အခန်း (၁၃၁) - ပစ္စည်းအဟောင်းအစုတ်များ။
လင်းချင်းဟယ် တစ်ယောက် ကျိုးချင်းပိုင်ဘယ်လောက်တောင်မှ ကလေးထပ်လိုချင်နေလဲ ဆိုတာကို ကောင်းကောင်းသိသည်။ သူက ဒီညီအကိုသုံးယောက် ကြီးပြင်းလာတာကို အဖော်မပြုပေးနိုင်ခဲ့တာကြောင့်လည်း သူက အခုတစ်ယောက်ကို အဖော်လုပ် စောင့်ရှောက်ပေးချင်နေလေသည်။
လင်းချင်းဟယ် သူ့ကို နားလည်ပြီးတော့ နောက်တစ်ယောက်လောက် ထပ်မွေးပေးချင်ပါတယ်။
ဒါပေမယ့် ပြဿနာက သူမ တကယ့်ကို ကလေးမမွေးနိုင်တော့တာပဲ ဖြစ်သည်။
သူမက ကျိုးချင်းပိုင်ကို သားကြောဖြတ်ပြီးသွားပြီ ဖြစ်ကြောင်း ပြောပြလိုက်သည့်အခါ ကျိုးချင်းပိုင်အမူအရာက ထိတ်လန့်အံ့ဩသွားလေသည်။
သူက ကလေးတစ်ယောက် တအားလိုချင်နေပေမယ့် မရနိုင် ဖြစ်နေလေသည်။ သူ့ခန္ဓာကိုယ်မှာ ပြဿနာရှိနေတယ်လို့တောင် သံသယဝင်ခဲ့မိသည်။
သူ့ဇနီးက သူ့နောက်ကွယ်မှာ သားကြောဖြတ်ထားလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပေ။
ပြောရရင် ကျိုးချင်ပိုင် ဒေါသထွက်မိသည်။
အလွန်အမင်း စိတ်တိုမိသွားတာ ဖြစ်သည်။
ဒီကိစ္စကို သေချာတွေးကြည့်ဖို့ ခဏလောက်တစ်ယောက်ထဲနေဖို့လိုနေလေသည်။
ဒါကြောင့်မို့ ကျိုးချင်းပိုင်က ဒေါသတကြီးမျက်နှာဖြင့် လမ်းလျှောက်ထွက်သွားခဲ့သည်။
လင်ချင်းဟယ် သူ့ကို လှမ်းမခေါ်ရဲပေ။
"ဘယ်လို အပြစ်ကြွေးကြီးလဲ အား!" လင်ချင်းဟယ် မနေနိုင်ဘဲ ရေရွတ်လိုက်မိသည်။
နဂိုခန္ဓာပိုင်ရှင်က သူမအတွက် ဘယ်လိုအရှုပ်ထုတ်တွေချန်ထားရမလဲ တကယ်သိတာဘဲနော်။ သူမက ဒီလိုကိစ္စမျိုးကြီးကို ဘာတတ်နိုင်မှာလဲ။ သူမ တကယ်ကို ကူကယ်ရာမဲ့သလို ခံစားနေရတော့သည်။
သူမက သိပ်ကို ရက်စက်မယ်မှန်း ဘယ်သူသိမှာလဲ။
လင်းချင်းဟယ် အခန်းထဲမှာ ကြာကြာနေ မနေတော့ပေ။ သူမက ချည်အိတ်တစ်လုံးကို ဆွဲကာ လမ်းလျှောက်ထွက်လာခဲ့သည်။
ယနေ့ခေတ်မှာ လက်ရှိမြို့တော်ဟောင်း၏မြင်ကွင်းက မြက်တွေ သစ်ပင်တွေနဲ့သာ ပြည့်နေလေသည်။ လင်းချင်းဟယ် အထူးဂရုစိုက်၍ လျှောက်နေရသည်။ သူမ ကိုးကားချက်တွေ အကုန်သိနေပြီး သပ်သပ်ရပ်ရပ် ဝတ်စားထားတာမို့ အမျိုးသမီး အတွင်းရေးမှူးတစ်ယောက်နှင့်ပင် တူနေလေသည်။
