အခန်း (၁၄၄) - ၇၁ ၏ နောက်ဆုံးရက်
“ဒေါ်လေး သွားလို့ရပါတယ်” လောင်စန်းက ပြောလိုက်သည်။
သူ့မိသားစုကို ပေးရန် သူ့ဒေါ်လေးသည် သကြားလုံးများကို သယ်လာသည့်တိုင် သကြားလုံးများက သူ့အတွက် ရှားပါးသည့်အရာ မဟုတ်ပေ။ သူ့အိမ်တွင် ရှိသည်။ ပြီးခဲ့သည့်အခေါက်က သူ့အမေသည် နှစ်ထုပ်ဝယ်လာပြီး တစ်ထုပ်ကျန်သေးသည်။
ကျိုးရှောင်မိန်သည် သကြားလုံးများ သယ်သွားသည်။
“ရတာပဲ၊ ငါနည်းနည်းပိုချက်ဖို့ လိုအပ်ရုံပဲ” လင်းချင်းဟယ်က ပြောသည်။
သူမသည် ကျိုးရှောင်မိန်နှင့် စုတာ့လင်းပေါ် အမြင်ကောင်း ရှိသေးသည်။ ထို့ကြောင့် သူမ စိတ်ထဲ မထားပေ။
“ကောင်းပြီလေ၊ ဒါဆို ညီမ ပစ္စည်းတွေ သယ်လာမယ်” ကျိုးရှောင်မိန်က ပြုံးလိုက်သည်။
“တာ့နီနဲ့ တခြားသူတွေအတွက် ဒီသကြားလုံးတွေ ယူသွားလိုက်၊ တစ်ခါတလေ အမေက အလုပ်များလွန်းတဲ့အခါ သူတို့က ကလေးထိန်းဖို့လဲ ကူညီပေးတာ” လင်းချင်းဟယ်က သကြားလုံးများကို ပြန်ယူသွားခိုင်းလိုက်သည်။
“ဟိုမှာ နှစ်ထုပ်ရှိပါသေးတယ်” ကျိုးရှောင်မိန်က ပြန်ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ လင်းချင်းဟယ်သည် ဒုတိယယောက်မက ဝေစုရမှာမဟုတ်မှန်း သိပြီး ပြုံးလိုက်သည်။
“ဖြေလိုက်လေ၊ နင့်တူတွေ တူမတွေကို ခွဲပေးလိုက်၊ သူတို့လဲ ပျော်သွားမှာ”
“ကောင်းပြီလေ” ကျိုးရှောင်မိန်က ခေါင်းညိတ်လိုက်သည်။
သူမက ကျိုးအိမ်ဟောင်းသို့ ရောက်ချိန်တွင် နို့သကြားလုံး အလုံးနှစ်ရာထုပ်ကို ဖြေပြီး သူမ၏ တူများ၊ တူမလေးများကို ဝေပေးလိုက်သည်။
သူမက တတိယယောင်းမအတွက် ငါးနှစ်ကောင်နှင့် ဝက်သားနှစ်ကျင်း ထားပေးထားည်။ ကျန်သည်များကို လင်းချင်းဟယ်ဆီ သယ်သွားလိုက်၏။
လင်းချင်းဟယ်က တသီးတသန့် ပြုမူမနေပေ။ တစ်အိမ်သားလုံးကို လုပ်ကိုင်ကျွေးမွေးနေသူက ကျိုးချင်းပိုင်ဖြစ်သည်။ ကျိုးရှောင်မိန်နှင့် စုတာ့လင်းက ခဏတဖြုတ် လာနေကြသောကြောင့် သူတို့ရိက္ခာများ ယူလာရပေမည်။
