခွားသီး” ကျိုးချင်းပိုင်က ပြန်ဖြေလိုက်၏။


သို့သော် ဝက်သားဆန်ပြုတ်နှင့်ဆားကြက်ဥများလည်းရှိသည်။ ကြက်ဥသခွားများကို ဝက်ဆီဖြင့် ကြော်ထားတာဖြစ်ပြီး အရသာအလွန်ရှိသည်။ သူ၏ ဇနီးက ထိုပန်းကန်သည် သူ့အတွက် ပြင်ဆင် ပေးထားတာ ဖြစ်ကြောင်း ပြော၏။ ပြီးမှသာလျှင် ကလေးများအတွက် သူမကြော်ပေးမှာပဲ ဖြစ်သည်။ ထို့ကြောင့် သူ၏အစာအိမ်ထဲ၌ သခွားကြက်ဥ တစ်ပန်းကန်လုံးပြည့်သွားတော့သည်။ ကျိုးချင်းဟယ်က မနက်စာစားပြီး ဗိုက်အလွန်ပြည့်နေပြီဖြစ်သည်။


ဗိုက်မည်မျှပြည့်စေကာမူ နေ့လယ်ရောက်လျှင် သူဗိုက်ဆာလိမ့်မည်။


“လောင်စန်းလောက် မကောင်းဘူးပဲ” ဒုတိယအစ်ကိုက မှတ်ချက်ချ၏။


တတိယအစ်ကိုက သူ့ကို မျက်လုံးလှန်ကြည့်လိုက်သည်။ “ဒါတွေအားလုံးက ကျွန်တော့်မိန်းမ စားဖို့အတွက်ပဲ။ သူ့ဝေစုကို ကျွန်တော်မစားပါဘူး”


စုတလင်းက ပစ္စည်းများစွာသယ်လာသော်ငြား ယင်းက မပြီးသေးပေ။ သို့သော် တတိယအစ်ကို ပြောသည်က လိမ်ညာနေတာမဟုတ်ပေ။ အနည်းနှင့်အများ သူက စားခဲ့ပြီးဖြစ်သည်။


ထိုအရေးကိစ္စကြောင့် ဒုတိယအစ်ကိုသည် မရီးနှင့် ရန်ဖြစ်ခဲ့၏။ သို့သော် ဆောင်းရာသီ ရိတ်သိမ်းမှုကာလဖြစ်သောကြောင့် ဒုတိယမရီးသည် မနက်ပိုင်း၌ ထွက်သွားပြီး မွန်းတည့်ချိန်၌ သူ့ဖာသာပြန်လာတော့သည်။ ထိုကဲ့သို့ အလုပ်များသောကာလ၌ မည်သူကများ သူမ၏ဇာတ်ကြောင်းရေးမှုကို စိတ်အနှောင့်အယှက်ဖြစ်ခံနေမည်နည်း။


ထို့အပြင် ယင်းက ကျိုးမိသားစု၏ သာမန်ဆုံးဖြတ်ချက်ချတာဖြစ်သည်။ သူက ထိန်းပေးမည့်သူကို ကူညီလိုစိတ်ရှိ၏။ ထို့ကြောင့် မည်သူမဆိုကူညီခြင်းခံရမှာပဲဖြစ်သည်။ မည်သူက ဘာပြောနိုင်မည် နည်း။


ထို့အပြင် သူတို့က တတိယမရီးကို တောင်းဆိုပြီး သူမကို အဘယ်ကြောင့်မတောင်းဆိုရသနည်း။ ယင်းက သူမအမှားမဟုတ်သေးပေ။


ထို့ကြောင့် ဒုတိယမရီးကမူ စိတ်ပျက်လက်ပျက်ဖြင့်ပြန်လာလေ၏။ သူမက ထိုနေရာတွင် မရပ်သွားပေ။ ယခုအချိန်၌ တတိယမရီးအပေါ် ကျေနပ်သည့်အရိပ်အယောင်မပြခဲ့ပေ။ သို့သော် တတိယမရီးကအလေးမထားပေ။ သူတို့က ခွဲနေပြီဖြစ်ကာ လူတိုင်းက ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ရှင်သန်နေကြတာပဲဖြစ်သည်။ မည်သူက ဆန္ဒရှိနေကာမူ ထိုအတိုင်းပဲဖြစ်နေမှာဖြစ်သည်။ 


“အဖေ မနက်စာစားဖို့ ဘာကြောင့်ရောက်မလာတာလဲ” ကျိုးချင်းပိုင်က ထိုကိစ္စရပ်များကို လျစ်လျူရှုလျက် အဖေကျိုးကိုမေးလိုက်တော့သည်။


“မနက်စာက မလိုဘူး” အဖေကျိုးက ပြန်ပြောလိုက်သည်။ "နောက်နေ့မနက်ကျရင်လည်း လာစား မယ်ဆိုတဲ့အကြောင်း ကျွန်တော် ချင်းဟယ်ကို ဒီနေ့ပြောထားတယ်” ကျိုးချင်းပိုင်က ပြောလိုက် သည်။


