အခန်း (၁၄၃) - အဆီရခြင်း
ကျိုးချင်းပိုင်က အမှန်တကယ် အနည်းငယ် အပြစ်ကင်းသည်။
သူက သူမနှင့်အတူ အပြင်သွားချင်ကြောင်း ပြောသော်ငြား သူမက ငြင်းခဲ့သည်။ ပြန်ရောက်ချိန်တွင် သူတို့သားအဖက မသိတတ်ဟု သူမက ပြောခဲ့သည်။
အာ... အားလုံးက သူမရဲ့သဘောပါပဲ။
သို့သော် သူ့ဇနီးက တစ်မိသားစုလုံးကို ဂရုစိုက်ရသည်က သူမကို အမှန်တကယ် ပင်ပန်းစေသည်။
ထို့ကြောင့် ကျိုးချင်းပိုင်သည် ညဘက် အနွေးခုတင်ပေါ်တွင် သူမကို လျော်ပေးခဲ့သည်။ ကလေးများက သူတို့ဘေးတွေ အိပ်ပျော်နေစဉ် လင်းချင်းဟယ်က ငရဲတမျှ သည်းခံနေရပြီး မအော်ရဲချေ။
လင်းချင်းဟယ်သည် ရံဖန်ရံခါတွင် စောဒက တက်သော်ငြား သူမ၏ ဘ၀ကို အမှန်တကယ် ကျေနပ်နေသည်။
အနွေးခုတင်ပေါ်တွင် ဖြစ်စေ၊ အပြင်တွင် ဖြစ်စေ... အဟွတ် အဟွတ် ... သူမ၏ အမျိုးသားက သူမကို ဂရုစိုက်သည်။
နောက်တစ်နေ့တွင် သူမက ကျိုးချင်းပိုင်ကို ဝက်သား သွားယူခိုင်းသည်။
အစ်မမိန်က ဝက်ဗိုက်သား ခုနစ်ကျင်းရလာသည်။
ဝက်ဗိုက်သား ခုနစ်ကျင်းက အတော်များသော်ငြား အသားလတ်လတ်ဆတ်ဆတ်တစ်ကျင်း (၅၀၀ ဂရမ်)ကို ဝက်ဆားနယ်ခြောက် လုပ်မည်ဖြစ်ရာ အလွန်ဆုံး သုံးရာဂရမ်သာ ရမည်။
အသားခုနစ်ကျင်းက တစ်ဝက်ကျုံ့သွားသော်ငြား လင်းချင်းဟယ်က ဂရုမစိုက်ပေ။
အသားလတ်လတ်ဆတ်ဆတ်ကို ပြန်သယ်လာချိန်တွင် ၎င်းကို စတင် နယ်ဖတ်ပြီး အရသာဝင်ရန် နှပ်ထားလိုက်သည်။ နှပ်ထားပြီးနောက် အိမ်နောက်ဖေးတွင် အခြောက်ခံရန် ချိတ်ထား၏။ ဆယ်ရက်ဆို စား၍ရပြီဖြစ်သည်။
“အမေ အသားတွေ ခွဲဝေပြီးရင် ပိုလုပ်လို့ရပြီပဲ” လောင်စန်းက ပြောသည်။
“အာသာပြေပဲ စားလေ၊ သားက ဗိုက်ပြည့်အောင် ဖြည့်ဖို့ စီစဉ်နေသေးတာကိုး၊ ပြီးတော့ လတ်ဆတ်တဲ့အသားကလဲ အရသာ ရှိတာပဲ” လင်းချင်းဟယ်က ပြန်ပြောလိုက်သည်။