“စတုတ္ထယောင်းမ တာ့လင်း အပြင်သွားတုန်းက အစ်မနဲ့ ညီမအစ်ကို အပြင်သွားတယ်ဆို၊ နှစ်ယောက်သား ဘယ်သွားကြတာလဲ” ကျိုးရှောင်မိန်က မေးလိုက်သည်။
“အပြင်ကို လျှောက်လည်ကြတာလေ၊ ငါတို့ ရက်ပိုင်းအတွင်း ပြန်လာတာ” လင်းချင်းဟယ်သည် ဖြေပြီး ထိုအကြောင်းအရာကို ဆက်မပြောတော့ပေ။ သူမက “စုချန်လေးက သိပ်မငယ်တော့ဘူး၊ နို့ဖြတ်ပြီး အစာကျွေးလို့ ရနေပြီမလား”
“နို့မှုန့်တစ်အိတ် ဝယ်လာတယ်၊ သူ အသားကျပါ့မလား ညီမ မသိဘူး” ကျိုးရှောင်မိန်က ပြောသည်။
သူမသည် ယခုနှစ်တွင် သူမ၏ သားကို နို့ဖြတ်ရန် ရည်ရွယ်ထားသည်။ သူက သိပ်မငယ်တော့ပေ။ ဆန်ပြုတ်သောက်နိုင်ပြီ ဖြစ်သည်။
“ကြိုက်မှာပါ၊ နင့်သားက စားချိန်စိတ်က ကောင်းပြီသား၊ ပြီးခဲ့တဲ့အခေါက်က လောင်စန်း ဆန်ပြုတ်သောက်နေတာ မြင်သော သူက သောက်ချင်နေတာလေ၊ ဒါကြောင့် လောင်စန်းက သူ့ကို တိုက်လိုက်တာ၊ အစက ငါ မသိဘူးလေ၊ သူ အဆင်မပြေဖြစ်ပြီး ဝမ်းပျက်မှာ စိုးတာ” လင်းချင်းဟယ်က ပြန်ပြောလိုက်သည်။
ကလေးနို့မှုန့်ကို သာမန်ကာလျှံကာ တိုက်ကျွေး၍ မရပေ။ သို့သော် ကံကောင်းသည်မှာ စုချန်လေးက အလွန်ကျန်းမာပြီး ၎င်းကို သောက်ချိန်တွင် ဘာမှမဖြစ်ခဲ့ပေ။
“နောက်ပိုင်းကျ သူ့အတွက် အမေ့ကို နည်းနည်းစီ တိုက်ခိုင်းခဲ့တယ်၊ ဘာပြဿနာမှ မရှိဘူး” လင်းချင်းဟယ်က ပြောလိုက်သည်။
“စတုတ္ထယောင်းမကို တော်တော် အကုန်အကျ များစေမှာပဲ” ကျိုးရှောင်မိန်က အနည်းငယ် အနေခက်စွာ ပြောလိုက်သည်။
သူမ၏ စတုတ္ထယောင်းမသည် သူ့ကလေးများကို တိုက်ရန် ၎င်းကို ဝယ်မည်မှန်း သိထားသော်ငြား သူမသားကို တိုက်လိမ့်မည်ဟု မထင်ထားပေ။
“ဘာမှမှ မဟုတ်တာဟယ်” လင်းချင်းဟယ်က စိတ်ထဲ မထားပေ။
ယင်းသည် တန်ကြေးကို အံ့ဩဖွယ်ကောင်းစွာ ထုတ်ဖော်ခဲ့တာပဲ ဖြစ်သည်။
နယ်တွင်ဆိုလျှင် နို့မှုန့်တစ်အိတ်ကို သုံးယွမ်က အမှန်တကယ် စျေးကြီးသည်။ သူတို့၏ သား ဖြစ်နေလျှင်တောင် ၎င်းကို ဝယ်ချင်စိတ် ရှိမှာ မဟုတ်သောကြောင့် တစ်ပါးသူ၏ ကလေးကို ပေးရန်ဆို ဝေလာဝေးပင်။