ဒါကြောင့်မို့လည်း သူမ လမ်းတစ်လျှောက် အခက်အခဲ သိပ်မရှိခဲ့ပေ။
လင်ချင်းဟယ် လမ်းကြားလေးတစ်ခုဆီသို့ ရောက်လာလေသည်။
"အဟွတ် အဟွတ်" အမယ်အိုတစ်ယောက်က မီးဖိုကို မီးမှုတ်နေပြီး ချောင်းဆိုးသံက သူမအနောက်ဖက်က ခြံဝင်းထံမှ ထွက်လာလေသည်။ လင်းချင်းဟယ် ချောင်းကြည့်လိုက်တော့ ငါးနှစ်၊ ခြောက်နှစ်အရွယ် ကလေးတစ်ယောက်ကို တွေ့လိုက်ရသည်။ သူက အလွန့်ကို ပိန်လှီနေလေသည်။
"မဒမ် ဒီကလေးက အအေးမိနေတာပဲ၊ သူ့ကို ဆေးရုံခေါ်သွားသင့်တယ်" လင်ချင်းဟယ်က အဖွားအိုကို ပြောလိုက်သည်။
သူမက အများသုံး ပေကျင်း လေယူလေသိမ်းနဲ့ ပြောလိုက်တာဖြစ်သည်။ ပြီးတော့ သူမ ပုံစံကိုကြည့်ပြီး အဖွားအိုအနေနဲ့ သူမက နယ်ခြားသားလို့ မထင်မိပေ။
သူမကို ကြည့်ရင်း အဖွားအိုက သက်ပြင်းချလိုက်သည်။ "ဆေးရုံကိုသွားရင် စရိတ်အများကြီးကျလိမ့်မယ်"
သူမလည်း ကိုယ့်မြေးကို စိတ်မပူဘဲ ဘယ်နေပါ့မလဲ။ ဘယ်လောက်ဘဲ စိတ်ပူနေပါစေ သူမမှာ ပိုက်ဆံရှိမှ ရမှာဖြစ်ပြီး နေပြန်ကောင်းဖို့ အစာအိမ်ကိုလည်း ဖြည့်တင်းရဦးမှာ ဖြစ်သည်။
"ဖွားဖွား သားဒါစားလို့ရမလား။” ကလေးက လင်ချင်းဟယ်ကို တစ်ချက်လောက်ကြည့်ပြီး သူ့အဖွားကို ပြောလာလေသည်။
"စောင့်ရဦးမယ်" ဟု အဖွားအိုလေးက ပြန်ဖြေလေသည်။
လင်ချင်းဟယ်က သူမနေရာလွတ်ထဲက ပြောင်းဖူးမန်ထိုကို သူမသယ်လာသည့် ချည်အိတ်ထဲက ထုတ်လိုက်သည့်ပုံစံဖြင့် ထုတ်လိုက်လေသည်။
"ကျွန်မ ဒါကို စားသောက်ဆိုင်က ဝယ်လာတာ ကျွန်မ ဒါလေးကို ရေတစ်ခွက်လောက်နဲ့ ဖြစ်ဖြစ် လဲလို့ရနိုင်မလား မဒမ်" ဆိုပြီး လင်ချင်းဟယ် ပြောလိုက်လေသည်။
ပြောင်းဖူးမန်ထိုမှာ ဂျုံတွေအများကြီးပါနေပြီး အဝေးကနေပင် ဂျုံဖြူမှုန့်အနံ့ကို ရနိုင်လေသည်။
အဖွားအိုလေး မျက်လုံးများအရောင်လက်သွားသော်လည်း သူမလှုပ်ရှားဘဲ နေနေလေသည်။ သူမကို ကြည့်ပြီး ပြောလာလေသည်။ "မိန်းကလေး သိပ်ပြီးယဥ်ကျေးနေစရာမလိုပါဘူး ရေလေးတစ်ခွက်ဘဲဟာ"
"မဒမ် ယူလိုက်ပါ" လင်ချင်းဟယ် တိုက်တွန်းလိုက်သည်။ သူမက မန်ထိုကို နဲနဲဖဲ့ပြီးစားကာ ဘာမှမပါကြောင်းပြလိုက်သည်။ ပြီးမှ ပြောင်းဖူးမန်ထိုကို အဖွားအိုထံ လှမ်းပေးလိုက်သည်။