လက်တွေ့တွင်မူ ယင်းက လုပ်ရကိုင်ရ ဒုက္ခများလွန်းသောကြောင့် သူမ မလုပ်ချင်တာပဲ ဖြစ်သည်။ သူမ၏ လက်ထဲ ရောက်လာချိန်တွင် အသား မည်မျှ ကောင်းကြောင်း ပြောရန် မလိုပေ။
စန္ဒြမာသ၏ တစ်ဆယ့်ငါးရက်မြောက်နေ့တွင် အသင်းက ဝက်ပေါ်ပြီး အသားများ ခွဲဝေပေးသည်။
ကျိုးချင်းပိုင်မိသားစု၏ ဝက်နှစ်ကောင်ကို မောင်းသွင်းစဉ်က တစ်လုံးတစ်ခဲကြီး ကိုင်မိသည်။ အနည်းဆုံး နှစ်ကျင်း ရှိမှာစိုးသည်။
ပုပုဝိုင်းဝိုင်း ဝက်ကြီး၊ အဆီပါအသားတုံးစစ်စစ်ပဲ။
၎င်းကို အလုပ်မှတ်များစွာဖြင့် လဲလှယ်နိုင်သည့်အချက်ကို မဆိုထားနှင့် အသားခွဲဝေချိန်တွင်လည်း သူတို့က အကောင်းဆုံးအသားကို ရွေးချယ်ရန် ဦးစားပေးခံရမည်။
လင်းချင်းဟယ်က ရှက်မနေပေ။ သူမက ကျိုးချင်းပိုင်နှင့် သားသုံးယောက်ကို ခေါ်လာသည်။ အဖေကျိုးက စုချိန်ကို ကြည့်ရန် အိမ်တွင်နေပြီး အမေကျိုးက ပါလာသည်။
အူမကြီး၊ ဝက်အသား၊ ဝက်အစာအိမ်၊ နံရိုးများနှင့် အရိုးကြီးများကိုပါ ထည့်ပေါင်းလိုက်ချိန်တွင် အတော်များလှသည်။ ၎င်းအသားက တန်ကြေး သိပ်မရှိဘဲ လက်ရှိလူများ၏ စိတ်ထဲတွင် သူတို့က အတော် နိမ့်ကျသည့်အရာများ ဖြစ်သည်။
အသားကို သုံးဆင့် ခွဲခြားထားသည်။ အထက်ပါ အမျိုးအမည်များက တတိယအဆင့်များ ဖြစ်သည်။
လင်းချင်းဟယ်က ထိုအရာများကို ဦးစွာ တောင်းဆိုပြီးနောက် ဝက်ခေါင်းတစ်ခေါင်း သွားသည်။ ပြီးနောက် အဆီပါအသား၊ ဝက်ဗိုက်သားနှင့် အဆီနည်းပါးသော အသား။ ထိုအရာများက ပထမနှင့် ဒုတိယအဆင့် အသား ဖြစ်သည်။
ကျိုးချင်းပိုင်၏ ဝေစုနှင့် အဖေကျိုး၏ ဝေစုကို ပေါင်းလိုက်ရာ ပမာဏက အတော်များသည်။
တစ်မိသားစုလုံးက ၎င်းတို့ကို အိမ်ပြန်သယ်သွားရာ အားလုံးကို သွားရည်ယိုစေတော့သည်။
အထူးသဖြင့် လောင်အာ့ တောင်းဆိုတာကို ကြားချိန်တွင် ဖြစ်သည်။
“အမေ သားတို့ ဒီည ဝက်ခေါင်းနှပ် စားလို့ရမလား”
ဝက်ခေါင်းနှပ် အာ...