သို့သော် လင်းချင်းဟယ်သည် ဤခေတ်တွင် မွေးဖွားလာသူ မဟုတ်ပေ။ ဤခေတ်၌ သူမ ပေါင်းစပ်ရန် ကြိုးစားသည့်တိုင် သုံးယွမ်ဖြင့် သဘာ၀စစ်စစ် အညစ်အကြေးကင်းသော နို့မှုန့်ကို ဝယ်နိုင်သည်က စျေးချိုလွန်းသည်ဟု သူမ တွေးမိသေးသည်။
ထို့ကြောင့် သူမ ဘာကိုမှမတွေးခဲ့တာ ဖြစ်သည်။
ကျိုးရှောင်မိန်၏ အမြင်တွင် သူမ၏ စတုတ္ထယောင်းမက သူမ၏ သားကို သားရင်းသဖွယ် ဆက်ဆံနေတာပဲ ဖြစ်သည်။
သူမ၏ လစာက ၁၈ ယွမ်သာ ရပြီး ယခင်ထက် အနည်းငယ်သာ ပိုများသည်။ သူမသားကို တိုက်ရန်အတွက် ထိုကဲ့သို့ နို့မှုန့်တစ်ထုပ် ဝယ်ရန်ပိုက်ဆံသုံးခိုင်းလျှင် သူမ အနည်းငယ် တွန့်တိုမှာပဲ ဖြစ်သည်။
ဆန့်ကျင်ဘက်အနေဖြင့် သူမ၏ စတုတ္ထယောက်မက ပို ရက်ရောသည်။
“နောက်နှစ်ကျ ဒီမှာ နို့လတ်လတ်ဆတ်ဆတ်တွေ ရောင်းဖို့ ရှိတယ်၊ အဲဒီအချိန်ကျရင် ငါ့ကလေးတွေအတွက် နှစ်ပုလင်းမှာဖို့ စီစဉ်ထားတယ်၊ နင်ရော မှာချင်လား” လင်းချင်းဟယ်က မေးလိုက်သည်။
“တစ်ပုလင်းကို ငွေအများကြီး ကျမှာလား” ကျိုးရှောင်မိန်က မေးလိုက်သည်။
“တစ်ပုလင်းကို တစ်ဆင့်ပဲ၊ စျေးမကြီးဘူး၊ အမေက ငါ့ကို အသုံးအဖြုန်းကြီးတယ်လို့ ပြောမှာကိုသာ မစိုးရိမ်ရရင် ငါ တစ်ရက်ကို ပုလင်းနည်းနည်းစီလောက် မှာမိမှာ၊ ဒါမှ လူတိုင်း တစ်ယောက်တစ်ပုလင်း သောက်နိုင်မယ်၊ ဒါပေမဲ့ စုချန်လေး စားသောက်နိုင်ဖို့အရ တစ်ရက်ကို တစ်ပုလင်းက လောက်ပါတယ်၊ နင် တစ်ရက်တစ်ကြိမ်မှာလေ၊ နင့် နို့မှုန့်ထက် စျေးအများကြီး မပိုပါဘူး” လင်းချင်းဟယ်က ပြောသည်။
“စတုတ္ထယောင်းမ ဘာကြောင့် ဒီနွားနို့ကို မြင့်မြင့်တွေးထားပုံ ပေါ်နေတာလဲ” ကျိုးရှောင်မိန်က အနေခက်စွာ ပြောလိုက်သည်။
သူမသည် သူမ သား၏ အကူးအပြောင်းအတွက် နို့မှုန့်တစ်ထုပ် ဝယ်လာရုံမျှသာ ဖြစ်သည်။ ၎င်းကို သောက်ပြီးနောက် ထပ်ရှိတော့မှာ မဟုတ်။ နို့မှုန့်က ငွေကုန်ကြေးကျများရုံသာမက ဝယ်ရလည်း မလွယ်ကူချေ။ သည်နွားနို့ကလည်း စျေးမပေါချေ။