ထိုအခါမှ အဖွားအိုလေးက လက်ခံလေသည်။ ထို့နောက် သူမက လင်ချင်းဟယ်ကို အိမ်ထဲ ရေသောက်ဖို့ ခေါ်သွားပြီး သူမ မြေးကို မီးဖိုအား စောင့်ထားဖို့ပြောခဲ့လေသည်။
"ဖွားဖွား" မြေးဖြစ်သူက ခွေးပေါက်မျက်လုံးလေးများဖြင့် ရေရွတ်လာလေသည်။
"မြန်မြန်စား လူတွေ မမြင်စေနဲ့" အဖွားအိုလေးက မြေးဖြစ်သူလက်ထဲ တစ်ဝက်ဖဲ့ကာ ထိုးထည့်ပေးရင်း တီးတိုးပြောလိုက်လေသည်။
ကောင်လေးက ခေါင်းငြိမ့်လိုက်ပြီး မန်ထိုကို အမြန်စားသောက်တော့သည်။
လင်းချင်းဟယ် အဖွားအိုလေးနောက်က လိုက်ဝင်ရင်း မေးလိုက်သည်။ " အန်တီ ဒီနားမှ နေတဲ့သူတွေက ဘယ်သူတွေလဲ။ ဒီအနားပတ်ဝန်းကျင် အားလုံးက ခြံဝန်းကျယ်ကြီးတွေ ချည်းဘဲ"
"မိန်းကလေး ရေသောက်ပါဦး" အဖွားအိုလေးက ရေတစ်ပန်းကန်လောင်းထည့်ပေးလေသည်။
လင်ချင်းဟယ် ဘေးချထားလိုက်သည်။ သူမ ဒီခေတ်ကြီးမှာ ဘယ်လိုလုပ်ပြီး တစိမ်းတစ်ယောက်ရဲ့ရေကို သောက်နိုင်မှာလဲ။
"မဒမ် အိမ်မှာ မဒမ်ရယ် မြေးဖြစ်သူရယ်ဘဲ ရှိတာလား?" လင်ချင်းဟယ် အပြုံးလေးနဲ့ မေးလိုက်သည်။
"ပြီးတော့ ငါ့သားနဲ့ ချွေးမရှိတယ်။ သူတို့က အလုပ်သွားနေတယ်" အဖွားအိုလေးက သူမကို ကြည့်လိုက်သည်။
"မဒမ် ကျွန်မမှာ အစားသောက်ကူပွန်တွေရှိတယ်" လင်းချင်းဟယ် ရုတ်တရက် အသံနှိမ့်ပြီး တီးတိုးပြောလိုက်သည်။
အဖွားအိုလေးရဲ့ မျက်လုံးတွေ တောက်ပသွားလေသည်။ ဒီခေတ်မှာ အစားသောက်ကူပွန်တွေက ငွေထက်ပင် အရေးကြီးလေသည်။
ဒီမြို့မှာ ပိုက်ဆံသာရှိပြီး ကူပွန်မရှိလို့ကတော့ ဆန်တစ်အိတ်လောက်ပင် ဝယ်ဖို့ တွေးလို့မရပေ။
"မဒမ်", လင်ချင်းဟယ်က တစ်ကျင်းတန်ကြေးရှိ နိုင်ငံသား အစားသောက်ကူပွန်ကို ဆွဲထုတ်ပြလိုက်ပြီး ပြန်သိမ်းလိုက်သည်။
အဖွားအိုလေးက တစ်ချက်ဘဲ လှမ်းကြည့်လိုက်တာတောင်မှ ရှင်းရှင်းလင်းလင်း မြင်လိုက်လေသည်။
"မိန်းကလေး ငါ့အိမ်ထဲမှာ ပိုက်ဆံနဲနဲရှိသေးတယ် " အဖွားအိုလေး စိတ်လှုပ်ရှားနေလေပြီ။ နိုင်ငံသား အစားသောက်ကူပွန်တွေက မြို့တော်အစားသောက်ကူပွန်တွေနဲ့ လဲလှယ်လို့ရပြီး တစ်ကျင်းကို နှစ်ကျင်းနဲ့ လဲလို့ရလေသည်။