လူတိုင်းက နှုတ်ခမ်းများ လှုပ်မိသွားည်။ ထိုအရသာ လူတိုင်းကို သူတို့၏ လျှာများ အမှန်တကယ် မျိုချအောင် လုပ်နေသည်။
သို့သော် သူတို့က အချိန်မရှိပေ။ သူတို့အားလုံးက အသားခွဲဝေရန်အတွက် စိတ်ပူပန်စွာ တန်းစီနေကြသည်။
ဒုတိယမရီးသည် ကျင်းအနည်းငယ်သာ ရသည်။ အိမ်သို့ ပြန်ရောက်ချိန်တွင် သူမ မျက်နှာထားက တင်းမာနေသည်။ ကုန်လွန်ခဲ့သည့် နှစ်နှစ်၊ သုံးနှစ်အတွင်း သူမက အသားခွဲဝေအပြီးတွင် ဒေါသအပြည့်ဖြင့်သာ ပြန်လာသည်။
ဒုတိယအစ်ကိုက အတွေ့အကြုံရှိနေပြီးသား ဖြစ်သည်။ သူမ ထိုပုံစံအတိုင်း ပြန်လာတာကို မြင်သောအခါ သူက ဘာမှမပြောခဲ့ပေ။
ဒုတိယမရီးက စိတ်ဆိုးနေသော ပုံဖြင့် အသားများကို စတင် ခုတ်ဖြတ်တော့သည်။ ပုံစံက မည်သည့်အသားကို ခုတ်နေမှန်း မည်သူက သိမည်နည်း။
အကြီးဆုံးမရီးနှင့် တတိယမရီးက ပြုံးနေပြီး ယနေ့ည၏ အံ့ဩဖွယ်ဟင်းလျာကို စတင် ပြင်ဆင်ကြတော့သည်။
လင်းချင်းဟယ်ကလည်း ရယူထားသည်။ သူမက ဝက်အူနှင့် ဝက်အူသိမ်တို့ကို ကျိုးချင်းပိုင်အား သန့်ရန် ချန်ထားလိုက်သည်။ သူနှင့်ဆို အမေကျိုးကို မလိုပေ။
ဝက်ခေါင်းလည်း ရှိသည်။ ကျိုးချင်းပိုင်က ရောက်လာပြီး ခွဲခြမ်းပေးရမည်။
ယင်းက ကျိုးချင်းပိုင်ကို အလုပ်များနေစေကာ လင်းချင်းဟယ်သည် အဆီများကို ဦးစွာ ဖြတ်တောက်ပြီး အဆီထုတ်လိုက်သည်။
ဝက်ဆီပြင် ငါးကျင်းက ဆီပုံးနှစ်ပုံးစာ ရသည်။ အမေကျိုးက ရလဒ်ကြောင့် ပျော်နေသည်။
“ဒီဝက်က တကယ် အဆီထုတ်နိုင်တာပဲ”
လင်းချင်းဟယ်သည် ဝက်ဆီကို ပုံးထည့် ထည့်ပြီး ဆီအကြွင်းအကျန်ထဲ ဆားအနည်းငယ် ထည့်ပြီး မွှေလိုက်သည်။ ယင်း အရသာက အလွန်ကောင်းက ကလေးများက အရသာ အလွန်တွေ့ကြသည်။
သို့သော် လင်းချင်းဟယ်က စားစရာ သိပ်မပေးခဲ့ပေ။ အာသာပြေစားရုံသာ ဖြစ်သည်။
အသားများကို ယခုရက်အတွင်း ခွဲဝေပေးသောကြောင့် လင်းချင်းဟယ်က အသားစုရန် အစ်မမိန်ဆီသို့သာ သွားသည်။ သူတို့စားရန်အတွက် အသားအချို့ မချန်ထားပေ။ ထို့ကြောင့် သူတို့က အစားကြီးသည်ဟု ခံစားမိနေသည်။
