အခန်း ၁၂၉
Viewers 43k

အခန်း (၁၂၉) - ခန္ဓာကိုယ်ကျန်းမာရေး စစ်ဆေးခြင်း


ယနေ့ခေတ်တွင် သာမန်လူများအတွက် ယခုအချိန်အခါက ပျော်ရွှင်စရာအကောင်းဆုံး အခိုက်အတန့် မဟုတ်ပါလော။


ယခုနှစ် ဆန်စပါး အထွက်နှုန်းကလည်း ကောင်းမွန်ခဲ့သည်။ သူတို့ အလုပ်ကြိုးစားသရွေ့ အိမ်တိုင်းက ဆောင်းရာသီအတွက် စားစရာ လုံလုံလောက်လောက် ရနိုင်ပေမည်။


ယခု ဆောင်းဂျုံများ စိုက်ပျိုးပြီးဖြစ်ရာ အသင်းသည် အသားများလည်း ခွဲဝေပေးပြီးဖြစ်သည်။ နှစ်ကုန်ရောက်ချိန်တွင် ထပ်ခွဲပေးမှာ ဖြစ်သည်။ သာမန်လူများကလည်း ကောင်းကောင်းမွန်မွန် စားနိုင်မှာ ဖြစ်သည်။ နေ့ရက်များက အမှန်တကယ် လှပနေတော့သည်။


အဖေကျိုးနှင့် အမေကျိုးက ထိုသို့ တွေးမိကြသည်။ ရွာထဲက သူတို့နဲ့ သက်တူရွယ်တူတွေအတွက် တူတူပဲ မဟုတ်ဘူးလား။


အထူးသဖြင့် ငတ်မွတ်ခေါင်းပါးမှုကို သုံးနှစ် ဖြတ်သန်းခဲ့ရသော သက်ကြီးရွယ်အိုများအတွက် ဖြစ်သည်။ ယခုအချိန်တွင် ငြိမ်းချမ်းတည်ငြိမ်သောဘ၀ကို ရခြင်းက ကောင်းချီးပေးခံရတာပဲ ဖြစ်သည်။


အသားခွဲဝေပြီးနောက် အိမ်ရှိ အစားအသောက်က ပိုကောင်းလာသည်။


လင်းချင်းဟယ်သည် ယနေ့ခေတ် လူများ၏ အမြင်တွင် လက်ဖွာသည်ဆိုသော်ငြား သူတို့မိသားစုက အနပ်တိုင်းကို အသား မစားကြပေ။


ထိုသို့တိုင် အသားအနည်းအကျဉ်း ပါသေးသည်။ ဥကတော့ နေ့စဉ်နေ့တိုင်း စားနိုင်သည်။


သို့သော် ယခုအချိန်ကလောက်ထိတော့ မျက်စိဖမ်းစားနိုင်သည့် အခိုက်အတန့် မဟုတ်ပေ။


မနက်စောစောတွင် ကျိုးချင်းပိုင်က ထင်းရှာရန် စက်ဘီးစီးပြီး ထွက်သွားပြန်သည်။ လွန်ခဲ့သည့်နှစ်ရက်၌ သူက ထင်းတော်တော်များများ စုဆောင်းပြီးဖြစ်ကာ ယင်းတို့ကို ထင်းထဲအတွင်း ထည့်ထားလိုက်သည်။ အချိန့်က မခြောက်သေးပေ။ ယခုအချိန်က လေသည် အတော်လေး အေးလာသောကြောင့် အနည်းငယ်သာ ခြောက်နိုင်သည်။


လင်းချင်းဟယ်က လောင်အာ့၊ လောင်စန်းနှင့် အမေကျိုးတို့ကို ဦးဆောင်လျက် ပေါက်စီများ ပြုလုပ်ခဲ့သည်။


မနေ့တုန်းက ဆီက ကျန်နေသေးသည်။ ကလေးများက အနည်းငယ်သာ စားခဲ့သည့်တိုင် တော်တော်များများ ကျန်သေးည်။ သူတို့က ဆီအကျန်များကို လောဘတက်သော်ငြား ယနေ့ ပေါက်စီ ပြုလုပ်ရန်အတွက် ဆီသုံးရမည်မှန်း သိနေသောကြောင့် သူတို့ကိုယ်သူတို့ ထိန်းရမည်မှန်း သိကြသည်။


နေ့ရက်များ ရေတွက်ကြည့်လျှင် အသားပေါက်စီများ မစားရတာ ကြာပြီဖြစ်သည်။


တကယ်တော့ လင်းချင်းဟယ်၏ သိုလှောင်နေရာတွင် အသားပေါက်စီများ သုံးပုံတစ်ပုံသာ ကျန်တော့သည်။ ရံဖန်ရံခါ၌ ညီအစ်ကိုသုံးယောက်အား တစ်ယောက်တစ်ခုစီ ပေးခဲ့သည်။