ဒီလိုအခွင့်ရေးမျိုးက ရှားပါးလွန်းတာမို့ အဖွားအိုလေး ဘယ်လိုလုပ်ပြီး ငြင်းဆန်နိုင်ပါ့မလဲ။
ဒီခေတ်ကြီးတွင် ဗိုက်ပြည့်ဖို့ဆို စွန့်စားရဲသည့် လူများစွာရှိနေလေသည်။
ဒါပေါ့ အဓိကအချက်က သူတို့မိသားစုရဲ့အစားသောက်တွေ ကုန်ခါနီးနေလေပြီ။
အလုပ်လုပ်နေသည့် ချွေးမက ထပ်ပြီး ကိုယ်ဝန်ရှိနေပြန်ပြီ။
ဒါက မိသားစုရဲ့ ဒုတိယမြေးဖြစ်သည်။ မြေးအကြီးဆုံးကို မွေးတုန်းက သူမခန္ဓာကိုယ်အတော်လေးထိခိုက်ပျက်စီးသွားတာမို့ သူမ နောက်ထပ်ကိုယ်ဝန်ထပ်မရခင် အချိန်အကြာကြီး ယူခဲ့ရသည်။
သူတို့ဘယ်လိုလုပ်များများမစားဘဲနေနိုင်မှာလဲ။
လင်ချင်းဟယ်က စမတ်ကျကျဝတ်ဆင်ထားပြီး ဖြောင့်မတ်မှန်ကန်ပုံပေါ်ပေမယ့် ဘာလို့ အမျိုးသမီးငယ်လေးက သူမလို အဖွားအိုတစ်ယောက်ကို လာပြီးလှည့်စားနေမှာလဲ။
"ကျွန်မ ပိုက်ဆံမလိုချင်ဘူး", လင်ချင်းဟယ် ခေါင်းခါလိုက်သည်။
"မိန်းကလေးက ဘာလိုချင်တာလဲ။" အဖွားအိုက တီးတိုးပြောလာလေသည်။
"မဒမ် ကျွန်မသိချင်တာက ဒီအနီးအနားမှာ အဝါရောင်၊ အဖြူရောင်လို ပစ္စည်းဟောင်းတွေ ရှိတဲ့သူကို သိချင်ရုံပါ၊ ကျောက်စိမ်းတို့ ဘာတို့လိုမျိုးပေါ့၊ ကျွန်မ နဲနဲလောက် လဲလှယ်ချင်လို့" လင်းချင်းဟယ် မျက်တောင်ခတ်လျက် ပြောလိုက်သည်။
အဖွားအိုလေး လန့်သွားကာ အမြန်တိုက်တွန်း ပြောလာလေသည်။ "မိန်းကလေး တိုးတိုးပြောပါ!"
ပြီးနောက် သူမဘေးဘီကို အမြန်ကြည့်လိုက်သည်။ ကံကောင်းစွာနဲ့ ဘယ်သူမှရှိမနေတာကိုတွေ့မှ ပြန်လာလေသည်။ သူမက လင်ချင်းဟယ်ကို စိုက်ကြည့်ကာပြောလိုက်သည်။ " ဒီပစ္စည်းတွေကို အပြင်ဘက်မှာ တင်းတင်းကြပ်ကြပ်စစ်ဆေးနေတာ ငါတို့ဒီမှာ ဘယ်လိုလုပ်ပြီးရှိနိုင်မှာလဲ။"
"မဒမ် ကျွန်မကို ထောက်လှမ်းရေးသမားဖြစ်နေမှာကို မစိုးရိမ်ပါနဲ့၊ ကျွန်မစုံစမ်းဖို့လာတာမဟုတ်ပါဘူး တကယ်လိုချင်လို့ပါ၊ ကျွန်မအတွက်ရှာပေးနိုင်မယ်ဆိုရင် ကျွန်မလက်ထဲမှာ အစားသောက်ကူပွန်တွေနဲ့ စားစရာတွေရှိပါတယ်၊ ကျွန်မ ရှင်တို့အတွက် အသားတောင် ပေးနိုင်တယ်။" လင်ချင်းဟယ် တိုးတိုးလေး ပြောလိုက်သည်။