သူအမေ၏ချက်ပြုတ်မှုလက်ရာအကြောင်းသိနေသည်။ ထို့ကြောင့် သူ့ဖခင်သည် မနက်ခင်းတိုင်း အရသာရှိတာမစားရမှာသေချာနေသည်။ မိခင်က လက်ရှိတွင် ကလေးထိန်းနေရသောကြောင့် ပင်ပန်းနေပြီဖြစ်ကာ စောစောထကာချက်ပြုတ်နိုင်မှာမဟုတ်ပေ။ 


“ဒါဆို ကောင်းပြီလေ” အဖေကျိုးက သဘောတူလိုက်၏။


အငယ်ဆုံးအိမ်တွင် သွားစားနိုင်မည်ဆိုလျှင် သူပျော်ရွှင်နေမှာသေချာ၏။


လောင်တ၊ လောင်အာ့ ညီအစ်ကိုသုံးလုံးဦးက ထိုအကြောင်းကို ဘာမှမပြောပေ။ သူတို့က အိမ်ရှိဇနီးကို မေးတောင်မမေးဘဲ ပါးစပ်မဟရဲချေ။


လောင်စစ်၏ စကားများက သူ၏မိသားစုထဲတွင် အလွန်အရေးပါပုံရသည်။


လင်းချင်းဟယ်က ထပ်သွားမအိပ်တော့ပေ။ အကြောင်းမှာ သူမဝက်စာချက်ပြုတ်ပြီးကျွေးရန် လိုအပ်နေသောကြောင့်ဖြစ်သည်။


ကျိုးချင်းပိုင်သည် ညသန်းခေါင်ယံတွင် ထလုပ်မည်ဟု ပြောခဲ့သော်ငြား သူမဆူတာခံခဲ့ရ၏။ 

မနက်ခင်း၌ ကောင်းကောင်းအိပ်ရန် သူမက သူ့ကိုပြောခဲ့သည်။ 


တနေ့ခင်းလုံး အလုပ်လုပ်ပြီးနောက် သန်းခေါင်ယံတွင် သူက ဝက်စာကျိုရန်ထရဦးမည်။ လင်းချင်းဟယ်က သူ့ကိုထိုသို့လုပ်ခိုင်းရသည်အထိ နှလုံးသားမမဲ့ပေ။


ပြီးနောက် သူမဖာသာ သက်ပြင်းချပြီး ဝက်စာချက်ပြုတ်နေလေ၏။


လုံ့လဝီရီယရှိသည့်အမျိုးသမီးက ပင်ပန်းလွယ်ပြီး အသက်ကြီးမြန်၏။ သူမက ထိုတလျှောက်လုံး အလုပ် မကြိုးစားခဲ့ပေ။ ဆောင်းရာသီရိတ်သိမ်းမှု မြန်မြန်ဆန်ဆန်ကုန်ဆုံးသွားရန် မစောင့်နိုင်ဖြစ်နေ တော့သည်။


ရိတ်သိမ်းမှုပြီးသွားသည်နှင့် ထိုအရာအားလုံးကို တွေဝေမနေဘဲ ကျိုးချင်းပိုင်ဆီ ထားထားမှာဖြစ်သည်။


ဝက်စာကျိုပြီးနောက် အအေးခံကာ ဝက်များကိုကျွေးပြီးသည့်နောက် ကလေးများအတွက် နံနက်စာ ပြင်ဆင်တော့သည်။ အားလုံးပြီးနောက် ခြောက်နာရီထိုးနေပြီဖြစ်သည်။


လင်းချင်းဟယ်က သူ့ကလေးများထရန် အော်လိုက်တော့၏။ အကြောင်းမှာ အကြီးဆုံးမရီးနှင့် ကျန်သည့်သူများ လယ်ထဲဆင်းရန် ပြင်နေပြီ ဖြစ်သောကြောင့် သူတို့နောက်မှ ဒီညီအစ်ကိုတွေ လိုက်သွားရပေမည်။


ညီအစ်ကိုသုံးယောက်က စားသောက်ပြီးစီးပြီး ဆောင်းဦးရိတ်သိမ်းပွဲတွင် ပါဝင်ရန်အတွက် ခရမ်းချဉ်သီးအချို့ကို သယ်လာပြီးနောက် လင်းချင်းဟယ်ကတံခါးပိတ်လျက် အမမိန်ဆီသွားရန် စက်ဘီးစီးသွားတော့သည်။


အမမိန်က သူ့ကိုစိတ်မပျက်စေခဲ့ပေ။ ပုံမှန်အကြံဉာဏ်များအပြင် နှစ်ကျင်းခန့်ရှိသော အရေအသွေး ကောင်းသည့် ဝက်ဗိုက်သားများလည်းရှိသည်။ နှစ်ကျင်းထက်ပိုသည့်အသားစများလည်းရှိသည်။

ထိုဝက်ဗိုက်သားကို မြင်သည့်အခါ၌ လင်းချင်းဟယ်က ဆားရေစိမ်ဖြင့်ဝက်သားကို ကြော်ရန် တွေးလိုက်တော့သည်။ အသားစများကမူ လင်းချင်းဟယ်က တောက်တောက်စဉ်းရန် စဉ်းစားထားပြီးသားဖြစ်၏။