ပြီးနောက် ၎င်းကို မြို့ကနေ ဝယ်လာတာစု ပြောခဲ့ပြီး အိမ်မှာ အသားမရှိသည့်အခါမှ ပေးခဲ့သည်။


ကျိုးချင်းပိုင်ကလည်း အကြိမ်ရေအနည်းငယ် စားခဲ့သည်။ သူမ သူ့အား ပေးသည့်အချိန်တိုင်းတွင် သူက ၎င်းကို တစ်ခါမှ မစားခဲ့ပေ။ ထိုအစား သူမဘာသာ စားရန်သာ တိုက်တွန်းသည်။


အမေကျိုးကလည်း သူမ၏ ချွေးမ လင်းချင်းဟယ်ကို အနည်းငယ် နားလည်သေးသောကြောင့် ယနေ့တွင် ဘန်းမုန့်များ လုပ်တာကို ဘာမှမပြောခဲ့ပေ။


မနက်စာစားပြီးနောက် သူမက စတင် ကူညီပေးလိုက်သည်။


အဖေကျိုးကမူ အခြားသူများနှင့် စကားပြောရန် ထွက်သွားသည်။ မသွားခင်၌ ပြန်ရောက်လာချိန်တွင် နေ့လယ်စာ ဘာစားရမလဲဆိုတာပဲ မေးခဲ့သည်။


ဂျုံဖြူပေါက်စီက သူ အနှစ်သက်ဆုံးမုန့်ဖြစ်သည်။


အဖေကျိုးနှင့် အမေကျိုးပါ ပါနေသောကြောင့် လင်းချင်းဟယ်က များများလုပ်ထားသည်။ သို့သော် ကျန်ရှိသည့် ဆီအကန့်အသတ်ကြောင့် သူတို့ များများစားစား မလုပ်နိုင်ပေ။


တစ်နပ်စာအတွက်သာ လုံလောက်လောက်သည်။


“နှစ်နပ် လောက်ပါတယ်၊ ယာဂုသွားချက်ချည်၊ ယာဂုအတွက် နည်းနည်း ချန်ထားလိုက်” အမေကျိုးက ပြောလိုက်သည်။


လင်းချင်းဟယ်၏ အတွေးအရ နေ့လယ်စာအတွက် အသားပေါက်စီစားရုံဖြင့် လုံလောက်နေပြီဖြစ်သည်။ ညဘက်တွင် သူမက မှိုဖက်ထုပ်လုပ်ချင်သည်။ သို့သော် အမေကျိုး၏ အကြံပြုချက်ကို ကြားပြီးနောက် သူမက မငြင်းခဲ့ပေ။


ဆန်ပြုတ်ချက်လျှင် အဆင်ပြေသည်။


မွန်းတည့်ချိန်ရောက်သောအခါ ပေါက်စီများက အလွန် အရသာ ရှိနေတော့သည်။ လက်ဝါးအရွယ်အစားခန့်ရှိ ပေါက်စီသုံးလုံးနှင့် ဆန်ပြုတ်တစ်ပန်းကန် သောက်လိုက်သည်။  


လောင်အာ့ကလည်း သုံးခုစားလိုက်သော်ငြား ဆန်ပြုတ်ပန်းကန်ဝက်သာ သောက်သည်။


အဆုံးတွင်မူ လောင်စန်းက ငယ်သေးသည်။ သူက စားချင်လျှင်တောင် မစားနိုင်ပေ။ သူက ပေါက်စီနှစ်လုံးနှင့် ဆန်ပြုတ်ပန်းကန် တစ်ဝက် သောက်ခဲ့သည်။


ထိုပမာဏဖြင့် လင်းချင်းဟယ်က မီလာသည်။ လင်းချင်းဟယ်သည် ပေါက်စီတစ်လုံးနှင့် ဆန်ပြုတ် နှစ်ပန်းကန် သောက်လိုက်သည်။


သူမက ဆန်ပြုတ်သောက်ရတာ ပိုနှစ်သက်သည်။ အဆီများများ ဂေါ်ဖီဖက်ထုပ်အတွက်မူ သူမက ကြိုက်သည် မကြိုက်သည် မရှိပေ။


အဖေကျိုးနှင့် အမေကျိုးက တော်တော်များများ စားလိုက်သည်။ နှစ်ယောက်သားက အသက်ကြီးနေပြီဖြစ်သော်ငြား ဖျတ်လတ်သေးသည်။ အစက သူတို့နှစ်ယောက်သည် သုံးခုစီစားပြီး ရပ်လိုက်ကြသည်။ သို့သော် ယင်းက သူတို့အတွက် မလောက်မှန်း လင်းချင်းဟယ် သိနေသောကြောင့် သူမက တစ်ခုစီ ထပ်ပေးခဲ့သည်။