ဝက်ခေါင်းနှပ်၊ အရွက်နှင့် ဝက်အူမကြီး မွှေကြော်၊ ကြက်သွန်မြိတ်နှင့် ဝက်အသည်းကြော်၊ ဝက်စွပ်ပြုတ်တို့ ပါသည်။
ယင်းကို ပြောင်းဖူးပေါက်စီနှင့် စားလိုက်ရာ ၎င်းကို စားသောက်ပြီးနောက် တစ်မိသားစုလုံး ကျေနပ်သွားကြသည်။
ဟင်းလျာတစ်စက်မှ မကျန်ခဲ့ပေ။
အထူးသဖြင့် ဝက်ခေါင်းနှပ်ဖြစ်သည်။ လင်းချင်းဟယ်က ငရုပ်နှစ်ပန်းကွက်တစ်ဝက်ခန့် ထည့်ထားပေးသည်။ ၎င်းက အလွန်စပ်သော်ငြား ဝက်ခေါင်းသားကို အချဉ်ရည်ထဲ နှစ်စားရသည်က အလွန်ကျေနပ်ဖွယ် ကောင်းသည်။
အစပ်မကြိုက်လျှင် တို့စားရန် မလိုပေ။ ကြိုက်လျှင် အဆင်ပြေသည်။
ဝက်အသည်းနှင့် ဝက်အူကဲ့သို့ အစာမျိုးက ရေအေးထဲတွင် ကြာကြာမခံပေ။ ထို့ကြောင့် အားလုံးကို ကျက်သွားပြီး စားကုန်သွားသည်။
ဝက်ခေါင်းသားများစွာ ကျန်နေသေးပြီး လင်းချင်းဟယ်က အားလုံးကို လှီးထားသည်။ သုံးပုံချန့် ကျန်နေသေးသည်။ သူတို့က ယနေ့ညတွင် လေးပုံတစ်ပုံသာ စားခဲ့သော်ငြား အလွန်ကျေနပ်နေကြသည်။
အေးခဲသော ရာသီဥတုကြောင့် ဝက်ဗိုက်သားနှင့် ဝက်နံရိုးကို အပြင်တွင်ထား၍ အဆင်ပြေသည်။
နံနက်စောစောတွင် လင်းချင်းဟယ်က ဝက်ကလီစာကို ထုတ်လိုက်သည်။
ယခုအခေါက်တွင် သူမက ဝက်ကလီစာ စွပ်ပြုတ်မလုပ်ဘဲ ဝက်ကလီစာနှပ်သာ လုပ်လိုက်သည်။ ကျိုးချင်းပိုင် ခုတ်ပေးထားသော အသားများကိုလည်း ဝက်သားလုံး လုပ်လိုက်သည်။
အတိုချုပ် ပြောရလျှင် ယခုအခေါက် အသား ခွဲဝေပြီးနောက် အိမ်ရှိ အသားက ပြောရန် မလိုတော့ပေ။
နောက်ဖေးရှိ ဝက်ဆားနယ်ခြောက်များကို စားရန် နေရာ မကျန်တော့ပေ။ ထိုမျှ များပြားနေရာ ဝက်ဆားနယ်ခြောက်များကို လေသလပ်ခံ၍ ရသေးသည်။ မည်သည်ကို လောနေရမည်နည်း။
ကျိုးရှောင်မိန်သည် ၂၅ ရက်မြောက်နေ့တွင် စုတာ့လင်းနှင့်အတူ ရောက်လာသည်။
“အဖေ အမေ။ ဘာကြောင့် အတော်၀ပုံ ပေါ်လာတာလဲ” ကျိုးရှောင်မိန်က သူမ၏ မိဘများကို မြင်သောအခါ တအံ့တဩ ပြောလိုက်သည်။ (T/N သူက ရိုင်းတာ မဟုတ်ပါဘူး၊ တရုတ်မှာ ၀လေ ပိုကျန်းမာလေပါပဲ(e translator ပြောတာနော်))