အဖွားအိုလေး သူမရဲ့ မျက်နှာအမူအရာကို လေ့လာကြည့်ပြီးနောက် စိတ်ပြောင်းသွားလေသည်။ အဲ့တာတွေက အခုအချိန်မှာ တန်ဖိုးမရှိတော့တာမို့ ဘယ်မှာရှိနေလဲ၊ သူမ သေချာပေါက် သိတာပေါ့။ လမ်းပေါ်မှာ ပစ်ထားရင်တောင်မှ ဘယ်သူမှမလိုချင်ကြတော့ပေ။
ဒါပေမယ့် သူမက အဖြေရှာမရရုံသာ ဖြစ်သည်။ လင်ချင်းဟယ်လို မိန်းကလေးက အဲ့တာတွေနဲ့ဘာလုပ်ချင်နေတာလဲ။
"မဒမ် ဒီမန်ထိုနှစ်ခုက ကျွန်မစိတ်ရင်းကို ပြသဖို့ ပေးတာပါ၊ အန်တီသာ ပူးပေါင်းပေးမယ်ဆိုရင် ဒီတစ်ကြိမ်ပဲ ကျွန်မနဲ့ပူးပေါင်းပေးရုံပါပဲ၊ ဒီတစ်ခါထဲပါ။" လင်ချင်းဟယ် ချည်အိတ်ကို အကာကွယ်ယူပြီး မန်ထိုဖြူနှစ်ခုကို နေရာလွတ်အပြင်သို့ ထုတ်ယူလိုက်သည်။
"မိန်းကလေး..."
"မဒမ် သဘောမတူရင်တောင်မှ ကျွန်မဒါတွေကို ပြန်မယူပါဘူး၊ အပြင်က ကလေးအတွက် ဒီမန်ထိုနှစ်ခုကို လက်ဆောင်ပေးတယ်လို့ဘဲ သဘောထားလိုက်ပါ။" လင်းချင်းဟယ် အခိုင်မာပြောလိုက်သည်။
အစက အဖွားအိုက သူမကို လျှို့ဝှက်အထောက်တော် ဖြစ်လိမ့်မယ်လို့ သံသယဝင်နေတာဖြစ်သည်။ ဘယ်လျှို့ဝှက်အထောက်တော်မှ လူတွေကို ဆွဲဆောင်ဖို့ ဒီလိုအရာတွေ မသုံးဘူးလေ။
"မိန်းကလေးက ကျောက်စိမ်းလိုမျိုး အဖြူရောင်၊ အဝါရောင်လို အရာတွေကိုဘဲ လိုချင်တာနော်။" အဖွားအိုလေးက မွှေးကြိုင်နေသည့် မန်ထိုနှစ်လုံးကို ကြည့်ပြီး လင်ချင်းဟယ်ကို လှမ်းကြည့်လိုက်သည်။
"ရွှေ၊ အဖိုးတန်ကျောက်စိမ်း၊ ရှေးဟောင်းပန်းအိုးတွေဆိုရင်လည်း ရတယ်၊ ပစ္စည်းပိုများလေလေ ကျွန်မက မဒမ်အတွက် မျာများ လဲလှယ်ပေးမယ်။” လင်ချင်းဟယ်က တီးတိုးဆိုလိုက်သည်။
အဖွားအိုလေးက တုန့်ဆိုင်းနေသေးတာတွေ့တဲ့အခါ လင်ချင်းဟယ် ထပ်ပြီးဆွဲဆောင်ပြန်လေသည်။ "မဒမ် ရဲလျှင် ဗိုက်ဝပြီး ကြောက်လျှင် ငတ်သေတဲ့ ဒီတစ်ခါထဲပါပဲ၊ ကျွန်မတို့ ဒီတစ်ခါပဲ ပူးပေါင်းကြရမှာပါ၊ နောက်တစ်ခါ ကျွန်မကို လာရှာရင်တောင်မှ ကျွန်မ ထပ်လုပ်တော့မှာ မဟုတ်ဘူး၊ ကျွန်မကိုလည်း သူများတွေက လာအပ်ထားလို့၊ မဒမ်လည်း သိပါတယ်၊ အချို့လူတွေက ပစ္စည်းဟောင်းတွေ စုဆောင်းရတာ ကြိုက်နှစ်သက်တယ်လေ။"