စားသောက်ပြီးနောက် နံနက်ခင်းတွင် ပြုလုပ်ထားသော ပေါက်စီများ သိပ်မကျန်တော့ပေ။ ကျိုးချင်းပိုင်က မွန်းတည့်ချိန်တွင် ပြန်လာသည်။ လင်းချင်းဟယ်က ပေါက်စီများ နွှေးပေးပြီး သူ့အတွက် ကျန်သည့် ဆန်ပြုတ်များကို နွှေးပေးလိုက်သည်။


ပေါက်စီငါးလုံးနှင့် ဆန်ပြုတ်နှစ်ပန်းကန်နီးပါးက ဗိုက်ထဲ ရောက်သွားသည်။


ပေါက်စီက ရှစ်လုံးသာ ကျန်တော့ရာ မလောက်မှာ သေချာနေသည်။


အမေကျိုး၏ အတွေးများက လှပလွန်းနေသည်။ သားအငယ်ဆုံးလေး၏ စားနိုင်စွမ်းနှင့် သူ့မြေးလေးများ၏ စားနိုင်စွမ်းကို မသိခဲ့ပေ။


လင်းချင်းဟယ်က ကျိုးချင်းပိုင်ကို အိပ်ခိုင်းလိုက်ပြီး မုန့်နှစ်များ နယ်တော့သည်။


ပေါက်စီက ရှစ်လုံးသာ ကျန်တော့ရာ မည်ကဲ့သို့ လောက်မည်နည်း။ မှိုနှင့် ဝက်သားဖက်ထုပ် ထပ်ထည့်တာက လုံလောက်နိုင်သည်။


အစက ကျိုးချင်းပိုင်သည် ကူညီချင်သော်ငြား လင်းချင်းဟယ်က သူ့ကို မလိုအပ်ပေ။ အလုပ်နည်းနည်းလေးကို ဘယ်လိုလုပ် လူနှစ်ယောက် လိုမှာလဲ။


မှိုများကို ရေနွေးနွေးထဲ စိမ်ထားရမည်။ ရေအေးသုံးရန် သိပ်နောက်ကျသွားပြီဖြစ်သည်။ မုန့်နှစ် နယ်ပြီးသည်နှင့် အသင့်ဖြစ်တော့မည်။


ကျိုးချင်းပိုင်က နာရီဝက်ခန့် မှေးပြီးနောက် နိုးလာသည်။


မုန့်နှစ်ကို ထားထားဆဲ ဖြစ်သည်။ လင်းချင်းဟယ်သည် အနွေးခုတင်ထောင့်တွင် ထိုင်လျက် လောင်အာ့အတွက် သိုးမွှေးထိုးပေးနေသည်။ ပြီးခါနီးပြီဖြစ်ရာ လောင်တာ့တစ်ယောက်သာ ကျန်သည်။


“ဒီရက်တွေမှာ ထင်းတွေအားလုံး ကိုယ် သယ်လာမယ်၊ ဒီတော့ ခရီးတိုလေး ထွက်ကြရအောင်” ကျိုးချင်းပိုင်က ပြောလိုက်သည်။


“ဟုတ်ပြီလေ” လင်းချင်းဟယ်က တောက်ပစွာ ပြောလိုက်သည်။


“ကလေးတွေကို ခေါ်မလာနဲ့” သူမ ရွှင်လန်းနေပုံကို မြင်သောအခါ ကျိုးချင်းပိုင်၏ နှုတ်ခမ်းထောင့်က ကွေးတက်သွားသည်။


“သူတို့ကို ဘာကြောင့် ခေါ်မှာလဲ၊ ကျွန်မတို့ နှစ်ယောက် တစ်ကမ္ဘာလုပ်ကြမှာမလား၊ အပိုမီးသီးလေးတွေက စိတ်အနှောင့်အယှက် ဖြစ်ဖို့ကောင်းတယ်” လင်းချင်းဟယ်က ပြောသည်။


မကြားဖူးသည့်အသုံးအနှုန်းများ ရှိနေသည့်တိုင် နားမလည်ဟုတော့ မဆိုလိုပေ။ ကျိုးချင်းပိုင်က စိတ်အခြေအနေကောင်းနေသည်။


“မသွားခင် လောင်တာ့အတွက် ဆွယ်တာ ထိုးရအုံးမယ်၊ ဒီည ရှင် ဖက်ထုပ်လုပ်လိုက်” လင်းချင်းဟယ်က ပြောလိုက်သည်။