“အဘိုးနဲ့အဘွားက သိပ်ကောင်းတဲ့ စားသောက်ချင်စိတ် ရှိနေတာ၊ အနပ်တိုင်းကို အများကြီး စားတယ်၊ အခု သူတို့က အလုပ်လုပ်ဖို့ မလိုတော့ သေချာပေါက် ၀ပြီပေါ့” လောင်စန်းက ငယ်ရွယ်သေးပြီး ထိုစကားကို ကြားပြီးနောက် ပြန်ပြောတော့သည်။
“တာ့လင်းဆီကနေ ကြားတာ။ အခု အဖေတို့က စတုတ္ထယောင်းမနဲ့ အတူစားနေပြီဆို” ကျိုးရှောင်မိန်က မေးလိုက်သည်။
စုတာ့လင်းကမူ လွှတ်ပေးရန် ရည်ရွယ်ချက် မရှိဘဲ သူ့သားကို ဖက်ထားသည်။
“ဟုတ်တယ်၊ အမေတို့က သမီးရဲ့ စတုတ္ထယောင်းမနဲ့ အတူစားနေပြီ” အမေကျိုးက ပြန်ပြောလိုက်သည်။
“အံ့ဩစရာမရှိဘူးပဲ” ကျိုးရှောင်မိန်က ခေါင်းညိတ်လိုက်သည်။ “စတုတ္ထယောင်းမရဲ့ အချက်အပြုတ်စွမ်းရည်ကို ချီးကျူးလို့ မလောက်ဘူးပဲ”
“တာ့လင်း... ရှောင်မိန်နဲ့အတူ လာတာကတင် ကောင်းနေပြီကို၊ ဘာကြောင့်များ အများကြီး သယ်လာရတာလဲ” အမေကျိုးက မှတ်ချက်ချသည်။
ယခုအခေါက်တွင် သူသယ်လာတာ အတော်များသည်။ ကြက်တစ်ကောင်၊ အသား ခုနစ်ကျင်း၊ ဆန်တစ်အိမ်ဖြစ်ပြီး အေးခဲထားသော ငါးတစ်အိတ်နှင့် ကြက်ဥခြင်းတစ်ဝက် ပါသည်။
ကျန်သည်က စုချန်လေးအတွက် နို့မှုန့်၊ သူ့တူလေးများ တူမလေးအများအတွက် ယုန်သကြားလုံးများ ဖြစ်သည်။ ပေါင်းလိုက်လေရာ သူ သယ်လာတာ အတော်များသည်။
“အဲ အဲဒါက လိုအပ်လို့ပါ” စုတာ့လင်းက ရယ်နေသည်။
ထိုလူက သူ့သားကို ခပ်မြင့်မြင့် ပွေ့ချီထားရာ မြောက်ဘက်က ဘယ်ဆီနေမှန်း မပြောနိုင်တော့ပေ။
“ဒီနေ့ သမီးတို့တွေ နှစ်သစ် ခုနစ်ရက်မြောက်နေ့ထိ နေမှာ၊ ဒီတော့ သမီးတို့ များများ သယ်လာရတာပေါ့” ကျိုးရှောင်မိန်က ရှင်းပြသည်။
“ဒါတွေအားလုံးကို သမီးရဲ့ စတုတ္ထယောက်မဆီ ပို့လိုက်၊ အဲဒီအချိန်ကျ စတုတ္ထယောင်းမ အိမ်မှာပဲ အမေတို့ စားကြမယ်” ကျိုးမူက ပြောသည်။
“ဒါ... စတု... စတုတ္ထမရီးအတွက် ဒုက္ခ မများဘူးလား” စုတာ့လင်းက ပြောသည်။
“လူတွေအများကြီးအတွက် ချက်ပေးရတာ အသေးအမွှား မဟုတ်ဘူး၊ သမီး အရင်ဆုံး စတုတ္ထယောင်းမကို သွားမေးအုံးမယ်” ကျိုးရှောင်မိန်က လောင်တနှင့် သူ့ညီအစ်ကိုများအတွက် သကြားလုံးတချို့ နှိုက်လိုက်ပြီး လောင်စန်းဘက် လှည့်လိုက်သည်။
“လောင်စန်း သားရဲ့ဒေါ်လေးနဲ့ တူတူ သွားချင်လား”