“နင်က စုချန်လေးကို ဆက် တိုက်ဖို့ မစီစဉ်ထားဘူးလား” လင်းချင်းဟယ်က သူမ ဆိုလိုတာကို သဘောပေါက်ပြီး ပြောလိုက်သည်။
“ကလေးတွေက အရွယ်ကြီးနေပြီ သူတို့ကို ငါ ဆက်သောက်ခွင့် ပေးတုန်းပဲ”
“အဲဒီလောက် ကောင်းတယ်လား” ကျိုးရှောင်မိန်က မေးလာသည်။
“ဒီမှာက အာဟာရ ဖြည့်ပေးနိုင်တာတွေ မရှိဘူးလေ၊ နို့က အာဟာရဖြစ်တယ်၊ ကလေးတွေကို ပိုသောက်ခိုင်း၊ သူတို့ဆိုးဆိုးရွားရွားကြီး ဖြစ်မလာပါဘူး” လင်းချင်းဟယ်က ဖျောင်းဖျလိုက်သည်။
“ဒါပေမဲ့ နင် မတိုက်ချင်ရင် ရတာပဲ၊ ဒါဆို နင့်အမေကို ဆန်ပြုတ်တိုက်ခိုင်းပေါ့၊ ဒါပေမဲ့ အာဟာရတော့ ချို့တဲ့မယ်၊ သူက ဒီလောက် ငယ်သေးတာ၊ နင် သူ့ကို နှစ်နှစ်၊ သုံးနှစ်အထိ တိုက်ဖို့ အကြံပေးချင်တယ်၊ သိပ်မကုန်ပါဘူး၊ နင့်ယောကျ်ားကို မေးလိုက်လေ”
ကျိုးရှောင်မိန်က စုတာ့လင်းကို မေးလိုက်သည်။ ထင်သည့်အတိုင်းပင် စုတာ့လင်းက မငြင်းပေ။ နွားနို့တစ်ပုလင်းကို တစ်ဆင့်သာ ကုန်သည်။ တစ်လကို သုံးယွမ်သာ ကုန်ကျမှာ ဖြစ်သည်။ သူ့လစာက သုံးဆယ့်ငါးယွပ်ဖြစ်ပြီး ယခင်ထက် တစ်ယွမ်တိုးလာသည်။ သူ့သားကို နွားနို့သောက်ခိုင်းနိုင်သည်။
“စတုတ္ထ... မရီး ... ကျွန်တော့်ကို မှာဖို့ ကူပါအုံး၊ ကျွန်... ကျွန်တော် ပိုက်ဆံကို... လ တိုင်း သယ်လာပါ့မယ်” စုတာ့လင်းက ပြောလိုက်သည်။
“အင်း” လင်းချင်းဟယ်က ခေါင်းညိတ်ပြီး ကျိုးရှောင်မိန်ဘက် လှည့်လိုက်သည်။
“နင့်ကလေးကို စမှတ်မှာ ရှုံးခွင့်မပေးနဲ့ နားလည်လား၊ နင့် နားလည်သဘောပေါက်မှုက မတ်လေးထက် နည်းနည်း ဆိုးနေသေးတာပဲ”
ကျိုးရှောင်မိန်က ပြောလိုက်သည်။ “ ညီမက အသုံးမဝင်ဘူးလို့ ထင်လို့”
“ဒါက အသုံးဝင်တယ်ဆိုတာ နောင်ကျ နင် သိလာလိမ့်မယ်” လင်းချင်းဟယ်က ပြန်ပြောလိုက်သည်။
ကျိုးရှောင်မိန်နှင့် စုတာ့လင်းသည် စားသောက်ရန် သူတို့နေရာသို့ လာကြသည်။ အိမ်တွင် လူပိုစည်ကားလာတော့သည်။ ဟင်းလျာများအတွက်မူ လင်းချင်းဟယ်က သူမ၏ အစီအစဉ်ကို အကောင်အထည်ဖော်တော့သည်။