ဖက်ထုပ်လုပ်တာက ကျိုးချင်းပိုင်အတွက် လွယ်သည်။ တပ်ထဲတွင် ရှိစဉ်က သူ မည်သို့ ချက်ပြုတ်ရမည်မှန်း သိသည်။ သူအိမ်ပြန်ရောက်လာပြီးနောက် သူ့ဇနီးသည် သူ့အတွက် မချက်ပေးခဲ့ဖူးပေ။


လေးနာရီတွင် စုချန်လေးက အမေကျိုးကို ချီလာသည်။ ယခု သူမက မကြာခဏလာဖြစ်ပြီး စတုတ္ထလေး၏ ဇနီးနှင့် စကားကောင်းကောင်း ပြောသည်။


သူမက ကျိုးချင်းပိုင် ခုတ်ထစ်နေသည့်ဆီ ရောက်သွားသည်။


“သား ဘာဖြစ်လို့ ဖက်ထုပ်တွေ လုပ်နေတာလဲ” အမေကျိုးက မေးလိုက်၏။


“ကျွန်တော် ပေါက်စီတွေ အများကြီးစားလိုက်တော့ ဒီည ဒီညစာအတွက် မလောက်တော့ဘူးလေ၊ ချင်းဟယ်က ကျွန်တော့်ကို နည်းနည်း လုပ်ခိုင်းနေတာ” ကျိုးချင်းပိုင်က ပြန်ပြောလိုက်သည်။


“ပြီးတော့ ချင်းဟယ်ကရော” အမေကျိုးက မေးလိုက်၏။


“လောင်အာ့အတွက် သိုးမွေးထိုးပေးနေတယ်” ကျိုးချင်းပိုင်က ဖြေလိုက်သည်။


“မင်းတို့ သားအဖတွေကို ဂရုစိုက်ရတာ တကယ်မလွယ်ဘူး” အမေကျိုးကလည်း အမှန်အတိုင်း ပြောလိုက်သည်။


သူမက ဤနေရာသို့ မကြာခဏလာဖြစ်သောကြောင့် မျက်မြင်တွေ့နိုင်သည်။ စတုတ္ထလေး၏ ဇနီးက အိမ်တွင် တစ်ချိန်လုံး ရှိနေသည်ဟု ဆိုနိုင်သည်။ တကယ်တော့ တစ်နေ့လုံး သူမ နားချိန်မရပေ။


သူမ ရောက်လာချိန်တိုင်းတွင် စတုတ္ထလေး၏ ဇနီး ဖိနပ်ချုပ်လျှင်ချုပ်၊ ဆွယ်တာထိုးလျှင်ထိုး၊ မထိုးလျှင် နောက်ဖေးရှိ ဥယျာဉ်ကို စီစဉ်နေသည်။ မဟုတ်လျှင် တစ်နေ့လုံး အလုပ်လုပ်ပြီး ပြန်လာသော သူမ၏ သားငယ် စားသောက်ရန်အတွက် ချင်းဟယ်က ချက်ပြုတ်ပေးတတ်သည်။


ကျိုးချင်းပိုင်က ခေါင်းညိတ်လိုက်၏။


“ချင်းဟယ်က တကယ် မလွယ်ဘူ၊ အမေ နောက်ရက်အနည်းငယ်လောက်ကျ ချင်းဟယ်နဲ့ ကျွန်တော် အပြင်သွားမလို့၊ ခုနစ်ရက်၊ ရှစ်ရက်လောက်ကြာမယ်။ အဲဒီအချိန်ကျ အဖေ့ကိုပါ အိမ်လာခိုင်းပြီး လောင်တာ့တို့ ညီအစ်ကိုတွေကို ကြည့်ပေးပါအုံး”


“ဘယ်သွားမလို့လဲ” အမေကျိုးက မေးလိုက်သည်။


“ကျွန်တော်တို့ မြို့တော်ကို သွားမလို့၊ ဒါပေမဲ့ တခြားသူတွေကို မပြောနဲ့ အမေ” ကျိုးချင်းပိုင်က ပြန်ပြောသည်။


“ဘာသွားလုပ်မှာလဲ” အမေကျိုးက မမေးဘဲ မနေနိုင်တော့ချေ။


“ခန္ဓာကိုယ် စစ်ဆေးမှု သွားလုပ်မလို့” ကျိုးချင်းပိုင်က ရှင်းပြချက်ကို တွေးပြီးသား ဖြစ်သည်။


အမေကျိုးက ချက်ချင်းက သဘောပေါက်သွာသးည်။ သူမက တိုးတိုးလေး ပြောလိုက်သည်။


“ချင်းဟယ်ရဲ့ ခန္ဓာကိုယ်မှာ ဘယ်လိုလုပ် ပြဿနာ ရှိမှာလဲ၊ အဲဒီကလေးတွေက သားနဲ့ တူတာ၊ အဓိပ္ပာယ်မရှိတာတွေ တွေးလို့မဖြစ်ဘူးနော်၊ နားလည်လား”