စုတာ့လင်း သယ်လာသော ကြက်ကိုမူ နှစ်သစ်ကူးနေ့ပြီး သိမ်းထားပြီးမှ ၎င်းကို သတ်ကာ နှပ်စားမှာ ဖြစ်သည်။
“စတုတ္ထယောင်းမ ဒီငရုပ်အနှစ်ကို ယောင်းမဘာသာ လုပ်တာလား” ကျိုးရှောင်မိန်သည် ၎င်းကို မြည်းစမ်းကြည့်ပြီး အဆက်မပြတ် ချီးကျူးနေသည်။
“ဘူးနည်းနည်းလောက် လုပ်ထားတာ၊ တစ်ဘူးပဲ ကုန်သေးတာ၊ ကျန်တာတွေက ဟိုမှာ၊ နင် ကြိုက်ရင် မတ်လေးနဲ့ ပြန်တဲ့အခါ တစ်ဘူး ယူသွားလေ” လင်းချင်းဟယ်က ပြောလိုက်သည်။
“ဒါဆို ညီမ အားမနာတော့ဘူးနော်” ကျိုးရှောင်မိန်က ပြုံးလိုက်သည်။
မျက်တောင်တစ်ခတ်အတွင်း သုံးဆယ်ရက်နေ့၊ နှစ်ကူးည၊ ၁၉၇၁ ခုနှစ်၏ နောက်ဆုံးနေ့ ရောက်လာသည်။
မနှစ်က သူတို့ အတူတကွ စားသောက်ခဲ့သော်လည်း သည်နှစ်တွင်မူ မဟုတ်တော့ပေ။
မိသားစုတိုင်းက သူတို့ဘာသာ စားနိုင်သည်။
“တူတူ မစားကြဘူးလား” ဒုတိယအစ်ကို နှမြောနေသည်။
စတုတ္ထလေး၏ ဇနီးသည်သည် နှစ်စဉ်နှစ်တိုင်း ဟင်းလျာအချို့ သယ်လာပြီး ၎င်းတို့က အရသာ ရှိသည်။
“ဘာလို့လဲ၊ ကျွန်မက ရှင့်ကို ဗိုက်ဆာအောင်လုပ်လို့လား၊ အဆာခံခိုင်းလား” ဒုတိယမရီးက သူ့ကို ထိုပုံစံ မြင်သောအခါ ဝေဖန်ပြောဆိုတော့သည်။
“နှစ်ကူးလေကွာ ကျေးဇူးပြုပြီး တော်လိုက်တော့၊ ငါနဲ့ စကားမများနဲ့” ဒုတိယအစ်ကိုက ပြောသည်။
ဒုတိယအိမ်တွင် အငြင်းပွားခြင်းမှအပ ပထမနှင့် တတိယအိမ်ကမူ အချင်းမများကြပေ။ လူတိုင်းက သူတို့ဘာသာ စားရတာ တကယ်ကောင်းသည်။
သို့သော် အကြီးဆုံးမရီးနှင့် တတိယမရီးတို့က စားစရာတစ်ပန်းကန် သယ်လာကြသည်။ အထဲ၌ အသားများ ပါသည်။ ၎င်းက အဖေကျိုးနှင့် အမေကျိုးအတွက် ဖြစ်၏။ သူတို့က အတူတူ မစားသောက်သော်ငြား စိတ်ထဲ ရှိသည်။
လင်းချင်းဟယ်ကမူ သူတို့အား အသားလုံးတစ်ပန်းကန်စီ ပေးလိုက်သည်။ ယင်းက အပြန်လက်ဆောင်လည်း ဖြစ်သည်။
ဒုတိယမရီးကမူ ဘာမှ သယ်မလာပေးသောကြောင့် မေ့ထားလိုက်သည်။